Chapter – 29 ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည်ကြီး
မြို့ သို့ဝင်ရောက်ပြီးနောက်မှာတော့ လူအများဟာ နံရံအရှည်ကြီး တစ်ခုရှေ့ မှာ စုဝေးလျက် ရှိနေတာကို တွေ့ လိုက်ရပါတယ် ။ သူလည်းတိုးဝှေ့ ကြည့်လိုက်သောအခါ နံရံတွင် များစွာ သော အချက်အလက်များကို တွေ့လိုက်ပါတယ် ။ ၎င်းတို့ဟာ တချို့ က အရပ်မျက်နာများကို ရည်ညွှန်းကာ တချို့ ကတော့ တခြားအချက်အလက်တွေ ဖြစ်ကြပါတယ် ။ ထိပ်ဆုံးတွင်တော့ မြို့ တစ်ခုလုံးမြေပုံနဲ့ နားခိုဆောင်များကို ညွှန်ပြထားတာဖြစ်ပြီး ၊ ဈေးဆိုင်များ ၊ တော်ဝင်နန်း တော်များ၊ သိုင်းလောကထိပ်တန်းများ၏ လ်ိပ်စာများကို ဖော်ပြထားပါတယ် ။
မြေပုံဟာတော်တော် အသေးစိတ်ပါတယ် ။ ချန်ရှန်ဟာ မြေပုံပေါ်မှာ ယောင်မျိုးနွယ်ရဲ့ လ်ိပ်စာ ကို တွေ့လိုက်တယ် ။ ၎င်းဟာ တော်ဝင်နန်းတော်နဲ့ မဝေးလှပါဘူး ။ ရွှီမျိုးနွယ်လိပ်စာကိုပါ တွေ့ လိုက်ရသောကြောင့်ကျေနပ်သွားပါတယ် ။ ရွှီမျိုးနွယ်ဟာ ဒီမြို့ မှာ နေထိုင်နေပြီ ဖြစ်ပါ တယ် ။
နောက်ထပ် ချန်ရှန်ကို ဖမ်းစားစေတယ့် အရာကတော့ ပစ္စည်းများရောင်းခြင်း ၀ယ် ခြင်း ဖြစ်ဖြစ် ၊ လူပျောက် သို့မဟုတ် ပစ္စည်းပျောက် ရှာချင်ရင်ပဲ ဖြစ်ဖြစ် ၊ အလုပ် အမျိုးမျိုးအတွက် အလုပ်သမားသစ်ခေါ်ရင်ပဲ ဖြစ်ဖြစ် အထက်ပါအကြောင်းအရာများနဲ့ ပတ်သတ်တယ့် အချက်အလက်တွေကို ပေးတဲ့စာပါပဲ ။ ဒါဟာ ဘုရင့်မြို့ တော်ကို ယခုမှ ရောက်လာသူတွေအတွက် အကူအညီပေးတာပဲ ဖြစ်ပါတယ် ။
ချန်ရှန် အချက်အလက်ကြောင့် ချွေးတော်တော်ပြန် သွားပါတယ် ။ ဒီပိုစတာကပ်သူက သူ့ အဖိုးလေး ဖြစ်နေလို့ပါပဲ ။
“ဆေးပညာအဖွဲ့ လူခေါ်ခြင်း . .၊ တည်နေရာ . . . ၊ ပုံ . . . ချန်လုဇောင်”
ချန်ရှန် တည်နေရာကိုမှတ်သားပြီး မြေပုံမှာရှာကြည့်ပါတယ် ။
“အဖိုးလေး သွားတာ တော်တော်မြန်တာပဲ ၊ဒီမြို့ ရောက်နေရုံမကပဲ ဆေးဆိုင်ပါတွေ့ ထား ပြီကိုး”
ချန်ရှန် မြေပုံမှာတွေ့ ပါပြီ ၊ နေရာလေးက တော်တော်ကောင်းပါတယ် ။ လမ်းလေးခွဆုံရာမှာ တည်ရှိပြီး ၃ ထပ်တိုက်ကြီးပင် ဖြစ်နေပါသေးတယ် ။ သူလည်း လမ်းကြောင်းကို မှတ်သားပြီး နောက် ချက်ချင်းထွက်ခွာခဲ့ပါတယ် ။ ချန်ရှန် မကြာခင် ဆိုင်ရောက်တယ့်အခါမှာ ဆိုင်ပိတ် ထားတာကိုတွေ့ လိုက်ရပြီး တံခါးများကတော့ တော်တော်ပျက်ဆီးထိခိုက်ထားတာပါ တွေ့ လိုက်ရပါတယ် ။ ကွဲအက်ရာများနဲ့တခြားအမှတ်အသားများပါ တွေ့ လိုက်ရပါတယ် ။ ချန်ရှန်မျက်မှောင်ကြုတ်ကာ တံခါးခေါက်လိုက်တယ် ။
“ဘယ်သူလဲ”
တော်တော်ဒေါသထွက်နေတယ့် အသံတစ်သံကို အထဲမှ ကြားလိုက်ရပါတယ် ။
“အဖိုးလေး ၊ ကျွန်တော်ပါဗျ”
ချန်ရှန်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်တယ် ။ တံခါးပွင့်လာပြီးနောက် ချန်ရှန်ဟာ ချန်လုဇောင်ရဲ့ ဒေါသများ ပြည့်နေသည့် မျက်နာကို တွေ့ လိုက်ရပါတယ် ။ ဒီအချိန်မှာပဲ ချန်ရှန်ဟာ ဆိုင်တစ်ခုလုံး ပြန့်ကျဲလျက် နေတာကို တွေ့တယ် ။ ခုံကျိုးတွေ ၊ နံရံတွေပေါ်က ဓားခုတ်ရာတွေ ၊ ဒါတွေကို မြင်ပြီးနောက်မှာတော့ ချန်ရှန် ရုတ်တရက် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်မိတယ် ။ သူ့မျက်လုံးမှာတော့ ဒေါသတွေ ပြည့်နေပါပြီ ။
“ဒါဘယ်သူလုပ်တာလဲ”
ချန်ရှန် လေးလေးနက်နက်မေးလိုက်တယ် ။ ချန်ရှန် စိတ်ထဲတွင်လည်း လုပ်တယ့်ကောင် ကတော့ ဒီဟာနဲ့ညီမျှတာရဲ့ ဆယ်ဆ ပြန်ပေးဆပ်စေရမယ်လို့ ကျိန်ဆိုလျက်ပါ ။
“အထဲလာ ငါတို့ စကားပြောကြတာပေါ့”
ချန်လုဇောင်က ခေါ်လိုက်ပါတယ် ။ ချန်ရှန် အထဲရောက်တဲ့ အခါမှာတော့ ၃ လွှာပေါ်တက်ကြ တယ် ။ သွားရာလမ်းတစ်လျှောက် ပျက်ဆီးမှုတော်တော် များများကို ထပ်မြင်ရပါသေးတယ်။ နံရံတွေ ၊ ကြမ်းပြင်တွေနဲ့ အမိုးတွေအားလုံး လုံးဝကို ပျက်ဆီးလျက်ပါ ။ စားပွဲနဲ့ကုလားထိ်ုင် များအဖြစ်ကတော့ ဖော်ပြစရာပင် မလိုတော့ပါချေ ။ ချန်ရှန်ကြည့်လေလေ ဒေါသထွက်လေလေ ပါပဲ ။ ဒါပေမယ့် သူ့မျက်နာကတော့ တည်ငြိမ်လျက်ပါ ။ ဒီအချက်က ချန်လုဇောင်ကို တော်တော်အံ့အားသင့်စေပါတယ် ။
သုံးထပ်မြောက်မှာတော့ သူတို့ ၂ ယောက်သား ကြမ်းပြင်တွင် ထိုင်ချလိုက်ကြတယ် ။
“အနောက်ပိုင်းကတော့ ကောင်းသေးတယ် ၊ ငါလက်ထောက် ၂ ယောက်ခေါ်ထားသေး တယ် ။ ဒါပေမယ့် သူတို့လည်း ဒဏ်ရာရကုန်ပြီ ။ သူတို့ကို ငွေနဲ့ ဆေးတချို့ ပေးရတယ်”
ချန်လုဇောင် သက်ပြင်းချကာ ထပ်မံပြီး
“ဒီဆိုင်ကို ၀ယ်တာကြာပြီ ၊ ဒီမနက်ငါရောက်တယ့်အခါ လူတချို့ ပြေးဝင်လာပြီး ခုတော့ မင်းမြင်တယ့်အတိုင်းပဲ”
“ဘယ်သူလုပ်တာလဲ ကျွန်တော့ လုပ်တဲ့လူကို ချက်ချင်းလျော်ခိုင်းမယ်”
ချန်ရှန်မှ သတ်ချင်စိတ်တွေ ပြည့်နေပါပြီ ၊ သိပ်မကြာခင်ကပဲ ယောင်မျိုးနွယ်လူကြီးနဲ့ ပါရမီရှင် တို့ကို သတ်ပြီးပြီ ၊ ဘယ်လိုလူဖြစ်ဖြစ် ရင်ဆိုင်ဖို့အသင့်ပဲလေ ။
“ငါလည်းဒီကောင်တွေကို သွားပြီး သင်ခန်းစာပေးချင်တာပေါ့ကွာ ၊ ဒါပေမယ့် သူတို့က ဆေးပညာအဖွဲ့ အစည်းအင်အားစုထဲက ဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့ လူတွေ ပဲ ။ ငါတို့ သွားလုပ်ရင် ဆေးရောင်းဖို့ ခက်ခဲသွားလိမ့်မယ်”
ချန်ရှန်က အေးစက်စက်ဖြင့် ပြောလိုက်တယ် ။
“အဖိုးလေး ၊ စိုးရိမ်စရာမလိုပါဘူး ၊ ကျွန်တော်တို့ ချန်မျိုးနွယ်ဟာ ဘုရင့်မြို့ တော်ကို ၀င်ရောက် လာခဲ့ပြီ ၊ အနာဂတ်မှာ ကျွန်တော်တို့ ချန်မျိုးနွယ် ဒီမှာ အခြေတကျ မနေနိုင်ဘူးလား ။”
“ငါလည်းနားလည်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ဒီဆိုင်ကို လိုချင်တယ့် ဆိုင်ပိုင်ရှင်ရဲ့ နောက်မှာ ဆေးပညာအဖွဲ့အင်အားစုဟာ ရှိနေတယ် ။ ဒါပေမယ့် ငါငြင်းလိုက်တယ် ။ အဲဒါပြီးတော့ အဖွဲ့ဝင်သစ် ကြေငြာစာ ကပ်လိုက်တယ် ။ သူကလည်း သူအစီစဉ်တိုင်းလုပ်တာပဲကွ ၊ သူက ငါ့ကို ဒီအခြေအနေကနေ နောက်ဆုတ်စေချင်နေတာ”
ချန်ရှန် သူ၏ နှုတ်ခမ်းများကွေးကာ ပြောလိုက်တယ် ။
“အဖိုးလေး ၊ အဖိုးလေးက ဆေးဆရာ လေ ၊ သာမန် ဆိုင်ပိုင်ရှင်တစ်ယောက်က ဖိနိပ်သွား တာ အံ့သြစရာပဲဗျာ”
ချန်လုဇောင် ပြုံးပြီးပြောလိုက်တယ် ။
“ငါက အခြေနေအားလုံးကို စဉ်းစားဆင်ခြင်လိုက်တာကွ ၊ နောက်ငါတို့ ချန်မျိုးနွယ်က ယောင်မျိုးနွယ်အပေါ် စိတ်မကျေမနပ်ဖြစ်စေခဲ့တယ်မဟုတ်လား”
ဘုရင့်မြို့ တောင်ရဲ့ ဘေးဘက်အခြမ်းမှာတော့ ယောင်မျိုးနွယ်ရှိနေတာဖြစ်ပြီး ၎င်းတို့ဟာ လည်း ဆေးပညာအင်အားစုပါပဲ ။ ဒီအင်အားစုများကို ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည် လို့တင်စားခေါ်တွင်ပါ တယ် ။ ဘုရင့်မြို့ တော် နှင့် တခြားမြို့ အများအပြားမှာ ဆိုင်ခွဲများရှိပြီး အရင်က သိပ်မထင် ရှားပေမယ့် ယခုတွင်တော့ ပြောင်းလဲမှုတွေ စတင်နေပါပြီ ။
“ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည်ကြီး ဟုတ်လား ၊ ကျွန်တော် အဲဒိကိုသွားပြီး ပိုင်ရှင်ကိုရှာမယ် ။ ဒီမြို့ မှာရှိတဲ့ ဒန်ရှန်ဆိုင်ခွဲငါးခုထဲက တစ်ခုက သူ့ဆိ်ုင်လား”
ချန်ရှန် ပြောပြောဆိုနဲ့ ထလိုက်ပါတယ် ။ သူ့ အောက်က ဖုန်များဟာ လည်း အရှိန်ကြောင့် လွင့်ထွက်ကုန်တယ် ။ သူ့ မျက်နာအနေအထားကို ကြည့်ရတာတော့ အရှုံးပေးရန် အစီအစဉ် လုံးဝ မရှိဘူးဆိုတာကို မည်သူမဆို ခန့်မှန်းနိုင်ပါတယ် ။ ချန်လုဇောင်ဟာလည်း ဒီနေ့တော့ ဖြင့် ဒီအစီအစဉ်ကို ရပ်တန့်နိုင်မည့် တခြားနည်းလမ်းရှိတော့မည်မဟုတ်ဟု ရိပ်မိလိုက်ပါတယ် ။သူ့ရဲ့ မြေးတ၀မ်းကွဲကိုလည်း သိုင်းပညာရပ်နှင့် ပတ်သက်ပြီး ယုံကြည် မှု ရှိလျက်ပါ ။
“တောင်ပိုင်းမှာ ၊ ဘယ်သူမှ မသတ်ရဘူးဆိုတာ သတိရပါ ။ ဒီဘုရင့်မြို့ တော်မှာ လူသတ်ခြင်း ဟာ စားကောင်းတယ့် အသီးမဟုတ်ဘူးကွ ၊ ငါပါမင်းနဲ့ရောလစ်သွားမယ်”
ချန်ရှန်ခေါင်းညိမ့်လျက် လက်ခံလိုက်ပါတယ် ။ ထို့နောက် ၂ ယောက်သား ဆိုင်မှ ထွက်လာ ကြတော့တယ် ။
“အဖိုးလေး ၊ အဖိုးလေးရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲဗျ”
ချန်လုဇောင်နဲ့ပတ်သတ်ပြီး ချန်ရှန်ဟာ မီးရဲ့ ချီဓာတ်ကိုတော့ အာရုံခံမိပါတယ် ။ သို့သော် အားကောင်းသည့် စစ်မှန်သောချီဓာတ် ကို မခံစားမိသောကြောင့်ဖြစ်ပါတယ် ။
“ဟိဟိ ငါက လူမသတ်တတ်တဲ့ သတ်သတ်လွတ်သမား မဟုတ်ပါဘူးကွ ၊ ဒါပေမယ့် မင်းအဖိုးရဲ့ အစွမ်းနဲ့တော့ မနှိုင်းနဲ့ပေ့ါကွာ”
ချန်လုဇောင် မရေရာသောအဖြေသာ ပေးပါတယ် ။
“ကောင်လေး ၊ ဒီမြို့ မှာ ငုံ့နေတယ့် ကျားနဲ့ ပုန်းနေတယ့် နဂါးလိုလူတွေ ရှိတယ် ။ ဒါကြောင့် ငါထင်ရာတွေတော့ မလုပ်ရဲဘူးကွ”
ချန်ရှန်ခေါင်းညိမ့်လျက် ပြန်ပြောပါတယ် ။
“ကျွန်တော်နားလည်ပါတယ် ။ အဖိုးလေးပြောတာကို နားထောင်ရသလောက်တော့ အဖိုးလေး အများကြီး စွမ်းအားကြီးပုံပါပဲ ၊ မမျှော်လင့်စွာပဲ အဖိုးလေးဟာ အရှုံးကို ၀န်ခံနေ တယ် ။”
ချန်လုဇောင် ပြုံးရင် ပြန်ပြောတယ် ။
“မကြာခင်မှာ ရှုံ့ တွနေတယ့် အသီးဟာ စားဖို့ ခက်ခဲတယ်ဆိုတာကို မင်းသိလာမှာပါ ။ အခုတော့ ဒီလူဆင်းရဲအိုကြီးရဲ့ အားကို ဘယ်သူမှ မသိဘူး ။ ငါ့ကိုရန်စရင်ပေါ့လေ ဟားဟား”
ချန်လုဇောင် ရယ်သံဟာ တော်တော် ရက်စက်ပုံပေါက်နေပါတယ် ။ ချန်ရှန်တောင် ကျော ချမ်းမိတယ် ။ စွမ်းအင်တွေကို ဖုန်းကွယ်ထားတဲ့လူဟာ ရန်သူတွေအား အရမ်းကို ကျောချမ်း ဖွယ် အံ့သြမှုများ ပေးနိုင်ပါတယ် ။ ဒါဟာတကယ့်ကို ရက်စက်မှုပါပဲ ။
မကြာခင်မှာတော့ သူတို့ ၂ ယောက် နံရံတွေအမြင့်ကြီး ကာရံထားတဲ့ အိမ်တော်ကြီး တစ်ခုသို့ ရောက်လာတယ် ။ ဒါကတော့ တောင်ပိုင်းက ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည် ဟု တင်စားကြသည့် အိမ်တော်ကြီးပါပဲ ။ သူတို့ဟာ ကြီးမားလှတယ့် ၂ ထပ်အိမ်တော်ကြီးထဲ ၀င်သွားကြတယ် ။ အတွင်းကတော့ ဆေးတွေ အမြောက်အများရောင်းချတယ့် နေရာပါပဲ ။
“ကောင်လေး ၊ ဘယ်ဟာကိုဖြစ်ဖြစ် အဝေးကို မယူနဲ့နော်”
ချန်လုဇောင် မှာလိ်ုက်ပါတယ် ။ ချန်ရှန်ခေါင်းညိမ့်ကာ အော်လိုက်ပါတယ် ။
“ဆိုင်ရှင် ရှိလား မြန်မြန် ထွက်ခဲ့ပါဦး”
ချန်ရှန် အားကောင်းတယ့်ချီဓာတ်များ သူ့အသံတွင် ထည့်အော်လိုက်တာပါ ။ အဆောက်အအုံတစ်ခုလုံးမှ ဟိန်းထွက်သွားပါတယ် ။ အထဲရှိလူများ ကြောင်လျက်ပါပဲ ။ တကယ်ကိုအံ့အားသင့်စေတာက ဒီနေရာလာပြီး ပြသနာရှာရဲသောကြောင့်ပါ ။ ဒါတင်မက ဆယ်ကျော်သက်လေးတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ်လေ ။
ဒန်ရှန်ဆိုင်ရဲ့ စီးပွားရေးက တော်တော် ကောင်းပါတယ် ။ လူများအုံလျက်ပါပဲ ၊ သို့သော် ချန်ရှန်အော်သံကြောင့် လူတွေဟာ ချက်ချင်း ထွက်ခွာသွားကြပြီး အခြေအနေကို စောင့် ကြည့်နေကြပါတယ် ။ ချန်ရှန်အော်သံဟာ ဒန်ရှန်ရဲ့ အမှုထမ်းအားလုံးကို တော်တော် အနှောက်အယှက် ဖြစ်သွားစေတယ် ။ များစွာသော ကိုယ်ရံတော် အစောင့်များဟာ ချက်ချင်း ထွက်လာကြပြီး ချန်ရှန်ကို ဝိုင်းထားကြပါတယ် ။
ဒီလူတွေအားလုံးဟာ သိုင်းပညာ အဆင့် ၄ သို့မဟုတ် ၅ ပဲ ရှိမှာပါ ။ ချန်ရှန်ဟာ ၎င်းတို့ကိုယ် မှ ထွက်ပေါ်နေတယ့် ချီဓာတ် အနည်းကို မြင်တယ့်အတွက် ခန့်မှန်း မိခြင်းပါ ။ ချန်ရှန်လို အဆင့် ၆ ပညာရှင် နဲ့တော့ မတူနိုင်ပါဘူး ။ ဒါကြောင့် ချန်ရှန်ဟာ ဒီလူများထက် များစွာ သာလွန်နေပါတော့တယ် ။
ချန်ရှန် ပတ်ပတ်လည်ကို ကြည့်လိုက်တယ် ။ချန်လုဇောင်ကို မတွေ့ ရတော့ပေ ၊ သိပ်မကြာခင် အချိန်ကပဲ ချန်လုဇောင်ဟာ လူစုထဲဝင်လျက် ရောနေကာ အပြင်မှာ ကျန်နေ ခဲ့ပါပြီ ၊ ချန်လုဇောင်တစ်ယောက် ဒီကိစ္စမှာ ၀င်ပါချင်ပုံမရပါဘူး ။
“ဒါကို ဘယ်နေရာလို့ ထင်နေတာလဲကွ ၊ မင်း ဒီနေရာကို လာပြီး ပြသနာရှာဝံ့တာ မှားသွားပြီ”
နောက်ဆုံးမှာတော့ အသက် ၃၀ ခန့်အရွယ် ကြည့်ကောင်းကောင်း လူတစ်ယောက် ရှေ့ ထွက်လာပါတယ် ။ သူဟာ အဖြူရောင် တန်ဖိုးကြီး အ၀တ်အစားများကို ၀တ်ဆင်ထားကာ အထူးကောင်းမွန်လှတယ့် ကျောက်စိမ်း ခါးပတ်ကို ခါးမှာ ပတ်ထားပါတယ် ။ တစ်ချက်ကြည့် လိုက်ရုံဖြင့် ဒီလူရဲ့ အထက်တန်းလွှာပုံစံကို ခန့်မှန်းနိုင်ပါတော့တယ် . . . ။