Chapter – 36 ယောင်မျိုးနွယ်ရှေ့
ချန်ရှန်ဟာ အရုဏ်မတက်ခင် ပြန်လာခဲ့ပါတယ် ။ ဒီရက်မှာပဲ သူဟာ ဆေးတွေ ရူးသွပ်စွာ ပြုလုပ်လျက်ပါ ။ ညသို့ရောက်သောအခါ သူဟာ မြို့ ပြင်ထွက်ပြီး လေ့ကျင့်လျက်ရှိတယ် ။ ရက် ၂၀ လောက် ဒီလိုလုပ်ပြီးတဲ့အခါ သူ၏ စွမ်းအင်များ တိုးတက်ကောင်းမွန်လာရုံသာမက အလယ်လတ်တန်းစား ဆေး နှင့် ၎င်းအောက်ဆေးများပြုလုပ်ရာတွင်လည်း ဆရာတစ်ဆူဖြစ်ခဲ့ပါပြီ ။ တစ်ခါမှ မအောင်မြင်တယ်ဆိုတာတောင် မရှိတော့ပါဘူး ။ ဆေးများစွာကို အချိန်ခဏလေးနဲ့ လုပ်နိုင်တယ့်အချက်က ဆေးပညာရှင်ကြီး ချန်လုဇောင် ပင် သူ့ကိုယ်သူ ရှက်ကိုးရှက်ကန်း ဖြစ်မိသည် အထိပါပဲ ။
နှစ်တစ်ထောင်မြက် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းလောက်ထိကို သုံးစွဲပြီး ဖြစ်ပါတယ် ။ သူတို့ ၂ ယောက်သား အသုံးများတယ့် အနိမ့်စားဆေးများစွာ ပြုလုပ်ပြီး ဖြစ် ကြသော်လည်း လောက်ငှမှု မရှိသေးပေ ။
ချန်ရှန်စိုက်ထားသည့် ဆေးဖက်ဝင်သတ္တုအပင်မှာ သစ်သီးသီးလုနီးပါး ဖြစ်နေပါပြီ ။ ဒီရက် ၂၀ အတွင်း သူဟာ နဂါးတံတွေးအား အဆက်မပြတ် လောင်းပေးခဲ့တယ် ။ ဒါဟာ အပင်တစ် ခုထဲအား အချိန်အကြာကြီး ပထမဆုံး စိုက်ခြင်းပင် ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အကျိုးကတော့ သိတယ့်အတိုင်းပါပင် ။
ဒီအသီးနဲ့ပတ်သတ်ပြီး ချန်ရှန်ဟာ လျို့ ဝှက်ထားပါတယ် ။ ဒါကိုသူ၏ ကိုယ်ပိုင်ခြံဝင်းလေးထဲ မှာ စိုက်ထားတာဖြစ်ပြီး ချန်လုဇောင်တောင် အမှတ်မထင်ဖြတ်သွားတာမျိုးကို ခွင့်မပြုပါဘူး။
“ဆေးဗ ဆေးဆရာ လုံလုံလောက်လောက်ငှားပြီးတာနဲ့ ငါလည်း အနားယူဦးမယ် ။ အသက်လေး ဘာလေး ရှူပါရစေဦး”
ချန်လုဇောင် ရွှေရောင် အသီးလေးကို ပွတ်သတ်နေရင်း ပြောပါတယ် ။ ချန်ရှန်ဟာ ဆေးတွေ လုပ်ရောင်းနေဖို့ မတွေးပါဘူး ။ သူဟာ ဒီထက်ကြီးမားတယ့် အရာတွေကို လုပ်ချင် နေတာပါ ။ ရှားပါးဆေးပင်တွေ လိုက်ရှာတာ ၊ သားရဲတွေနဲ့ တိုက်ခိုက်တာ ၊ ရှားပါးကျင့်စဉ် တွေ လေ့ကျင့်တာနဲ့ ကမ္ဘာကြီးတစ်ခုလုံးတောင် ပေါက်ကွဲစေနိုင်တယ့် စွမ်းအားတွေကို လေ့လာတာတွေ လုပ်ချင်နေတာပါ ။
ဒီအချိန်ဟာ ဘုရင့်မြို့ တော် သိုင်းပြိုင်ပွဲက တစ်လလောက်ပဲ လိုပါတော့တယ် ။ ဒါကြောင့် နောက်ဆုံးအဆင့် စာရင်းသွင်းဖို့ လိုပါတော့တယ် ။ သူ့ကို နည်းနည်း စိတ်ဓာတ်ကျစေတဲ့ အချက်ကတော့ ဒီပွဲကို ယောင်မျိုးနွယ်က ဦးစီးကျင်းပတာကြောင့်ပါပဲ ။ စာရင်းသွင်းရမယ့် နေရာကလည်း ယောင်မျိုးနွယ် ခြံဝန်းထဲမှာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ လူတွေပြောနေကြတယ့် အကြောင်းကိုလည်း ကြားနေရပါတယ် ။ ယောင်တျန်း ဟွာနဲ့ ယောင်လူကြီးမင်းတို့ ပျောက်နေတယ့် အကြောင်းပါ ။ ဒါပေမယ့် ချန်ရှန်အတွက် ကံ ကောင်းပါတယ် ။ ဘုရင့်မြို့ တော် အပြင်ဘက်က ကြီးမားတဲ့ သိုင်းအဖွဲ့ အစည်းကြီး ပြိုကွဲပြီး လူတွေအပေါ်လိုက်လံ လုယက်ဆိုးသွမ်းနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေလို့ပါ ။ ၎င်းတို့ဟာ မျိုးရိုးကြီးများက ကလေးများထံမှ ပစ္စည်းများလုယက်ပြီး သတ်ဖြတ်နေတာဖြစ်ပါ တယ် ။ ဒါကြောင့် ချန်ရှန်အပေါ် သံသယမ၀င်ကြပါ ။
ယောင်မျိုးနွယ်တစ်ခုလုံးဟာ သူတို့ရဲ့ ပါရမီရှင်လေးနဲ့ သက်ကြီး တစ်ယောက် ပျောက်နေ တာနဲ့ ပတ်သတ်ပြီး တော်တော်လေး ဂယက်ရိုက်နေပါတယ် ။ သူတို့ဟာ တော်ဝင်မိသားစု တွေ အကူအညီနဲ့ ဒီမိစ္ဆာ အင်အားစုများကို အပြင်းအထန် ရှုပ်ချကြပါတယ် ။ ဒီရက်ပိုင်းတွေ မှာပဲ များစွာသာ မိစ္ဆာအင်အားစုများဟာ အပြစ်ပေးခြင်းခံကြရပြီး ပြိုကွဲသွားကြပါတယ် ။ ဒါပေမယ့်လည်း ယောင်မျိုးနွယ်တို့ဟာ ယောင်တျန်းဟွာရဲ့ မည်သည့် သဲလွန်စမျှ မရရှိကြ သေးပါဘူး ။
တကယ်တော့ ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးမင်းတို့ ဟာ ချန်ရှန် လက်ချက်မိသွားခြင်းပါ ၊ သူတို့ခန္ဓာကိ်ုယ်ဟာလည်း ပြာအဖြစ် လွင့်စင်သွားကြပါပြီ ။ ဒီလို သဲလွန်စမကျန်သော ကြောင့်လည်း ချန်ရှန်စိုးရိမ်မှုများ အနည်းငယ် လျော့နည်းသွားပါတယ် ။
ချန်ရှန် ယောင်မျိုးနွယ် အိမ်တော်သို့ ရောက်ရှိနေပါပြီ ။ ချန်ရှန် ဟာ အနည်းငယ်တော့ ရင်ခုန် နေမိပါတယ် ။ပြိုင်ပွဲ စာရင်းပေးခြင်းဟာ ယောင်မျိုးနွယ်ဝင်ပေါက်ရှေ့ က ကြီးမားသော ကွင်းပြင်ကြီးမှာ ပြုလုပ်တာဖြစ်ပါတယ် ။ စာရင်းပေးခြင်းက စလက်ခံနေတာ ကြာပြီ ဖြစ်ပေ မယ့် နေ့တိုင်း နေရာအရပ်ရပ်မှ လူများဟာ စာရင်းပေး လာရောက်နေကြတုန်းပါပဲ ။ များစွာ သော လူတန်းကြီးဟာ နဂါးတစ်ကောင်အလားပါပဲ ။
ချန်ရှန်လည်း တန်းစီနေတာကြာပါပြီ ။ ယခုတော့ လက်ခံစားပွဲရှေ့ ရောက်ခဲ့ပြီး ငယ်ရွယ်ပုံ ရတယ့် လူ ၂၀ လောက်ဟာ ထိုင်နေကြတာဖြစ်ပြီး တစ်ဦးမှာ သူ၏ ဘောပင်ကို ကိုင်လျက် ပျင်းရိသည့် ပုံစံဖြင့် မေးပါတယ် ။
“နာမည်”
“ချန်ရှန်”
လူငယ်ဟာ ပင်ပန်းနွယ်နယ်ပုံပေါ်နေပေမယ့် ထိုစကား ၂ လုံးကို ကြားတယ့်အခါ မျက်လုံး များပြူးကျယ်သွားလျက် ချန်ရှန်အား သေချာ ကြည့်ပါတယ် ။ ကျန်လူများဟာလည်း ချန်ရှန် အားကြည့်နေကြပြီး ဒီကျော်ကြားတယ့်လူဟာ ဒီမှာရောက်နေပါလားဆိုပြီး အံ့အားသင့် နေ ကြပါတယ် ။ မှော်ကျောက်ဖရုံဆေးကို လုပ်နိုင်ရုံမက သူ၏သိုင်းပညာစွမ်းမှာ အဆင့် ၇ ကိုတောင် ယှဉ်နိုင်နေသေးတာပါ ။ ယောင်လူကြီးမင်းကို ဒဏ်ရာရစေတယ့် ၊ အုပ်ချုပ်ရေးမှူး သားကို ရိုက်ခဲ့တယ် နောက်ပြီး လူအများက တမြို့ လုံးမှာ အလှဆုံးလို့ လက်ခံထားတယ့် ဒန်ရှန်သခင်ရဲ့ သဘောကျမှု ကိုလည်း ရရှိတယ် ။ ဒါတွေဟာ သတိပြုမိစေတယ့် အချက်တွေ ပါပဲ ။
ချန်ရှန်ဟာ ယောင်တျန်းဟွာကို ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပါရမီရှင်တစ်ဦးပါပဲ ။ တစ်မြို့ လုံးဟာ သူ့နာမည်ကို ကြားဖူးနေကြပါမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ယောင်မျိုးနွယ်အတွက်သူဟာ ဆူး တစ်ခုပါပဲ ။ ယောင်မျိုးနွယ်ဝင်တိုင်းဟာ သူ့ကို မုန်းကြပါတယ် ။ သူတို့အတွက် ချန်ရှန်ဟာ ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးမင်းတို့အား ဒဏ်ရာရစေခဲ့သောကြောင့် ၎င်းတို့ ပျောက် သွားခြင်းရဲ့ အဓိကအကြောင်းအရင်းအဖြစ် သတ်မှတ်ကြတာပါ ။ ယောင်လူကြီးမင်းသာ ဒဏ်ရာမရနေပါက ၎င်းတို့ကို ဘယ်လိုမှ ထိခိုက်အောင် လုပ်နိုင်ကြမည်မဟုတ်ဟု ယုံကြည် ထားကြတာပါ ။
“ဟိုကိုသွား စွမ်းအား စစ်ဆေးမှုလုပ် ။ မင်းအောင်မြင်ရင် ပြိုင်ပွဲ ၀င်ခွင့်ရမယ်”
ထိုလူငယ်က တခြားနေရာတစ်ခုကို ညွှန်ပြပါတယ် ။ ဒီကိုမလာခင် စာရင်းသွင်းရင် စမ်းသပ်မှု လုပ်ရတယ်ဆိုတာကို ကြားပြီးသားပါ ။ စစ်ဆေးမှု မအောင်မြင်ရင် ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။ လူငယ်က စာအိတ်တစ်ခုကို ချိတ်ပိတ်လိုက်ပါတယ် ။ ချန်ရှန်လည်း ထိုစာအိတ်ကိုယူကာ တခြားဖက်သို့ ထွက်လာလိုက်ပါတယ် ။
တခြားလူတွေဟာလည်း ချန်ရှန်ရောက်နေတာကို သိကြတယ့်အတွက် ကွက်ကြည့်ကွက် ကြည့် လုပ်နေကြပါတယ် ။ ဆေးပညာရှင်တစ်ယောက်ဖြစ်ရုံသာမက ချန်မျိုးနွယ်စု ခေါင်း ဆောင်ကြီးရဲ့ မြေးဖြစ်သူအတွက် အနာဂတ်ဆိုတာ မှန်းဆမရအောင်ပါပဲ ။ ဒါကြောင့် လူတိုင်းဟာ စိတ်ဝင်စားလို့နေပါတယ် ။
ဒီအချိန်တွေမှာ ချန်ရှန်ဟာ တခြားမျိုးနွယ် ဂျူနီယာများနဲပ စကားလက်ဆုံ ကျမိနေတယ့် အတွက် ပျော်ရွှင်နေပါတယ် ။ တချို့ လူငယ်တွေက ချန်ရှန်ကို အားကျပြီး အားပေးထောက်ခံကြလျက် တချို့ ကတော့ ယောင်မျိုးနွယ် ညိုညင်မှာဆိုးသောကြောင့် ချန်မျိုးနွယ်နဲ့ ဆက်ဆံရမှာ ကြောက်နေကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်များစွာဟာ ချန်ရှန်ဆီသို့ နှုတ်ဆက်လျက်ပါ ။ ချန်မျိုးနွယ်မှာ ဆေးဆိုင်တစ်ဆိုင် ရှိသောကြောင့် ဆေးနဲ့ ပတ်သတ်ပြီး ယောင်မျိုးနွယ် ညိုညင်မှာ မစိုးရိမ်ကြပုံပါပဲ ။
အချိန်များ တရွေ့ ရွေ့ ကုန်လွန်ပြီးနောက် ချန်ရှန် အလှည့်သို့ ရောက်လာပါပြီ ။ လူတစ် ယောက်၏ စွမ်းရည် ကို စမ်းသပ်နည်းက တကယ်ကို ရိုးရှင်းပါတယ် ။ ထူးဆန်းတယ့် ကျောက်တုံးကြီးတစ်ခုကို ရိုက်ရမှာပါ ။ မူလက ကျောက်တုံးရဲ့ အရောင်ဟာ အမည်းရောင်ပါ ၊ ဒါပေမယ့် စမ်းသပ်ခံလူ၏ စွမ်းရည်ဟာ လုံလောက်မှုရှိပါက အရောင်ပြောင်းသွားမှာပဲ ဖြစ် ပါတယ် ။
ချန်ရှန် ကျောက်တုံးကြီးရှေ့ မှာ ရပ်နေပါတယ် ။ သူ့ထက်ပင် ကြီးမားသောကျောက်တုံးကြီးပါ ။ စစ်ဆေးသူက ကြေညာပါတယ် ။
“မင်းဒီကျောက်တုံးကို အဝါရောင်ပြောင်းလဲနိုင်ရင် ဒီစစ်ဆေးမှု အောင်မြင်မယ်”
သက်ရောက်သောအားအပေါ် မူတည်ပြီး ကျောက်တုံးကြီးဟာ အမည်းရောင်မှ အနီ ၊ လိမ္မော်၊ အဝါ ၊ အစိမ်း ၊ မိုးပြာ ၊ အပြာ ၊ သို့မဟုတ် ခရမ်းရောင်ကို ပြောင်းလဲတာပါ ။ ခရမ်းကတော့ အားအပြင်းဆုံးလို့ သတ်မှတ်ထားပါတယ် ။
ချန်ရှန် တန်းစီစဉ်ကတည်းက များစွာသောလူများဟာ အနီ တခါတရံ လိမ္မော် အဖြစ်သာ ပြောင်းလဲနိုင်ကြတာကို မြင်တွေ့ ခဲ့ရပါတယ် ။ မည်သူမျှ အဝါရောင်အဖြစ် မပြောင်းနိုင်သေးပေ ။
“သရဖူ မင်းသားတုန်းက အပြာရောင်ပြောင်းတာ ငါမြင်ဘူးတယ် ၊ တော်တော်ကို အားကြီးတာဟေ့”
“ငါလည်း ယောင်မျိုးနွယ် ဂျူနီယာတစ်ယောက်က အပြာရောင်ပြောင်းအောင် လုပ်တာ မြင်ဖူးတယ် ။ စွမ်းပကွာ”
“ဒီလောက်ပဲလားကွ ၊ ကြီးမြတ်တဲ့ စစ်သူကြီး လန် ရဲ့ သမီးဆို ခရမ်းရောင်တောင် ပြောင်း သေးတယ်ကွ ဟဟ”
“ . . . . . . . .”
ချန်ရှန် တစ်ယောက်တစ်ပေါက်ဖြင့် စွမ်းအားကြီးသူတို့ ယှဉ်ပြိုင်ခဲ့ပုံများအကြောင်း ပြောနေတာ ကြားလိုက်ရပါတယ် ။ ဒီအချိန်မှာ လူတိုင်းဟာ သူ့ကို စူးစိုက်နေကြမှာပါ ။ လူတိုင်းဟာ သူတို့ ကြားဖူးတဲ့ ချန်ရှန်အစွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို သိချင်နေကြ ပါတယ် ။ ကောလဟာလ များစွာလည်း ပြန့်လျက်ပါပဲ ။ ဒီထဲက လူအများစုဟာ ချန်ရှန်စွမ်းအားကို သိသူ တစ်ယောက်မျှ မရှိပါချေ ။
ချန်ရှန် သူ၏ လက်သီးကို ပွတ်လျက် ကျောက်တုံးဆီ ရွယ်ပါတယ် ။ ချန်မျိုးနွယ်မှာလည်း ဒီလိုကျောက်တုံးမျိုှးရှိပါတယ် ။ ဒီထက်တော့ အနည်းငယ်သေးပြီး စွမ်းရည် စမ်းသပ်မှု ကိုတော့ ကောင်းကောင်းလုပ်လို့ရပါတယ် ။ ဒါကို ထိုးရိုက်ရတာ တကယ်နာပါတယ် ။ ချန်ရှန် အိမ်မှာတုန်းက ဒါကို ခဏခဏ စမ်းသပ်ဖူးပါတယ် ။ အဲတုန်းကတော့ သူအားကုန်ထိုးတာတောင် အနီရောင်ဖျော့ဖျော့ အဖြစ်ပဲ ပြောင်းခဲ့တာပါ ။ တော်တော် အားနည်းခဲ့တယ့် ချန်ရှန်ပါ ။
ဘယ်လိုပဲဖြစ်ဖြစ် ရာသီတွေပြောင်းလဲမှုနဲ့ အတူ ချန်ရှန်လဲ ယခုတော့ အဆင့် ၆ မှာ ရပ်တည် နေပါပြီ ။ ဒါကြောင့် သူ့ကိုယ်သူလည်း စမ်းသပ်ချင်နေတာပါ ။
ပြင်ဆင်မှုတချို့ ပြုလုပ်ပြီးနောက် ၊ ချန်ရှန် အသက်နည်းနည်း ရှူသွင်းပြီး အနီရင့်ငှက် နဲ့ မိုးပြာ နဂါးတို့၏ ချီဓာတ်များကို သူ၏ စွမ်းအင်သိုလှောင်ရာမှာ ခွဲခြမ်စိတ်ပြာပြီး ၎င်းတို့အား ပေါင်း စပ်စေလိုက်ပါတယ် ။ ဒီလိုပေါင်းစပ်ပြီး ချီဓာတ်များ သူ၏ လက်မောင်းကို ပို့လိုက်တယ် ။ သူ၏ အင်္ကျီလက်များ ပြာအဖြစ် ပြောင်းသွားကာ လက်မောင်းမှ အပြာရောင်သွေးကြောများ ထွက်လာပါတော့တယ် ။
ဒီအချိန်မှာ စမ်းသပ်မှု လုပ်ရာနေရာရှိ လူများဟာ တိတ်ဆိတ်နေကြလျက် ချန်ရှန် အနီးမှာ ရှိတယ့် လူများတောင် ချီဓာတ်များကို ခံစားမိနေစေပါတယ် ။ ဒီလိုရုတ်တရက် လုပ်ဆောင်မှု များကြောင့် လူတိုင်းဟာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလျက်ပါ ။ အားလုံးဟာ ချန်ရှန်ဆီမှ ထွက်လာသော ချီဓာတ်များကို ကြောက်လန့်နေကြပါတယ် ။
အားအင်များစွာကို လက်သီးတွင်စုလျက်ပြင်းစွာသောအဟုတ်ဖြင့် မိုးကြိုး ပစ်ချ လိုက်သလို ထိုးလိုက်ပါတော့တယ် ။ သူ၏လက်သီးမှာ ကျောက်တုံးကြီးကို ထိသွားပါတယ် ။
“ဖုန်းးးးးးးးးးး”
ကျောက်တုံးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေကာအပိုင်းအစများဟာ လွင့်ထွက်သွားကြ ပါတယ် ။ ချီဓာတ်များလည်း ကျောက်တုံးအစများမှာ စွဲကာ စိမ့်ထွက်နေကြပါတော့တယ် . . . ။