Switch Mode

Chapter – 40

မီးနဂါးသွေးကျောက်

Chapter – 40 မီးနဂါးသွေးကျောက်

မန်ဘိုဟာ မူလက အမှားရှာဖို့လာပေမယ့် ယခုတော့ ရှက်နေရပါပြီ ။ ခုနက ချန်ရှန် အပြုအမူ ကိုကျေးဇူးတင်သောကြောင့် သူသာ နိုင်မယ်ဆိုလည်း ချန်ရှန်၏ အသီးကို လက်မခံဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
သာမန်အခြေအနေမှာ ၊ တစ်ကြိမ်လျှင် ချီငွေ့ ဆေး ၃ လုံး ပြုလုပ်နိုင်ပါတယ် ။ တကယ်ကို ကျွမ်းကျင်လှတယ့် ဆေးဆရာဘိုးအေ ကြီးတွေသာ လေးလုံးပြုလုပ်နိုင်ပါတယ် ။ မန်ဘို မီးဖို ကိုဖွင့်လိုက်တဲ့အခါ အဝါရောင် လင်းလက်နေတယ့် ဆေးလုံး ၄ လုံးကို တွေ့ လိုက်ရပါတယ်။
“ချီငွေ့ ဆေး ၄ လုံး ၊ တကယ်တော်တယ့် ဆေးဘုရင်ပဲဟေ့”
အနီးနားက ဆေးဆရာတစ်ယောက်က အော်လျက် ချီးမွမ်းပါတယ် ။
“အရောင်နဲ့ အနံ့ ကိုလည်းကြည့်ပါဦး တကယ်ကို အရည်သွေး ကောင်းပါပေတယ် ။”
ဒီအချိန်မှာတော့ ချန်ရှန် အလှည့် ရောက်ပါပြီ ။ ချန်ရှန် သူ၏ မီးဖိုကို ဖွင့်လိုက်ပြီနောက် အခိုး များလွင့်သွားစေရန် ဖြည်းဖြည်းလေး မှုတ်လိုက်ပါတယ် ။ ဒီအချိန်မှာတော့ အားလုံးဟာ ထိန်လန့်သွားကြပါတယ် ။ အံ့အားသင့်မှုများဟာ သူတို့ မျက်နာမှာ အထင်းသား မြင်နိုင်ပါ တယ် ။
ကောင်းမွန်လှတယ့် အတုံးလေး ၅ တုံး ၊ အပစ်အနာအဆာ တစ်စက်မှ မရှိသော ဆေးလေး တွေ ကို မီးဖိုထဲမှာ မြင်နိုင်ပါတယ် ။ အဖြူရောင် အငွေ့ လေးများ ထလျက်ပါ ။ ချီငွေ့ ဆေးထဲ မသန့်စင်မှုဆိုတာ လုံးဝ ကို မတွေ့ ရပဲ ဆေးနံ့ဟာ သူတို့ နှာခေါင်းထဲ ၀င်လာချိန်မှာတော့ သူတို့ကိုယ်သူတို့တောင် မယုံကြည်နိုင်ကြတော့ပါဘူး ။
ဆေးငါးလုံးရရုံမျှမက ကောင်းမွန်လှတယ့် အရည်အသွေးများကြောင့် မန်ဘိုထက် အပုံကြီး သာခဲ့ပါပြီ ။ မန်ဘိုလည်း ချန်ှရှန်ကို အရမ်းကို အထင်ကြီးလေးစားမှု အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်ပါတယ် ။ ဒီမတိုင်ခင်က ချန်ရှန်ဆိုတာ ယောင်တျန်းဟူ လောက်ဟုသာ ထင်မိခဲ့တာပါ ။သို့သော်လည်း တော်တော်ကို ပါရမီ ရှိလွန်းပါပေတယ် ။ ခုတော့ ချီငွေ့ ဆေး ဟာ သူ့ထက်ကောင်းနေရုံမျှမက ၅ လုံးပင် ရနေသောကြောင့် တော်တော်ကို လက်ခံယုံကြည့်မိသွားပါတယ် ။
“ငါရှုံးပါတယ်”
မန်ဘို သက်ပြင်းချပြီး ပြောလိုက်ပါတယ် ။ ဆေးဘုရင်ဆိုပြီး မာနကြီးတဲ့ အရိပ်ယောင်တွေ တောင် မတွေ့ တော့ပါဘူး ။ ဒါဟာ သူ့အတွက် တော်တော်ဆိုးတဲ့ ထိုးနှက်ခံရမှု ဖြစ်ပြီး ပိုပြီး တောင် အိုစာ သွားသလိုပါပဲ ။
“ဆရာကြီး မန်ဘို ၊ ဒီဆေးကို ခင်ဗျား လုပ်လေ့မရှိဘူးလို့ ထင်မိပါတယ် ။ အာ့လို အခြေအနေ နဲ့တောင် ဒီလိုအရည်အသွေးကောင်းတဲ့ ဆေးကို ထုတ်နိုင်ပါပေတယ် ။ ကျွန်တော့လို ဂျူနီယာ အနေနဲ့ တော်တော်သဘောကျမိပါတယ် ။ ဒါကြောင့် ဒီလိုဆုံးဖြတ်ကြစို့ ။ ကျွန်တော်လည်း မနိုင်သလို ဆရာကြီးလည်း မရှုံးပါဘူး”
ချန်ရှန် အပြုံးဖြင့် ပြောလိုက်ပါတယ် ။ မန်ဘိုလို တောင်ပိုင်းအင်ပါယာရဲ့ ကျွမ်းကျင်ပြီး သြဇာ ညောင်းလှသော လူနှင့် မိတ်ဆွေ ဖြစ်တာ ပိုကောင်းပါတယ် ။
မန်ဘို ခေါင်းခါလိုက်ပါတယ် ။ ထို့နောက် သူ၏ အနီရောင်မီးဖိုလေးအားထုတ်ပြီး ချန်ရှန်ကို ပေးလိုက်ပါတော့တယ် ။
“ရှုံးတာက ရှုံးတာပါပဲ ။ ဒီမီးဖိုက မင်းအပိုင်ဖြစ်သွားပြီ ၊ နှစ်ပေါင်းများစွာ ဒီမီးဖိုအပေါ် မှီခိုပြီး ဆေးတွေ လုပ်ခဲ့တယ် ။ ဒီမီးဖိုမှာ ငါ့ထက်တော်တယ့် ဆရာ ရှိသင့်ပါတယ်”
မန်ဘိုနှင့် ချန်ရှန်တို့၏ အပြုအမူများကို ဆေးဆရာအားလုံးဟာ လေးစားလျက်ပါ ။ ချန်ရှန်သူ၏ လက်များကို ခါပြီး –
“ဆရာကြီး မန်ဘို ၊ ခင်ဗျား ကျွန်တော်တို့ ဆေးဘုရင်ခန်းမကို လာသင့်တယ် ၊ နောက်ပြီး ဒီဆိုင်ရဲ့ ဆေးပညာရှင် ခေါင်းဆောင် ဖြစ်လာမှာ ၊ ဒီမီးဖိုကလည်း ဆရာကြီးဟာပါပဲ ။ နောက်ပြီး ဆရာကြီး ကျွန်တော့ရဲ့ ဆေးဖက်ဝင် သတ္တုသစ်သီးပါ ရနိုင်သေးတယ်”
လူတိ်ုင်းအံ့အားသင့်သွားကြပါတယ် ။ ချန်ရှန်ဟာ တကယ်ပဲ မန်ဘိုအား ဆိုင်သို့ ခေါ်ချင်နေပုံ ပါပဲ ။ ချန်လုဇောင် မျက်လုံးပြူးသွားပြီး အလျင်အမြန်ပဲ ၀င်ပြောလိုက်ပါတယ် ။
“ဒီဆိုင်ဟာ မန်ဘိုဆရာကြီး ကြီးကြပ်မှုကို လိုအပ်နေတယ် ၊ ဒါဆို တကယ်သေချာပေါက် အောင်မြင်တဲ့ ဆေးဘုရင် ရဲ့ ဆေးဘုရင်ခန်းမ ဖြစ်ပြီပေါ့”
မန်ဘို ခဏကြာမျှ စဉ်းစားပြီးနောက် ပြန်ပြောပါတယ် ။
“ကောင်းပြီ ၊ ဒါပေမယ့် ဒီမီးဖိုကိုတော့ မင်းလက်ခံရမယ် ။ မင်းမှာ တော်တော် ကောင်းမွန်တဲ့ အခြေခံရှိပါပေတယ် ။ ဒီမီးဖိုနဲ့သာဆို မင်းအားတ၀က်ပဲ စိုက်ထုတ်စရာလိုပြီး ရလဒ်ကတော့ ၂ ဆ ရမှာပဲ”
ထူးဆန်းစွာပဲ မန်ဘိုက လက်ခံခဲ့ပါတယ် ။ ဒါပေမယ့် မန်ဘိုပုံဟာ အနည်းငယ် ညှိုးငယ်နေ ဟန်ပါပဲ ။ ဒီအချိန်မှာပဲ အသက်ကြီးကြီး လူတစ်ယောက်က ၀င်ပြောပါတယ် ။
“လူလေး ၊ ဒီလူက ဒီမှာ ဆေးဆရာ လုပ်ချင်တာ မဟုတ်ဘူး ၊ အစောင့်လုပ်ချင်တာ နောက်ပြီး မင်းလည်း ဘာမှ ပေးစရာမလိုဘူး”
အခကြေးငွေ ပေးစရာမလိုပဲ ဆေးဘုရင်နဲ့သာမက ချန်ရှန်နဲ့ပါ အနီးကပ်နေပြီး ပညာများစွာ သင်ယူနိုင်တယ့်အတွက်ပဲ ဖြစ်ပါတယ် ။
“ကောင်းပြီ ၊ ဆရာကြီး ခင်ဗျား တာဝန်စယူနိုင်ပါပြီ”
ချန်ရှန် ခေါင်းကုတ်ကာ ရယ်ပြီး ပြောပါတယ် ။ မန်ဘိုလည်း လူများစွာကို ကြည့်ပြီး သူ၏ ခေါင်းကိုညိမ့်လျက် ပြောလိုက်တယ် ။
“မင်း ဒီကိုလာပါ”
နောက်ထပ် ချန်လုဇောင်နဲ့ မန်ဘိုတို့ဟာ တခြား တော်တယ့် ဆေးဆရာ ၂ ယောက်ကို ရွေး ထုတ်လိုက်ပါတယ် ။ အခကြေးငွေ အဖြစ်လည်း သစ်သီးဆုချလိုက်ကြပါတော့တယ် ။ မန်ဘို ရောက်လာပြီးနောက် ချန်ရှန် တော်တော်ဝန်ပေါ့ သွားသလို ခံစားရပါတယ် ။ အနည်းဆုံး တော့ သူဆေးလုပ်နေစရာမလိုတော့ဘူးပေါ့ ။ ဒါဟာ သူ့အတွက် အချိန်ကုန်ပြီး တော်တော် ပျင်းစရာကောင်းလှပါတယ် ။
“အဖိုးလေး က ကြီးကြပ်သူ ဖြစ်သွားပြီနော် ၊ အရင်ကလည်း ဆေးပင်ခန်းမမှာ အကြာကြီး လုပ်ထားတယ့် အတွေ့ အကြုံလည်း ရှိနေတာပဲ ၊ ဆရာကြီး မန်ဘိုနဲ့ တခြား စီနီယာတွေ က ဆေးအတွက်သီးသန့် တာဝန်ယူကြပေ့ါ”
မန်ဘိုဟာ ဆေးဘုရင်တစ်ယောက် ဖြစ်ပြီး ဆေးပညာမှာ နှစ်ရှည်ကြာစွာ ကျွမ်းကျင် သော်လည်း စီမံခန့်ခွဲမှုပိုင်းတွင်တော့ အတွေ့ အကြုံမရှိပေ ။ မန်ဘိုနှင့် တခြားဆေးဆရာများ မှာ အရမ်းရင်းရင်းနီးနီး မရှိကြပေ ။ ယခုတော့ ဆေးဘုရင်ခန်းမတွင် ထူးချွန်တဲ့ ဆေးဆရာ လေးယောက် ရှိနေပြီး သာမန်အဆင့် ဆေးဆရာ တစ်ဒါဇင်လောက် ရှိနေပါပြီ ။ ယောင်မျိုးနွယ်နဲ့ ဒန်ရှန် တို့နဲ့ ယှဉ်ရင်တော့ နည်းနည်းလိုပါသေးတယ် ။ ၎င်းတို့ဟာ တခြား အင်အားစုများထက် ဆေးဆရာ အင်အားများစွာ ရှိနေပါတယ် ။
ညသို့ရောက်သောအခါ ၊ ချန်ရှန် နှင့် ဆံပင်ဖြူတွေ ရှိကြသည့် လူကြီးများ အုပ်စုဖွဲ့ ပြီး အတူ ထိုင်နေကြကာ ဆေးပညာများအကြောင်း ဆွေးနွေးနေကြပါတယ် ။ ချန်ရှန်ကို စုမေးယို သင်ပေးထားသည့်အတွက် ဆေးပညာအသိကတော့ တော်တော်ကို ကျွမ်းကျင့်အဆင့် ရောက်နေပါပြီ ။ သူ၏ အတွေ့ အကြုံနဲ့ ပေါင်းစပ်တယ့် အခါမှာတော့ တော်တော်များများကို လမ်းညွှန်ပြသ နေနိုင်ပါတယ် ။ ဒီလို ဆေးပညာရှင်တွေ စုဝေးပြီး ဆွေးနွေးတာ တကယ်ကို အကျိုးရှိပါတယ် ။နောက်ပြီး သူတို့ဟာ ချန်ရှန်လို အသက်ငယ်ငယ်နဲ့ သူတို့ နားမလည်တဲ့ တချို့ အပိုင်းတွေတောင် ရှင်းပြနိုင်သည့်အတွက် တော်တော်ကို လေးစားနေကြပါတယ် ။
“ချန်ရှန် ဒီမနက် စော်ကားမှုတစ်ခုအတွက် ငါ့ကို ခွင့်လွှတ်ပါ ။ ယောင်မျိုးနွယ်ဟာ ငါ့ကို ဆေးပင်တစ်ချို့ ပေးခဲ့ဖူးတယ် ။ ဒါကြောင့် ငါလည်း အကြွေးတင်နေတာပေါ့ ။ ဒါပေမယ့် ခုကစပြီး သူတို့နဲ့ ငါ့အကြား ကိစ္စပြတ်ပါပြီ”
မန်ဘို မျက်နာ ခပ်အမ်းအမ်း ဖြစ်နေပုံပါပဲ ။ ချန်ရျန် ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။
“အတိတ်က အတိတ်ပါပဲ ။ ယောင်မျိုးနွယ်ရဲ့ ကျွန်တော့အပေါ် အမုန်းက နက်နက်ရှိုင်းရှိုင်းပဲ အမြစ်တွယ်နေပြီ ။ နောက်ဆုံးမှာ သူတို့အားလုံး မျက်နာထားစရာမရှိအောင် ကျွန်တော် လုပ်မှာပါ”
သူ့မှာ ကောင်းမွန်လှတယ့် မီးဖိုနဲ့ အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ရှိနေပြီလေ ။ ဒါတွေ အားလုံးအတွက် ယောင်မျိုးနွယ်ကိုတောင် ကျေးဇူးတင်နေတာပါ ။
“ကျွန်တော်တို့ ကြိုးစားဖို့လိုတယ် ။ ဘာလို့လဲဆိုတော့ သိုင်းပြိုင်ပွဲက စတော့မယ် ။ ကျွန်တော် ကိုယ့်ကိုကိုယ် အများကြီး ပြင်ဆင်ရဦးမယ် ။”
ချန်ရှန်မျက်လုံးများမှာ ယုံကြည်မှုရှိသည့် အရိပ်အယောင်များ တောက်ပနေပါတယ် ။ ဒီအချိန်မှာ လူတိုင်းဟာ သူတို့စိတ်ထဲ ချန်ရှန်ကို ဆေးပညာနဲ့ ပတ်သတ်ပြီး လေးစားကြတာ ဖြစ်ကာ သူ၏ စွမ်းအားကိုတော့ မေ့နေကြပါတယ် ။ ယခုတော့ ချန်ရှန်ဟာ ငယ်ရွယ်သူ မျိုးဆက်သစ်များကြားမှာ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်တစ်ယောက်ဆိုတာကို ပြန် လည် အမှတ်ရသွားကြပါတယ် ။
ချန်ရှန်ရဲ့ စွမ်းအားဟာလည်း အထူးပြောစရာမလိုပေ ။ အဆင့် ၇ ရှိတယ့် ယောင်လူကြီးမင်း ပင် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီလိုပါရမီမျိုးဟာ ကြောက်မခန်းလိလိ ပါပဲ ။
“ကျွန်တော် ထွက် လေ့ကျင့်လိုက်ဦးမယ် ။ လူတိုင်း အေးဆေး အနားယူ အလုပ်လုပ်ကြပါ”
ချန်ရှန် မှာခဲ့ပြီးနောက် ထွက်သွားပါတော့တယ် ။
ဘုရင့်မြို့တော်ရဲ့ အစွန်ဘက်က တောအုပ်ထဲတွင် ချန်ရှန် တစ်ယောက် ထူးကဲလှတယ့် အနီရောင် တဖိတ်ဖိတ် တောက်လျက်ရှိသော ယန်း မီးဖိုကို ကြည့်နေပါတော့တယ် ။ တစ်စုံ တစ်ခုက စိတ်လှုပ်ရှားစေနေသလိုပါပဲ ။ ဒီမီးဖိုကို ထိကြည့်တဲ့အခါ သာမန်ထက်လွန်ကဲတဲ့ ခံစားမှုမျိုး ခံစားလိုက်ရပါတယ် ။
ကွင်းထဲက မိန်းမလှ နှစ်ယောက်ဖြစ်တဲ့ စုမေးယို နဲ့ ဘိုင်ယုယုတို့လဲ ထွက်လာကာ ချန်ရှန် အနိုင်ရခဲ့တဲ့ မီးဖိုကို ကြည့်နေကြပါတော့တယ် ။
“မီးနဂါးသွေးကျောက်”
ဘိုင်ယုယု ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်ပြီး အော်လိုက်ပါတယ် ။ သာမန်အ ချိန်မှာ အေးစက်စက်ဖြင့် နေတတ်တယ့် ဒီလိုမိန်းကလေးဟာ ခုတော့ ဒ်ီမီးဖိုကို ထိတ်လန့် နေပုံပါပဲ ။ စုမေးယိုရဲ့ မျက်လုံးများဟာလည်း မီးဖိုကို ကြည့်နေရင်း တောက်ပလို့ နေပါတယ်။ ထို့နောက် သူမ၏ လက်များကို ကွေးကာ ဖြည်းဖြည်းချင်း ပိုက်လိုက်ပါတယ် ။ ကလေးငယ်လေးကို ရင်ခွင်ထဲ ပိုက်နေသလိုပါပဲ ။
ဘိုင်ယုယုလည်း အနားတဖြည်းဖြည်း ပြန်ရောက်လာကာ ပြောရခက်တဲ့ အကြည့်မျိုးဖြင့် မီးဖိုအား စိုက်ကြည့်နေပါတယ် ။
“ဟုတ်တယ် ။ ဒါဟာ တကယ်ကို မီးနဂါးသွေးကျောက်ပဲ ၊ ငါက ဒါကို ထင်တောင်မထင်မိဘူး၊ကောင်လေးရေ မင်းတော့ တကယ့်ရတနာကို ရတာပဲ ။ ဆေးဘုရင်သာ သိသွားရင် နောင်တရလို့ ဆုံးမှာမဟုတ်ဘူး”
စုမေးယိုပြုံးလိုက်ပြီး သူမမျက်နာဟာ ပျော်ရွှင်မှုတွေ ပြည့်လို့နေပါတယ် ။ လှုပ်ရှားမှုများ ဟာလည်း အလွန်ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှု ရှိလှပါတယ် ။ ချန်ရှန် မီးဖိုကို ယူလိုက်ပြီး မီးနဂါးသွေးကျောက်ဆိုတာ ဘာလဲမသိသော်လည်း ဘိုင်ယုယု တုန်လှုပ်နေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် တစ်ခုခုပဲ ဆိုတာ ရိပ်စားမိပါတယ် ။
“အမတော် ယုယု ၊ စိတ်မရှိပါနဲ့နော် ၊ အမတော် ဒီအရာကို ဘာလို့ကြောက်သွားတာလဲဗျ”
ဘိုင်ယုယု တုန်လှုပ်မှုများ လျော့ကျလာပြီး လေသံတီးတိုးဖြင့် ပြောပါတယ် ။
“ရပါတယ် မင်းအမှားမဟုတ်ပါဘူး”
သူမ၏ အသံဟာ ညင်သာပြီး ချစ်စဖွယ်ကောင်းလှပါတယ် ။ စကားနည်းပြီး အေးစက်စက် နေလေ့ရှိတယ့် ဘိုင်ယုယုထံမှ ဒီလို အသံမျိုးထွက်လာတယ့် အတွက် ချန်ရှန်တောင် အံသြ သွားမိပြီး ရင်လည်း ခုန်မိသွားပါတယ် ။ ဘိုင်ယုယုလည်း ချန်ရှန်၏ အမူအရာနည်းနည်း ထူးဆန်းနေတာကို မြင်တဲ့အတွက် –
“ငါဟာ မိစ္ဆာသိုင်းကျင့်စဉ်တွေကို လေ့ကျင့်ပြီး ငါရဲ့ ခန္ဓာကိုယ်ဟာ စွမ်းအားကြီး ယင် ခန္ဓာကိုယ် ဖြစ်နေတဲ့အတွက် ဒီ စွမ်းအားကြီး ယန် မီးဖိုနဲ့ ဓာတ်မတည့်သလို ဖြစ်သွားလို့ပါ”
ဘိုင်ယုယုက ရှင်းပြလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset