Switch Mode

Chapter – 193.1

ဦးလေးနှစ်ယောက်လား

အပိုင်း ၁၉၃•၁

” ဦးလေးနှစ်ယောက်လား ”
°°°
သူဘေးပတ်လည်မှာမီးခိုရောင်၀တ်လူတွေပြည့်နေတာကို ရှာဖွေတွေ့ရှိသွားပါတော့တယ်။ အားလုံးက သူ့ကိုမိစ္ဆာတစ်ကောင်မြင်ရတဲ့အတိုင်းကြည့်နေကြတာပါ။ အစောပိုင်းကဖြစ်သွားတဲ့ကိစ္စကို သူတို့လဲမတွေးတတ်ကြပါဘူး။

သူ့ဘေးနားမှာရှိနေတဲ့ ၀မ်သုန့်တောင်ဘာဖြစ်သွားမှန်းမသိတာအမှန်ပါ။

” ယွိဟောင်အဆင်ပြေရဲ့လား ”

၀မ်သုန့်က အသံကိုခပ်တိုးတိုးပြောနေခဲ့သလို အခုလက်ရှိအချိန်မှာ ဟို့ယွိဟောင်အရမ်းသတိကြီးကြီးဖြစ်သွားတာကိုလဲ ထိန်းပေးလိုက်ပါတယ်။

” ငါအဆင်ပြေတယ် တစ်ခုခုကိုရုတ်တရက်နားလည်သွားသလိုပဲ ဒါကငါတို့ဆရာပြောပြောနေတဲ့ ရုတ်တရက်အသိဉာဏ်အလင်းပွင့်ဆိုတာပဲ ဖြစ်လိမ့်မယ် ”

ဟို့ယွိဟောင်က သူ့ခေါင်းသူကုတ်နေရင်းနဲ့ ပြောလာခဲ့ပါတယ်။

” မင်းဒါကြီးပြောနေတာမရှက်ဘူးလား ဒီလိုမျိုးရုတ်တရက်အသိဉာဏ်အလင်းပွင့်တာကောင်းပေမဲ့ ငါအရမ်းစိုးရိမ်သွားခဲ့တာ ကံကောင်းပေလို့ အချိန်သိပ်မကြာလိုက်ဘူး ”

” ဒီလိုဖြစ်တာနဲ့ငါလဲအခွင့်အရေးကို ကောင်းကောင်းယူရတယ်လေ တောင်းပန်ပါတယ်…ဒါနဲ့ ဒါကမင်းရဲ့မိသားစု၀င်တွေလား ”

မီးခိုရောင်လူတွေကိုလက်ညိုးထိုးပြရင်း ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ ၀မ်သုန့်က ခေါင်းညိတ်ရင်းနဲ့ပြန်ဖြေလာခဲ့တယ်။

” ဟုတ်တယ် ”

အဲ့ဒီနောက် မီးခိုရောင်၀တ်လူတွေအားလုံးကို သူကြည့်ရင်းပြောလိုက်ပါတော့တယ်။

” အားလုံးကျေးဇူးပါ ပြန်လို့ရပါပြီ ”

” ဟုတ်ကဲ့ပါ ”

မီးခိုရောင်၀တ်လူတွေအားလုံးက တစ်ညီတစ်ညွှတ်ထဲပြောလိုက်ကြပါတယ်။ သူတို့ရဲ့အသံတွေကတစ်ညီတစ်ညွှတ်ထဲရှိနေခဲ့သလို ဘယ်သူကမှလဲ မေးခွန်းမမေးကြပါဘူး။ သူတို့အားလုံးက ၀မ်သုန့်ကိုအများကြီးလေးစားပုံပါပဲ။ ကောင်းကင်ပေါ်မှာခုန်လွှားရင်နဲ့ တိမ်တွေထဲမှာပျောက်ကွယ်သွားခဲ့ကြပါပြီ။

ဟို့ယွိဟောင်လဲ သူတို့အရှိန်နှုန်းကိုကြည့်ရင်းနဲ့ သူတို့အားလုံးက အနည်းဆုံး၀ိညာဥ်ဘုရင်တွေဖြစ်မယ်ဆိုတာ နားလည်လို့သွားခဲ့တယ်။ လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက အတော်လေးကျက်သရေရှိသလို ခန္ဓာကိုယ်တွေကလဲအင်မတန်ကိုမြန်ဆန်ပါတယ်။ ကျင့်ကြံမှုကတော့ အတော်ကိုမြင့်မားမှာအသေအချာပါပဲ။ ဒါ့အပြင် သူတို့တွေက သဏ္ဍာန်မဲ့တဲ့၀ိညာဥ်စွမ်းအားတွေကိုသုံးမနေခဲ့ကြတာသတိထားမိပါတယ်။

” မေးခွန်းတွေမမေးသေးနဲ့ဦး ငါအိမ်ရောက်ရင်အကုန်သိသွားလိမ့်မယ် ”

သူပြောပြီတဲ့နောက် ဦးဆောင်ရင်နဲ့တောင်လမ်းတွေဆီကို စပြီတက်ပါတော့တယ်။ ဟို့ယွိဟောင်လဲ အခုအချိန်မှာမစောင့်၀ံ့ပါဘူး။ ဒါကြောင့် အနောက်ကနေခပ်မြန်မြန်ပဲကပ်လိုက်လာပါတော့တယ်။ သူတို့တွေတိမ်အလွှာထဲ၀င်သွားတာနဲ့ ၀မ်သုန့်က ဟို့ယွိဟောင်လက်ကိုရုတ်တရက်ဆွဲကာပြောလာခဲ့တယ်။

” ဘယ်သွားရမလဲဆိုတာ ငါလမ်းပြပေးမယ်…ဒီမြူခိုတွေထဲမှာလမ်းပျောက်သွားဖို့ဆိုတာက လွယ်လွယ်လေးပဲ ဒါကငါမိသားစုရဲ့ အလိုအလောက်ခုခံရေးစနစ်ထဲမှာပါတယ်…ခြေတစ်လှမ်းမှားသွားတာနဲ့ တောင်အောက်ကိုပြုတ်ကျသွားမှာ ”

” ငါလမ်းကိုရှာဖို့မျက်လုံးသုံးဖို့မလိုဘူးဆိုတာ မင်းမေ့နေတဲ့ပုံပဲ”

” စိတ်၀ိညာဥ်ထောက်လှမ်းမှုကို သုံးဖို့ကြိုးစားကြည့်ကြည့်လေ ဒါပေမယ့် သုံးလို့ရမှာမဟုတ်ဘူး ”

ဟို့ယွိဟောင်လဲ ဒီစကားကိုကြားချိန်မှာ မကျေမနပ်နဲ့စတင်ပြီလေ့လာကြည့်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို တစ်စုံတစ်ရာက တားဆီးနေသလိုပါပဲ။ သူက သူ့ကိုယ်သူအရမ်းယုံကြည်ချက်ရှိပေမဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုစတင်ပြီပတ်၀န်းကျင်ကိုစူးစမ်းလေ့လာချိန်မှာတော့ တကယ်ကြီးအရမ်းကိုလန့်သွားခဲ့ရပါတယ်။ သူ့ပတ်၀န်းကျင်တစ်ခုလုံးက ဘာမှမရှိတော့တဲ့အတိုင်း ဗလာဟင်းလင်းကြီးဖြစ်နေတာပါ။ သူဘာကိုမှခံစားလို့မရပါဘူး သူကိုယ်တိုင်နဲ့ ၀မ်သုန့်ရဲ့တည်ရှိမှုကိုပါခံစားလို့မရအောင်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေကတိမ်တွေတိမ်တိုက်တွေထဲမှာလွှင့်မျောနေသလိုပါပဲ။ သေချာပေါက် မြေပြင်မှာရပ်နေပေမဲ့ မြေပြင်ကိုတောင်ရှာမတွေ့တဲ့အနေအထားဖြစ်နေခဲ့ပါတယ်။

ဟို့ယွိဟောင် ချက်ချင်းဆိုသလို သူ့ရဲ့ကံကြမ္မာမျက်လုံးကိုဖွင့်လိုက်ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ပတ်သက်ပြီ ဘယ်တုန်းကမှသူ့အမှားမလုပ်မိဖူးပါဘူး။ ဒါကြောင့် သူ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ဒီနေရာမှာ အသုံးမချနိုင်တာဘယ်လိုမှလက်မခံနိုင်ပဲဖြစ်နေခဲ့တယ်။

ကံကြမ္မာမျက်လုံးကို အသုံးချနိုင်မှာတောင် ဘာကိုမှရှာမတွေ့တဲ့အတွက် သူပိုပြီးတော့ ထိတ်လန့်လာခဲ့ရပါတယ်။ သူ့ပတ်၀န်းကျင်မှာတိမ်တွေအရောင်ပြောင်းသွားတာကလွဲပြီ ဘာမှထူးထူးခြားခြားမတွေ့ပါဘူး။

ကံကြမ္မာမျက်လုံးကို သုံးလိုက်ချိန်မှာချက်ချင်းဆိုသလို တိမ်တွေအားလုံးက ရွှေရောင်ပြောင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီတိမ်တွေရဲ့ကံကြမ္မာကိုတောင် သူမဖမ်းဆုပ်နိုင်ဘူးလို့ထင်နေခဲ့ရတယ်။ သူဘယ်လိုပဲကြိုးစားနေပါစေ ဘာကိုမှမမြင်ရပါဘူး။ ဒီတိမ်တွေကသူ့ကိုအဆုံးမဲ့တဲ့သမုဒ္ဒရာထဲနစ်သွားသလို ခံစားချက်ကြီးပေးနေခဲ့ရတယ်။

” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

” လျှို့၀ှက်ချက်ပဲ လာသွားကြမယ် ”

၀မ်သုန့်လဲ ​သူ့ကိုဆွဲခေါ်သွားပြီ ပြောလိုက်ပါတော့တယ်။ ဟို့ယွိဟောင်လဲ နောက်ကလိုက်သွားရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ လမ်းကမချောမွေ့သလို ကျောက်တုံးကျောက်ဆောင်တွေကအပြည့်ဖြစ်နေခဲ့တယ်။ ဒါ့အပြင် လမ်းကြောင်းကလဲသိပ်ပြီမရှင်းလင်းဘူးဖြစ်နေတယ်။ အကယ်၍ ၀မ်သုန့်သာ သူ့ကိုလမ်းညွှန်မပေးခဲ့ဘူးဆိုရင် သေချာပေါက် ရှေ့ဆက်သွားဖို့က အတော်လေးအခက်တွေ့မှာပါ။

” ငါတို့ပျံသွားလို့မရဘူးလား မင်းရဲ့ အိမ်ပတ်လည်မှာရှိတဲ့တိမ်တွေက အတော်ကိုကောက်ကျစ်တာပဲ ”

၀မ်သုန့်က ရယ်မောရင်းပြန်ဖြေလာခဲ့တယ်။

” ပျံလို့တော့ရတယ်…တကယ်တော့ တိမ်တွေကအဓိကတောင်ထိပ်ပတ်လည်မှာပဲရှိတာ ဒါ့အပြင် သူတို့ရဲ့အကျိုးသတ္တိကလဲ ထူးခြားတယ်လေ ဒါပေမယ့် ဒီတိမ်တွေထဲမှာ သတ်ဖြတ်ရေးသတ္တ၀ါတွေလို့ခေါ်တဲ့ငှက်အမျိုးအစားသားရဲကောင်တွေက နေနေကြတယ်…ဒါ့အပြင် တော်တော်များများက နှစ်တစ်သောင်းသားရဲကောင်တွေကြီးပဲ အုပ်စုလိုက်လဲပျံသန်းနေကြတာဆိုတော့ဖြတ်သန်းသွားလာဖို့သိပ်ပြီမလွယ်ဘူး ”

” ငါဒီကိုလိုက်လာမိတာအခုတော့ ရုတ်တရက်ကြီးနောင်တတွေရလာပြီ ဒါကိုမင်းအိမ်လို့ခေါ်နိုင်ပါ့ဦးမလား ဒါက ခြင်္သေ့တွေရဲ့အသိုက်ကြီးတွေလိုပဲ ”

” ကိုယ်ပြောတဲ့စကားကိုသတိထားနော် အကယ်၍ ငါရဲ့ဘကြီးနဲ့ ဒုတိယဦးလေးသာကြားသွားရင် မင်းကောင်းကောင်းမနေရပဲဖြစ်သွားလိမ့်မယ် ”

” ဘကြီးနဲ့ ဒုတိယဦးလေးတဲ့လား ”

ဟို့ယွိဟောင်တအံ့တဩပြန်မေးမိခဲ့ပါတယ်။

” ဒါဆိုရင် မင်းမှာအဖေနှစ်ယောက်ရှိနေတာလား ”

” ဖွီး မင်းသာအဖေနှစ်ယောက်ရှိနေတာ တကယ်တော့ ”

သူ့အသံကရုတ်တရက်ဆိုသလို စိတ်ကောက်တဲ့လေသံပြောင်းသွားခဲ့ပါတော့တယ်။

” ငါအဖေကဘယ်သူလဲဆိုတာ ငါမသိဘူး…ဘကြီးနဲ့ ဒုတိယဦးလေးက ငါအဖေရဲ့အစ်ကိုကြီးလို့ပြောတယ်…ဒါပေမယ့် ငါအဖေရော ငါအမေရောမမြင်ဖူးဘူးလေ ဒီဘကြီးနဲ့ ဦးလေးကပဲငါကိုစောင့်ရှောက်လာတာ ငါကိုပြောပြဖူးတယ်…အဖေနဲ့ အမေကဟိုအဝေးကြီးမှာရှိနေတာတဲ့ ဒါပေမယ့် ငါတဖြည်းဖြည်းချင်းအရွယ်ရောက်လာတော့ မိဘတွေဘယ်မှာရှိနေလဲဆိုတာ တွေးတော့တွေးမိပါတယ် ”

ဟို့ယွိဟောင်က ၀မ်သုန့်လက်ကိုခပ်မြန်မြန်ပဲဖမ်းဆွဲလိုက်ပြီတဲ့နောက် သူပြောလာခဲ့တယ်။

” ဦးလေးနဲ့ ဒေါ်လေးနှစ်ယောက်အဆင်ပြေမှာသေချာပါတယ်…၀မ်သုန့်အဲ့ဒီလောက်ကြီးမတွေးပါနဲ့ ”

၀မ်သုန့်လဲသက်ပြင်းချရင်း ကောင်းပြီလို့သာပြန်ဖြေခဲ့တယ်။ အခုလက်ရှိအချိန်မှာ သူကအိမ်ကိုပြန်လာရတဲ့အတွက် အတော်လေးပျော်နေခဲ့တာပါ။ ဒါပေမယ့် အစောပိုင်းစကားတွေကြောင့် သူစိတ်မကောင်းဖြစ်သွားပုံပါပဲ။

°°°
သူတို့ရှေ့မှာရှိတဲ့လမ်းကြောင်းက ခပ်မြန်မြန်ပဲ ရှင်းလင်းလို့သွားပါတော့တယ်။ ပတ်၀န်းကျင်တိမ်တွေက အခုလက်ရှိအချိန်မှာ ခြေထောက်အောက်ကိုရောက်သွားခဲ့ပါပြီ။ တိမ်ပင်လယ်ကြီးရဲ့အထက်မှာ ရပ်နေရတာကအတော်ကောင်းတဲ့ခံစားချက်ပါပဲ။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာလဲ ထူးဆန်းတဲ့အလင်းတန်းတွေက တောက်ပလာပါတော့တယ်။

၀မ်သုန့်က သူ့ကိုဒီအတိုင်းကြီးသာစိုက်ကြည့်နေခဲ့တယ်။ ဒီကောင်နောက်ထပ်တစ်ကြိမ် အသိဉာဏ်ပွင့်လာဦးမလား ကံမကောင်းစွာနဲ့ပဲ ဒီလိုကံကြမ္မာကောင်းက အလွယ်လေးပေါ်မလာတတ်တာအမှန်ပါ။ ဟို့ယွိဟောင်က သူ့ရှေ့မှာရှိနေတဲ့အံ့ဩစရာကောင်းတဲ့မြင်ကွင်းကြောင့် တခဏတာမင်သက်အံ့ဩနေမိရုံပါပဲ။ သူအဝေးကိုကြည့်လိုက်ချိန်မှာတော့ နန်းတော်ကြီးတစ်ခုရှိနေတာကို တွေ့လိုက်ရပါတော့တယ်။

အမှန်တကယ်ပါပဲ သူ့ရဲ့ခေါင်းအထက်မီတာသုံးရာကျော်မှာခန့်ညားတဲ့နန်းတော်ကြီးတစ်ခုရှိနေခဲ့တာပါ။ ဒီနန်းတော်ကြီးက လုံး၀တိမ်ပင်လယ်ကြီးရဲ့အထက်မှာရှိနေတာအမှန်ပါပဲ။ မီးခိုရောင်ရဲတိုက်ကြီးက ရှေးကျနေခဲ့သလို လောကကြီးထိပ်ဆုံးမှာရှိနေတယ်ဆိုတဲ့ခံစားချက်နဲ့အတူ အားလုံးကိုထိန်းချုပ်နိုင်မဲ့ပုံပေါ်နေခဲ့တယ်။ ဒီလောက်ခက်ခဲမတ်စောက်တဲ့နေရာမှာဘယ်လိုများ ကြီးမားတဲ့ရဲတိုက်ကြီးကို ဆောက်ထားရသလဲဆိုတာ ဟို့ယွိဟောင်တွေးတောင်မတွေးတတ်တော့ပါဘူး။

နေလနိုင်ငံတော်ရဲ့အဆောက်အအုံတွေကြောင့် သူကအမြဲတမ်းတအံ့တဩရှိနေခဲ့ရတာပါ။ သူလဲ အဲ့ဒီခေတ်ရှေးပြေးနေတဲ့အဆောက်အအုံတွေအားလုံးက နေလနိုင်ငံတော်ရဲ့ယဥ်ကျေးမှုကိုဖော်ပြနေသလိုပါပဲ။ အခုလက်ရှိတောင်ထိပ်ပေါ်မှာရှိနေတဲ့ ရဲတိုက်ကြီးကတော့ အံ့ဖွယ်ရာကြီးတစ်ခုလို့ပြောလို့ရနိုင်ပါတယ်။

၀ိညာဥ်လက်နက်တွေရဲ့ဖွံ့ဖြိုးတိုးတက်လာမှုက နိုင်ငံတော်ကြီတစ်ခုကိုဖော်ပြနေပါတယ်။ ဒီလိုမျိုးမတ်စောက်တဲ့တောင်ပေါ်မှာရဲတိုက်တစ်ခုလာဆောက်တာကတော့ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် အမှန်တရားကတော့သူရှေ့မှာရှိနေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိပဲယုံကြည်လိုက်ရပါတော့တယ်။

၀မ်သုန့်ကသူ့ကိုဦးဆောင်ပြီတောင်ထိပ်ပေါ်ဆီကိုခေါ်ဆောင်လာခဲ့ပါတယ်။ မီတာရာချီဆိုတာက သူ့တို့အတွက်ဘာမှမဟုတ်တဲ့ခရီးတစ်ခုပါ။ ဒါကြောင့် တောင်ထိပ်ပေါ်ကိုရောက်ဖို့အတွက်သိပ်ပြီမကြာခဲ့ပါဘူး။

ဒီတောင်ပေါ်မှာလေတွေက အရမ်းကိုပြင်းထန်လွန်လှပါတယ်။ ဒါ့အပြင် သိပ့်သည်းစိုစွတ်လို့နေခဲ့ပြီ လူကိုအေးစိမ့်လို့သွားစေခဲ့တယ်။ ဒါပေမယ့် ဘယ်လောက်ပဲလေပြင်းထန်ပါစေ ရဲတိုက်ကြီးကတော့ အဲ့ဒီနေရာမှာမောက်မာ၀င့်ကြွားမှုအပြည့်နဲ့ ခန့်ခန့်ညားညားရှိနေဆဲပါ။ ရဲတိုက်ကြီးရဲ့ဂိတ်တံခါးကတော့ အမိုးခုံပုံသဏ္ဍာန်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အပေါ်မှာလဲ စာလုံးတချို့ရေးထွင်းထားခဲ့တယ်။ ကြည်လင်ကောင်းကင်ရဲတိုက်။

ဟို့ယွိဟောင်ကြည့်နေရင်းနဲ့ အနည်းငယ်ရင်းနှီးလာသလိုခံစားရပါတယ်။

” မင်းအရင်၀င်ပါ ”

၀မ်သုန့်ကဟို့ယွိဟောင်ကိုအရင်၀င်ဖို့ပြောလိုက်ပါတယ်။ ဒါ့အပြင် သူရဲ့မျက်နှာပေါ်မှာလဲ ဂုတ်ယူ၀င့်ကြွားမှုအပြည့်နဲ့ အပြုံးတစ်ခုကရှိနေခဲ့တယ်။

ဟို့ယွိဟောင်ကတော့ရယ်ရင်းနဲ့သာ ပြန်ပြောလာခဲ့တယ်။

” ငါမ၀န်ခံချင်ပေမဲ့ ငါတကယ်အံ့ဩမိတယ်ဆိုတာကတော့ တကယ်ပါ ငါကောင်ရာ မင်းကငါကိုတကယ်တအံ့တဩဖြစ်စေတာပဲ ”

” ငါအိမ်ခေါ်လာတာ မင်းကပထမဆုံးလူပဲ ပုံမှန်ဆိုဒီကိုဧည့်သည်လာလေ့မရှိဘူး ”

” ဒီလောက်ကြောက်စရာကောင်းတဲ့တိမ်ပင်လယ်ကြီးရှိနေတာနဲ့တင် ဧည့်သည်တွေမလာလောက်ဘူးဆိုတာ ငါသေချာသိတယ် ”

” ငါတို့မှာ ဧည့်သည်မလာဘူးလို့ဘယ်သူပြောတာလဲ ”

ဒီအချိန်မှာပဲ ကြည်လင်ပြတ်သားပြီနက်ရှိုင်းလွန်လှတဲ့အသံက ရဲတိုက်ထဲကနေထွက်ပေါ်လာခဲ့ပါတယ်။

ရဲတိုက်ကထွက်လာတဲ့ အရပ်ရှည်ရှည်လူကြီးကြောင့် ဟို့ယွိဟောင်လဲ လန့်သွားခဲ့ရပါပြီ။ ရောက်ရှိလာသူက အရမ်းကိုကြွက်သားအပြည့်နဲ့ တောင့်တင်းခိုင်မာပြီ ခန္ဓာကိုယ်တည်ဆောက်မှုအင်မတန်ကောင်းတဲ့လူကြီးတစ်ယောက်ပါ။ သူ့ရဲ့ခေါင်းပေါ်မှာအပ်တွေလိုထောင်နေတဲ့ ဆံပင်ချွန်ချွန်တွေရှိပါတယ်။ ဒါ့အပြင် အတော်ကိုခမ်းနားတဲ့ရုပ်သွင်ပိုင်ဆိုင်လို့ထားခဲ့ပြီ မျက်နှာရဲ့သွင်ပြင်တစ်ခုချင်းဆီတိုင်းက အတော်ကိုထင်ထင်ရှားရှားရှိနေခဲ့တာပါ။ ဒါ့အပြင် မျက်လုံးတွေကတော့ ညို၀ါရောင်တောက်နေခဲ့ပြီ ရွှေရောင်အလင်းတန်းတချို့လဲလက်နေခဲ့ပါသေးတယ်။ ရှည်လျားတဲ့မီးခိုရောင်၀တ်စုံက သူ့ရဲ့ကြွက်သားတွေကိုဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်သူ့ကိုမြင်ချိန်မှာတော့ ကြောက်စရာကောင်းတဲ့ဖိအားတွေကိုချက်ချင်းခံစားလိုက်ရပါတော့တယ်။ ဒီလူရဲ့မျက်လုံးသူကိုယ်ပေါ်ကျရောက်လာချိန်မှာတော့ ကြောက်စရာကောင်းလွန်လှတဲ့စိတ်၀ိညာဥ်စွမ်းအားရဲ့ဖိအားကိုခံစားလိုက်ရပါတယ်။ ဒီလိုများပြားတဲ့အင်အားကတောင် ဟို့ယွိဟောင်တစ်ကိုယ်လုံးကိုလှိုင်းတွေကတောင် ရိုက်ခတ်နေသလိုပါပဲ။

သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာအိပ်ပျော်နေတဲ့ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးလဲ ချက်ချင်းဆိုသလိုလန့်နိုးလာပါတော့တယ်။ သူတို့တွေက လက်ရှိအချိန်မှာ ဟို့ယွိဟောင်ပြန်လည်ခုခံနေရတဲ့ စိတ်၀ိညာဥ်စွမ်းအားရဲ့အားကောင်းမှုကြောင့် ဘာတွေးလို့တွေးရမှန်းတောင်မသိလို့လန့်နေခဲ့ကြရတယ်။

ဟို့ယွိဟောင်ကလက်ရှိအချိန်မှာ လန့်လွန်လို့တစ်ကိုယ်လုံးရွှေရောင်ပြောင်းသွားခဲ့ပြီဖြစ်သလို သူ့တစ်ကိုယ်လုံးကရွှေရောင်အလွှာတွေဖုံးနေခဲ့ပြီ မျက်တောင်တစ်ခတ်အတွင်းမှာရွှေခြင်္သေ့ရုပ်ထုကြီးတစ်ခုလို ပြောင်းလဲလို့သွားခဲ့ပါတယ်။

ပိုပြီးအံ့ဩစရာကောင်းတဲ့အချက်ကတော့ ခေါင်းအစခြေအဆုံးလေလှိုင်းတွေက ပတ်ပတ်လည်မှာ၀န်းရံထားတာပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ရွှေရောင်အလင်းတန်းက လုံး၀ခိုင်မာလွန်လှတဲ့ အတားအဆီးတစ်ခုအဖြစ်ကို သူကမားမားမတ်မတ်ရှိနေဆဲပါ။ ခန္ဓာကိုယ်ကအနည်းငယ်တုန်နေခဲ့ပေမဲ့ ဒီဖိအားကိုကောင်းကောင်းခုခံနိုင်ပါတယ်။

ဖိအားကသိပ်ပြီမကြာမြင့်ခဲ့ပါဘူး။ နှစ်စက္ကန့်သုံးစက္ကန့်လောက်သာကြာမြင့်တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်တစ်ကိုယ်လုံးချွေးတွေစိုရွှဲသွားစေဖို့အတွက် ဒီအချိန်ကလုံလောက်နေခဲ့ပါပြီ။ တစ်ဖက်လူရဲ့ပြင်းထန်တဲ့ဖိအားကို တစ်မိနစ်တောင်မခံနိုင်ဘူးဆိုတာ သူသိနေခဲ့တယ်။

ဘယ်လိုစွမ်းအားမျိုးက ဒီလောက်တောင်ကြောက်စရာကောင်းရတာလဲ ဟို့ယွိဟောင်ရှေ့မှာရှိနေတဲ့လူကြီးကိုကြည့်ရင်း ချက်ချင်းဆိုသလိုလေးစားသွားမိခဲ့တယ်။

၀မ်သုန့်ကတော့ ဒေါသတကြီးနဲ့ ထအော်ပါတော့တယ်။

” ဒုတိယဦးလေးဘာတွေလုပ်နေတာလဲ အခုမှပြန်လာတာကို ကျွန်တော်သူငယ်ချင်းကိုလာအနိုင်ကျင့်နေပြန်ပါပြီ ”

တစ်ဖက်လူကတော့ ရယ်နေခဲ့ပါတယ်။

” ငါတို့မိသားစုမှာဧည့်သည်မလာဘူးပြောတာ သူအမှားပဲမဟုတ်ဘူးလား ကောင်စုတ်လေး ဒီနေရာကဧည့်သည်တွေကိုလက်မခံတာမဟုတ်ဘူး…ကြည်လင်ကောင်းကင်ရဲတိုက်ကို၀င်ဖို့အတွက် ထိုက်ထန်တဲ့သူများများစားစားမရှိယုံပဲ မင်းရဲ့ဒီအသက်အရွယ်မှာဒီလောက်စိတ်၀ိညာဥ်အဆင့်ရှိနေတာနဲ့တင် ၀င်ဖို့ထိုက်တန်နေပြီ ဟိုအရင်နေ့တုန်းကဆိုရင် ငါမင်းရဲ့စိတ်၀ိညာဥ်စွမ်းအားရှိတဲ့အချိန်တုန်းက ငါအသက်အရွယ်ကအားဟုတ်သား စကားပြောနေတာတွေတော်လောက်ပြီ ၀င်ရအောင် ”

” ဦးလေးကိုဂါရ၀ပြုပါတယ် ”

တစ်ဖက်လူရဲ့အသံကြောင့် သူကရုပ်ရည်သွင်ပြင်မှာထင်သလောက်မနုနယ်ဘူးလို့ သိနေခဲ့တဲ့အတွက် ဂါရ၀ပြုလိုက်ပါတယ်။

” ဒါကငါရဲ့ဒုတိယဦးလေး သူ့ကိုအဲ့လိုခေါ်လဲရပါတယ် ”

တစ်ဖက်လူကြီးကတော့ ဟို့ယွိဟောင်ကိုမျက်စောင်းထိုးနေခဲ့တယ်။

” ငါကိုဒုတိယဦးလေးလို့ခေါ်ဖို့စောလွန်ပါသေးတယ် ကောင်စုတ်လေး ငါရဲ့မျိုးရိုးနာမည်က ထိုက်လို့ခေါ်တယ်…ဒီတော့ ဦးလေးထိုက်လို့ခေါ်ပေါ့ ”

၀မ်သုန့်ကတော့ တစ်ဖက်လူကြီးကိုမကျေမနပ်ကြည့်နေဆဲပါ။ သူဦးလေးကတော့ သူ့ကိုသိပ်ပြီဘာမှဂရုမစိုက်ပါဘူး။

ဟို့ယွိဟောင်လဲ ဒီဦးလေးထိုက်ဆီက ရန်လိုမှုကိုမခံစားရတဲ့အတွက် အေးအေးဆေးဆေးပြန်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့မောက်မာမှုက ကျန်ရှိနေဆဲဖြစ်သလို သူ့ကိုအပြည့်အ၀လက်မခံသေးမှန်လဲနားလည်နေခဲ့ပါတယ်။

အပိုင်း ၁၉၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset