အပိုင်း ၁၉၇•၁
” နှင်းဧကရီရဲ့စိတ်၀ိညာဥ် ”
°°°
ဟို့ယွိဟောင်လဲ သူ့ရဲ့ခန္ဓာကိုယ်မှာတစ်စုံတစ်ရာမှားယွင်းပြီထူးဆန်းနေတာကို ဖြည်းဖြည်းချင်းရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ နေရာတိုင်းမှာကိစ္စဆိုးတွေဖြစ်နေခဲ့တာတော့မဟုတ်ပါဘူး။ ကံကြမ္မာမျက်လုံးရဲ့အထဲမှာရွှေရောင်အလုံးလေးတစ်လုံးက လွှင့်မျောလို့နေတာတွေ့လိုက်ရပါတယ်။ ရွှေရောင်သန္ဓေသားက ဒီအလင်းလုံးလေးထဲမှာရှိနေခဲ့ပြီ အပေါ်ယံအလွှာကိုထိုးဖောက်နိုင်သေးတဲ့ပုံမပေါ်ပါဘူး။
သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားအစိတ်အပိုင်းတချို့က ဒီရွှေရောင်သန္ဓေသားထဲရောက်နေတာကို ရှင်းရှင်းလင်းလင်းခံစားမိပါတယ်။ သူအရမ်းဆက်နွယ်နေသလိုပါပဲ။
ဒီခံစားချက်က အတော်ကိုထူးဆန်းပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာနောက်ထပ်လူနှစ်ယောက် ကြီးထွားနေတဲ့အခြေအနေတစ်ခုနဲ့တူညီနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီတခြားသူက သူ့ရဲ့အငွေ့အသက်ကို မပိုင်ဆိုင်ပါဘူး။ သူအတော်လေးကိုရင်းနှီးတဲ့အငွေ့အသက်ကိုပိုင်ဆိုင်နေခဲ့တယ်။ စိတ်၀ိညာဥ်ပင်လယ်ကတော့ လုံး၀ကိုဗလာကြီးဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့အာရုံထဲမှာ စိတ်၀ိညာဥ်တည်ရှိမှုနှစ်ခုကိုသာခံစားရပါတယ်။ ဒါ့အပြင် သူတို့ကလဲအတော်ကိုထိခိုက်ထားပုံရတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပုံရပါတယ်။ ဘာကြောင့် နှစ်ယောက်ထဲကျန်တာလဲ။
တကယ်တော့ဟို့ယွိဟောင်ကို အကြီးအကဲလျှပ်စီးဧကရာဇ်ညွှန်ပြပြီတော့ရွတ်ဆိုနေခဲ့တဲ့ မန္တန်က တကယ်တမ်းမှာပြန်လည်မွေးဖွားမှုကိုကူညီပေးတဲ့မန္တန်တစ်ခုပါပဲ။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းက လျှပ်စီးဧကရာဇ်ရဲ့ထိန်းချုပ်မှုအောက်မှာသူကရောက်နေခဲ့ပါတယ်။ သတိကတစ်၀က်သာရှိပြီ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို တချို့တစ်၀က်သာသူနားလည်နေခဲ့တယ်။
ငါမသေသေးဘူးပဲ စိတ်၀ိညာဥ်ပင်လယ်ကိုထိန်းချုပ်ပြီတဲ့နောက် ပထမဆုံးသူရှာဖွေတွေ့ရှိတာကတော့ ဒီအချက်ပါ။ ဒါပေမယ့် စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အင်အားနှစ်ခုကျန်တာကိုသိတာနဲ့ စတင်ပြီသူ၀မ်းနည်းလာပါတော့တယ်။ ဘယ်သူတွေရှိနေလဲဆိုတာကို မသိခဲ့ပေမဲ့ ကျန်ရှိတဲ့နှစ်ယောက်က ပျောက်ကွယ်သွားတာကိုသူနားလည်သဘောပေါက်လို့သွားခဲ့ပါပြီ။ ဒီနေရာမှာသူရှိနေပြီ အသက်ရှင်လျက်ကျန်ရှိနေပေမဲ့လဲ ၀မ်းနည်းပူးဆွေးမှုကြောင့် နှလုံးသားတွေတောင်နာကျင်လို့လာပါတော့တယ်။ ဒီအချိန်မှာပဲ ကံကြမ္မာမျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းတစ်ခုကအပြင်ကိုပြေးထွက်လို့သွားပြီတဲ့နောက် စိတ်၀ိညာဥ်ပင်လယ်ထဲကိုရောက်ရှိလို့လာခဲ့ပြီ ဒီရွှေရောင်အလင်းတန်းကရင်းနှီးတဲ့အငွေ့အသက်နဲ့အတူ ဖြစ်ပေါ်လို့လာခဲ့ရင်း ဟို့ယွိဟောင်ရဲ့အာရုံကိုဖမ်းစားလိုက်ပါတော့တယ်။
” ဆရာ ”
ဟို့ယွိဟောင်အော်ဟစ်လိုက်တယ်။ ဒီအငွေ့အသက်က သူအရမ်းကိုရင်းနှီးနေတဲ့ လျှပ်စီးဧကရာဇ်ရဲ့အငွေ့အသက်ပါ။ ကံကြမ္မာမျက်လုံးက ဒီလိုပွင့်လာချိန်မှာတော့ လျှပ်စီးဧကရာဇ်ရဲ့မှိန်ဖျော့တဲ့ရွှေရောင်ပုံရိပ်က ဟို့ယွိဟောင်အရှေ့မှာရောက်လာခဲ့ပါပြီ။
” ယွိဟောင် ဒါကိုမင်းမြင်နေရတယ်ဆိုရင် မင်းအပြည့်အ၀နိုးထလာပြီးပြီပဲ ငါတို့တွေဒီတစ်ကြိမ်မှာကံကောင်းသွားတယ်…ငါတို့အောင်မြင်သွားပြီလို့ ပြောရမယ်လေ အခုလက်ရှိအချိန် မင်းရဲ့ကံကြမ္မာမျက်လုံးထဲမှာ ထူးခြားတဲ့စွမ်းအားတစ်ခုကို ငါတို့ဖန်တီးပေးခဲ့ပြီးပြီ အဲ့ဒီအရာက ဒီလောကကြီးထဲမှာ ဘယ်တုန်းကမှမတည်ရှိခဲ့ဖူးဘူး သူ့ရဲ့တည်ရှိမှုကိုမင်းအာရုံခံနိုင်မယ်ဆိုတာ ငါယုံကြည်တယ် ”
” ယွိဟောင် ငါရဲ့အောက်လမ်းပညာတွေအားလုံးကို မင်းဆီလက်လွှဲပေးဖို့ဆုံးဖြတ်ခဲ့တဲ့အချိန်ကထဲက မင်းသိတယ်မလား မင်းရဲ့နောက်ထပ်ဆရာဖြစ်တဲ့ နတ်ဘုရားနဂါးသော့်လော့ အကြီးအကဲမု ဆုံးပါးသွားချိန်ကထဲက ငါဒီလိုဆုံးဖြတ်ခဲ့တာ အဲ့ဒီအချိန်တုန်းက မင်းခံစားခဲ့ရတဲ့၀မ်းနည်းကြေကွဲမှုကို ငါတကယ်နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်းနဲ့ ထပ်တူခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့ ငါမင်းကိုတပည့်သားအဖြစ်မှတ်ယူလိုက်တာပဲအခုအချိန်မှာတော့ ငါမှာရွေးချယ်စရာမရှိပဲ မင်းကိုချန်ရစ်ပြီထွက်ခွာသွားရတော့မယ်…အမှန်တရားကိုမပြောချင်ပေမဲ့လဲ တချို့ကိစ္စတွေက မင်းနားလည်သဘောပေါက်ဖို့လိုနေပြီ ”
” နှင်းပုလဲပေါက်ကွဲလာတာက တကယ်ကိုတိုက်ဆိုင်မှုသက်သက်ပဲ ဘယ်သူကမှ ဒီဖြစ်ရပ်အတွက်တာ၀န်မယူသင့်ဘူး..ဒါ့အပြင် အဆုံးစွန်းရောက်နေတဲ့ပေါင်းစည်းမှုတစ်ခုကလဲဖြစ်ပေါ်လာတယ်…ဒါကကံကြမ္မာလဲဖြစ်နိုင်သလို ငါရဲ့နတ်ဘုရားအသိဉာဏ်ကျန်ရှိနေရတဲ့အဆုံးသတ်ရလဒ်တစ်ခုလဲ ဖြစ်နိုင်တယ်…ငါရဲ့နတ်ဘုရားအသိဉာဏ်ကိုလောင်မြိုက်စေပြီ မင်းကိုချိတ်ပိတ်ပေးခဲ့ပြီးပြီ နှင်းဧကရီနဲ့ ကျန်ရှိတဲ့ငါရဲ့နတ်ဘုရားအသိဉာဏ်က တစ်သားထဲဖြစ်သွားခဲ့ပြီးပြီ ”
” အဲ့ဒီနှင်းပုလဲထဲမှာရှိနေတဲ့သန္ဓေသားရဲ့၀ိညာဥ်စွမ်းအားက သူ့မှာတကယ်ခန္ဓာကိုယ်အစစ်ကမရှိပေမဲ့ မပျောက်ကွယ်သွားတဲ့တည်ရှိမှုတစ်ခုကို ငါဖန်တီးပေးလိုက်တယ်.. အတိုင်းအတာတစ်ခုအထိတော့ ဒီပေါင်းစည်းမှုက နှင်းဧကရီရဲ့စိတ်၀ိညာဥ်အသိဉာဏ်နဲ့ သူမရဲ့ အင်အားအပြင် မင်းရဲ့သွေးနဲ့ပါပေါင်းစည်းမှုဖြစ်နေလိမ့်မယ်..လက်ရှိကခန္ဓာကိုယ်မရှိပေမဲ့ မင်းရဲ့၀ိညာဥ်စက်ကွင်းတစ်ခုနဲ့တူညီတဲ့အစွမ်းအစကိုပိုင်ဆိုင်တယ်…ကျန်ရှိတဲ့မင်းရဲ့၀ိညာဥ်စက်ကွင်းတွေထက်တောင် သူကပိုပြီးသန်မာဦးမယ် ”
” သူ့ရဲ့တည်ရှိမှုက ပြီးပြည့်စုံသွားမယ်ဆိုရင် မင်းရဲ့၀ိညာဥ်စက်ကွင်းဘယ်နှစ်ကွင်းနဲ့ ညီမျှမလဲဆိုတာ ငါကိုယ်တိုင်တောင်သေချာမသိသေးဘူး ငါတို့တွေအတူတူဖန်တီးခဲ့တယ်ဆိုမှတော့ သူ့ကိုနာမည်တစ်ခုပေးရအောင် သူ့ကိုစိတ်၀ိညာဥ်လို့ခေါ်ကြမယ်…စိတ်၀ိညာဥ်တွေက ဒီလောကကြီးရဲ့အနာဂတ်အချိန်မှာ ပေါ်ထွက်လာနိုင်ချေတယ်လို့ ငါယုံကြည်ပေမဲ့ နှင်းဧကရီက သေချာပေါက် အမြင့်ဆုံးအဆင့်မှာရောက်နေမှာပဲ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးတွေအပြင် နောက်ထပ်သုံးလို့ရနိုင်မဲ့အစွမ်းအစတစ်ခုလဲဖြစ်လာလိမ့်မယ်…မင်းရဲ့၀ိညာဥ်စက်ကွင်းတွေနေရာမှာ အစားထိုးလို့ရသလို သေချာပေါက်၀ိညာဥ်စက်ကွင်းနဲ့တော့တူညီမှာမဟုတ်ဘူး ”
” နှင်းဧကရီရဲ့စိတ်၀ိညာဥ်အသိဉာဏ်က ပေါင်းစည်းမှုကြောင့်တစ်၀က်နီးပါးလောက်ပျောက်ကွယ်သွားလိမ့်မယ်…ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်က ဒီလိုပြန်လည်မွေးဖွားတဲ့ဖြစ်စဥ်မှာ အရမ်းကိုအသက်ငယ်ငယ်ရွယ်ရွယ်ရှိနေတဲ့ခန္ဓာကိုယ်ထဲကို ပိတ်မိသွားလိမ့်မယ်…ဒါ့အပြင် မင်းကိုလဲအများကြီးနာခံတဲ့သူဖြစ်လာမှာ ဒါကြောင့်သာ ဒီပေါင်းစည်းတဲ့ဖြစ်စဥ်တစ်လျှောက်မှာ ပုံစံတစ်ခုကိုအခြေပြုပြီ သူ့ကိုပုံဖော်ပေးခဲ့တာပဲ သူက မင်းစကားကိုနားထောင်ပေးမယ်…မုအန်းထွက်ခွာသွားပြီတဲ့အချိန်မှာပဲ သူကမင်းအတွက်လက်ဆောင်တစ်ခုချန်ထားပေးခဲ့တယ်…နှင်းဧကရီရဲ့စိတ်၀ိညာဥ်ကိုငါရဲ့လက်ဆောင်အဖြစ်နဲ့ တွေးထားလိုက်ပေါ့ ”
” ငါခွဲခွာသွားလို့ ၀မ်းမနည်းနေနဲ့ ငါအတွက်တော့ဒါကလွှတ်မြောက်မှုတစ်ခုပါပဲ အကယ်၍ မင်းသာငါအဆင့်အထိကိုတစ်နေ့ရောက်ရှိလာခဲ့မယ်ဆိုရင် သေခြင်းတရားရဲ့အကြောမှာနောက်ထပ်ရှင်သန်ချင်တွေထပ်ရှိနေတယ်ဆိုတာကို ရှာဖွေသွားရှိလိမ့်မယ်…ငါဘ၀မှာသေဆုံးမှုတွေကို အကြိမ်ကြိမ်တွေ့ကြုံခဲ့ရပြီ အရင်တုန်းကလဲ တခြားသူတွေကိုအသက်ပြန်သွင်းပေးခဲ့ဖူးတယ်…ငါအတွက်တော့ဒါကို၀ိညာဥ်အသွင်ပြောင်းတာလေးတစ်ခုပါပဲ ဒါ့အပြင် ငါမင်းကိုအပြည့်အ၀ကြီးချန်ရစ်မထားခဲ့ပါဘူး…ငါမင်းနဲ့ပေါင်းစည်းချိန်မှာ နတ်ဘုရားအသိဉာဏ်တချို့ကမင်းနဲ့အတူတူပေါင်းစည်းသွားခဲ့ပြီးပြီ မထွက်ခွာခင်အချိန်မှာဒီပေါင်းစည်းနေတဲ့ နတ်ဘုရားအသိဉာဏ်ရဲ့ချိတ်ပိတ်စည်းတွေကို ငါဖယ်ရှားပေးလိုက်မယ် ”
” အခုလက်ရှိအချိန်ကနေ တတိယသိုင်းပညာ၀ိညာဥ်တစ်ခုကို ပိုင်ဆိုင်သွားပြီလို့ပြောလို့ရနိုင်တယ်…ဒီအောက်လမ်းပညာကို နတ်ဘုရားဥပဒေသားလို့ခေါ်ရမယ်…ဒါကိုငါတည်ရှိမှုအတွက် အမှတ်ရစရာတစ်ခုအဖြစ်သာ ယူဆောင်ထားလိုက်ပေါ့ အကယ်၍ တစ်နေ့မှာမင်းနတ်ဘုရားတစ်ပါးဖြစ်လာခဲ့မယ်ဆိုရင် တခြားနေရာတွေမှာရှိနေတဲ့ ငါရဲ့ကျန်ရှိတဲ့နတ်ဘုရားအသိဉာဏ်တွေကို ရှာဖွေနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်…ငါရဲ့နတ်ဘုရားအသိဉာဏ်တွေကို ပြန်လည်အသက်သွင်းပြီ ငါကိုစိတ်သစ်လူသစ်ဖြစ်အောင်လဲ ပြန်လည်ဖန်တီးပေးနိုင်လိမ့်မယ်…ဒီကိစ္စကိုကြားရလို့မထိတ်လန့်လေနဲ့ ဒီလောကကြီးမှာမဖြစ်နိုင်တဲ့ဆိုတဲ့အရာဘာမှမရှိဘူး…အကယ်၍ မင်းသာလုံလောက်တဲ့အစွမ်းအစရှိမယ်ဆိုရင် သေချာပေါက်အောင်မြင်နိုင်တယ် ”
” ဒီလိုပြောင်းလဲမှုတွေပြီတဲ့နောက် နှင်းဧကရီရဲ့စိတ်၀ိညာဥ်တွေက အနားယူဖို့လိုလိမ့်မယ်…ရက်တချို့လဲဖြစ်နိုင်သလို လပိုင်းလောက်လဲကြာနိုင်တယ်…မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ သူဖြစ်ပေါ်လာတဲ့အတွက် အများကြီးကိုပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်…ပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်အကြာကြီးယူရမှာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ စိတ်မရှည်လေတော့မဖြစ်နဲ့ စိတ်၀ိညာဥ်မူလအရင်းအမြစ်က မထိခိုက်သွားဘူး…ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့နိုးထလာတဲ့အချိန်မှာ မင်းအောင်မြင်သွားမှာပါ ”
” လက်ရှိအချိန်မှာမင်းရဲ့စိတ်၀ိညာဥ်စွမ်းအားအဆင့်ငါးဆယ်ကိုရောက်နေလောက်ပြီ ဒီပြောင်းလဲမှုပြီတဲ့နောက် နှင်းဧကရီရော ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရော အချိန်ကြာတဲ့အထိ အိပ်ပျော်သွားလိမ့်မယ်…ဒီအချိန်မှာ ကိုယ့်ကိုကိုယ်ပဲ အားကိုးငါကလေး အဲ့ဒီအဆင့်အထိကိုမင်းရောက်နိုင်မယ်လို့ ငါယုံကြည်တယ်…ငါကိုယ်ငါလဲ နတ်ဘုရားတစ်ပါးလို့မခေါ်၀ံ့ဘူး…ဒါပေမယ့် ငါရဲ့တပည့်သားကတော့လုပ်နိုင်မယ်လို့ငါမျှော်လင့်ပါတယ်…အကယ်၍ မင်းအဲ့ဒီလိုလုပ်နိုင်မယ်ဆိုရင်ငါသိပ်ကိုဂုဏ်ယူမိမှာပဲ ”
” ကလေးသန်မာတဲ့လူတွေက ရဲရင့်ပြီစိတ်နှလုံးသားမာကြောကြံ့ခိုင်ကြတယ်..သူတွေဘယ်တော့မှမငိုကြွေးကြဘူး..ငိုကြွေးတယ်ဆိုတာ အားနည်းမှုရဲ့ပြရုပ်တစ်ခုပဲ ”
” ကိစ္စတွေအားလုံးကို စိတ်အေးအေးနဲ့လက်ခံလိုက်ပါ နောက်ဆုံးတော့လဲကျန်ရှိတဲ့ငါရဲ့နောက်ဆုံးအင်အားကိုအသုံးပြုပြီး မထွက်ခွာခင်အချိန်မှာ မင်းတို့နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေအားလုံးကို လွှတ်ချလိုက်တော့မယ် ”
” အကယ်၍ တခြားနေရာတွေမှာသာ ငါရဲ့နတ်အသိဉာဏ်အကြွင်းအကျန်ရှိနေမယ်ဆိုရင် သူတို့တွေထွက်ပေါ်လာလိမ့်မယ်…သူတို့တွေကိုတွေ့ရှိပါစေလို့ ငါမျှော်လင့်နေမယ်နော် အကယ်၍ ငါ့ကိုစောစောစီးစီးတွေ့ချင်တယ်ဆိုရင် ကြိုးကြိုးစားစားလေ့ကျင့်ဖို့မှတ်ထားလိုက် နှုတ်ဆက်ပါတယ်ယွိဟောင် ”
ဒီအချိန်အထိပြောပြီချိန်မှာတော့ သူ့အသံကအဆုံးသတ်သွားပြီတဲ့နောက် ရွှေရောင်ခန္ဓာကိုယ်ကလဲ မှေးမှိန်ပျောက်ကွယ်လို့သွားပါတော့တယ်။ ပြုံးနေတဲ့မျက်နှာကသာ နောက်ဆုံးမြင်နေရတဲ့အရာဖြစ်နေခဲ့ပါပြီ။
” ဆရာ ”
ဟို့ယွိဟောင် အော်ဟစ်ရင်းနဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ စတင်ပြီငိုကြွေးနေခဲ့ပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်က သူ့တို့အားလုံးကိုကယ်တင်ဖို့အတွက် ကိုယ့်ကိုကိုယ်အသေခံခဲ့တယ်ဆိုတာ သူဘယ်လိုလုပ်မသိပဲနေမှာလဲ အခုလက်ရှိအချိန်မှာ ကောင်းကင်အိပ်မက် ရေခဲဧကရီနဲ့ နှင်းဧကရီတို့အားလုံးက သေဆုံးဖို့အတွက်ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းအသက်စတေးသွားတဲ့သူကတော့ အကြီးအကဲလျှပ်စီးဧကရာဇ်သာဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်လဲ နာနာကျင်ကျင်၀မ်းနည်းမှုအပြည့်နဲ့ တွားသွားလို့နေခဲ့ပါတယ်။ ဒါပေမယ့် လျှပ်စီးဧကရာဇ်ကို ဘယ်နေရာမှာမတွေ့ရတော့ပါဘူး။ သူ့ရဲ့မှတ်ဉာဏ်တွေကတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာဆက်တိုက်ပေါင်းစည်းလို့နေခဲ့ပါတယ်။ ဒါကစိတ်၀ိညာဥ်ဖန်တီးမှုအပိုင်အပြင် နောက်ဆုံးရွတ်ဆိုတဲ့ မန္တန်တွေအတွေ့အကြုံတွေတင်မက သူ့တစ်ဘ၀တာလုံးမှာ နားလည်သဘောပေါက်နေခဲ့တဲ့မှတ်ဉာဏ်တွေပါ အားလုံးနေခဲ့ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ဟို့ယွိဟောင်ကသူကိုယ်သူသေဆုံးသူဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် အကယ်၍ သူသာအသက်မရှင်ခဲ့ဘူးဆိုရင် အားလုံးသေဆုံးကုန်ကြမှာကိုနားလည်ခဲ့ပါတယ်။ သူက လက်ခံတဲ့ခန္ဓာကိုယ်အဖြစ်နေခဲ့တာကြောင့်ပါပဲ။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ ဘယ်လိုလုပ်တရားနည်းလမ်းကျကျတွေးတောနိုင်မှာလဲ သူ့နှလုံးသားက ပြင်းထန်တဲ့နာကျင်မှုတွေ၀မ်းနည်းမှုတွေနဲ့သာဖုံးလွှမ်းလို့နေပါတော့တယ်။ အရာအားလုံးမှောင်အတိကျသွားပြီ သူသတိလစ်သွားတဲ့အထိကို ဆက်တိုက်ငိုကြွေးလို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ အရင်ကတူညီတဲ့အိပ်မက်တစ်ခုကို မက်ခဲ့ပါတယ်။ အဲ့ဒီအိပ်မက်ထဲမှာ အလင်းတန်းနတ်မိမယ်နောက်တစ်ကြိမ်သူ့ကိုထပ်ပြီချော့မြူးလို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်နိုးထလာချိန်မှာတော့ စိတ်၀ိညာဥ်ပင်လယ်က ပြန်လည်ကောင်းမွန်လို့သွားခဲ့ပါပြီ။ အရွယ်အစားကျုံ့သွားတာကလွဲပြီ အရာအားလုံးကပုံမှန်ပြန်ဖြစ်လို့သွားခဲ့ပါတယ်။ တစ်ချိန်တုန်းက အရမ်းကိုလှုပ်လှုပ်ရှားရှားနဲ့ တက်တက်ကြွကြွရှိခဲ့ဖူးတဲ့စိတ်၀ိညာဥ်ဖြစ်တည်မှုလေးခုကတော့ အခုလက်ရှိအချိန်မှာ မတည်ရှိတော့ပါဘူး။ အရာအားလုံးက တိတ်ဆိတ်လို့နေပါတော့တယ်။ စိတ်၀ိညာဥ်ပင်လယ်ကြီးက လုံး၀ကိုအထီးကျန်လွန်နေခဲ့ပါပြီ။
စိတ်၀ိညာဥ်ပင်လယ်က နောက်တစ်ကြိမ်ပုံမှန်အခြေအနေနဲ့ ပြန်လည်လှည့်ပတ်လို့လာခဲ့ပါတယ်။ လျှပ်စီးဧကရာဇ်ပြောခဲ့သလိုပဲ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်ငါးဆယ်ထိကိုပြန်လည်ရောက်ရှိလို့သွားခဲ့ပါပြီ။ ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်လာဖို့အတွက် နောက်ထပ်၀ိညာဥ်စက်ကွင်းသာလိုအပ်တော့မှာပါ။ နှင်းဧကရီရဲ့စိတ်၀ိညာဥ်က ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ သိုင်းပညာ၀ိညာဥ်နဲ့ချိတ်ဆက်လို့နေခဲ့ပါတယ်။ ဒါကြောင့် စိတ်၀ိညာဥ်မျက်လုံးကိုမသက်ရောက်စေပါဘူး။
သူမျက်လုံးဖွင့်လိုက်ချိန်မှာ ဟို့ယွိဟောင်ပထမဆုံးမြင်လိုက်ရတာကတော့ ပန်းနုရောင်နဲ့ အပြာရောင်ရောနေတဲ့ ဆံပင်ရှည်တွေပါပဲ။ ဒါကြောင့် သူတစ်ချက်တုန်ရီသွားရင်း အော်လိုက်မိပါတယ်။
” အလင်းတန်းနတ်မိမယ် ”
ဒါပေမယ့် သူမမဟုတ်ခဲ့ပါဘူး။ ဒါကတော့ သူ့ရဲ့ညီနောင်ကောင်း၀မ်သုန့်ပါပဲ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ကြည်လင်ကောင်းကင်ရဲတိုက်ကို စစချင်လာရောက်သလိုမတောက်ပတော့တာအမှန်ပါ ၀မ်သုန့်ကိုမြင်လိုက်ချိန်မှာတော့ သူ့ရဲ့နာကျင်မှုက အနည်းငယ်လျော့သွားပါတော့တယ်။ အခုလက်ရှိကာလတွေမှာ ၀မ်သုန့်က သူဘေးနားမှာရှိနေခဲ့တာအသေအချာပါပဲ။ ဒါ့အပြင် အရင်လိုပဲသူအတွက်အမြဲတမ်းစိုးရိမ်ပူပန်းလို့နေခဲ့တယ်။
” ၀မ်သုန့်ဒီမှာမအိပ်နဲ့ မင်းအခန်းမင်းပြန်သွားအိပ် ”
ဟို့ယွိဟောင်က ပုခုံးကိုပုတ်ရင်နိုးနေခဲ့တယ်။ ၀မ်သုန့်လဲ အိပ်ချင်မူးတူးထလာပြီ မျက်လုံးတွေကိုပွတ်နေခဲ့ပါတယ်။
” ယွိဟောင် နိုးလာပြီလား မင်းလုပ်တာငါလန့်ပြီသေတော့မလို့ ”
၀မ်သုန့်က ထခုန်လိုက်ပြီတဲ့နောက်ဟို့ယွိဟောင်လက်ကိုဆွဲရင်းနဲ့ ပြောနေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အားတင်းပြီပြုံးနေခဲ့တယ်။
” တောင်းပန်ပါတယ် မင်းတို့တွေနဲ့ ရှိသမျှအားလုံးကိုငါပြဿနာတက်စေမိတယ် ”
” အဲ့လိုမပြောနဲ့ ငါဘကြီးနဲ့ ဒုတိယဦးလေးဆီက ကြားပြီးပြီ မင်းခန္ဓာကိုယ်မှာဖြစ်သွားတဲ့အပြောင်းအလဲတွေက ကျောက်စိမ်းရေခဲအိပ်ရာကြောင့်ဖြစ်လာတာ အကုန်လုံးငါရဲ့အမှားပဲ ငါသာဒီနေရာမှာမနေခိုင်းစေချင်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး ”
” မဟုတ်ဘူး ဘယ်လိုလုပ်မင်းကိုအပြစ်တင်လို့ရမှာလဲ ဒီလိုကိစ္စမျိုးတွေဆိုတာက ဘယ်သူမှကြိုမသိနိုင်တဲ့အရာလေ သွားပြီနားလိုက်ဦး ငါလဲတိတ်တိတ်ဆိတ်ဆိတ်နေဖို့အချိန်လိုတယ်…ဟုတ်ပြီဟုတ် ”
ဟို့ယွိဟောင်ကို ၀မ်သုန့်ကြည့်ပြီတဲ့နောက် တခဏတာတိတ်ဆိတ်နေရင်း မေးလာခဲ့ပါတယ်။
” ယွိဟောင်ဘာဖြစ်သွားလဲငါမသိပေမဲ့ မင်းဆီကနေအရေးကြီးတဲ့အရာတစ်ခုကိုဆုံးရှုံးသွားတာ ငါခံစားမိတယ်…အိပ်နေတဲ့တစ်လျှောက်လုံးလဲ မင်းတစ်ချိန်လုံးငြီးငြူးပြီအော်ဟစ်ငိုကြွေးနေတာ ငါမင်းရဲ့မျက်ရည်တွေကိုအကြိမ်ကြိမ်သုတ်ပေးနေပြီးပြီ ဖြစ်သွားတဲ့ကိစ္စတွေကိုပြောပြနိုင်လား ”
ဟို့ယွိဟောင်က ဒါကိုကြားချိန်မှာ တခဏတာတုတ်ဆိုင်လို့သွားပေမဲ့ ခေါင်းခါလိုက်ပါတယ်။
” ၀မ်သုန့် တချို့ကိစ္စတွေက မသိတာပိုကောင်းလိမ့်မယ်..တောင်းပန်ပါတယ်…ငါမင်းကိုမပြောပြနိုင်ဘူး…မင်းပြောတာမှန်တယ်…ငါတကယ်ပဲ အရေးကြီးတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးခဲ့ရတယ်…သူကအရေးကြီးတဲ့အကြီးအကဲတစ်ယောက်ပဲ ”
သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့မျက်နှာပေါ်မှာမျက်ရည်စတွေက ထပ်မံပေါ်ထွက်လာခဲ့ပါပြီ။
” ကောင်းပြီ ကောင်းပြီ ငါနောက်ထပ်ထပ်ပြီမမေးတော့ဘူး…အဲ့ဒီလောက်ကြီး၀မ်းမနည်းနဲ့ ငါသွားတော့မယ်…ငါကိုမင်းပြန်ကောင်းအောင်လုပ်ပါ့မယ်လို့ ကတိပေး ဒီလိုမျိုးဆက်ပြီ၀မ်းနည်းနေလို့မရဘူး…မင်းအရွယ်ရောက်ပြီသားလူဖြစ်နေပြီ ဘယ်လိုလုပ်၀မ်းနည်းမှုထဲမှာ နစ်မြုပ်ထားလို့ရမှာလဲ ”
အပိုင်း ၁၉၇•၁ ပြီး၏။