Switch Mode

Chapter – 28

ဘုရင့်မြို့တော်

Chapter – 28 ဘုရင့်မြို့ တော်

ချန်ရှန် သူ့ကိုသတ်ဖို့ ကြိုးစားသူများကို တစ်ယောက်မှအရှင်မထားခဲ့ပေ ။ ဒါတင်မက ဒါဟာ ယောင်မျိုးနွယ်ရဲ့ အားနည်းချက်ဖြစ်သွားသောကြောင့် သူ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်တော့မှာပါ ။
“အမှန်ပဲ ၊ သိုင်းပြိုင်ပွဲခရီးလမ်းမှာ တိတိကျကျ သတ်စရာရှိသတ်ရမယ် ။ ဒါမှမဟုတ်ရင် မကျေနပ်ချက်တွေဟာ ရင်ထဲခိုးလိုးခုလုဖြစ်နေတယ့်အတွက် ချီပြန့်ကွဲခြင်းကို ဖြစ်စေတယ် ။ ဒါကြောင့် မင်းအခု ဒီလူကို မှီအောင်လိုက်ပြီး ခေါင်းဖြတ်ကွပ်မျက်ရမယ်”
ဘိ်ုင်ယုယု စကားလုံးများဟာ ဒေါသကြီးသော ချီဓာတ်များ ပြည့်နေပါတော့တယ် ။ ချန်ရှန် ပျံသန်းနေတုန်းပါပဲ ။ အားလုံးထဲမှာ ဒီနည်းကို သူ သဘောအကျဆုံး ဖြစ်ပါတယ် ။ ကလေး ဘ၀ကတည်းက ကောင်းကင်ပေါ် ပျံသန်းချင်နေခဲ့တာပါ ။ ခုတော့ သူဒီလိုလုပ်နိုင်ပြီလေ ။ ဒါတွေအားလုံးဟာ ကွင်းထဲက မမများ ကျေးဇူးပါပဲ ။
“အမတော် ယုယု ၊ အမတော်က အမတော်မေးယိုရဲ့ အမ ဘယ်လိုဖြစ်လာတာလဲ ၊ ဒီ အချက်က အမတော် ရဲ့ ဆရာဟာ ဘယ်သူဖြစ်လဲဆိုတာ ခန့်မှန်းရ တော်တော် ခက်ခဲတယ်”
(ဘိုင်ယုယုနဲ့ စုမေးယိုတို့မှာ ညီအမအရင်းများ မဟုတ်ကြပါ ။ ဆရာတူတပည့် ၂ ယောက်ဖြစ်ပြီး ဘိုင်ယုယုက ပညာအရင်သင်နေတာဖြစ်သောကြောင့် စီနီယာ အမ သာ ဖြစ်ခြင်းဖြစ်ပါတယ်)
ချန်ရှန် သက်ပြင်းချလိုက်ပါတယ် ။ ဒီလိုမိန်းမလှနှစ်ယောက်ဟာ ပညာသင် အဆင့်နဲ့တောင် ဒီလောက်စွမ်းရင် သူတို့ ဆရာဆိုသူမှာ ဘယ်လောက်တောင် အစွမ်းထက်လိုက်မည်နည်း ။
“ငါတို့ဆရာမှာ နာမည်မရှိဘူး ၊ သူ့အကြောင်းကို ငါတို့တောင် ဂဂဏဏ သေချာမသိ ၊ မင်းပညာတွေတိုးတက်လာတဲ့အခါမှာ တွေ့ ကောင်းတွေ့ နိုင်ပါလိ့မ်မယ်”
ဘိုင်ယုယု ပြန်ပြောတာပါ ။ ချန်ရှန်ဟာ ဒီမိန်းမလှ နှစ်ယောက်နဲ့ ပက်သတ်ပြီး အရမ်း သိချင်စိတ် ပြင်းပြနေပါတယ် ။ ဒါပေမယ့်လည်း သွေးသစ္စာကြောင့် ဘာမျှမတတ်နိုင် ဖြစ်နေ တာပါ ။ ချန်ရှန် တညလုံး ပျံသန်းနေပါတယ် ။ တရွေ့ ရွေ့ နှင့် အရိုင်းနယ်မြေ အစွန်ကို နီးကပ် နေပါပြီ ။ တတိယမြောက်ညမှာတော့ ရထားလုံးတစ်စီး လမ်းကြောင်းအတိုင်းဖြည်းညင်းစွာ မောင်းနှင်နေတာကို တွေ့ လိုက်ရပါတယ် ။ ဒီလမ်းကြောင်းဟာ ဘုရင့်မြို့ တော် ကို ပေါက်သောလမ်းလည်းဖြစ်ပါတယ် ။
ချန်ရှန်လမ်းကြောင်းပေါ်တက်လိုက်တယ် ။ သူဟာ ဘုရင့်မြို့ တော်နဲ့ အလွန်နီးကပ်နေပြီ မြို့ တော်မှ အိမ်တော်ပုံရိပ်များကိုပင် ဝိုးတဝါး လှမ်းမြင်နေရပါပြီ ။ တချို့ သော ယောင်မျိုးနွယ် ၀င်တွေဟာ လမ်းလျှောက်လျက်ပါ ။ ချန်ရှန်သူ၏ လက်တုန့်ပြန်မှုအတွက် ဆက်သရုပ်မဆောင်နိုင်တော့ပါဘူး ။
ရထားလုံးမှာ မောင်းသူ ၂ ယောက်ရှိပြီး မြင်းပေါ်မှာတော့ ကိုယ်ရံတော် ၂ ယောက် စီးနှင်း လိုက်ပါနေပါတယ် ။ အားလုံးထဲတွင် အသန်မာဆုံးကတော့ ယောင်လူကြီးမင်းပါပဲ ။ သူ့နောက် မှာ တော့ ယောင်တျန်းဟူပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူ ၂ ယောက်လုံးဟာ သူ့ကို ရှုံးနိမ့်ထားကြသူများဖြစ်ပြီး ကိုယ်ရံတော်နဲ့ ရထားလုံးသမားတို့ဟာလည်း အဆင့် ၅ သာရှိကြမှာပါ ။
“သူတို့ လာတုန်းကတော့ ရထားလုံးတွေအများကြီးပါ ၊ အခုကျ တစ်စီးထဲပါလားဟ”
ချန်ရှန် ရေ၇ွတ်လျက် အရှေ့ ကိုပျံသန်းသွားလိုက်တယ် ။
“အထဲမှာ ပုန်းနေတယ့် လူသတ်သမားတွေ ရှိလောက်တယ် ။ သူတို့ ဟာ လူတချို့ ကိုပဲ ယောင်မျိုးနွယ်ဆီ သတင်းပို့အဖြစ် လွှတ်ပြီး တချို့ က ဝိုဟူမှာ ကျန်နေသေးလောက်တယ် ။ ဆေးပင်ခန်းမကို ကြည့်ဖို့လည်းပါမှာပေါ့ ။”
ချန်ရှန် ခန့်မှန်းလိုက်တာပါ ။ သူဟာ လမ်းအဆုံးမှာ ရပ်လိုက်ပြီး ၎င်းဟာ တောအုပ်အနီး တစ်ခု မှာပါ ။ နည်းနည်းလောက်အနားယူပြီးချိန်မှာတော့ အမည်းရောင်ဝတ်ရုံနဲ့ ခေါင်းစွပ် ကိုထုတ်လိုက်တယ် ။ ထို့နောက်မှာတော့ သူဟာ ယောင်မျိုးနွယ်ရဲ့ အရေးကြီးပုဂ္ဂိုလ်အချို့ ကို သတ်ရန် သွားပါတော့တယ် ။ ၎င်းတို့သာ သူတို့ကို မည်သူသတ်လဲဆိုတာ သိလျှင် ယောင် နဲ့ ချန် မျိုးနွယ်ကြား စစ်ပွဲကြီးဟာ ကြီးမားစွာ ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ် ။
ညကား မှောင်နေသော်လည်း လရောင်မှိန်မှိန်လေးကတော့ ဖြန်းပက်လျက်ပါ ။ ဒီအဖြူရောင်ဖျော့ဖျော့လေးက လူတွေကို အမှောင်တောထဲမှ လမ်းပြနေပါတော့တယ် ။ ချန်ရှန်ဟာ လမ်းဘေးက သစ်ပင်တစ်ပင်နားမှာ ပုန်းနေတာဖြစ်ပြီး ရထားလုံးအလာကို စောင့်နေတာပါ ။ ရထားလုံးရဲ့ ချူသံများဟာ ညအမှောင်မှာ ပျံ့ လွင့်နေလျက်ပါပဲ ။
ချန်ရှန်ရဲ့ နှလုံးသားဟာ တည်ငြိမ်နေတယ့် ရေပြင်ကြီးလိုပါပဲ အပြင်ဘက်မှာရှိတယ့် သူ၏ မျက်လုံးများမှတော့ သွေးဆာနေသောကျားကဲ့သို့ရှိပြီး ရထားလုံး သစ်ပင်အောက်လာတာ ကို စိုက်ကြည့်နေလျက်ပါ ။ ရထားလုံးရောက်ရှိလာပြီး ဖြတ်သွားတယ့်အခါမှာတော့ ချန်ရှန်ကိုယ်လုံးဟာ မြှားတစ်စင်း ပစ်လွှတ်လိုက်သလိုပဲ ခုန်ထွက်လိုက်ပါတယ် ။ ဒီအချိန် သူ့လက်ထဲမှာတော့ ရွှေရောင်အဆင်းရှိ ရှည်လျားလှသော ကြာပွတ်ကြီးတစ်ခုကို ပြုလုပ် ထားလျက်ပါ ။ ကြာပွတ်တွင် ချီဓာတ်များသည် ခရမ်းရောင်အငွေ့ များအဖြစ် ရစ်ပတ်လျက်ပါပဲ ။
အဆိုပါကြာပွတ်အား ချီဓာတ်များဖြင့် ပုံပြောင်းထားခြင်းဖြစ်ကာ ၎င်းကတော့ အဖြူရောင်ကျား ကျင့်စဉ်မှ ဖြစ်ပါတယ် ။ ဒါဟာလည်း တကယ်ကိုပြင်းထန်လှသော အစွမ်းဖြစ်ပြီး ရက်စက်မှု အပြည့်ပါပဲ ။
ချန်ရှန် ရထားလုံးဆီ ခုန်လိုက်ပြီး ကြာပွတ်ဖြင့် ရထားလုံးအလယ်ပိုင်းအား ရက်စက်စွာ ရိုက်ခတ်လိုက်ပါတယ် ။ ဒါဟာ အစွန်း ၂ ဖက်ပါသော ဓားထက်ထက်ဖြင့် ခုတ်ပိုင်းလိုက်လိုပါပဲ ။ ဇိမ်ခံရထားလုံးလည်း မြည်သံကြီးနဲ့ အတူ ၂ ခြမ်းကွဲသွားပါတော့ တယ် ။ လူ ၂ ယောက် ချက်ခြင်းခုန်ထွက်သွားတယ် ။ တစ်ယောက်ကတော့ ယောင်လူကြီး မင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောင်တျန်းဟွာပါပဲ ။
“ဘယ်ဂိုဏ်း က လူဆိုးလဲကွ ၊ ငါတို့ဟာ ယောင်မျိုးနွယ်ရဲ့ . . . . .”
ယောင်လူကြီးမင်း၏ စကားပင်မဆုံးလိုက် ၊ ချန်ရှန်၏ ကြာပွတ်ဟာမိုးကြိုးများပစ်လိုက်သလို ရထားလုံးသမား ၂ ယောက်ကိုထိကာ ဘလိတ်ဓားဖြင့် ဖြတ်လိုက်သလိုကို ဖြစ်သွားကြပြီး မြင်းများကတော့ ခုန်ထွက်သွားကြပါတယ် ။ ရှည်လျားလှတယ့် ရွှေရောင် ကြာပွတ်ဟာ ကိုယ်ရံတော်များကိုလည်း တို့ဟူးတုံး များအား ဓားဖြင့် ပါးပါးလှီးသလို လေးပိုင်း ပြတ်သွားစေလိုက်ပါတော့တယ် ။ ဒီလိုအကွက်ဟာ ယောင်လူကြီးနဲ့ ယောင်တျန်း ဟွာတို့ကို ခဏတာဆွံအစေသလို ချန်ရှန်ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် အံ့အားသင့်လျက် ပါပဲ ။
“မင်း . . . မင်း . . . ချန်ရှန်န်န်န်န် !!!!!”
ယောင်လူကြီးမင်းဟာ ချန်ရှန်ကို မြင်သွားပြီးနောက်မှာတော့ အလန့်တကြားထအော် ပါတယ် ။ သို့ပေမယ့်လည်း ချန်ရှန်ရဲ့ ရက်စက်ပြီး သွေးဆာနေတယ့်ကြာပွတ်ဟာ ယောင် လူကြီးမင်း၏ ကိုယ်ကို ရိုက်ခတ်သွားပါတော့တယ် ။ ယောင်လူကြီးမင်းဟာ အဆင့် ၇ ပညာရှင် ဖြစ်သော်လည်း ဒဏ်ရာရရှိသွားပါတယ် ။ ဒီလိုပြင်းပြင်းထန်ထန်ဒဏ်ရာရသွား သော် လည်း သူဟာ သူ၏ချီဓာတ်များကို စုဆောင်းလျက်ကြာပွတ်ကို ဖမ်းလိုက်ပါတယ် ။
“မင်းဟာ တကယ်ပဲ ချန်ရှန်ပဲ”
ယောင်လူကြီးမင်းက အသံမြင့်မြင့်ဖြင့် ပြောပါတယ် ။ သူ၏မျက်လုံးများထဲမှ သူ၏ ကြောက်ရွံ့ မှုများကို မဖုံးကွယ်နိုင် ။ သူဟာ ချန်ရှန်ဒီလို တကူးတကလိုက်လာကာ လိ်ုက် သတ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး ။ ချန်ရှန် စကားပြန်မပြောသေးပါ ။ သူ့ ဘယ်ဘက် လက်တွင်တော့ မီးငွေ့ များသန်းလျက် တခြား မီးကြာပွတ်ကို ပြုလုပ်နေပြီး ပါးစပ်ကို ဖွင့်ကာ သစ်သားချီဓာတ်များဖြင့် ဟိန်းဟောက်လိုက်ပါတော့တယ် ။
မိုးပြာနဂါး ဟောက်သံကြောင့် ဒီတစ်ကြိမ်တွင်တော့ ယောင်လူကြီးမင်း တော်တော် အထိနာခဲ့ပါပြီ ။ ချန်ရှန်၏ အနီရင့်ငှက် ချီဓာတ်များဟာ ကြွာပွတ်တွင် စိမ့်ထွက်နေပြီး ယောင်လူကြီး၏ လည်ပင်းအား ထိမှန်စေကာ ထိုသူ၏ ဦးခေါင်းလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်လို့ သွားပြီ ဖြစ်ပါတယ် ။
အနီးနားမှာရှိတယ့် ယောင်တျန်းဟွာတစ်ယောက် တော်တော် ကြောက်လန့်နေပါပြီ ။ ချန်ရှန်ဟာ အသန့်စင်ဆုံး ဆေးပညာမီးတောက်ကိုပြုလုပ်ခဲ့ပြီး လောင်ကျွမ်းစေသော ချီဓာတ်များကိုလည်း အသုံးပြုကာ တစ်ချိန်တည်းမှာပဲ သစ်သားချီဓာတ်များကိုပါ ထုတ်လွှတ် လိုက်သောကြောင့် ဒီအချိန်တစ်ခုထဲမှာပင် မတူညီတယ့် စွမ်းရည်သုံးမျိုးကို မြင် တွေ့ လိုက်သောကြောင့် ရှော့ရပြီးကို သေလို့ရနေပါပြီ ။
ချန်ရှန် ယောင်တျန်းဟွာဆီသို့ လျှောက်သွားတယ် ။ မျက်လုံးများဟာ အရောင်တဖြတ်ဖြတ် လတ်လျက်ပါ ။ သူဟာ ရွှေကြာပွတ်ကိုကိုင်ထားပြီး ယောင်တျန်းဟွာ လည်ပင်းဆီသို့ ချန်ရွယ် လိုက်ပါတယ် ။ ဒီအချိန်မှာပဲ ယောင်တျန်းဟွာဟာ သနားစရာ ကြက်ကလေးတစ် ကောင်လို ငိုနေလျက် ကြောက်ရွံ့ လျက်ရှိပါတယ် ။ ချန်ရှန် လည်ပင်းဆီကို ဆတ်ခနဲ ပစ်လိုက်ပြီးနောက် ယောင်တျန်းဟွာဦးခေါင်းလည်း တိခနဲပါပဲ ။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့ မှု မယုံကြည်မှုများပြည့်လျက် သေသွားခဲ့ရပါပြီ ။ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင်ဟာ ဒီလိုနည်းနဲ့ သေရမယ်လို့ သူမမျှော်လင့်ခဲ့ဘူးပါဘူး ။ ချန်ရှန် အသက်ကို အဝကြီးရှူလိုက်ကာ လေသံတီးတိုးဖြင့် –
“တကယ်တော့ ၊ မင်းငါ့ကို ဓားနဲ့ ချိ်န်တယ့် အချိန်ထဲက ငါတကယ်ကို မင်းကို သတ်ချင်ခဲ့တာ ပဲ”
လူ ၂ ယောက်သတ်ပြီးနောက်မှာတော့ ချန်ရှန်ဟာ သူတို့ရဲ့ အိတ်တွေကိုဖယ်လိုက်ပါတယ် ။ သူတို့မှာ ငွေစအနည်းငယ်နဲ့ ဆေးပင်တချို့ ပါပါတယ် ။ဒါလည်းအမြတ်ပဲပေ့ါ ။ ဒီကိစ္စသာ တစ်ယောက်ယောက်သိသွား မလွယ်ပါ ။ ဒီလိုလူတွေသတ်တာဟာ သူ့မှာရက်စက်တယ့် နှလုံးသားရှိလို့မဟုတ်ပါဘူး ၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ၊ လက်တစ်ဖက်အတွက် လက်တစ်ဖက်ပေးရမည်မဟုတ်ပါလား ။ သူ့ကိုသတ်တဲ့လူကို ပြန်သတ်ခြင်းဟာ တရားတယ်လို့ ချန်ရှန်ယူဆမိပါတယ် ။
ချန်ရှန်လည်း လမ်းအတိုင်း ဘုရင့်မြို့ သို့ လျှောက် လာပါတယ် ။ မြို့ တော်ဟာ ကျယ်ပြောပြီး ထူထည်းသည့် နံရံတွေဖြင့် ကာရံထားတာပါ ။ ချန်ရှန် အဆုံးမရှိသည့် နံရံမြို့ ရိုးများကို ကြည့်လျက်ပါ တွေးနေမိပါတယ် ။ လူတွေ ဒီကပဲ ၀င်ပြီး ဒီကပဲထွက်ကြကာ တပ်သားများဟာလည်း နံရံပေါ် နှင့် ဂိတ်ဝများတွေ ရပ်နေကြပါတယ် ။ မြို့ တွင်းလမ်းများဟာလည်း ချောမွေ့ ကာ သန့်ရှင်းလှပါတယ် ။
ချန်ရှန် နောက်ဆုံးတွင်တော့ ဘုရင့်မြို့ တော်သို့ ရောက်ရှိခဲ့ပါပြီ ။ သူလည်း စပ်စုလျက် လျှောက်ကြည့်နေပါတယ် ။ ဒီမတိုင်ခင်က ဝိုဟူဟာ ကြီးမားတိတ်ဆိတ်ပြီး နေချင်စရာကောင်းတယ်လို့ ထင်ခဲ့ဘူးတယ် ။ အခုတော့ သူ့ အဖြစ်ဟာ နွားခြေရာခွက်ထဲက ဖားသူငယ်လို ဖြစ်နေပါပြီ ။ ဒီမြို့ ကြီးဘယ်လောက်ကျယ်ပြောတယ်ဆိုတာ မသိပါဘူး ။ ဒါပေမယ့် ဝိုဟူထက်တော့ အများကြီးကျယ်တယ်ဆိုတာကို တွေ့ လိုက်ရပါတော့တယ် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset