Chapter – 25 အဖိုးလေး
“နောက်ဆုံး မင်းဘယ်သိုင်းကွက် သုံးမှာလဲကွ”
ယောင်လူကြီးက စိတ်ဆိုးစွာမေးလိုက်ပါတယ် ။ တကယ်လို့ ချန်ရှန်သာနတ်အတွင်းအား ကျင့်စဉ်တွေ မလေ့ကျင့်ထားခဲ့ဘူးဆိုပါက ဒီလိုသာမန် အဆင့် ၆ ပညာအဆင့်ဖြင့် ဒီလူကြီး ကိုရင်ဆိုင်ဖို့ မလွယ်ကူပါချေ ။ ချန်ရှန်အဖြေမပေးပဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် လျက်ရှိပါတယ် ။ ကျားခေါင်း ၂ ခု ပြန်ပေါ်လာကာ သူလည်း အားတွေကို စုလျက် မျက်စိ တမှိတ်အတွင်းမှာပဲ သူ ၏ လက်သီးများဟာ မမြင်နိုင်အောင် လျင်မြန်ကာဖြင့် ရက်စက်လှ သော ကျားများကဲ့သို့ ယောင်လူကြီးကို ထိုးလိုက်ပါတယ် ။ လက်သီးချက်တိုင်းမှာပြင်းစွာ သော ပေါက်ကွဲမှုများဖြစ်ကာ မြေကြီးများပင် တုန်လျက်ရှိပါတော့တယ် ။ ဆယ်ချက်ခန့် ယောင်လူကြီးအား ထိုးပြီးချိန်မှာတော့ ၎င်းကို လွှမ်းခြုံထားသည့် ချီဓာတ်များ ဟာ ကွဲသွားပါတယ် ။ ယခုတော့ ယောင်လူကြီးဟာ ချန်ရှန်လက်သီးများကို သူ့ပကတိ ကိုယ်ဖြင့်ပင် ကာကွယ်ရပါတော့မယ် ။
ချန်ရှန်လက်သီးများဟာ အလွန်ပြင်းထန်ရုံသာမက ကြောက်မက်ဖွယ်ကောင်းလှပါတယ် ။ ယောင်လူကြီး၏ ကိုယ်ကို ထိုးသည့် တစ်ချက်ဆီတိုင်းဟာ လူတိုင်းကို တုန်လှုပ်လျက် ရှိစေပါတယ် ။ သူတို့သာ ဒီလိုလက်သီးနဲ့ အထိုးခံရရင် ဘယ်လိုများနေမလဲလို့ တွေးနေကြပုံ ပါပဲ ။ အားလုံးဟာ ပါးစပ်အဟောင်းသားဖြင့် ၊ ချန်ရှန်ရဲ့ ဖိနှိပ်တိုက်ခိုက်မှုကိုကြည့်ရင်း သူတို့ကိုယ်တိုင်မြင်ရလို့သာပဲ ယုံကြည်နိုင်ကြတော့တယ် ။ ဒီလို ၁၆ နှစ်ကောင်လေးက ယောင်လူကြီးတစ်ယောက်ကို သဲအိတ်တစ်အိတ်အလား ထိုးနေသည်ဟုသာ ကြားပါက မည်သူမျှ ယုံကြည်မည် မဟုတ်ပေ ။
“ယောင်မျိုးနွယ်ဝင်တို့ မင်းတို့ ယှဉ်ပြိုင်ခြင်းဟာ အရှက်ကွဲဖို့ပဲရှိတယ် ။ အရေးနိမ့်တာကို ၀န်ခံ ၊ ဒီက ထွက်သွားကြစမ်း”
ချန်ရှန် ကြုံးဝါးလိုက်ပြီးနောက် လှပပြင်းထန်လှတယ့် လေပေါ်ခြေကန်ချက်တစ်ခုကို ယောင်လူကြီးထံသို့ ထိမှန်သွားပါစေတော့တယ် ။ လူကြီးလည်း လွင့်ထွက်လျက် ယောင် ကိုယ်ရံတော်များကိုပါ ထိမှန်သွားပါတော့တယ် ။ ယောင်လူကြီးဟာ နဂိုထဲက ချန်ရှန်ရဲ့ ကောင်းကင်ကျားမုန်တိုင်းလက်သီးကြောင့် များစွာသော သူ၏ အရိုးများဟာ ကျိုးကြေလျက် အထိနာနေလျက်ပါပဲ ။
ဒီအချိန်မှာပဲ လူအားလုံးဟာ ဒီအခြေအနေကို သံသယ၀င်လျက်ရှိတယ် ။ ချန်ရှန်ဟာ ယောင်မျိုးနွယ် လူကြီးမင်းကို ဒဏ်ရာတွေ များစွာ ရစေလိုက်တယ် ! ၊ သူတို့အားလုံး ချန်ရှန်ဟာ ထူးခြားကောင်းမွန်လှတယ့် သိုင်းပညာစွမ်းရည်တွေကို လေ့ကျင့်ထားတယ်လို့ လက်ခံလိုက်ကြပါတော့တယ် ။ ဒီလိုသာမဟုတ်ပါက ဒီလိုအဖြစ်အပျက် မျိုး ဖြစ်လာမည် မဟုတ်ပေ ။
ယောင်တျန်းဟွာနဲ့ ယောင်လူကြီးမင်းတို့အား သယ်သွားကြပါတယ် ။ ဒီနေ့အဖြစ်အပျက်ဟာ လူအားလုံးအမြင်ပါပဲ ။ ဒါယောင်မျိုးနွယ်ဘက်က အရင်စတယ့် ဇာတ်လမ်းပါပဲ ။ ညနက်နက်တွင် ချန်မိသားစု ဖိတ်ခေါ်မှုကြောင့် စားပွဲ တက်လာတယ့်လူတိုင်းဟာ စိတ်လှုပ် ရှားမှု အပြည့်ရရှိခဲ့ကြပါတယ် ။ ဒီပွဲကိုလာရတာ တန်သွားပြီလေ ။
လူတိုင်းထွက်ခွာသွားကြသော်လည်း ၊ ချန်မျိုးနွယ်ကတော့ ကျန်နေခဲ့ပါသေးတယ် ။ ဒါက ချန်အိမ်တော် စားပွဲပေမဟုတ်ပါလား ။ စားပွဲကျိုးတွေ ခုံကျိုးတွေ နဲ့ ပြန့်ကျဲနေတယ့် အစားအသောက်များဟာ ခုတော့ နေရာတကျ ပြန်ဖြစ်နေပါပြီ ။ ထိုအရာများအစား အရသာ ရှိ အစားအသာက်များနှင့် ဝိုင်များက နေရာယူလျက်ရှိနေပါတယ် ။ ချန်မျိုးနွယ်ဟာ သူတို့ အကြီးအကဲသစ်အတွက် နဲ့ စွမ်းအားပြယုဂ်တစ်ခု ပေါ်ထွန်းလာခြင်းကြောင့် ကျင်းပနေကြ ခြင်းပဲ ဖြစ်ပါတယ် ။ ချန်ရှန် ဆိုသည့် ပုံရိပ်ကြောင့် သူတို့ ချန်မျိုးနွယ်ရဲ့ ပြယုဂ်ဟာ မြင့်တက် ခဲ့ရပါပြီ ။
မနက်ပိုင်းမှာတော့ နေရောင်ခြည်ဟာ ဖရိုဖရဲ ကွင်းပြင်ထဲသို့ ကျရောက်လျက်ရှိပါပြီ ။ ကွင်းတစ်ခုလုံး ချန်မျိုးနွယ်များစွာ မူးပြီး မှောက်လျက် ပါ ။ ဒါပေမယ့် ချန်တျန်းဟူနဲ့ သက်ကြီး ဝါကြီးတို့ကတော့ နဂါးများ ကျားများကဲ့သို့ပင် အားအင်တွေပြည့်လျက်ပါပဲ ။ သူတို့ ဟာ ချန်မျိုးနွယ်ကို အချိန်တိုင်း ကာကွယ်ထိန်းသိမ်းဖို့ တာဝန်ရှိနေတယ် မဟုတ်ပါလား ။ ချန်ရှန်မှ –
“အဖေ ၊ ဝိုဟူမြို့ ထဲမှာ ဆေးပင်ခန်းမတစ်ခုကပဲ ဆေးရောင်းတယ် ။ နောက်ပြီး ဈေးတွေ ကလည်း အဆမတန် ကြီးမြင့်လှတယ် ။ ကျွန်တော်တို့အတွက် တော်တော် အခက်တွေ့ ရ တယ်”
ချန်တျန်းဟူက ပြန်ပြောပါတယ် ။
“အခုအေးဆေးနားလိုက်ပါဦးကွာ ၊ သူတို့ ယောင်မျိုးနွယ်က ဆေးပညာမိသားစု ဆိုတာမှန်ပေမယ့် ငါတို့ချန်တွေကလည်း လယ်သမားတွေ မဟုတ်ကြပါဘူးကွ ။ ဒါပေမယ့် ဒီဆေးကိစ္စကတော့ ဖြေရှင်းဖို့တော်တော်ခက်တယ်”
ဒီအချိန်မှာပဲ အသံတစ်ခုထွက်လာပါတယ် ။
“တကယ်တော့ ဒါ ခက်ခဲတယ့် ပြသနာမဟုတ်ပါဘူး ။ ဆေးပင်ခန်းမကို ယောင်မျိုးနွယ် ပိုင်တာ မှန်ပေမယ့် တခြားမြို့ ကဆေးပင်ခန်းမတွေကိုတော့ သူတို့ပိုင်လို့လား”
ဆေးပင်ခန်းမက လူကြီး အသံပါ ။ သူ့နာမည်ကို လူနည်းစုသာ သိကြပါတယ် ။ ချန်တျန်းဟူ တောင် သေချာမသိပါဘူး ။
“ခန်းမကလူကြီးမင်း ၊ ကျွန်တော် ယောင်တျန်းဟွာကို နိုင်သော်လည်း လူကြီးမင်းကတော့ လွတ်လပ်ပါတယ် ။ တခြားသွားချင်တယ့်နေရာ ရှိရင် သွားနိုင်ပါတယ်”
ခန်းမကလူကြီးက ပြန်ပြောပါတယ် ။
“င့ါကို ဆေးပင်ခန်းမ လူကြီးမင်းလို့ မခေါ်ပါနဲ့ ။ နာမည်အတည်တကျ ရှိပြီးသားပါကွ ။ ငါ့နာမည်က ချန်လုဇောင် လို့ခေါ်တယ်ကွ”
ဒီနာမည်ကြားတော့ ချန်ရှန်ကော ချန်တျန်းဟူပါ အံ့အားသင့်သွားပါတယ် ။ လူကြီးရဲ့ မျိုးရိုး နာမည်က သူတို့ ချန် မျိုးရိုးဖြစ်နေလို့ပါ ။ ချန်ရှန်ရဲ့ အဖိုးနာမည်က ချန်လုဟောင်လေ ။ ဒါကြောင့် ချန်တျန်းဟူ အတွက်တော့ အံ့အားသင့်သွားပါတော့တယ် ။
“ဟား ဟား ဟား . .၊ မင်းတို့အဖိုး နဲ့ ငါနဲ့ ဘာလို့ မုန်းနေကြလဲသိလား”
ချန်လုဇောင် ချန်ရှန်ကိုကြည့်ကာဖြင့် –
“ဘာလို့လဲဆိုတော့ သူက ငါ့အကိုကွ ။ ငါဟာ မျိုးနွယ်ခေါင်းဆောင် မဖြစ်နိုင်ခဲ့ဘူး ။ နောက် သူနဲ့လည်း သဘောထားကွဲလွဲခဲ့တယ် ။ အဲဒါနဲ့ပဲ ငါဟာ မျိုးနွယ်ကိုစွန့်ပြီးထွက်သွားလိုက် တယ် ။ နောက်တော့ ဆေးပညာတွေလေ့လာဆည်းပူးရင်း ဆေးပင်ခန်းမမှာ နေနိုင်ခဲ့တယ် ။ နောက် ဒီအချက်ကို သုံးပြီး မင်းတို့အဖိုးနဲ့ သဘောထားကွဲတာကို ပြင်ဖို့ လုပ်ခဲ့တယ် ။ သူချန်မိသားစုက ထွက်သွားကတည်းက ငါပြန်မလာတာပဲ ။ မင်းဒီလူကြီးကို လိုချင်ရင် ငါခုကြုံနေရတယ့် ဆေးပြသနာကို ရှင်းပေးမယ်”
ချန်လုဇောင် သူ့ခေါင်းကို ချိန်အိမ်တော် ဂိတ်ဝသို့ ကြည့်လျက် ပြောပါတယ် ။ သူ၏ မျက်လုံး ထဲမှာ တစ်ခုခုကို လွမ်းဆွေးနေသလိုပင် ။ ချန်ရှန်က ပြုံးပြီး –
“အဖိုးလေး ၊ နေနိုင်ရင်တော့ အရမ်းကောင်းမှာပေါ့ဗျာ ။ နောက်ပြီး ဒီဆေးကိစ္စကလည်း ကျွန်တော့ခေါင်းပေါ်ကျနေတယ့် တာဝန်ကြီးဖြစ်နေလို့ပါ”
ချန်တျန်းဟူကလည်း ဆက်လက်ပြီး –
“ဦးလေး ၊ ချန်မျိုးနွယ်မှ ပြန်လည်ကြိုဆိုပါတယ်ဗျာ”
ချန်လုဇောင် အနည်းငယ်ပြုံးပြီး သဘောတူပုံဖြင့် ချန်တျန်းဟူကို ကြည့်ကာ –
“ချန်မျိုးနွယ်က ငါထွက်သွားတုန်းက မင်းက ကလေးလေးပဲ ရှိသေးတယ် ။ ငါဟာလည်း ငယ်ငယ်လေးပါပဲ ။ ခုတော့ ငါလဲ တော်တော် အိုနေပါပြီ ။ မင်းတို့ လူငယ်တွေပဲ ချန်မျိုးနွယ် ကို စောင့်ရှောက်ကြပါ”
စားပွဲည ပြီးနောက်မှာတော့ ချန်ရှန်တစ်ယောက် နာမည်တဟုန်ထိုး ကြီးလျက်ရှိနေပါတယ် ။ ချန်မျိုးနွယ်ရဲ့ ပုံရိပ်ဟာလည်း မြင့်တက်လျက်ပါပဲ ။ ချန်မျိုးနွယ်တွင် ယခု ဆေးပညာရှင် ၂ ယောက်ရှိပြီး ဆေးအတွက် ပူစရာမလိုတော့ပေ ။ ပြသနာတစ်ခုကတော့ ဆေးပင် ရနိုင်ရေး ပြသနာပဲ ဖြစ်ပါတော့တယ် ။ အနိမ့်စားဆေးပင်တွေကတော့ ကိစ္စမရှိပေ ၊ သို့သော်လည်း ဆေးအမြင့်စားအပင်တွေကတော့ ဈေးကြီးမြင့်ပြီး ရှားပါးလှပါပေတယ် ။ ယောင်မျိုးနွယ်ဟာ ဒီလိုဆေးပင်တွေကို အဓိက ဆုပ်ကိ်ုင်ထားခြင်းပဲဖြစ်ပါတယ် ။
သီးသန့်ခန်းတစ်ခုအတွင်းမှာတော့ ၊ ချန်ရှန် ၊ ဘိုင်ယုယုနဲ့ စုမေးယိုတို့ ဆွေးနွေးနေကြပါ တော့တယ် ။ သူသိုင်းပညာဂိုဏ်းကို မရောက်ခင်မှာ ချန်မိသားစု အရမ်းစွမ်းအားကြီးမားတာ ကို သူမျှော်လင့်နေပါတယ် ။
“ဒါကပြသနာမဟုတ်ပါဘူး ၊ ခု မင်းတို့ချန်မျိုးနွယ်က ဆေးပင်တွေ ရှားနေတာလေးပါပဲ ။ မင်းအနီးနားမြို့က ဆေးပင်တွေဝယ်ပြီး ပြန်လာနိုင်တာပဲ ၊နောက်ပြီး မင်းရဲ့ သွေးဝိဉာဉ် မြက်ကိုလည်း ပထမဆုံးရောင်းလိုက်ပေါ့”
စုမေးယို နှစ်တစ်ထောင်သားရဲဆေးကို ဆော့လျက် ပြန်ပြောပါတယ် ။ ချန်ရှန်က က စိုးရိမ်စွာဖြင့် –
“ဒါက နှစ်တစ်ထောင်သွေးဝိဉာဉ်တော်မြက် ၊ အရမ်းရှားတယ်နော်”
စုမေးယို သားရဲဆေးကို ချန်ရှန်ဆီပြန်ပေးလိုက်ရင်း ရယ်မောကာ –
“မင်းမှာ နဂါးတံတွေး ကျင့်စဉ်ရှိနေပြီမလား၊ အချိန်တွေလည်းအများကြီး ရှိနေတာ ၊ နှစ်တစ်သောင်းမြက်ဖြစ်နေပါစေဦးတော့ ဘာအရေးလဲ ၊ နောက် ဒီမြက်က အဆင့်နိမ့် ဆေးပင်အမျိုးအစားဖြစ်ပြီး သိပ်တော့လည်း အရေးမပါပါဘူး ။ အစွမ်းတော့ ထက်တာပေါ့လေ”
နဂါးတံတွေး ၊ ၎င်းက ဆေးပင်တွေကို လျင်မြန်စွာ ပေါက်ပွားစေတယ် ။ ချန်ရှန် ဒီအကြောင်း စဉ်းစားမိပြန်တော့လည်း စိတ်သက်သာရာရမိပါတယ် ။ သူကိုယ်တိုင် ဒီမြက်မျိုး စိုက်ကြည့် ချင်နေပါတယ် ။ စုမေးယိုဟာ သူ့ စိတ်ကို ထွင်းဖောက်မြင်ဟန်ဖြင့် ပြောလိုက်ပါတော့တယ် ။
“နှစ်တစ်သောင်းမြက်တော့ စိုက်ဖို့ မကြိုးစားလေနဲ့ ၊အချိန်ဖြုန်းတာပဲ ဖြစ်မယ် ။ ဒီအစား တခြား အဆင့်မြင့်တွေ စိုက်စမ်းပါ ။ နဂါးတံတွေး ကျင့်စဉ်အကြောင်းလည်း သိသားနဲ့ ၊ မင်းရဲ့ မိုးပြာနဂါး ချီဓာတ်တွေကို သုံးပြီး နေနဲ့လရဲ့ အရသာကိုတောင် ခဲပေးနိုင်လောက်တယ်ကွ”