Switch Mode

Chapter – 27

လူသတ်သမား

Chapter – 27 လူသတ်သမား

ထုပ်ပိုးစရာရှိတာ အနည်းငယ် ထုတ်ပိုးပြီးနောက်မှာတော့ သူ့ပုံစံ အနည်းငယ် ပြောင်းသွား ပါတယ် ။ ချန်ရှန် သူ၏ တစ်ကိုယ်တော်ခရီးစဉ်အဖြစ် ဘုရင့်မြို့ တော် သို့ ထွက်ခွာပါတော့ မည် ။ သူ့ခွန်အားနဲ့ အတူ သူ့ပြိုင်ဖက်ဟာ အဆင့် ၈ အောက်သာဆိုပါက ချန်ရှန်ကို ရင်ဆိုင်ဖို့ မလွယ်ပေ ။ တောင်ပိုင်းသိုင်းလောက တစ်ခုလုံးမှာ အဆင့် ၈ သိုင်းပညာရှင် ဆို တာ များများစားစား မရှိပေ ။ ဒါကြောင့်လဲ ချန်တျန်းဟူဟာ သူ့ကို စိတ်ချနေခြင်းပင် ဖြစ် ပါတယ် ။
ဝိုဟူနဲ့ ဘုရင့်မြို့ တော် ဟာ ဝေးလှပါတယ် ။ ၅ ရက် သို့မဟုတ် ၆ ရက်လောက်ကို သွားရတယ် ။ သွားရာလမ်းတစ်လျှောက်တွင်လည်း မမျှော်လင့်ထားသော အန္တရာယ်များ သာမက သေခြင်းတရားကိုပါ ရှာဖွေတွေ့ ရှိနိုင်သလို တောတောင်အတွင်း လှည့်လည် ကျက်စားလျက်ရှိသည့် သားရဲများကိုပါ တွေ့ နိုင်ပါသေးသည် ။
“ကောင်လေး ၊ မင်းအခု ဒီဂိုဏ်းတွေကို ၀င်ဖို့ ကမူးရှူးထိုး လုပ်စရာမလိုသေးဘူး ။ ဒီဂိုဏ်းတွေကြားက ပြိုင်ပွဲတွေဟာ အလွန်ကို ကြီးမားတယ် ။ မင်းမှာ အတွင်းအား လုံလောက်စွာမရှိရင် မင်းပဲ အရှက်ကွဲရလိမ့်မယ်”
ဘိုင်ယုယု ရဲ့ ပြောစကားပါ ။
“နားလည်ပါပြီ အမတော် ယုယု”
ချန်ရှန် စိတ်ထဲ နည်းနည်း နွေးထွေးသွားတယ် ။ ဒီရေခဲအသံပိုင်ရှင် မိန်းမလှလေးက သူ့ကို ဂရုစိုက်တယ်ဆိုတာ မရှိသလောက် ရှားပေတာကိုး ။ ဒီအချိန်မှာ ချန်ရှန်ဟာ ဝိုဟူနဲ့ တော်တော် ကို ဝေးကွာနေပြီ ဖြစ်ပါတယ် ။ တောလည်းနက်နေပါပြီ ။ ဒါဟာ သူပထမဆုံး အကြိမ် ဝိုဟူမှ အဝေးကို သွားခြင်း ဖြစ်ပါတယ် ။ ဒီလိုသွားရတာကိုလည်း စိတ်လှုပ်ရှားမှု များ ဖြစ်လျက် ရှိနေပါတော့တယ် ။
ညနေခင်းမှာတော့ ကောင်းကင်တစ်ခုလုံး မှောင်လာပါပြီ ။ ချန်ရှန် သစ်တော တစ်ခု အနီးမှာ ရပ်လိုက်တယ် ။ ဖုန်ထူလမ်းအတိုင်း လျှောက်လာစဉ် ချန်ရှန်သူ့အနောက်မှ လှုပ်ရှားမှု တစ်ခုကို သတိထားလိုက်မိတယ် ။
“ဟူးးး”
ချန်ရှန် စိတ်ထဲက ကျိန်ဆဲလိုက်ပြီး ချီဓာတ်များအား ခြေထောက်တွင် စီးဆင်းစေလိုက်တယ်။ ပြေးတာဖြစ်ဖြစ် ၊ တိုက်ခိုက်တာဖြစ်ဖြစ် အသင့်ပါပဲ ။
“ခြေဦးတည့်ရာ မပြေးနဲ့ ၊ သူတို့ထွက်လာပါစေ ။ မင်းမနိုင်တော့မှသာ ပြေးတော့ ၊ မင်းမှာ အနီရင့်ရောင်ငှက်တောင်ပံတွေလည်း ရှိနေတာပဲ မင်းအေးဆေးလွတ်ပါတယ်”
စုမေးယိုက ချန်ရှန်ကို ပြောလိုက်တယ် ။ချန်ရှန် ကလည်း ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော်မပြေးပါဘူး ၊ သူတို့ကျွန်တော့နောက်က တောက်လျှောက်လိုက်လာတာလား ၊ ဝိုဟူကထွက်ကတည်းကကိုပဲလား”
“မင်းစထွက်လာတည်းကပဲကွ”
ဘိုင်ယုယု က ပမာမခန့်ပုံစံနဲ့ ပြောပါတယ် ။ ချန်ရှန်ထက်ပင် ပိုမို စိတ်တိုနေသလိုပါပဲ ။ ချန်ရှန် လှည့်ကြည့်ကာ အေးစက်စက်ပြောလိုက်တယ် ။
“င့ါနောက်က လိုက်လာကြတာ ဘယ်လောက်ကြာပြီလဲ ၊ မင်းတို့ ကောင်တွေအားလုံး ဒီနေရာက ထွက်သွားကြစမ်း”
သူအော်ပြီးနောက်မှာပဲ “ရွှက် ရွှက် ရွှက်” ဆိုပြီး အမည်းရောင်ဝတ် မျက်နာဖုံးစွပ် လူ ၅ ဦး သူ့ အရှေ့ မှာ ထွက်လာပါတယ် ။ သူဟာ ရွှီမျိုးနွယ်က လူ ၂ ယောက်ကို ကယ်တင်တုန်းက ပုံရိပ် ကို အမှတ်ရမိသွားတယ် ။ ခုလည်း ဒီလိုအနေထားမျိုးပါပဲ ။ဒီလူ ၅ ယောက်ဟာ ဝိုဟူမှာ ကတည်းက ချန်ရှန် နောက်က လိုက်လာတာပါ ။ ချန်ရှန်ဟာ စေ့စပ်သေချာပြီး သတိကြီးတဲ့ အတွက် သူတို့ ချန်ရှန်ကို ချောင်းမြောင်းလုပ်ကြံဖို့ မလွယ်ကူခဲ့ပါ ။ ခုတော့ ချန်ရှန်သိသွား သောကြောင့် ဘယ်လိုမှ ပုန်းလို့ မရကြတော့ပါဘူး ။ ဒါကြောင့် ထွက်တိုက်ဖို့သာ ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပါတယ် ။
လူ ၅ ဦး၏ မျက်လုံးများကိုသာမြင်နိုင်တာဖြစ်ပြီး သူတို့မျက်လုံးအမူအရာများဟာ ပျင်းစရာ ကောင်းပုံပါပဲ ။ ဒီလူတွေဟာ ဒီလိုအလုပ်မျိုးတွေမှာ အတွေ့ ကြုံရှိပြီးသားလူတွေ ဆိုတာတော့ ငြင်းစရာမရှိပါဘူး ။ ချန်ရှန်ရှေ့ ရောက်လာတာနဲ့ သူတို့ရဲ့ ဓားရှည်ကြီးများကို ထုတ်ကာ ချီဓာတ်များ လောင်းထည့်ပြီး ချန်ှရှန်ဆီသို့ ခုန်ဝင်လာကြပါတော့တယ် ။
သူတို့ခုန်ဝင်လာချိန်မှာပဲ ချန်ရှန်မျက်လုံးများမှ ရုတ်တရက်မီးများတောက်လျက် ပူသော ချီဓာတ်များတစ်ကိုယ်လုံး လွှမ်းခြုံသွားပြီး သူ့လက်မောင်းဆီသို့ အနီရင့်ရောင်ငှက်၏ ချီဓာတ် များပို့လွှတ်လိုက်ပါတယ် ။ သူ့ ညာလက်တွင် မီးလို အငွေ့ များတောက်လျက် ရှည်လျားသော ကြာပွတ်ကြီးတစ်ခုအား အနီရင့်ငှက် ချီဓာတ်များသုံးကာ ပြုလုပ်လိုက်ပါတယ် ။ ထို့နောက် ကြာပွတ်ဖြင့် မျက်နာဖုံးစွပ်လူများထံ ပစ်လွှတ်လိုက်ပါတော့တယ် ။ ကြာပွတ်က လူ ၅ ဦး အား ထိသွားသည့် အခါတွင်တော့ သူတို့၏ ၀တ်ရုံများသည် မီးများ လောင်ကျွမ်းသွားကြ ပါတယ် ။ လူ ၅ ဦးလည်း ချန်ရှန်ကို မယှဉ်နိုင်ပဲ တစ်ဖက်ကို ပြန်ဆုတ်လျက်ရှိပါတယ် ။ ယခုထွက်နေသည့် မီးတောက်များမှာမူ ယခင်နှင့်နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်ပါတယ် ။ ၎င်းတို့ လည်းမီးတောက်များအား တောင့်မခံနိ်ုင်ပဲ တချို့ ဆို ၀တ်ရုံများကိုပင် ချွတ်လျက်နေပါတယ်။
ချန်ရှန်မျက်နာမှာ လှောင်ရိပ်များသန်းလျက် ရှိနေပါတယ် ။ မီးကြာပွတ်ဟာ မျက်နာဖုံးဝတ် လူ၏ ခေါင်းဆီသို့ ပစ်လိုက်တယ် ။ ပေါက်ကွဲမှုကြီးတစ်ခု ကြာပွတ်ထိအပြီးမှာ ဖြစ်ပေါ်လာပြီး ထိုလူ၏ ခေါင်းမှ စတင်လောင်ကျွမ်းကာ ပြာအဖြစ် ပျောက်ကွယ်သွားပါတော့တယ် ။
အနီရင့်ရောင်ငှက်မီးလျံများဟာ သာမန်မီးလျှံတွေ မဟုတ်ကြပါဘူး ။ ၎င်းတို့ဟာ နတ်အတွင်း အားကျင့်စဉ်တွေမှ ဖြစ်ပြီး စွမ်းအားက တော့ ကြီးလွန်းပါတယ် ။ ဒီ လူ၅ ဦးရဲ့ အားဟာ အလွန်ဆုံး ရှိလှ အဆင့် ၅ ပါပဲ ။ ဒီလိုလူတွေက ချန်ရှန်လိုလူကို လုပ်ကြံမယ်ဆိုတာကတော့ ဆုတောင်းမှပဲရပါတော့မယ် ။ ချန်ရှန် ကြာပွတ်တစ်ချက်ကစားလိုက်ပြီး နောက်တစ်ကြိမ် တိုက်ဖို့ပြင်ပါတယ် ။ မျက်စိတမှိတ်အတွင်းမှာတွင် မျက်နာဖုံးဝတ်လူ ၃ ဦး သေသွားပါပြီ ။
ဒီမျက်နာဖုံးစွပ်တွေ မီးကြာပွတ်ရှေ့ ရှိနေပုံက ဓားပူပူ ရှေ့ တွင်ရှိနေသော ထောပတ်များ နှင့် ပင် တူနေပါသေးသည် ။ ကြာပွတ်တစ်ချက် အရမ်းမှာပဲ သူတို့ကိုယ်တွေ ကို လွယ်ကူစွာ ၂ ပိုင်းပိုင်းနိုင်နေမှာပါ ။ နတ်အတွင်းအားစွမ်းရည်ရဲ့ အကူအညီနဲ့သာလျှင် ချီဓာတ်တွေကို ကောင်းမွန်တယ့် လက်နက်များအဖြစ် ပြောင်းလဲလို့ ရတာဖြစ်ပါတယ် ။
“အမတော် ယုယု ၊ ဒီကောင်စကားပြောနိုင်ဖို့ နည်းလမ်းလေးဘာလေး မရှိဘူးလား”
ချန်ရှန် မျက်နားဖုံးစွပ်လူတစ်ယောက်ကို ဖမ်းမိထားတာဖြစ်ပြီး ၎င်းအား မည်သို့မျှ မေးမရလို့ ပါ ။ ဘိုင်ယုယု အေးစက်စက်ဖြင့် ပြန်ပြောပါတယ် ။
“မင်းမေးတယ့်လူရွေးမှန်တယ် ။ ငါပြောတာသာလုပ် ။ ပထမဆုံး လက်တစ်ဖက်နဲ့ သူ့ခေါင်း ကို ကိုင်ပြီးဖိထား ၊ နောက်မင်းရဲ့ နတ်အတွင်းအားအာရုံတွေကို ထုတ်ပြီး ငါပြောတယ့် အတိုင်း တိတိကျကျ လိုက်လုပ် ။ ပထမဆုံး မင်းရဲ့ နတ်အတွင်းအားတွေကို ၆ ပိုင်း ပိုင်းခြား လိုက် ၊ တစ်ပိုင်းဆီကို သူ့ ခေါင်းရဲ့ နေရာ တစ်နေရာဆီ ခြောက်နေရာမှာ နေရာချလိုက် ။”
ချန်ရှန်လည်း ချက်ချင်းလိုက်နာခဲ့တယ် ။ ဒီနည်းလမ်းက နားလည်လွယ်ပြီး ရလာမယ့် အဖြေက လည်း အရမ်းကို တိကျပါတယ် ။ အမည်းရောင်လူ၏ မျက်လုံးများဟာ ကြောင် လျက် ခုနကလို လှုပ်ရှားရုန်ကန်မှုများလည်း မလုပ်နိုင်တော့ပါဘူး ။
“မင်းအခု သူ့ကို မေးနိုင်ပြီ”
ဘိုင်ယုယု က ပြောပါတယ် ။ ချန်ရှန် ဘိုင်ယုယုရဲ့ အံသြဖွယ်ရာ စွမ်းရည်ကို ချီးမွမ်း မိလိုက်တယ် ။ ထို့နောက် မျက်နာဖုံးစွပ်လူ အား မေးလိုက်ပါတယ် ။
“ငါ့ကိုသတ်ဖို့ ဘယ်သူလွှတ်တာလဲ”
“ယောင်မျိုးနွယ်ရဲ့ ခုနစ်ယောက်မြောက် လူကြီးမင်း”
ထိုလူ၏ အသံဟာ တောင့်တောင့်ကြီးဖြစ်ကာ မည်သည့်ခံစားချက်မျှ မရှိတဲ့ပုံစံပါပဲ ။ ချန်ရှန် မျက်လုံးထဲ ရက်စက်မှုရဲ့ အလင်းတန်းတွေ ဖြတ်ပြေးသွားတယ် ။ ဒီလူတွေကိုလွှတ်တာ ယောင်မျိုးနွယ်လို့ သူမထင်မိပါဘူး ။
“သူအခု ဘယ်မှာလဲ”
“ဘုရင့်မြို့ တော်သွားတယ့် လမ်းမှာပါ”
အမည်းရောင်ဝတ်လူက ပြန်ပြောပါတယ် ။ ချန်ရှန် ထိုလူ၏ ၀တ်ရုံမှဆွဲမကာ မေးလိုက် ပါတယ် ။
“မင်းမျိုးနွယ် ဂျူနီယာတွေကို သတ်ဖို့ ကြိုးစားခဲ့ဘူးလား”
“ဟုတ်ပါတယ်”
ထိုလူက ပြန်ဖြေပါတယ် ။ ချန်ရှန် မျက်နာအမူရာမှာ အံ့သြမှုများ ဖြစ်ပေါ်သွားတယ် ။ ဒီကိစ္စတွေရဲ့ တရားခံက ယောင်မျိုးနွယ်ပေပဲ ။
“ဘာကြောင့် ယောင်မျိုးနွယ်က ဒီလိုမျိုးနွယ်တွေကို သတ်ဖို့ ကြိုးစားရတာလဲ”
ချန်ရှန် ထပ်မေးလိုက်ပါတယ် ။
“ငါမသိဘူး”
ထိုလူမှလည်း ပြန်ဖြေပါတယ် ။ နောက်ထပ်မေးခွန်းအနည်းငယ်လည်းမေးမြန်းခဲ့ပါတယ် ။ ဒါပေမယ့် အဖြေမရသည်ကား များပါတယ် ။ သူလည်း ထိုလူကို သတ်လိုက်ပြီး မြေမြုပ် ပစ်လိုက်ပါတော့တယ် ။
ကောင်းကင်ကြီးကား လုံးဝမှောင်မည်းနေပါပြီ ။ ကြယ်ရောင်စုံလည်းတောက်ပလျက် ရုတ်တရက် တောက်ပတယ့် အနီရောင်အလင်းတန်းကြီးတစ်ခုဟာ ကောင်းကင်ကို ဖြတ်လျက် လင်းလက်နေပါတော့တယ် ။ ၎င်းဟာ ဥက္ကာပျံ တစ်ခုနဲ့ပင် တူနေပါသေးသည် ။ ဒါပေမယ့် ဥက္ကာပျံဟာ ဒီလို မျဉ်းဖြောင့်ကဲ့သို့ မသွားလာပါဘူး ။
ဒီအလင်းရောင်ကတော့ ချန်ရှန်ပဲ ဖြစ်ပါတယ် ။ သူ၏ အနီရင့်ငှက်တောင်ပံများ ထုတ်လွှတ်ကာ ယောင်မျိုးနွယ် ၇ ယောက်မြောက်လူကြီးမင်းကို မှီရန် ညမှောင်မှောင်တွင် အပြင်းနှင်လျက် ပျံသန်းနေပါတယ် ။ ဒီ ၇ ယောက်မြောက် လူကြီးမင်းဟာ သူ့ကို တကယ်ကို လုပ်ကြံခဲ့တယ့် လူပါပဲ ။ ချီဓာတ်များထုတ်လုပ်ပြီး တောင်ပံများအဖြစ်ပုံပြောင်းခြင်းပါ ။ သူဟာ သူ၏နတ်အတွင်းများကို များစွာ အသုံးပြုနိုင်ရုံသာမက ချီဓာတ်များကိုလည်း ဆက်တိုက်အလျံပယ် သုံးနိုင်နေပါပြီ ။ ချန်ရှန်ဟာ ချီ ဒြပ်စင် ၅ ခုကိုလေ့ကျင့်ခဲ့တာဖြစ်ပြီး ယခု အသုံးပြုနေခြင်းသည် အနီရင့်ငှက်၏ ချီဓာတ်များကိုသာဖြစ်ပြီး မိုးပြာနဂါး၏ ချီဓာတ် များပင် ပိုလျံနေပါသေးသည် ။
ဒီလို ချီဓာတ်များအသုံးပြုကာ ငှက်တောင်ပံပုံ ပြောင်းနိုင်သော စွမ်းရည်ဟာ အများကြီး မရှိပါဘူး ။ ဒီလိုစွမ်းရည်မျိုးဟာ အရမ်းကို ရှားပါးပါတယ် ။ အဘယ်ကြောင့်ဆိုသော် ချီဓာတ်တွေကို သေချာထိန်းချုပ်ရန် နတ်အတွင်းအားကဲ့သို့ သော စွမ်းရည်ဟာ မရှိမဖြစ်ကို လိုအပ်ပါတယ် ။ ဒီလိုထိန်းချုပ်နိုင်မှသာ ယခုကဲ့သို့ ပုံပြောင်းနိုင်မှာ ဖြစ်ပါတယ် ။ ဒီလိုချီဓာတ် ထိန်းချုပ်ခြင်းအဆင့်ဟာ အလွန်အရေးပါလှပြီး အသက်ပါ သေစေနိုင်သည်အထိ အန္တရာယ် များလှပါတော့တယ် ။ သိုင်းပညာရှင်တွေဟာ ဒီလိုစွမ်းရည်ကို ရတနာ အဖြစ် သတ်မှတ် ထား ကြပါတယ် ။ ချန်ရှန်ဟာ ဘိုင်ယုယုနဲ့ စုမေးယိုတို့ ဆီမှ ဒီလိုရှားပါးလှတယ့် ရတနာကျင့်စဉ် များကို သင်ယူ တတ်မြောက်ထားခြင်းပဲ ဖြစ်ပါတယ် ။
ချန်ရှန် သတိကြီးစွာဖြင့် နောက်ယောင်ခံလိုက်နေပါတယ် ။ သူဟာ ယောင်လူကြီးမင်းကို အချိန်မဆိုင်း ဖမ်းမိချင်နေတာပါ ။ သူကို့ သတ်ဖို့ ကြိုးစားသူကို တူသောအကျိုးပဲ ပြန်ပေး ရမည် မဟုတ်ပါတကား . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset