အပိုင်း ၁၉၄•၁
” ကျောက်စိမ်းအဆီအနှစ်အိပ်ရာ ”
°°°
” ဟုတ်ကဲ့ပါ ”
ထူးဆန်းကောင်းကင်နည်းလမ်းကို လှည့်ပတ်နေရင်းနဲ့ ဒီသန့်စင်ပြီအေးစက်လွန်တဲ့စွမ်းအားတွေကို ခန္ဓာကိုယ်ထဲအကောင်းဆုံးစုပ်ယူဖို့ကြိုးစားရင် ဟို့ယွိဟောင် အနည်းငယ်ထိတ်လန့်လာမိပါတယ်။
ပါးလွှာတဲ့အအေးဓာတ်တွေက ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားနဲ့အတူပေါင်းစည်းနေခဲ့ပါပြီ။ ရေခဲဧကရီသိုင်းပညာ၀ိညာဥ်က နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခဲ့ပြီတဲ့နောက် ခြေထောက်အောက်ဖက်မှာအနီရင့်ရောင်နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းက ရွှေရောင်အစင်ကြားလေးခုနဲ့အတူ ထပ်မံပေါ်ထွက်လာခဲ့ပါတော့တယ်။ အခုလက်ရှိအချိန်အခန်းတစ်ခုလုံးကတော့ ရွှေရောင်နဲ့ အနီရောင်ရောယှက်ပြီ တောက်ပလို့နေခဲ့ပါပြီ။
သူ့ရဲ့အောက်ဖက်ကနေ အပြာရောင်ဖျော့ဖျော့ရေခဲမြူခိုတွေတက်လာနေတာကို ဟို့ယွိဟောင်မြင်နေခဲ့ရပါတယ်။ ဒီရေခဲအိပ်ရာကလုံး၀ကို ကြည်လင်တောက်ပလို့နေခဲ့ပြီ အဖိုးတန်ကျောက်မျက်ရတနာတစ်ခုအတိုင်း ရောင်စဥ်တွေဖြာလို့နေခဲ့တယ်။ ဒါ့အပြင် အထဲမှာကျောက်အရည်တွေရှိနေတာကိုတောင်မြင်နေခဲ့ရပါတယ်။ ဒီကျောက်တုံးအိပ်ရာကြီးတစ်ခုလုံးက အရသာရှိတဲ့အစားအသောက်တစ်ခုလိုမျိုး တောက်ပနေခဲ့တာပါ။ ဒါကိုမြင်တဲ့ဘယ်သူမဆို အဲ့ဒီအိပ်ရာကြီးကို တစ်ကိုက်လောက်ကိုက်ချင်မိမှာအသေအချာပါပဲ။
ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေက ရေခဲစွမ်းအင်တွေကိုဆက်တိုက်ဆိုသလို လမ်းညွှန်ပေးနေခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို တစ်ချက်တုန်သွားခဲ့ရပါပြီ။ ချက်ချင်းသူထခုန်လိုက်ပြီတဲ့နောက် အ၀တ်အစားတွေနဲ့ ၀ိညာဥ်လက်နက်တွေအားလုံးကို ဘေးဖယ်လိုက်ရင်းအိပ်ရာပေါ်ကိုပြန်လာခဲ့တယ်။
ဒီအအေးဓာတ်စွမ်းအားတွေက မိုးကောင်းကင်နဲ့မြေကမ္ဘာရဲ့စွမ်းအားတွေလိုမျိုး အရမ်းကိုသန့်စင်နေတာ ဟို့ယွိဟောင်ဖြည်းဖြည်းချင်းနားလည်သဘောပေါက်လာရပါတော့တယ်။ သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ရေခဲဧကရီရဲ့စွမ်းအားတွေက ဖြည်းဖြည်းချင်းပိုမိုသန်မာလာခဲ့ပါပြီ။ အကယ်၍ ဒီအတိုင်းသာဆက်သွားနေခဲ့မယ်ဆိုရင် သူ့အ၀တ်အစားတွေကဖျက်ဆီးခံရတော့မှာပါ။ ဒါ့အပြင် သူ့ထုလုပ်ထားတဲ့၀ိညာဥ်လက်နက်တစ်ခုချင်းဆီတိုင်းကလဲ တန်ဖိုးကြီးပစ္စည်းတွေဖြစ်နေပေမဲ့ အအေးဒဏ်ကိုမခံနိုင်ကြပါဘူး။
ဒါကြောင့်သာ သူ့ရဲ့၀ိညာဥ်လက်နက်တွေအားလုံးကို ဘေးဖယ်လိုက်ရတာပါ။ အ၀တ်အစားတွေကိုချွတ်လိုက်ပြီချိန်မှာပဲ ရုတ်တရက်ဆိုသလို သူပါးစပ်ပြန်ပိတ်သွားရပါတော့တယ်။
ကျန်းဟုန်ချန်သူ့ကို စစ်ဆေးပြီချိန်ကထဲကစလို့ အဆင့်ကိုး၀ိညာဥ်လက်နက်ဖြစ်တဲ့ ဟုန်ချန်ကောင်းချီးမင်္ဂလာကို ဘယ်တော့မှကိုယ်နဲ့မကွာယူသွားတာမျိုး မလုပ်တော့ပါဘူး။ အကယ်၍ သူ့မှာအဲ့ဒီ၀ိညာဥ်လက်နက်သာဆောင်ထားခဲ့မယ်ဆိုရင် ကျောက်ယန်ကြောင့် ဒဏ်ရာမရနိုင်ဘူးလို့ သူချက်ချင်းသဘောပေါက်သွားမိပါတော့တယ်။
နေ့တိုင်းနေ့တိုင်းဘာမှမလုပ်ပဲ သုတေသနလုပ်နေတာက ငါရဲ့ဦးနှောက်ကို ထုံထိုင်သွားစေတာပဲ ၀မ်သုန့်ပြောတာမှန်တယ်။ ငါနားသင့်တဲ့အချိန် နားရမယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အပ်ချည်မျှင်တောင်မကျန်တော့ပါဘူး။ သူ့တစ်ကိုယ်လုံးက ပေါက်ကွဲတဲ့စွမ်းအားနဲ့ပြည့်နေခဲ့ပါပြီ။ ကြွက်သားတွေက အရမ်းကြီးကြီးမားတောင့်တင်းနေတာမရှိပေမဲ့ ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ကြွက်သားလှိုင်းတွေက အတော်ကိုချောမွေ့ပါတယ်။ ပုခုံးကျယ်ပြီရင်အုပ်က တောင့်တင်းတဲ့အပြင်သူ့ရဲ့အသားအရေက ကျောက်စိမ်းရောင်တွေတောင်ဖြာထွက်လို့နေခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာရှိသမျှစွမ်းအားတွေအားလုံးကို တစ်လက်မှမကျန်လမ်းညွှန်ပေးနေခဲ့တာပါ။ ကျယ်ပြန့်တဲ့အသက်စွမ်းအားတွေက အခုလက်ရှိအချိန်မှာ အပြည့်အ၀ကိုထုတ်ဖော်ခံနေခဲ့ရပါပြီ။
ကြီးမားတဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီးဆေးမင်ကြောင်းက သူ့ရဲ့နောက်ကျောဖက်မှာတလက်လက်တောက်ပလာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အရိုးတွေအားလုံးကလဲ မြစိမ်းပြာရောင်စတင်ပြီတောက်ပလာပြန်ပါပြီ။ သူ့ရဲ့ဘယ်ဘက်လက်မှာရှိနေတဲ့ ၀ိညာဥ်အရိုးကလဲ ရွှေနီရောင်အလင်းတန်းနဲ့ စတင်ပြီပေါင်းစည်းပါတော့တယ်။ အခန်းတစ်ခုလုံးကတော့ အရောင်စုံနဲ့ဖြာထွက်ပြီ တောက်ပလို့နေခဲ့ပါပြီ။
ကြီးမားတဲ့ကျောက်စိမ်းရေခဲဧကရီကင်းမြီးကောက်ဆေးမင်ကြောင်းကြီးက အခုလက်ရှိအချိန်မှာ အသက်၀င်လာပါတော့တယ်။ သူ့ရဲ့ ရွှေရောင်မျက်လုံးတွေက ပွင့်လာခဲ့ပြီ အမြီးကြီးကလဲစတင်လို့အရောင်ပြောင်းလာခဲ့တယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာစွမ်းအားတစ်ချက်လှုပ်ခတ်လိုက်တိုင်း ဒီအလင်းတန်းတွေကပိုပြီးအားကောင်းလာတာကိုမြင်ရမှာပါ။
အမှန်တကယ်ကတော့ ဒီလိုဆက်တိုက်လေ့ကျင့်ပြီတိုးတက်နေမှုတွေက ရွှေလိုအသက်ရဲ့အသက်စွမ်းအားနဲ့အတူတူ ပေါင်းစည်းနေခဲ့တာပါ။ အခုလက်ရှိအချိန်မှာ ရေခဲဧကရီရဲ့ချိတ်ပိတ်စည်းတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် သူ့စွမ်းအားတွေအများကြီးကို စုပ်ယူနိုင်ပါလိမ့်မယ်။ အရင်ကထဲကကျင့်ကြံထားတဲ့ သူ့ရဲ့ကျင့်ကြံမှုတွေကိုလဲ ပိုပြီးတော့မြင့်တင်ပေးနိုင်တော့မှာပါ။
အရင်ကထဲကဘာကြောင့် ဒီလိုမလုပ်ခဲ့ရလဲဆိုရင် ရေခဲဧကရီနဲ့ဆွေးနွေးပြီ သူ့ရဲ့အခြေခံခိုင်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာကို ဆုံးဖြတ်ချက်ချထားခဲ့တာကြောင့်ကိုယ်ပိုင်အစွမ်းအစတွေကို ဖုံးကွယ်ဖို့ရွေးချယ်ခဲ့ရတာပါပဲ။ ဟုတ်ပါတယ် ဖုံးကွယ်တာပါ။
နေလကျောင်းတော်မှာ ကျောင်းပြောင်းလာတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ အမြဲတမ်းစောင့်ကြည့်လေ့လာမှုတွေကို အမြဲတမ်းခံနေရပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့ဆရာတွေကလဲ သူ့ကိုအမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့ကျောင်းသားတစ်ယောက်အဖြစ်ပိုပြီးတော့အာရုံစိုက်ကြတယ်။ အကြီးမားဆုံးကိစ္စကတော့ နောက်ဆုံးတစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်ပြိုင်ပွဲမှာ သူ့ရဲ့လုပ်ဆောင်မှုတွေကအရမ်းကိုထူးခြားလွန်နေတာကြောင့်ပါပဲ။
ဒီလိုအခြေအနေမျိုးမှာ ဟို့ယွိဟောင်အနေနဲ့ သာမန်တဲ့စွမ်းအားတွေကို ထုတ်ဖော်ပြလိုက်မယ်ဆိုရင် ပိုမိုခံရပါလိမ့်မယ်။ ဒါ့အပြင် သူ့ကိုနိုင်ငံတော်ကနေ ကြိုးစားပြီဖျက်ဆီးဖို့အတွက် လုပ်နိုင်ချေတော့ရှိနိုင်သေးတယ်။ အဆုံးသတ်မှာတော့ သူကတခြားနိုင်ငံကလာတဲ့ရန်သူတစ်ယောက်ပါပဲ။
ဟို့ယွိဟောင်ပထမဆုံးရောက်လာချိန်တုန်းက သူ့ရဲ့ကျင့်ကြံဆင့်က ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိပါသေးတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားကလေးခုမြောက်ကိုရယူဖို့အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ သူက၀ိညာဥ်စက်ကွင်းသုံးကွင်းအဖြစ်နဲ့သာ ရောက်လာခဲ့တာပါ။ ဒါကိုစုံစမ်းပြီသိရှိနားလည်သွားခဲ့တဲ့ကျောင်းတော်ဖက်ကလဲ အတော်လေးစိတ်အေးလက်အေးဖြစ်သွားခဲ့ပါတယ်။ ကျန်းယန်တောင်ကြောမှာနောက်ထပ် လေးခုမြောက်၀ိညာဥ်စက်ကွင်းကို ရလာခဲ့ပေမဲ့လဲ ဘယ်သူကမှ သူ့ကိုသိပ်အာရုံမစိုက်ခဲ့ပါဘူး။
သူ့အနေနဲ့ ဒီသင်ကြားမှုကိုမြန်မြန်ပြီးမြောက်စေချင်တဲ့အတွက် အစွမ်းကုန်ကြိုးစားပြီ ကျောင်းတော်ရဲ့ကျောင်းသားတွေကို ဒေါသထွက်အောင်လုပ်ခဲ့တာတောင် ကျန်းဟုန်ချန်က သူ့ကိုအလွှတ်မပေးခဲ့ပါဘူး။ သူဘယ်လောက်ပဲအစွမ်းအစတွေကို ဖုံးကွယ်ထားပါစေ အခုလက်ရှိအချိန်ကာလတစ်လျှောက်မှာတော့ စောင့်ကြည့်ခံနေရဆဲပါ။
အဆုံးစွန်းသိုင်းပညာ၀ိညာဥ်က ကျင့်ကြံမှုအတွက်တော့မကောင်းလှပါဘူး။ သမိုင်းတစ်လျှောက်မှာ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်တွေက တကယ်ကို ရှားပါးပါတယ်။ ဒါပေမယ့် မတည်ရှိကြတာတော့မဟုတ်ပါဘူး။ ဒီလိုသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူတွေထဲမှာ သော့်လော့တစ်ယောက်ဖြစ်လာသူတွေက ပိုမိုနည်းပါးပြီ တစ်ခေါက်ပေါ်ထွက်ဖို့ဆိုတာက မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်တွေရဲ့အဆင့်တက်နိုင်မှုက အတော်ကိုခက်ခဲလွန်လို့ပါပဲ။
ဟို့ယွိဟောင်ရဲ့လက်ရှိအသက်အရွယ်ဆိုတာ ၀ိညာဥ်ပညာရှင်တွေအတွက် အကောင်းဆုံးလေ့ကျင့်တိုးတက်နိုင်ဖို့အသက်အရွယ်ပါပဲ။ သူ့ခန္ဓာကိုယ်က အသက်နှစ်ဆယ်ကိုရောက်ပြီချိန်မှာ တိုးတက်မှုက အတော်ကိုနှေးကွေးသွားပါပြီ ဒါ့အပြင် သူ့သိုင်းပညာ၀ိညာဥ်နဲ့ ခန္ဓာကိုယ်ရဲ့ပေါင်းစည်းနိုင်စွမ်းကလဲ နှေးကွေးသွားပါလိမ့်မယ်။ အဲ့ဒီလိုအခြေအနေမှာဘယ်၀ိညာဥ်ပညာရှင်ရဲ့ကျင့်ကြံဆင့်ကမဆို အခြေအနေတစ်ခုမှာတည်ငြိမ်လို့သွားတော့မှာပါ။
ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်က နှစ်နှစ်အတွင်းအဆင့်လေးငါးဆင့်သာ တက်နိုင်ခဲ့ပါတယ်။ ဒီလိုအရှိန်မျိုးနဲ့ဆိုရင် သူငယ်ရွယ်နေသေးပေမဲ့ အသက်နှစ်ဆယ်ရောက်ချိန်မှာ အဆင့်ငါးဆယ်ဖြစ်လာဖို့တောင် လွယ်ကူမှာမဟုတ်ပါဘူး။
အဆုံးစွန်းသိုင်းပညာ၀ိညာဥ်တွေက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းကိုရောက်ရှိချိန်မှသာ အစွမ်းထက်ဆုံးအင်အားတွေကို ထုတ်ဖော်နိုင်ပါလိမ့်မယ်။ အဲ့ဒီအချိန်မှသာ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်တွေကြောင့် နှေးကွေးတဲ့ကျင့်ကြံမှုသက်ရောက်မှာကို မခံရတော့မှာပါ။
အဆင့်ငါးဆယ်ကနေ ခြောက်ဆယ်ကိုတက်တာက အဆင့်လေးဆယ်ကနေ အဆင့်ငါးဆယ်တက်တာထက်ကို အများကြီးပိုခက်ပါတယ်။
ဒီလိုတွက်ချက်မှုတွေကိုလုပ်ပြီတဲ့နောက် ကျန်းဟုန်ချန်က သူ့ကိုသိပ်ပြီတော့တောင်မကြည့်တော့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ အဆင့်ခြောက်ဆယ်ကိုရောက်ဖို့ရှစ်နှစ်တောင်လိုနေဦးမှာပါ။ အဆင့်ခုနှစ်ဆယ်ကိုရောက်ဖို့အတွက်ဆို ကံကောင်းဖို့လိုပါဦးမယ်။ ဟို့ယွိဟောင်က ပါရမီရှင်တစ်ယောက်ဖြစ်သလို ပေါ်ထွက်ခဲတဲ့ပညာရှင်တစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့ကိုအဆုံးစွန်းအားသုံးပြီ နှိမ်နင်းရလောက်တဲ့အထိတော့ ဟို့ယွိဟောင်ကအရမ်းကြီးမထူးချွန်သေးပါဘူး။
ကျောင်းသားအချင်းချင်းယှဥ်ပြိုင်ပွဲပြီတဲ့နောက် ခြောက်လတိတိတရားထိုင်မှုအခြေအနေထဲကို ၀င်သွားရင်ကျန်းဟုန်ချန်ကို စိုးရိမ်ပူပန်းအောင်ဟို့ယွိဟောင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတရားထိုင်မှုကြုံတွေ့ခဲ့ရတာတောင် ကျင့်ကြံဆင့်ကမတိုးတက်လာခဲ့ပါဘူး။ အဲ့ဒီအချိန်ကနေစပြီ သူစိတ်ပူနေတာကိုလဲပြန်လျှော့သွားပါတော့တယ်။
အကယ်၍ ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲမှာကြောက်စရာကောင်းလွန်တဲ့အင်အားအများကြီးချိတ်ပိတ်ခံထားရတာကိုသာ ကျန်းဟုန်ချန်သိခဲ့မယ်ဆိုရင် သေချာပေါက် သူ့ရဲ့ရွေးချယ်မှုက ကွာခြားသွားခဲ့မှာပါ။
အခုလက်ရှိအချိန်မှာ ကျန်းဟုန်ချန်ရော နေလနိုင်ငံတော်ရဲ့ ကျောင်းတော်ကပါ ကျောင်းပြောင်းကျောင်းသားတွေကို သိပ်ပြီအာရုံမစိုက်ခဲ့ပဲရှိပါတယ်။ သူတို့ရဲ့အမြင်အရ အဆင့်ခြောက်ဆယ်ကိုဖြတ်ကျော်သွားပြီတဲ့ ဟယ့်ချိုက်ထို့တစ်ယောက်ထဲကသာ သူတို့အာရုံစိုက်မှုကိုထိုက်တန်တဲ့သူပါ။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကလဲ အမြဲတမ်းရိုးရိုးသားသားကြိုးကြိုးစားစားလက်နက်တွေကို ထွင်းထုနေခဲ့ပြီ သူ့ရဲ့အစွမ်းအစတွေကို သိပ်ပြီမထုတ်ဖော်ခဲ့တဲ့အတွက် ကျောင်းတော်ဖက်ကလဲ အေးအေးဆေးဆေးပြန်ဖြစ်သွားခဲ့ပါတယ်။
ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ရေခဲဧကရီရဲ့ချိတ်ပိတ်စည်းတွေကို ဖယ်ရှားပြီ၀ိညာဥ်စွမ်းအားတွေကို နောက်တစ်ကြိမ်ကျောင်းတော်ကိုပြန်ရောက်တဲ့အချိန်အထိစောင့်သင့်တယ်လို့ ယုံကြည်ထားခဲ့တယ်။ အဲ့ဒီလိုသာလုပ်ခဲ့မယ်ဆိုရင် သူ့ရဲ့တိုးတက်မှုက အများကြီးထိုးတက်လို့သွားခဲ့မှာပါ။ သေချာပေါက် နောက်တစ်ကြိမ်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ နေလနိုင်ငံတော်၀ိညာဥ်လက်နက်ပညာရှင်ကျောင်းတော်ကို အံ့ဩစရာကောင်းတဲ့စိတ်ချမ်းမှုတွေရအောင်ပေးနိုင်မယ်လို့သူမျှော်လင့်နေခဲ့တယ်။
ဒါပေမယ့် ကံတရားကတော့လူတစ်ယောက်ရဲ့စိတ်ဆန္ဒအတိုင်း ဖြစ်မလာခဲ့ပါဘူး။ အခွင့်အရေးဆိုတာက လက်လွှတ်မခံနိုင်လောက်အောင် ပေါ်ထွက်လာပါတယ်။ ရေခဲဧကရီလဲ ဆက်ပြီမထိန်းထားချင်တော့တဲ့အတွက် သူ့ရဲ့ချိတ်ပိတ်စည်းတွေကိုစပြီဖွင့်နေခဲ့ပါပြီ။ သူဒီနေ့ကိုစောင့်နေခဲ့ရတာအတော်ကိုကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
ရေခဲဧကရီရဲ့ချိတ်ပိတ်စည်းတွေက သိပ်ပြီတော့မခိုင်မာပါဘူး။ ဒါပေမယ့် သူအမြဲတမ်းချိတ်ပိတ်စည်းတွေကိုပြန်ပြန်ပြီခိုင်မာအောင်ကြိုးစားပေးနေခဲ့တယ်။ ဒီဖြစ်စဥ်ကမူလစွမ်းအားကိုလဲ ကုန်ဆုံးစေပါတယ်။ သူကကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့မတူညီပါဘူး။ သူမရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အဲ့ဒီလောက်မမြင့်မားတဲ့အတွက် ဟို့ယွိဟောင်နဲ့ပေါင်းစည်းချိန်ကထဲစလို့ သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် ချိတ်ပိတ်ထားသမျှစွမ်းအားတွေအားလုံးကလဲ ဟို့ယွိဟောင်အပိုင်ဖြစ်သွားခဲ့ပါပြီ။ သူကတော့ ဒီချိတ်ပိတ်စည်းတွေကိုဖွင့်ပေးဖို့တာ၀န်ရှိသူတစ်ယောက်သက်သက်ပါပဲ။ ဒီစွမ်းအားတွေကိုဖွင့်ပေးတာက ချိတ်ပိတ်စည်းအပေါ်မှာထားရတဲ့ဖိအားကိုလဲ အများကြီးလျှော့ကျစေနိုင်တယ်။ အခုသူတို့ရှိနေတဲ့ကျောက်စိမ်းအိပ်ရာက လုံလုံခြုံခြုံချောချောမွေ့မွေ့ပေါင်းစည်းစေဖို့အတွက် ကူညီပေးနိုင်မှာပါ။ သူက ဒီအခွင့်အရေးကိုဘယ်လိုလုပ်အလွှဲချော်ခံမှာလဲ။
ဟို့ယွိဟောင်လဲ ရေခဲဧကရီရဲ့အတွေးကို နားလည်ပါတယ်။ ဒါကြောင့်လဲ သူမအကြံပြုတာကိုလက်ခံခဲ့တယ်။ အမှန်တကယ်တော့ ၀မ်သုန့်က အဆင့်ခြောက်ဆယ်ကိုတက်သွားပြီဖြစ်တဲ့အတွက် သူကိုယ်တိုင်လဲဖိအားအတော်များနေခဲ့ပါပြီ။ သူတို့တွေအတူတူလေ့ကျင့်ကြတဲ့အချိန်မှာ ဟောင်သုန့်စွမ်းအားခုနှစ်ဆယ်ရာခိုင်နှုန်းက ၀မ်သုန့်ဆီကနေလာတာကိုခံစားမိပါတယ်။ ဒါ့အပြင် သူက၀မ်သုန့်ကိုအခွင့်အရေးယူနေသလိုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက ၀မ်သုန့်နဲ့အရမ်းကိုကွာခြားလို့နေခဲ့ပါတယ်။ ဒါ့အပြင် တစ်ယောက်ချင်းဆီစွမ်းအားမှာလဲ သူက ၀မ်သုန့်ကိုမယှဥ်နိုင်တော့ပါဘူး။ ၀မ်သုန့်က လက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းမြောက်ကိုရထားတဲ့သူပါ။ အမြွှာသိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးကလဲ ထိပ်တန်းအဆင့်တွေကြီးပါပဲ။
အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ သူတို့အချင်းချင်းဒီလောက်အထိ အများကြီးကွာခြားချက်မျိုးကို သူဘယ်လိုလုပ်လက်ခံနိုင်မှာလဲ အထူးသဖြင့် ဒီနေ့ရဲတိုက်ထဲကို၀င်ပြီချိန်မှာ ၀မ်သုန့်ရဲ့ဒုတိယဦးလေးပြောခဲ့တဲ့စကားကြောင့် သူအတော်လေးစိတ်ထိခိုက်ခဲ့ရတယ်။ အကယ်၍ သူသာအစွမ်းအစမရှိဘူးဆိုရင် ၀မ်သုန့်ရဲ့သူငယ်ချင်းဖြစ်ဖို့မတန်ဘူးလို့ ခံစားနေခဲ့ရတာပါ။ ဒါကိုတိုက်ရိုက်ထုတ်မပြောပေမဲ့လဲ သူသိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ကလေးဘ၀အတွေ့အကြုံတွေကြောင့် သူကအမြဲတမ်းခေါင်းမာပြီမယိုင်လဲတဲ့သူဖြစ်လာခဲ့တယ်။ အခုလက်ရှိအချိန်မှာ သူကျင့်ကြံရုံကလွဲပြီ ဘာကိုမှဂရုမစိုက်ချင်ပါဘူး။
သိပ့်သည်းတဲ့၀ိညာဥ်စွမ်းအားတွေက တဖြည်းဖြည်းချင်းဆီလှိုင်းထလာရင် တောက်လောင်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့အငွေ့အသက်ကလဲ ပြောင်းလဲသွားခဲ့ပါပြီ။ အေးစက်မှုစွမ်းအားနဲ့ရှေးကျတဲ့အင်အားတွေက သူ့အခန်းထဲမှာဖြည်းဖြည်းချင်းဆိုသလို မြင့်တက်လို့လာပါတော့တယ်။
အပိုင်း ၁၉၄•၁ ပြီး၏။