Switch Mode

Chapter – 195.3

ပေါင်းစည်းအင်အား

အပိုင်း ၁၉၅•၃

” ပေါင်းစည်းအင်အား ”
°°°
အကြီးအကဲလျှပ်စီးဧကရာဇ်က ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် မင်းရဲ့အသိဉာဏ်နဲ့မှတ်ဉာဏ်တွေအားလုံးကို ဆုံးရှုံးနိုင်တာလဲဖြစ်သလို အစိတ်အပိုင်းတချို့လောက်ကိုပဲ ထိန်းသိမ်းထားနိုင်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ် ”

နှင်းဧကရီ တခဏတာတွေဝေလို့သွားခဲ့ပါတယ်။ ဒီလိုရလဒ်မျိုးကို သူမ မမျှော်လင့်ထားတာအသေအချာကြီးပါ။ ဒါကြောင့် လျှပ်စီးဧကရာဇ်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီ ပြောလာခဲ့ပါတယ်။

” ဒါကသေတာထက်တော့ ပိုကောင်းတဲ့ရလဒ်ပဲလေ ဒါပေမယ့် ဒီပုလဲကိုဆွဲထုတ်ဖို့ အပြည့်အ၀ယုံကြည်ချက်ရှိတယ်ဆိုတာ ကတိတော့ပေးစေချင်တယ်…မဟုတ်ရင် ဒီပုလဲဆွဲထုတ်တဲ့အချိန်မှာငါသေသွားနိုင်တယ် ”

” ဒါကဖြစ်နိုင်တဲ့တစ်ခုတည်သောနည်းလမ်းပဲ ငါမင်းကိုစတေးတာမျိုးကို အဖြစ်မခံချင်တာမဟုတ်ဘူး…အဲ့ဒီလိုစတေးခံဖို့အထိ ငါမလုပ်ပေးနိုင်တာပဲ ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကနေ မင်းထွက်ခွာပြီတဲ့နောက် နှင်းပုလဲကချက်ချင်းပေါက်ကွဲသွားလိမ့်မယ်…ဒါကြောင့်သာ သူ့ကိုချက်ချင်းပြန်ချိတ်ပိတ်ဖို့လိုအပ်တာ မင်းရဲ့စိတ်၀ိညာဥ်အသိဉာဏ်ကိုလဲ သုံးရမယ်…ငါတို့တွေမန္တန်တွေသုံးပြီ စွမ်းအားတွေအားလုံးကို ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီကြောက်စရာကောင်းတဲ့အင်အားကို ပြောင်းလဲနိုင်လိမ့်မယ်…အစတုန်းကငါယုံကြည်ချက်သုံးဆယ်ရာခိုင်နှုန်းလောက်ပဲရှိပေမဲ့ အခုလက်ရှိအချိန်အပြင်ဖက်မှာသန်မာတဲ့လူနှစ်ယောက်ရောက်နေပြီ သူတို့တွေငါတို့ကိုကူညီမယ်လို့ ယုံကြည်တယ်…သူတို့ရဲ့အကူအညီနဲ့ဆိုရင် ငါရဲ့ယုံကြည်ချက်ကလဲ ပိုမြင့်လာလိမ့်မယ်.. ၀ိညာဥ်တွေနဲ့ပတ်သက်တဲ့အပိုင်းမှာ ဒီလောကထဲငါထက်ပိုပြီးတော့ကျွမ်းကျင်နိုင်တဲ့သူမရှိနိုင်တော့ဘူး…ဒါပေမယ့် ငါလဲတစ်ရာရာခိုင်နှုန်းလုံခြုံစိတ်ချမယ်လို့ အာမခံနိုင်ဘူးလေ ဒါ့အပြင် မင်းလဲနာကျင်မှုအများကြီးခံစားရလိမ့်မယ်.. အရေးကြီးဆုံးကတော့ ငါတို့အောင်မြင်သွားခဲ့မယ်ဆိုရင် မင်းဘာဖြစ်လာမလဲဆိုတာကိုမသိနိုင်တာပဲ ဒီလိုအခြေအနေမျိုးကိုငါဘ၀မှာတော့ကြုံဖူးတာ ပထမဆုံးအကြိမ် ဖြစ်နေသေးတယ် ”

နှင်းဧကရီက ဒေါသထွက်လာခဲ့ပါတယ်။

” တစ်ခုတည်သောနည်းလမ်းဆိုမှတော့ ဒီလောက်အထိအပိုစကားတွေပြောနေမှာလဲ အကယ်၍ အချိန်ကိုထပ်ပြီနှောင့်နှေးစေဦးမယ်ဆိုရင် ငါတို့တွေအကုန်သေကုန်လိမ့်မယ် ”

” မင်းက အရာအားလုံးကိုငါလက်ထဲလွဲအပ်ပေးဖို့အတွက် ရွေးချယ်လိုက်ပြီဆိုမှတော့ ငါ့ကိုအပြည့်အ၀ယုံကြည်ထားဖို့လိုအပ်တယ်…အကောင်းဆုံးအချိန်က ဘယ်အချိန်ရောက်မလဲဆိုတာကိုငါသိတယ်…မင်းရဲ့နှင်းပုလဲစွမ်းအားတွေက ပိုပြီးကြမ်းတမ်းလာလေလေ သူ့ကိုဆွဲထုတ်တဲ့အချိန်မှာသူ့ရဲ့စွမ်းအားကပိုပြီးဝေခွဲမရဖြစ်လေပဲ ဒီလိုဝေခွဲမရဖြစ်တာက မင်း၀င်ရောက်တိုက်ခိုက်ဖို့အကောင်းဆုံးအခွင့်အရေးကိုဖန်တီးပေးလိမ့်မယ်…ဒါကြောင့်လိုအပ်တာ ပြင်ဆင်ထားလိုက် ပြီရင်ငါညွှန်ကြားချက်အတိုင်းဆက်သွား ”

ဒီအချိန်မှာအကြီးအကဲလျှပ်စီးဧကရာဇ်က မယုံကြည်နိုင်လောက်အောင်ကြီးမားပြင်းထန်တဲ့ ဖိနှိမ့်မှုကြီးအားတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်။ အခုလက်ရှိအချိန်မှာ အရှိန်အ၀ါငါးခုကတစ်သားထဲနီးပါးဖြစ်သွားခဲ့ပါပြီ။ ဒါက အောက်လမ်းပညာရဲ့စွမ်းအားမဟုတ်ပဲ သေခြင်းတရားရဲ့အငွေ့အသက်နဲ့ပြည့်နှက်နေခဲ့တယ်။ ဒါ့အပြင် အလင်းတန်းရဲ့မြင့်မြတ်ပြီသန့်စင်တဲ့စွမ်းအားတွေလဲ ပါ၀င်နေခဲ့ပါသေးတယ်။

အကြီးအကဲလျှပ်စီးဧကရာဇ်က စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အဖြူရောင်မီးလျှံကြီးတစ်ခုအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးရဲ့ပတ်ပတ်လည်မှာလဲ များပြားတဲ့ရွှေရောင်မီးလျှံတွေက တောက်လောင်လို့နေခဲ့ပါသေးတယ်။ဒီအချိန်မှာတော့ သူကပြုံးနေခဲ့တယ်။

အကြီးအကဲလျှပ်စီးဧကရာဇ်က မြင့်မြတ်လွန်လှတဲ့ အရှိန်အ၀ါတွေကိုထုတ်လွှတ်ရင် ရေခဲဧကရီကိုတစ်ချက်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် နှင်းဧကရီကိုလှည့်ကြည့်ပြီ သူ့ဘာသာသူတွေးနေခဲ့တယ်။

” ငါတကယ်ကြီးသူတို့ကိုအတော်သံယောဇဥ်တွဲနေခဲ့မိတာပဲ ငါဒီလောက်ဆုံးဖြတ်ချက်မခိုင်မာတဲ့သူဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး…တခြားလောကတစ်ခုခုမှာ ငါရဲ့နတ်အသိဉာဏ်က အကျွင်းအကျန်လေးကျန်နေပါစေဦးလို့ မျှော်လင့်ပါတယ် ”

ဟို့ယွိဟောင်ရဲ့ဗိုက်က အခုလက်ရှိအချိန်မှာ အရင်ကထက်သုံးဆတိတိပိုပြီးကြီးမားလာခဲ့ပါပြီ။ သူက ကိုးလလွယ်ဆယ်လဖွားဖို့အသင့်ဖြစ်နေတဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးကြီးတစ်ယောက်လိုပါပဲ။ အတွင်းကလီစာတွေလောင်မြိုက်နေတဲ့နာကျင်မှုကလဲ ပြင်းထန်လွန်လှပါတယ်။

သူ့ရဲ့စွမ်းအားတွေက အဆုံးစွန်းရေခဲဖြစ်နေခဲ့ပေမဲ့ စွမ်းအားပုံစံအဆင့်ပြောင်းမှုအောက်မှာ လောင်ကျွမ်းနေခဲ့ပါပြီ။ အသိစိတ်ကလဲ ပိုပိုပြီမကြည်မလင်ဖြစ်လာပါတော့တယ်။ အဆုံးစွန်းရေခဲနဲ့ အဆုံးစွန်းမီးလျှံတို့ရဲ့ပိုင်ခြားမှုကြောင့် ဒီလိုမျိုးဖြစ်ပေါ်လာခဲ့တာပါ။

ဒီအချိန်မှာပဲ လျှပ်စီးဧကရာဇ်ရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။

” နှင်းဧကရီစလိုက်ကြစို့ ”

စိတ်၀ိညာဥ်ပင်လယ်ထဲမှာရွှေရောင်အလင်းတန်းတွေက လေထဲကနေထွက်ပေါ်လို့လာခဲ့ပြီ နှင်းဧကရီအပေါ်ကိုကျရောက်လာခဲ့ရင်း သူမကိုယ်ကရွှေရောင်အဖြစ်ပြောင်းသွားခဲ့ပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့လမ်းညွှန်မှုက သူမရဲ့ရွှေရောင်အလင်းတန်းက ဖြည်းဖြည်းချင်းအောက်ကိုဆင်းသက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့စွမ်းအားဖြတ်သန်းတဲ့တစ်လျှောက်ကို စီးဆင်းလာရင်နဲ့ ချက်ဆီကိုရောက်လာခဲ့ပါတယ်။

ဒီအရှိန်အ၀ါက ရေခဲဧကရီတောင်မဖိနှိမ့်နိုင်လောက်အောင်မပြင်းထန်ပေမဲ့ ထူးထူးဆန်းဆန်းကြီး နှင်းဧကရီရောက်ရှိလာချိန်မှာတော့ သူကပိုနူးညံ့ညင်သာလာပါတော့တယ်။ တွေဝေသွားတဲ့ပုံလဲပေါ်နေခဲ့တယ်။

နှင်းဧကရီက လုံး၀ကိုဆုံးဖြတ်လိုက်ပါပြီ။ သူချက်ချင်းဆိုသလို နှင်းပုလဲဲထဲခုန်၀င်ပါတော့တယ်။ အခုလက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါတွေက ပိုမိုအားကောင်းလာတာကို မျိုးနွယ်သခင်နဲ့ ဒုတိယမျိုးနွယ်သခင်တို့လဲ နားလည်သဘောပေါက်လာခဲ့ပါတယ်။ သူတို့တွေဒိီလိုမျိုးအကြောက်တရားကြောင့် တောင့်တင်းသွားကြချိန်မှာပဲ အသံတစ်သံကခေါင်းထဲမှာပေါ်လာပါတော့တယ်။

” အကယ်၍ မင်းတို့နှစ်ယောက် ငါတို့နဲ့အတူတူ မသေဆုံးမပျောက်ကွယ်ချင်ဘူးဆိုရင် မင်းတို့ရဲ့အကူအညီကိုလိုအပ်တယ် ”

ဒီလူကြီးတစ်ယောက်ရဲ့အသံက မျိုးနွယ်သခင်နှစ်ယောက်စလုံးကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့အရှေ့မှာအဖြူရောင်မီးလျှံတွေအပြည့်နဲ့ လူတစ်ယောက်ကပေါ်လာခဲ့ပါပြီ။

အကြီးအကဲလျှပ်စီးဧကရာဇ်က သိပ့်သည်းလွန်လှတဲ့အသက်စွမ်းအားတွေနဲ့ ပြည့်နှက်နေခဲ့ပြီ သူ့ရဲ့တောက်ပနေတဲ့အလင်းတန်းသတ္တိကလဲ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်စလုံးကို မျက်လုံးအပြူးသားဖြစ်သွားစေခဲ့တယ်။

” မင်းတို့တွေနှစ်ယောက်စလုံး ငါရဲ့နောက်ကြောင်းကို သံသယဖြစ်မှန်းသိပေမဲ့ ငါကတခြားလောကကလာတဲ့သူဆိုတာပဲပြောနိုင်တယ်…ငါရဲ့နတ်အသိဉာဏ်က ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ အခြေအနေတိုက်ဆိုင်မှုတစ်ခုကြောင့် ပေါင်းစည်းလို့သွားခဲ့တယ်…မင်းတို့တွေအနေနဲ့ နတ်အသိဉာဏ်ဆိုတဲ့စကားကို ရင်းနှီးမယ်ဆိုတာသေချာပါတယ်…မင်းတို့ခန္ဓာကိုယ်တွေကလဲ နတ်အသိဉာဏ်တွေကို ငါအာရုံခံမိနေတယ်…ဒါကမင်းတို့နဲ့မသက်ဆိုင်ပေမဲ့ ငါရဲ့အကဲဖြတ်မှုကမမှားနိုင်ဘူး ”

” မင်းတို့နှစ်ယောက်စလုံး ငါရဲ့အလင်းတန်းအရှိန်အ၀ါတွေကို အာရုံခံနိုင်တာကြောင့်ပါပဲ ငါရဲ့လောကမှာဒီလိုသန့်စင်ပြီအားကောင်းတဲ့ အလင်းတန်းတွေကိုပိုင်ဆိုင်တဲ့သူတွေကို အလင်းတန်းရဲ့ကလေးငယ်တွေလို့ခေါ်ကြတယ်…အသန့်စင်ဆုံးနှလုံးသားတွေကပဲ အလင်းစွမ်းအားနဲ့ အနီးစပ်ဆုံးအင်အားကို ပိုင်ဆိုင်နိုင်လိမ့်မယ်…မင်းတို့ရဲ့လောကမှာတော့ ဒါကိုအဆုံးစွန်းအလင်းလို့ခေါ်တယ်…ငါမှာစကားပြောနေဖို့ အချိန်မရှိတော့ဘူး…အခုဟို့ယွိဟောင်က အသက်အန္တရာယ်ကျရောက်နေပြီ သူ့ခန္ဓာကိုယ်ထဲမှာရှိနေပြီ ပုန်းအောင်နေတဲ့အင်အားတစ်ခုကို ကျောက်စိမ်းအဆီအနှစ်အိပ်ရာက နိုးထလိုက်တယ်…အခုအဲ့ဒီစွမ်းအားက ပေါက်ကွဲထွက်တော့မယ်…ငါရဲ့စွမ်းအားကိုအသုံးပြုပြီး ဒီအင်အားကိုဖိနှိမ့်ဖို့နဲ့နောက်တစ်ကြိမ်ပြန်လည်တည်ငြိမ်စေဖို့အတွက် လုပ်နေပေမဲ့လဲ အခုလက်ရှိအချိန်မှာ မင်းတို့ရဲ့အထောက်အကူပေးမှုကိုလိုအပ်နေတယ်…ငါကိုကူညီပေးနိုင်ကြမလား ”

အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အသံက အကူအညီတောင်းချိန်မှာအရမ်းကို စစ်မှန်ပြီမှန်ကန်နေတဲ့ပုံပေါ်ပါတယ်။ ဒုတိယသခင်ကတော့ တွေဝေနေပေမဲ့ မျ်ိုးနွယ်စုခေါင်းဆောင်က ချက်ချင်းခေါင်းညိတ်လိုက်ပါပြီ။

” ကောင်းပြီ ငါတို့မင်းကိုကူညီမယ်…ဒုတိယညီလေးပြင်ဆင်ထားလိုက် ”

” ကြည့်ရတာငါလောင်းကြေးထပ်တာမှန်သွားပြီပဲ မင်းတို့ရဲ့မှန်ကန်တဲ့နှလုံးသားက ငါတို့ရဲ့အသက်ရှင်သန်ဖို့အတွက် အရေးကြီးတဲ့အကြောင်းပြချက်တစ်ခုပဲ လူကြီးမင်းတို့ဒီအင်အားကိုကူညီပြီဖိနှိမ့်ဖို့ ကြိုးစားပေးကြပါ ”

ပြောပြီတာနဲ့ရွှေရောင်တုတ်ချောင်းကြီးကိုဝှေ့ရမ်းလိုက်ပါတယ်။ အဲ့ဒီနောက် မန္တန်တွေကိုဆက်တိုက်ဆိုသလိုရေရွတ်နေခဲ့ပြီ ဒီတုတ်ချောင်းကိုဟို့ယွိဟောင်ရဲ့ချက်ဆီသူညွှန်ကြားထားတော့တယ်။

ရူးသွပ်တဲ့အငွေ့အသက်က ချက်ချင်းထွက်ပေါ်လာခဲ့ပါပြီ။ အခန်းအပြင်မှာရှိနေတဲ့ရေခဲတွေက ချက်ချင်းအရည်ပျော်သွားပြီတဲ့နောက် ရေအိုင်တစ်အိုင်ဖြစ်လာပါတော့တယ်။ ခြစ်ခြစ်တောက်ပူပြင်းနေတဲ့အရှိန်အ၀ါက အားလုံးကိုလွှမ်းခြုံနေခဲ့ပါပြီ။

ရွှေနီရောင်နဲ့ ရေခဲပြာရောင်တို့တောက်ပနေတဲ့ ပုတီးစေ့တစ်လုံးက ခန္ဓာကိုယ်ထဲကနေ ထွက်လာပါတော့တယ်။ သူပေါ်လာတာတစ်ပြိုင်နက်ဟို့ယွိဟောင်ရဲ့၀မ်းဗိုက်တစ်လျှောက်မှာ ရေလှိုင်းမျိုးလှိုင်းတွေက ချက်ချင်းဆိုသလိုထွက်ပေါ်လာပါတော့တယ်။ဒါပေမယ့် ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလိုခန္ဓာကိုယ်နာကျင်မှုတွေ လျော့ပါးလို့သွားခဲ့ပြီတဲ့နောက် မျက်လုံးတွေကိုဖွင့်လိုက်ပါတော့တယ်။

မြစိမ်းပြာရောင်အလင်းတန်းကလဲ သူ့ခန္ဓာကိုယ်ပေါ်မှာပေါ်ထွက်လို့လာခဲ့ပါပြီ။ သူ့လက်နှစ်ဖက်ကိုမျက်နှာရှေ့မှာစုစည်းလိုက်ရင်းနဲ့ ရှုပ်ထွေးတဲ့မန္တန်တွေကို စတင်ပြီရေရွတ်ပါတော့တယ်။

သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ ပုတီးစေ့ထွက်ခွာချိန်မှာတော့အရမ်းကိုနာနာကျင်ကျင်အော်ဟစ်သံတွေကိုကြားနေခဲ့ရတယ်။ ဒါကတော့နှင်းဧကရီရဲ့အော်သံတွေပါပဲ။ ဒီပုတီးစေ့လေးရဲ့အပေါ်မှာ သေးငယ်တဲ့အဖြူရောင်ပုံရိပ်က ၀ိုးတ၀ါးပေါ်နေခဲ့သလို အရမ်းကိုတောက်တောက်ပပနဲ့လင်းလက်လို့နေခဲ့တယ်။ ဒါပေမယ့် တုတ်ချောင်းကြီးကတော့ သူ့ကိုဖိထားဆဲပါပဲ။ ဒါတင်မကပါဘူး ရွှေရောင်မီးလျှံနှစ်ခုက အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့မျက်လုံးတွေထဲကနေ ထွက်ပေါ်လို့နေခဲ့ပြီ ပုတီးစေ့ပေါ်ကိုကျရောက်လာပါတော့တယ်။ ဒီအလင်းတန်းက ကြောက်စရာစွမ်းအားတွေနဲ့ပြည့်နှက်နေခဲ့တာပါ။

မီးလျှံနှစ်ခုက အတော်လေးသေးငယ်ပေမဲ့ ဒါပေါ်လာချိန်မှာပဲ မျိုးနွယ်စုသခင်နှစ်ယောက်စလုံးထိတ်လန့်လို့သွားခဲ့ရတယ်။ မျိုးနွယ်စုသခင်ရဲ့ခန္ဓာကိုယ်ကနေ မြစိမ်းပြာရောင်အလင်းတန်းနဲ့ အညိုရင့်ရောင်အလင်းတန်းတို့က ထွက်ပေါ်လာခဲ့ပါပြီ။ မျိုးနွယ်စုခေါင်းဆောင်တို့ရဲ့၀ိညာဥ်စက်ကွင်းတွေက ဒုတိယမျိုးနွယ်ခေါင်းဆောင်နဲ့ အနည်းငယ်သာကွာခြားချက်ရှိနေခဲ့ပါတယ်။ သူ့မှာအနက်ရောင်ခြောက်ကွင်းနဲ့ အနီရောင်သုံးကွင်းရှိနေခဲ့တာပါ။ မတူညီတဲ့အလင်းတန်းပုံရိပ်ကြီးတွေကလဲ သူတို့ရဲ့အနောက်မှာပေါ်ထွက်လို့လာပါတော့တယ်။

မျိုးနွယ်စုခေါင်းဆောင်ရဲ့နောက်ဖက်မှာအတော်ကြီးမားတဲ့နဂါးအစိမ်းရောင်ကြီးရှိနေခဲ့တယ်။ နဂါးကြီးက အော်ဟစ်ဟိန်းဟောက်နေရင်း အစိမ်းရင့်ရောင်အလင်းတန်းတွေကို ဆက်တိုက်ထုတ်လွှတ်နေခဲ့ပါတော့တယ်။ ဒါ့အပြင် ပုလဲလုံးထဲက အင်အားကိုလဲသူကြိုးစားပြီဖိနှိမ့်နေခဲ့ပါသေးတယ်။

ဒုတိယမျိုးနွယ်သခင်ရဲ့နောက်ဖက်မှာတော့ ကြီးမားပြီလူသားနဲ့တူတဲ့ သတ္တ၀ါတစ်ကောင်​ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပုံရိပ်ရဲ့လက်မောင်းတွေက အရမ်းကိုရှည်လျားနေခဲ့ပြီ သူ့ရဲ့ရင်ဘတ်ကိုဆက်တိုက်ထုရိုက်လို့နေခဲ့ပါသေးတယ်။ အညိုရင့်ရောင်စွမ်းအားတွေက မျိုးနွယ်ခေါင်းဆောင်ရဲ့အရှိန်အ၀ါနဲ့အတူပေါင်းစည်းရင်းနဲ့ ဒီနှင်းပုလဲအင်အားကို စတင်ပြီဖိနှိမ့်တော့တယ်။

မြင်ရတာထူးဆန်းပေမဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ ရွှေရောင်မီးလျှံနှစ်ခုကိုထိတွေ့ပြီချိန်မှာ နှင်းပုလဲကရုတ်တရက်ဆိုသလို တည်ငြိမ်လို့သွားခဲ့ပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်ကတော့ ပိုမိုကြည်လင်လာခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်က လေထဲမှာထိုးဖောက်မြင်ရတဲ့အသွင်သဏ္ဍာန်တစ်ခုကို ပြောင်းလဲသွားပါတော့တယ်။ ဒါပေမယ့် သူဆက်တိုက်ဆိုသလို အခုအချိန်အထိမန္တန်ကိုရေရွတ်နေဆဲပါပဲ။ သူ့အသံက ပိုမိုကျယ်လောင်လို့လာခဲ့ပါတယ်။

နှင်းဧကရီရဲ့အော်သံတွေကလဲ ရပ်တန့်လို့သွားခဲ့ပါပြီ။ အခုအချိန်မှာတော့ သူမကိုတစ်စုံတစ်ရာကိုနားလည်သွားပုံပါပဲ။ သူမရဲ့ သေးငယ်တဲ့ခန္ဓာကိုယ်လေးက နှင်းပုလဲရဲ့အပေါ်ကိုရောက်ရှိလို့လာပါတော့တယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်ကို သူစူးစူးစိုက်စိုက်နဲ့ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ခါးကိုကိုင်လိုက်ရင်း အကြီးအကဲလျှပ်စီးဧကရာဇ်ကို ရိုသေလေးစားမှုအပြည့်နဲ့ ဦးညွတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူမက အလင်းတန်းတစ်ခုလိုပြောင်းလဲရင်း နှင်းပုလဲထဲကို၀င်ရောက်လို့သွားခဲ့ပါပြီ။

အထဲမှာရှိနေတဲ့အင်အားတွေက အရမ်းကိုကြမ်းတမ်းလို့နေခဲ့တယ်။ အပြင်ဘက်မှာရှိနေတဲ့ သုံးယောက်ကြောင့်သာအင်အားကပေါက်ကွဲထွက်မလာခဲ့တာပါ။ မျိုးနွယ်စုသခင်နှစ်ယောက်က တကယ်ကိုသန်မာလွန်လှပါတယ်။ သူတို့တွေပေါင်းစည်းချိန်မှာတော့ နှင်းပုလဲပေါက်ကွဲထွက်လာမှာကို အပြည့်အ၀ဖိနှိမ့်နိုင်လိုက်ပါပြီ။

” ငါတို့တွေဒါကိုအပြင်ပို့လို့ရပြီလား ”
မျိုးနွယ်သခင်ကတော့မေးလာခဲ့တယ်။

အကြီးအကဲလျှပ်စီးဧကရာဇ်ကတော့ လက်ကိုဝှေ့ရမ်းရင်းနဲ့ သူ့ရဲ့မန္တန်ကိုဆက်တိုက်ရွတ်ဖတ်နေခဲ့ပါတယ်။ အဲ့ဒီနောက်လက်ထဲကတုတ်ချောင်းကြီးကိုအပေါ်မြင့်မြင့်မြောက်လိုက်ပြီ ရွှေရောင်သင်္ကေတတွေကို လေထဲမှာစတင်ရေးဆွဲတော့တယ်။

ဟို့ယွိဟောင်ကလဲ လေထဲကိုမြောက်လိုက်ရင်းတခြားတဖက်မှာမန္တန်တွေကို ရေရွတ်နေခဲ့ပါတယ်။ လေထဲမှာလဲ သူ့ရဲ့လက်ချောင်းတွေက လှုပ်ရှားလို့နေခဲ့ပါပြီ။ ဟို့ယွိဟောင်က အကြီးအကဲလျှပ်စီးဧကရာဇ်နဲ့ထပ်တူညီမျှအောင် လုပ်ဆောင်နေပုံပါပဲ။

လျှပ်စီးဧကရာဇ်ရဲ့မျက်လုံးထဲမှာလဲ တည်ငြိမ်အေးဆေးတဲ့အကြည့်က ပေါ်လာခဲ့ပါတယ်။ သူဖန်တီးလိုက်တဲ့ရွှေရောင်သင်္ကေတတွေက ဖြည်းဖြည်းချင်းဆိုသလို အောက်ကိုဆင်းသွားခဲ့ပြီ နှင်းပုလဲဆီကိုရောက်ရှိကာ မြန်မြန်ဆန်ဆန်ပေါင်းစည်းပါတော့တယ်။

ဒီလိုမျိုးပေါင်းစည်းလိုက်ချိန်မှာနှင်းပုလဲရဲ့ပုံသဏ္ဍာန်ကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။ အထဲမှာရှိနေတဲ့အင်အားတွေကကြမ်းတမ်းနေဆဲဖြစ်ပေမဲ့ အပြင်ကိုပေါက်ကွဲထွက်မလာတော့ပါဘူး။ ဒါကြောင့် မျိုးနွယ်သခင်တို့ခံစားနေရတဲ့ဖိအားကလဲလျော့ပါးလို့သွားခဲ့တယ်။ အခုအချိန်အထိ သူတို့တွေ သက်သောက်သက်သာမနေ၀ံ့သေးပါဘူး။ ဒီစွမ်းအားတွေဘယ်အချိန်မှာနောက်တစ်ကြိမ် ပြန်ကြမ်းတမ်းလာမလဲဆိုတာ ဘယ်သူမှမသိနိုင်လို့ပါ။

အပိုင်း ၁၉၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset