Switch Mode

Chapter – 33

ဟွာယုယန်

Chapter – 33 ဟွာယုယန်

လူငယ်ရဲ့ ချီဓာတ် အကာအကွယ်ဟာ တော်တော် စွမ်းပါတယ် ။ ချန်ရှန်ရဲ့ မုန်တိုင်းလို ပြင်းထန်လှတယ့် လက်သီးများဒဏ်ကို တော်တော် တောင့်ခံနိုင်ပါတယ် ။ ဒါပေမယ့် ချန်ရှန် ဂရုမစိုက်ပါဘူး ။ ချန်ရှန် သူ၏ မီးလို ချီဓာတ်တွေကို အစိမ်းရောင်ချီဓာတ်များဖြင့် ပေါင်းစပ်လိုက် ပါတယ် ။
ချန်ရှန်ဟာ ယခု သူ၏ မိုးပြာနဂါး သစ်သားချီဓာတ် သုံးနေရုံ မျှမက ဇု ချီဓာတ်လို့ခေါ်တယ့် မီးစွမ်းအား ချီဓာတ်ကိုပါ ပေါင်းစပ် အသုံးပြုနေတာပဲ ဖြစ်ပါတယ် ။ ချီဓာတ် ၂ ခု ပေါင်းစပ်ကာ အရမ်းစွမ်းအားကြီးမာသွားပြီး စွမ်းအင် ကို ၂ ဆ ဖြစ်သွားစေပါတော့တယ် ။
ချန်ဖုယွန်ရဲ့ တပည့်များဟာ ချီဓာတ် အရောင်ပြောင်းသွားပြီး တစ်ချိန်ထဲ ချီဓာတ် ၂ ခုသုံးနေတာကို မြင်တယ့်အတွက် အံ့အားသင့်လျက်ပါ ။ ချန်ရှန် မထိုးခင်မှာပဲ လူငယ်၏ ရွှေရောင် အကာအကွယ်ဟာ အနည်းငယ် လှုပ်ခွာသွားတာ ကို မြင်လိုက်ရတယ် ။
ချန်ရှန်ရဲ့လက်သီးဟာ ကြီးမားသော ပေါက်ကွဲသံတွေ အော်မြည်လျက် လျှပ်စီးများတဖြတ်ဖြတ်လက်သော မီးတောက်များ ထုတ်လွှတ်နေပါတယ် ။ အငွေ့တွေဟာလည်း ပတ်ပတ်လည်မှ ထွက်နေကြပြီး အားလုံးဟာ တုန်လှုပ်နေလျက်ပါပဲ ။
” ဖုန်းးး ဖုန်းးးး ဖုန်းးးး”
ချန်ရှန်၏လက်သီးများဟာ အမြဲတမ်း လျင်မြန်လျက်ပါပဲ ။ မျက်တောင်တစ်ခတ်အတွင်းမှာ ပဲ လက်သီး ၁၀ ချက်လောက်ဟာ လူငယ်၏ ရွှေရောင် အကာအကွယ်ကို အသံများစွာထွက်ပေါ်လျက် ထိမှန်ပါတော့တယ် ။ မြေကြီး တွေပါ ကျယ်လောင်စွာ မြည်ဟည်းပြီး အရပ်လေးမျက်နာသို့ ပြန့်လွင့်လျက်ပါ ။
ကျယ်လောင်သော အသံများနဲ့ ရူးသွပ်စွာ တိုက်ခိုက်နေမှုကို ချန်လုဇောင် ၊ ချန်ဖုယွန် နဲ့ ကျန်လူငယ်များ ကြည့်လျက်ပါ ။ တော်တော်ထိတ်လန့်နေကြပုံပါပဲ ။ ချန်ရှန် ဒီလို အရူးအမူး တိုက်ခိုက်နိုင်လောက်အောင် ချီဓာတ်စွမ်းအားမကြီးလောက် ဘူးလို့ ထင်မိခဲ့ကြတာပါ ။
လူငယ်ကို ကာရံထားတယ့် ရွှေရောင်အကာကွယ်ဟာ တဖြည်းဖြည်း မှိန်လာပါတယ် ။ သူ၏ကိုယ်လည်း တော်တော် နာကျင်နေပြီဖြစ်ကာ သူ၏ အကာကွယ်မှာလည်း ချန်ရှန်၏ ပြင်းထန်လှသော လက်သီးများကြောင့် လှုပ်ခါနေလျက် ရှိပါတယ် ။
“သေပေတော့”
ချန်ရှန် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ခုန်လိုက်ကာ သူ၏ ချီဓာတ်များ စွမ်းအင်ပြည့်ဝစွာ ပါဝင်သော လက်သီးဟာ လူငယ်ကို ထိမှန်သွားပါတော့တယ် ။ လူငယ်လည်း ဥက္ကာခဲ တစ်ခုလို လွင့်ထွက်သွားပြီး သူ၏ ရွှေရောင် ချီ အကာအကွယ် မှာလည်း ကွဲထွက်လွင့်စင်သွားပါတော့တယ်။ ပါးစပ်ကလည်း သွေးများအန်လျက် အလွန်နာကျင်နေပုံပါပဲ ။

ချန်ရှန် ကျန်လူငယ်များဘက်သို့ လှည့်ကြည့်ပြီး အော်လိုက် ပါတယ် ။
“ကဲ ၊ ဘယ်သူလာချင်သေးလဲ”
ကျန်လူငယ် ၃ ယောက် မှာ မည်သည့်စကားမျှ မပြောနိုင် ကြပေ ။ ကြောက်ရွံ့မှုမှာ သူတို့မျက်နာများတွင် အထင်းသား။ ချန်ရှန်ရဲ့ ချီဓာတ် ထုတ်နိုင်မှုစွမ်းအားဟာ နှစ်ရှည်လများ ကျင့်ကြံထားသော စွမ်းအားပြည့် ဆရာကြီးတစ်ယောက်နဲ့ ပင် အလားသဏ္ဍာန် တူနေပါသေးတယ် ။
“သွားကြစို့”
ချန်ဖုယွန် ပြောစရာ စကားမရှိတော့ပေ ။ ချန်ရှန်ရဲ့ စွမ်းအား ဟာ သူ့ကို တော်တော် အံ့အားသင့်စေခဲ့ပါတယ် ။ အရမ်းလည်း ကြောက်ဖို့ကောင်းတာ သူသိခဲ့ပြီလေ ။
“နေဦး ၊ သူဟာ ကြီးမားဂိုဏ်းအဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်၊ ကျွန်တော်တို့ဟာ သိုင်းစွမ်းအင်ချင်း ဖလှယ်ခဲ့ကြတယ့်အ တွက် ဂရုမစိုက်မှုတွေ အနာတရဖြစ်စေမှုတွေ ရှိခဲ့တယ် ။ ဒါကြောင့် ဂိုဏ်းရဲ့ သိက္ခာကျမှု နဲ့ အမုန်းတရားတွေကို ရှောင်ချင်တယ့်အတွက် ပြန်ကုသ ပေးပါ့မယ်”
ချန်ရှန်ဟာ ချက်ချင်းပဲ မီးဖိုကို ဆွဲထုတ်ကာ တင်ပလ္လင်ခွေ ထိုင်လျက် ဆေးပင်များကို ထည့်လိုက်ပါတယ် ။ ချန်ရှန်ဟာ တကယ်ကို ဆေးလုပ်တော့မှာပါ ။
“တကယ်ပဲ မင်းက သူ့ကို ကုသပေးနိုင်မှာလား ။”
ချန်ဖုယွန် စိတိမရှညိစွာမေးလိုက်ပါတယ် ။ ချန်ရှန်ကလည်း ခနဲ့တဲ့တဲ့လေသံဖြင့် –
“သာမန်ဆေးလေးက သူ့ကို ဘယ်လို ကုသပေးမလဲဆိုတာ ကြည့်ပါဦး ။ သူဟာ ကျွန်တော့ရဲ့ မီးနဲ့ လျှပ်စီး ချီဓာတ်ကြောင့် ဒဏ်ရာရ သွားတာဖြစ်တယ် ။ သင့်တော်သက်ဆိုင်တယ့် ဆေးမပေးဘူးဆိုရင် ကုသဖို့ အကြာကြီး ကြာလိမ့်မယ်”
ပြောပြီးမှာပဲ ချန်ရှန် မီးဖိုထဲ မီးတောက်များ ထည့်လိုက်တယ် ။ ချန်ဖုယွန်လည်း လူငယ်ကို သယ်လာပေးပါတယ် ။ လူငယ် ဟာ တော်တော် အထိနာသွားတယ် ဆိုတာ ဒဏ်ရာတွေကို ကြည့်ရင် သိနိုင်ပါတယ် ။ ချီဓာတ်ဟာ ဒဏ်ရာတွေထဲ စိမ့်ဝင်လျက်ပါ ။ ဒါဟာ သာမန် ချီဓာတ်တွေလည်း မဟုတ်ပါဘူး ။
နာရီဝက်လောက် ကြာသည်အထိ ချန်ဖုယွန်နဲ့ သူ့တပည့်များ ဟာ တိတ်ဆိတ်လျက် စိတ်ရှည်စွာ စောင့်နေကြတယ် ။ ချန်ရှန်ရဲ့ ဆေးပညာစွမ်းရည်ကိုလည်း ကြည့်ချင်တာ ပါတာပေါ့ ။
ချန်ရှန် မွှေးပျံ့နေသော ဆေးနံ့များ ထွက်နေသည့် မီးဖိုဟာ ဖွင့်လိုက်ပါတယ် ။ ပြန်လည်ကုသသည့် စွမ်းအင်ဖြည့်ဆေး ကို လုပ်တာ နာရီဝက်သာ ကြာသွားတယ် ။ တကယ်ကို မယုံ နိုင်စရာပါပဲ ။ ချန်ဖုယွန်နဲ့ တပည့်သုံးယောက်တို့ တော်တော် လန့်သွားပါတော့တယ် ။
“ဒါဟာ အလယ်လတ်တန်းစား ဆေးဖြစ်တယ့် စွမ်းအင်ဖြည့်ဆေးပဲ”
ချန်ရှန် ဆေးလုံးကို ချန်ဖုယွန် ဆီပေးလိုက်တယ် ။ ဒီလိုလုပ် ခြင်းဟာ ချန်မျိုးနွယ်၏ စီနီယာ သူ့အပေါ် အမုန်းမပွားစေရန်ဖြစ်ပြီး ချန်ဖုယွန်၏ သူ့အပေါ်အမြင်ကို ပြောင်းလဲပေးရန်ကြောင့် ဖြစ်ပါတယ် ။
အလယ်အလတ်စားဆေး ကို နာရီဝက်ဖြင့် ချန်ရှန်လုပ်ခဲ့ တာပါ ။ ဆေးလက်ခံရရှိချိန်မှာတော့ ချန်ဖုယွန်တစ်ယောက် ဒီလူငယ်ဟာ ပါရမီရှင်ဆိုတာကို လက်ခံသွားပါတော့တယ် ။
“မင်းတို့က ဆေးရောင်းပြီး စီးပွားရေး လုပ်မလို့လား ။ ဒီမှာက ဒန်ရှန် သာမက ယောင်မျိုးနွယ်လည်းပဲ ရှိနေကြတယ် ကွ ။ မင်းတို့ဆေးရောင်းစားလို့ကတော့ ငတ်သေကြမှာပဲ ။ ဒါတော်တော် နုံအတယ့် အကြံအစည်ပဲ ၊ ငါ ချန်မျိုးနွယ် က မင်းကို ပိုက်ဆံဖြုန်းနေတာ ရပ်အောင် လုပ်မယ် ။ ချန်ရှန် ၊ ငါမင်းကို အကြံပေးချင်တာက မင်းယောင်မျိုးနွယ်ကို သွားတောင်းပန်တာ အကောင်းဆုံး ဖြစ်မယ်”
ချန်ဖုယွန်လည်း ပြောပြီးတာနဲ့ တပည့်များဖြင့်အတူ ပြန်လည် ထွက်ခွာသွားကြပါတော့တယ် ။ ချန်ဖုယွန် ထွက်သွားပြီးနောက် ချန်လုဇောင်ဟာ ချန်ရှန်အားကြည့်ကာ သက်ပြင်းချ၍ –
“ဒီလူက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တာ ၊ မျိုးနွယ်ကို စွန့်ခွာသွားတာကြာပြီ ။ ငါအံ့သြနေတာက ဒီလူ ယောင်မျိုးနွယ် ရဲ့ ချီးမြောက်မှုကို ရပြီး သူ့မူရင်းမျိုးနွယ်ကို ရင်ဆိုင်နေတာကိုပဲ ။ မင်းအဖိုးသာ ဒီမှာရှိရင် သူ့ကိုအပစ်ပေးမှာပဲ”
ချန်ရှန်လည်း ကြမ်းပြင်ကို လှည်းကျင်းနေပြီး မေးလိုက်တယ် ။
“အဖိုးလေး ၊ ဒီဂိုဏ်း နောက်လိုက်တိုင်း ဒီလိုပဲ စွမ်းအားကြီးကြ လား”
ချန်လုဇောင်က ခေါင်းခါယမ်း၍ –
“သူတို့ဟာ အပြင် ဂိုဏ်းနောက်လိုက်အဆင့်ပဲရှိသေးတာ။ တကယ်လို့ အတွင်းဂိုဏ်းနောက်လိုက် သို့မဟုတ် တပည့်အရင်းနဲ့သာတွေ့ရင်တော့ မင်သေချာပေါက်ကို ရှုံးမှာပဲ ။ ချန်ဖုယွန်ဟာ အပြင်ဂိုဏ်းနောက်လိုက်ထဲက အဆင့်မြင့် နေရာမှာ ရပ်တည်နေတဲ့ လူတစ်ယောက်ပဲ”
ချန်ရှန် တော်တော်တုန်လှုပ်သွားပါတယ် ။ ခန့်မှန်းရသလောက် ချန်ဖုယွန်ဟာ အနည်းဆုံး သိုင်းပညာ အဆင့် ၉ နေရာမှာ ရှိနေတယ့် သူပါ ။ ဒီလိုလူတောင် အပြင်ဘက်ဂိုဏ်းကလူဆိုတော့ အတွင်းသို့မဟုတ် တပည့်အရင်းသာဆို ဘယ်လိုအဆင့်မှာများ ရှိမှာပါလိမ့် ။
“ဆေးပညာရှင် သွားရှာပြီး ငှားလိုက်ဦးမယ်”
ချန်ရှန်ပြောလိုက်ပါတယ် ။ သူဘယ်လိုဆွေးနွေး မယ်ဆိုတာ အစီစဉ်ရှိပြီးသားပါ ။
“မြို့ထဲမှာရှိတယ့် ဆေးဆရာအများစုဟာ သူ့လူနဲ့သူ ရှိပြီးသားကွ ၊ အသစ်ရှာဖို့ကတော့ တော်တော်ခက်တယ်ဟေ့”
ချန်လုဇောင် သက်ပြင်းချလျက်ပြောပါတယ် ။ ဆေးပညာရှင်တွေ ဟာ တကယ်ကိုရှားပါးလှပါတယ် ။ ရှိတယ့်လူတွေကိုလည်း ဆိုင်ရာ လူတွေက ကူညီထောက်ပံ့ပြီးသားပါ ။ ချန်ရှန် မျက်လုံးများ ပုတ်ခတ်ကာဖြင့် –
“ကျွန်တော် ဒန်ရှန်ကို သွားမှာ ။ ဟိုအမျိုးသမီးနဲ့ စီးပွားရေးကိစ္စ လေးတွေ နည်းနည်းဆွေးနွေးမလို့”
တံမြက်သည်း အတန်ကြာလှည်းပြီးနောက်မှာတော့ ချန်ရှန် မြို့လယ် ခေါင်မှာရှိတယ့် ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည်ကြီး သို့ ထွက်လာခဲ့ပါတယ် ။ ဒီမြို့လယ်က ဒန်ရှန်ဟာ ဘုရင့်မြို့တော်မှာ ရှိတယ့် ဒန်ရှန်ဆိုင်ခွဲအားလုံးရဲ့ ပင်မရုံးချုပ်လည်း ဖြစ်တယ် ။
ယခု ဒန်ရှန်ဟာ တော်တော်ကြီးကို ကြီးမားပါပေတယ်။ ချန်ရှန် အထဲဝင်ကာ သူဘယ်သူဆိုတာကို ပြောလိုက်သောအခါ နွေးထွေး စွာ ကြိုဆိုကြလေတယ် ။ တာဝန်ခံတစ်ယောက်က သူ့အား အထဲခေါ်သွားတယ် ။ ဟောခန်းများ ကောင်တာများစွာကို ဖြတ်ပြီး နောက် အရောင်စုံပြီး လှပခမ်းနားလှတယ့် ဥယျာဉ်ကြီးကို တွေ့ လိုက်ရပါတယ် ။ ဥယျာဉ်ရဲ့ အလယ်မှာတော့ အိမ်ငယ်လေး တစ်ခု ရှိနေပါတယ် ။
ပန်းမွှေ့ယာမှ လေနဲ့အတူပါလာသော ရနံ့များဟာ ချန်ရှန်စိတ်ကို တမျိုးလန်းဆန်းစေပါတော့တယ် ။ ထို့နောက် အိမ်ထဲမှ နူးညံ့သာယာလှသော အသံလေးထွက်ပေါ်လာပါတယ် ။
“သခင်လေးချန် ၊ ဝင်ခဲ့ပါ ။ ကျွန်မ ရှင်လာမယ်ဆိုတာ သိနေတယ်”
ဆွဲဆောင်မှုရှိလှတယ့် ရယ်သံလေးနဲ့ အသံလေးကြောင့် ချန်ရှန် ခဏတာ ကြောင် နေမိတယ် ။ သူ့စိတ်ထဲမှာတော့ မြေခွေးမလေး ရဲ့ နူးညံ့တယ့် ကျိန်စာ သင့်ပြီလို့ပဲ ထင်မိလိုက်တယ် ။ ချန်ရှန်လည်း မွှေးပျံ့လျက်ရှိသော အခန်းထဲဝင်သွားပါတယ်။ တဲအတွင်းမှာတော့ ကျက်သရေရှိပြီး နှစ်သက်ကြည်နူးဖွယ်အဆင်း ရှိတယ့် မိန်းမလှ တစ်ယောက်ဟာ လှပသော ကိုယ်ဟန်ဖြင့် လက်ဖက်ရည် လုပ်နေတာကို မြင်လိုက်ရပါတယ် ။
အရင်တစ်ခေါက်က ဟွာယုယန် ဟာ မျက်နာမှာ ပိတ်စအုပ်ထား သောကြောင့် သူမမျက်နာကို မမြင်ရပေ ။ ယခုတော့ သူ မြင်ရနေပေပြီ ။ သူထင်ထားတာထက်ကို ပိုမိုလှပနေတာ တွေ့ရှိ လိုက်ရပါတယ် ။ သူမဟာ ဖောက်ထွင်းမြင်ရတယ့် ပိတ်ကျဲ စကပ် ကို ဝတ်ဆင်ထားလျက်ရှိတယ် ။ ကျောက်စိမ်းကြာပန်များနဲ့ တူသော လက်မောင်းများကိုလည်းကောင်း ၊ ကျစ်လျစ်သွယ်လျသော ခြေထောက်များကို လည်းကောင်း တစ်စိတ်တစ်ဒေသ တွေ့နိုင်ပါတယ် ။ သူမ၏ လှပသော ခါးမှာလည်း ပိတ်ပါးပါးအောက်မှ မြင်နိုင်သလို နွားနို့ရောင်ဖြူဖွေးပြီး ကြီးမားလှတယ့် ရင်နှစ်မွှာဟာလည်း နက်ရှိုင်းလှတယ့်လျိုမြောင်နှင့် အတူ မြင်နိုင်နေပါတယ် ။
ဒါဟာ ဝတ်လစ်စလစ်မာယာပါပဲ ။ တကယ်လို့ ချန်ရှန်သာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိသူမဟုတ်လျှင် သူတို့၏ မာယာကျော့ကွင်းအတွင်း သက်ဆင်းရတော့မှာပါ ။ ဘာကြောင့် ဒီ ဆွံ့အနေတယ့် ပုံရိပ်ဟာ ဒီမှာ ရှိနေလဲဆိုတာတော့ ပဟေဠိ ဖြစ်လို့နေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset