Switch Mode

Chapter – 37

သဘောထားကြီးသော အဖိုးအခ

Chapter – 37 သဘောထားကြီးသောအဖိုးအခ

လူတိုင်းကြောင်အနေလျက် ။ သူတို့ထင်မိတာက ခရမ်းရောင် တော့ ပြောင်းလိမ့်မယ်လို့ပါ ။ ဒါပေမယ့် ချန်ရှန်၏ ပြင်းထန်လှသော လက်သီးချက်ကို ကျောက်တုံးကြီးဟာ မခံနိုင်တော့ပဲ ကွဲကြေသွားရပါတော့တယ် ။
ဒီတိုင်ခင်က ကျောက်တုံးကြီးကို စစ်ဆေးသူတွေဟာ အပြာ သို့မဟုတ် ခရမ်းပြောင်းပါက လူငယ်ခေါင်းဆောင်များ ဟု သတ်မှတ်ထားကြပါတယ် ။ ယခုတွင်တော့ ချန်ရှန်ဟာ ကျောက်တုံးကြီးကို ခွဲလိုက်တယ့်အတွက် သူ၏အဆင့်ကို မည်သို့သတ်မှတ်ရမည် မသိတော့ပေ ။
ချန်ရှန် ကိုယ်တိုင်လည်း ဒီရလဒ်အပေါ် တော်တော် အံ့သြ နေမိပါတယ် ။ ဒါပေမယ့် ကျောက်တုံးကွဲချိ်န်ကစပြီး ယောင်မျိုးနွယ်များ သူ့ကို လျော်ကြေးတောင်းမလားဟု စိုးရိမ်ိသွားပါတယ် ။
” ကျွန်တော်. . ကျွန်တော် အောင်လားဟင် ၊ ကျွန်တော်က စစ်ဆေးပွဲအောင်ဖို့ အားပြင်းပြင်းသုံးလိုက်တာပါ ။ ဒီလို ကံကောင်းသွားလိမ့်မယ် မထင်မိဘူး ။ ခုတော့ ကွဲပြီ”
ချန်ရှန် ခေါင်းကုတ်ကာ ရယ်ကျဲကျဲဖြင့် ပြောပါတယ် ။
လူတိုင်းကလည်း ကြောင်နေလျက်ပါ ။ ဒီလိုကွဲသွားတာက ကံကောင်းလို့တဲ့ ။ အရူးပဲ ယုံပါပေလိ့မ်မည် ။
“အောင်မြင်တယ်”
စစ်ဆေးသူလည်း ဒီလိုလူမှ အအောင်မပေးလျှင် လူတိုင်းအောင်မှာမဟုတ်တော့မှာကို စဉ်းစားမိသည့်အတွက် အောင်မြင်ပေးလိုက်ခြင်း ဖြစ်ပါတယ် ။
ချန်ရှန်၏ စာရွက်မှာ နောက်ထပ်တံဆိပ်တုံးတစ်ခု ထပ်မံ ခပ်နှိပ်ကာ ပြိုင်ပွဲဝင်ခွင့် ပေးလိုက်ပါတော့တယ် ။ ချန်ရှန်လည်း ယခုမှ သက်ပြင်းရှည်ကြီး ချနိုင်ပါတော့ တယ် ။ ကံအားလျော်စွာ ယောင်မျိုးနွယ်မှ ကျောက်တုံကြီးကို မလျော်ခိုင်း၍ တော်ပါသေးတယ် ။
ဒါဟာ ချန်ရှန်၏ အားအကုန်လုံး မဟုတ်သေးပါဘူး ။ သူဟာ မီးဓာတ်နှင့် သစ်သားဓာတ် ၂ မျိုးသာ အသုံးပြုခဲ့တာ ဖြစ်ပြီး ၃ ခု ကျန်နေပါသေးတယ် ။ အကယ်၍ သူသာ ချီဒြပ်စင် ၅ ခုလုံးအား ပေါင်းစပ်အသုံးပြုခဲ့မည် ဆိုပါက ဒီထက်အဆများစွာ စွမ်းအားကြီးဦးမှာပါ ။
