Switch Mode

Chapter – 31

ဂိုဏ်းခေါင်းဆောင်နဲ့ အုပ်ချုပ်ရေးမှူး

Chapter – 31 ဂိုဏ်းခေါင်းဆောင်နဲ့အုပ်ချုပ်ရေးမှူး

ချန်ရှန်ဟာ မှော်ကျောက်ဖရုံဆေးသုံးလုံးကို အောင်မြင်စွာ ပြုလုပ်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက် ပါတယ် ။ ထို့နောက် ချက်ချင်းပဲ ထိုက်ကျိ ကျင့်စဉ်ကို ပြုလုပ်ပါတယ် ။ ဆေးတွေ အရသာကို အာရုံခဲလျက် သူဟာ ကောင်းကင်နဲ့ မြေကြီးကြားက ချီဒြပ်စင် ၅ ခုကို စုပ်ယူရန် လုပ်ဆောင်ပါတယ် ။ ဒါတင်မက နဂါးတံတွေး ကျင့်စဉ်ကိုလည်း စတင်ခဲ့ပါတယ် ။
နောက်နေ့ မနက်မှာတော့ နေမင်းကြီးဟာ ဘုရင့်မြို့ တော် တစ်မြို့ လုံးကို လွှမ်းခြုံလျက်ရှိ ပါတယ် ။ တမြို့ လုံးဟာလည်း ဆူညံလျက်ပါပဲ ။ ဒန်ရှန်ဆေးတိုင်းပြည် ရဲ့ သတင်းကတော့ တမြို့ လုံးမွှေးလျက်ပါ ၊ ဒါဟာ ကိစ္စ သေးသေးလေးဖြစ်ခဲ့ပြီး ဘယ်သူမှလည်းမသေတဲ့ အတွက် အုပ်ရေးရေးမှူးအတွက်ကတော့ ရိုးရှင်းတဲ့ အရာတစ်ခုပါပဲ ။ ဒါပေမယ့် မနေ့က သူ့ သားအရိုက်ခံလိုက်ရတာပါ ။ သူသာ ကြားဝင် မဖြန်ဖြေလျှင် လူတိုင်းအမြင်မှာ ရယ်စရာ ဖြစ်သွားပေမှာပေ့ါ ။
ဒါကြောင့် ချန်လုဇောင်ရဲ့ ဆိုင်မှာတော့ ကိုယ်ရံတော် အစောင့်များဟာ ဝိုင်းလျက် ရှိနေကြတယ် ။ ဇိမ်ခံ ရထားလုံး ၂ စီး အဖိုးကြီးဆိုင်သို့ ဆိုက်ရောက်လာပါတော့တယ် ။ ရထားလုံး ၂ စီးဟာ ဆိုင်ပေါက်ဝ မရောက်ခင် ရပ်သွားပါတယ် ။ ရထားလုံးဘေးမှာ အစောင့်အပြည့်ရပ်လျက်ပါ ။ တစ်စီးဟာ အုပ်ချုပ်ရေးမှူး၏ ရထားလုံးဖြစ်ပြီး နောက်တစ်စီး ကတော့ ဒန်ရှန် သခင်ကြီးရဲ့ ရထားလုံးပါပဲ ။ ၂ ဖက်စလုံးမှာ တူညီတယ့် ရည်ရွယ်ချက် တစ်ခုပဲ ရှိပါတယ် ။ချန်ရှန်ကို ရှာဖို့အတွက်သာ ဖြစ်ပါတော့တယ် ။
ချန်ရှန်ဟာ သူ့ အခန်းထဲမှာ လေ့ကျင့်နေတာပါ သို့သော် သူ၏ အစွမ်းထက် အာရုံဖြင့် ၀င်ပေါက်က အုန်းအုန်းကြွကြွ ဖြစ်တာကို ကြားနိုင်ပါတယ် ။ သူဂရုတစိုက်ထပြီးနောက် အသံများကို နားစိုက်ထောင်ပါတယ် ။
“သခင်ကြီး ဟွာ ၊ ခင်ဗျား ကိုယ်တိုင် ကျွန်တော့သားကိစ္စ အတွက် ဒီကိုလာလိမ့်မယ်လို့ မထင်မိဘူး ၊ ကျွန်တော့သားဟာ ခင်ဗျားအတွက် ပြသနာာ တက်သွားတာပါ ။ ဒါကြောင့် သူ့ကို ခွင့်လွှတ်ပေးပါဦးနော်”
အမည်းရောင် ရထားလုံးမှ လူတစ်ယောက်ရဲ့ အသံဟာ အုပ်ချုပ်ရေးမှူးအသံဖြစ်ကြောင်း သိလိုက်ရတယ် ။ သူဟာ အလွန် တောင်ပိုင်း သိုင်းလောက အင်ပါယာတစ်ခုလုံးမှာ တော်တော် ပေါ်ပြူလာဖြစ်တယ့် အုပ်ချုပ်ရေးမှူး ဟွာ ဂေါင် ယန် ပါပဲ။
“ကောင်းပြီ ၊ ခင်ဗျားသားက ဒီတစ်ကြိမ်တော့ ဒန်ရှန်ဆေးတိုင်းပြည်အတွက် ပြသနာအကြီး ကြီး သယ်လာတာပဲ ၊ ကျွန်ုပ်က သူ့အတွက် ဒီကိုလာတာ မဟုတ်ပါဘူး ။ တစ်ယောက် ယောက်က ကျွန်ုပ် ဒန်ရှန်ကို ပြသနာလာရှာသွားတာ ဘာမှမလုပ်ပဲ ငြိမ်မထိုင်နေနိုင်ဘူး”
ဒေါသအနည်းငယ်ကို ဒီကောင်းမွန်တဲ့ အသံအတွင်းမှာ ခံစားလိုက်ရပါတယ် ။ ချန်ရှန် တော်တော်လည်း အံ့သြမိသွားတယ် ၊ ဒန်ရှန်ရဲ့ သခင်ကြီးဟာ မိန်းကလေး တစ်ယောက်ပဲ ။ သူ့စိတ်ကို ရှင်းလိုက်ပြီးနောက် ချန်ရှန် သူ၏ အခန်းထဲမှ အနောက်ဘက်ကိုဖြတ်ပြီး ဆိုင်ထဲ ၀င်လာခဲ့တယ် ။ ချန်လုဇောင်ကတော့ ထိုနေရာမှာရှိနေပါတယ် ။
“အဖိုးလေး ၊ ဒီတစ်ခါ ပုန်းမနေပဲ ဘာလို့လာတာလဲ”
ချန်ရှန် လေသံတီးတိုးဖြင့် မေးလိုက်တယ် ။ တံခါးလာခေါက်နေလို့ ဖြစ်ပါတယ် ။
“မပုန်းဘူး ၊ ငါမင်းကို စိုးရိမ်လို့ပဲ ၊ အုပ်ချုပ်ရေးမှူးနဲ့ ဒန်ရှန်သခင် တို့ဟာ မင်းသွားစလို့ ရတယ့် လူတွေမဟုတ်ဘူး”
တံခါးဖွင့်လိုက်ပြီးနောက်မှာတော့ ချန်ရှန်တို့ ၂ ယောက် စွမ်းအားပြည့် စစ်သားများ အပြင်မှာ ရပ်နေကြတာကို တွေ့ လိုက်ပါတယ် ။ ရထားလုံးဘေးမှာလည်း အပြည့်ပါပဲ ။
“မင်းတို့ ဘာလိုချင်လို့လဲ”
ချန်လုဇောင် ရယ်မောရင်း မေးလိုက်ပါတယ် ။ရထားလုံး ၂ ခု အတွင်းမှ လူ ၂ ယောက် ဆင်း လာတယ် ။ အနေတော် ခန္ဓာကိုယ် ဖြင့် တစ်ယောက်ကတော့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ် ။ သူ့မှာ အလွန်သေးငယ်လှတယ့် မုတ်ဆိတ်မွှေးလေး တစ်ခုရှိပါတယ် ။ ရွှေရောင် အဆင်တန်ဆာ များ ပါဝင်သော ရွှေရောင် ၀တ်ရုံကို ၀တ်ဆင်လျက်ပါ ။
နောက်တစ်ယောက်ကတော့ ဒန်ရှန်သခင်ကြီးလို့ခေါ်ကြတယ့် ကောင်မလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကျက်သရေ ရှိတဲ့ အလှကို ပိုင်ဆိုင်ထားပြီး ညင်သာစွာ ပြုံးလျက်ပါ ။ အပြာရောင် စကပ်ကို ၀တ်ဆင်ပြီး မျက်နာတွင် အဖြူရောင် ပိတ်စလေး တစ်ခု ကာထားပါတယ် ။ ဒါပေမယ့်လည်း ငယ်ရွယ်နုပျိုလှပမယ့် မျက်လုံးတွေ ရှိမယ်ဆိုတာ သိသာနေပါတော့တယ် ။ သူမဟာ ချန်ရှန်နဲ့ ချန်လုဇောင်ကို မြင်တယ့်အခါ မျက်လုံးများမှ တောက်ပတယ့် အလင်းတစ်ခု တောက်ပသွားသလိုပါပဲ ။
“ငါ့သားကို ထိခိုက်အောင်လုပ်တာ မင်းလား”
ဟွာဂေါင်ယန် ချန်ရှန်ကို သေချာကြည့်ပြီးမေးလိုက်ပါတယ် ။
“ဟုတ်တယ်”
ချန်ရှန်မျက်နာမှာ ကြောက်ရွံ့ ခြင်း အလျဉ်းမရှိပေ ။ သူဟာ ဘုရင့်မြို့ ရဲ့ ထိပ်သီး ၂ ယောက်ကို မျက်နာချင်းဆိုင်နေရသော်လည်း အရမ်းကို တည်ငြိမ်လျက်ပါပဲ ။ ဟွာဂေါင်ယန် ၏ သိုင်းပညာမှာ အဆင့် ၈ တွင်ရှိနေကြောင်း သူသိလိုက်ပါတယ် ။ သူဟာ ကြောက်ရွံ့ ခြင်းသာ မရှိတာပါ ။ ဒါပေမယ့် ထိုသူနဲ့ လည်း ယှဉ်ပြိုင်ချင်နေပါသေးတယ် ။ ဒီအချိန်မှာပဲ လူအုပ်အတွင်းမှ လူတစ်စုဟာ ပြေးထွက်ပြီး ချန်ရှန်ဆီသို့ ညွှန်ပြလျက်ပါ ။ သူတို့ရဲ့ အဆင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူတို့ ဟာ ဒန်ရှန်မှာတုန်းက ချန်ရှန်ကို တိုက်ခိုက်ခဲ့တဲ့ အစောင့်များဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ် ။
“သခင်ကြီး ၊ ဒီလူပါပဲ ကျွန်တော်တို့ ဒန်ရှန်ကိုလာပြီး ဆိုင်ရှင်နဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာပါ”
အစောင့်တစ်ယောက်က မျက်နာမဲ့ကာ ပြောဆိုပါတယ် ။ ဟွာဂေါင်ယန် အေးစက်စက်ပြုံး လိုက်ပြီး ဒန်ရှန်သခင်ကိုပြောလိုက်ပါတယ် ။
“ခုတော့ သေချာသွားပြီ ၊ သခင်ဟွာ ဒီလူအပေါ်ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ဒန်ရှန်သခင်၏ နောက်ပြောလိုက်တယ့် စကားကြောင့် အားလုံး အံ့အားသင့်သွားပါတယ် ။
“ဒီဆိုင်ကို ပျက်စီးအောင်လုပ်တယ့်လူတွေ ကို ဒန်ရှန်က ထုတ်ပယ်လိုက်တယ် ။ ဒီလူဟာ ငါတို့ဒန်ရှန်ကို ပြသနာရှာပေမယ့် ငါတို့က အရင် ပြသနာလုပ်လို့ဖြစ်တယ် ၊ ဒါကြောင့် ငါတို့ မစစ်ဆေးတော့ဘုး ၊ ဟွာယုယန် ဒီလူကို တောင်းပန်ဖို့ အခွင့်အရေးကို ယူပါတယ် ၊ နောက် ငါတို့ ဒန်ှရှန်က ဒီလူရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ပေးပါ့မယ်”
ဒန်ရှန်သခင်က ဒီလူကို တောင်းပန်မယ်တဲ့လား ၊ ဟွာဂေါင်ယန် တစ်ယောက်သာ ဒီလို အံ့သြ သွားတာမဟုတ် ၊ ချန်ရှန်ရော ချန်လုဇောင်ပါ ပဟေဠိ ဖြစ်သွားကြပါတယ် ။ စုမေးယို စကားအရ ဒီဒန်ရှန်သခင်ဟာ အမှားနဲ့ အမှန် ကြား ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် ချတတ်သော တကယ့်လူတစ်ယောက်ဆိုတာပါပဲ ။
“ဒန်ရှန်သခင်က မင်းကို ခွင့်လွှတ်ပေမယ့် ၊ ငါကတော့ အတူတူ လိုက်ခွင့်လွှတ်မှာ မဟုတ်ဘူး ၊ သူ့ကိုဖမ်းကြ ၊ ဒီလူဟာ ဘုရင့်မြို့ တော်ကို ဆူပူစေရုံမက လူများစွာကို ထိခိုက်နာကြင်စေတယ် ။ ဒီရက်စက်မှု အတိ်ုင်း သူပြန်ခံစားရမယ်”
ဟွာဂေါင်ယန်ဟာ နူးညံ့တယ့် အမျိုးသမီးလောက် မလွယ်ကူပါဘူး ။ဟွာယုယန် သက်ပြင်း အနည်းငယ်ချပြီး ပြောလိုက်ပါတယ် ။
“အုပ်ချုပ်ရေးမှူးဟွာ ၊ ဒီလူတွေဟာ ဆေးပညာရှင်တွေဖြစ်တယ် ။ ဆေးပညာရှင်တွေကို ရန်သူလို ဆက်ဆံမလို့လား?”
ဟွာဂေါင်ယန် တုန်လှုပ်သွားပါတယ် ။ ကိုယ်ရံတော်များနှင့် စစ်သားများလည်း ထို့အတူပါပဲ ။ ဒီလူငယ်လေးနဲ့ လူကြီးတို့ဟာ ဆေးဆရာတွေဖြစ်သတဲ့ ၊ ဒီတောင်ပိုင်းသိုင်လောကမှာ ဆေးပ ညာရှင်ဟာ အရမ်းကိုရှားပါးကြလိ်ု့ပါပဲ ။ အဓိကအားဖြင့် ဆေးဆရာအိုကြီးတွေဟာ ဂုဏ်အရှိန်အဝါ ကြီးမားလှပြီး လူအများလေးစားကြပါတယ် ။ ချန်ရှန်နဲ့ချန်လုဇောင်တို့ဟာ စကတည်းက မည်သည့်စကားမျှ မပြောပဲ ကြောက်ရွံ့ ခြင်းကင်းစွာ ရပ်နေကြတာပါ ။ ချန်လုဇောင်က ၀င်ပြောလိုက်ပါတယ် ။
“အုပ်ချုပ်ရေးမှူးဟွာ ၊ ဒီလူအိုကြီးက ဒီဆိုင်ကို ၀ယ်ထားတာကြာပါပြီ ၊ မင်းသားက ငါ့ဆိုင်က ၀ယ်ချင်နေတာ ၊ ဒါပေမယ့် ငါက မရောင်းနိုင်ဘူး ၊ ခုတော့ သူက င့ါမရှိတုန်း ငါ့ဆိုင်ကိုဖျက်ဆီးသွားတယ် ၊ မင်းမယုံရင် ပြန်ပြီးမေးကြည့်လိုက်”
“ဦးလေး က ဝိုဟူက ဆေးပင်ခန်းမက လူကြီးဖြစ်ပြီး ၊ ဒီလူငယ်ကတော့ ကျော်ကြားတဲ့ ချန်မျိုးနွယ်က ပါရမီရှင် ခင်လေး ဖြစ်မယ်ထင်တယ်”
ချန်မျိုးနွယ် ပါရမီရှင်တဲ့ ၊ သူဟာ ယောင်မိသားစု ပါရမီရှင်နဲ့ နံပါတ် ၇ ယောင်လူကြီးမင်းတို့ကို အနိုင်ယူထားသူ မဟုတ်ပါလော ။ ချန်ရှန်ရဲ့ ကျော်ကြားမှုကတော့ တောင်ပိုင်းသိုင်းလောက အင်ပါယာ တစ်ခုလုံးပါပဲ ။ သူဟာ ဘုရင့်မြို့ တော်ကို ရောက်လာခဲ့တယ် ။ ဆေးပင်ခန်းမ ရဲ့ လူကြီးနဲ့အတူ ရှိနေပါတယ် ။ လူတိုင်းဟာ ဆေးပင်ခန်းမလူကြီးနဲ့ ချန်မျိုးနွယ် မတည့်တာ သိကြပါတယ် ။
“အခု ငါက ဆေးပင်ခန်းမက လူ မဟုတ်တော့ဘူး ၊ ဒီကောင်လေးရဲ့ အမှုထမ်းပဲဖြစ်တယ် ။”
ချန်လုဇောင် ရယ်မောလျက်ပါ ။ ဒါပေမယ့် သူစကားက လူတိုင်းကို ထိတ်လန့်သွားစေပါတယ် ။ ဆေးပင်ခန်းမလူကြီးလို့ ခေါ်ကြတယ့် ဒီလူကြီးဟာ တောင်ပိုင်း သိုင်းလောကမှာ ထင်ရှားတဲ့ပုံရိပ်တစ်ခုပါပဲ ။ အခုတော့ တစ်စုံတစ်ယောက်ရဲ့ အမှုထမ်းတဲ့လား ၊ ဒီစကားသာ သူ့ ပါးစပ်ကထွက်တာကို မကြားပါက မည်သူမျှ ယုံကြည်ကြ မည်မဟုတ်ပေ ။ ဟွာဂေါင်ယန် ၏ မျက်ခုံးများ မြင့်လိုက်တက်လိုက် ဖြစ်နေပါတယ် ။ ဒီလူ ၂ ယောက်ဟာ ဆေးပညာရှင်များဖြစ်ပြီး သူ့သားဟာ ဒီလူတွေနဲ့ အငြင်းပွားစရာကိစ္စတွေ လုပ်နေတာ ဘယ်လိုတောင် ဉာဏ်နည်းတဲ့ သားပါလိမ့် ။ချန်ရှန် ဟွာဂေါင်ယန်ကို ကြည့်ကာ အေးစက်စက်ပြောလိုက်တယ် ။
“အုပ်ချုပ်ရေးမှူးဟွာ ၊ ခင်ဗျားရဲ့ သားဟာ ကျွန်တောတို့ ချန်မျိုးနွယ်သိက္ခာကို ချဖို့ ကြိုးစားနေတယ် ။ သူ့နေရာ တခြားလူသာဆို ကျွန်တော် ကြိမ်းသေ ဒဏ်ခတ်တယ် ။ မျိုးနွယ် တစ်ခုရဲ့ ဂုဏ်သိက္ခာကို စော်ကားခြင်းဟာ အရမ်းကို ဆိုးဝါးတယ့် ပြသနာကိစ္စဆိုတာကို ခင်ဗျား သိသင့်တယ်”
ချန်ရှန်ရဲ့ စကားလုံးများဟာ ချီဓာတ်တွေပြည့်လျက်ပါ ။လူအများစိတ်ထဲအံ့အားသင့်နေကြ တယ် ။ ချန်မျိုးနွယ်ဟာ ဘုရင့်မြို့ မှ ထိပ်သီး သိုင်းပညာရှင်မိသားစု မဟုတ်ပါဘူး ။ နှစ်များစွာ ကြာမှ ပြန်ပေါ်လာတာဖြစ်ပါတယ် ။ ဟွာဂေါင်ယန် သူ့မျက်ခုံးများ မြင့်တက်လျက် မျက်နာမှာ တော့ ဒေါသများ ပြည့်လျက်ပါ ။ သူတိုက်တော့ မတိုက်ခိုက်သေးပါဘူး ။ သူဒီလိုလုပ်ရင် ချန်မျိုးနွယ်ဆီက ပြစ်ဒဏ်ကို ခံစားရမှာပါ ။ သူနဲ့ ယောင်မျိုးနွယ်ရဲ့ ဆက်ဆံရေးဟာ ကောင်း မွန်လှသော်လည်း ၂ ဦး ၂ ဖက် အကျိုးရှိတယ့် ဆက်ဆံရေးသာ ဖြစ်နေပါတယ် ။
“သွားစို့”
ဟွာဂေါင်ယန် အေးစက်စွာ အော်လိုက်ပါတယ် ။ သူလည်း ရင်ထဲမှ ဒေါသများကို မြိုချကာ ပြန်ဖို့အတွက် ရထားလုံးပေါ် တက်သွားပါတော့တယ် . . . ။
( အုပ်ချုပ်ရေးမှူး နှင့် ဒန်ရှန် သခင်တို့အကြားတွင် မည်သို့မျှ ဆက်နွယ်မှု မရှိပေ ။ ၎င်းတို့၏ မျိုးရိုးနာမည် ဟွာ မှာ မတူညီကြပါ ။ ၂ ဦးလုံးဟာ မတူညီသော မျိုးနွယ် မှ ဖြစ်ကြပါတယ် ။ တရုတ်တွေဟာ “ဖိုနက်တစ်” လို့ ခေါ်တယ့် အသံထွက်ပြီး ခေါ်တဲ့အတွက် ဇာတ်ကောင်တစ်ခု ချင်းရဲ့ အမည်ဟာ အတူတူလို ရေးရချင်းပါ ။ အသံထွက်ရင်တော့ ကွဲပြားမှု ရှိပါတယ် ။
အုပ်ချုပ်ရေးမှူး ဟွာ ၏ တရုတ်လို အမည်မှာ – Hua Gao Yun
ဒန်ရှန်သခင် ၏ တရုတ်လို အမည်မှာ – Hua Yue Yun တို့ ဖြစ်ကြပါတယ်)

Comment

Leave a Reply

Options

not work with dark mode
Reset