အပိုင်း ၁၉၃•၃
” ဦးလေးနှစ်ယောက်လား ”
°°°
၀မ်သုန့်ကတော့ သူ့ရဲ့ ဒုတိယဦးလေးကို တစ်စက်မှကြောက်တဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် သူ့ဘကြီးကိုတော့အများကြီးပိုပြီးလေးစားပါတယ်။ အဲ့ဒီလောက်သူအလောတကြီးနဲ့ သူပြောလာခဲ့တယ်။
” သူ့ကိုထိခိုက်အောင်လုပ်လို့ကတော့ မရဘူးနော် ဘကြီးနဲ့ ဒုတိယဦးလေး ယွိဟောင်က ကျွန်တော်ကိုဘာမှဆိုးဆိုးရွားရွားအကြံအစည်မထားခဲ့ဖူးဘူး သူ့ကိုစမ်းသပ်ကြည့်နိုင်တယ်…ဒါပေမယ့် သူကိုထိခိုက်အောင်တော့လုံး၀လုပ်လို့မရဘူး…မဟုတ်ရင်ကျွန်တော်ဒီမှာဆက်မနေနိုင်ဘူး ”
၀မ်သုန့်က နောက်ဆုံးစကားလုံးကိုပြောချိန်မှာ လုံး၀ကိုဆုံးဖြတ်ချက်ခိုင်မာနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူဘကြီးလို့ခေါ်တဲ့သူက ပုံမှန်လေသံနဲ့သာပြန်ပြောလာခဲ့တယ်။
” ဒီကိစ္စတွေကို မင်းဒုတိယဦးလေးနဲ့ငါကိုင်တွယ်လိုက်မယ် သူ့ကိုတကယ်တော့ ငါတို့ဘာမှလုပ်မှာမဟုတ်ဘူး…ငါတို့တွေသူ့မှာမကောင်းတဲ့ကြံတဲ့စိတ်ရှိနေမယ်ဆိုရင်တောင် သင်ခန်းစာနည်းနည်းပေးပြီ အပြင်ကိုပြစ်ထုတ်လိုက်ရုံပဲ မင်းကအခုမှခရီးရှည်ကြီးကပြန်လာတာ သွားပြီတော့နားလိုက် ဒီကောင်လေးကိုဘယ်လိုစမ်းသပ်ရမလဲဆိုတာ ငါဒုတိယဦးလေးနဲ့ကိုင်တွယ်လိုက်ဦးမယ်..အကယ်၍ ငါတို့ရဲ့ရှောင်သုန့်လေးနဲ့ အတူတူရှိချင်တယ်ဆိုရင်တော့ စမ်းသပ်ချက်တွေအောင်မြင်မှဖြစ်မှာပေါ့ အကယ်၍ မအောင်မြင်နိုင်ဘူးဆိုရင် မဖြစ်နိုင်တဲ့ကိစ္စပဲ မင်းတို့ရဲ့သူငယ်ချင်းဆက်ဆံရေးဆိုတာက စကားထဲထည့်ပြောဖို့တောင်မလိုတော့ဘူး ”
သူ့ရဲ့မျက်လုံးတွေက မိုးပြာရောင်အလင်းတန်းတွေနဲ့တောက်ပလာခဲ့ပါတယ်။ သူ့ရဲ့လေသံကလဲ ၀မ်သုန့်နဲ့တချိုးထဲပါပဲ ဒါပေမယ့် ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဖိအားက၀မ်သုန့်ထက် အများကြီးပိုကျော်လွန်နေခဲ့တဲ့အတွက် ၀မ်သုန့်လဲပါးစပ်ပိတ်သွားခဲ့ရတယ်။ သူလုပ်နိုင်တဲ့တစ်ခုတည်သောအရာကတော့ မကျေမနပ်ပုံစံနဲ့ထွက်သွားရတာပါပဲ။
၀မ်သုန့်ထွက်သွားတာကိုကြည့်ရင်း ဆံပင်တိုတိုလူကလှည့်ပြီပြောလာခဲ့တယ်။
” အစ်ကိုကြီးကြည့်ရတာ ရှောင်သုန့်က ဒီကောင်လေးနဲ့ပတ်သက်ပြီတော်တော်လေးစိတ်ထဲထားနေပုံရတယ်…ဒါပေမယ့် ဒီကောင်လေးရဲ့အကြောင်းကို ကျွန်တော်တို့မသိသေးဘူး…ဒီလိုထူးခြားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားပြီဆိုမှတော့ ကြည်လင်ကောင်းကင်တောင်ထိပ်ကနေ တစ်ခါထဲပြစ်ချလိုက်သင့်တယ်မလား သူ့ရဲ့ရုပ်ရည်ကလဲ ကြည့်ရတာသာမန်ပါပဲ ဘယ်လိုလုပ်ရှောင်သုန့်နဲ့ယှဥ်လို့ရမှာလဲ ”
” မင်းအသက်ဘယ်လောက်ရှိပြီလဲ ဘာဖြစ်လို့ဒီလောက်ရူးရူးမိုက်မိုက်တွေတွေးနေရသေးတာလဲ ရှောင်သုန့်သူ့ကိုတကယ်ကြီးသဘောကျနေတယ်ဆိုတာ မင်းကြည့်ရုံနဲ့မသိနိုင်ဘူးလား သူ့မှာဘယ်လိုအရည်အချင်းရှိလဲဆိုတာအရေးမကြီးဘူး…လူရဲ့စိတ်ဓာတ်နဲ့ အတွေးအခေါ်က ပိုပြီးအရေးကြီးတယ်…သာမန်လူတစ်ယောက်က ရှောင်သုန့်အတွက်ဘယ်လိုများ လိုက်ဖက်ညီတဲ့သူဖြစ်လာနိုင်မှာလဲ ”
တစ်ဖက်လူကတော့ သူ့ရဲ့အစ်ကိုကြီးကိုကြောက်ပုံပါပဲ။ ဒါကြောင့် သူခပ်မြန်မြန်ပဲ ပြောလာခဲ့တယ်။
” ဒါဆိုရင် ကျွန်တော်တို့ဘာလုပ်မလဲအစ်ကိုကြီး သူ့ရဲ့အစွမ်းအစတွေကို ကျွန်တော်စမ်းသပ်ကြည့်ပြီးပြီ သူ့ရဲ့ကျင့်ကြံဆင့်မမြင့်ပေမဲ့ အခြေခံကအတော်ကို ခိုင်မာတယ်…ဒါ့အပြင် သူ့ရဲ့ကျင့်ကြံနေတဲ့ပုံက ညအချိန်မှာတောင်မနားမနေကြိုးစားအားထုတ်နေတဲ့ပုံပဲ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းကိုသုံးထားတာသေချာတယ်…တခြားနည်းလမ်းတွေကို ဘာမှမထောက်လှမ်းနိုင်ဘူး…ဒါပေမယ့် ပိုပြီးအံ့ဩစေတာကတော့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားဖြစ်နေတယ်…အစောပိုင်းတုန်းက အင်အားကိုသုံးပြီသင်ခန်းစာကောင်းကောင်းပေးချင်ခဲ့ပေမဲ့ ဒီကလေးက သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကိုစိတ်၀ိညာဥ်စွမ်းနဲ့ပေါင်းစည်းပြီ ကျွန်တော်ရဲ့ဖိအားတွေကို ခုခံနိုင်လိမ့်တယ်…ဒါ့အပြင် အောင်လဲအောင်မြင်သွားပြီ သူ့ရဲ့အဲ့ဒီစွမ်းအားရဲ့အဆင့်က အတော်လေးအထင်ကြီးစရာကောင်းတာပဲ ”
၀တ်ရုံဖြူလူကတော့ခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။
” ငါတို့ရဲ့ စမ်းသပ်ချက်က သူ့စိတ်သဘောသဘာ၀နဲ့ အကျင့်စရိုက်ပေါ်မှာအဓိကအာရုံစိုက်ရမှာ အစွမ်းအစတွေကိုမဟုတ်ဘူး…ဒီကိစ္စကိုသေချာလေးဆွေးနွေးရမယ်. ”
ဟို့ယွိဟောင်ကတော့ အခုလက်ရှိအချိန်မှာ သူ့ရဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကို ထုတ်လွှတ်နေတာက ဘာတွေဖြစ်လာမလဲဆိုတာ တွေးတောင်မတွေးမိတော့ပါဘူး။ ဒီအတိုင်းမျက်နှာသစ်ပြီတဲ့နောက် ပြတင်းပေါက်ရှိတဲ့နေရာဆီကိုသွားပြီ အပြင်ကိုကြည့်နေခဲ့ပါတယ်။
ဒီပြတင်းပေါက်ဘောင်က လခြမ်းကွေးပုံသဏ္ဍာန်ပြုလုပ်ထားတာဖြစ်သလို အပေါ်ယံမှာလဲ ကြည်လင်တောက်ပတဲ့ မှန်သားကကာရန်လို့ပါသေးတယ်။ အပြင်ဖက်မှာရှိနေတဲ့ တိမ်တွေကသူ့ကိုသုခဘုံတစ်ခုထဲရောက်နေသလိုမျိုး ခံစားစေတဲ့အထိ လှပလို့နေခဲ့တယ်။ ဒီလိုမျိုးသဘာ၀တရားရဲ့အလှအပက ဟို့ယွိဟောင်ကိုတခဏတာရပ်တန့်မင်သက်စေခဲ့ပါတယ်။ အစောပိုင်းတုန်းက သူ့ရဲ့အင်အားကိုအသုံးပြုပြီး ဒုတိယဦးလေးတိုက်ခိုက်တာကို ခုခံခဲ့ရသလို စိတ်၀ိညာဥ်စွမ်းအားရဲ့တိုးတက်မှုတွေကိုလဲ နားလည်ခဲ့ရတယ်။
ရုတ်တရက်ကျောက်တုံးအိပ်ရာပေါ်ခုန်တက်လိုက်ပြီ တင်ပလ္လင်ခွေချိတ်ရင်းနဲ့ ထိုင်ချလိုက်ပါတယ်။ ဒီနေ့ရရှိလာတဲ့အသိပညာတွေကိုတရားထိုင်ပြီ သိပ့်သည်းအောင်လုပ်ဖို့အတွက် သူတွေးနေခဲ့တာပါ။ ဒါမှသာတိုးတက်မှုတွေကို သေချာမှတ်မိဖို့အဆင်ပြေမှာပါ။
သူဒီလိုထိုင်ချလိုက်ချိန်မှာပဲ ရေခဲဧကရီရဲ့အသံက စိတ်ထဲမှာထွက်ပေါ်လာပါတော့တယ်။
” ယွိဟောင် ”
” ဘာများဖြစ်လို့လဲ ရေခဲဧကရီ ”
ဟို့ယွိဟောင်က တအံ့တဩနဲ့ပြန်မေးလာခဲ့တယ်။ ရေခဲဧကရီကတော့ သူ့ကိုဆက်တိုက်ပြောနေခဲ့ပါတယ်။
” အဲ့ဒီလူက အရမ်းကိုအင်အားကြီးပြီ ကြောက်စရာကောင်းတယ် ”
” ၀မ်သုန့်ရဲ့ဒုတိယဦးလေးကိုပြောတာလား ”
” အမှန်ပဲ ”
” သူ့ရဲ့အရှိန်အ၀ါက ငါကိုတောင်မကဘူး…ကောင်းကသ်အိပ်မက်ကိုတောင်လန့်သွားစေတယ်…သေချာပေါက် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကစိတ်၀ိညာဥ်အမျိုးအစားမဟုတ်ဘူး..ဒါပေမယ့် စိတ်၀ိညာဥ်အမျိုးအစားက မင်းထက်ကိုအများကြီးသိပ့်သည်းတဲ့အခြေအနေကို ရောက်ရှိနေပြီ ဒါတင်မကသေးဘူး…သူ့ရဲ့ကျင့်ကြံမှုကို ငါနည်းနည်းမှအာရုံခံကြည့်လို့မရတဲ့ အခြေအနေမှာရောက်နေတယ်…ဒီတော့ငါအစွမ်းထက်ဆုံးအချိန်မှာတောင် သူကသန်မာမှာပဲ အနည်းဆုံးတော့အမျက်ဒေါသကျောင်းတော်က အကြီးအကဲရွှမ်နဲ့ လက်ရည်တူရှိလောက်တယ် ”
ဟို့ယွိဟောင်တောင် လန့်သွားခဲ့ပါတယ်။ အဲ့ဒီဆံပင်တိုတိုနဲ့အဲ့ဒီလူအရမ်းအင်အားကြီးမှာကို သူသိနိုင်ပေမဲ့ ရေခဲဧကရီတောင်မှ အဲ့ဒီလောက်မြင့်မြင့်မားမားကြီးတွေးထင်ထားမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ၀င်ပြောလာခဲ့ပါတယ်။
” ရေခဲဧကရီပြောတာမှန်တယ်…အဲ့ဒီလူက တကယ်အစွမ်းထက်တာပဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက ငါရဲ့အရင်စိတ်၀ိညာဥ်စွမ်းအားလောက်ကျယ်ပြန့်ပြီမကောင်းပေမဲ့ အသုံးချနိုင်စွမ်းမှာပိုပြီးတော့သာလွန်တယ်…သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကအရမ်းကိုပြင်းထန်လွန်တဲ့ကြမ်းတမ်းရက်စက်မှုတွေပါနေတာကို ငါခံစားမိတယ်..ဒါ့အပြင် ကျူးကျော်နိုင်မှုနဲ့ ရန်လိုစိတ်တွေလဲ အရမ်းကိုအားကောင်းတယ် ”
” ဒီလိုအရှိန်အ၀ါမျိုးက အရာအားလုံးရဲ့အထက်မှာ ရှိနေသလိုမျိုးပဲ အကယ်၍ သူသာ၀ိညာဥ်သားရဲကောင်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာပါမယ်ဆိုတာအသေအချာကြီးပဲ ဒါ့အပြင် ထိပ်ဆုံးငါးယောက်ထဲမှာတောင်ပါနိုင်တယ်… ဘယ်လိုပဲကြည့်ကြည့်သူကလူသားတစ်ယောက်ပဲလေ ၀ိညာဥ်သားရဲကောင်တော့ဟုတ်မနေဘူး…ငါမြင်ဖူးသမျှလူသားတွေအားလုံးထဲမှာ အကြီးအကဲမုရဲ့ ၀ိညာဥ်စွမ်းအားကဘယ်သူထက်သာလွန်တာရှိဖူးလို့လဲ ဒါ့အပြင် ဒီလူရဲ့၀ိညာဥ်စွမ်းအားက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထက်အများကြီးပိုပြီးတော့တောင် ကြောက်စရာကောင်းနေသေးတယ် ”
ဟို့ယွိဟောင်က ပြန်ပြောလာခဲ့ပါတယ်။
” ကြည်လင်ကောင်းကင်မျိုးနွယ်က နှစ်ပေါင်းသောင်းချီတဲ့သမိုင်းကြောင်းကို ဖြတ်ကျော်လာခဲ့ပြီးပြီ နှစ်ပေါင်းတစ်သောင်းဆိုတာက ၀ိညာဥ်သားရဲကောင်တွေအတွက်တော့ဘာမှမဟုတ်ဘူး…ဒါပေမယ့် လူသားအတွက်တော့ အများကြီးကိုရှည်ကြာလွန်တယ်…ကြည်လင်ကောင်းကင်မျိုးနွယ်က ဒီလိုမျိုးတည်ရှိမှုတွေရှိနေတယ်ဆိုတာ ပုံမှန်ပဲမဟုတ်နိုင်ဘူးလား နောက်ဆုံးတော့လဲ သူတို့မျိုးနွယ်က ခန္ဓာကိုယ်မျိုးနွယ်လိုမျိုးကျော်ကြားတဲ့သူတွေဖြစ်ခဲ့ဖူးတယ်လေ…ဒါ့အပြင် တချို့နေရာတွေမှာပိုပြီးတော့တောင် ကျော်ကြားသေးတယ်…၀မ်သုန့်ရဲ့မိသားစုကဒီလောက်အထိအစွမ်းထက်နေတာဆိုးတဲ့ကိစ္စတော့မဟုတ်ဘူးလေ ဘာကြောင့် ကျွန်တော်အတွက်အဲ့ဒီလောက်ကြီးစိုးရိမ်ပေးနေရတာလဲ ”
ရေခဲဧကရီက၀င်ပြောလာခဲ့ပါတယ်။
” ငါက စိုးရိမ်တာမဟုတ်ဘူး…သူကအရမ်းအန္တရာယ်များတယ်လို့ ခံစားနေရတာတစ်ခုပဲ ဒီလိုအစွမ်းအစမျိုးသာရှိမယ်ဆိုရင် အကယ်၍ သူသာနည်းနည်းလေးအာရုံစိုက်လို့ကတော့ ငါတို့တည်ရှိနေတဲ့အကြောင်းကို သိသွားနိုင်တယ်…အကြီးအကဲမုလဲ ငါရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်ဆိုတာကို ငါသိနေခဲ့ဖူးတယ်…ဒါပေမယ့် သူက မင်းကိုဒီအကြောင်းမပြောခဲ့ဖူးဘူး ငါရဲ့စိတ်အကြံအစည်ကိုသိတာကြောင့် သူဘာမှမလုပ်ခဲ့တာဖြစ်မယ်…ဒါပေမယ့် ကောင်းကင်အိပ်မက်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက ငါထက်ပိုပြီးတော့ကိုသာမန်တယ်…ဒီတော့ သူ့ကိုရှာလို့မတွေ့နိုင်လောက်ဘူး ”
” ရေခဲဧကရီရှိနေတာကို သူသိနိုင်တယ်လား ”
ဟို့ယွိဟောင်ဒါကိုကြားချိန်မှာ လန့်သွားခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက် အကြီးအကဲယိနဲ့ နှင်းဧကရီတို့အတူရှိခဲ့တယ်ဆိုတာ အကြီးမားဆုံးလျှို့၀ှက်ချက်ကြီးတွေပါ။ ဒါ့အပြင် လူတွေသိလို့မရနိုင်တဲ့အသိခံလို့မရတဲ့လျှို့၀ှက်ချက်တွေဖြစ်နေခဲ့တယ်။ ဒါကြောင့် သူတွေးရင်းတွေးရင်းနဲ့ စိုးရိမ်ပူပန်းလာပါတော့တယ်။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်အအေးဓာတ်ကိုရုတ်တရက်ခံစားလိုက်ရပါပြီ။ သူ့ခန္ဓာကိုယ်မှာလဲလှည့်ပတ်နေတဲ့၀ိညာဥ်စွမ်းအားတွေလဲ ရုတ်တရက်ဆိုသလို နှေးကွေးလို့သွားရပါတော့တယ်။ ခုခံမှုတစ်ခုရှိနေတဲ့အတိုင်း နှေးကွေးသွားခဲ့တာပါ။
” အားဘာဖြစ်လို့ကျွန်တော်အေးလာရတာလဲ ”
ရေခဲဧကရီနဲ့ ပေါင်းစည်းချိန်ကထဲကစလို့ အအေးဓာတ်ကိုသူမခံစားရတာအတော်ကြာပါပြီ။ ဒီနေ့ သူဒီလောက်အထိခိုက်ခိုက်တုန်အောင်အအေးခံနေရတာ နှစ်ခေါက်တိတိရှိသွားပြီဖြစ်ပါတယ်။
” ၀မ်သုန့်က မင်းအပေါ်တကယ်ကောင်းတာပဲ မင်းအစောပိုင်းတုန်းက မျက်နှာသစ်လိုက်တဲ့ရေဆိုတာ နွေဦးရေထဲကအမျိုးအစားတစ်မျိုးပဲ ဒါ့အပြင် ငါထင်ထားတာသာမမှားဘူးဆိုရင် အေးခဲရေချောင်းထဲက ရေဖြစ်လိမ့်မယ်..ဒါ့အပြင် အဲ့ဒီလိုအရာမျိုးက မိုးကောင်းကင်နဲ့မြေပြင်ကြားမှာရှိတဲ့ အအေးဓာတ်တစ်ခုကို စုပ်ယူပြီတော့မွေးဖွားလာတာ သူက ရေဆိုပေမဲ့လဲ သူ့ရဲ့အအေးဓာတ်က ငါတို့မြောက်၀င်ရိုးစွန်းရဲ့အဓိကအလယ်ဗဟိုချက်မှာရှိတဲ့ နှစ်သောင်းချီထူးဆန်းရေခဲနဲ့တောင် ယှဥ်လို့ရနိုင်တယ်…ဒါပေမယ့် သူ့အစွမ်းအစကပိုများတယ်…ဒါကြောင့် ခုနကမျက်နှာသစ်လိုက်တဲ့အချိန်မှာအင်အားတွေတိုးလာတာပေါ့ ဒါပေမယ့် လူတိုင်ရနိုင်လောက်အောင် သူကစျေးပေါမနေဘူး…အကယ်၍ တခြားတစ်ယောက်ယောက်သာ နင့်နေရာမှာရှိခဲ့မယ်ဆိုရင် တစ်ခါထိလိုက်ရုံနဲ့ တစ်ခါထဲရေခဲဖြစ်သွားလောက်ပြီ ဘယ်လိုပဲတန်ဖိုးကြီးပါစေ သုံးနိုင်တဲ့သူမရှိရင် တန်ဖိုးကြီးခမ်းနားတာတွေက ဘယ်လိုလုပ်အသုံး၀င်နိုင်တော့မှာလဲ ဒါ့အပြင် အခုထိုင်နေတဲ့ကျောက်တုံးအိပ်ရာကိုပိုပြီးတော့တောင် ကြောက်စရာကောင်းသေးတယ်…ဒါက ပိုင်ခြားထားတဲ့ကျောက်စိမ်းကနေ ဖြစ်ပေါ်လာတဲ့ကျောက်စိမ်းအဆီအနှစ်ဖြစ်လိမ့်မယ်…ငါတို့ရဲ့ မြောက်၀င်ရိုးစွန်းမှာတောင်တွေ့ရဖို့မလွယ်ဘူး…ဒီလောက်ကြီးတဲ့အပိုင်းကိုငါမြင်ဖူးတာတောင်မှပထမဆုံးအကြိမ်ပဲ ”
” ငါအရင်တုန်းကဒီလိုမျိုးကျောက်စိမ်းအဆီအနှစ်ကိုမြင်ဖူးတယ်…ငါရဲ့ပထမဆုံးဆောင်ခိုပြီအဆင့်တက်တဲ့အချိန်မှာတွေ့ခဲ့တာ ဒါပေမယ့် အဲ့ဒီကျောက်စိမ်းအဆီအနှစ်က အက်ကွဲသွားလို့သူ့ရဲ့အဆီအနှစ်တွေက ငါရဲ့ခန္ဓာကိုယ်ထဲစီး၀င်လာတယ်လေ ဒီလိုနဲ့ကလေ ငါပထမဆုံးဆောင်ခိုတာဖြစ်လာတော့တာပဲ ဒီကျောက်စိမ်းရဲ့ကျေးဇူးနဲ့ပဲ နှစ်တစ်သောင်းအစွမ်းအစကိုငါရလာခဲ့တာ မင်းဒီရေခဲစွမ်းအားတွေကို ခန္ဓာကိုယ်ထဲလမ်းညွှန်ပြီ၀ိညာဥ်စွမ်းအားနဲ့ပေါင်းစည်းကြည့်သင့်တယ်…ဒီမှာထိုင်ပြီတော့လေ့ကျင့်တာက မင်းရဲ့အဆုံးစွန်းရေခဲသိုင်းပညာ၀ိညာဥ်အရှိန်နှုန်းပြဿနာတွေကို အများကြီးထိထိရောက်ရောက်ဖြေရှင်းနိုင်မှာပဲ ”
” ဒါဆိုရင် စိုးရိမ်ရတာက ”
” စိုးရိမ်စရာဘာမှမရှိဘူး ”
အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။
” အဲ့ဒီလူက ယွိဟောင်ကိုရန်လိုတဲ့စိတ်မရှိဘူး သူ့ရဲ့အရှိန်အ၀ါက အမှန်တရားနဲ့ တရားမျှတမှုရှိနေတာကို ခံစားမိတယ်…သူအများဆုံးလုပ်မှာက မင်းမှာရှိတဲ့လျှို့၀ှက်တွေကြောင့် အဝေးကိုမောင်းထုတ်ရုံလောက်ပဲဖြစ်မယ်..ငါခန့်မှန်းထားသလောက်အရဆိုရင် သူက မင်းကိုဆက်တိုက်စမ်းသပ်နေမှာပဲ ဒါကြောင့် သင့်တော်တဲ့ပုံစံမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်…ငါမင်းကိုသင်ကြားပေးတဲ့ကိစ္စတစ်ခုကိုသာ သူတို့ကိုဖော်ပြလို့မရနိုင်ဘူး…အောက်လမ်းပညာကလွဲပြီ ကျန်တာအားလုံးကိုသုံးလို့ရတယ်…အဲ့ဒီလူရဲ့စိတ်၀ိညာဥ်စွမ်းအားက ဒီပိုးကောင်ကြီးခန့်မှန်းထားတာထက်ကို ပိုပြီးမြင့်သေးတယ်…ဒါကအတော်ကိုပြိုင်ဘက်ကင်းတဲ့အရာပဲ ”
” ဘယ်လိုအဆင့်လောက်အထိမြင့်တာလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သိလိုစိတ်အပြည့်နဲ့မေးလာခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲလျှပ်စီးဧကရာဇ်ကတော့ ပြန်မဖြေတော့ပါဘူး။ သူပြန်အိပ်သွားတဲ့ပုံပေါ်တယ်။
ဟို့ယွိဟောင်လဲ သူ့ရဲ့၀ိညာဥ်သားရဲကောင်နှစ်ကောင်နဲ့ လက်ရှိအချိန်မှာ စကားမပြောနိုင်တော့ပါဘူး။ ကျောထဲအထိရောက်လာခဲ့တဲ့အအေးဓာတ်က ပိုပြီးတော့အားကောင်းလာခဲ့လို့ပါ။ လက်ရှိအချိန်မှာ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးနဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးကိုအသုံးပြုပြီး ဒီအအေးဓာတ်ကို ခုခံဖို့အတွက် အာရုံစိုက်ဖို့လိုပါတယ်။
အအေးဓာတ်က သူ့ကိုတစ်ပြိုင်နက်ထဲတိုက်ခိုက်တာမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းဆိုသလို ခန္ဓာကိုယ်နဲ့ပေါင်းစည်းနေတာပါအစပိုင်းတုန်းက အဆုံးစွန်းရေခဲသိုင်းပညာ၀ိညာဥ်ရှိတာကြောင့် သူ့ရဲ့ကိုယ်ပိုင်အအေးဓာတ်နဲ့ ဒီအအေးဓာတ်ကိုအများကြီးမခံစားခဲ့ရပါဘူး။ ဒါပေမယ့် အခုလက်ရှိအချိန် ကြုံတွေ့နေရတဲ့အအေးဓာတ်ကတော့ သူ့ရဲ့ကိုယ်ပိုင်အအေးဓာတ်နဲ့လုံး၀ကို ကွာခြားပါတယ်။ အဆုံးစွန်းရေခဲက ရေခဲအမျိုးအစားတွေထဲမှာ အင်အားအကြီးဆုံးတည်ရှိမှုတစ်ခုပါ။ ဒါပေမယ့် အခုလက်ရှိအချိန်သူ့ခန္ဓာကိုယ်ထဲ၀င်ရောက်ပေါင်းစည်းနေတဲ့အအေးဓာတ်ကတော့ အရမ်းကိုသန့်စင်ပြီ မိုးကောင်းကင်နဲ့မြေပြင်ရဲ့မူလစွမ်းအားလိုမျိုးမြင့်မားနေခဲ့တယ်။ ဘယ်သူမှမပိုင်ဆိုင်တဲ့အရာလိုပါပဲ။ ဒါကိုတိုက်ခိုက်လို့လဲမရသလို အဆုံးစွန်းရေခဲရဲ့သဘာ၀နဲ့သာ အခြေခံချချပြန်လည်ပေါင်းစည်းလို့နေပါတော့တယ်။
ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်က လက်နက်တစ်ခုလိုတူညီပါတယ်။ ဒါပေမယ့် အခုထိုင်နေတဲ့ကျောက်စိမ်းကနေ ဖြစ်ပေါ်လာတဲ့အအေးဓာတ်ကတော့ စားကောင်းသောက်ဖွယ်တစ်ခုနဲ့တူညီပြီ ဖြည်းဖြည်းချင်းဆိုသလို ခန္ဓာကိုယ်ထဲ၀ါးမြိုရင်နဲ့ ပေါင်းစည်းရမှာပါ။ ဒီအရသာရှိတဲ့ အစားအသောက်ရဲ့အပူချိန်က အတော်ကိုအေးနေခဲ့ပြီ ဟို့ယွိဟောင်လဲ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို ဖြည်းဖြည်းချင်းဆိုသလို လမ်းညွှန်ပေးပြီပေါင်းစည်းဖို့ကြိုးစားနေခဲ့ရတယ်။
ရေခဲဧကရီရဲ့အသံက ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
” ဒီလူမင်းကိုခြိမ်းခြောက်နိုင်လား မခြိမ်းခြောက်နိုင်ဘူးလားဆိုတာက ကိစ္စမရှိဘူး…အခုအခွင့်အရေးက လက်လွှတ်မခံနိုင်လောက်အောင် အရမ်းကောင်းမွန်လွန်တယ်…ဒီအိပ်ရာက လူတွေကိုအန္တရာယ်ပြုစေတဲ့အရာမရှိဘူး…မင်းရဲ့စိတ်ထဲမှာရှိတဲ့ပူပန်းမှုတွေကိုငြိမ်းစေမဲ့အစွမ်းအစတွေလဲပါတယ်…သေချာပေါက် ရူးသွပ်သွားမှာကိုလဲ ကြောက်စရာမလိုဘူး ..အကယ်၍ ငါမှာဒီကျောက်စိမ်းအဆီအနှစ်သာရှိမယ်ဆိုရင် နှစ်ပေါင်းလေးသိန်းသက်တမ်းကို ကျော်ဖြတ်ဖို့ဆိုတာက ဘာပြဿနာမှမရှိတော့ဘူး…ယွိဟောင် သေချာအာရုံစိုက် ငါချိတ်ပိတ်စည်းတစ်ခုကိုဖွင့်ပေးတော့မယ်…ခန္ဓာကိုယ်ထဲမှာဖိထားတဲ့စွမ်းအားတချို့ကို လွှတ်ပေးမယ်…ဒီအိပ်ရာရဲ့အအေးဓာတ်ကိုအသုံးပြုပြီး ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဒီထူးခြားတဲ့ဂုဏ်သတ္တိတွေကို လှုပ်ဆော်လိုက်မယ်ဆိုရင် အပြောင်းအလဲတွေဖြစ်လာလိမ့်မယ်…၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး စွမ်းအားရဲ့အရင်းအမြစ်တွေကိုကာကွယ်ထားလိုက် ”
အပိုင်း ၁၉၃•၃ ပြီး၏။