Chapter – 30 သင်ခန်းစာပေးခြင်း
ချန်ရှန်ပုံစံမှာ ရိုးရှင်းလှသော်လည်း အမေဆုံးသွားသည့် သား တစ်ယောက်ပုံပေါ်နေပါတယ် ။ ဒေါသတွေကတော့ ငယ်ထိပ် ရောက်လျက်ပါ ။ ချန်ရှန်အော်သံကို ကြားလိုက်တယ့် ကိုယ်ရံတော်များမှာတော့ ချန်ရှန်ရဲ့ အစွမ်းကို ရိပ်စားမိသဖြင့် ရှေ့မတိုးဝံ့ကြ ဖြစ်နေကြပါတယ် ။
“ခင်ဗျားက ဆိုင်ရှင်လား”
ချန်ရှန်မေးသံကို ကြားကြသောကြောင့် ကိုယ်ရံတော်များသာ မက အပြင်ဘက်ရှိလူများပါ ရယ်မောကြပါတယ် ။
“ဆိုင်ရှင်ဘယ်သူမှန်းတောင်မသိပဲ ၊ မင်းက ပြသနာလာရှာ သေးတယ်”
ကိုယ်ရံတော်တစ်ယောက်မှ ရယ်မောပြောဆိုပါတယ် ။
“မင်းက ဆိုင်ရှင် ဟွာကို မသိသေးဘူးနဲ့တူတယ် ၊ မင်းမြို့တော်ရဲ့ တတိယအသက်အငယ်ဆုံး သခင်လေးကို သိသင့်တယ် ။ အုပ်ချုပ်ရေးမှူးရဲ့ တတိယသားကို လာပြီးပြဿနာရှာဝံ့သေးတယ်”
နောက် ကိုယ်ရံတော်တစ်ယောက်မှ ခနဲ့တဲ့တဲ့ ပြောပါတယ် ။
တရုတ်ရိုးရာဝတ်စုံကို သားနားစွာ ဝတ်ဆင်ထားသော လူလည်း ရှေ့သို့ ထွက်လာပါတယ် ။ မာနာအနည်းငယ် ရှိပုံ ရပြီး ထိုလူက ပြောပါတယ် ။
“ငါကဆိုင်ပိုင်ရှင် ဟွာဆင်းပဲ ။ မင်းဘာလာလုပ်တာလဲ”
“ဟက်ဟက်”
ချန်ရှန် ရယ်မောပြီး ထပ်မံပြောဆိုတယ် ။
“သောက်အချိန်တွေမဖြုန်းတော့ဘူး ။ မင်းလူတွေ သတ်ပြီး တာတောင် ဒီမှာ ဆိုင်ရှင်လာလုပ်နိုင်သေးတယ် ၊ မင်းဆိုင်ရှင် လုပ်နေတာကတော့ မဟုတ်သေးဘူး ။ မိဘအတွက် တကယ့်ဆန်ကုန်မြေလေးပဲ”
လူအားလုံးဟာ အံ့သြသွားတယ် ။ ချန်ရှန်ဒီလိုမျက်နာချင်းဆိုင် ပြောဝံ့မယ် မထင်ထားကြပါဘူး ၊ ဟွာဆင်း မျက်စိမျက်နာများပျက်လျက် ဒေါသထွက်သွားတယ် ချန်ရှန်ပြောတာလည်း အမှန်ပါပင် ။ အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ သားလုပ်နေပြီး သူတစ်ပါးနယ်မြေကို ထင်သလို ချယ်လှယ်ကာ စီးပွားရေးပင် အေးဆေးပြန်လုပ်နေ ခြင်းဟာ တကယ်ကိုရုပ်ဆိုးလှပါတယ် ။
“နောက်တစ်ခေါက်ထပ်ပြောမယ် ။ မင်းနဲ့ မင်းလူတွေ ငါတို့ ဆိုင်ကို ဖျက်ဆီးတာလား”
ချန်ရှန်အေးစက် တည်ငြိမ်စွာ ထပ်မေးလိုက်တယ် ။
“အဲတော့ ဘာဖြစ်လဲ ငါတို့ ဟွာ လွှတ်လို့ သွားတာလေ”
ကိုယ်ရံတော် တစ်ယောက်က ဒေါသတကြီး ပြန်ပြောလိုက် ပါတယ် ။ ဟွာစင်းရဲ့ မျက်နာလည်း ခပ်တည်တည်ဖြင့် –
“အဲဒိတော့ မင်းက ဒီကိုလာပြီး ကလဲ့စားချေတယ်ပေါ့ ။ ငါလွှတ်တာပဲ မင်းတို့ဆိုင်ကို ”
ဟွာစင်းဘေးက ကိုယ်ရံတော်များကလည်း သူတို့ ဘယ်လို ဖျက်ဆီးခဲ့ကြောင်း ဝိုင်းပြောကြပါတယ် ။
ချန်ရှန် အေးစက်စက်နဲ့ ပြန်ပြောလိုက်တယ် ။
“မင်းတို့က တကယ်ကို ခွေးအစုအဝေးပဲ ။ မင်းတို့ ဆရာက မင်းတို့လို မျက်ကန်းတွေကို ကျွန် လိုတောင် ရောင်းစားဖို့ ဝန်လေးမှာမဟုတ်ဘူး ။ ဘာလို့များ ပျော်ရွှင်နေကြပါလိမ့် ၊ ဆရာကောင်းရတယ်လို့များ ထင်နေကြတာလားကွ”
“ခွေးကောင် ၊ မင်းတော့ သေဖို့လာတာပဲ”
ပြောပြောဆိုဆိုဖြင့် ကိုယ်ရံတော်တစ်ယောက် ချန်ရှန်ဆီ ခုန်ဝင်လာပါတယ် ။ ထိုစဉ်မှာပဲ ချန်ရှန်၏ လက်မှာ ချီမီးလျှံ များ ရစ်ပတ်လာကြပါတယ် ။
” ဖတ် ” ဆိုပြီးအသံတစ်ခုနောက်မှာတော့ စူးစူးဝါးဝါး အော်သံတစ်ခုကို ကြားလိုက်ကြရတယ် ။ ချန်ရှန်လက်မှာ ကြာပွတ်တစ်ခုကိုင်လျက် ချီဓာတ်များပျံ့လွင့်နေပါတယ် ။ ထိုကိုယ်ရံတော်လည်း ကြာပွတ်ဖြင့် ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားကာ လဲကျသွားပါတယ် ။ အမည်းရောင် ခြစ်ရာကြီးလည်း မျက်နာပေါ်မှာ ထင်းလျက်ပါပဲ ။
ကိုယ်ရံတော်များဟာ ဒီအခြင်းအရာကို မြင်ပြီး ဆွံ့အသွားကြ သော်လည်း ချန်ရှန်ဆီ ပြေးလာကြပါတယ် ။ ထို့နောက်မှာတော့ အားလုံးထဲတွင် ထီးထီးကြီး တစ်ယောက် သာကျန်ပါတော့တယ် ။ ချန်ရှန် အေးစက်စက်ဖြင့် ထပ်ပြော လိုက်ပါတယ် ။
“တကယ်လို့ မင်းတို့လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ရင်တောင် ငါမခွင့်လွှတ်ဘူးလို့ ဆုံးဖြတ်ပြီးသား”
ရုတ်တရက်ပဲ အပူချီဓာတ်များကို စုစည်းပြီးနောက် ချန်ရှန်လက်မှ ကြာပွတ်မှ လှိုင်းများပင် ထွက်နေပါတယ် ။ အဆက်မပြတ် ကြာပွတ်အား လှည့်လည်နေမှု ကြောင့် တခြားလူများ ချန်ရှန်ကြာပွတ်အားမမြင်ရတော့ပဲ အလင်းတန်းများသာ မြင်ရပါတော့တယ် ။ ကြာပွတ်အများကြီးအား လှည့်ပတ်နေသကဲ့သို့ပါပဲ ။
အဆုံးမရှိတယ့်မီးကြာပွတ်များဟာ အလွန်ကြောက်ဖွယ် ကောင်းလှပါတယ် ။ ထို့နောက် ကိုယ်ရံတော်များဆီသို့ ပစ်လွှတ်လိုက်ပါတော့တယ် ။ ဟွာဇင်းနှင့်တကွ သူ၏ အဖွဲ့လည်းရှောင်တိမ်းချိန်ပင် မရလိုက်ပါချေ ။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ကြာပွတ်ဖြင့် အကြိမ်များစွာ အရိုက်ခံ ပြီးဖြစ်နေပါပြီ ။ ကြာပွတ်ကား အဆက်မပြတ် ရိုက်ခတ်လျက် ခန္ဓာကိုယ် အနှံ့သို့ ထိမှန်လျက်ပါပဲ ။ များစွာသော အမည်းရောင် ခြစ်ရာများ ဖြစ်ပေါ်လျက် လောင်ကျွမ်းကာ နာကြင်မှုကြောင့် အော်ဟစ်နေကြပါတော့တယ် ။ အချိန်ခဏ အတွင်းမှာပဲ တစ်ယောက်စီကို အနည်းဆုံး ၃ ချက်တော့ ကြာပွတ်စာ ကျွေးပြီး ဖြစ်နေပါပြီ ။
လူတိုင်းဟာ ချန်ရှန် သိုင်းပညာ အဆင့် ၆ ဆိုတာကို ကောင်းစွာ မြင်နိုင်ပါတယ် ။ ချန်ရှန်၏ ချီဓာတ်များဟာ အလွန်ကြောက်စရာကောင်းပြီး အားပြင်းလှပါတယ် ။ မမြင် နိုင်တယ့် စွမ်းအားကြီးမားသော လေကို အသက်ရှူသွင်းကာ ပြုမူနေသလိုမျိုးပါပဲ ။ အနီရင့်ရောင် နတ်အတွင်းအား ကျင့်စဉ်ဖြင့် ဒီမီးတောက်များ လည်ပတ်စေနေခြင်းပါပဲ ။ မည်သည့်လူမဆို ဒီအရာမျိုး ကြုံတွေ့ရပါက သွေးပျက်ကြောက်ရွံ့ မိမှာ အမှန်ပါပဲ ။
ဟွာစင်း ချန်ရှန်ဟာ သိုင်းပညာ အဆင့် ၆ ရှိသောလူဖြစ်သောကြောင့် စိတ်ရှုပ်မိတာတော့ အမှန်ပါပဲ ။ အရင်က သူသိတာဟာ သူဖျက်ဆီးခဲ့သောပိုင်ရှင်က အဘိုးကြီး ဖြစ်တယ်ဆိုတာပါ ။
“ဒန်ရှန် ဆေးတိုင်းပြည်အနေနဲ့ မင်းကို ဒီလိုလုပ်ခြင်းက ခွင့်လွှတ်မှာ မဟုတ်ပေဘူး ။ ငါတို့ ဆရာကြီးက အရမ်းစွမ်းအား ကြီးတာကွ”
ဟွာစင်း အော်ပြောလိုက်ပါတယ် ။ သူ့စကားအဆုံးမှာပဲ ရွှေကြာပွတ်ဖြင့် သူ၏ပါးစပ်ကို ရိုက်နှက်ခြင်း ခံလိုက်ရပါတယ် ။ ဟွာစင်းတစ်ယောက် ချန်ရှန်ရဲ့ စွမ်းအားအလွန်ကြီးတာကို ဝန်ခံရပါမယ် ။ အချိန်ခဏလေးအတွင်းမှာပင် သူတို့အားလုံး ခုခံချိန်မရလောက်အောင်မှောက်ခဲ့ပါပြီ ။ ဒါတင်မက ပြတ်ရှရာများ မှလည်း ချီဓာတ်များ တငွေ့ငွေ့ လောင်ကျွမ်းကာနေလျက်ပါ ။ ဒီအရာများကို အချိန်မီမဖယ်ရှားပါက နောင်အခါ သူတို့ သိုင်းလေ့ကျင့်ရာမှာ အဟန့်အတား ဖြစ်စေမှာပါ ။
“မင်းတို့ခေါင်းဆောင်ကို ပြောလိုက် ၊ ဖြစ်ခဲ့သမျှကို ပြန်ကလဲ့စား ချေချင်ရင် ဆိုင်လာတွေ့ခိုင်းလိုက်”
ချန်ရှန်ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့ပါတယ် ။ တချို့သော ဒဏ်ရာမရရှိတဲ့ ကိုယ်ရံတော်များ ကျန်သေးသော်လည်း မည်သူမျှ မတားဝံ့ပါချေ ။
ချန်ရှန်ထွက်သွားတာကို ကြည့်နေရင်း လူတိုင်းဟာ စိတ်လှုပ်ရှား လျက်ပါ ။ သူတို့မြင်ခဲ့တာတွေနဲ့ ပတ်သတ်၍ ကောလဟာလများ ပြန့်ပွားရင်းပေါ့ ။
ဆိုင်အနောက်တွင်တော့ ချန်လုဇောင်တစ်ယောက် ရယ်မောနေ ပါတော့တယ် ။
“ကောင်လေး ၊ မင်းက ဒန်ရှန် ကိုသာမက အုပ်ချုပ်ရေးမှူးကိုပါ ကလန်ကဆန် လုပ်ခဲ့တာပဲ ၊ ငါသာမင်းနေရာဆို ပြေးပြီဟေ့”
ချန်ရှန် အထင်သေးတယ့် အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ် –
“အဖိုးလေး ဆိုင်ရှင်ဟာ အုပ်ချုပ်ရေးမှူးသားဆိုတာ သိပြီးသားလား ၊ မျက်စိတမှတ်အတွင်းမှာပဲ အဖိုးလေးလည်း ဘယ်ပျောက်သွားမှန်းမသိပါဘူး”
ချန်လုဇောင် ပြုံးလျက်ပြောပါတယ် ။
“ငါ့ရဲ့ အရိုးအိုတွေက မင်းလိုမဟုတ်ဘူး ကောင်လေးရ ၊ ငါမိုက်ရူးရဲမဆန်နိ်ုင်ဘူး ၊ ဒါကြောင့်ဒီပြသာကို ရှင်းဖို့က မင်းအတွက်ပဲ ၊ ငါကတော့ အားနေရုံပဲဟေ့ ၊ ဒါပါပဲ။”
ချန်ရှန်ဟာ ခရီးအရှည်ကြီးကို ရက်ပေါင်းများစွာ နှင်လာခဲ့ရသောကြောင့် တော်တော်ပင်ပန်းနေပါတယ် ။ ဒါကြောင့် ကောင်းကောင်းအနားယူဖို့ လိုအပ်တယ် ။ မကြာခင်မှာတော့ ဒန်ရှန်သခင်နဲ့ သာမက အုပ်ချုပ်ရေးမှူး ဖြင့်ပါ ရင်ဆိုရတော့မှာပါ ။
ချန်ရှန်၎င်းတို့နှင့် ရင်ဆိုင်ရန် အစီအစဉ်တွေ ရှိပြီးသားပါ ။ ဒါဟာ အုပ်ချုပ်ရေးမှူးသားကို ဘာကြောင့်ရင်ဆိုင်ဝံ့တာလဲ ဆိုတယ့် အဖြေပါပဲ ။ ဒါပြီးရင်တော့ ဒီကမ္ဘာမှာ ချမ်းသာခြင်းဟာ ခွန်အားကြီးတာ မှန်ပါတယ် ၊ ဒါပေမယ့် စစ်မှန်တယ့်ခွန်အားဟာ ချမ်းသာခြင်းစွမ်းအားထက် ပိုမို သာလွန်နေမှာပါ ။
“ချန်ရှန် ၊ ဒန်ရှန်က ဂိုဏ်းတစ်ခုရဲ့ အကိုင်းခွဲ တစ်ခု ဖြစ်နိုင်တယ်”
စုမေးယို ကွင်းအတွင်းမှ ထွက်လာပြီး ပြောပါတယ် ။ ချန်ရှန်ဟာ ဒီအချိန်မှာ ရေချိုးကန်ထဲတွင် စိမ်နေတာပါ ။ စုမေးယို ရုတ်တရက်ပေါ်လာသောကြောင့် လန့်သွားတယ် ။ ထို့နောက် ပြောလိုက်ပါတယ် ။
“အမတော် မေးယို ၊ ဘာလို့အရင်မပြောပဲလာတာလဲ”
စုမေးယိုဟာ ချန်ရှန်၏ သန်စွမ်းလှသော ကြွက်သားများကို ကြည့်နေရင်း ဆွဲဆောင်မှု ရှိစွာ ပြုံးပြီး –
“နားပါကွာ ၊ ဒန်ရှန်တောင်ယွမ် ဟာ ခင်မင်တယ့် ဂိုဏ်းဖြစ်တယ် ။ ဒါတင်မကသေး သူတို့ဟာ အမှန်နဲ့အမှားကြားမှာ တိကျတယ့် ဆုံးဖြတ်ချက်ကို ပြုလုပ်နေတာ ၊ ငါထင်တယ် ဒန်ရှန်ုသခင်ဟာ မင်းကိုဒုက္ခပေးဖို့ ရှာမှာမဟုတ်ဘူး”
ချန်ရှန် သက်ပြင်းချလျက် အသက်၀၀ ရှူလိုက်ပါတယ် ။ ထို့နောက် ရယ်ကျဲကျဲဖြင့် –
“အမတော်မေးယို ၊ ရေတွေက နွေးတုန်းပဲဗျ ၊ ကျွန်တော်နဲ့ လာချိုးပါလား”
“ငါ့အမကို မင်းနဲ့လိုက်ဖို့ ပြောလိုက်မယ် ၊ သူက အေးစက်စက်ပေမယ့် ရေနွေးနဲ့ချိုးရတာ ကြိုက်တယ်လေ”
စုမေးယိုက စကားကို လျောချပြီး ပြောလိုက်ပါတယ်
ချန်ရှန် ချောင်း ၂ ချက်ခန့် ဟန့်ကာ မေးလိုက်တယ် ။
“ဒန်ရှန်တောင်ယွမ် ဆိုတာ ဂိုဏ်းနာမည်လား”
ချန်ရှန် ဟာ ဒီလို ကြီးမားတဲ့ ဂိုဏ်းကြီးတွေကို အရမ်း ၀င်ချင်တာ ဖြစ်ပါတယ် ။
စုမေးယိုဟာ နောက် ရေချိုးကန်အတွင်းဝင်သွားပြီး ပြောပါတယ် ။
“အဓိက ဂိုဏ်းကြီး ၈ ဂိုဏ်းမှာ ဒန်ရှန်တောင်ယွမ်ဟာ ဆေးပညာနဲ့ပတ်သတ်ပြီး တခြား ဂိုဏ်းများကတောင် မနာလိုရတယ့် ဂိုဏ်းဖြစ်တယ်”
“ကျွန်တော့အတွက် ၀င်ဖို့ မသင့်ပေဘူးလား ၊ နောက်ပြီး ဆေးပညာနဲ့ ဆက်စပ်တဲ့ ဂိုဏ်းလည်း ဖြစ်နေတယ်လေ”
စုမေးယို ခေါင်းခါရမ်းလိုက်ပါတယ် ။
“ငါကတော့ မင်းကို ဒီလို မလုပ်စေချင်ဘူး ၊ ဆေးပညာအတွက် ငါသင်ပေးနိုင်တယ် ၊ မင်း စွမ်းအားကြီးတယ့် သိုင်းပညာဂိုဏ်းကို ၀င်သင့်တယ် ၊ ၎င်းဟာ သိုင်းပညာမှာ ခွန်အားကြီးလာရင် ဂိုဏ်း ၈ ဂိုဏ်းမှာ ထိပ်ဖြစ်လာမှာပဲ ။ နှစ်များစွာ အခြေတည်ပြီးရင်တော့ စွမ်းအားကြီးသိုင်းပညာဂိုဏ်းရဲ့ ပထမဆုံး အလင်းရောင်လေးဟာ ဒဏ္ဍာရီ ပုံရိပ်တစ်ခုဖြစ်လာပါလိမ့်မယ်”
ဒီလို သိုင်းဂိုဏ်းတွေ ၀င်နိုင်ဖို့က ချန်ရှန်ပိုပြီး လုံ့လစိုက်ထုတ်ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ ဒီခရီးကို မစတင်ခင် သူဟာ အဆင့် ၉ ကိုရောက်နေရမှာ ဖြစ်တယ့်အတွက်ပဲ ဖြစ်ပါတော့တယ် . . . ။