Switch Mode

Chapter – 35

ဆေးဖက်ဝင်သတ္ထုသစ်သီး

Chapter – 35 ဆေးဖက်ဝင်သတ္တုသစ်သီး

ဒီအချက်က ချန်ရှန် ဂိုဏ်းထဲဝင်ချင်စိတ်အား ပိုပြီး တွန်းအားပေးနေသလိုပါပင် ။ သို့သော် သိုင်းပညာ အဆင့် ၈ နဲ့ ၉ တို့တောင် အပြင်ဂိုဏ်းပဲ ဖြစ်နေပါသေးတယ် ။ ဒီအချက်က ဂိုဏ်း ထဲဝင်ရန် ဘယ်လောက် ခက်ခဲစေတယ်ဆိုတာကို ပေါ်လွင်စေနေပါတော့တယ် ။
“သိုင်းပညာအစစ်အမှန်ဂိုဏ်းက တကယ်ကိုဆိုးဆိုးဝါးဝါး အခြေအနေပဲ ။ ကျွန်တော် တပည့်ရင်း ဖြစ်နိုင်ပမလား”
ချန်ရှန် ညည်းလျက် ပြောလိုက်ပါတယ် ။
“ဒါပေါ့ ။ မင်းမှာ ယင် နဲ့ ယန် နတ်အတွင်းအားတွေ ရှိတယ် ။ ဒါတင်မက ငါတို့ညီအမ ၂ ယောက် ကလည်း မင်းကို အနီးကပ် သေချာသင်ပေးရုံမက မင်းကိုယ်တိုင်ကလည်း ကြိုးစားတယ် ။ နောင်အနာဂတ်မှာ မင်းဟာ စွမ်းအားတွေ ပြည့်စုံစွာနဲ့ နယ်ပယ်ကြီးတစ်ခုလုံး ကိုတောင် အုပ်ချုပ်နိုင်ဦးမယ်”
ဘိုင်ယုယု လေးလေးနက်နက်ဖြင့် ပြောလိ်ုက်တာပါ ။ သူမ ချန်ရှန်ကို တော်တော် ယုံကြည်ချက် ရှိနေပုံပါပဲ ။ ချန်ရှန် ဟွာယုယန် ပြန်မလာခင် ခဏ စောင့်လိုက်ရတယ် ။ ဒီတစ်ကြိမ်မှာတော့ သူမဟာ ခရမ်းရောင် ၀တ်ရုံ နဲ့ စကပ်ကို တွဲဖက် ၀တ်ဆင်ထားပါတယ် ။ ခုနကလို မဟုတ်တော့ပါဘူး ။ အိနြေ္ဒရရဖြစ်လျက် ချန်ရှန်ကိုတောင် စိတ်ပျက်စေမယ့် ပုံပါ ။
“ဒီမှာ ရှင်လိုနေတယ့် ငွေစနဲ့ ဆေးပင်တွေပဲ”
ဟွာယုယန် ငွေစများနှင့် ဆေးပင်အချို့ ကို စာရွက်ဖြင့်ထုတ်လျက် စားပွဲပေါ်တင်လိုက်ပါ တယ် ။ ချန်ရှန် ဘာကိုမှ စစ်ဆေးခြင်းမရှိပဲ ပစ္စည်းများကို သူ၏ အိတ်အတွင်း ထည့်လိုက်ပါ တယ် ။ ဒါဟာ ဟွာယုယန်ကို ယုံကြည်ခြင်းကို ပြလိုက်တာဖြစ်ပြီး သူမကို ကျေနပ်စေလိုက် ပါတယ် ။
“ဘုရင့်မြို့ တော်ရဲ့ သိုင်းပြိုင်ပွဲမှာ ပြိုင်ဖို့ ရှင်စာရင်းသွားသွင်းပြီးပြီလား ၊ ဒီတောင်ပိုင်း သိုင်းလောကက စစ်မှန်သောသိုင်းဂိုဏ်းရဲ့ တရားစီရင်ပိုင်ခွင့် အောက်မှာ ရှိနေတာလေ”
