Chapter – 34 မာယာ
ဟွာယုယန် လက်ဖက်ရည်ကို စုပ်မသောက်ခင် နှုတ်ခမ်းနီနီများအား စူလိုက်ပါတယ် ။ ငေးမော ဆွံ့အသွားစေလျက် ချိုသာသော အပြုံးလေး သူမ၏မျက်နာမှာ ပေါ်သွားတယ် ။ ထို့နောက်ချန်ရှန်အား ပြောပါတယ် ။
“ကဲ လက်ဖက်ရည်သောက်ရင်း စီးပွားရေးအကြောင်း ပြောကြတာပေါ့”
ချန်ရှန် နှာခေါင်းကို ကိုင်ရင်း နည်းနည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားပါတယ် ။ ခုနကပဲ တစ်စုံတစ်ယောက်နဲ့ ချထားတယ် ၊ ထို့နောက် ကမန်းကတန်း ဆေးလုပ်ခဲ့ရသေးတယ် ။ ဒါကြောင့် အနည်းနဲ့အများ ချွေးတွေထွက်လျက် အ၀တ်အစားမှာလဲ ဖြစ်ကတတ်ဆန်း ဖြစ် လို့နေပါတယ် ။ သူလည်း ပြုံးပြီး ပြောလိုက်ပါတယ် ။
“သခင်မဟွာ ၊ အပြင်ပန်း အလှတွေထက်ကို သခင်မက ပိုလှပါပေတယ် ။ ကျွန်တော် နားမလည်တာက ဒန်ရှန် သခင်မက ဘာလို့ ကျွန်တော့အပေါ် အရမ်းနွေးထွေးနေလဲ ဆိုတာပါပဲ ။ ဒါခံစားချက်က ကျွန်တော့်ကို တော်တော် နေရခက်စေတယ် ဟဟ”
စကားပြောပြီးနောက် ချန်ရှန်ဟာ စိတ်ထဲမှ တော်တော် ညှို့ ဓာတ်ပါတယ့် မိန်းကလေးပဲလို့ သတ်မှတ်လိုက်ပါတယ် ။ မျက်နာမှာတော့ တည်ငြိမ်နေပုံပေါ်သော်လည်း တကယ်တော့ သူရင်တွေ တဒိန်းဒိန်း ခုန်နေတာပါ ။ သူ ဘိုင်ယုယုနဲ့စုမေးယိုတို့ရဲ့ ကျောက်စိမ်းနဲ့တူတယ့် ခန္ဓာကိုယ်ကိုလည်းကောင်း ၊ နတ်သမီးလို လှပ နူးညံ့တယ့် ရွှီရှန်းရှန်း ကို လည်းကောင်း ၊ ဒါတင်မကသေး ကျက်သရေရှိ လှပတင့်တယ်လှတယ့် နတ်လက်နက်ကောင်းကင်ဘုံ ဧကရီ အားလည်းကောင်း မြင်တွေ့ ခဲ့ပြီး ဖြစ်ပါတယ် ။ သူ့ရှေ့ မှာ ရှိနေတယ့် မိန်းကလေးဟာ လီလီပန်းများ နှင်းဆီပန်းများလို ပဲဆိုတာကတော့ ၀န်ခံရပါပေမည် ။ သူမ၏ အလှဟာလည်း သူမြင်ဘူးခဲ့တယ့် အလှများစွာ နဲ့ ကောင်းကောင်း ကို နှိုင်းယှဉ်လို့ ရနေပါတယ် ။
“သခင်လေး မှာ ပါရမီထူးလှတယ့် ရွှီရှန်းရှန်း ရှိပြီးသားလေ ။ ဒီမိန်းကလေးကို ဘယ်လိုများ ရွေးချယ်လိုက်တာလဲ”
ဟွာယုယန် သူမကိုယ်သူမ နှိမ့်ချချင်ယောင်ဆောင်လိုက်ပေမယ့် သူမ မျက်နာမှာတော့ မနာလိုမှု တချို့ တွေ့နိုင်ပါတယ် ။ ချန်ရှန် ဒီမိန်းမလှကို အကြာကြီးမကြည့်တော့ပဲ လက်ဖက်ရည်သောက်လိုက်ကာ ပြောပါတယ် ။
“သခင်မဟွာ ၊ လိုရင်းကို ပြောကြတာပေါ့ ။ ကျွန်တော် နှစ်တစ်ထောင် သွေးဝိဉာဉ်တော် မြက်ကို ရောင်းချင်လို့ပါ ။ ဒန်ရှန်သခင်အနေနဲ့ ကျွန်တော့ကို ကျေနပ်လောက်တယ့်ဈေး ပေးနိုင်မယ်လို့ ထင်လို့လေ”
ဟွာယုယန် ဒါကို ကြားတယ့်အခါမှာ ဆွဲဆောင်မှုရှိတယ့် ပုံစံဖြင့် ဆက်လက် အနှောက် အယှက်မပေးတော့ချေ ။ ထိုင်ချလိုက်ပြီး ချန်ရှန်အား လက်ဖက်ရည်ငှဲ့ပေးကာ ပြောပါတယ်။
“ရှင်က ကျွန်မကို အံ့သြအောင် လုပ်တာပဲ ၊ ဒါက နှစ်တစ်ထောင်မြက် ဖြစ်ပြီး ရှင်လည်းဆေးပညာရှင်တစ်ယောက်ဆိုတော့ ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ ရှင်လည်း သိမှာပါ ။ ရှင် ငွေအမြန်လိုနေတယ်ဆိုလည်း ဒီက ကောင်မလေးက ရှင့်ကို တချို့ တ၀က် အရင် ချေးပေးလို့ရပါတယ်နော်”
ချန်ရှန် တော်တော် အံ့သြသွားပါတယ် ။ သူမရဲ့ နှစ်သက် သဘောကောင်း မှုကို ဘာကြောင့် သူရနေလည်းဆိုတာ မရှင်းမလင်း ဖြစ်နေပါတယ် ။ သူလည်း ဘာမှ မလုပ်ပါပဲ ဒီမိန်းမလှ က သူ့ကို ဒီလိုဆက်ဆံနေတယ် ။ ငွေပါချေးနေလေရဲ့ ။
“ဒီမိန်းမက အကြံအရမ်းကြီးတယ် ။ ငါဂရုစိုက်မှရမယ်”
ချန်ရှန် လုံးဝသဘောပေါက်မိပြီး နောက် သတိထားလိုက်ပါတယ် ။
“ရပါတယ် ။ ကျွန်တော် ဘယ်သူ့ကိုမှ အကြွေးတင်မခံချင်လို့ပါ ။ တကယ်လို့ သခင်မ ဟွာ ဆန္ဒမရှိရင် ကျွန်တော် တခြားသူရှာလိုက်ပါ့မယ်”
ချန်ရှန် မတ်တပ်ထရပ်လိုက်တယ် ။ ဒီမိန်းမလှရဲ့ အလှည့်စားကို ထပ်မခံနိုင်တော့ပါဘူး နောက်ပြီး ဒါဟာ သူ့အတွက်မကောင်းနိုင်ပါ ။ ဟွာယုယန် သက်ပြင်း အနည်းငယ် ချလိုက်တယ် ။ စိတ်ဓာတ်ကျတယ့်ပုံနဲ့ လေသံတီးတိုးဖြင့် ပြောပြန်ပါတယ် ။
“တခြားလူရဲ့ အမြင်မှာတော့ ကျွန်မဟာ ကြီးမြတ်တဲ့ ဒန်ရှန် သခင်ကြီးပေါ့ ။ ဒါပေမယ့် ကျွန်မ ရဲ့ အစစ်အမှန်ပုံစံကတော့ ဘာမှမဟုတ်ပါဘူး ။ ဒါပေမယ့်လည်း ဒန်ရှန်တောင်ယွမ်ရဲ့ မ်ိန်းမ အစေခံပါ ။ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ လှပပြီး ဉာဏ်ကောင်းလို့ပါပဲ ။ ဒီကိုလွှတ်တာ ဒန်ရှန် ဆေးတိုင်းပြည်ကို တာဝန်ယူပေးဖို့ပါပဲ”
ဒီလို လှပတယ့် မိန်းမလှလေးဟာ မိန်းမအစေခံတဲ့လား ။ ချန်ရှန် မယုံကြည်နိုင်ပါ ။
“သခင်လေး ချန် ၊ ရှင်ဟာ အရမ်းရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပါ ။ ဆေးပညာမှာကော သိုင်းစွမ်းရည်မှာပါ တော်လှပါပေတယ် ။ သိုင်းပညာဂိုဏ်းတွေမှာတောင်မှ ရှင့်ကိုလူမျိုး လိုက်ရှာဖို့ ခက်ခဲလွန်းပါတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှင့်ကို ဒန်ရှန်တောင်ယွမ်ထဲ ဆွဲခေါ်ချင်တာ ။ ဒါဆို ကျွန်မလည်း ဒန်ရှန်တောင်ယွမ်က ဆုတော်တွေရမယ် ၊ ရှင်လည်း ဒီဆေးပင်တွေ နည်းပါးလှတယ့် နေရာကနေ ထွက်ခွာသွားနိ်ုင်ပြီလေ”
ဟွာယုယန် သနားစရာကောင်းလောက်အောင် ငြီးတွားလျက် ချန်ရှန်ကို ကြည့်နေပါတော့တယ် ။ သိုင်းပညာဂိုဏ်းဟာ မျိုးဆက်သစ်ကောင်းကို စုဆောင်းလျက်ပါ ။ ဂိုဏ်းတစ်ခုအတွက် ဒါဟာ ကောင်းတယ့် အရာပါ ဒါပေမယ့် ချန်ရှန်အတွက်ကတော့ မသေချာပါဘူး ။
“ကျွန်တော့နာမည်ကို ဒန်ရှန်တောင်ယွမ် မှာ စာရင်းသွင်းရင် သခင်မအတွက် အကျိုးရှိမယ် ပေါ့ ။ သခင်မဟာ အစေခံမိန်းမနဲ့ မတူဘူး ။ အရှင်မကို ခန့်မှန်ရသလောက်တော့ အနည်းဆုံး သိုင်းပညာ အဆင့် ၈ ရှိမယ်ထင်တာပဲ”
ဟွာယုယန် အနည်းငယ် အာရုံပြန်ရပြီးနောက်
“သခင်လေးချန်မှာ မျက်စိအမြင် ကောင်းကောင်းရှိတာပဲ ၊ ရှင့်ကို အမှန်တရား ပြောပြဖို့အတွက် ဒန်ရှန်တောင်ယွမ်ကိုတော့ အရင် ၀င်ကလိမ့်မယ် ။ ဒါဆိုကျွန်မလည်း ဆုတော်တွေရရုံသာမကပဲ ရှင်လည်း တပည့်ရင်းဖြစ်လာလိ့မ်မယ် ။ ဘာကြောင့်လဲဆိုတော့ များစွာသော ပါရမီရှင်တွေဟာ စစ်မှန်တယ့် သိုင်းပညာလောကထဲ မ၀င်နိုင်ဘူး ။ ဒီလိုပါရမီရှင်မျိုးတွေ အများကြီးကို ကျွန်မတွေ့ ဖူးတယ်”
ချန်ရှန် ကလည်း ပြန်ပြောလိုက်ပါတယ် ။
“သခင်မဟာ လူအများရဲ့ အရူးလုပ်ခြင်းခံရတာပဲ”
ဟွာယုယန် သူမ၏ သေးငယ်သော နှုတ်ခမ်းလေးကို စူလျက် –
“ကျွန်မ လိမ်တာမဟုတ်ဘူး ၊ သူတို့ဟာ ဒန်ရှန်တောင်ယွမ်ကို စေတနာ့ဝန်ထမ်းလာလုပ်ဖူး ကြတယ် ။ သူတို့အတွက်လည်း အကျိုးမယုတ်ပါဘူး”
ချန်ရှန် သူ၏ ခေါင်းများကို ခါရမ်းကာ ပြောပါတယ် ။
“ကျွန်တော် ဒန်ရှန်တောင်ယွမ် ကို မ၀င်ချင်ဘူး ။ သိုင်းပညာအစစ်အမှန်ဂိုဏ်း တစ်ခုထဲကိုပဲ ၀င်ချင်တာပါ”
ဟွာယုယန် အထင်သေးဟန်ဖြင့် ပြန်ပြောပါတယ် ။
“သိုင်းပညာအစစ်အမှန်ဂိုဏ်းတဲ့လား ၊ သခင်လေးချန် ဂိုဏ်းကြီး ၈ ဂိုဏ်းထဲမှာ သိုင်းပညာ အစစ်အမှန်ဂိုဏ်းကို ၀င်ဖို့က အခက်ခဲဆုံးပဲ ။ ဒီဂိုဏ်းဟာ ရှင့်ဟာရှင် ဘယ်လိုပဲ ပါရမီပါပါ သူတို့က ဂရုမစိုက်ဘူး ။ သူတို့ရဲ့ စမ်းသပ်ချက်တွေကို အောင်မြင်မှသာ ၀င်ခွင့်ပြုတာ ဖြစ် တယ် ။”
ချန်ရှန် အကြည့်တွေ စူးရှလာတယ် ။ ထို့နောက် ပြောလိုက်ပါတယ် ။
“ဒါဟာ စိန်ခေါ်မှုပဲ”
ဟွာယုယန် နှာခေါင်း ရှုံ့ လျက် ဒေါသသံနဲ့ ပြန်ပြောပါတယ် ။
“အရူးပဲ ၊ ရှင့်ကို ကျွန်မက ဒန်ရှန်တောင်ယွမ်ကို ဦးဆောင်ခေါ်တယ် ။ ရှင်က မ၀င်ချင်ဘူး ။ ဒီမဟုတ်တဲ့ သိုင်းဂိုဏ်းကျ ၀င်ချင်တယ် ။ နောက်ကျမှ ရှင်နောင်တ ရလိမ့်မယ်”
“နောင်တရခြင်းဟာ ကျွန်တော့ရဲ့ ကိစ္စပါ ။ လက်ခံစကားပြောပေးတာ ကျေးဇူးတင်ပါတယ် ဒန်ရှန် သခင်”
ချန်ရှန် သူမကို ပြုံးပြလျက် ပြောလိုက်ပါတယ် ။ ဟွာယုယန် သူမ၏ နှုတ်ခမ်းကို ကိုက်ပြီး ချန်ရှန်ကိုကြည့်ကာ တတွတ်တွတ်ပြောနေပါတယ် ။
“ကျွန်မကို ဒန်ရှန်သခင်လို့ ခေါ်မနေပါနဲ့ ။ ကျွန်မဟာ တကယ်တော့ မိန်းမအစေခံ ပါပဲ ။ ဒီဂုဏ်ပုဒ်ကို မခံယူနိုင်ပါဘူး ။ ရှင် ကျွန်မကို ဘယ်သူဆိုတာ သိကတည်းက မြောက်ပင့်ပီး ခေါ် စရာ မလိုတော့ပါဘူး ။ ယုယန် လို့ပဲခေါ်ပါ ဒီလိုမှမဟုတ်ရင်တော့ ကျွန်မ ရှင်တို့ ချန်မျိုးနွယ် ကို ဘာဆေးမှ ရောင်းမှာ မဟုတ်ဘူးနော် ။”
ခုနကပဲ သူမဟာ စိတ်ကြည်နူးမှုတွေ ကို သူမရဲ့ ချစ်စဖွယ်ကောင်းပုံလေးတွေဖြင့် ပေးစွမ်းပြီး အခုကျတော့ ဒေါသထွက်တယ့် မိန်းကလေးအသွင် ပြောင်းသွားပြန်ပါပြီ ။ ချန်ရှန် ရယ်မော မိပါပြီ ။
“ယုယန် အခု ကျွန်တော်တို့ နှစ်တစ်ထောင် မြက်အကြောင်း ပြောလို့ရမလား”
ဟွာယုယန် လက်ဖက်ရည် ၂ ခွက်ဆင့်မော့သောက်လိုက်ပါတယ် ။ သူမ၏ ဒေါသများကို ဖြေလျော့လိုက်ဟန်ဖြင့် ပြန်ပြောပါတယ် ။
“ချန်ရှန် ၊ ရှင်က တောင်းဆိုတာနော် ကျွန်မက တိုက်တွန်းတာ မဟုတ်ဘူး ။ ရှင်က တကယ့်ကို အရူးပဲ ။ ရှင်က ဆေးပင်ကိုကျ ရောင်းချင်တယ် ။ ကျွန်မရဲ့ ကမ်းလှမ်းမှု ကိုကျ ငြင်းပယ်တယ် ။ ရွှီရှန်းရှန်း – ဒီလိုဖူးဖူးမှုတ်ခံထားရတယ့် ကောင်မလေးက ရှင့်လို အရူးကို ဘယ်လိုများရူးသွပ်ခဲ့ပါလိမ့်”
ဒီလိုပြောပြီးနောက် သူမ၏ လှပသော မျက်နာဟာ ဒေါသတွေ အပြည့်နဲ့ပါပဲ ။
“ရှင် ငွေချက်ချင်း အရေးတကြီးလိုနေရင် ၊ ကျွန်မချေးပေးနိုင်တယ် ။ ကျွန်မဟာ အစေခံ တစ်ဦးဖြစ်သော်လည်း ငွေအများကြီး ရှိပါတယ် ။ ဒန်ရှန်ရဲ့ ငွေတွေကို လှည့်ပတ် ကလားဖန် ထိုးလို့လည်း ရသေးတယ်”
“ဒီမှာ အမျိုးသမီး ၊ ခင်ဗျားက တော်တော် လေရှည်တာပဲ ။ ကျွန်တော် ခင်ဗျားဆီ အကြွေး မတင်ချင်ဘူးဗျ”
ချန်ရှန် သူ၏ နှုတ်ခမ်းများ ကိုက်လျက် ပြန်ပြောလိုက်ပါတယ် ။ ဟွာယုယန် ကလည်းပြန်ပြောလေတယ် ။
“ငွေစကြီး ၄၀၀၀၀၀”
ချန်ရှန် ဒီပမာဏကို ကျေနပ်ပါတယ် ။ ခေါင်းညိမ့်လျက် ပြန်ပြောလိုက်တယ် ။
“နောက်ပြီး ကျွန်တော် ဆေးပင်တချို့ ၀ယ်ချင်သေးတယ်”
ချန်ရှန် စာရင်းတစ်ခုနဲ့ နှစ် ၁၀၀၀ မြက်ကို ထုတ်လိ်ုက်တယ် ။ မြက်ကို ယူုပြီးနောက် ဟွာယုယန် သက်ပြင်းချလိုက်တယ် ။ ထို့နောက်
“ရှင်သာ ဒန်ရှန်တောင်ယွမ်ကို ၀င်ရင် တပည့်ရင်း ဖြစ်လာမယ် ။ ကျွန်မလည်း ရှင့်ရဲ့ အစေခံဖြစ်မှာပဲ ။ ဒီအချိန်မှာ ကျွန်မဟာ ရှင့်အတွက် အမြဲတမ်းအစေခံဖြစ်နေမှာ”
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ် ။ ဒါဟာ တကယ့် မာယာ တစ်ခုပေပဲ ဒါပေမယ့် သူငြင်းလိုက်ပါတယ် ။
“ရှန်းရှန်းလေး မနာလို ဖြစ်လိ့မ်မယ်ဗျ”
ဟွာယုယန် လျာထုတ်လျက် ပြောလိုက်ပါတယ် ။
“ဒီရူုးနေတယ့်လူကို ပြောရတာက သေနေတယ့်လူကို ပြောနေရသလိုပဲ ၊ ခဏစောင့် ကျွန်မ ပြန်လာခဲ့မယ်”
သွယ်လျ လှပလှတယ့် သူမ၏ ခါးလေးကို ကြည့်ရင်း ချန်ရှန် အသက်ပြင်းပြင်း ရှူလိုက်မိတယ် ။ ဒီအချိန် စုမေးယိုက ရယ်မောကာ ပြောပါတယ် ။
“ဒါကတော့ လေးစားစရာ ကောင်မလေးပဲ ။ သူမ သာ မင်းကို တပည့်ရင်းသာ လုပ်ပေးနိုင်ရင် တကယ်တော့ တော်တော် ကောင်းတဲ့ အရာပဲ ၊ ဒီဂိုဏ်းတွေထဲမှာတပည့်ရင်း ဆိုတယ့် ဂုဏ်ပုဒ်ဟာ တော်တော် မြင့်တယ်ဆိုတာ မင်းသိသင့်တယ်”
“ဘာကြောင့်လဲ”
“ရှင်းပါတယ် ၊ဘာလို့လဲဆိုတော့ ဂိုဏ်းရဲ့ တပည့်ရင်းဟာ သိုင်းလောကသားတွေရဲ့ အထက် မှာဖြစ်တယ် ။ သိုင်းပညာဂိုဏ်းတွေက အရမ်းကြီးသော်လည်း များစွာသော နောက်လိုက် တွေ ရှိကြတယ် ။ ဒါပေမယ့် တပည့်ရင်းကတော့ အများကြီး မရှိဘူး ။ နောက်တစ်ခု က တပည့်ရင်းတွေဟာ ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အခြေခံအားဖြင့် ကိုယ်စားပြု လို့ပဲ”
ဘိုင်ယုယုက အေးစက်စွာဖြင့် ၀င်ရောက် ရှင်းပြပါလေတော့တယ် . . . ။