သူဟာ နေ့ပေါင်းများစွာ မီးဓာတ် နဲ့ သစ်သား ချီဓာတ်များ ပေါင်းစပ်ခြင်းကို သေချာ လေ့ ကျင့်ခဲ့တာပါ ။ ဒီလိုပေါင်းစပ်ပြီး ပိုမိုကြီးမားတယ့် စွမ်းအင်တွေ ထုတ်နိုင်ရန်ပဲ ဖြစ်ပါတယ် ။ ဒီအချက်ဟာ ချန်ရှန် သူနဲ့ အဆင့်တူသူများနဲ့ ဆန့်ကျင်ဖက် ဖြစ်ပြီး အဓိက ကွာခြားတယ့် အရာပါပဲ ။
ချန်ရှန်လည်း စာရင်းသွင်းပြီး ပြန်လာတာနဲ့ ဆေးတွေ စလုပ်ပါတော့တယ် .။ ချန်လုဇောင် ကပင် ချန်ရှန်၏ဆေးဟာ တခြားဆေးဆရာအဖိုးကြီးတွေထက် များစွာ သာလွန်ပါပေသည် ဟု မကြာခဏ ချီးကျူးလေတယ် ။
လွန်ခဲ့တယ့် ရက်တွေမှာ ချန်ရှန် စုမေးယိုဆီမှ ဆေးပညာ အမြောက်အများကို သင်ယူခဲ့ပြီး ပါပြီ ။ ထို့နောက် ချန်လုဇောင်အား ပြန်လည် မျှဝေ ပေးလျက်ပါ ။ ဒီအချက်ဟာ ချန်လုဇောင် အတွက် တော်တော်ကို အကျိုးရှိပါပေတယ် ။ ဒါပေမယ့် ချန်လုဇောင် အနေဖြင့် ဒီဆေးနည်း များဟာ ချန်ရှန်၏ ကိုယ်ပိုင် တီထွင်ချက်များ အဖြစ်သာ သိထားခြင်းဖြစ်ပါတယ် ။ သူလည်း ချန်ရှန်ကို လေးစားသထက် လေးစားနေပါတော့တယ် ။
၁၀ ရက်ခန့် ကြာပြီးနောက်မှာတော့ ၊ ချန်ရှန်၏ ကိုယ်ပိုင် ခြံလေးထဲတွင် လက်သီးဆုပ်အရွယ် ရွှေရောင်အသီးလေး ၆ လုံးသီးနေတာကို မြင်တွေ့ရမှာပါ ။ နေရောင်ခြည်ဟာ ၎င်းတို့အပေါ် ထိုးတယ့်အခါမှာ လှပလှတယ့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လို့ နေပါတယ် ။ အနီး နားတွင်သာ တစ်ယောက်ယောက် ရှိပါက အလွန်များပြားလှတယ့် ချီဓာတ်များ အသီးမှ ထွက်ပေါ်နေတာကို ခံစားမိစေမှာပါ ။
“ဒါဟာ တကယ့်ကို အဆင့်မြင့် အသီးပဲ ၊ ဟဟ ဘယ်လိုအရသာတွေများ ရှိပါလိမ့်”
ချန်ရှန် ကိုယ့်တံတွေးကိုယ်ပင် မျိုချမိနေတယ် ။ သူ့အကြံကိုသာ ဆေးဆရာကြီးတွေ သိသွား ပါက မလွယ်ပေ ။ ချန်ရှန် အသီးများကို အလျင်အမြန်ခူးပြီး သူ၏ အိတ်ထဲသို့ ထည့်လိုက်ပါ တယ် ။ ထို့နောက် ဆိုင်မှ ထွက်ခွာလာပြီး ဒန်ရှန် အနီးရှိ နေရာတစ်ခုတွင် ဆေးဆရာ ရှာရန် လုပ်ငန်းစပါတော့တယ် ။ ဘယ်လိုကပ်ရမလဲဆိုတာ သူ စဉ်းစားထားပြီးသားပါ ။
“ချန်မျိုးနွယ် ဆေးဘုရင်ခန်းမမှ ဆေးဆရာ ၃ ဦး အလိုရှိသည် ။ အဆင့်မြင့် ဆေးများကို ပြုလုပ်နိုင်ရမည် ။ အခကြေးငွေ အဖြစ် ဆေးဖက်ဝင်သတ္တုသစ်သီးကို ပေး . . . . . . . . . .”
ဒီလိုရေးပြီးနောက် သူ၏ နာမည်နှင့် လိပ်စာပါတွဲရေးကာ ကပ်ထားလိုက်လေ၏ ။ သူ့တွင် အသီး ၆ လုံးရှိသည်ဖြစ်ပြီး ဒီအသီးတွေဟာလည်း ဆေးပညာ အခြေခံများ တည်ဆောက်ရန် အလွန်အရေးပါလှသဖြင့် သူသုံးရန် ချန်ရပါသေးတယ် ။
ချန်ရှန် ဆိုင်သို့ ပြန်လာပြီး စိတ်ရှည်ရှည် စောင့်နေပါတယ် ။ သူ၏ မက်လောက်စရာ အဖိုးအခ အတွက် များစွာသော ဆေးပညာရှင်များ ကို ဆွဲဆောင်နိုင်မှာပါ ။ အသီးကလည်း တကယ်ကို အဆင့်မြင့် အသီးအမျိုးအစားဖြစ်ကာ ဆေးဆရာတိုင်း၏ သည်းခြေကြိုက်ပါပဲ ။
ချန်ရှန် အကြာကြီး မစောင့်လိုက်ကပါဘူး ။ တစ်စုံတစ်ယောက်ဟာ လာပြီး သူ့ကို မေးပါတော့ တယ် ။ ဒါပေမယ့် အံ့သြစရာက သူဟာ ဆေးဆရာမဟုတ်ပဲ ဒန်ရှန်သခင်၏ မိတ်ဆွေ ဖြစ်လို့ နေ တာပါပဲ ။
ချန်လုဇောင်ကတော့ တိတ်ဆိတ်နေပါတော့တယ် ။ သူဟာ ချန်ရှန် အခကြေးငွေအဖြစ် အသီးကိုပေးကာ ဆေးဆရာငှားရမ်းခြင်းအဖြစ်ကို မသိသေးပါဘူး ။
ဟွာယုယန် ရထားလုံးပေါ်မှ ဆင်းလာပါတယ် ထို့နောက် ဆိုင်အတွင်းသို့ ချက်ချင်း ၀င်ရောက်လာတယ် ။ ဒီတစ်ကြိမ်မှာတော့ သူမမျက်နာမှာ ဘာဟန်ဆောင်မှုမှ မတွေ့ ရပဲ လှပတယ့် အဖြူရောင် အ၀တ်အစားကို ၀တ်ဆင်ထားပါတော့တယ် ။
ချန်ရှန်လည်း ခရီးဦးကြိုပြုကာ မေးလိုက်ပါတယ် ။
“သခင်မ ဘာများ ဖြစ်လို့ပါလဲ”
“ဟက်”
လှောင်သံလေးနဲ့ အစပြုပြီး အလျင်စလို မျက်နာပေးနဲ့ ပြန်ပြောတယ် ။
“ရှင်က ဆေးဆရာငှားဖို့ ဆေးဖက်ဝင်သတ္တုသစ်သီးကို အခကြေးအဖြစ်ပေးတယ် ဆိုတာ အမှန်ပဲလား”
ချန်လုဇောင် တော်တော် အံ့သြသွားပါတယ် ။ ထို့နောက် ချန်ရှန်မျက်နာကို အထိတ်တလန့် ဖြင့် လှမ်းကြည့်လိုက်ပါတယ် ။
“ဘာပြသနာ ရှိလို့လဲ ။ ခွင့်ပြုချက်တောင်းနေရဦးမှာလား”
ချန်ရှန် လက်ပိုက်လျက် ပြန်ပြောလိုက်တာပါ ။ ချန်လုဇောင် ကြောင်နေရာမှ အသိဝင်လာပြီး ထအော်ပါတော့တယ် ။
“မင်း ရူးနေပြီလား ၊ ဆေးဆရာငှားဖို့ အဲဒါသုံးစရာလိုလား”
တကယ်ကိုရှားပါး အဖိုးတန်လှသော အသီးကို သာမန်လူအဖို့ အိပ်မက်ပင် မက်ဖူးမည် မထင်ပေ ။ ဒီအသီးရှိသူဟာ ရောင်းရငွေနဲ့တင် ဆေးဆိုင်တစ်ဆိုင် ဖွင့်လို့ ရလောက်ပေ သည် ။
“ဒုတ် ဒုတ်”
ချန်ရှန် ရွှေရောင် အသီး ၂ လုံးကို စားပွဲပေါ်တင်လိုက်တယ် ။ ချီဓာတ်များ ထွက်ပေါ်နေသော ကြောင့် ချန်လုဇောင် နှင့် ဟွာယုယန်တို့ပင် လန့်လျက်ရှိပါတယ် ။ သူတို့ဟာ ချန်ရှန်မှာ အသီး ၂ လုံးရှိနေလိမ့်မယ်လို့ မထင်ပါဘူး ။
“မင်းးးးး …. မင်း ….. မင်းးးးးး ….”
ချန်လုဇောင် စကားလုံးများ ပျောက်ဆုံးနေပါပြီ ။ ဟွာယုယန်ကတော့ သက်ပြင်းချလိုက် တယ် ။ သူမဟာ ဂိုဏ်းကြီးတစ်ဂိုဏ်း မှ ဖြစ်ပြီး ကမ္ဘာကြီးကို များစွာ တွေ့ ကြုံ ဖြတ်သန်းဖူးပါ တယ် ။ ဒါပေမယ့်လည်း ချန်ရှန်လို ငယ်ရွယ်သူတစ်ယောက်နဲ့ တန်ဖိုးကြီးတစ်ခုကို တွေ့ လိုက်ရတယ့်အခါ အံ့အား တော်တော်သင့်မိနေပါတယ် ။
အကြောတစ်ထောင်အသီး ၊ ငရဲဝိဉာဉ်တော်မြက် ၊ နှစ်တစ်ထောင် သားရဲဆေး နှင့် ယခု ဆေးဖက်ဝင်သတ္တုသစ်သီး ၊ အားလုံးဟာ အရမ်းတန်ဖိုးရှိတယ့် အရာတွေပါပဲ ။
ဒီအချိန်မှာ ချန်ရှန် တခြား သတ္တုသစ်သီးတစ်ခုနဲ့ အတူ ထလာပါတယ် ။ ဟို ၂ ယောက်လည်း တုန်လှုပ်လျက်ပါပဲ ။ ချန်ရှန် မေးစေ့ကို ပွတ်ပြီး –
“အဖိုးလေး ၊ အဖိုးလေးက ထိန်းသိမ်းရတဲ့အလုပ်ကို သဘောကျတယ်မလား ၊ ဒါကြောင့် ဒီအသီး ၃ လုံးကို သေချာသိမ်းထားပေး ၊ တစ်လုံးကို အဖိုးလေးယူပြီး စိတ်ကြိုက်အသုံးပြု ။ ကျန် ၂ လုံးကို ဆေးဆရာငှားဖို့အတွက် ထားလိုက် ။ သူတို့လာရင် အဖိုးလေးပဲ အင်တာဗျူး လိုက်ပါ”
ဟွာယုယန် စားပွဲပေါ်ရှိ သစ်သီး ၃ လုံးကို ကြည့်နေပါတယ် ။ နှုတ်ခမ်းကို ကိုက်လျက် ခန့်မှန်း ရခက်တယ့် မျက်နာပေးမျိုးဖြင့်ပါ ။ သူမ စိတ်ထဲမှာတော့ ချန်ရှန်ဟာ တကယ်ကို ရှာမှရှားတဲ့ ဆေးပညာ မျိုးစေ့ကောင်းတစ်ခုပါ ၊ နောက် စစ်မှန်တဲ့သိုင်းပညာ ဂိုဏ်ကိုလည်း ၀င်နိုင်တဲ့ အလားအလာများစွာ ရှိသူပါ ။ သို့သော် သူမ၏ ဒန်ရှန်တောင်ယွမ်ကို တော့ ၀င်အောင် မစွမ်း နိုင်ခဲ့ပါဘူး ။
ချန်လုဇောင် လက်တွေတုန်လျက် အသီးများကို ဂရုတစိုက် သယ်ယူနေပါတယ် ။ ရင်ခုန် စိတ်လှုပ်ရှားနေမှုများကို လျော့ချလိုက်ပြီးနောက် ပြောလိုက်ပါတယ် ။
“ကောင်လေး ၊ ဒါတွေ ဘယ်ကရလာတာလဲ”
ချန်ရှန် ကြုံသလိုပဲ ဖြေလိုက်ပါတယ် ။
“မနေ့ညက တောင်တွေဘက်မှာ သွားလေ့ကျင့်တုန်း ထူးဆန်းတဲ့ နေရာတစ်ခုကို ဖြတ်ခဲ့ရ တယ် ။ အဲဒိက ခူးလာတာပဲ”
“ဒီအပင်မျိုးက ပုံမှန်အားဖြင့် ၅ လုံးလောက် သီးလေ့ရှိတယ် ။ ကြည့်ရတာ ရှင်တော်တော် ချမ်းသာနေပုံပဲ”
ဟွာယုယန် သူမ၏ တောက်ပလှသော မျက်လုံးတစ်ဖက်မှိတ်ကာ ချန်ရှန်အား ပြောလိုက်ပါ တယ် ။ ချန်ှရှန်လည်း သူမ၏ အလှမှ ရှောင်တိမ်းရန် ပြန်မေးလိုက်တယ် ။
“သခင်မ ဘာအတွက် ဒီကို လာပါသလဲ”
“ဟက်”
“ရှင့်မှာ အသီးတစ်ကယ်ရှိမရှိ ကြည့်ချင်လို့ ။ ရှင်ကတော့ တော်တော်လေးကို နာမည်ကြီး နေပြီ ။ အရင်က ယောင်မျိုးနွယ်ဟာ ရှင်တို့ ဆိုင်ဖွင့်တာကို တစ်စက်မှ စိတ်မ၀င်စား ဂရုမစိုက် ခဲ့ဘူး ၊ ခုကျ ရှင့်ရဲ့ ရက်ရောလှတယ့် အခကြေးငွေကြောင့် သူတို့ဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ ။ ရှင့်ဆိုင်ကို ကောင်းကောင်းပေးဖွင့်မယ်မထင်ဘူး”
“ငါတို့ကို ဘယ်သူတားရဲလဲ ၊ အကုန်သတ်ပစ်မှာပေါ့”
ချန်လုဇောင် ကြောက်မက်ဖွယ် ကြုံးဝါးလိုက်ပါတယ် ။ သူ့မှာ အခု အသီးတစ်လုံး ပိုင်ဆိုင်နေပြီ ဖြစ်ပြီး သူဟာ မကြာခင် ဆေးတစ်ခု ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ် ။ ထိုဆေးဟာ သူ၏ လက်ရှိ ပိတ်ဆို့နေတယ့် အခက်အခဲကို လွယ်ကူစွာ ချေဖျက်နိုင်တော့မှာ ပဲ ဖြစ်ပါတော့တယ် . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset