Switch Mode

Chapter – 24

ပြင်းထန်သောတိုက်ပွဲ

Chapter – 24 ပြင်းထန်သောတိုက်ပွဲကြီး

လက်သီးနဲ့ ဓားတို့၏ ထိတိုက်မှုကြီးကား ပြင်းထန်လျက် ချီဓာတ်အဟုန်များလည်း အရပ် မျက်နာ အဘက်ဘက်သို့ လွှမ်းခြုံသွားပါတယ် ။ မိုးပြာရောင်အငွေ့ များ ပေါက်ကွဲမှု နဲ့ အတူ ချန်ရှန်ရဲ့ ပြင်းထန်လှတယ့် ချီဓာတ်များဟာ ယောင်တျန်းဟွာရဲ့ ဓားရှည်အား “ချွင်” လို့ပင်မြည်စေကာ ချိုးပစ်စေလိုက်ပါတော့တယ်
ချန်ရှန်၏ ကောင်းကင်ကျားမုန်တိုင်းလက်သီးဟာ မရပ်တန့် နိုင်တော့ပါဘူး ။ စွမ်းအား ကြီးလှတယ့် ချီဓာတ်တွေ လွှမ်းခြုံထားသော လက်သီးများဟာ ယောင်တျန်းဟွာ ဆီကို အဆက်မပြတ်ကျလျက် ယောင်တျန်းဟွာ တစ်ယောက် လှုပ်ဖို့ နေနေသာသာ အသက်ပင် မနည်းလုရှူနေရပါတယ် ။
“ရပ်လိုက်စမ်း”
ယောင်လူကြီး၏ အော်သံပါ ။ သို့သော် လည်း ချန်ရှန်လက်သီးများကတော့ ကောင်းကင် မှ မိုးကြိုးများ အဆက်မပြတ် ပစ်နေသလိုကို တိုက်ခိုက်နေပါတယ် ။ လူတိုင်းဟာ တော် တော်ကြီးကို ရှော့ရလျက် မျက်လုံးများသာမက ပါးစပ်များပါ ပွင့်လျက် ရှိနေကြတယ် ။ လေပြင်းတစ်ချက်နဲ့ အတူ ယောင်တျန်းဟွာ စတိတ်စင်ပေါ်မှ လွင့်ထွက်သွားပါတယ် ။ သွေးစတွေဆိုသည်မှာလည်း လေပေါ်မှ မြေကြီးပေါ်သို့ ဖြန်းလိုက်သလိုကို ထွက်နေတယ် ။ ယောင်လူကြီးနဲ့ ယောင်မျိုးနွယ် ကိုယ်ရံတော်တို့ လျင်မြန်စွာ လေပေါ်ပျံကာ ယောင်တျန်းဟွာ ဆီသို့ ပြေးသွားကြပါတယ် ။
“မင်း . . . . မင်း . သူ့ ကို တော်တော် ဒဏ်ရာရအောင် တကယ်လုပ်တာပဲ”
ယောင်လူကြီး ဒေါသတကြီး အော်နေတယ် ။ ထို့နောက် ဆေးတစ်လုံးထုတ်ကာ ယောင် တျန်းဟွာ ပါးစပ်ထဲသို့ ထည့်လိုက်ပါတယ် ။ ယောင်တျန်းဟွာကို ပြုစုပြီးနောက်မှာတော့ ကိုယ်ရံတော်များလက်ပေါ်ထားခဲ့ကာ စင်မြင့်ပေါ်သို့ ခုန်တက်သွားတော့တယ် ။ ချန်ရှန်ရဲ့ လက်သီးများဟာ ယောင်တျန်းဟွာ ဓားကို ချိုးပစ်လိုက်ရုံမက ယောင်တျန်းဟွာကိုလည်း တော်တော်ဒဏ်ရာရသွားစေပါတယ် ။ ဒီလိုစွမ်းအင်ကတော့ တခြားသူများရဲ့ ခေါင်းများ ငိုက်စိုက်ကျသွားစေလောက်အောင် ရှက်ရွံ့ သွားစေပါတယ် ။ တခြားမျိုးနွယ်မှ လူများဟာ စိတ်လှုပ်ရှားလျက်ရှိကြတယ် ။ ချန်မျိုးနွယ်နဲ့ ယောင်မျိုးနွယ်တို့ အခုတော့ တကယ့်ကို ရန်သူတော်များ ဖြစ်သွားကြပြီမို့လို့ပါ ။ ဒါတင်မကသေး အခု ယောင်မျိုးနွယ်ရဲ့ အကြီးတစ်ယောင်ကလည်း ချန်ရှန်ကို တိုက်ဖို့ ပြင်နေပါသေးတယ် ။
ချန်မျိုးနွယ် အကြီးများနဲ့ ချန်မိသားစုဝင်များဟာ ရင်ဆိုင်ဖို့ အသင့် ရှိနေကြပါတယ် ။ ဒါပေမယ့် လည်း ချန်တျန်းဟူရဲ့ တားမြစ်မှုကြောင့် ရပ်မြဲရပ်နေကြပါတော့တယ် ။ အေးဆေး တည်ငြိမ်သောအသံဖြင့် –
“လူတိုင်းငြိမ်ငြိမ်နေကြပါ ၊ ငါတို့ ဒီလို ပွဲကြီးပွဲကောင်းကို ကြည့်ကြစို့”
ချန်ရိဟန်ကလည်း ပုံမှန်မဟုတ်သော လေသံဖြင့် –
“ဒီကောင်လေးက သိုင်းပညာ အဆင့် ၅ နဲ့တုန်းကတောင် ငါ့ကို ရှုံးနိမ့်စေခဲ့တာ အခုဆို သူက အဆင့်ခြောက်ကို ရောက်နေပြီ ။ ဒီယောင်လူကြီးဟာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လုံးဝ ထိခိုက် အောင် စွမ်းဆောင်နိုင်လိ့မ်မယ် မထင်ဘူး”
သိုင်းပညာ အဆင့် ၇ ရှိသော ယောင်လူကြီးဟာ တော်တော်စွမ်းအားကြီးနေပေမယ့်လည်း ချန်ရှန်လို နတ်အတွင်းအား ကျင့်စဉ်များကျင့်ပြီး ယင်ယန် နတ်အတွင်းအားတွေ ရှိနေသူ အတွက်ကတော့ ရင်ဆိုင်ဖို့ မခက်ခဲပါဘူး ။ မြင့်မားတယ့် စွမ်းရည်ရှိတဲ့ ပါရမီရှင်တစ်ယောက် ဟာ အနာဂတ်မှာ သူတို့ ခေါင်းဆောင် ဖြစ်နိုင်ပါတယ် ။ ချန်မျိုးနွယ်ဟာ တကယ်ကို စွမ်းအား ကြီးကြသော်လည်း သူတို့ကို ရန်ပြုချင်တယ့် တခြား စွမ်းအားကြီး မျိုးနွယ်တွေဟာလည်း အများကြီးကိုရှိတယ် ။ ယခုတော့ တခြားမျိုးနွယ်မှ မျိုးဆက်သစ် ပါရမီရှင်ဟာ ချန်ရှန်ကို ရုံး သွားတာဟာ ဒီလိုရန်ပြုချင်တယ့် အတွေးတွေကို ဆန့်ကျင်ပေးလိုက်သလိုပါပဲ ။ တချို့ ပါးနပ်သော မျိုးနွယ်စုများကတော့ ချန်မိသားစုနဲ့ ကောင်းမွန်တယ့် ဆက်ဆံရေးရရန်သာ ကြိုစားကြပါတယ် ။
“ဘာမှားလို့လဲ ၊ မျိုးဆက်သစ်လူငယ်လေးက လူကြီးကို မချနိုင်ဘူးလား”
ချန်ရှန်က လှောင်လိုက်ပါတယ် ။ သူ့ လက်သီး ၂ ဖက်လုံးမှာလည်း မိုးပြာရောင် အလင်းတန်း များထွက်နေလျက်ပါပဲ ။ အားလုံးသော ကွင်းထဲမှ လူများဟာ အံ့သြနေကြတယ် ။ ချန်ရှန်ဟာ သိုင်းပညာမီးလျံတွေ မထုတ်ပြနိုင်ဘူးတဲ့လား !!? ၊ ဒီလိုပြင်းထန်လှတယ့် ချီဓာတ် အလင်း တန်းတွေဟာ ဘယ်လိုထွက်လာတာပါလိမ့်!!?
ယောင်မျိုးနွယ်မှ လူကြီးဟာ ငတုံးတော့မဟုတ်ပေဘူး ။ ဒါဟာ ချန်ရှန်စွမ်းအား အကုန် မဟုတ်သေးဘူးဆိုတာကို ရိပ်မိပါတယ် ။ ဒီထက်သူအံ့သြတာက ချန်မျိုးနွယ် လက်ရွေးစင် များဟာ ချန်ရှန်ကို ကူညီဖို့ လုံးဝလှမ်းမလာတာကိုပါပဲ ။ ဒါဟာသူ့ကို ရှက်ရွံ့ သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်လက်ရွေးစင်တွေဟာ ချန်ရှန်သူ့ကို နိုင်မယ်လို့ ယုံကြည်နေကြ တာပဲ ဖြစ်ပါမယ် ။ သူနဲ့ ရင်ဆိုင်ရမှာကို ခြေလှမ်းဖို့ပဲ မတန်သလိုလို အချိုးချိုးနေကြပုံပါပဲ ။
ချန်ရှန်ဟာ သူ့ရှေ့ မှာ ရှိနေတယ့် ဒေါသများဖြင့်ပြည့်နေသော မျက်နာရှိသည့် လူကြီးအား ကြည့်ပြီး ပြောလိုက်ပါတယ် ။
“ယောင်မျိုးနွယ် လူကြီးမင်း ၊ ပြိုင်ပွဲပြီးပြီးလေ ဒီစင်ပေါ် ဘာလာလုပ်တာလဲ ၊ ကျွန်တော် နဲ့ သိုင်းပညာဖလှယ် ချင်လို့လား”
သိုင်းပညာဖလှယ်တယ့်!! ?
နှစ်ဒါဇင်ပေါင်းများစွာ နေထိုင်ခဲ့တယ့် လူကြီးတစ်ယောက်ဟာ ဆယ်ကျော်သက် ကောင်လေးနဲ့ သိ်ုင်းပညာဖလှယ်မယ်ဆိုပဲ ။ ဒါဟာသူ့ အတွက် အတော်ရယ်စရာပါပဲ ။ သူရှုံးရှုံး နိုင်နိုင် သူ့ဂုဏ်သိက္ခာနဲ့ ပတ်သတ်ပြီး သိပ်ကိစ္စ ဖြစ်ဖွယ် မရှိသလိုပါပဲ ။
“မင်း … … မင်း .. .. တျန်းဟွာကို နာကျင်အောင်လုပ်တယ်”
ယောင်လူကြီး ဟာ တကယ်တော့ ပြောစရာစကားမရှိပါဘူး ။ ဒါပေမယ့်လည်း စင်ပေါ်ကို တက်လာမိတာဖြစ်တယ် ။ ချန်ရှန်က တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်ပါတယ် ။
“အဲဒိတော့ ?? ကျွန်တော် ပြန်မလုပ်ရင် သူ့ဓားက ကျွန်တော့ လည်မျိုကို ဖောက်သွားမှာ လေ ၊ ကျွန်တော်သူ့ကို မသတ်ဘူးနော် ၊ ဒါကျွန်တော့ရဲ့ သနားညှာတာမှုပဲ”
လူတိုင်း ယောင်တျန်းဟွာရဲ့ ဓားဟာ ဘယ်လိုအားပြင်းလဲဆိုတာ မျက်မြင်ပါပဲ ။ ဒါကြောင့် ခုလိုချန်ရှန်တုန့်ပြန်တာဟာ သဘာဝကျပါတယ် ။ နောက်ပြီး ဒါဟာပြိုင်ပွဲပါ ။ ဒဏ်ရာရတယ် ဆိုတာ ထည့်ပြောနေစရာမလိုပါဘူး ။ ယောင်လူကြီးတစ်ယောက်သာ သူ့လူခံရသောကြောင့် မတရားဘူး ထင်နေတာပါ ။ သူဟာ အထက်တန်းလွှာ ဆေးပညာရှင် မိသားစုတစ်စုကို ပိုင်ဆိုင်ထားတယ် ။ များစွာသောအင်အားကြီး မျိုးနွယ်များဟာလည်း ယောင်မျိုးနွယ်နှင့် ပနံသင့်ကာ အဆက်အသွယ်များစွာရှိနေတယ် ။ ဒါပေမယ့် ဒီနေ့မှာတော့ ယောင်မျိုးနွယ်ဟာ သူတို့ရဲ့ တန်ဖိုးကြီး ဆေးပင်တွေ ဆုံးရှုံးရရုံသာမက သူတို့ မျက်နာလည်း ထားစရာမရှိအောင်ကို သိက္ခာကျခဲ့ပြီ ။ ဒါတင်မကသေး ယောင်မျိုးနွယ်ရဲ့ နာမည်ကြီး ပါရမီ ရှင်လေးမှာဆိုတာလည်း ဒဏ်ရာအပြည့် ၊ ဒါတွေအားလုံးဟာ ချန်ရှန်ကြောင့်ပဲ ။
“ဟားဟား . .”
ယောင်လူကြီးက ကြည့်ပြီးရယ်နေတယ် ။
“ချန်မျိုးနွယ် သေးသေးလေးက သူတို့ရဲ့ လုပ်နိုင်စွမ်း နည်းနည်းလေးနဲ့ ငါတို့ ယောင်မျိုးနွယ် ကို ဆန့်ကျင်ဝံ့တယ် ။ ဒီနေ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိရှာသေးတယ့် ကောင်လေးကို သင်ခန်းစာ တစ်ခု သင်ပေးမယ်ဟေ့”
ယောင်လူကြီးက ရှူးရှူးရှားရှားဖြစ်နေပါတယ် ။ သူ့ အထင်မှာ ချန်မျိုးနွယ်ဟာ သူချန်ရှန်ကို ဒီတစ်ကြိမ်မှာ သင်ခန်းစာ ကောင်းကောင်းပေးနိုင်လောက်တယ့် သာမန် မျိုးနွယ်သေးသေးလေး တစ်ခုဖြစ်ပြီး ချန်မိသားစုကလည်း ဘာမှမပြောရဲလောက်ဘူးလို့ ထင်နေ တာပါ ။ နောက်ပြီး တကယ်လို့ မျိုးနွယ်စု ၂ ခု ရန်ငြိုးတွေဖြစ်ကာ စစ်ပွဲဖြစ်ပါစေဦး တော့ သူတို့ ယောင်တွေ လုံးဝ မရှုံးနိုင်ဘူးလို့ပါပဲ ။
“ရှက်စရာပဲ လူကြီးမင်းရေ ။ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားမှုကို မသိတာ လူကြီးမင်းတို့ ယောင်မျိုးနွယ်ပဲဗျ ။ ယောင်မျိုးနွယ်ရဲ့ ပြယုဂ်ဟာ ဒီနေ့ ခင်ဗျားကြောင့် ရေစုန်မျောရပြီ”
ချန်ရှန်ရဲ့ ကျယ်လောင်ပြတ်သားတယ့်အသံဟာ ကွင်းပြင်တစ်ခုလုံး ဟိန်းလျက်ပါ ။ သူတို့ ရင်ထဲမှာတော့ ယောင်မျိုးနွယ်ကို ကြိတ်ပြီး အထင်သေးလျက်ရှိနေပါတယ် ။သူတို့ဟာ အရှုံး ကို ၀န်မခံပဲ ၊ ခုတော့ အားကြီးသူက အားနွဲ့သူကို အနိုင်ကျင့်ဖို့ ကြိုစားနေပြန်ပါပြီ ။ သူတို့ဟာ သူတို့ရဲ့ အားအင်တွေ ၊ သိက္ခာတွေ ၊ စွမ်းရည်တွေနဲ့ ချန်ရှန်ကို တိုက်ခိုက်တော့မယ် ။ ဒါဟာ တကယ်တော့ တော်တော်ရယ်စရာပါပဲ ။
ယောင်လူကြီးဟာ ပိုစိတ်ဆိုးလာပါတယ် ။ ကြုံးဝါးသံကြီးတစ်ခုနဲ့အတူ သူ့တစ်ကိုယ်လုံး ရုတ်တရက် အနီရောင် မီးတောက် ချီဓာတ်တွေ ဖုံးသွားပါတယ် ။ မျက်လုံး ၂ ဖက်တွင်လည်း မီးတွေထွက်နေကာ ခြေတစ်လှမ်းထဲဖြင့် ချန်ရှန်ဆီသို့ ရောက်လာပါတယ် ။ ယောင်လူကြီး ရဲ့ မီးတောက်တွေဟာ ချန်ရှန်ဆီ ရိုက်ခတ်ပါတော့တယ် ။
မီးတောက်တွေဟာ ချန်ရှန်ကို မထိသေးပါဘူး ဒါပေမယ့်လည်း မမြင်ရတဲ့ အငွေ့ တွေဟာ ချန်ရှန်ရဲ့ ကိုယ်ကို ဖောက်ဝင်နေပါပြီ ။ ချန်ရှန် စိတ်လျော့ချကာ မီးတောက်တွေ နီးကပ်စွာ ကပ်နေတာတောင် မတ်တပ်ရပ်နေပုံက တောင်ကြီးတစ်လုံးနဲ့ပင် တူနေပါသေးသည် ။ သူ့ လက်သီး ၂ ဖက်မှာ ချီဓာတ်တွေ စီးဆင်းနေလျက် မိုးပြာရောင်အလင်းတန်းတွေလည်း ထွက်နေပါတယ် ။ ဒီလက်သီး ၂ ဖက်ဟာ ရုတ်တရက်ပဲ ကျားဦးခေါင်းများ အသွင် ပြောင်းသွား ကာ ဒီတစ်ကြိမ်တိုက်ခိုက်မှုက ခုနက ယောင်တျန်းဟွာကို တိုက်ခိုက်စဉ်က ထက် အများကြီး ကြီးမားပြင်ထန်နေပါတော့တယ် ။
မီးတောက်တွေဟာ ယောင်လူကြီးရဲ့ တစ်ကိုယ်လုံးမှ ထွက်နေကာ ရက်စက်သော မိစ္ဆာကြီး နဲ့ပင် တူနေပါသေးတယ် ။ ပြင်းထန်တယ့် ချီဓာတ်များဟာလည်း သူ၏ စွမ်းအင်တည်ရာမှာ စုနေလျက်ပါ ။
“လူကြီးမင်း ၊ ခင်ဗျားတကယ် ကျွန်တော့ကို ဒီလို အားတွေစုထားတယ့် လက်တွေနဲ့ ချရင် ကျွန်တော့ဘက်ကလည်း ဆက်ပြီးသည်းခံမှာမဟုတ်တော့ဘူးနော်”
ချန်ရှန် ရုတ်တရက် ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်လို ဟိန်းဟောက်ကာ သူ၏ ပါးစပ်မှလည်း မိုးပြာရောင် ချီဓာတ်တွေ မှုတ်ထုတ်လိုက်ပါတော့တယ် ။ ရုတ်တရက်ပဲ မိုးပြာရောင် အငွေ့လေတွေ တိုက်ခတ်သွားပါတယ် ။ ဒီလေထဲမှာ ကြောက်စရာ မိုးပြာရောင် အလင်းတန်း လျှပ်စီးများဟာ ဟိုမှသည်မှ ဆက်တိုက်ကို ပေါ်လျက်ရှိတယ် ။ ဒီအချိန်မှာပဲ ချန်ရှန်ဟာ မိုးကြိုးပစ်ချသလိုမျိုး ယောင်လူကြီးဆီ သွားကာ ကျားခေါင်းလက်သီးများဟာ ချက်ချင်းပင် စွမ်းအင်ပြည့်ဝသော မိုးပြာရောင် နဂါးကြီးဦးခေါင်းများအဖြစ်သို့ ပြောင်းလဲ သွားပါတော့တယ် ။
မိုးပြာနဂါး ဟောက်သံ လည်း ထွက်ပေါ်လာလျက် ထိုအသံနဲ့ အတူ လေပြင်းများ မိုးကြိုးလျှပ်စီးများပါ ထုတ်လွှတ်လျက် တော်တော်ကို ကြောက်စရာကောင်းလျက်ပါပဲ ။ ဒါကိုမြင်တယ့်အခါ ယောင်လူကြီး တော်တော်အံ့အားသင့်နေပါတယ် ။ ဒီအချိန်မှာပဲ ကြီးမား သော နဂါးကြီး ၂ ကောင် သူ့ဆီသို့ ပြေးလာနေတာကို မြင်လိုက်တယ် ။
“မင်း .. မင်းး . .!”
ယောင်လူကြီး ချန်ရှန်ရဲ့ ပြင်းထန်လှတယ့် ချီဓာတ်များ သူ့ဆီ လာနေတာကိုကြည့်ရင်း ထိတ်လန့် နေပါတယ် ။ ချန်ရှန်ရဲ့ လက်သီးများနဲ့ ယောင်လူကြီးရဲ့ မီးစွမ်းအားတို့ ထိဆုံသွား ချိန်မှာတော့ . . . . .
“ဖုန်းးးးးးးး !”
ကျယ်လောင်လှတယ့် မိုးကြိုးပစ်သံကြီးနဲ့အတူ များစွာသော အလင်းတန်းများ ထွက်လျက် ချီဓာတ်လှိုင်းများဟာ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုလို အဟုန်ဖြင့် အရပ်မျက်နာများစွာကို ပြန့်ထွက်သွားပါတော့တယ် ။ စင်မြင့်ကြီးလဲ ပျက်စီးကာ အနီးရှိ စားပွဲများနဲ့ ပစ္စည်းများ လွင့်ထွက်သွားပါတယ် ။ လူတိုင်းဆွံ့ အလျက်ပါပဲ ။ အသက် ၁၆ နှစ်ကောင်လေးက ယောင်လူကြီးနဲ့ တစ်ယောက်ချင်း တိုက်ခိုက်နေမယ်ဆိုတာကို ဘယ်တုန်းကမျှ မမျှော်လင့် ခဲ့ ဘူးပေ ။ ဒါတင်မကသူကပင် အပေါ်စီးဖြစ်နေပါသေးတယ် ။ လူတိုင်းဟာ ယောင်လူကြီးမင်း ၏ပါးစပ်ထောင့်တွင် သွေးများစီးကျလျက်ရှိတာကို ရှင်းလင်းစွာ မြင်နေရပါတယ် ။
ချန်ရှန်ဟာ ရှက်ရွံ့ ကြောက်လန့်တာမျိုးမရှိပဲ တောင်ကြီးတစ်လုံးလို မြဲမြံစွာ ရပ်နေလျက်ပါ ။ အသက်ကိုလည်းပုံမှန်ရှူကာ ယောင်လူကြီးမင်းလို အမောတကော ဖြစ်မနေပါဘူး ။ လူတိုင်းဟာ ယောင်လူကြီးဟာ ချန်ရှန်ဆီမှ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများမှ ကာကွယ်ရန် များစွာသော ချီဓာတ်များကို သုံးစွဲနေပြီး ထိတ်လန့်လျက် ရှိတယ်ဆိုတာကို တွေ့နေရပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset