အပိုင်း ၁၉၆
” နတ်ဘုရားမီးလျှံနဲ့ပြန်လည်တည်ဆောက်ခြင်း ”
°°°
သင်္ကေတတွေက တစ်ခုပြီတစ်ခုနှင်းပုလဲနဲ့ပေါင်းစည်းသွားပါတော့တယ်။ အခုလက်ရှိအချိန်မှာ နှင်းပုလဲဲရဲ့ကြမ်းတမ်းမှုက တဖြည်းဖြည်းချင်းလျော့ပါးလို့လာခဲ့ပါပြီ။ ဒါပေမယ့် တစ်လက်မပြီတစ်လက်မ ကြီးထွားလာနေဆဲပါပဲ။
ပထမဆုံးပေါ်ထွက်လာချိန်တုန်းက ကလေးတစ်ယောက်ရဲ့လက်သီးဆုပ်အရွယ်သာရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ပန်းသီးတစ်လုံးအရွယ်လောက်ရှိနေခဲ့ပါပြီ။ အဲ့ဒီနောက် ဖရဲသီးတစ်လုံးအရွယ်အစားလောက်အထိကြီးမားလို့လာပါတော့တယ်။ သူ့ရဲ့စက်၀ိုင်းပုံသဏ္ဍာန်က သူ့ရဲ့မူလစက်၀ိုင်းပုံသဏ္ဍာန်ကလဲ ပိုပြီးတော့ ပုံမှန်မဟုတ်လောက်အောင်အသွင်ပြောင်းလာခဲ့ပါပြီ။ တစ်စုံတစ်ရာကအထဲမှာရုန်းကန်နေသလိုပါပဲ။
အကြီးအကဲလျှပ်စီးဧကရာဇ်ကတော့ ပြုံးနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကလဲ အခုလက်ရှိအချိန်မှာ ပုံရိပ်ယောင်တစ်ခုလိုမျိုးပိုမိုပြီးဝေ၀ါးလာခဲ့ပါပြီ။
နှင်းပုလဲက ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုဖြည်းဖြည်းချင်းဖော်ထုတ်နေပါတော့တယ်။ ကြည်လင်နေတဲ့ရွှေရောင်အလွှာအပေါ်ယံရဲ့အောက်မှာတစ်စုံတစ်ရာက ရွေ့လျားနေသလိုပါပဲ။ အထဲကိုနီးကပ်ကြည့်လိုက်မယ်ဆိုရင် လူသားသန္ဓေလောင်းအသွင်ရှိနေတာကိုမြင်ရမှာပါ။
” ယွိဟောင် သွေးလိုတယ် ”
အကြီးအကဲလျှပ်စီးဧကရာဇ်က အော်လိုက်ခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ မျက်လုံးဖွင့်လိုက်ပြီတဲ့နောက် လတ်လတ်ဆတ်ဆတ်သွေးတွေကို သူအန်ထုတ်လိုက်ပါပြီ။ သူ့ရဲ့သွေးတွေက နှင်းပုလဲဆီကိုကျရောက်လို့သွားပါတော့တယ်။ ရုတ်တရက်ဆိုသလို သန္ဓေသားရဲ့အင်အားတွေကတည်ငြိမ်သွားပုံပေါ်လာခဲ့ပြီ ဖြည်းဖြည်းချင်းဆိုသလို ငြိမ်သက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ကိုပြောင်းလဲရင်းနဲ့ ဟို့ယွိဟောင်ဆီကိုပျံသန်းလို့လာတော့တယ်။ မျိုးနွယ်စုသခင်နှစ်ယောက်လဲ ဆက်ပြီမကန့်သတ်တော့ပါဘူး။ အကြီးအကဲလျှပ်စီးက သူတို့နှစ်ယောက်ကိုတားထားခဲ့လို့ပါ။
နောက်ဆုံးရွှေရောင်သင်္ကေတက အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့လက်ထဲကနေ ပျံထွက်လို့သွားပြီတဲ့နောက် နှင်းပုလဲပေါ်ကိုတန်းတန်းမတ်မတ်ကျရောက်လို့သွားပါတော့တယ်။ နှင်းပုလဲကတော့ ဟို့ယွိဟောင်ရဲ့သွေးတွေကိုအပြည့်အ၀စုပ်ယူပြီတဲ့နောက် ငွေဖြူတွေရောင်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းတောက်ပလာချိန်မှာတော့ နှင်းပုလဲက ဟို့ယွိဟောင်ရဲ့အရှေ့တည့်တည့်ဆီကိုပြေးဆင်းလို့သွားပါတော့တယ်။
လျှပ်စီးဧကရာဇ်ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ တုတ်ချောင်းကြီးက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ကိုပြောင်းလဲသွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ကံကြမ္မာမျက်လုံးထဲကို ပြန်ပြေး၀င်လို့သွားပါတော့တယ်။ သေးငယ်တဲ့ရွှေရောင်ရေ၀ဲလေးတွေက ကံကြမ္မာမျက်လုံးထဲမှာစတင်ဖြစ်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ရွှေရောင်အလင်းတန်းတစ်ခုက ကျယ်ပြန့်လို့လာခဲ့ပြီ နှင်းပုလဲရဲ့သန္ဓေသားကို ဖြည်းဖြည်းချင်း၀ါးမြိုပါတော့တယ်။ အလင်းတန်းတွေတောက်ပလာတာနဲ့အမျှ နှင်းပုလဲကတော့ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
” ဆရာ ”
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တုန်ရီလို့သွားပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်မွေးညင်ပေါက်တွေကနေ သွေးတွေဖြည်းဖြည်းချင်းစိမ့်ထွက်လာခဲ့ပါပြီ။ သူ့မျက်နှာကလဲ ဖြူဖျော့လို့နေခဲ့သလို ကြီးမားပြင်းထန်လွန်တဲ့အင်အားရဲ့တန်ပြန်ရိုက်ခတ်မှုကို ခံနေခဲ့ရပါတယ်။ အဲ့ဒီအရာတွေအားလုံးအဆုံးသတ်လို့သွားချိန်မှာတော့ သူ့ရဲ့ဒဏ်ရာတွေကြောင့် သတိလစ်လုနီးပါးဖြစ်နေခဲ့ပါပြီ။
လျှပ်စီးဧကရာဇ်ကတော့ပြုံးနေခဲ့တယ်။
” ငါရဲ့ကျန်ရစ်တဲ့နတ်အသိဉာဏ်က အတိတ်မှတ်ဉာဏ်တွေအားလုံးကို ပြန်ပြီမသိမ်းဆည်းထားနိုင်ပေမဲ့ မင်းတစ်ယောက်ထဲကသာ ငါတပည့်မဟုတ်ဘူးဆိုတာတော့ ငါသိသေးတယ်..မင်းကအတော်ကိုထူးခြားတယ်…ငါရဲ့တပည့်သားတွေထဲမှာ မင်းရဲ့ပတ်သက်ပြီစိတ်အကျေနပ်ဆုံးပဲ ကိုယ့်ကိုကိုယ်အဆုံးစွန်းအထိ ဖိအားမပေးဖို့ကိုသတ်မှတ်ပေးထားရမယ်…အကယ်၍ လူတစ်ယောက်ရဲ့နှလုံးသားက ဖြောင့်မတ်မှန်ကန်နေမယ်ဆိုရင် သူတို့ရဲ့အပြုအမူကလဲ ဖြောင့်မတ်မှန်ကန်နေလိမ့်မယ်…ဘယ်လိုအင်အားကိုပဲပိုင်ဆိုင်ပါစေ သင့်တော်တဲ့ရည်ရွယ်ချက်အတွက်နဲ့သာ အသုံးချတာအကောင်းဆုံးပဲ ”
” ဆရာအထဲကိုမြန်မြန်ပြန်လာခဲ့ပါ ”
ယွိဟောင်က စိုးရိမ်ပူပန်းမှုအပြည့်နဲ့ပြောနေခဲ့ပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်ဆီကို သူသွားချင်ပေမဲ့ အိပ်ရာပေါ်ကထထချင်မှာတင် ချက်ချင်းဆိုသလို ပြန်လဲကျလို့သွားခဲ့ရတယ်။
” ငတုံးလေး ငါမင်းကိုသင်ကြားပေးခဲ့တာတွေက အလဟာသမဟုတ်ဘူး..နှင်းဧကရီကို ပြန်လည်မွေးဖွားအောင် ကူညီပေးနေတဲ့အချိန်ငါသုံးလိုက်တဲ့စွမ်းအားက ဘာစွမ်းအားလဲဆိုတာမင်းမခံစားနိုင်ဘူးလား သူ့မှာအခုအချိန်အထိ ခန္ဓာကိုယ်တစ်ခုမှရှိမသေးတာတော့နှမြောစရာပဲ မဟုတ်ရင် ငါတကယ်ပဲသူ့ကိုစစ်မှန်တဲ့ ပြန်လည်မွေးဖွားမှုတစ်ခုဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့မှာ အစောပိုင်းပြောခဲ့သလိုပဲ သူဘယ်လိုပုံစံဖြစ်မလဲဆိုတာကို ငါမသိဘူး…ဆုံးရှုံးမလား အကျိုးအမြတ်ရမလားဆိုတာတွေကိုငါမသိနိုင်တော့ဘူး…အနည်းဆုံးတော့ မင်းတို့အားလုံးရဲ့အသက်အန္တရာယ်လုံခြုံသွားပြီ နှင်းဧကရီကလဲ မင်းရဲ့အတူတူနက်နက်ရှိုင်းရှိုင်းချိတ်ဆက်သွားတော့မှာပဲ ”
” ဆရာ ”
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေက ဆက်တိုက်စီးကျလာခဲ့ပါပြီ။ သူ့ရဲ့အတွင်းခန္ဓာကိုယ်ကလီစာအစိတ်အပိုင်းတွေက အရမ်းကိုပူလောင်နေခဲ့ပြီ သွေးတွေစိမ့်ထွက်လို့နေခဲ့ပေမဲ့ တွားသွားရင်းနဲ့ လျှပ်စီးဧကရာဇ်ဆီကိုရောက်အောင်သူသွားနေခဲ့တယ်။
လျှပ်စီးဧကရာဇ်ဘယ်လိုစွမ်းအားအသုံးပြုခဲ့လဲ သူသိပါတယ်။ အစောပိုင်းတုန်းက သုံးခဲ့တဲ့ရွှေရောင်မီးလျှံနှစ်ခုက အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ နတ်ဘုရားတွေအသိဉာဏ်တွေပါပဲ။ သူ့ရဲ့ကျန်ရစ်တဲ့နတ်အသိဉာဏ်တွေအားလုံးကို ဒီမီးလျှံတွေနဲ့လောင်စာအဖြစ်နဲ့အသုံးပြုပေးခဲ့တယ်။ ကပ်ဆိုးတွေရဲ့အရှင်သခင် အောက်လမ်းပညာရှင်က ဒီလိုနတ်အသိဉာဏ်ရဲ့နောက်ဆုံးအစွမ်းအစကိုအသုံးပြုပြီး သူတို့အားလုံးကိုကယ်တင်ခဲ့တာပါ။ ဒါပေမယ့် ဘယ်သူကိုမှလဲမပြောပြခဲ့ပါဘူး။
” အကယ်၍ မင်းသာတစ်နေ့အဲ့ဒီအဆင့်အထိကို ရောက်ရှိသွားမယ်ဆိုရင် ဒီကမ္ဘာလောကကြီးက နတ်ဘုရားတွေရဲ့တည်ရှိမှုကိုခွင့်ပြုပေးတဲ့ အခြေအနေကိုရောက်ရှိသွားလိမ့်မယ်…ဒါဆိုရင် ကျန်ရှိတဲ့ငါရဲ့နတ်အသိဉာဏ်ကိုလဲ တစ်နေရာရာမှာမင်းရှာတွေ့နိုင်မှာပါ မဟုတ်ရင်လဲ ဒီနတ်အသိဉာဏ်ရဲ့မီးလျှံတွေကိုပြန်လည်တည်ဆောက်ပြီငါတို့ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းလို့ရနိုင်တယ်..အဲ့ဒီနေ့ရောက်လာမှာကို ငါစောင့်မျှော်နေမယ်…၀မ်းမနည်းပါနဲ့ ငါအတွက်သေဆုံးတယ်ဆိုတာ ပထမဆုံးအကြိမ်ဆုံးမဟုတ်ဘူး…သေခြင်းတရားကိုဘာများကြောက်လန့်ဖို့လိုမှာလဲ ငါတို့တွေက သေဆုံးပြီမှသာ နောက်ထပ်အသစ်တစ်ဖန်ပြန်လည်ရှင်သန်ကြတယ်မလား ငါတကယ်ကို၀မ်းသာမိတယ်…လူကြီးမင်းတို့ ကျေးဇူးပြုပြီး ကူညီပေးကြပါ ”
သူ့ရဲ့နောက်ဆုံးစကားကမျိုးနွယ်စုသခင်နှစ်ယောက်ကို ဆိုလိုတာပါ။ မျိုးနွယ်သခင်ကတော့ ဟို့ယွိဟောင်ကိုမြေပြင်ကနေမပြိီချီလိုက်ပါတယ်။ ဟို့ယွိဟောင်လဲ တစ်ချက်သာကြည့်လိုက်ပြီတဲ့နောက် သတိလစ်လို့သွားပါတော့တယ်။
” နတ်ဘုရားတစ်ပါးရဲ့အင်အားလား ဒါဆိုမင်းကနတ်ဘုရားတစ်ပါးရဲ့အင်အားကိုအခုပဲသုံးလိုက်တာလား ”
ဒုတိယမျိုးနွယ်သခင်က စိတ်မထိန်းနိုင်ပဲမေးလာခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ အခန်းထဲမှာရှိသမျှအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။ ကျောက်စိမ်းအဆီအနှစ်အိပ်ရာကလဲ သူ့ရဲ့မူလကျောက်တုံးအသွင်သဏ္ဍာန်အဖြစ်ကို ပြန်လည်ပြီပြောင်းလဲလို့သွားပါတော့တယ်။
အကြီးအကဲလျှပ်စီးဧကရာဇ်ကတော့ ခေါင်းညိတ်လိုက်တယ်။
” မင်းတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေဆီကနေ နတ်ဘုရားအငွေ့အသက်တွေကို ငါခံစားမိတယ်…ဒါကလဲအမှန်တရားရဲ့အငွေ့အသက်တွေဖြစ်နေတာပဲ ငါမှာစကားပြောဖို့သိပ်အချိန်မရှိတော့ဘူး…လူကြီးမင်းတို့ ကျေးဇူးပြုပြီးငါရဲ့အကဲဖြတ်မှုကိုယုံကြည်ပေးကြပါ ငါရဲ့ဒီတပည့်က အတော်ကိုကြင်နာတတ်ပြီစိတ်ရင်းကလဲမှန်ကန်တယ်…သူကကောင်းမွန်တဲ့အဖော်တစ်ယောက်ဖြစ်လာမှာပါ သူ့ကိုခက်ခဲအောင်နောက်ထပ်မလုပ်ပါနဲ့တော့ ကူပြီတော့လဲနှစ်သိပ့်ပေးပါဦး ဒါ့အပြင် မင်းတို့ရဲ့အမြင်ရှု့ထောင့်အရ သူက ဘယ်လိုလုပ်အပျက်အစီးတွေကို ဖြစ်စေနိုင်မလဲဆိုတာကို ပြောလို့ရနိုင်ပါတယ် ”
အကြီးအကဲလျှပ်စီးဧကရာဇ်က ပြုံးပြပြီတဲ့နောက် ဖြည်းဖြည်းချင်းဆိုသလို ပြတင်းပေါက်ဆီကိုလွှင့်မျောလို့သွားပါတော့တယ်။ ဟိုအဝေးနေရာကိုသူမျှော်ကြည့်နေရင်းဖြည်းဖြည်းချင်းတည်ငြိမ်လို့သွားခဲ့ပါပြီ။ ကြည်လင်ကောင်းကင်တောင်ထိပ်ရဲ့ပတ်ပတ်လည်မှာရှိနေခဲ့တဲ့ တိမ်ပင်လယ်ကြီးကလဲ ဖြည်းဖြည်းချင်းဆိုသလို ပြန်လည်တည်မြဲလို့လာပါတော့တယ်။
အခုတစ်ကြိမ်က ဒီလှပတဲ့လောကကြီးကိုသူရှု့မြင်ခွင့်ရတာနောက်ဆုံးအကြိမ်လဲဖြစ်ပါတယ်။ အခန်းကတော့ အရမ်းကိုတိတ်ဆိတ်ငြိမ်သက်နေခဲ့သလို ဘာမှမဖြစ်ခဲ့တဲ့အတိုင်းအရာအားလုံးကပုံမှန်အခြေအနေကိုရောက်ရှိလို့သွားခဲ့ပါပြီ။
မျ်ိုးနွယ်သခင်နဲ့ ဒုတိယမျိုးနွယ်သခင် နှစ်ယောက်စလုံးကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်နေတဲ့ရွှေရောင်အလင်းတန်းကို ဒီအတိုင်းစိုက်ကြည့်လို့နေခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံးရဲ့မျက်လုံးထဲမှာတော့အတော်လေး လေးစားမှုအပြည့်ပါပဲ။ ဒီလူနဲ့အချိန်တခဏတာလေးသာ တွေ့ဆုံခဲ့ရပေမဲ့အဲ့ဒီလူကသူ့အသက်ကိုစတေးပြီ ဟို့ယွိဟောင်ကိုကယ်တင်ခဲ့မှန်တော့ သူတို့သိကြပါတယ်။
လျှပ်စီးဧကရာဇ်ရဲ့အဝေးကိုကြည့်နေတဲ့အကြည့်က ဖြည်းဖြည်းချင်းဆိုသလို မှေးမှိန်လာခဲ့ပြီတဲ့နောက် ရွှေရောင်အစက်အပြောက်ကလေးတွေအဖြစ်ကို ပြောင်းလဲရင်းဟို့ယွိဟောင်ရဲ့နဖူးထဲကိုသူ၀င်သွားပါတော့တယ်။
ထူးဆန်းတဲ့မီးခိုရောင်၀ိညာဥ်စက်ကွင်းကတော့ ဟို့ယွိဟောင်ခန္ဓာကိုယ်ပေါ်မှာ စတင်ပြီဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီ၀ိညာဥ်စက်ကွင်းပေါ်ထွက်လာချိန်မှာပဲ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ခန္ဓာကိုယ်က တခဏတာတောက်ပလာပြီတဲ့နောက် ပြန်လည်ပျောက်ကွယ်လို့သွားပါတော့တယ်။ သူ့ရဲ့မျက်လုံးတွေကလဲ နောက်ထပ်သက်ရှိတစ်ယောက်ကို တောက်ပမနေတော့ပါဘူး။
ဒုတိယမျိုးနွယ်သခင်က ဒါကိုမြင်ချိန်မှာအထိတ်တလန့်ထပြောမိပါတယ်။
” ဒီ၀ိညာဥ်စက်ကွင်းက မီးခိုရောင်ကြီးပါလား ”
မျိုးနွယ်သခင်ကတော့ သက်ပြင်းချနေရင်း သူ့လက်ထဲကရှိတဲ့ဟို့ယွိဟောင်ကိုကြည့်ရင်းပြောလာခဲ့တယ်။
” တခြားလောကကလာတဲ့ဒီနတ်အသိဉာဏ်က ဘယ်လိုအတွေ့အကြုံတွေကြုံတွေ့ခဲ့ရလဲဆိုတာ ငါမသိပေမဲ့ သူဆီကနေသန့်စင်တဲ့အလင်းတန်းနဲ့ မှန်ကန်ဖြောင့်မတ်မှုတွေကို ငါခံစားရတယ်…ဒီလိုဆရာမျိုးရှိနေတာ ဒီကောင်စုတ်လေးကတကယ်ကံကောင်းလွန်တာပဲ အခုငါတို့တွေ့နေတဲ့မီးခိုရောင်၀ိညာဥ်စက်ကွင်းက သူ့ဆရာသူ့ကိုနောက်ဆုံးချန်ရစ်ပေးခဲ့တဲ့နောက်ဆုံးအင်အားဖြစ်လိမ့်မယ် ”
ဒုတိယမျိုးနွယ်သခင်ကတော့ မကျေမနပ်နဲ့ပြောလာခဲ့ပါတယ်။
” အစ်ကိုကြီးကျွန်တော်အရင်ဘ၀ကိုတအားသတိရတာပဲ ဒါပေမယ့် အဲ့ဒီရက်တွေကိုပြန်သွားလို့မရတော့ဘူး ”
” အရာအားလုံးမှာ အကျိုးအမြတ်နဲ့အဆုံးအရှုံးဆိုတာရှိတယ်လေ ငါတို့ကအတော်လေးကံကောင်းလွန်နေပြီ တကယ်တော့ငါတို့အခုဘယ်လိုဖြစ်တည်မှုကိုဖန်တီးလိုက်လဲဆိုတာ ငါတကယ်ပဲမြင်ချင်လိုက်တာ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာပိုင်ဆိုင်နေတဲ့ အင်အားတွေက ၀ိညာဥ်သားရဲကောင်တစ်ကောင်နဲ့သက်ဆိုင်နေလိမ့်မယ်…သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကို ကောင်းကောင်းချိတ်ပိတ်နိုင်တဲ့ အင်အားကြီးသတ္တ၀ါပဲ ဒါ့အပြင်အဲ့ဒီချိတ်ပိတ်စည်းကပြဿနာတစ်ခုခုနဲ့ကြုံတွေ့ရတာကြောင့်သာ အစောပိုင်းကလိုစွန့်စားဖို့ဖြစ်လာခဲ့ရတာ ကြည့်ရတာငါတို့တာ၀န်တော့ဖြစ်သွားပြီ ”
သူပြောပြီတဲ့နောက် ရေခဲကျောက်စိမ်းအဆီအနှစ်အိပ်ရာဆီကို လက်ညိုးထိုးပြလိုက်ပါတော့တယ်။
” ဒါကတာ၀န်၀တ္တရားလို့ပြောရမှာလား သူ့ကိုအဲ့ဒီမှာကျင့်ကြံဖို့အတွက် မလုပ်ခဲ့ဘူးလေ ဒါ့အပြင် ရတနာကလဲဖျက်ဆီးခံလိုက်ရပါပြီ ၀မ်သုန့်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ကိုသေချာပေါက် အလျော်တောင်းမှာပဲ ”
” ဟားးဟားဟားး ”
မျ်ိုးနွယ်သခင်ကတော့ရယ်မောရင်း ပြောလာခဲ့တယ်။
” ကောင်းပြီ ဒီနေရာမှာငါတို့ဘယ်လိုလုပ်ကျင့်ကြံလို့ရမှာလဲ အားလုံးကိုပြဿနာဖြေရှင်းပြီးပြီ ပြန်လာလို့ရပြီလို့ပြောလိုက်တော့ ”
ဟို့ယွိဟောင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပါတယ်။ သူ့အနေနဲ့အရးကြီးလွန်လှတဲ့ တစ်စုံတစ်ရာပျောက်ဆုံးသွားတာကို ခံစားနေခဲ့ရတယ်။ ဒါ့အပြင် နာကျင်မှု ၀မ်းနည်းမှုနဲ့ တခြားစိတ်ခံစားချက်ပေါင်းစုံက သူ့ရဲ့အိက်မက်ထဲမှာသူ့ကိုလိုက်ပြီနှောင့်ယှက်နေခဲ့ပါတယ်။
အိပ်မက်ကနေပြီနိုးထလာပြီပထမဆုံးမြင်လိုက်ရတာကတော့ အလင်းတန်းတစ်ခုပါ။ အရမ်းကိုတောက်ပပြီလှပလွန်လှတဲ့ သူတစ်ယောက်က အပြာရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားရင် သူ့ဘေးနားမှာရှိနေခဲ့ပါတယ်။ သူမရဲ့ဆံပင်နဲ့မျက်လုံးတွေကတော့ ပန်းနုရောင်တောက်ပနေခဲ့ပြီ ဒေါသထွက်နေတဲ့အကြည့်က သူ့အပေါ်ကိုကျရောက်လို့နေတော့တယ်။ ဘာလဲ ငါနတ်ဘုရားအလင်းတန်းကို ထပ်တွေ့နေရပြန်တာလား။ သူမဟို့ယွိဟောင်ကို လိမ်ပြီဆွဲလိုက်ချင်ပေမဲ့ သူကဘာမှမလုပ်နိုင်ပါဘူး။ သူအစောပိုင်းတုန်းက ခံစားနေခဲ့ရတဲ့၀မ်းနည်းမှုတွေကလဲ အလင်းတန်းနတ်မိမယ်ကိုမြင်ချိန်မှာ ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။
အလင်းတန်းနတ်မိမယ်က သူ့စိတ်နှလုံးကိုအေးချမ်းစေပြီ အေးအေးဆေးဆေးအိပ်စက်နိုင်အောင်ကူညီပေးပါတယ်။ ဒါ့အပြင် သူ့ရဲ့၀မ်းနည်းနေတဲ့စိတ်၀ိညာဥ်ကို နူးညံ့ညင်သာတဲ့သီချင်းသံက ဖြည်းဖြည်းချင်းချော့သိပ်နေသလိုပါပဲ။
တခဏတာကြာပြီတဲ့နောက် ဟို့ယွိဟောင်လဲ အိပ်စက်နေရာကနေနိုးလာခဲ့ပါတယ်။ သူနိုးနိုးလာချင်ပထမဆုံးခံစားမိတဲ့အရာကတော့ စိတ်၀ိညာဥ်ပင်လယ်ရဲ့အပြောင်းအလဲပါပဲ။ ကျယ်ပြန့်တဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးထဲမှာ သုံးပုံနှစ်ပုံကခမ်းခြောက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် တစ်ကိုယ်လုံးကိုလွှမ်းခြုံထားတဲ့အားနည်းမှုက မျက်လုံးတောင်မဖွင့်နိုင်တော့တဲ့အထိ ဖိနှိမ့်လို့နေခဲ့ပါသေးတယ်။ သူ့ရဲ့စွမ်းအင်ဖြတ်သန်းသွားလာမှုလမ်းကြောင်းတွေက အတော်ကိုခက်ခဲနေခဲ့ပြီ ၀ိညာဥ်စွမ်းအားကလဲရှိသေးပေမဲ့ လှည့်ပတ်မှုက အရမ်းကိုရှုပ်ထွေးလို့နေခဲ့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့သန့်စင်လွန်လှတဲ့စွမ်းအားကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက် သူအများကြီးကိုဆုံးရှုံးမှုကိုကြုံရမှာပါ။
သူ့ခန္ဓာကိုယ်က ကျွီးကျင့်ကိုကယ်တင်ခဲ့တဲ့အချိန်ထက်တောင် အခြေအနေပိုဆိုးနေခဲ့ပါသေးတယ်။ အရင်တုန်းကတော့ သူပြင်ပဒဏ်ရာတွေကိုပဲကြုံတွေ့ရတာပါ။ အခုတစ်ကြိမ်မှာတော့ အတွင်းဒဏ်ရာတွေတင်မက စိတ်၀ိညာဥ်တွေနဲ့ စိတ်ပိုင်ဆိုင်ရာကိုပါထိတွေ့နိုင်ခဲ့တယ်။
ခန္ဓာကိုယ်နာကျင်မှုက ပြင်းလွန်တာကြောင့် သူတောင်ကောင်းကောင်းမွန်မွန်မတွေးတောနိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ သူလုပ်ချင်နေတဲ့တစ်ခုတည်သောအရာကတော့ ဒဏ်ရာတွေပြန်ကောင်းအောင်လုပ်ဖို့ပါပဲ။
စိတ်၀ိညာဥ်စွမ်းအားတွေကို ခက်ခက်ခဲခဲဆင့်ခေါ်လိုက်ပြီတဲ့နောက် စိတ်၀ိညာဥ်စွမ်းအားတွေနဲ့ ၀ိညာဥ်စွမ်းအားတွေကိုစတင်ထိန်းချုပ်ပါတော့တယ်။ ဒီလိုမျိုးရိုးရှင်းတဲ့လုပ်ဆောင်ချက်ကိုလုပ်ဆောင်နေတာတောင် ခဏခဏသတိလစ်မလိုခံစားနေရတယ်။ သူလက်ရှိအချိန်မှာ လေးလေးနက်နက်မတွေးနိုင်ပေမဲ့ သူဆုံးရှုံးလိုက်ရတဲ့အရာအားလုံးကိုတော့ သိနေခဲ့ပါသေးတယ်။ ဒါကြောင့်သာ အရမ်းကိုခေါင်းမာမာနဲ့၀ိညာဥ်စွမ်းအားတွေကိုထိန်းချုပ်ဖို့ကြိုးစားနေခဲ့တာပါ။
သူ့ရဲ့ထူးဆန်းကောင်းကင်နည်းလမ်းနဲ့အတူ စွမ်းအားတွေကပုံမှန်အတိုင်းလှည့်ပတ်လာချိန်မှာတော့ အရာအားလုံးကဖြည်းဖြည်းချင်းဆိုသလို ပြန်လည်ပြည့်၀လို့လာခဲ့ပါပြီ။ စွမ်းအားဖြတ်သန်းတဲ့လမ်းကြောင်းတွေကလဲ ဆိုးဆိုး၀ါး၀ါးကြီးမပျက်စီးသွားခဲ့ပါဘူး။ ဒါ့အပြင် နောက်ထပ်သိပ့်သည်းတဲ့၀ိညာဥ်စွမ်းအားလှိုင်းတွေက ထပ်မံပြီဖြစ်ပေါ်လို့လာပါတော့တယ်။
သူ့ခန္ဓာကိုယ်ရဲ့သက်သောက်သက်သာဖြစ်သွားခဲ့မှုက လက်ရှိအချိန်မှာ ဒဏ်ရာတွေကိုဖြည်းဖြည်းချင်းပြေပျောက်စေခဲ့ပါပြီ။ ဒါ့အပြင် စိတ်၀ိညာဥ်ပင်လယ်ကြီးရဲ့အတိုင်အတာတော်တော်များများအထိပျက်စီးမှုကိုပါ သူရှာဖွေလို့တွေ့ရှိသွားပါတော့တယ်။ အခုလက်ရှိအချိန်မှာ စိတ်၀ိညာဥ်သိုလှောင်ခန်းက သုံးပုံတစ်ပုံအထိကို လျော့ကျလို့သွားခဲ့သလို စိတ်၀ိညာဥ်စွမ်းအားတွေကလဲ အနည်းငယ်လျော့သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲနားလည်သဘောပေါက်မှုကတော့သိရှိနေသေးတဲ့အတွက် ထိန်းချုပ်မှုကိုဆက်လက်လုပ်ဆောင်နေဆဲပါ။ ဒါ့အပြင် စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးကို ဖြည်းဖြည်းချင်းပြန်လှည့်ပတ်ရင်းနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အစောပိုင်းခံစားနေရတဲ့အားဖြည့်ပေးမှုက ပျောက်ကွယ်လို့သွားချိန်မှာဒုတိယစိတ်၀ိညာဥ်ပင်လယ်ရှိတဲ့ကံကြမ္မာမျက်လုံးကိုလဲ စတင်ပြီအာရုံခံလိုက်ရပါပြီ။ ဒီနေရာကမထိခိုက်ပဲကျန်နေတဲ့တစ်ခုတည်သောနေရာပါပဲ။ ဒါကြောင့်သာ သူသက်ပြင်းချလိုက်မိပါတယ်။ အကယ်၍ ကံကြမ္မာမျက်လုံးသာထိခိုက်သွားခဲ့မယ်ဆိုရင် သူ့ရဲ့ကျင့်ကြံမှုက အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းလောက်အထိကို ကျဆင်းလို့သွားတော့မှာပါ။
အပိုင်း ၁၉၆ ပြီး၏။