အပိုင်း ၁၉၄•၃
” ကျောက်စိမ်းအဆီအနှစ်အိပ်ရာ ”
°°°
” မဖြစ်ဘူး ”
အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အသံကလဲ တစ်ပြိုင်နက်ထဲထွက်ပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိနေခဲ့တဲ့ အင်အားကြီးဖြစ်တည်မှုတွေအားလုံးက လက်ရှိအချိန်မှာနိုးထလာခဲ့ပါပြီ။ လူတိုင်းကလဲကြောက်လန့်နေပါတော့တယ်။
” အားလုံးမလန့်ကြနဲ့ ဖြေရှင်းနည်းတစ်ခုကိုစဥ်းစားရအောင် ”
ဟို့ယွိဟောင်က အသက်ပြင်းပြင်းရှုသွင်းရင်နဲ့ ပြောလာခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာသူက အတည်ငြိမ်ဆုံးသူပါ။ ဘာတွေဖြစ်နေလဲသူမသိပေမဲ့ သူ့ရဲ့ ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီးခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကြောက်စရာ၀ိညာဥ်စွမ်းအားတွေကို စတင်ပြီထိန်းချုပ်ရပါတော့တယ်။ အရမ်းကိုအားကောင်းလွန်တဲ့ဆွဲငင်အားကို ဘယ်လိုမျိုးခုခံရမလဲဆိုတာမသိသေးပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ကြောက်စရာကောင်းလောက်အောင်စုပ်ယူနေတာကို နှောင့်နှေးအောင်လုပ်ဖို့လိုပါတယ်။
ရေခဲဧကရီက ဟို့ယွိဟောင်ရဲ့သတိပေးစကားကိုကြားချိန်မှာ အကောင်းဆုံးကြိုးစားရင်းနဲ့ ချိတ်ပိတ်စည်းတွေကို စတင်ပြီပိတ်ဆို့ပါတော့တယ်။
ဒါပေမယ့် ဆွဲငင်အားကအရမ်းကိုကြီးလွန်တာကြောင့် ရေခဲဧကရီရဲ့ကြိုးစားမှုတွေက အသုံးမ၀င်ခဲ့ပါဘူး။ သူမလဲ လက်ရှိအချိန်စုပ်ယူတဲ့အရှိန်နှုန်းကို နှေးကွေးအောင်လုပ်နေခဲ့ပေမဲ့ သူ့ရဲ့ချိတ်ပိတ်စည်းကိုပိတ်ဖို့အတွက် နည်းလမ်းမရှိခဲ့ပါဘူး။
မိုးကောင်းကင်နဲ့မြေကမ္ဘာရဲ့ကျယ်ပြန့်တဲ့စွမ်းအားတွေက လက်ရှိအချိန်မှာ အောက်ဖက်ရေခဲအိပ်ရာဆီကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ဆက်တိုက်ဆိုသလို ဆွဲယူခံနေရပါတယ်။ ဒါ့အပြင် ရွှေရောင်ပုလဲလုံးလေးကလဲ ကြောက်စရာကောင်းအောင်လှည့်ပတ်နေတဲ့ ဟို့ယွိဟောင်တောင်မှဆက်ပြီတောင့်မခံနိုင်တော့ပါဘူး။ သူ့ရဲ့အဓိကခန္ဓာကိုယ်အလယ်ဗဟိုချက် ရောင်ရမ်းလာတာကိုမြင်တွေ့နေခဲ့ရသလို ကျယ်ပြန့်တဲ့စွမ်းအားတွေအားလုံးကလဲ လက်ရှိအချိန်မှာ ခန္ဓာကိုယ်ထဲဆွဲယူခံခဲ့ရပြီ ပိုမိုကြီးမားလို့လာခဲ့ပါပြီ။
အကြီးအကဲလျှပ်စီးဧကရာဇ်က တခဏတာတိတ်ဆိတ်နေပြီတဲ့နောက် ပြောလာခဲ့တယ်။
” ငါနားလည်သွားပြီ နှင်းဧကရီ ငါမင်းကိုကူညီပြီထိန်းချုပ်ပေးပါရစေ ချိတ်ပိတ်ထားတဲ့မူလစွမ်းအားတွေက မိုးကောင်းကင်နဲ့မြေကမ္ဘာရဲ့မူလစွမ်းအားတွေကြောင့် လောင်မြိုက်သွားပြီနဲ့တူတယ်…ငါတို့တကယ်ပြဿနာကြီးတက်ပြီ ”
” ဘာကိုလောင်မြိုက်စေတာလဲ ”
နှင်းဧကရီက အခုအထိနားမလည်သေးပါဘူး။သူက ရွှေရောင်ပုလဲရဲ့ပိုင်ရှင်ဖြစ်ပေမဲ့ ဘာတွေဖြစ်နေလဲဆိုတာမစဥ်းစားတတ်ပဲရှိနေခဲ့တယ်။
” ဒီလောကကြီးထဲမှာမင်းနဲ့ ရေခဲဧကရီနှစ်ယောက်စလုံးက အင်အားအကြီးဆုံးပဲ ရေခဲအမျိုးအစား၀ိညာဥ်သားရဲကောင်တွေမလား ဒါ့အပြင် မင်းတို့ရဲ့စွမ်းအားက ထိပ်တန်းအဆင့်အအေးဓာတ်နဲ့အရမ်းကိုနီးစပ်မှုရှိတယ်…ဒီအအေးဓာတ်သာထိပ်တန်အဆင့်ကိုကျော်လွန်သွားပြီ အရည်အသွေးပြောင်းလဲမှုက ဖြစ်ပေလာလိမ့်မယ်..အဆုံးစွန်းရေခဲက အဆုံးစွန်းမီးအဖြစ်ကိုပြောင်းလဲသွားသလိုပဲ အအေးဆုံးအဆုံးစွန်းရောက်တဲ့အအေးဓာတ်က ကြောက်စရာကောင်းလွန်လှအောင် ပူပြင်းတဲ့စွမ်းအားအဖြစ်ကို ပြောင်းလဲသွားမှာ ”
” ဘယ်လိုဖြစ်ရမှာလဲ ဒါမျိုးကိုဘယ်တုန်းကမှမခံစားမိဖူးဘူး ”
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ နှင်းဧကရီက မယုံနိုင်မှုအပြည့်ဖြစ်နေခဲ့ပါတယ်။
ရေခဲဧကရီကတော့ အပြည့်အ၀အာရုံစိုက်ရင်းနဲ့ ချိတ်ပိတ်စည်းတွေကို ထိန်းချုပ်နေဆဲပါ။ သူစကား၀င်မပြောနိုင်ပါဘူး။ ဒါပေမယ့် အကြီးအကဲလျှပ်စီးဧကရာဇ်ကိုမယုံကြည်နိုင်လောက်တဲ့မျက်နှာထားနဲ့သာကြည့်နေခဲ့ပါတယ်။
” မင်းဘယ်တုန်းကမှမခံစားခဲ့ဖူးတဲ့အတွက် ဒါမတည်ရှိဖူးလို့မဆိုလိုဘူး မင်းရဲ့ကျင့်ကြံဆင့်က နှိမ့်လွန်နေတဲ့အတွက်သာမသိတာပဲ အဆုံးစွန်းအမျိုးအစားတွေရဲ့အသွင်ပြောင်းမှုကို နားလည်သဘောပေါက်နိုင်ဖို့ဆိုရင် တစ်စုံတစ်ရာကိုကန့်သတ်ချက်ကုန်သွားအောင်လုပ်ဖို့လိုအပ်တယ်…ဒါ့အပြင် နတ်ဘုရားအသိဉာဏ်နဲ့လုပ်ရမယ်…ငါတစ်ချိန်တုန်းက အဲ့ဒီစွမ်းအားရဲ့အစိတ်အပိုင်းတစ်ခုကိုပိုင်ဆိုင်ဖူးတယ်…ဒါပေမယ့် ငါကအဆုံးစွန်းအလင်းကနေပြီတော့ အဆုံးစွန်းအမှောင်ထုဆီကိုပြောင်းလဲပြစ်ခဲ့တာ ဒါကြောင့်သာ အောက်လမ်းပညာရဲ့နတ်ဘုရားဥပဒေသားဆိုတာ ဖြစ်ပေါ်လာတာပဲ ”
” ဒါဆိုငါတို့တွေဘာလုပ်ကြမလဲ ”
နှင်းဧကရီက အရမ်းကိုအလောတကြီးနဲ့မေးလာခဲ့ပါတယ်။
” ငါရဲ့အသိစိတ်ကလက်ရှိအချိန်မှာ မူလစွမ်းအားတွေနဲ့အတူ ဒီနှင်းပုလဲထဲမှာပေါင်းစည်းပြီချိတ်ပိတ်ခံထားရတယ်…အထဲမှာဖြစ်ပေါ်နေတဲ့ စွမ်းအားပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ဖို့နည်းလမ်းမရှိဘူး…အကယ်၍ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အရမ်းအရွယ်အစားကြီးလာပြီ သူ့ဘာသာသူဖျက်ဆီးသွားလိမ့်မယ်…ဒီအချိန်မှာ ငါတို့တင်မကဘူး ဒီပတ်ပတ်လည်မှာရှိတဲ့ တောင်ကျောတစ်လျှောက်လုံးဒီကြောက်စရာစွမ်းအားကို လုံး၀ပြာမှုန်ပါမကျန်တဲ့အထိ ပျက်စီးပြီပျောက်ကွယ်သွားလိမ့်မယ် ”
အကြီးအကဲလျှပ်စီးဧကရာဇ်က ခါးသီးမှုအပြည့်နဲ့ရယ်မောရင် ပြောလာခဲ့ပါတယ်။
” ဘာဖြစ်နေတာငါသိပေမဲ့ ငါတစ်ယောက်ထဲလုပ်လို့ရတဲ့ကိစ္စဘာမှမရှိဘူး…မင်းရဲ့စွမ်းအားကဒီလောကမှာအတော်လေးကို အင်အားကြီးတယ်လို့ပြောလို့ရနေပြီ ဒီစွမ်းအားကလက်ရှိအချိန်မှာ အသွင်ပြောင်းမှုဖြစ်နေတယ်…ဒါ့အပြင် အမြင့်ဆုံးဖြစ်နိုင်တဲ့အထိကို ဖိနှိမ့်ခံထားရတာ ဒီတော့အဆုံးစွန်းနှစ်ဖက်ကို သေချာပေါက် ပြောင်းလဲနိုင်တဲ့အနေအထားကိုရောက်ရှိနေတာပဲ မင်းရဲ့ပြန်လည်၀င်စားမှုကမအောင်မြင်တဲ့အတွက်သာ မင်းရဲ့ခန္ဓာကိုယ်ကပျက်စီးသွားခဲ့တာ ဒါကြောင့်စွမ်းအားတွေကိုမင်းကိုယ်တိုင်လဲ မထိန်းချုပ်နိုင်ဘူး…ငါထူးခြားတဲ့ကျိန်စာတစ်ခုကို အသုံးပြုပြီးယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားကို ငါရယ်မင်းရယ်ဒီအင်အားတွေကိုချိတ်ပိတ်ပေးထားတယ်…ယွိဟောင်သာ ဒီ၀ိညာဥ်စွမ်းအားတွေကိုတစ်နေ့မှာထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မင်းရဲ့ကျယ်ပြန့်စွမ်းအားတွေကို အဲ့ဒီချိတ်ပိတ်စည်းကနေတစ်ဆင့် ဖြည်းဖြည်းချင်းစုပ်ယူနိုင်လိမ့်မယ်…ဘယ်လိုပဲဖြစ်ဖြစ် စွမ်းအားစိမ့်ထွက်မှာဆိုပေမဲ့ အနည်းဆုံးတော့ပေါက်ကွဲတဲ့အခြေအနေအထိဖြစ်မှာမဟုတ်ဘူး ”
” ငါကိုယ်တိုင်တောင် ဒီလိုအခြေအနေမျိုးကို မခန့်မှန်းနိုင်ခဲ့တာ ဒီလိုလောကကြီးမှာ မင်းနဲ့တူညီတဲ့မူလစွမ်းအားအရင်းအမြစ်ရှိနေမဲ့ တစ်စုံတစ်ခုထပ်ရှိနေမှာကိုဘယ်လိုလုပ်တွေးထားမှာလဲ မိုးကောင်းကင်နဲ့ မြေကမ္ဘာရဲ့စွမ်းအားတွေက မင်းနဲ့အရမ်းကိုတူညီလွန်တယ်..ဒါ့အပြင် အရမ်းကိုသိပ့်သည်းနေပြီ ချိတ်ပိတ်ထားတဲ့စွမ်းအားတွေက မင်းရဲ့စိတ်ကိုယ်တောင်မတည်မငြိမ်ဖြစ်စေတယ်…ဒါကြောင့်သာ အပြင်လောကရဲ့၀ိညာဥ်စွမ်းအားတွေကို လှုံ့ဆော်ပေးလိုက်တာပဲ ဒီလိုအခြေအနေမျိုးမှာပြင်းပြင်းထန်ထန်တုန့်ပြန်နေတာကြောင့် ဒီလိုမျိုးအဆုံးစွန်းနှစ်ဖက်ဖြစ်လာခဲ့တာ အချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့ဗုံးတစ်လုံးနဲ့လဲ တူနေပြီဒါ့အပြင် ပိုပိုပြီးတော့ဖောင်းကြွလာတာကြောင့် ဒီအဆုံးစွန်းစွမ်းအားတွေက မကြာခင်မှာသူ့ရဲ့ဆန့်ကျင်ဖက်အဖြစ်ကိုပြောင်းလဲသွားလိမ့်မယ်…ဒီစွမ်းအားကလဲပိုကြီးမားလာလိမ့်မယ်…ဒီပေါက်ကွဲမှုစွမ်းအားက နတ်ဘုရားတစ်ပါးရဲ့ကြောက်စရာစွမ်းအားနဲ့တောင်တူညီနေတာပဲ မင်းရောငါရောအကုန်လုံးပါ ပြဿနာတက်တော့မယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ အရမ်းကိိုစိတ်ညစ်နေပါပြီ။ ဒါ့အပြင် သူစိုးရိမ်ပူပန်းနေခဲ့တယ် သူခေါင်းကိုရူးမတတ်သုံးပြီ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းဖို့ကြိုးစားနေရင်း ဒီမှောင်မိုက်နေတဲ့လှိုင်ခေါင်းကြီးက အလင်းတန်းကိုမြင်လိုက်ရပါပြီ။ ဒီလိုရုတ်တရက်ရောက်ရှိလာခဲ့မှုကြောင့် ပိုးကောင်ကြီးလဲ ၀င်ပြီပြောရပါတော့တယ်။
” အကြီးအကဲယိပြောမနေနဲ့တော့ ဖြေရှင်းချက်ကိုစဥ်းစားဖြေရှင်းချက်ရှိရမယ်…ဟုတ်တယ်ဟုတ် ”
အကြီးအကဲလျှပ်စီးဧကရာဇ်ကတော့ ခေါင်းခါနေခဲ့ပါတယ်။
” အကယ်၍ ငါသာဖြေရှင်းနိုင်မယ်ဆိုရင် ဒီအတိုင်းထိုင်စောင့်နေမယ်ထင်လား ငါတို့အားလုံးက တစ်လှေထဲစီးတစ်ခရီးထဲသွားဖြစ်နေတာ တစ်ယောက်ထဲပဲနတ်ဘုရားအသိဉာဏ်ရှိတော့တယ်ဆိုပေမဲ့ ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားအကူအညီတချို့နဲ့သာမှတ်ဉာဏ်တချို့ရှိလာခဲ့တာ အကယ်၍ ငါသာအသက်ရှင်နိုင်မယ်ဆိုရင် ဘယ်လိုလုပ်သေချင်မှာလဲ ဒါပေမယ့် ဒီဗုံးကြီးကငါထိန်းချုပ်လို့မရတဲ့ အဆုံးစွန်းရောက်ပြောင်းလဲမှုတစ်ခုဖြစ်နေတယ်…မင်းတို့တွေလဲမပြောင်းလဲနိုင်ဘူး…ငါမှာလဲဖြေရှင်းစရာနည်းလမ်းမရှိတော့ဘူး..သေဖို့ကိုထိုင်စောင့်ဖို့ပဲရှိတော့တယ် ”
ဒါပေမယ့် နှင်းဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ရဲ့အရှိန်အ၀ါတွေကအကြီးအကဲလျှပ်စီးဧကရာဇ်ဒါကိုပြောချိန်မှာ ပြောင်းလဲလို့သွားပါတော့တယ်။ ရေခဲဧကရီကတော့ လက်ရှိအချိန်မှာ စွမ်းအားကိုအကောင်းဆုံးထိန်းချုပ်နေပေမဲ့လဲ သူတစ်ချက်တုန်ရီသွားခဲ့တဲ့အတွက် ဒီကျယ်ပြန့်တဲ့စွမ်းအားတွေကိုထိန်းချုပ်ဖို့အတွက်လွှတ်သွားခဲ့တယ်။
” တောင်းပန်ပါတယ်..နှင်းဧကရီ ”
ရေခဲဧကရီက ပြောလာခဲ့တယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့ မျက်လုံးကျိန်မတတ်တောက်ပနေတဲ့အလင်းတန်းက မကြာခင်မှာမီးတောက်တွေအဖြစ်ကိုပြောင်းလဲတော့မယ်ဆိုတာ သူသိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီချိတ်ပိတ်စည်းထဲကနေ စိမ့်ထွက်လာကာတခဏတာသာတောင့်ခံထားနိုင်ပေမဲ့ မကြာခင်အချိန်အတွင်းမှာ ထိန်းချုပ်မှုလွှတ်တော့မယ်ဆိုတာသူနားလည်နေခဲ့တယ်။ ဟို့ယွိဟောင်လဲ ဒီနှင်းပုလဲရဲ့လှည့်ပတ်မှုအနည်းငယ်နှေးကွေးသွားတာကို ခံစားမိပါတယ်။
နှင်းဧကရီကလဲ သူ့အသိဉာဏ်အတိုင်းကျန်ရစ်တော့တာပါ။ သူလက်ရှိအချိန်မှာ လုပ်နိုင်တာသိပ်များများစားစားမရှိတော့ပါဘူး။ ဒါကြောင့်သာ သူကြောက်လန့်တကြားနဲ့ပြောလာခဲ့တယ်။
” ဘာကြောင့်များဒီလိုလုပ်နေရတာလဲ ကိုယ်ရဲ့ကိုယ်ပိုင်မူလစွမ်းအားတွေကိုလောင်မြိုက်အောင်လုပ်မယ်ဆိုရင် ငါဒါတွေအားလုံးကိုမတားဆီးနိုင်ဘူးလေ ကံကြမ္မာမျက်လုံးကငါတို့ကိုဆော့ကစားနေပြီ ငါတို့ဒီနေရာမှာအတူတူသေဆုံးဖို့ ကံကြမ္မာဖန်လာတာပဲ ”
ဒီကပ်ဆိုးကြီးကဆိုက်စောင့်လာတာ အရမ်းကိုရုတ်တရက်ဆန်လွန်ပါတယ်။ ဘယ်သူမှလဲခန့်မှန်းနိုင်တဲ့အရာမဟုတ်ပါဘူး။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်က ရုတ်တရက်ဆိုသလိုကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်လို့သွားပါတော့တယ်။ စွမ်းအားဗဟိုချက်မှာရှိနေခဲ့တဲ့နှင်းပုလဲက မြန်မြန်ဆန်ဆန်ကြီးမားလာနေခဲ့ပြီ အချိန်မရွေးပေါက်ကွဲသွားနိုင်မဲ့ပုံစံပေါက်နေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ပြူးကျယ်လာခဲ့ပြီ သူစိတ်၀ိညာဥ်ပင်လယ်ထဲမှာအော်ဟစ်နေခဲ့ပါတယ်။
” ငါရဲ့ကံကြမ္မာကငါနဲ့ပဲသက်ဆိုင်တယ်…မိုးကောင်းကင်နဲ့မသက်ဆိုင်ဘူး…ငါတို့လက်လျှော့လို့မဖြစ်ဘူး…အကြီးအကဲယိ နှင်းဧကရီ ရေခဲဧကရီ ကောင်းကင်အိပ်မက် ဒီလောကကြီးမှာမဖြစ်နိုင်ဘူးလို့ယုံကြည်တယ်…အကယ်၍ ကျွန်တော်တို့မှာ အခွင့်အရေးက ချည်မျှင်တစ်မျှင်စာလောက်ပဲရှိမယ်ဆိုရင်တောင် လက်မလျှော့သင့်ဘူး…ကျွန်တော်တို့လုပ်စရာရှိတဲ့ကိစ္စတွေအများကြီးကျန်နေသေးတယ်…ဒါ့အပြင် ကျွန်တော်တို့အသက်ရှင်နေမှသာ ဒါတွေကိုဆက်ပြီအကောင်အထည်ဖော်နိုင်မှာ အားလုံးကိုကျွန်တော်တောင်းပန်ပါတယ်…ဒီလိုမျိုးကပ်ဆိုးဆိုက်ရောက်နေတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ဒီအတိုင်းထိုင်စောင့်မနေသင့်ဘူး…ကျွန်တော်တို့လုပ်သမျှအရာအားလုံးက အသုံးမ၀င်ဘူးဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့အသက်အတွက်အားလုံးကို တိုက်ခိုက်ရမယ်…လာပါစွမ်းအားတွေအားလုံးကိုထုတ်လွှတ်လိုက် ကျွန်တော်တို့သေမယ်ဆိုရင်တောင်မှ ဂုဏ်ကျက်သရေရှိပြီ လှပတဲ့သေဆုံးမှုတစ်ခုကိုပဲဖန်တီးမယ်…ကျွန်တော်တို့အားလုံးရဲ့ပေါင်းစည်းတဲ့စွမ်းအားနဲ့ဆိုရင် ဒီနှင်းပုလဲကိုမဖိနှိမ့်နိုင်ဘူးလို့ ကျွန်တော်မယုံဘူး ”
ဟို့ယွိဟောင်ရဲ့အသံက ရှိသမျှစိတ်၀ိညာဥ်စွမ်းအားတွေအကုန်လုံးကို ပြန်လည်စုစည်းလို့သွားစေခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ပထမဆုံးစပြီသဘောတူခဲ့တယ်။
” ဟုတ်တယ်ငါတို့ဒီအတိုင်းဆက်စောင့်နေလို့မဖြစ်ဘူး…ငါတို့ရဲ့ကံကြမ္မာကငါတို့လက်ထဲမှာပဲရှိတယ်…မိုးကောင်းကင်ကိုဆုံးဖြတ်စေလို့မရဘူး…အဆုံးအထိတိုက်ခိုက်မယ် အကြီးအကဲယိ ခင်ဗျာကကျွန်တော်တို့အားလုံးထဲမှာအဆင့်မြင့်ဆုံးပဲ ငါရဲ့စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကိုမင်းထိန်းချုပ်ဖို့အတွက် ငါထုတ်ပေးမယ်…အကယ်၍ မဖြစ်နိုင်ဘူးဆိုရင်တောင် ငါရဲ့အသိစိတ်ကိုဖျက်ဆီးပြစ်လိုက်ပြီ စွမ်းအားကိုပိုရအောင်လုပ်လိုက် ဒါဆိုရင်ရေခဲဧကရီရှင်သန်နိုင်မယ်လို့မျှော်လင့်ပါတယ်…ငါလိုချင်တဲ့တစ်ခုတည်သောကိစ္စက မင်းကူညီဖို့ပါပဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသားပြည့်ပြည့်နဲ့ခန္ဓာကိုယ်လုံးလုံးကြီးက ပြင်းပြင်းထန်ထန်တုန်ခါလို့လာခဲ့ပြီ သူ့ခန္ဓာကိုယ်ကလဲ ကြီးမားလို့လာခဲ့ပါတော့တယ်။ သူကဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ လွှင့်မျောနေတဲ့ရေစီးကြောင်းကြီးပုံစံပြောင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပတ်လည်မှာရှိနေခဲ့တဲ့ ရွှေရောင်စက်၀ိုင်းတွေကလဲ လက်ရှိအချိန်မှာအပြင်ကိုဆန့်ထွက်လာခဲ့ပါပြီ။ ကြောက်စရာကောင်းလောက်အောင် များပြားတဲ့စိတ်၀ိညာဥ်လှိုင်းတွေကဟို့ယွိဟောင်ရဲ့ပင်လယ်ထဲမှာလှည့်ပတ်ပါတော့တယ်။
ရေခဲဧကရီကတော့ သူမရဲ့မူလစွမ်းအားတွေကိုအခုအထိလောင်မြိုက်အောင်လုပ်နေဆဲပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို သူမရဲ့ကြည်လက်တောက်ပနေတဲ့မျက်လုံး၀ါ၀ါတွေနဲ့ကြည့်လိုက်ရင်း ပြောလာခဲ့တယ်။
” ကောင်းကင်အိပ်မက် နင် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ မျက်လုံးထဲမှာလူသားအသွင်တစ်ခုကရုတ်တရက်ပေါ်လာခဲ့ပါတယ်။ သူကတော့ညင်ညင်သာသာနဲ့သာပြောနေခဲ့တယ်။
” ရေခဲဧကရီထပ်ပြီမပြောနဲ့တော့ ငါရှင်သန်လာတာနှစ်ပေါင်းတစ်သန်းကျော်သွားခဲ့ပြီ ဒါပေမယ့် ဒီလောကကြီးထဲမှာ ငါချန်ရစ်ထားစေချင်တဲ့ အမှတ်ရတစ်ခုပဲရှိတယ်…အဲ့ဒါကမင်းပဲ ဒီနှစ်တွေထဲမှာငါကြယ်တာရာသစ်တောထဲမှာဆက်တိုက်ငါနှိပ့်စက်ခံခဲ့ရတယ်…သူတို့နဲ့အတူတူ ငါသေပြစ်လိုက်ဖို့တွေးတဲ့အချိန်မနည်းဘူး…ငါရဲ့စိတ်၀ိညာဥ်မူလစွမ်းအားနဲ့သာဆိုရင် သူတို့ကိုမသတ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့သူတို့ရဲ့ကျင့်ကြံဆင့်ကို နှိမ့်ပါးသွားအောင်လုပ်လို့ရတယ်…ဒါပေမယ့် မင်းအကြောင်းကိုတွေးလိုက်ချိန်မှာ ငါဒီအတိုင်းကြီးသေမသွားချင်ခဲ့ဘူး…မင်းကအမြဲတမ်းငါနှလုံးသားထဲမှာဒီလိုမျိုးနေရာယူထားခဲ့တာ ”
” ငါတို့ကမျိုးနွယ်မတူဘူး ဟုတ်တယ်…ဒါ့အပြင် ငါတို့မျိုးနွယ်တွေကလဲ သဘာ၀ရန်သူတော်တွေ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းနဲ့စတင်တွေ့ဆုံချိန်ကထဲကစလို့ မင်းရဲ့လှပတဲ့ပုံရိပ်အောက်မှာ အမြဲတမ်းငြို့ယူခံလိုက်ရတာ တခြားပိုးကောင်တွေထက် ငါရဲ့အသိဉာဏ်က နည်းနည်းလေးပိုမြင့်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..ဒါပေမယ့် အဲ့ဒီနေ့စပြီ ငါမင်းကိုမေ့မရခဲ့ဘူး..နောက်ဆုံးတော့ ငါတို့တွေတူတူနေထိုင်နိုင်ခဲ့ကြပြီ မင်းငါ့ကိုလက်မခံဘူးဆိုရင်တောင် နေ့စဥ်နေ့တိုင်းမင်းရဲ့အငွေ့အသက်ကို ငါဘေးနားမှာခံစားပြီနီးကပ်နေရတယ်ဆိုတာ ငါဘ၀ရဲ့အကြီးမားဆုံးကံကောင်းမှုကြီးပဲ မြောက်၀င်ရိုးစွန်းမှာမင်းကိုယွိဟောင်နဲ့ အတူတူပြန်ခေါ်လာပြီချိန်ကထဲကစလို့ ငါအမြဲတမ်းပျော်ရွှင်ခဲ့ရတယ်…ငါသက်တမ်းရဲ့ကုန်လွန်ပြီဆုံးခဲ့တဲ့ နှစ်တစ်သန်းကာလပတ်လုံးမှာတောင် ဒီလောက်အထိတစ်ခါမှ မပျော်ရွှင်ခဲ့ဖူးဘူး ဒီလိုပျော်ရွှင်ရတဲ့အကြောင်းအရင်းကလဲ မင်းငါဘေးနားမှာရှိလို့ပဲ ”
” မင်းနှင်းဧကရီကို သဘောကျတယ်ဆိုတာငါသိတယ်…မင်းတို့ရဲ့အမျိုးအစားကအတူတူပေမဲ့ မင်းရဲ့ချစ်ခြင်းမေတ္တာတွေက သူ့ကိုပေးပြီသားဖြစ်နေခဲ့ပြီ ဒါပေမယ့် ငါဂရုမစိုက်ဘူး…နေ့စဥ်နေ့တိုင်းမင်းတည်ရှိနေတာကို ငါခံစားရရုံနဲ့တင် ငါအတွက်ကလုံလောက်နေပြီ ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာငါမင်းကိုမုန်းတီးမယ်ဆိုရင်တောင် ငါတို့တွေကခွဲခွာမရအောင်ပူးတွဲတည်ရှိနေတယ်လေ ”
” ဒီကိစ္စက ငါမင်းကိုပြောနိုင်တဲ့နောက်ဆုံးအကြိမ်လဲဖြစ်နိုင်တယ်..ငါတို့တွေမအောင်မြင်တာလဲဖြစ်နိုင်တယ်…ဒါပေမယ့် နောက်ဆုံးကျန်ရစ်တဲ့ငါရဲ့စွမ်းအားနဲ့အသိစိတ်ကိုမင်းဆီပေးအပ်ရမယ်ဆိုရင်ငါပိုပြီးပျော်ရွှင်မိမှာ ရေခဲဧကရီငါဒီစကားကိုပြောမယ်ဆိုရင် ကျေးဇူးပြုပြီး ငါကိုမဆူပူပါနဲ့လား ”
” ငါမင်းကိုအများကြီးချစ်တယ် ”
အပိုင်း ၁၉၄•၃ ပြီး၏။