Chapter – 10.3 ” ၀ိညာဥ်လက်နက်တွေနဲ့ ပထမဆုံးအတွေ့အကြုံ ”
°°°
ရုတ်တရက်ဆိုသလို လူတစ်ယောက်က သူ့လမ်းကို လာပိတ်တာကြောင့် ဟို့ယွိဟောင်လဲ လန့်သွားခဲ့ပါတော့တယ်။ သူခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ထန်ယာ့ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
” ဆရာရှောင်ယာ့ ”
ထန်ယာ့ကတော့ ထူးထူးဆန်းဆန်းကြီးပြုံးရင် ဟို့ယွိဟောင်ကို ဘေးဘက်ဆီဆွဲခေါ်သွားခဲ့ပါတယ်။
” ယွိဟောင် အခုပိုက်ဆံတစ်ပြားမှမရှိဘူးမလား ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ဟုတ်တာပေါ့ ဆရာတူအစ်ကိုကြီးက ပြောတယ်…ဒီနေရာမှာ ငါတို့တွေ စဥ်းစားလို့ရတဲ့ အလုပ်တစ်ချို့ရှိတယ်…ဒါကြောင့် ကျောင်းပြီရင်း အချိန်ရမလားဆိုတာကို စီစဥ်နေတာ ”
ဟို့ယွိဟောင်ရဲ့ နှစ်တိုင်းအတန်းစရိတ်က ရွှေပြားဆယ့်ပြားကုန်ကျပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့နေ့စဥ်ကုန်ကျစရိတ်ကလဲ ပိုက်ဆံလိုအပ်နေခဲ့တယ်။ အချိန်တွေအားလုံးကို ကျင့်ကြံဖို့အတွက်သာ နစ်မြုပ်ထားချင်ပေမဲ့ အသက်ရှင်နေဖို့အတွက်လဲ သူက လုပ်ဆောင်ရဦးမှာပါ။
ထန်ယာ့ကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ငါတို့ရဲ့ ထန်မျိုးနွယ်တပည့်သားဖြစ်နေပြီးဆိုတော့ ဆရာတစ်ယောက်အနေနဲ့ ကောင်းကောင်းဂရုစိုက်ပေးရမှာပေါ့ ဒါကြောင့် ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုကိုငါတွေ့ထားတယ်…ကျောင်းထမင်းစားဆောင်မှာ အစားအသောက်တွေ ၀ယ်ဖို့အတွက် အဓိကတာ၀န်ကျတဲ့ အဒေါ်ကြီးကို ငါသိတယ်…နေ့တိုင်းငါးအကောင်နှစ်ဆယ်၀ယ်ဖို့ အကူအညီတောင်းထားတယ်..အပြင်ဘက်မှာ မီးဖိုထောင်ပြီး မီးသွေးတစ်ချို့ ရှိနေသရွေ့ ဟင်းခပ်အမွှေးအကြိုင်နည်းနည်းသာ ပြင်ပေးလိုက်လို့ကတော့ သေချာပေါက် ငါးကင်ကို ကျောင်းပေါက်၀မှာ ရောင်းလို့ရတယ်…ယွိဟောင်ရဲ့ ဟင်းချက်တဲ့စွမ်းရည်နဲ့ဆိုရင် သေချာပေါက် အကုန်ရောင်းကုန်မှာပဲ ဒါ့အပြင် အဲ့ဒီငါးတွေက ပုံမှန်ကြေးပြားတစ်ပြားပဲ ကုန်ကြပေမဲ့…ဒါပေမယ့် ကင်ပြီးရောင်းမယ်ဆိုရင် ကြေးပြားငါးပြားအထိ ရောင်းလို့ရတယ်….ဒါဆိုရင် ပြဿနာမရှိတော့ဘူး ဒီအတိုင်းသာမလုပ်ဘူးဆိုရင် ပိုက်ဆံရနိုင်မှာမဟုတ်ဘူးမလား ”
ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေကလဲ တောက်ပလို့သွားပါတော့တယ်။
” ဆရာရှောင်ယာ့ ဒီအစီအစဥ်က ကောင်းတယ် ကျွန်တော်မှာ စိတ်၀ိညာဥ်မျက်လုံးရှိနေပြီးမလို့ မီးကိုလဲကောင်းကောင်း ထိန်းချုပ်နိုင်နေပြီး ကျွန်တော်ဒီညစမ်းကြည့်ရမလား ”
ထန်ယာ့ကတော့ ခေါင်းဆက်တိုက်ညိတ်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူမရဲ့ တကယ်စိတ်အကြံအစည်အစစ်ကို ထုတ်ပြတော့တယ်။
” အဲ့ဒီကိစ္စတွေအတွက်ကတော့ လိုမဲ့ပစ္စည်းတွေအားလုံးကို ငါ၀ယ်ပေးမယ်လေ ငါးကင်ရောင်းပြီတဲ့အချိန်တိုင်း ငါ့ကို အရင်ဆုံးကျွေးရမယ်နော် မစိုးရိမ်ပါနဲ့ ငါးကင်ကို ပြန်၀ယ်မှာပါ တခြားလိုလာမဲ့ပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ၀ယ်ပေါ့ “‘
ဟို့ယွိဟောင်ရဲ့ ငါးကင်ကို အဲ့ဒီနေ့စားပြီးကထဲက သူဆက်တိုက်စားချင်နေတာပါ။ မနေ့က စာမေးပွဲပြီးပြီချင် နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမဲ့နည်းလမ်းကို သူစဥ်းစားမိပါတယ်။ ဒါကို ပေ့ပေ့ဆီ လုံး၀မပြောပြခဲ့ပါဘူး။
ထန်ယာ့ရဲ့ အမူအရာကိုမြင်ချိန်မှာ ဟို့ယွိဟောင်ကတော့ သူမရဲ့ စိတ်အကြံအစည်ကို နားလည်သွားပါတော့တယ်။ ဒါကြောင့် နားလည်တဲ့အပြုံးနဲ့ ပြုံးပြရင်း ပြောလိုက်တယ်။
” ဆရာရှောင်ယာ့ ဒါဆိုရင် ကျွန်တော်တို့ညကျရင် တွေ့မယ်နော် ”
” ကောင်းပြီ ကောင်းပြီ ငါအရင်ပြန်တော့မယ်…ဒါပေမယ့် သတင်းကောင်းပြောပြရဦးမယ်…ငါရော ပေ့ပေ့ နှစ်ယောက်စလုံး စတုတ္ထနှစ်ကို အဆင့်တက်သွားပြီး ”
ထန်ယာ့က သူ့ကို နှုတ်ဆက်ထွက်ခွာသွားရင်း ပြန်ပြေးသွားပါတော့တယ်။
ရိုးရှင်းတဲ့နေ့လည်စာကို စားပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့အခန်းထဲကို ပြန်လာခဲ့တော့တယ်။ ၀မ်သုန့်က ပြန်မရောက်သေးပါဘူး။ သူဘယ်သွားလဲဆိုတာ ဘယ်သူမှမသိတာတော့ အသေအချာပါပဲ။ ကျိုးယိကတော့ သူတို့ကို နောက်တစ်ကြိမ် ထက်ပြီကင်ဦးမဲ့ပုံပါပဲ။ ဒါကြောင့် ဟို့ယွိဟောင်လဲ လက်ရှိနေ့လည်စာ စားချိန်ကို အခွင့်အရေးယူပြီး တရားထိုင်ပါတော့တယ်။ ကျင့်ကြံနေတဲ့အချိန်မှာ ခန္ဓာကိုယ်စွမ်းအင်တွေကလဲ ချက်ချင်းဆိုသလို ပြန်လည်ပြည့်၀လာခဲ့တယ်။
သူဒီလို လေ့ကျင့်နေချိန်မှာ ဟို့ယွိဟောင်လဲ အံ့ဩသွားခဲ့ရပါတယ်။ မနက်တစ်လျှောက်လုံး ပြေးနေခဲ့ရပြီတဲ့နောက် သူ့ရဲ့စွမ်းရည်က ပုံမှန်ထက် အနည်းငယ်ပိုပြီး တိုးတက်လာခဲ့ပါတယ်။ ဆံချည်တစ်မျှင်စာလောက်သာ ဖြစ်ပေမဲ့ သူအတော်လေး ကျေနပ်သွားခဲ့ရတယ်။သူ့ခန္ဓာကိုယ်ရဲ့ တောင့်ခံနိုင်စွမ်းက အဆုံးစွန်အထိ ရောက်သွားချိန်မှာ ၀ိညာဥ်စွမ်းအားကလဲ တိုးတက်လာနိုင်တဲ့ ပုံပါပဲ။ တခြားတစ်ဖက်မှာ ခန္ဓာကိုယ်စွမ်းအင်ကတော့ အတော်လေး တောင့်ခံဖို့ခက်ပါသေးတယ်။ ဒါ့အပြင် အခုလိုမျိုးလေ့ကျင့်တာက ဂဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလိုမျိုး အကျိုးရစေခဲ့တယ်။
ဟို့ယွိဟောင် တရားထိုင်နေရာကနေ နိုးလာချိန်မှာတော့ ၀မ်သုန့်က သူ့မျက်ချင်ဆိုင်အိပ်ယာမှာထိုင်ရင်း သူ့ကို စိုက်ကြည့်နေတာကြောင့် မျက်လုံးပြူးသွားခဲ့ရပါတယ်။
” ပြန်လာပြီလား ငါတို့အတန်းသွားတက်ကြတော့မလား “‘
ပြောပြီချိန်မှာပဲ ဟို့ယွိဟောင်က အိပ်ယာပေါ်ကနေ ခုန်ထပြီးဖိနပ်စီးပါတော့တယ်။ အဲ့ဒီနောက် အတန်းကိုပြေးဖို့လုပ်တယ်။ မနက်ပိုင်းဖြစ်ခဲ့တဲ့ကိစ္စကြောင့် သူတို့ရဲ့အခြေအနေက အတော်လေးကောင်းမွန်နွေးထွေးသွားခဲ့ပါပြီး။
၀မ်သုန့်က ခပ်တိုးတိုးမေးလာခဲ့ပါတယ်။
” ဟို့ယွိဟောင် နင်ရဲ့သိုင်းပညာ၀ိညာဥ်က ထူးဆန်းတယ်နော် ငါ့ရဲ့သိုင်းပညာ၀ိညာဥ်ကော နင်မြင်ပြီးပြီမလား ဒီတော့ နင်ရဲ့သိုင်းပညာ၀ိညာဥ်က ဘာလဲပြောပြ ”
ဟို့ယွိဟောင်က ဖိနပ်စီးပြီတဲ့နောက် ပြန်ဖြေလိုက်ပါတယ်။
” ငါရဲ့မျက်လုံးတွေက သိုင်းပညာ၀ိညာဥ်တွေပဲ ဒါကို စိတ်၀ိညာဥ်မျက်လုံးလို့ခေါ်တယ် ..ပုံစံပြောင်းတတ်တဲ့ စိတ်၀ိညာဥ်အမျိုးအစားလေ ဘာဖြစ်လို့ အံ့ဩနေလဲဆိုတာ သိမှာပါ ပထမဆုံး၀ိညာဥ်စွမ်းရည်က စိတ်၀ိညာဥ်ထောက်လှမ်းမှုလို့ခေါ်တယ်…အရှေ့ရက်က တိုက်ခိုက်တဲ့အချိန် မင်းငါ့ကို ထိအောင်မတိုက်ခိုက်နိုင်တာ ငါထောက်လှမ်းမှုကို သုံးပြီး မင်းရဲ့ လှုပ်ရှားမှုတွေအားလုံးကို ခန့်မှန်းနိုင်လိုက်လို့လေ ”
၀မ်သုန့်လဲ ချက်ချင်းဆိုသလို နားလည်သွားပါတော့တယ်။
” ဪ ဒီလိုဖြစ်နေတာပေါ့ မင်းမှာ ခန္ဓာကိုယ်စိတ်၀ိညာဥ်ရှိနေမယ်လို့ ငါမတွေးခဲ့မိဘူး သွားကြရအောင် နောက်ကျလို့မဖြစ်ဘူး မဟုတ်ရင် ငါတို့ နောက်တစ်ခေါက် ပြဿနာတက်နေဦးမယ်…ဆရာကျိုးရဲ့ နာမည်ပြောင်ကို ငါသိလာခဲ့တယ်…အပေါက်ဆိုးဆိုးအဘွားကြီးတဲ့ ဒါ့အပြင် နှစ်စဥ်နှစ်တိုင်း သူ့အတန်းကနေ ထုတ်ပယ်ပြစ်လိုက်တဲ့ ကျောင်းသားတွေက တခြားအတန်းဆယ့်တန်းနဲ့ ညီမျှတယ်တဲ့ ငါတို့တကယ်ကံဆိုးတာပဲ ဒီလိုဆရာမျိုးနဲ့မှ ကြုံရတယ်လို့ ”
” အဲ့ဒီလို တွေးလို့မဖြစ်ဘူးလေ ဆရာကျိုးက တကယ်တင်းကြပ်တာ မှန်ပေမဲ့ ငါတို့အတွက် သူက အဆင့်အတန်းကို သေချာစစ်ပေးနေတာ သူ့ရဲ့ သတ်မှတ်ချက်တွေက အဲ့ဒီလောက်ကြီးလဲ မခက်ပါဘူးဟုတ်တယ်မလား မင်းရဲ့ သိုင်းပညာ၀ိညာဥ်ကို ငါမြင်ပြီးပြီ ဒါပေမယ့် သူ့ရဲ့နာမည်ကို မသိသေးဘူး ဒါ့အပြင် အ၀ါရောင်နဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတွေကိုလဲ တွေ့ထားတယ်…မင်းအဲ့ဒါတွေ ဘယ်လိုများ ရလာတာလဲ ”
၀မ်သုန့်ကတော့ ကောက်ကျစ်မှုအပြည့်နဲ့ ရယ်မောရင်း ပြောလာခဲ့ပါတယ်။
” နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို ငါရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းအဖြစ် ရလာတာ လျှို့၀ှက်ချက်ပဲအခုတော့ ငါမပြောပြနိုင်ဘူး ငါ့ရဲ့သိုင်းပညာ၀ိညာဥ်က တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်လို့ခေါ်တယ်…တိုက်ကြီးတစ်ခုလုံးမှာ အလှဆုံးလိပ်ပြာပဲ ဒါ့အပြင် မျိုးသုန်းတော့မဲ့ အခြေအနေရောက်နေပြီး ဒီသိုင်းပညာ၀ိညာဥ်က နင်ထက်တောင် ပိုရှားသေးတယ်…အနာဂတ်မှာ သူ့စွမ်းရည်ကို နင်မြင်ရမှာပါ အခုတော့ မေးပါရစေဦး ဆရာကျိုးက နင့်ကို အစောတုန်းက ဘာခေါ်လုပ်တာလဲ ”
သူတို့နှစ်ယောက်အခန်းထဲက ထွက်လာရင်း စကားပြောလာခဲ့ပါတယ်။ သူတို့တွေတင်မက တခြားဘယ်ကျောင်းသားမှလဲ နောက်မကျ၀ံ့ပါဘူး။
ဆရာကျိုး သူ့ကိုခေါ်သွားပြီ စမ်းသပ်တဲ့အကြောင်းတွေ ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိတာကြောင့် အကုန်လုံးပြောပြလိုက်ပါတယ်။
” ဪ အဲ့ဒီလိုလား နင်က စိတ်၀ိညာဥ်ကိုမျှဝေတာတောင် လုပ်နိုင်တယ်ပေါ့ မြန်မြန်လေး ငါလဲသိချင်လိုက်တာ ”
သူတို့တွေက အသက်ဆယ့်တစ် ဆယ့်နှစ်နှစ်အရွယ်သာ ဖြစ်နေခဲ့တာကြောင့် ၀မ်သုန့်လဲ အရမ်းကို စပ်စုချင်နေခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိတော့ပဲ ချက်ချင်းဆိုသလို အသုံးချပေးလိုက်တယ်။
ပတ်၀န်းကျင်မီတာသုံးဆယ့်မှာ ရှိရှိသမျှအရာအားလုံးက ကြည်လင်ရှင်းလင်းလို့လာခဲ့ပါပြီး ၀မ်သုန့်လဲ ချက်ချင်းဆိုသလို တောင့်တင်းသွားပါတော့တယ်။ မျက်ကန်းတစ်ယောက် လောကကြီးကို ရုတ်တရက်ရှင်းရှင်းလင်းလင်း မြင်လိုက်ရသလိုမျိုး သူအတော်လေးကို ကြောင်အလို့သွားခဲ့ရတာပါ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျှဝေမှုကို ပထမဆုံးကြုံတွေ့ရတဲ့ ဘယ်၀ိညာဥ်ပညာရှင်မဆို ဒီလိုထိတ်လန့်မှုကို ခံစားရပါတယ်။
ဒါ့အပြင် ဟို့ယွိဟောင်က ဒီလိုမျှဝေမှုအစွမ်း တစ်စနဲ့တစ် ပိုပြီးကျွမ်းကျင်လာသလို ပိုပြီးလဲ အားကောင်းလာခဲ့ပါသေးတယ်။ ၀မ်သုန့်ကို ဒီလိုမျှဝေပေးနေရင်း ဖန့်ယွီရဲ့စကားတွေကို ပြန်တွေးတောနေခဲ့မိတယ်။ ဒါကြောင့် တစ်နေရာထဲကို အားစိုက်ပြီး အဆုံးစွန်အထိ ထုတ်သုံးဖို့သူလုပ်ကြည့်ပါတယ်။ အဲ့ဒီနောက် ပိုကျယ်ပြန့်တဲ့နယ်မြေအထိကို သူစူးစမ်းကြည့်ဖို့လုပ်တယ်။
လက်ရှိအခြေအနေမှာ သူက တစ်နေရာထဲကို စူးစိုက်ကြည့်နေခဲ့တာကြောင့် မျက်၀န်းထဲမှာရှိနေတဲ့ ရွှေရောင်အလင်းတန်းက ပိုတောက်ပလာတာကို ကိုယ်တိုင်းတောင်မသိလိုက်ပါဘူး။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားပေါင်းစည်းမှုကလဲ ပိုအားကောင်းလာခဲ့ပါတယ်။ စက်၀ိုင်းပုံသဏ္ဍာန်လှည့်ပတ်နေခဲ့တဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက စတင်ပြီ အရှေ့တစ်နေရာထဲကို ဦးတည်တော့တယ်။
၀မ်သုန့်လဲ ဒီလိုအပြောင်းအလဲကို ခံစားမိပြီး သူ့ရဲ့ သုံးဖက်မြင်နေရတဲ့ မြင်ကွင်းက ဘယ်နဲ့ညာ ပျောက်ကွယ်သွားတာကိုပါ သိလိုက်ရပါတော့တယ်။ လက်ရှိအချိန်မှာ သူအရှေ့တစ်ဖက်ထဲသာ ကျန်ရစ်တဲ့အပြင် ဒီအရှေ့မှာရှိနေတဲ့ အရာတွေကိုမြင်ရတဲ့အကွာအဝေးကလဲ ပိုလို့တိုးပွားလာခဲ့ပါပြီ။
ဟို့ယွိဟောင်အတွက်တော့ ဒီလိုနေရာတစ်ခုထဲကို စူးစိုက်တာက သူပုံမှန်သုံးနေကြတဲ့အရာထက်ပိုပြီး အချိန်ယူရပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကလဲ ကြောက်စရာကောင်းလောက်အောင် အသုံးချနေခဲ့ရတယ်။ အချိန်ခဏတာလေးအတွင်းမှာပဲ သူအတော်ကို မောပန်းနေခဲ့ပါပြီး။
သူ့ခန္ဓာကိုယ်က တစ်ချက်ယိမ်းယိုင်သွားခဲ့ပြီး ၀မ်သုန့်ရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ရပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားမျှဝေမှုကလဲ ရပ်တန့်လို့သွားခဲ့တယ်။
” ဟို့ယွိဟောင် ဘာဖြစ်လဲ အဆင်ပြေရဲ့လား ”
၀မ်သုန့်က ချက်ချင်းဆိုသလို စိုးရိမ်တကြီးနဲ့မေးတော့တယ်။
အပိုင်း ၁၀•၃ ပြီး၏။