ဟွာယုယန် မေးလိုက်ခြင်းဖြစ်ပါတယ် ။ သူ ချန်ရှန်အပေါ် စိတ်ဝင်စားနေပုံပါပဲ ။ ခဏမျှ စဉ်းစားပြီးနောက် ချန်ရှန် ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် ပြိုင်မှာပါ ။ ဒါပေမယ့် ဂိုဏ်းကို သွားလိမ့်မှာမဟုတ်ဘူး ။ စစ်မှန်တဲ့ ဆေးလုပ်ဖို့ အတွက် ပြိုင်မှာ”
ချန်ရှန် ထွက်သွားတာကိုကြည့်ပြီး ဟွာယုယန် ခေါင်းခါကာ သက်ပြင်းအနည်းငယ် ချလိုက်ပါ တယ် ။ စိတ်မသာမယာ ဖြစ်မှုများ သူမ၏ လှပသော မျက်လုံးများမှာ ပေါ်လျက်ပါ ။ ခုနကပဲ အတွေ့ အကြုံ နုနယ်သေးတယ့် ကောင်လေးတစ်ယောက်ကို သူမ၏စကားလုံးတချို့ နဲ့ အချိုသတ်ခဲ့တယ် ။ ခုတော့ သူမအများကြီးပြောခဲ့ပေမယ့် သူမပြောနေတုန်းပဲ သူမသာ သွေးဆောင်ခြင်းခံလိုက်ရတယ် ။ နောက်ဆုံးတော့ သူမချန်ရှန်ကို အယုံမသွင်းနိုင်ခဲ့ပါဘူး ။
ချန်ရှန် နှစ်တစ်ထောင် သွေးဝိဉာဉ်တော်မြက်အား ငွေစကြီး ၄၀၀၀၀၀ ဖြင့် ရောင်းခဲ့ပြီး ၁၀၀၀၀၀ ငွေစသုံးပြီး ရှားပါး ဆေးပင်အမြောက်အများဝယ်ခဲ့တာပါ ။ ဒီအထဲမှ တန်ဖိုးအကြီး မားဆုံးတစ်ခုကတော့ ဆေးဖက်ဝင်သတ္တုသစ်သီးစေ့ ပဲ ဖြစ်ပါတယ် ။
ဆေးဖက်ဝင်သတ္တုသစ်သီးဟာ အဆင့်မြင့် ဆေးဖက်ဝင် အသီး အမျိုးအစားဖြစ်ပါတယ် ။ အကြောတစ်ထောင် သစ်သီးလောက်ကို တန်ဖိုးရှိပါပေတယ် ။ နှစ်တစ်ထောင်မှသာ တစ်လုံး သီးတာပါ ။ အခွံလည်း ပါရှိပါတယ် ။ ၎င်းကလည်း တော်တော်အသုံးဝင်တာပါ ။ အထူးသဖြင့် အဆင့်မြင့် ဆေးတွေပြုလုပ်ရာမှာ အသုံးဝင်ခြင်းပါပဲ ။ ဆေးပြုလုပ်နေတယ့် အချိန် ၎င်းကို သုံးရင် ဆေးရဲ့ အရည်အသွေးဟာ သိသိသာသာ ကောင်းမွန်စေတာပါပဲ ။ ဆေးများနောက်ဆုံးအဆင့် အခဲပြုလုပ်ခြင်းမှာလည်း လွယ်ကူစေပါတယ် ။
ချန်ရှန်ဟာ ဆေးဖက်ဝင်သတ္တုသစ်သီးအစေ့ကိုဝယ်ယူခဲ့ပြီး ဆေးဖက်ဝင်သတ္တုပင် စိုက်ဖို့ပါ ။ အစေ့ကလည်း ဆေးပညာမှာ အသုံးဝင်ပါသေးတယ် ဒါပေမယ့် ၎င်းမှ သစ်ပင်စိုက်ဖို့ မည်သူ မျှ စဉ်းစားကြမည်မဟုတ်ပေ ။ အဘယ်ကြောင့်ဆိုသော် ပေါက်ရောက်ဖို့ တော်တော်ကြီးကို ကြာမှာမို့လို့ပါပဲ ။ တစုံတယောက်က စိုက်ပျိုးမည်ဆိုပါက ဒီအပင်မှ အသီးသီးဖို့ နှစ်တစ်ထောင် စောင့်ရမှာပဲ ဖြစ်ပါတယ် ။
သို့သော်လည်း ချန်ရှန်အတွက်တော့ ဒီလိုမဟုတ်ပေ ။ ဒီရက်တွေမှာ သူဟာ နဂါးတံတွေး အများအပြား ထုတ်လုပ်ထားပါတယ် ။ ဒီနဂါးတံတွေးဖြင့် အဆက်မပြတ် အစေ့အား တိ်ုက် ကျွေးပါလေတယ် ။ သူဟာ ဒီ အသီးကို လျင်လျင်မြန်မြန်ပဲ ပြုလုပ်နိုင်ပါလိ့မ်မယ် ။
ချန်ရှန်ဟာ ခြံဝင်းလေးထဲမှာ ဖြစ်ပါတယ် ။ သူဟာ ကျောက်စိမ်းပုလင်းလေးထဲမှ နဂါးတံတွေး ကို မထုတ်ခင်မှာ အစေ့ကို စိုက်လိုက်တယ် ။ အခုတော့ သူ အစေ့ကို ပြုစုပျိုးထောင်ရန် လိုအပ်ပါပြီ ။ ဒါကြောင့် နဂါးတံတွေးကို ရေမရောပဲ မြေပေါ်က အစေ့ပေါ် လောင်းချလိုက်ပါတော့တယ် ။
သူအစက်ချ လောင်းပြီးချိန်မှာ များစွာသော ချီဓာတ်များ ထွက်လာကာ မြေကြီးထဲ စိမ့်ဝင် သွားပါတယ် ။ ချက်ချင်းပဲ အတက်လေးတစ်ခု ထွက်ပေါ်လာပါတော့တယ် ။ ဒါကိုကြည့်ခြင်းဖြင့် ဒါဟာ တော်တော် အလုပ်ဖြစ်ပုံပါပဲ ။ ချန်ရှန် နဂါးတံတွေးကို ဆက်လောင်း နေပါတော့တယ်။
တစ်စက်စီတိုင်းမှာ ချီဓာတ်များ ဖြာထွက်လျက် မြေကြီးထဲရှိ မျိုးစေ့ထဲသို့ စိမ့်ဝင်သွားလျက်ပါ။ နဂါးတံတွေးမှာကို များစွာသော အသက်ဓာတ်များ ပါဝင်ပါတယ် ။ ယခုတွင်တော့ အပင်ငယ်လေးအား များစွာသော ချီဓာတ်များ ကို အပင်လေး ရှင်သန်ကြီးထွားလာစေရန် ပေးလျက်ရှိပါတယ် ။
ယခုတော့ ချန်ရှန် နားလည်သွားပါပြီ ။ စုမေးယို နဂါးတံတွေး ကျင့်စဉ်ကောင်းကျိုးကို ထုတ်ဖော်မပြောပဲ လေ့ကျင့်ဖို့ပဲ ထပ်ခါတလဲလဲ တိ်ုက်တွန်းခဲ့တယ် ဆိုတာကိုပါ ။ ဒါတင်မက နတ်အတွင်းအားကျင့်စဉ်ရဲ့ စွမ်းအားကိုလည်း နက်ရှိုင်းစွာ ခံစားတတ်ခဲ့ပါပြီ ။ သူ့ရင်တွေ တဒိတ်ဒိတ် ခုန်လျက်ပါ ။ အချိန်နည်းနည်းပေးပြီး နှစ်တစ်ထောင် ဆေးပင်ကို စိုက်နေရတာ လေပေါ် လမ်းလျှောက်ရသကဲ့သို့ပါပဲ ။
နဂါးတံတွေး တစ်ပုလင်းလုံးလောင်းပြီးချိန်မှာတော့ ဆေးဖက်ဝင်သတ္တုသစ်သီးစေ့ဟာ လူအရွယ်အစား အပင်ငယ်အဖြစ်သို့ ကြီးထွားလာခဲ့ပါပြီ ။ ဒါဟာ တကယ်ကို နေ့တ၀က်ထဲ ကြာတာပါ ။
“အ ၊ အသီးတော့ မသီးသေးဘူးပဲ”
ချန်ရှန် စိတ်အလိုမကျဟန်ဖြင့် ညည်းညူလိုက်ပါတယ် ။
“ဟဟ ၊ မင်း ရောင့်ရဲသင့်တယ် ။ ပုံမှန်အခြေအနေမှာဆို ဒီအခြေအနေရောက်ဖို့ နှစ် ၅၀၀ လောက်ကြာမှာ ။ မင်းကတော့ အနည်းဆုံးတစ်လလောက်ပဲ နဂါးတံတွေးကို စုပြီး လောင်း ချလိုက်ရုံပဲ”
အသီး တစ်လုံးသီးတာနဲ့ ချန်ရှန်ဟာ များစွာသောအသီးများကို စိုက်နိုင်တော့မှာပါ ။ ဒီအချိန်မှာ သူလည်း “ဆေးဖက်ဝင်သတ္တုသစ်သီးကို ဆုအဖြစ် ဆေးပညာရှင်စုဆောင်းခြင်း” ဂုဏ်ပုဒ် ကိုရရှိမှာပါပဲ ။ ဒီလိုလွယ်ကူတဲ့နည်းလမ်းနဲ့ ဆေးပညာရှင်တွေကြားမှာ လွယ်လွယ် ဦးဆောင်နိုင်တော့မှာပါ ။
“ကောင်လေး ၊ မင်းအခု အခြေခံတည်ဆောက်ခြင်းဆေး လုပ်ဖို့အတွက် ဆေးပင်အချို့ စစုသင့်ပြီ ။ မင်းမှာ ယင်ယန် နတ်အတွင်းအားရှိပြီး နတ်အတွင်းအားကျင့်စဉ်တွေလည်း လေ့ကျင့်နိုင်တယ် ။ ဒါကြောင့် သိုင်းပညာအတွက်တော့ ဒါကပြသာနာမရှိဘူး ၊ ဒါပေမယ့် မင်းပိုပြီး မြန်မြန်နဲ့ တည်တည်ငြိမ်ငြိမ်စွမ်းအင်ကို လိုချင်ရင် ဒီဆေး လုပ်ကိုလုပ်ရမယ်”
ဘိုင်ယုယ ပြောလိုက်ပါတယ် ။
အခြေခံတည်ဆောက်ခြင်းဆေး ဆိုတာ အဆင့်န်ိမ့် ဆေးပါပဲ ။ အဓိကအားဖြင့် အခြေခံစွမ်းအင်ကို တည်ငြိမ်ဖို့ နဲ့ ကိုယ်စွမ်းအား တိုးမြင့်စေရန် သုံးပါတယ် ။ ချီဓာတ်သန့်စင် မှုကိုလည်း တိုးတက်လာစေပြီး သိုင်းပညာအဆင့်မတိုးခင် သုံးစွဲပါက ပိုမိုလွယ်ကူစေပါတယ် ။
ချန်ရှန် သူ၏ နှုတ်ခမ်းများကို ကွေးလျက် ပြောပါတယ် ။
“ကျွန်တောက အလယ်လတ်စားဆေးတွေ ပဲလုပ်နိုင်တယ် ဒါပေမယ့် တကယ်အရည်သွေးကောင်းတွေနော် ။ ကျွန်တော် သိုင်းပညာ ထိပ်ရောက်ရင်တောင်မှ ဒါကို လုပ်ဖို့ ကြောက်ရွံ့ မိမှာ အမှန်ပဲ”
“ဉာဏ်နည်းနဲ့ ကောင်လေးပဲ ၊ မင်းက ခု အဆင့်မြင့် ဆေးကိုတောင်လုပ်နေတာလေ ၊ ဒီ အခြေခံ တည်ဆောက်ခြင်းဆေး ကို လုပ်နိုင်တာပေ့ါ ၊ ဒါပေမယ့် ဒီဆေးလုပ်မယ့် ဆေးပင်တွေက အရမ်းကို ရှားပါးတယ် ။ဒါပေမယ့် ဒီဆေးလုပ်တာကတော့ လွယ်ပါတယ် ကွာ ၊ ဟဟ”
ဘိုင်ယုယု က အေးစက်စက်ဖြင့် ပြောတယ် ။ ချန်ှန်ဟာ အခု အကြောတစ်ထောင်အသီး နဲ့ နှစ်တစ်ထောင်သားရဲ ဆေးတို့လည်း ရှိနေတယ် ။ ဒီလို ရှားပါးတယ့် ဆေးပင်သုံးမျိုးနဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးကို လုပ်ဖို့ ဖြစ်နိုင်ပါတယ် ။ နဂါးတံတွေးကျင့်စဉ်ကို လေ့ကျင့် ခဲ့လို့ပဲ ဖြစ်ပါတယ် ။ သူမှာသာ မျိုးစေ့ရှိရင်ဆေးပင်တွေကို လျင်မြန်စွာ ပြုလုပ် နိုင်မှာပါ ။ ဒါဆို ဒီဆေးတွေ များစွာလုပ်နိုင်မယ် ။ အစေ့တွေဝယ်ခြင်းက ပြသနာမဟုတ်ပါဘူး ။ ဒီဆေးကို ပြန်ရောင်းရင်ကို ငွေများစွာ ရနိုင်မှာမို့လို့ပါပဲ ။
ဒီအချက်ကို စဉ်းစားပြီး ချန်ရှန် စိတ်လှုပ်ရှားလာပါတယ် ။ ဒါကြောင့် ခုလက်ရှိ သူ့စွမ်းအားကို မြင့်ဖို့ လေ့ကျင့်ရမယ် ။ ညရောက်သောအခါ ချန်ရှန် ရုပ်ဖျက်လျက် ဘုရင့်မြို့ တော်မှ ထွက်လာပါတယ် ။ သူဟာ တောအုပ်ထဲကို ချီဓာတ်များအသုံးပြုပြီး သွားနေ ပါတယ် ။
ချန်ရှန် မျက်စိများ မှိတ်လိုက်ပါတယ် ။ သူ၏ ယင်ယန်နတ်အတွင်းအားများကို အသုံးပြုပြီး အာရုံခံလျက် ဝိဉာဉ်ချီဓာတ်များစွာကို သူ၏ ကိုယ်မှ ထုတ်လိုက်ပါတယ် ။ ထို့နောက် ချီဒြပ်စင် ၅ ခုကို ဖြည့်တင်းပြီး သူ၏ စွမ်းအင်သိုလှောင်ရာမှာ ၅ နေရာခွဲပြီး နေရာချထား လိုက်ပါတယ် ။
အရုဏ်မတက်ခင်တွင် ချန်ရှန် နိုးထလာတယ် ။ ချီဓာတ်များ ပေါများရာနေရာတွင် ကျင့်စဉ်များကျင့်လျက် ချီဓာတ်များကို စုဆောင်းနေပါတယ် ။ ဒါဟာ သူ့ကို နဂါးတံတွေး လုပ်ရာတွင် များစွာ အကူအညီပေးပါတယ် ။ ဒါဟာ သူ ဒီကို ထွက်လာရခြင်း အကြောင်း ပါပဲ။
ချန်ရှန်ဟာ ခွန်အားပြည့်ဝသော နဂါးကြီး နဲ့ ကြောက်မက်ဖွယ် စွမ်းအားကြီးမားသော ကျားကြီး လိုပါပဲ ။ ရုတ်တရက် တောအုပ်အလယ်တွင် ချန်ရှန် လက်သီးထိုးလိုက်ပါတယ် ။ အစိမ်းရောင် နဲ့ အနီရောင် အလင်းတန်းတွေ ဖြတ်သန်းလျက် တောက်ပသွားကြပါတယ် ။ ကျားခေါင်းများ အသွင် ပြောင်းလဲကာ လေဟာနယ်ထဲသို့ ပြန့်လွင့်လျက် ဟိန်းဟောက်သံများလည်း ထွက်လာကြပါတယ် ။ သူ၏ လက်သီးတစ်ချက်စီတိုင်းဟာ ကြောက်မက်ဖွယ်လေများ တိုက်စေလျက် မြေကြီးမှာလည်း ပင်လယ်လှိုင်းများလို တွန့်လိမ် လျက် ရှိပါတယ် ။ သစ်ပင်များကိုထိုးလိုက်သောအခါ အသံများစွာလည်းမြည်ဟည်းကာ လူနှစ်ယောက်စာပတ်လို့ရသော သစ်ပင်ကြီးမှာ အစိတ်စိတ်အမွှာမွှာကို ဖြစ်သွားပါတော့ တယ် ။
ဒါဟာ အဆင့်မြင့် သိုင်းပညာတစ်ခုဖြစ်တယ့် ကောင်းကင်ကျားမုန်တိုင်းဖြို လက်သီး ပဲ ဖြစ်ပါတယ် ။ ချန်ှရှန်မှာ နတ်အတွင်းအား သင်္ကေတ ၄ ခုရှိတယ် ဒါပေမယ့် သူဟာ ယခု သိုင်းပညာရိုးရီုးကိုသာ လေ့လာပြီးတာဖြစ်ပြီး စွမ်းအားအဆင့်မှာ ကောင်းမွန်သော်လည်း မလုံလောက်သေးပါ ။
ချန်ရှန်ဟာ တိုက်ပွဲမှာ အမျိုးမျိုးသော စွမ်းအင်များဖြင့် တိုက်ခိုက်နိုင်ပါတယ် ။ များစွာသော အားကောင်းလှသည့် ချီဓာတ်များကို ထုတ်လွှတ်တိုက်ခိုက်နိုင်ရုံသာမက ပုံစံများ ပြောင်းကာ လည်း တိုက်ခိုက်နိုင်ပါသေးတယ် ။ ဒီလိုပုံစံများပြောင်းတယ့်အခါ သူ့ကိုသူ ပိုပြီး ယုံကြည်မှု တွေ ရှိလာသလိုပါပဲ ။
များစွာသော သစ်ပင်များ ကျိုးကြေလျက် မြေပေါ်မှာ တစ်စစီပါ ။ တစ်ပင်စီရဲ့ အစိတ်များဟာ တစ်စီပြန့်ကျဲလျက်ပါပဲ ။ ချန်ရှန် သက်ပြင်းချပြီး တွေးမိပါတယ် ။ သူဟာ ယခု သိုင်းပညာ အဆင့် ၆ နဲ့ ဒီလိုတွေ လုပ်နိုင်တယ် ။ သာမန်လူဆိုတာ သူ့ အတွက် ပုရွတ်ဆိတ်လေး တွေ လိုပါပဲ ။ အဆင့်တူသူ ဆိုလျှင်တောင် ၎င်းတို့ အတွက် သူ၏ ပြင်းထန်လှတယ့် ကောင်းကင် ကျားမုန်တိုင်းဖြိုလက်သီးဒဏ်ကို ခုခံနိုင်ဖို့ တော်တော် ခက်ခဲမှာပါ ။
“ငါသာ တကယ့် သိုင်းပညာအစစ်နယ်ပယ်ထဲဝင်ရင် ဘယ်လောက်တောင် စွမ်းလိုက်မလဲ”
ချန်ရှန် ဒီအကြောင်း စဉ်းစားပြီးနောက်မှာတော့ ကြီးစွာသော စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်လာ ပါတယ် ။ ဒီထက်မက စွမ်းအားများ ပိုပိုပြီးကြီးလာချင်တယ့် ဆန္ဒဟာ အရမ်းကို ပြင်းပြင်းပြပြ ဖြစ်ပေါ်နေပါတယ် ။ သူ၏စိတ်ဓာတ်မှာလည်း ခိုင်မာ ပြတ်သားလျက် ရှိနေပါ တော့တယ် ။

Comment

Leave a Reply

Options

not work with dark mode
Reset