Chapter – 38 ဆေးဘုရင်
“ချန်သခင်လေး ၊ ကျွန်မရဲ့ ဖိတ်ခေါ်ခဲ့မှုကို ပြန်လည် စဉ်းစားသင့်တယ် နော် ။ ဒါဟာ အခွင့်အရေးကောင်းတစ်ရပ်ပဲ ။ ဒါကြောင့် သေချာ ဂရုတစိုက် ပြန်စဉ်းစားပါဦးလား”
အသနားခံနေတယ့် ငွေရောင်မျက်လုံးတစ်စုံကို ဟွာယုယန်မှာ မြင်တွေ့ ရပါတယ် ။ သူမထွက်ခွာသွားပြီးနောက် ချန်လုဇောင်ဟာ ချန်ရှန်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် မေးပါတယ် ။
“ကောင်လေး ၊ ဒီမိန်းမဟာ ဒန်ရှန်ရဲ့ သခင်လုပ်နေပြီး မင်းရှေ့ မှာကျ မာနတစ်စက် မှ မရှိပုံ ပါလား ။ ဒါနဲ့ သူမက မင်းကို ဘယ်ကို ခေါ်နေတာလဲ”
“သူမက ကျွန်တော့ကို ဒန်ရှန်တောင်ယွမ်ကို ၀င်ဖို့ ခေါ်နေတာ ။ ဒါပေမယ့် ကျွန်တော်က သိုင်းပညာအစစ်အမှန်ဂိုဏ်းကိုပဲ ၀င်ချင်တာဗျ ဒါကြောင့် ငြင်းနေတာပဲ”
“ဘာာာ”
ချန်လုဇောင် အလန့်တကြားထအော်ပါတယ် ။ ထို့နောက် ချန်ရှန် ခေါင်းအားခေါက်ပြီး –
“ဒန်ရှန် တောင်ယွမ်ဆိုတာ ဆေးပညာရှင်တိုင်းရဲ့ အထွတ်အမြတ်ထားရာပဲကွ ၊ အဲဒါကို မင်းကငြင်းလိုက်တယ်တဲ့”
ချန်ရှန် ခေါင်းပေါ်လက်တင် အကြောဆန့်ပြီး နှုတ်ခမ်းများကွေးကာ ပြောလိုက်ပါတယ် ။
“အဖိုးလေး ၊ ဒီမိန်းမက အစေခံတစ်ယောက်ပါပဲ ။ သူမဟာ ဒီဒန်ရှန်ဝင်တာနဲ့ ပတ်သတ်ပြီး အရူးလုပ်ခံနေရတာ ။ ထားလိုက်ပါ ၊ ကျွန်တော်ဒီလို ရူးကြောင်ကြောင် အလုပ်ကို လုပ်မှာ မဟုတ်ဘူး ။ ဂိုဏ်းတစ်ခုထဲ ၀င်ခြင်းဟာ အရမ်းအရေးကြီးတဲ့ ကိစ္စပဲ ။ ကျွန်တော် လေးစား အားကျ ရမယ့်ဂိုဏ်းကိုပဲ ကျွန်တော်ဝင်မှာပါ”
ဂိုဏ်းတစ်ခုရဲ့ နောက်လိုက်ဖြစ်မယ့်လူဟာ ပြန်ထွက်ဖို့ အင်မတန်မှ ခက်ခဲပါတယ် ။ ထုတ်ပယ်လိ်ုက်ခြင်းကလည်း အတူတူပါပဲ ။ ဂိုဏ်းတစ်ခုမှ ထုတ်လိုက်သည် ဆိုပါက အဆိုပါ လူအား တခြားမည်သည့် ဂိုဏ်းကမျှ ခေါ်ယူတော့မည် မဟုတ်ပေ ။ ဒါကြောင့် ချန်ရှန် သူရွေးချယ်မယ့် ဂိုဏ်းကို သေချာစဉ်းစားနေခြင်းဖြစ်ပါတယ် ။
ချန်ရှန်အတွက် စုမေးယိုရှိနေသမျှ ဆေးပညာအတွက် ပူစရာမလိုပေ ။ နဂါးတံတွေး ကျင့်စဉ်က လည်း မည်သည့် ဆေးပင်မဆို ရှန်သန်မှုကို ထိန်းချုပ်နိုင်သည့်အတွက် ဒန်ရှန် တောင်ယွမ်သို့ ၀င်လိုစိတ်မရှိပေ ။ ဒါကြောင့် သမိုင်းကြောင်းစဉ်လာ ကြီးမားသည့် သိုင်းပညာဂိုဏ်းတစ်ခုသို့သာ ၀င်လိုခြင်းဖြစ်ပါတယ် ။
သိပ်မကြာလိုက်ပါဘူး လူနှစ်ယောက်ရောက်လာပါတယ် ။ ချန်လုဇောင် က အဓိက တာဝန်ယူကာ ကြီးကြပ်ပါတယ် ။ သူတို့ဟာ ၀င်ဝင်ခြင်းပဲ အသီးကို လေ့လာချင်ပေမယ့် ချန်လုဇောင်က ဦးအောင်ကောက်ယူထားသည့်အတွက် သူတို့ မနာလိုလျက်ရှိနေကြတယ် ။ ချန်လုဇောင်ကတော့ တော်တော် ပျော်နေပါတယ် ။
ချန်လုဇောင် ပထမ သူတို့ကို ဆေးတွေ လုပ်ခိုင်းပါတယ် ။ ပြီးနောက်မှာတော့ သူတို့ဟာ အလယ်အလတ်စားဆေးတွေကို ပြုလုပ်ပြီး ပြကြပါတယ် ။ ဆေးတွေအရည်အသွေးနဲ့ ကြာချိန်ကို ကြည့်ကာ ဆေးဆရာတွေရဲ့ အရည်အချင်းကို ချန်လုဇောင် သတ်မှတ်တယ် ။
ချန်လုဇောင် စိတ်ပျက်တဲ့အချက်ကတော့ တစ်နေကုန်တာတောင် လူ ၁၀ ယောက်လောက် လာလျှောက်ထားသော်လည်း ၂ ယောက် ၃ ယောက်လောက်ကိုသာ ဆေးဆရာ လို့ သတ်မှတ်လို့ရတာပဲ ဖြစ်ပါတယ် ။ လူများစွာဟာ စစ်ဆေးမှု ကိုတောင်မအောင်မြင်ကြပါ ။
ချန်ရှန် ကတော့ မစိုးရိမ်ပါဘူး ။ ယခုလာလျှောက်သော ဆေးဆရာများမှ တဆင့်စကားတဆင့်နားဖြင့် နောက်ရက်များတွင် ဘုရင့်မြို့ က ဆေးဆရာများစွာ လာရောက် လျှောက်ထားလိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ ဆေးဆရာလေးယောက် ငှားဖို့ အစီအစဉ် ချထားပါတယ် ။ အသီး ၂ လုံးဟာ ထို လေးယောက် ဒီမှာ ခဏကြာ ငှားရမ်းဖို့ အတွက် ပိုပို လျှံလျှံ ရှိမှာပါ ။ ဒီအချိန်မှာ ဆိုင်လဲ ဘုရင့်မြို့ မှာ နာမည်တစ်လုံး ရရှိပြီး ကျော်ကြားလာမှာပါ ။ နောက်ထပ် ဆေးဆရာထပ်ရှာ ဖို့လည်း ခက်ခဲတော့မည် မထင်ပါဘူး ။
ချန်ရှန်ဟာ အရင်လိုပဲ သူ့ပုံမှန်လုပ်ရိုးလုပ်စဉ်များ လုပ်လျက်ပါပဲ ။ ညဆို တောထဲ သွားလေ့ ကျင့်ကာ မနက်ပိုင်းတွင် ဆေးများပြုလုပ်ပါတယ် ။ ကြော်ငြာကပ်ပြီး ၃ ရက် မြောက်မှာတော့ မနက်စောစော လေ့ကျင့်ပြီး ပြန်အလာ ဆိုင်ပေါက်ဝတွင် ဆံပင်ဖြူဖြူ လူကြီးများ ရပ်နေတာကို မြင်လိုက်ရပါတယ် ။
နေမင်းကြီးဟာလည်း တဖြည်းဖြည်း ပေါ်ထွက်လာပါပြီ ။ ဆေးဘုရင်ခန်းမ ကတော့ ခုထိမဖွင့်သေးပါဘူး ။ ဒါကြောင့် ဒီလူတွေ စိတ်ရှည်ရှည်စောင့်နေတာ ဖြစ်မှာပါ ။ သာမန်ချိ်န် ဒီလူတွေဟာ ဘယ်သူ့မှ အဖတ်လုပ်လေ့မရှိကြပါဘူး ။ သူတို့ရှေ့ ငွေစတွေ ပုံပေးတောင် မျက်စိမပွင့်ပဲ နေရင် နေကြတာပါ ။ ဒါပေမယ့် အရမ်းရှားပါး အဖိုးတန်လှတယ့် ဆေးပစ္စည်းတွေကိုတော့ ရတနာအဖြစ်သတ်မှတ်ထားကြတယ် ။ ငွေစများများနဲ့ ၀ယ်မရတာတွေပါ ။
ချန်ရှန်ဆိုတာ ဆေးဘုရင်ခန်းမနဲ့ တစ်ထပ်တည်း တွဲလျက်သိကြတာပါ ။ ဒါပေမယ့် လည်း ဆေးပညာကိစ္စကို ချန်လုဇောင်နဲ့ လွှဲထားတယ့်အတွက် ၎င်းတို့ဟာ ချန်လုဇောင်ရဲ့ စစ်ဆေးမှုကို ခံရဦးမှာပါ ။ ဒါကြောင့်တချို့သော ဆေးဆရာများဟာ ပျော်ရွှင်ပုံ မရကြပါဘူး ။
တံခါးဖွင့်တာနဲ့ ဆေးဆရာတွေဟာ တစ်ယောက်ပြီးတစ်ယောက် ၀င်ကြကာ ချန်လုဇောင်ကို ကတိုက်ကရိုက် နှုတ်ဆက်ကြပါတယ် ။ ချန်ရှန်ဟာ သူတို့ရဲ့ အသက် ရှူပုံ ချီဓာတ်ထွက်နေပုံကို ကြည့်ပြီး သူတို့၏ အဆင့်ကို အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။ ၂ ယောက်ကလွဲပြီး ကျန်လူများရဲ့ ချီဓာတ်များဟာ မသန့်စင်ပါ ။ သူတို့ အနိမ့်စားဆေး လောက်ပဲ လုပ်နိုင်ကြမယ် ထင်ပါတယ် ။
လူများစွာဟာ ကံကောင်းပြီးများ ရမလား အတွေးတွေးကာ လာကြပုံပါပဲ ။ စစ်ဆေးမှု က အဆင့်မြင့်လိမ့်မယ်ဆိုတာလည်း သိထားကြမှာပါ ။ ထိုအချိန်မှာ မျက်ခုံး ရွှေရောင် ဖျော့ ဖျော့ ရှိသော လူကြီးတစ်ယောက် လျှောက်လာပြီး အော်ပါတော့တယ်။
“ဆိုင်ရှင် ရှိလား ထွက်လာခဲ့စမ်း”
လူကြီး၏ အော်တဲ့အခါ သန့်စင်သော မီးချီဓာတ်များ သူ၏ ကိုယ်မှ ထွက်ပေါ်လာပါတယ် ။ လူများစွာဟာ နည်းနည်း လန့်သွားတယ် ။ သူတို့ ဒီလို ချီဓာတ် ထွက်သူ၏ အဆင့်ကို ကောင်းကောင်းသိကြတယ်လေ ။ ဒီလူကြီးဟာ ဆေးပညာရှင်ကြီး ဖြစ်မယ်လို့ အားလုံး ရိပ်စားမိပါတယ် ။ ဒီလူကြီးကိုလည်း တချို့ က ကောင်းကောင်းသိနေကြပါတော့တယ် ။
ချန်ရှန်လည်း မတ်တပ်ရပ်လျက် တုံ့ပြန်မေးလိုက်ပါတယ် ။
“ကျွန်တော် ဒီမှာပါ ၊ ဘာကိစ္စ ရှိလို့လဲ”
လူတိုင်းဟာ ဆေးဘုရင် ခန်းမ ဆိုတာ ချန်မျိုးနွယ် ၏ ပုံရိပ်တစ်ခုဆိုတာ သိကြပါတယ် နောက် လောလောဆယ် ပိုင်ရှင်ကလည်း ချန်ရှန်ပါပဲ ။
လူကြီးက ချန်ရှန်ကို သေချာကြည့်ပြီး အထင်သေးမှု အပြည့်ဖြင့် ပြောပါတယ် ။
“ငါမင်းရဲ့ ဆိုင်နာမည်ကို ချက်ချင်း ပြောင်းစေချင်တယ် ။ ဒီလို ဆေးဘုရင် ခန်းမ ဆိုတဲ့ နာမည်ကို ခွင့်မပြုနိုင်ဘူး ၊ ဘာကြောင့်လဲဆိုတော့ မင်းက ဒါနဲ့ မထိုက်တန်လို့ပဲ”
ချန်ရှန် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်တယ် ။
“ဘာလို့လဲ ၊ ကျွန်တော် ဒီနာမည်ပေးတာ ခင်ဗျားကို ဘာများ ဖြစ်စေလို့လဲ ၊ ဒီကို ပြသနာ လာရှာတာလား ၊ နောက်ပြီး ရိုင်းရိုင်းစိ်ုင်းစိုင်းနဲ့ လည်း လာလှောင်နေသေး’
လူကြီးက ချန်ရှန်ကို အထင်သေးဟန်ဖြင့် ခနဲ့တဲ့တဲ့ ပြောပါတယ် ။
“ဒီလူအိုကြီးက ဆေးဘုရင်ပဲ ၊ ဒါကြောင့် ငါမင်းရဲ့ ဆိုင်အတွက် ဒီ နာမည်ကို ခွင့်မပြု နိုင်ဘူး”
ဆေးဘုရင် တဲ့လား . . . .
သူတို့ ဒီစကား ကိုကြားတယ့်အခါ ချန်လုဇောင်နဲ့ တကွ ဆေးဆရာများစွာဟာ အံ့အား သင့်သွားကြပါတယ် ။ တောင်ပိုင်းအင်ပါယာမှာ အလွှာပေါင်းစုံသော လူဦးရေ သန်းပေါင်းများစွာ ရှိပါတယ် ။ ထိုထဲတွင်မှ အထူးချွန်အပြောင်မြောက်ဆုံးသော ဆေးဆရာ ကြီးဟာ ဆေးဘုရင်ပဲ ဖြစ်ပါတယ် ။နောက်ပြီး သူဟာ ယောင်မျိုးနွယ်နဲ့ လည်း အဆက်အသွယ် ရှိသူဖြစ်တယ် ။
ဒီအချက်တွေကြောင့် လူတိုင်းဟာ ဒီလူကြီးရဲ့ မာနကြီးပုံနဲ့ လိ်ုက်ဖက်ပါတယ်လို့ ခံယူထားကြပါတယ် ။ သူကတော့ ဆေးဘုရင် မန်ဘို ပဲဖြစ်ပါတော့တယ် ။
ချန်ရှန် ဒီနာမည်နဲ့ သိပ်မစိမ်းပါဘူး ။ ကလေးဘ၀တည်းက ဒီနာမည်ကို မကြာခဏ ကြားဖူးနေကျပါ ။ ခုတော့ မမျှော်လင့်ပဲ ဆုံတွေ့ ရပါပြီ ။ နောက်ပြီး ဒီလူ ရောက်လာခြင်း ဟာ ယောင်မျိုးနွယ်ရဲ့ စနက်ဆိုတာကို သူကောင်းကောင်း ရိပ်မိလိုက်ပါတယ် ။
ချန်ရှန် မျက်မှောင်ကြုတ်လိုက်ပါတယ် ။ ဒါက သပ်သပ် ဒုက္ခ လာပေးတာပါပဲ ။ သူဟာ ဆိုင်နာမည်ကို ဆေးဘုရင်ခန်းမလို့ ပေးထားတာဟာ နာမည်နဲ့ ပတ်သတ်ပြီး တစ်ခုခု တင်စီးတယ့် သဘောနဲ့ပါ ။ တကယ့် ဆေးဘုရင် အစစ်က လာပြီး စွပ်စွဲစေရန် မမျှော်လင့်ခဲ့ပါဘူး ။
“ဟက် ၊ ဒီလူကများ ဆေးဘုရင်နဲ့ တန်လို့လား ။ ငါနှစ်ထောင်ပေါင်းများစွာ ဆေးပညာ လေ့လာ လိုက်စားနေတာတောင် ဆေးပညာတည်ထောင်သူ အဆင့်ကို ရရုံရှိသေး ၊ ဒီလူက သူ့ကိုယ်သူ ဆေးဘုရင်တဲ့လား”
စုမေးယို ၏ အထင်သေးဟန်ကို ချန်ရှန် စိတ်ထဲမှ ကြားလိုက်ပါတယ် ။ ချန်ရှန် နည်းနည်း အံ့သြသွားပါတယ် ။ ဒီနာမည်ဟာ တကယ်တန်းတော့ ဆေးပညာအဆင့် အတန်းကို သတ်မှတ်တာကို သိလိုက်ရပါတယ် ။ မျက်လုံးများမှေးလျက် ရယ်မောကာ ဖြင့် မန်ဘိုကို ပြောလိုက်ပါတယ် ။
“ဟက် ၊ ခင်ဗျားကများ ဆေးဘုရင် ဖြစ်ဝံ့သေးတယ် ။ ခင်ဗျားမှာ ကြီးမားတဲ့ ဂိုဏ်းတွေ ၀င်ဖို့ အရည်အချင်းကော ရှိလို့လား ပြစမ်းပါ ။ ခင်ဗျားကို တစ်ယောက်မှ မပြောရဲ ဘူး ထင်နေတာလား ။ ကောင်းကင်နဲ့ မြေကြီးရဲ့ အလွန်ကြီးမားမှုကို သိပုံလည်း မပေါ်ပါဘူး”
ဂိုဏ်းကြီးတွေ ထဲရှိ ဆေးပညာ ရှင်ကြီးများဟာ အတော်ကို အစွမ်းထက်ပါတယ် ။ ဒါကို လည်း လူတိုင်းသိကြပါတယ် ။ ဒီလိုလူတွေ ရှေ့ ရောက်ရင်တော့ မန်ဘိုလည်း ဆေး ဘုရင်ဖြစ်တယ်လို့ ပြောဝံ့တော့မယ် မထင်ပါဘူး ။ သူဟာ ဒီ အပြင်ဘက် နယ်ပယ်မှာပဲ အစွမ်းရှိနိုင်တာဖြစ်ပါတယ် ။
မန်ဘို၏မျက်နာလည်း ဒေါသကြောင့် နီရဲလျက် နေပါတယ် ။ ချန်ရှန်လို လူငယ်လေး က သူ့ကို တခြားသူတွေ အများကြီးရှေ့ မှာ ဒီလို မပြောဝံ့လောက်ဘူး ထင်တာပါ ။ ခုတော့ သူကိုယ်တိုင်တောင် ဘာပြောရမှန်းမသိ ဖြစ်နေပါတယ် ။ ဂိုဏ်းကြီးတွေမှ ဆေးပညာရှင်ကြီးများကို မယှဉ်နိုင်ဘူးဆိုတာကို သူ့ကိုယ်သူလည်း သိနေပါတယ် ။ သူသာ ဂိုဏ်းထဲဝင်ရင်လည်း အောက်ခြေနေရာသေးသေးလေး အဆင့်မှာသာ ရှိနေမှာပါ ။
ချန်ရှန်ဟာ မန်ဘို၏ မျက်နာ ဒေါသကြောင့် ရဲရဲနီနေတာကို တွေ့ ပါတယ် ။ ဒါကြောင့် ပြောလိုက်တယ် ။
“ခင်ဗျား ကိုယ့်ရဲ့ ပညာစွမ်းက သ်ိပ်စွမ်းတယ်ထင်ရင် ဒီက လူငယ်လေးနဲ့ မယှဉ်ရဲဘူးလား ၊ ပြိုင်ပွဲ သေးသေးလေး လုပ်ရအောင် ။ ဒီကဆေးဆရာတွေ အကဲ ဖြတ်ကြပေါ့”
“ပြိုင်ပွဲ တစ်ခုဖြစ်တယ့်အတွက် ဆုကြေးလေး ထည့်ကြတာပေါ့ ။ ကျွန်တော်ရှုံးရင် ခင်ဗျားကို ဆေးဖက်ဝင်သတ္တုသစ်သီး ပေးမယ် ၊ တကယ်လို့ ခင်ဗျား ရှုံးခဲ့မယ် ဆိုရင်တော့ . . . . . . . .”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတော့တယ် . . . . . . . ။