အပိုင်း ၁၉၃•၂
” ဦးလေးနှစ်ယောက်လား ”
°°°
” ၀မ်သုန့် အဆင်ပြေတယ်…သူစကားကိုနားထောင်ရအောင် ”
” သူတို့က ငါကိုမယုံတာသက်သက်ကြီးပဲ ”
” မင်းကငါကိုကူညီဆက်ဆံနေသရွေ့အားလုံးအဆင်ပြေတယ်…ငါမင်းရဲ့မိသားစုကို သေချာပေါက်လိမ်လိမ်မာမာ ယဥ်ယဥ်ကျေးကျေးနဲ့ ဆက်ဆံမှာပါ ငါ့ကိုရဲတိုက်တစ်လျှောက်လုံးလိုက်ပြဦး ဒါဆိုရင် နေရာကောင်းကောင်းတစ်ခုရှာတွေ့မှာပေါ့ ”
” ကောင်းပြီလေ ”
၀မ်သုန့်က ဟို့ယွိဟောင်ကိုရဲတိုက်ထဲခေါ်သွားခဲ့ပါတယ်။ အထဲမှာတော့များပြားတဲ့အလှဆင်ထားမှုတွေမရှိပါဘူး။ များသောအားဖြင့်အနက်ရောင်မဟုတ်ရင် မီးခိုရောင်တွေကြီးပါပဲ။ တစ်ခါတလေမှာတော့အစိမ်းရောင်တချို့တလေကိုတွေ့ရပါတယ်။ ရဲတိုက်ကြီးရဲ့နှစ်ဖက်မှာတော့ အမြင့်ကိုတက်သွားတဲ့လှေကားကြီးတွေရှိနေခဲ့တယ်။ ဒါ့အပြင် သူရဲ့ဖွဲ့စည်းပုံကလဲ အများကြီးမရှုပ်ထွေးခဲ့ပါဘူး။ သုံးထပ်သာရှိတာပါ ဒါ့အပြင် တစ်ခုချင်းဆီတိုင်းကလဲ အရမ်းကိုကျယ်၀န်းပါတယ်။
” ဒီအထဲမှာနေတဲ့လူတွေက ငါတို့မျိုးနွယ်ကလူတွေပဲ ဒုတိယအလွှာကဧည့်သည်တွေအတွက် အဓိကထားထားတာ အကြီးအကဲတွေပဲနေကြတယ်လေ ငါရဲ့ဘကြီးရယ် ဒုတိယဦးလေးရယ်က တတိယအဆင့်မှာနေကြတယ်..ဪဟုတ်သားငါအစ်မလဲတတိယအဆင့်အလွှာမှာပဲနေတာ ”
” မျိုးနွယ်စုကြည်လင်ကောင်းကင်မျိုးနွယ်စုကြီးလား ”
ဟို့ယွိဟောင်တုန်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီနာမည်ကိုလို့ရင်းနှီးနေမှန်းသူသိသွားခဲ့ပါပြီ။ ဟုတ်ပါတယ် ကြည်လင်ကောင်းကင်တူဆိုတာက ကြည်လင်ကောင်းကင်မျိုးနွယ်ကိုပြောတာပါ။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ သိမ်းဆည်းထားတဲ့ဒီအကြောင်းကို တစ်ခါမြင်ဖူးပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ကြည်လင်ကောင်းကင်မျိုးနွယ်စုက ဟိုထိပ်ဆုံးမှာရှိနေခဲ့တာပါ။ ခန္ဓာကိုယ်မျိုးနွယ်နဲ့အတူတူရှိနေခဲ့သလို အင်အားကြီးမျိုးနွယ်စုတစ်ခုဆိုတာမမှားပါဘူး။
သိမ်းဆည်းထားတဲ့အချက်အလက်တွေအရဆိုရင် ကြည်လင်ကောင်းကင်မျိုးနွယ်စုက အမျက်ဒေါသကျောင်းတော်နဲ့ အချိန်ကာလအတူတူလောက်မှာ ပေါ်ပေါက်လာခဲ့တာပါ။ ဒါ့အပြင် တည်ရှိခဲ့တာနှစ်ပေါင်းတစ်သောင်းကျော်နေလောက်ပါပြီ။ သူတို့ရဲ့သမိုင်းကြောင်းက ခန္ဓာကိုယ်မျိုးနွယ်ထက်တောင် ရှည်လျားပါသေးတယ်။ နှစ်ပေါင်းတစ်သောင်းမတိုင်ခင်တုန်းက ကြည်လင်ကောင်းကင်မျိုးနွယ်စုဆိုတာလောကနံပါတ်တစ်လက်နက်မျိုးနွယ်စုတစ်ခုပါပဲ။ ဒါ့အပြင် သူတို့တွေက ရတနာခုနှစ်သွယ်မျိုးနွယ်စုထက်တောင် ပိုပြီးတော့ကျော်ကြားပါသေးတယ်။
သူ့ရဲ့အခင်ဆုံးသူငယ်ချင်းက ကြည်လင်ကောင်းကင်မျိုးနွယ်ကဖြစ်နေမယ်လို့ မတွေးထားခဲ့တာအမှန်ပါ။ ဒီလိုဖြစ်ပြီဆိုမှတော့ ၀မ်သုန့်ရဲ့ဒုတိယ၀ိညာဥ်သိုင်းပညာ၀ိညာဥ်က ကြည်လင်ကောင်းကင်မျိုးနွယ်ရဲ့ လူတိုင်အမွေဆက်ခံတဲ့ ကြည်လင်ကောင်းကင်တူပဲဖြစ်လိမ့်မယ်။
မှတ်တမ်းတွေအရဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့ ပထမဆုံးမျိုးနွယ်ထဲက မိစ္ဆာခုနှစ်ဖော်ထဲမှာရှိတဲ့ထန်စန်းကတည်ထောင်သူထန်စန်းက ကြည်လင်ကောင်းကင်မျိုးနွယ်စုကလူပါပဲ။ ဒါ့အပြင် သူ့အဖေကိုကြည်လင်ကောင်းကင်သော့်လော့လို့လူသိများခဲ့ပါတယ်။ သူက အရမ်းကိုအင်အားကြီးတဲ့သူပါ။ ထန်စန်းကလဲ အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူပါပဲ။ အဲ့ဒီသိုင်းပညာ၀ိညာဥ်နှစ်ခုထဲမှာတစ်ခုက ကြည်လက်ကောင်းကင်တူဖြစ်နေခဲ့တယ်။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာလဲ မှတ်တမ်းတင်ထားပါသေးတယ်။ ကြည်လင်ကောင်းကင်မျိုးနွယ်စုက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ထဲကနေ ပျောက်ကွယ်လို့သွားခဲ့တာပါ။ ပြောတာကတော့ မျိုးနွယ်စုလူတွေထဲကတိုက်ကြီးထဲမှာလုံး၀ကို ထွက်ပေါ်လာချင်မရှိတော့ပါဘူး။ ဒါကြောင့်သာ သူတို့ပျောက်ကွယ်သွားပြီ သို့မဟုတ်ရင် မျိုးနွယ်စုတစ်ခုလုံးမျိုးသုန်းသွားပြီလို့တွေးထင်ခဲ့ကြတာပါ။ အခုတော့ဒီကြည်လင်ကောင်းကင်မျိုးနွယ်စုက ဆက်လက်တည်ရှိနေရုံတင်မက အရမ်းကိုအံ့ဖွယ်ရာကောင်းတဲ့ရဲတိုက်ကြီးတစ်ခုကို တိမ်တိုက်ထဲမှာလာပြီဆောက်ထားပါသေးတယ်။
” အခုမှသိတာလား တကယ်နားလည်တာနှေးလိုက်တာ ”
၀မ်သုန့်က တအံ့တဩကြည့်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ အားတင်းပြီရယ်မောရင်း ပြန်ဖြေလာခဲ့တယ်။
” မင်းဘယ်တုန်းကမှ ငါ့ကိုအရိပ်အမြွက်တောင်မှမပေးခဲ့ဘူးလေ ဒီတော့ငါဘယ်လိုများခန့်မှန်းလို့ရနိုင်မှာလဲ ဒီလိုမျိုးအင်အားကြီးမျိုးနွယ်စုတစ်ခုကမှန်း အစကထဲကသိခဲ့မယ်ဆိုရင် ငါသေချာပေါက် အများကြီးဖိအားများခဲ့မှာငါတို့တွေ ”
၀မ်သုန့်က စကားကိုဖြတ်ပြောပါတော့တယ်။
” တခြားသူတွေနဲ့အတူတူ ဘာဖြစ်လို့စကားမျိုးတွေပြောနေတာလဲ ဒီအဆင့်အတန်းတွေဆိုတာက ငါတို့အတွက် အရေးကြီးလို့လား ”
” ဟုတ်သား ငါကဒီအတိုင်းကြောင်ကြောင်အအတွေလျှောက်တွေးနေတာပဲ ဒါကိုအရေးမကြီးဘူးထင်တယ်ဆိုရင်လဲ အရေးမကြီးဘူးလို့ပဲထားလိုက်ပါ ”
” ကြောင်တောင်တောင်ကောင်ဆိုတာက နားထောင်လို့မကောင်းဘူး…ဒီစကားကိုမင်းအနာဂတ်မှာထုတ်မသုံးနဲ့တော့ ဒုတိယအလွှာမှာမင်းနေရမယ် ”
” ကောင်းပြီလေ မပြောတော့ပါဘူး ”
မီးခိုရောင်၀တ်ထားတဲ့လူတွေက သူတို့ဖြတ်သန်းသွားလာတဲ့လမ်းတစ်လျှောက်မှာ သူတို့အရှေ့ကနေခဏခဏဖြတ်သွားခဲ့ပါတယ်။ သူတို့ရဲ့၀ိညာဥ်စွမ်းအားလှိုင်းတွေကနေကြည့်ရုံနဲ့တင် သူအစောပိုင်းကတွေ့ခဲ့တဲ့လူတွေထက် အဆင့်အနှိမ့်ဆုံးသူတွေဆိုတာ ဟို့ယွိဟောင်ပြောနိုင်နေပါပြီ။
ဒီထဲမှာရှိနေခဲ့တဲ့ မီးခိုရောင်၀တ်ရုံ၀တ်ထားတဲ့လူငယ်ရဲ့စွမ်းအားကမြင့်မားပါတယ်။ အနည်းဆုံးသူတို့က ၀ိညာဥ်သူတော်စင်တွေကြီးပါပဲ။ ကြည်လင်ကောင်းကင်မျိုးနွယ်စုက တကယ်ကိုပါရမီရှင်တွေအများကြီးနဲ့ အစွမ်းထက်တဲ့သူတွေကိုအများကြီးမွေးမြူးထားတဲ့နေရာဆိုတာမမှားပါဘူး။ ဒါပေမယ့် ဘယ်လိုလုပ်ဒီလောက်မတ်စောက်တဲ့တောင်ပေါ်မှာလာနေနေကြတာလဲ။ ဟို့ယွိဟောင်ရဲ့ခေါင်းထဲမှာမေးခွန်းတွေက ပြည့်နေခဲ့ပါပြီ။
၀မ်သုန့်က ဟို့ယွိဟောင်ကိုဒုတိယအလွှာဆီခေါ်သွားပြီ အခန်းတစ်ခန်းကိုပြင်ပေးခဲ့ပါတယ်။ ဒီအခန်းကသိပ်ပြီမကြီးမားသလို သိပ်ပြီလဲမကျယ်ပါဘူး။ အိပ်ရာစားပွဲခုံကုလားထိုင်နဲ့ အ၀တ်ဗီရိုတွေက ကျောက်စိုင်ကျောက်သားနဲ့ပြုလုပ်ထားတာပါ။ ပရိဘောဂတွေအားလုံးက အရမ်းကိုရိုးရှင်းပါတယ်။
” ဒီနေရာမှာအခြေအနေတွေကတော့ နည်းနည်းလေးရိုးရှင်းတယ် ပြီရင်း ငါတို့တွေက ရှုပ်ထွေးတဲ့ပစ္စည်းတွေမသုံးဘူး။ စိတ်ထဲမထားဖို့လိုပါတယ် ”
၀မ်သုန့်က တောင်းပန်တဲ့လေသံနဲ့ပြောလာခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။
” အဲ့ဒီလောက်ကြီးယဥ်ကျေးနေဖို့မလိုပါဘူး ငါဒီကြည်လင်ကောင်းကင်မျိုးနွယ်စုထဲမှာ နေခွင့်ရတာနဲ့တင်ဂုဏ်ယူနေရပြီ တကယ်ကိုတိမ်တွေထဲမှာပုန်းနေတဲ့နေရာပဲ ပြန်လာပြီဆိုမှတော့ မင်းမိသားစုနဲ့သွားတွေ့သင့်တယ်မလား ငါကိုဘာမှစိတ်ပူမနေနဲ့ငါခဏလောက်နားချင်တယ် ”
” ကောင်းပြီလေ မင်းဆီကိုအိပ်ရာခင်းနဲ့စောင်တွေခဏနေပို့လိုက်မယ် ”
၀မ်သုန့်က ပြောပြီတာနဲ့ထွက်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်လဲ ၀မ်သုန့်ထွက်သွားပြီတာနဲ့ သူ့ရဲ့အခန်းကိုစတင်ပြီတော့ စုံစမ်းလေ့လာနေခဲ့ပါပြီ။ ဒီအခန်းက စတုရန်မီတာနှစ်ဆယ်ပတ်လည်လောက်ကျယ်ပြီ ကိုယ်ပိုင်ရေချိုးခန်းလဲရှိပါတယ်။ ဒါ့အပြင် ကြည်လင်တောက်ပနေတဲ့ရေတွေအပြည့်နဲ့ ရေကန်ကြီးတစ်ကန်လဲရှိနေခဲ့သေးတယ်။ ဟို့ယွိဟောင်မျက်နှာသစ်ဖို့အတွက် ရေနည်းနည်းကိုယူဖို့ လက်လှမ်းလိုက်ချိန်မှာပဲ လန့်သွားခဲ့ရပါတယ်။
ဒီရေတွေက အေးခဲမတတ်စိမ့်ပြီအေးနေခဲ့တာပါ။ သူ့ရဲ့အဆုံးစွန်းရေခဲထက်တောင် တုန်လို့သွားခဲ့ရပါတယ်။ ဒါကြောင့် ရေတော်တော်များများလဲ သူလက်ထဲကနေအပြင်ကိုလျှံထွက်ကုန်ပါပြီ။
အေးလိုက်ချေလား ဒါဘယ်လိုရေမျိုးလဲ ဟို့ယွိဟောင်တွေဝေလို့နေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီရေတွေနဲ့တော့ကြိုးစားပြီမျက်နှာသစ်လိုက်ပါတယ်။ အေးမြတဲ့လန်းဆန်းမှုက သူ့ရဲ့အရိုးတွေအထဲအထိကို ချက်ချင်းစိမ့်ချမ်းလို့သွားစေခဲ့ပြီ တစ်ကိုယ်လုံးကိုချက်ချင်းဆိုသလို အားပြည့်လာစေခဲ့ပါတယ်။
ဒါပေမယ့် အချမ်းဒဏ်ကြောင့်သူနောက်တစ်ကြိမ် တုန်သွားခဲ့ရပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိရှ်ိသမျှ ပင်ပန်းနွမ်းနယ်မှုတွေအားလုံးကတော့ ဆေးကြောပြစ်ခံလိုက်ရသလို ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အရမ်းကိုပဲ သက်သောက်သက်သာရှိလွန်လှပါတယ်။ ဒီရေနဲ့ထိတွေ့လိုက်ချိန်မှာ ရေခဲကျောက်စိမ်းဧကရီကင်းမြီကောက်ကလဲ အများကြီးစိတ်လှုပ်ရှားလာပါတော့တယ်။ ကြီးမားတဲ့ရုပ်သွင်နဲ့ ဆေးမှင်ကြောင်းကြီးလဲ သူ့ရဲ့နောက်ကျောဖက်မှာ တောက်ပလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ဖြစ်နေတဲ့ကိစ္စကြောင့် အံ့အားသင့်နေခဲ့မိပါတယ်။ သူ့ရဲ့ခြေထောက်အောက်မှာ ရွှေနီရောင်တောက်ပနေတဲ့ ၀ိညာဥ်စက်ကွင်းက ချက်ချင်းဆိုသလို တောက်ပလို့လာခဲ့ပြီ ပတ်ပတ်လည်အခန်းတစ်ခုလုံးကို ရွှေရောင်ပြောင်းသွားစေခဲ့ပါတယ်။
ကြည်လင်ကောင်းကင်ရဲတိုက်ရဲ့တတိယအလွှာမှာတော့ ၀မ်သုန့်က အခန်းတစ်ခန်းထဲကို၀င်သွားရင် မကျေမနပ်နဲ့ပွစိပွစိပြောနေခဲ့ပါတယ်။ သူရဲ့ဒုတိယဦးလေးက အခန်းထဲမှာထိုင်နေခဲ့တာပါ။ နောက်ထပ်လူကြီးတစ်ယောက်ကတော့ အလယ်ခုံကြီးမှာထိုင်နေခဲ့ပါတယ်။ အလယ်ခုံမှာထိုင်နေတဲ့သူကတော့ ခေါင်းတစ်ခုလုံးအစိမ်းရောင်ဆံပင်တွေနဲ့ပြည့်နေတဲ့သူပါ။ သူ့ရဲ့မျက်လုံးတွေကလဲ အစိမ်းရောင်ဖြစ်သလို ရိုးရှင်းပေမဲ့ထူးခြားပြီမဖော်ပြနိုင်လောက်အောင်အားကောင်းတဲ့အရည်အသွေးတွေကိုထုတ်ဖော်လို့နေခဲ့တယ်။ သူက သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကြောက်စရာအင်အားတွေကို ဖိနှိမ့်ထားဖို့အခက်တွေ့နေပုံပါပဲ။
မြင့်မားပြီသန်မာတဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းပုံဖော်ပေးနိုင်တဲ့ အဖြူရောင်စစ်သည်တော်၀တ်ရုံကို၀တ်ဆင်လို့ထားပါတယ်။ လက်ရှိအချိန် သူက တစ်ဖက်လူနဲ့စကားပြောနေခဲ့တာပါ။
” ဘကြီးနဲ့ ဦးလေးတို့ဘာတွေလုပ်နေကြတာလဲ သူက အဝေးကလာတဲ့ဧည့်သည်ပဲလေ ဒုတိယဦးလေးဘာဖြစ်လို့သူ့ကိုဒီလိုခြောက်ရတာလဲ ”
၀မ်သုန့်က ဒေါသတကြီးနဲ့ပြောနေခဲ့တယ်။ တစ်ဖက်လူကတော့ ရယ်နေခဲ့ပါတယ်။
” ရှောင်သုန့် အယ် အိမ်မပြန်လာတာ သိပ်တောင်မကြာသေးဘူး ဒီလောက်ကြီးဒေါသတွေထွက်နေပြီလား ဟုတ်တော့မဟုတ်သေးဘူး…မင်းသူငယ်ချင်းက ငါရဲ့စမ်းသပ်မှုကိုတောင်မဖြတ်နိုင်ဘူးဆိုရင်သေချာပေါက် ရဲတိုက်ထဲ၀င်ဖို့ ဘယ်လိုလုပ်ထိုက်တန်တဲ့သူဖြစ်မှာလဲ သူ့မှာအစွမ်းအစတချို့တော့ရှိသား ဒါပေမယ့် ငါတို့ရှောင်သုန့်နဲ့တော့အဝေးကြီးလိုပါသေးတယ် ”
၀မ်သုန့်ကတော့ မကျေမနပ်နဲ့ပြောလာခဲ့တယ်။
” ဘာလဲသူ့ကိုအဲ့ဒီလောက်ကြီးအထင်သေးလှချေလား ဟို့ယွိဟောင်ကအရမ်းထူးချွန်တယ်.. သူလဲအမြွှာသိုင်းပညာ၀ိညာဥ်ရှိတယ်…ဒုတိယသိုင်းပညာ၀ိညာဥ်က အဆုံးစွန်းရေခဲပဲ အရင်တုန်းကပြန်လာတဲ့တစ်ခေါက်မှာ ပြောဖူးတယ်ထင်တယ်နော် ရွေးချယ်ထားတဲ့သူကို သံသယ၀င်နေကြတုန်းလား ”
အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့သူက ပြုံးပြနေရင်းနဲ့အသံကိုနှိမ့်ကာ ပြောလာခဲ့တယ်။
” ရှောင်သုန့် အရေးလုပ်မနေနဲ့ ရွေးချယ်မှုကိုမယုံကြည့်တာမဟုတ်ဘူး…သေချာလေးစစ်ဆေးပေးတာ ဒါ့အပြင် ဒုတိယဦးလေးက လက်လွန်တဲ့အထိမလုပ်လိုက်ဘူးမလား ဟုတ်တယ်ဟုတ် ”
အဲ့ဒီနောက် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာကပြောင်းလဲသွားပါတော့တယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြရင်း ၀မ်သုန့်ကိုလှမ်းမေးလိုက်တယ်။
” မင်းရဲ့သူငယ်ချင်းကို ဘယ်အခန်းထဲမှာနေဖို့ စီစဥ်ပေးထားတာလဲ ”
” ရေခဲကျောက်စိမ်းအခန်းလေး အစောကထဲကပြေသားပဲ အဆုံးစွန်းရေခဲရှိတယ်လို့ အဲ့ဒီနေရာကသူ့အတွက်အသုံး၀င်မှာပါလို့ ”
တစ်ဖက်လူရဲ့မျက်လုံးတွေက တောက်ပလို့လာခဲ့ပါတယ်။ သူမျက်မှောင်ကြုတ်လိုက်ပြီတဲ့နောက် မေးလာခဲ့တယ်။
” မင်းရဲ့သူငယ်ချင်းအကြောင်းကိုမင်းဘယ်လောက်သိလဲရှောင်သုန့် သူ့ရဲ့နောက်ခံဇစ်မြစ်အကြောင်းကို မင်းဘယ်လောက်သိလဲ ”
” သိသမျှအားလုံး အရင်တစ်ခေါက်ကပြောပြီးပြီလေ သူ့ရဲ့ရှေ့မှာသူ့ရဲ့ဘိုးဘေးရှစ်ဆက်အကြောင်းကို သွားပြီမေးစေချင်တာလား ဘာများဖုံးကွယ်ထားလို့ရဦးမှာလဲ ”
” မင်းရဲ့သူငယ်ချင်းက အရမ်းကိုထူးဆန်းလွန်တယ်…သူ့မှာနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းရှိနေတာကို မင်းသိလား ဒါ့အပြင် သာမန်နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းမဟုတ်ဘူး ငါထင်တာသာမမှားဘူးဆိုရင် အနည်းဆုံးနှစ်ပေါင်းလေးသိန်းသက်တမ်းရှိတဲ့ ၀ိညာဥ်စက်ကွင်းဖြစ်လိမ့်မယ်…အဆင့်လေးဆယ်တောင်မရှိသေးတဲ့၀ိညာဥ်ဘိုးဘေးတစ်ယောက်က ဒီလို၀ိညာဥ်စက်ကွင်းမျိုးကိုပိုင်ဆိုင်နိုင်တာ ဒီလောက်ထူးဆန်းတဲ့မြင်ကွင်းကိုမြင်ဖူးတာပထမဆုံးပဲ ”
အခုအချိန်မှာတော့ ၀မ်သုန့်အံ့ဩရတဲ့အလှည့်ရောက်လာပါပြီ။
” မဖြစ်နိုင်လိုက်တာ ဟို့ယွိဟောင်မှာလျှို့၀ှက်ချက်တွေရှိနေတာသိပေမဲ့ ကျွန်မမှာလဲ ကိုယ်ပိုင်လျှို့၀ှက်ချက်တွေရှိတယ်လေတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ထားပြီ ဒါတွေကိုမမေးပဲထားတာ ဒါပေမယ့် သူ့မှာဘယ်လိုလုပ်နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းရှိနိုင်မှာလဲ သေချာရဲ့လားဒုတိယဦးလေး ”
” အကယ်၍ မင်းရဲ့ဒုတိယဦးလေးသာ မှားတာဖြစ်နိုင်တယ်ဆိုရင်တော့ ငါရောမှားတာဖြစ်နိုင်မလား ဒါကတကယ်နှစ်ပေါင်းလေးသိန်း၀ိညာဥ်စက်ကွင်းပဲ ဒါ့အပြင် သူက ရေခဲကျောက်စိမ်းအအေးခန်းထဲကအအေးဓာတ်ကို လှုပ်ဆော်နိုင်တယ်ဆိုမှတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုထုတ်လွှတ်လိုက်တာပဲဖြစ်ရမယ်…ဒီသိုင်းပညာ၀ိညာဥ်မှာ ၀ိညာဥ်စက်ကွင်းကတစ်ကွင်းပဲရှိတယ်…အဲ့ဒီ၀ိညာဥ်စက်ကွင်းက သေချာပေါက် နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းပဲ ”
” သူကအသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ကလေးတစ်ယောက်ပဲလေ ဒါ့အပြင် အဆင့်လေးဆယ်အထက်ကိုရောက်ခါစပဲရှိသေးဦးမှာ နှစ်လေးသိန်းရဲ့၀ိညာဥ်စက်ကွင်းကိုပိုင်ဆိုင်နိုင်တာတစ်ခုပဲရှိတယ်..အဲ့ဒီနှစ်လေးသိန်း၀ိညာဥ်စက်ကွင်းကသူကိုစတေးပြစ်လိုက်လို့ပဲ..ဒါ့အပြင် အဲ့ဒီ၀ိညာဥ်သားရဲကောင်က သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကိုဖိနှိမ့်ပြီတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာချိတ်ပိတ်စည်းတစ်ခုအဖြစ်ဖန်တီးပေးလိမ့်မယ်…ဒါမှသာ အလိုအလောက်ပေါင်းစည်းနိုင်မှာပါ တကယ်ကြီးဘယ်လိုလူတွေရွေးချယ်ရမလဲဆိုတာမင်းသိခဲ့သားပဲ ”
၀မ်သုန့်ကတော့ အခုအချိန်အထိမယုံနိုင်သေးပါဘူး။
” ဒါပေမယ့် ဘကြီးနဲ့ ဒုတိယဦးလေး ဟို့ယွိဟောင်က ကျွန်တော်အပေါ်မှာတကယ်စစ်မှန်ပြီတော့စိတ်ရင်းမှန်ကန်တယ်ဆိုတာသေချာတယ်…ကျွန်တော်ရဲ့နောက်ခံအကြောင်းကိုလဲ သူဘယ်တုန်းကမှမမေးဖူးဘူး အခုအချိန်ထိလဲ သူဘာမှမသိခဲ့ပါဘူး…ကျွန်တော်ကိုထိခိုက်အောင်လဲ တစ်ခါမှမလုပ်ခဲ့ဘူးဆိုမှတော့ သူ့မှာနှစ်လေးသိန်း၀ိညာဥ်စက်ကွင်းရှိနေတော့ရော ဘာဖြစ်လဲ ”
” မင်းသေချာနားထောင်ဖို့လိုမယ် ရှောင်သုန့်မင်းရဲ့မိဘတွေက သေချာစောင့်ရှောက်စေဖို့အတွက် ငါတို့ကိုမှာကြားထားခဲ့တာ ဒီတော့ငါတို့ကတာ၀န်ယူရမယ်…ဒီလိုထူးဆန်းတဲ့လူတစ်ယောက်နဲ့အတူတူရှိနေခွင့်ခွင့်မပြုနိုင်ဘူး…ဒါပေမယ့် သူ့ရဲ့အစွမ်းအစတွေကိုသေချာသိအောင်လုပ်ရမယ်….ဒီကိစ္စနဲ့ပတ်သက်ပြီ ဘာမှစိတ်မပူနေနဲ့တော့ ငါရဲ့မင်းရဲ့ဒုတိယဦးလေးနဲ့ပေါင်းပြီ ကိုင်တွယ်လိုက်မယ်…မင်းရဲ့ကျင့်ကြံဆင့်ကလဲ ရပ်တန့်နေပြီဒီတော့ဒုတိယဦးလေးက မင်းကိုအဆင့်တက်တဲ့အခန်းဆီခေါ်သွားပြီ သင့်တော်တဲ့၀ိညာဥ်စက်ကွင်းကို ရှာဖွေပေးလိမ့်မယ် ”
၀တ်ရုံဖြူလူက ၀မ်သုန့်ကိုပြောလာခဲ့ပါတယ်။
အပိုင်း ၁၉၃•၂ ပြီး၏။