Chapter – 32 ဂိုဏ်းနောက်လိုက်
ဟွာယုယန် လူတချို့ ကို ဆိုင်ထဲတွင်ခိုင်းပြီး ပျက်ဆီးမှုများကို ခန့်မှန်းခိုင်းတယ် ။ ထို့နောက် ချန်ရှန်ကိုပြောပါတယ် ။
“မင်းတို့အားတဲ့အချိန် ဒန်ရှန်ဆေးတိုင်းပြည်ကို ဧည့်သည်အဖြစ် အချိန်မရွေး လာရောက် လည်ပတ်နိုင်ပါတယ် ။ မင်းတို့ကို ကြိုဆိုလျက်ပါ”
ဟွာယုယန် ထွက်ခွာသွားသောအခါ ချန်လုဇောင် ခါးထောက်လျက် ပြုံးပြီးပြောပါတယ် ။
“ဒီမိန်းကလေးဟာ စိတ်ဝင်စားစရာပဲလို့ မင်းထင်တယ်မလား”
ချန်ရှန် ထွက်ခွာသွားသော ရထားလုံးအား သူ၏စူးရှသောမျက်လုံးများဖြင့် မျှော်ကြည့်ပြီး
“ဒီမိန်းမက အကြံတော့ တော်တော်ကြီးပုံပဲ ၊ သူမက ကျွန်တော်တို့ကို အနိုင်လိုချင်နေတယ် လို့ ကျွန်တော့စိတ်ထဲ ထင်နေတယ်”
“မင်းက မိန်းကလေး တစ်ယောက်အပေါ်မှာ တော်တော် သံသယ၀င်နေတာပဲ ၊ သူမဟာ ဆေးပညာအင်အားနဲ့ ချယ်လှယ်နိုင်တယ် ။ သူမဟာ အရိုးတွေ တစ်ခုမှ မကျန်တော့အောင် တစ်စစ လုပ်နိုင်တယ် ။ ဒါကိုများ ငါ့တို့အပေါ် ဘာကို အနိုင်ယူချင်ရမှာတုန်း”
ငါးရက်ကြာပြီးနောက်မှာတော့ အဖိုးလေးရဲ့ ဆိုင်လည်း တပြားမှ ကုန်စရာမလိုပဲ အသစ်စက်စက် ဖြစ်သွားပါတော့တယ် ။ ဒန်ရှန်သခင်က လူတွေလွှတ်ကာ ပြင်ဆင်ခိုင်းတာ ဖြစ်ပြီး ဆေးတွေဆေးပညာရှင်တွေပါ ဖြည့်ပေးကာ မကြာမီမှာပဲ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါတယ် ။
ချန်ရှန် ဟာ ဘုရင့်မြို့ တော်ကို ရည်ရွယ်ချက် ၂ ခုကြောင့် လာခဲ့တာဖြစ်ပါတယ် ။ တစ်ခုက ဆေးဆိုင်ကို ဖွင့်လှစ်ဖို့ဖြစ်ပြီး နောက်ရည်ရွယ်ချက်တစ်ခုကတော့ သိုင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပါ ။ ဘုရင့်မြို့ တော်ရဲ့ သိုင်းပြိုင်ပွဲဟာ စာရင်းသွင်းခြင်းကို လက်ခံနေပြီး ဖြစ်ပါတယ် ။ ပြိုင်ပွဲ စတင်ဖို့ ၂ လ ခန့် လိုသေးသော်လည်း ချန်ရှန်ဟာ အစောထဲက စာရင်းပေးခဲ့တယ် ။ ချန်ရှန် ဟာ လမ်းတစ်လျှောက် အချက်အလက်တချို့ ကိုလည်း ကြားခဲ့ပါသေးတယ် ။ ဂိုဏ်းနောက်လိုက်တွေဟာ ပြိုင်ပွဲမှာ ပေါ်ထွက်လာမှာဖြစ်တယ် ။ သို့သော် သူတို့ဟာ ၀င်မပြိုင်ပဲ လေ့လာစောင့်ကြည့်မယ် ဆိုတယ့်အကြောင်းပါ ။
ရက်တချို့ ကြာတယ့်အခါမှာတော့ ချန်ရှန်နဲ့ ချန်လုဇောင်တို့ ဆေးတွေလုပ်ရင်း အရမ်း အလုပ်များနေပါတော့တယ် ။ စီးပွားရေးကို ချောချောမွေ့ မွေ့ ဖြစ်စေရန် သူတို့ဟာ ဆေးတွေ အများကြီးကို ပြုလုပ်ရတာပဲ ဖြစ်ပါတယ် ။
“အဖိုးလေး ၊ ကျွန်တော်တို့ ၂ ယောက် ခုလို ဆေးတွေ လုပ်နေရတာ သိပ်တော့ နည်းလမ်း မကျသေးဘူး ၊ အဲလိုမှ မဟုတ်ရင်လည်း ဘာလုပ်ရမှန်းမသိတော့ပါဘူး”
ချန်ရှန် မှော်ကျောက်ဖရုံဆေးကို ပြုလုပ်နေတယ် ။ လိုအပ်တယ့် ဆေးပင်တွေကို ဒန်ရှန်ကပဲ ၀ယ်ယူရတာဖြစ်ပါတယ် ။
“ကောင်လေး ၊ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လွယ်တယ်များ မှတ်နေလား ၊ ငါတို့မှာ အနည်းဆုံး ဆေး ဆရာ ၅ ဦးမှ မရှိရင် တော်တော်ခက်ခဲမယ် ။ ဆိုင်ဖွင့်ပြီးရင်တောင် ငါတို့ဟာ ၀ယ်သူတွေ လာဝယ်တာကို မစောင့်နိုင်ဘူး ။ ငါထင်တယ် ချောချောမွေ့ မွေ့ ဖြစ်ဖို့ကတော့ အနည်းဆုံး ၂ နှစ် ၃ နှစ်လောက်တော့ စောင့်ရမှာပဲ”
ချန်လုဇောင် ချန်ရှန်ဆန္ဒစောနေတာကို တုံ့ပြန်ပြောဆိုလိုက်ပါတယ် ။ ချန်ရှန်ဟာ အကြာကြီး မစောင့်ချင်တော့ပါဘူး ။ ဆေးပညာရှင်တွေကို ဆွဲဆောင်ဖို့ သူဟာ တချို့ သော တန်ဖိုးကြီး ဆေးပင်တွေကို သုံးရမှာပါ ။ ချန်ရှန်ဟာ ဆေးပင်တချို့ ကို အမှည့်ထားဖို့ စီစဉ်ထားပါတယ် ။ ဒါကြောင့် ဆေးအခန်းထဲမှ ထွက်လာလိုက်တယ် ။ ဆိုင်ထဲရောက်တယ့် အခါမှာတော့ လူအချို့ ရပ်နေတာကို တွေ့ လိုက်ရပါတယ် ။
အသက်ကြီးကြီး လူတစ်ယောက်နဲ့ ဆယ်ကျော်သက် ၄ ယောက်တို့ပါ ။ သူတို့ အသက်ရှူပုံ ဟာ အရမ်းသန့်စင်ပြီး လူတချို့ကို ထူးဆန်းတယ့် ခံစားမှု မျိုး ပေးနိုင်နေသလိုပါပဲ ။ ဒီလိုသန့်စင်တယ့် ချီဓာတ်ကို သာမန်လောကမှာ ဘယ်သူမှ မထုတ်နိုင်လောက်ကြပါဘူး ။
“ဒီက မိတ်ဆွေတို့က . . .”
“အင်း ၊ မင်းကချန်ရှန်လား”
ဆံပင်ဖြူဖြူနဲ့ လူကြီးက မေးလိုက်ပါတယ် ။ သူ့ မျက်နာမှာ ဒေါသတွေတွေ့ လိုက်ရပြီး လူငယ်လေးဦးဟာလည်း ချန်ရှန်ကို စိမ်းစိမ်းကြည့်နေကြပါတယ် ။ချန်ရှန် မျက်မှောင်ကြုတ် လိုက်ပြီး လက်သီးစုပ်ကာ အေးစက်စက်ပြန်မေးလိုက်တယ် ။
“ဟုတ်တယ် ၊ ခင်ဗျားတို့က ဒီကို ပြသနာလာရှာတာလား”
ဒီအချိန်မှာ ချန်လုဇောင် ထွက်လာပါတယ် ။ ဒီလူတွေကို တွေ့ လိုက်တယ့်အခါ နည်းနည်း တောင့်တင်းသွားသလိုပါပဲ ။ ဒီဆံပင်ဖြူ လူကြီးကို သိသိသာသာ ကြောက်နေသလိုပါပဲ ။
“မင်းး .. မင်းးး …”
ချန်လုဇောင် စွံ့ အလျက် ပါ ။သူဒီလူကြီးကို ကောင်းကောင်းသိတာပေ့ါ ။
လူကြီးက ပြန်ပြောပါတယ် ။
“ဟုတ်တယ် ။ ငါက ချန်ဖုယွန် ပဲ ၊ လွန်ခဲ့တယ့် နှစ် ၅၀ က ချန်မျိုးနွယ်ကထွက်သွားပြီး သိုင်းလောကဂိုဏ်းထဲဝင်ခဲ့တယ် ။ ခုတော့ငါဟာ ဂိုဏ်းနောက်လိုက်တွေ စုဆောင်းဖို့ ပြန်လာ ခဲ့တာပဲ ။ ဒါပေမယ့် သတင်းဆိုးတွေကြားရတယ်”
ချန်ရှန် တော်တော် အံ့သြသွားတယ် ။ ဒီလူကြီးဟာ ဂိုဏ်းနောက်လိုက်တွေ စုဆောင်းဖို့ လာရုံသာမက မမျှော်လင့်စွာပဲ ချန်မျိုးနွယ်ရဲ့ သက်ကြီးဝါကြီးတစ်ယောက်ဖြစ်နေတယ် ။ ဒါပေမယ့် ဒီလူကြီးဟာ သူနဲ့ သိပ်မသက်ဆိုင်သလို ခံစားမိတယ် ။
“မင်းတို့က ယောင်မျိုးနွယ်နဲ့ ရန်သူလို ဖြစ်သွားကြတယ် ။ ငါသိုင်းလောကဂိုဏ်းထဲ ၀င်ကတည်းက ယောင်မျိုးနွယ်ဟာ ငါ့ကို အများကြီးကူညီပေးတယ်ဆိုတာ မင်းတို့ သိသင့်တယ် ။”
ချန်ဖုယွန် ချန်ရှန်အား စူးစူးရှရှ ကြည့်နေတယ် ။ တဆက်တည်းမှာပဲ သူဟာ စစ်မှန်သော ချီဓာတ်တွေကို ချန်ရှန်ဆီပစ်လွှတ်လိုက်ပြီး ချန်ရှန်ရုတ်တရက် သူ့ ကိုယ်ကြီးဟာ တန် တစ်သောင်းလောက် လေးသွားသလိုကို ခံစားလိ်ုက်ရပါတယ် ။
ချန်လုဇောင် မျက်နာ အရောင်ပြောင်းသွားလျက် အေးစက်စွာပြောလိုက်ပါတယ် ။
“သူဟာ ချန်မျိုးနွယ်မှာ နှစ်တစ်ထောင် တစ်ယောက်မပေါ်နိုင်တယ့် ထူးခြားကောင်းမွန်တဲ့ မျိုးစေ့လေးပဲ ၊ ဒါပေမယ့် မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်နဲ့ သူ့အပေါ် ရှက်ရမ်းရမ်းနေတယ် ။ ဒီအကြောင်းပြချက်က ချန်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုမှ အရည်အချင်း မရှိတာ သိသာနေပါပြီ”
ချန်ဖုယွန် ဒီစကားကြားတယ့်အခါ သူ့ကိုယ်သူ ပြန်ထိန်းကာ ချန်လုဇောင်သို့ လှမ်းကြည့် ပါတယ် ။ ချန်လုဇောင်ရဲ့ စွမ်းအား အဆင့်ကို ကြည့်တဲ့အခါ ကြည့်မရတယ့်အတွက် စိတ်မရှည်စွာပဲ ပြန်ပြောပါတယ် ။
“ဘယ်လိုမျိုးစေ့ကောင်းများလဲ ၊ ဒီမိစ္ဆာကောင်လေးကလား ၊ ငါ့ဂိုဏ်းထဲက ကြိုက်တယ့်လူရွေးကြည့်လိုက် သူတို့ဟာ သူ့ထက် အများကြီး သာတယ် ။ ငါ့နောက်က ၄ယောက် တောင် သူ့ကို အေးဆေး နိုင်တယ်ကွ”
ချန်ဖုယွန်ရဲ့ နောက်ဆုံးစကားပြောပြီးချိန်မှာတော့ ချန်ရှန်ဟာ လျှပ်စီးလက်သလို လှုပ်ရှား လိုက်ပါတယ် ။ မိုးပြာရောင် အငွေ့တွေ သူ၏ လက်သီးမှာ ဖြစ်ပေါ်လျက် လျပ်စီးကြောင်းများလည်းလက်ကာ အားကောင်းပြင်းထန်လှတဲ့ မိုးကြိုးလျှပ်စီးစွမ်းအားဟာ အဆိုပါ လူငယ်များကို ရိုက်ခတ်သွားပါတော့တယ် ။ ဒီကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးက လူငယ်များအား ရှောင်တိမ်းချိန်ပင် မရလိုက်ပါပေ ။ ရင်ဘတ်တွေကို ချန်ရှန်၏ ပြင်းထန်လှ သော လက်သီးများထိကာ ပါးစပ်မှ သွေးများအန်လျက် နောက်ဆုတ်သွားပါတယ် ။
“ကဲကဲ ဒီတော့ ဒီတော့”
ချန်ရှန် လှောင်ပြုံးပြုံးလျက် ပြောလိုက်တယ် ။ သူဟာ ချန်ဖုယွန် ဖြစ်ပျက်သွားတာကို မြင် လိုက်တယ် ။ ချန်မျိုးနွယ်ရဲ့ အကြီးတစ်ယောက်ဟာ ချန်မျိုးနွယ်အပေါ် လေးစားမှု မရှိပဲ ယောင်မျိုးနွယ်နဲ့ မိတ်ဆွေရင်းချာဖြစ်လို့နေပါတယ် ။ တော်တော်အတ္တကြီးသည့် လူပါပဲ ။
ချန်ရှန်၏ ရုတ်တရက် ပြုမူမှုဟာ ချန်ဖုယွန် ကို အံ့အားသင့်ကာ ဒေါသထွက်သွားစေပါတယ်။ သူဟာ ချန်ရှန့်အကြောင်းတွေ ကြားဖူးတယ် သိပ်မယုံကြည်ခဲ့ ယခုတော့ တကယ်ကို အံ့အား သင့်စရာပါပဲ ၊ သိုင်းပညာဂိုဏ်းရဲ့ နောက်လိုက်တွေကိုတော် ဒဏ်ရာတွေ တော်တော်ရစေခဲ့ လို့ပါ ။
“ဒါလား သိုင်းပညာဂိုဏ်းနောက်လိုက်ရဲ့ စွမ်းရည်ဆိုတာ”
ချန်ရှန် လူငယ်လေးယောက်ကို ကြည့်ပြီး ပမာမခန့် ပြောလိုက်ပါတယ် ။ ဒါဟာ လူငယ် ၄ ဦး ကိုဒေါသတွေ တော်တော် ထွက်သွားစေပါတယ် ။
“မင်းသာ င့ါကို အလစ်မလုပ်ရင် ထိတောင် ထိခွင့်ရမှာ မဟုတ်ဘူး”
လူငယ်တစ်ယောက်က ပါးစပ်မှာ စီးကျနေတယ့် သွေးများအား သုတ်ရင်း ဒေါသတကြီး ပြောဆိုပါတယ် ။
“ဒီတော့ ငါတို့ ဘယ်လိုချကြမလဲကွ”
ချန်ရှန် သူ၏ လက်သီးများအား နှိပ်နယ်လျက် မေးလိုက်တယ် ၊ သူ၏မျက်နာမှာ တိုက်ခိုက်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ် ။
“တိုက်ကြတာပေါ့”
လူငယ်ဟာ ဒေါသတွေ ပြည့်နေလျက်ပါ ။ တိုက်ခိုက်ခြင်းကသာ သူ့ဒေါသတွေကို ပြေပျောက် နိုင်မှာဖြစ်ပြီး နေသာထိုင်သာရှိမှာပါပဲ ။ ချန်ဖုယွန်ဟာ သူတို့ကို ရပ်ဖို့ မကြိုးစားပါ ဘူး ။ နောက်တောင် ဆုတ်ပေးလိုက်ပါသေးတယ် ။ ဒီအချိန်မှာပဲ အဆိုပါလူငယ်ဟာ ချန်ရှန်ဆီ မျက်နာချင်းဆိုင် ပြေးလာပါတော့တယ် ။
လူငယ်ရဲ့ ခြေလှမ်းများဟာ အလွန်ပေါ့ပါးလှတယ် ။ ဒါဟာ ခြေချောင်းလေးများကို အသုံးပြု ခြင်းနဲ့ တူပါတယ် ။ သူဟာ လျင်မြန်ရုံသာမက ကြီးမားတယ့် အဟုန်ကိုပါ သယ်လာသလိုပါ ပဲ ။
“သိုင်းပညာ အဆင့် ၆”
ချန်ရှန် လူငယ်၏ အဆင့်ကို အကဲခတ် ပြောဆိုလိုက်ပါတယ် ။ လူငယ်ဟာ ချန်ရှန်၏ မလှုပ် မယှက်ပုံကို တွေ့ လိုက်ရတယ် ။ သူ၏ စွမ်းအားများကို အားကုန်ဖွင့်လိုက်ပါတယ် ။ သူဟာ ချန်ရှန်သူ၏ ခြေလှမ်းများကို ကာကွယ်ဖို့ ကြိုးစားတာကို မြင်လိုက်ရတယ် ။ သူ့ကိုယ်သူ ဂုဏ်ယူနေမိပါတယ် ။ သူဟာ မိုးပေါ်ခုန်လိုက်ပြီး သူ၏ ခြေထောက်များဖြင့် အဆက်မပြတ် ခြေကန်ချက်များ ထုတ်လိုက်ပါတော့တယ် ။
ရုတ်တရက်ပဲ ပုံရိပ်တွေ ကောင်းကင်မှ ချန်ရှန်ဆီသို့ ကျလာတယ့်အခါ ပြင်းထန် လှတယ့် ချီဓာတ်များကို အသံများဆူညံလျက် လေထဲ ထုတ်လွှတ်လိုက်ပါတော့တယ် ။ ဒီလူငယ်ရဲ့ ခြေကန်ချက်များဟာ အထင်ကြီးလောက်စရာပါပဲ ။
ချန်ရှန် ဟာ ဒီအချိန်မှာ ဒီတိုက်ကွက်ကို ပုံမဖော်မိဘူး ဖြစ်နေပါတယ် ။ သူဟာ မရေတွက် နိုင်တယ့် ခြေကန်ချက်အရိပ်များအောက်မှ မလွတ်မြောက်နိုင်သလိုပါပဲ ။ သူဟာ လူငယ်ရဲ့ ခြေကန်ချက်သိုင်းကွက်ကို မစဉ်းစားနိုင်တော့ပါဘူး ။
“ဖုန်း ဖုန်း ဖုန်း”
ချန်ရှန် ခန္ဓာကိုယ်လဲ မျက်စိတစ်မှတ်အတွင်း များစွာသော ကန်ချက်များ ထိမှန်ခဲ့ပါပြီ ။ ဒီနောက်မှာတော့ သစ်သားစားပွဲပေါ်သို့ ပြုတ်ကျကာ စားပွဲလည်း တစ်စစီ ဖြစ်သွားပါတော့ တယ် ။
“ဟက် ဟက် ၊ မင်းဟာ ဘယ်လို ဘယ်လို”
လူငယ်က အထင်သေးဟန်ဖြင့် ပြောလိုက်ပါတယ် ။ သူပြောပြီးချင်းပဲ ချန်ရှန်ဟာ လေထဲ ခုန်တက်သွားကာ မတ်တပ်ပြန်ရပ်လိုက်ပါတယ် ။ သူ၏ အ၀တ်အစားများကို စုတ်ဖြဲလျက် ဘာမှ မဖြစ်သလိုပါပဲ ။ လူငယ်များသာမက ချန်ဖုယွန်ပါ တော်တော်လေး အံ့အားသင့်သွား ကြပါတယ် ။
“မင်းး .. မင်းး …. ငါခုနကပဲမင်းကို အမှန်အကန် ကန် ခဲ့တာ ငါ့ရဲ့ စွမ်းအားကြီး ချီဓာတ်တွေ ကနေ မင်းဘယ်လို တောင့်ခံနိုင်တာလဲ ။ ငါအနည်းဆုံး ၁၀ ချက်အထက်လောက် ကန်ခဲ့တာ ၊ တစ်ချက်စီတိုင်းမှာလည်း အရမ်းကို စွမ်းအားကြီးမားတယ့် ချီဓာတ်တွေ ထည့်ကန်တာလေ”
လူငယ်ဟာ အလောတကြီးဖြင့် ပြောဆိုပါတယ် ။ လက်ရည်တူထဲမှ သူ့ကန်ချက် ကို မိရင်တောင် တေ်ာတေ်ာ ဒဏ်ရာရသွားစေမှာ ဖြစ်နေလို့ပါ ။ ချန်ရှန် ပါးပါးလေးပြုံးကာ ပြောလိုက်ပါတယ် ။
“မင်းလှုပ်ရှားဟာ တကယ်ကို ကောင်းမွန်ပါတယ် ၊ ဒါပေမယ့် သာမန်ပဲရှိသေးတယ်ကွ”
ပြောနေတုန်းမှာပဲ ချန်ရှန်ဟာ လူငယ်ထံ သူ၏ လက်သီးများကို အရှိန်ဖြင့် ထိုးလိုက်ပါတယ်။ ကြီးမားသော ပုဆိန်ကြီးတစ်လက်ဖြင့် တောင်ကြီးကို ဖြိုချလိုက်သလိုပါပဲ ၊ အဆက်မပြတ်ကိုပါ ။ လက်သီးချက်တိုင်းမှာ ကြီးမားလှတယ့် မြစ်ကြီးစီးဆင်းသလို အဟုန် များ ပါဝင်လျက်ပါပဲ ။ ပေါက်ကွဲမှုတွေဟာလည်း တချိန်တည်း ကျရောက်လျက်ပါ ။ လက်သီးတစ်ချက်ချင်းဟာ ရက်စက်လှတယ့် ကျားခေါင်းများအသွင် ပြောင်းသွားကာ လေ ကို ဖြတ်သွားသံကတော့ ရက်စက်လှတယ့်ကျားကြီးတွေ ဒေါသထွက်ပြီး ဟိန်းဟောက်သံများနှင့်ပင် တူနေပါတော့တယ် ။
ခဏလေးအတွင်းမှာပဲ ချန်ရှန်၏ မရေတွက်နိုင်တယ့် လက်သီးများဟာ လူငယ်ဆီသို့ မုန်တိုင်း တိုက်သလိုပင် ကျရောက်လျက်ရှိနေပါတယ် ။ လူငယ်ရဲ့ တုံ့ပြန်မှုဟာလည်း အရမ်း ကိုမြန်ဆန်ပါပေတယ် ။ တောက်ပသော ရွှေရောင် အကာအကွယ်တစ်ခုကို လေများ သူ၏ ကိုယ်တွင် လှည့်ပတ်စေလျက် ပြုလုပ်လိုက်ပါတယ် ။ သတ္တုချီဓာတ်ဖြင့် ပြုလုပ်တာဖြစ်ပြီး ချန်ရှန်၏ မုန်တိုင်းလက်သီးများမှ သူ့ကိုယ်သူ ကာကွယ်ရန်ပဲ ဖြစ်ပါတော့တယ် . . . ။