Switch Mode

Chapter – 195.2

ပေါင်းစည်းအင်အား

အပိုင်း ၁၉၅•၂

” ပေါင်းစည်းအင်အား ”
°°°
အကြီးအကဲတန်က အရမ်းကိုသန်မာပါတယ်။ ဒါ့အပြင် ၀မ်သုန့်နဲ့လဲအတော်ကိုရင်းနှီးတဲ့သူပါ။ ၀မ်သုန့်ရဲ့ရုပ်ရည်သွင်ပြင်က အတော်လေးနူးညံ့ပေမဲ့ ဘယ်လောက်အထိခေါင်းမာလဲဆိုတာ သူသိပါတယ်။ ဒါကြောင့် ၀မ်သုန့်ရဲ့လည်ပင်းကို သူရိုက်ချလိုက်ပြီတဲ့နောက် လဲကျသွားစေခဲ့တယ်။

” အားလုံးပဲ ငါနောက်ကိုမြန်မြန်လိုက်ခဲ့ ငါတို့အမြန်ဆုံးထွက်မှရမယ်…အကြီးအကဲတွေ မလှုပ်ရှားနိုင်တဲ့တပည့်တွေကို ကူညီကြ ”

မကြာခင်မှာပဲ ကြည်လင်ကောင်းကင်ရဲတိုက်တစ်ခုလုံးလူတွေရှင်းသွားပါတော့တယ်။ များပြားတဲ့လူတွေက ရဲတိုက်ကြီးထဲကနေ အပြင်ကိုပြေးထွက်လာခဲ့ရင်း ဟိုတောင်ခြေအောက်အထိကို ပြေးဆင်းသွားနေခဲ့ပါပြီ။

မြူခိုတွေကလဲ လက်ရှိအချိန်မှာကြောက်စရာအရှိန်အ၀ါတွေကြောင့် လုံး၀ကိုဖြန့်ကျက်သွားပါတော့တယ်။ ဒါကြောင့်သာထွက်ခွာလာတဲ့လူတိုင်းအတွက် သွားရလာရပိုလွယ်ကူစေတာပါ။ သူတို့တွေဘယ်လိုထွက်သွားရမလဲဆိုတာကို ပိုပြီးလွယ်လွယ်ကူကူလမ်းရှာလို့အဆင်ပြေခဲ့ပါတယ်။

ကြည်လင်ကောင်းကင်မျိုးနွယ်စုရဲ့သခင်နဲ့ ဒုတိယသခင်တို့ကတော့ ယွိဟောင်ရဲ့အခန်းအပြင်ဘက်မှာမျက်မှောင်ကြုတ်နေခဲ့ကြပါတယ်။

” ဒီကောင်လေးက သူဘယ်လောက်သန်မာလဲဆိုတာ ငါတို့ကိုပြဖို့ကြိုးစားနေတာလား ငါတို့ကသူ့ကိုသွားပြီစမ်းသပ်နေတာလား ဒါမှမဟုတ်သူက ငါတို့ကိုလာပြီစမ်းသပ်နေတာလား ”

ဒုတိယသခင်က ပြောလာခဲ့ပါတယ်။

မျိုးနွယ်စုခေါင်းဆောင်ကတော့ သူ့ကိုမျက်စောင်းထိုးရင်းနဲ့ ပြန်အော်တော့တယ်။

” အခုအချိန်မှာဘာတွေလာပြောနေတာလဲ ငါတို့တွေ၀င်သွားမှဖြစ်မယ်…သူဘာကြောင့် ဒီလောက်စွမ်းအားတွေအများကြီးထုတ်နေမှန်းငါမသိပေမဲ့ အရှိန်အ၀ါတွေက အထိန်းအကွတ်မဲ့နေပြီ အကယ်၍ သူ့ရဲ့ပြဿနာတွေကို ငါတို့ကူပြီမရှင်းပေးဘူးဆိုရင် ၀မ်သုန့်ကိုဘယ်လိုပြောပြရတော့မလဲ ဒါ့အပြင် အခုသူထုတ်နေတဲ့စွမ်းအားတွေက ငါတို့ကြည်လင်ကောင်းကင်ရဲတိုက်တစ်ခုလုံးကိုဖျက်ဆီးပြစ်နိုင်တာမဟုတ်ဘူး…ပတ်ပတ်လည်မှာရှိသမျှတောင်တွေအားလုံးတောင် ပျက်စီးသွားနိုင်လောက်သေးတယ်…အကယ်၍ ကိစ္စတွေသာမှားယွင်းသွားမယ်ဆိုရင် အားလုံးကပျက်သုန်းသွားမှာ ”

” ဟုတ်တယ် အကယ်၍ သူ့ကိုဖောက်ထုတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာလုပ်လို့မဖြစ်ဘူး…အစ်ကိုကြီးကျွန်တော်လုပ်ပါရစေ ”

သူပြောပြီတဲ့နောက် ယွိဟောင်ရဲ့အခန်းထဲကို ၀င်ဖို့အတွက်တံခါးကိုလက်နဲ့ဖိလိုက်ပါတော့တယ်။ ပြင်းထန်တောက်ပတဲ့အ၀ါရောင်အလင်းတန်းတွေက လက်ဖ၀ါးမျက်နှာပြင်မှာပေါ်လာခဲ့ပါပြီ။ တံခါးကြီးကလဲအက်ကွဲကြောင်းတွေပေါ်လာပြီတဲ့နောက် ချက်ချင်းပြာဖြစ်လို့သွားပါတော့တယ်။

ဒါပေမယ့် တံခါးပျောက်ပျောက်သွားခြင်းမှာတင် အင်မတန်ကိုအေးစက်လွန်လှတဲ့ အငွေ့အသက်တွေက အခန်းအပြင်ကိုထွက်လာခဲ့ပါတော့တယ်။ ဒီအအေးဓာတ်က ဟို့ယွိဟောင်ပုံမှန်အချိန်မှာ ရေခဲရုပ်ထုနယ်မြေကိုသုံးတဲ့ အအေးဓာတ်ထက်ဆယ်ဆမကပိုပြီး အေးစက်လွန်ပါတယ်။

” အေးလှချေလား ”

ဒုတိယမျိုးနွယ်စုခေါင်းဆောင်က အော်လိုက်ပါတယ်။ အ၀ါရောင်အလင်းတန်းတွေက သူ့တစ်ကိုယ်လုံးကိုပြန့်နှံ့လို့သွားခဲ့ပြီတဲ့နောက် တစ်ရိပ်ရိပ်ထိုးတက်လာနေတဲ့အအေးဓာတ်တွေကို သူခုခံလိုက်တယ်။ ဒါပေမယ့် ဒီအတိုင်းသူမခုခံနိုင်သေးတဲ့အတွက် ခြေထောက်အောက်ဖက်မှာ၀ိညာဥ်စက်ကွင်းတွေက စတင်လှည့်ပတ်လို့လာခဲ့ပါပြီ။

အကယ်၍ ဟို့ယွိဟောင်သာ သတိရှိနေဦးမယ်ဆိုရင် သူလန့်သွားခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဒုတိယသခင်ရဲ့၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းကအနက်ရောင်တွေဖြစ်ပြီ နောက်ဆုံးနှစ်ခုကတော့ အနီရောင်တွေဖြစ်နေခဲ့လို့ပါပဲ။ သူ့မှာနှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းနဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနှစ်ကွင်းတိတိရှိပါတယ်။

ဟို့ယွိဟောင်မြင်ဖူးသမျှအင်အားရှင်တွေထဲမှာ သုပုစီးတစ်ယောက်သာသူ့ကိုယှဥ်လို့ရမှာပါ။ တံခါးကပွင့်သွားပြီဖြစ်ပေမဲ့ မျိုးနွယ်စုသခင်နှစ်ယောက်စလုံးရဲ့အရှေ့မှာတော့ ရေခဲတံတိုင်ကြီးက ကာဆီးထားပါတော့တယ်။ ဒုတိယသခင်လဲ သူ့ရဲ့လက်ဖ၀ါးကိုဆန့်ထုတ်ရင်း အ၀ါရောင်အလင်းတန်းတွေနဲ့ရိုက်ချပြစ်လိုက်တယ်။ ဒါပေမယ့် ဒီရေခဲကသူထင်ထားသလို မပြိုကွဲသွားပါဘူး။ အက်ကွဲကြောင်းလေးတချို့သာပေါ်လာခဲ့တယ်။

” ဘယ်လိုဖြစ်ရတာလဲ ”

ဒုတိယသခင်က ပြောလိုက်ပြီတဲ့နောက် လက်သီးနဲ့ထိုးဖို့ပြင်ပေမဲ့ မျိုးနွယ်သခင်က သူ့လက်ကိုဆွဲထားလိုက်ပါတယ်။

” ငတုံးကောင် ဒီအချိန်မှာသွားပြီသူ့ကိုနှောင့်ယှက်လို့မရဘူး…ဒါဆိုရင် ပေါက်ကွဲသွားလိမ့်မယ် ”

သူပြောပြီတဲ့နောက် သူညီကိုသွားဆွဲထုတ်ပါတော့တယ်။ သူ့မျက်လုံးကအစိမ်းရောင်အလင်းတန်းတွေတောက်ပလာပြီတဲ့နောက် ညာဘက်လက်ကိုဆန့်ထုတ်ရင်းခပ်တိုးတိုးဟိန်းဟောက်လိုက်ပါတယ်။

သူ့ရဲ့ညာဘက်လက်မောင်းတစ်ခုလုံးအစိမ်းရောင်အကြေးခွံတွေက ချက်ချင်းပြည့်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်ကိုထုတ်လွှတ်မထားခဲ့ပါဘူး။ ဒီအကြေးခွံတွေက ကျက်သရေရှိမှုအပြည့်နဲ့တောက်ပနေခဲ့ရင်း သူ့လက်မောင်းတစ်ခုလုံးကလဲပုံမှန်မဟုတ်လောက်အောင်ကြီးမားတုတ်ခိုင်လာပါတော့တယ်။ ဒီကြောက်စရာကောင်းတဲ့ခြိမ်းခြောက်မှုစွမ်းအားတွေက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကထုတ်လွှတ်နေတဲ့စွမ်းအားတွေနဲ့ယှဥ်လို့ရအောင်ကြီးမားနေတာပါ။

သူ့ရဲ့လက်ချောင်းထိပ်တွေကလဲ လက်သည်းတွေအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ သူက ဒီရေခဲတုံးကြီးကို သူ့လက်သည်းတွေနဲ့ကုတ်ဖဲ့နေပါတော့တယ်။ လက်ဖ၀ါးကတော့လက်ရှိအချိန်မှာ အကုတ်ပုံသဏ္ဍာန်ပြောင်းသွားခဲ့ပြီတဲ့နောက် ဒီရေခဲတုံးကြီးတွေကိုဆွဲဖယ်ရင်းနဲ့ တစ်ဖက်ကရေခဲနံရံကြီးဖြည်းဖြည်းချင်းဖယ်ရှားပြီချိန်မှာပဲ ကြောက်စရာအငွေ့အသက်တွေက အပြင်ကို​နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ မျိုးနွယ်စုသခင်လဲ ဒီအငွေ့အသက်တွေကြောင့် အတော်လေးကို အံ့ဩသွားခဲ့ရတယ်။ ကြည်လင်ကောင်းကင်တောင်တစ်ခုလုံးကိုတောင် မြူခိုတွေတစ်စမကျန်လွှင့်စင်ထွက်အောင်ဖိအားပေးနိုင်တဲ့ကြောက်စရာအရှိန်အ၀ါကဒါပါပဲ သူ့ရဲ့မျက်လုံးကြီးတွေကလဲ အစိမ်းရောင်နေမင်းကြီးအတိုင်းတောက်ပလို့လာခဲ့ပါပြီ။ ဒီကြောက်စရာကောင်းတဲ့အရှိန်အ၀ါကိုသူကောင်းကောင်းတောင့်ခံနိုင်ခဲ့ပါတယ်။

နက်ရှိုင်းတဲ့နဂါးအော်သံကို သူ့လည်ချောင်းထဲကနေထုတ်လွှတ်လိုက်ချိန်မှာတော့ အရမ်းကိုအနုစိတ်တဲ့အစိမ်းရောင်အကြေးခွံတွေက အရေပြားပေါ်မှာပေါ်ထွက်လာပါတော့တယ်။

ဖိနှိမ့်မှုစွမ်းအား ကြီးမားလွန်တဲ့စွမ်းအားတွေတိုက်ခိုက်ချိန်မှာ သူ့ခန္ဓာကိုယ်မှာအလိုအလောက်တွန်းကန်နေခဲ့တယ်။ သူကနှစ်ဖက်ချွန်ဓားသွားတစ်ခုကိုကိုင်ထားသလိုပါပဲ။

အဲ့ဒီနောက် မျိုးနွယ်စုသခင်ရဲ့အာရုံစိုက်မှုက အလယ်မှာထိုင်နေတဲ့ ဟို့ယွိဟောင်ဆီကိုရောက်သွားခဲ့ပါပြီ။ သူဘယ်လောက်ပဲ အတွေ့အကြုံကြွယ်၀နေပြီဖြစ်စေဦးတော့ ဟို့ယွိဟောင်ကိုမြင်ချိန်မှာ မျက်လုံးပြူးသွားခဲ့ရတယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က အ၀တ်ဗလာဖြစ်နေခဲ့သလို ခန္ဓာကိုယ်တစ်ခုလုံးကိုလဲ မတူညီတဲ့အရောင်ငါးရောင်က လွှမ်းခြုံလို့ထားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ချက်အောက်မှာရှိနေခဲ့တဲ့နေရာမှာ တောက်ပနေတဲ့အလင်းတန်းကအရောင်အ၀ါအကြီးမားဆုံးပါပဲ။ သိပ့်သည်းတဲ့ရွှေရောင်အလင်းတန်းနဲ့ ရေခဲပြာရောင်အလင်းတန်းတို့က မတည်မငြိမ်တဲ့ပုံသဏ္ဍာန်နဲ့တဖျတ်ဖျတ်လက်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ အတော်ကြီးကိုသည်းခံပြီ နာကျင်မှုကိုတောင့်ခံနေရပုံပါပဲ။

ကျောရိုးတွေကတော့ မြစိမ်းပြာရောင်တောက်ပလို့နေခဲ့ပြီ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာအနီရင့်ရင့်၀ိညာဥ်စက်ကွင်းတွေက အပေါ်နဲ့အောက်လှုပ်ရှားလို့နေခဲ့ပါတယ်။

မျက်လုံးတွေကတော့ပိတ်ထားခဲ့ပေမဲ့ နဖူးကဒေါင်းလိုက်မျက်လုံးတစ်လုံးကတော့ ပွင့်နေခဲ့ပါပြီ။ ဒီဒေါင်းလိုက်မျက်လုံးက မီးခိုဖြူရောင်အလင်းတန်းကိုထုတ်လွှတ်လို့နေခဲ့ပါတယ်။ ကြောက်စရာစိတ်၀ိညာဥ်စွမ်းအားတွေကလဲ အဲ့ဒီမျက်လုံးတွေထဲကနေထွက်ပေါ်နေခဲ့ပြီ ပတ်ပတ်လည်မှာရှိသမျှစွမ်းအားတွေအားလုံးကို ထိန်းချုပ်လို့ထားခဲ့တယ်။

အခန်းထဲကို၀င်လာတဲ့မျိုးနွယ်စုသခင်လဲ လက်ရှိအချိန်မှာ ရပ်တန့်လို့သွားခဲ့ပါတယ်။ ဒုတိယမျိုးနွယ်စုသခင်ကတော့ သူ့နောက်ကကပ်လိုက်လာခဲ့တာပါ။ အရှေ့မှာမျိုးနွယ်စုသခင်ရှိနေခဲ့တဲ့ ဖိအားကအဲ့ဒီလောက်ကြီးမများပါဘူး။ လက်ရှိအချိန်မှာ သူ့တစ်ကိုယ်လုံးသိပ့်သည်းတဲ့အမွေးတွေနဲ့ပြည့်နေခဲ့ပြီ လူ၀ံကြီးတစ်ကောင်လိုမျိုးအမွေးတွေအပြည့်နဲ့ဖြစ်နေပါတော့တယ်။ အရင်ကထက်ကိုပြီးတော့တောင် ခန္ဓာကိုယ်ကတောင့်တင်းနေခဲ့ပါပြီ။

” အစ်ကိုကြီးကျွန်တော်တို့ဘာလုပ်ကြမလဲ ဒီကောင်ကိုအပြင်ခေါ်ထုတ်သွားရမှာလား ”

” အကယ်၍ ၀မ်သုန့် မင်းကိုသေတဲ့အထိတိုက်ခိုက်ချင်တယ်ဆိုရင်လဲ အဲ့ဒီလိုလုပ်လို့ရတယ်…၀မ်သုန့် ဒီကောင်လေးကိုဘယ်လောက်အထိဂရုစိုက်လဲဆိုတာ မင်းကြည့်ရုံနဲ့မသိနိုင်ဘူးလား ငါတို့တွေအလျင်လိုဖို့မလိုဘူး ခဏလောက်စောင့်ကြမယ်…ဒီအရှိန်အ၀ါက အန္တရာယ်များပေမဲ့ အပြည့်အ၀တော့ထိန်းချုပ်မှုမလွှတ်သေးဘူး…ဒါ့အပြင် အကုန်လုံးရဲ့ပေါင်းစည်းစွမ်းအားက ငါရဲ့အစွမ်းထက်ကိုကျော်လွန်နေပြီးပြီ ဒီလူငယ်လေးဘယ်လောက်အထိကြမ်းကြမ်းတမ်းတမ်းဆက်သွားမလဲ ငါမြင်ချင်သေးတယ် ”

ဒီလူကြီးနှစ်ယောက်သူ့ကိုသေချာကြည့်နေကြတယ်ဆိုတာ ဟို့ယွိဟောင်ကတော့မသိခဲ့ပါဘူး။ ဟို့ယွိဟောင်က နာကျင်မှုအပြည့်နဲ့ကြိုးစားရုန်းကန်နေခဲ့ရတာပါ။ ဒီခံစားချက်က ရေခဲဧကရီနဲ့ ပေါင်းစပ်ချိန်တုန်းကနဲ့ အတော်လေးကိုတူညီပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာခံစားနေရတဲ့နာကျင်မှုကတော့ အရင်တစ်ခေါက်ထက်ပိုပြီးပြင်းထန်နေခဲ့ပါတယ်။

သူ့ရဲ့ချက်အောက်ပိုင်းတစ်လျှောက်မှာ လေထိုးလေအောင့်သလိုမျိုးနာကျင်မှုကြီးကိုခံစားနေခဲ့ရတာပါ။ နှင်းပုလဲကသူ့ရဲ့စွမ်းအားတွေကို ဆက်တိုက်စုပ်ယူနေခဲ့ပြီ အရွယ်အစားကလဲကြီးမားလို့လာခဲ့ပါတယ်။ ဒါ့အပြင် ထုတ်လွှတ်နေတဲ့အငွေ့အသက်တွေကလဲ ပိုပိုပြီးအန္တရာယ်များလို့နေခဲ့ပါပြီ။ အကြီးအကဲလျှပ်စီးဧကရာဇ်ပြောသလိုပဲ ဒီနှင်းပုလဲကအချိန်ကိုက်ပေါက်ကွဲတော့မဲ့ဗုံးတစ်လုံးလိုဖြစ်နေခဲ့တယ်။ သူအလင်းတန်းတွေဖြာလာပြီတာနဲ့ မရပ်တန့်နိုင်တော့ပါဘူး။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အသက်စွမ်းအားတွေက သူ့ကိုထိန်းချုပ်ပေမဲ့လဲ သူကဆက်ပြီကြီးထွားလာနေပါသေးတယ်။ သူပေါက်ကွဲဖို့အချိန်တချို့သာလိုတော့မှာပါ။

ဟို့ယွိဟောင်ကလဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထိန်းချုပ်မှုကို အကြီးအကဲလျှပ်စီးဧကရာဇ်ဆီလုံလုံလားလားပေးအပ်လိုက်ပါပြီ။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ကိုတစ်ယောက်သာမယုံကြည်ဘူးဆိုရင် သူတို့အားလုံးအတူတူပျောက်ကွယ်သွားတော့မှာပါ။

အားလုံးရဲ့အင်အားကိုလက်ခံပေးပြီတဲ့နောက် အကြီးအကဲလျှပ်စီးဧကရာဇ်က အလောတကြီးမလှုပ်ရှားခဲ့ပါဘူး။ သူ့ရဲ့လက်ထဲမှာတုတ်ချောင်းကြီးကိုကိုင်ထားရင် စဥ်းစားလို့နေခဲ့တယ်။

နှင်းဧကရီကတော့ သူ့ဘေးနားမှာလွှင့်မျောနေရင်း စိုးရိမ်ပူပန်းမှုအပြည့်နဲ့ကြည့်နေခဲ့ပါတယ်။ ရေခဲဧကရီကတော့ ပိုပိုပြီးအားနည်းလာနေခဲ့ပါပြီ။ သူမရဲ့စိတ်၀ိညာဥ်မူလအရင်းအမြစ်တွေအားလုံးကို လောင်ကျွမ်းတာကုန်ဆုံးသွားခဲ့မယ်ဆိုရင် ဘယ်လိုများအသက်ရှင်နိုင်မှာလဲ။ ဒါပေမယ့် ဒီပေါင်းစည်းမှုကို အကြမ်းပြုပေးခဲ့တဲ့သူပါ။

အခုလက်ရှိအချိန်မှာ သူမပြောပြပေမဲ့လဲ တကယ်တော့နောင်တတွေအပြည့်ဖြစ်နေခဲ့တယ်။ ဒီနှင်းပုလဲပေါက်ကွဲတာကို နှောင့်နှေးစေဖို့အတွက် အရာအားလုံးကိုစတေးဖို့သူက လိုလိုလားလားလုပ်ဆောင်နေခဲ့တာပါ။

မှိန်ဖျော့ဖျော့အလင်းတန်းတွေက တောက်ပလို့လာခဲ့ပြီတဲ့နောက် အကြီးအကဲလျှပ်စီးဧကရာဇ်လဲ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူက နှင်းဧကရီဆီကိုလှည့်ပြီပြောလိုက်တယ်။

” နှင်းသခင်က အခုအချိန်ကနေစပြီ ကိစ္စတွေကိုငါသေချာစဥ်းစားပြီးပြီ ဒီအခြေအနေအထိရောက်လာပြီဆိုမှတော့ ငါတို့အားလုံးအသက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုပဲကျန်တော့တယ်…ဒါပေမယ့် ဒီကိစ္စမှာမင်းအများကြီးခံရလိမ့်မယ် ”

နှင်းဧကရီက တစ်ချက်လေးတောင်မတွေဝေပဲ ပြန်ဖြေလာခဲ့ပါတယ်။

” ပြောသာပြောလိုက်ပါ ဘယ်လိုနည်းလမ်းပဲဖြစ်ပါစေ ရေခဲနဲ့ ကောင်းကင်အိပ်မက်ကိုကယ်တင်နိုင်သရွေ့ ငါလိုလိုလားလားလုပ်မယ်…ဒါပေမယ့် ဘယ်လိုအစီအစဥ်ရှိလဲဆိုတာတော့ ငါသိဖို့လိုတယ် ”

” သေချာပေါက် ပြောပြရမှာပေါ့ ဒီမင်းပိုင်ဆိုင်တဲ့နှင်းပုလဲက မူလစွမ်းအားတွေရရှိတဲ့အရင်းအမြစ်ပဲ မင်းကလက်ရှိအချိန်မှာ စွမ်းအားတွေကိုသေးအောင်လုပ်ထားပေမဲ့လဲ စွမ်းအားကအခုတော့ဆက်တိုက်ကြီးမားလာနေပြီ ဒါ့အပြင် သူ့ရဲ့အင်အားကိုအနီးစပ်ဆုံးသိတဲ့သူကမင်းပဲ လက်ရှိအခြေအနေမှာ ဒီနှင်းပုလဲကိုယွိဟောင်ရဲ့ခန္ဓာကိုယ်အပြင်ဘက်ဆီဆွဲထုတ်ပေးဖို့အတွက် မင်းရဲ့အကူအညီကိုလိုအပ်တယ်…ငါလဲတခြားနည်းလမ်းတွေကို မစဥ်းစားတတ်တော့ဘူး ”

နှင်းဧကရီက မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းတန်းတွေတောက်ပလာပြီတဲ့နောက် ​သူခေါင်းညိတ်လိုက်ပါတယ်။

” နားလည်ပြီ ဒီနှင်းပုလဲကိုဆွဲထုတ်ပေးပြီတဲ့နောက် ကျေးဇူးပြုပြီး ကူညီပေးပါ ဒီနှင်းပုလဲကိုဟိုမိုးကောင်းကင်အထိရောက်အောင် ပြစ်ပေးဖို့လိုလိမ့်မယ်…ပေါက်ကွဲမှုကြီးဖြစ်မလာခင်အနည်းဆုံးမိုးကောင်းကင်အထက်မီတာသုံးထောင်အထိကိုရောက်နေမှရမှာ ဒါမှသာအားလုံးကိုမထိခိုက်စေပဲ ချောချောမွေ့မွေ့ပြီးဆုံးသွားလိမ့်မယ်…စတင်ကြပါ ”

” မဟုတ်ဘူး မင်းအထင်လွဲနေပြီ ငါမင်းကိုစတေးပြစ်မှာမဟုတ်ဘူး…ပထမဆုံးနှင်းပုလဲကိုထုတ်တာကအရေးကြီးဆုံးအချက်ပဲ အဲ့ဒီနောက် ကောင်းကင်အိပ်မက်ရယ် နှင်းဧကရီရယ် ရေခဲဧကရီတို့ကိုပေါင်းစည်းပြီတဲ့နောက် ဒီနှင်းပုလဲနဲ့ပြန်လည်ပေါင်းစည်းဖို့အတွက်လုပ်ဆောင်ရမယ် ”

” ဒီလောက်အထိကြမ်းတမ်းနေတဲ့ နှင်းပုလဲကိုဘယ်လိုပေါင်းစည်းမှာလဲ ဖြစ်ကောဖြစ်နိုင်မှာလား အကယ်၍ အားလုံးကိုသတ်မိမယ်ဆိုရင်ကော ဘယ်လိုဖြစ်သွားမလဲ ဒီလိုတော့မလုပ်နိုင်ဘူး..အားလုံးကိုဆွဲခေါ်သွားမဲ့အစားငါတစ်ယောက်ထဲပဲအသေခံလိုက်မယ်…ငါက ဒီပြဿနာတွေကိုဖြစ်စေတဲ့သူ ရလာမဲ့နောက်ဆက်တွဲဆိုးကျိုးတွေအားလုံးကို ငါပဲကိုင်တွယ်ပါရစေ ”

နှင်းဧကရီက ဆုံးဖြတ်ချက်အခိုင်အမာနဲ့ပြောလာခဲ့ပါတယ်။

ရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာ ထိပ်ဆုံးသုံးယောက်ဖြစ်တဲ့ သူမက သူမရဲ့အပေါင်းအဖော်တွေကိုဒီလိုအကြပ်အတည်စိုက်နေတဲ့အခြေအနေမျိုးမှာဒုက္ခခံဖို့သူမရဲ့ဂုဏ်သိက္ခာကခွင့်ပြုမပေးပါဘူး။

အကြီးအကဲလျှပ်စီးဧကရာဇ်ကလဲ လေးလေးနက်နက်ပြောလာခဲ့တယ်။

” မဟုတ်ဘူးငါတို့လုပ်ကိုလုပ်မှရမယ်..အောင်မြင်ဖို့အတွက် ငါတို့ရှစ်ဆယ်ရာခိုင်နှုန်းအထိရှိတယ် ..ကျန်ရစ်တဲ့နှစ်ဆယ်ရာခိုင်နှုန်းက ဆုံးရှုံးနိုင်ချေမဟုတ်ဘူး…ဒါပေမယ့် ”

သူတခဏတာရပ်တန့်သွားတဲ့အတွက် နှင်းဧကရီက အလောတကြီးနဲ့မေးလာခဲ့ပါတယ်။

” ဒီလိုအချိန်မျိုးမှာတောင်မှ ထူးထူးဆန်းဆန်းတွေပြောနေပြန်ပြီလား မြန်မြန်ပြောဒါပေမယ့်ဘာဖြစ်လဲ ”

အပိုင်း ၁၉၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset