Switch Mode

Chapter – 192.3

တိမ်တွေရဲ့အထက်မှာ

အပိုင်း ၁၉၂•၃

” တိမ်တွေရဲ့အထက်မှာ ”
°°°
” ငါမိသားစုတွေက အတော်လေးဖော်ရွေကြတယ်…မစိုးရိမ်နဲ့ သူတို့တွေက ဓလေ့ထုံထမ်းတွေကိုသိပ်ပြီဂရုမစိုက်ဘူး…မင်းလုပ်ဖို့လိုတာက အဲ့ဒီမှာကောင်းကောင်းရှိဖို့ပဲ ဒါပေမယ့် ငါရဲ့အစ်မက မိသားစုရဲ့ပုလဲရတနာလိုမျိုး တန်ဖိုးထားခံရတဲ့သူနော် အိမ်ပြန်ရောက်တဲ့အချိန် ငါမင်းအကြောင်းကိုပြောပြထားပေးမယ်..မင်းအဲ့ဒီအချိန်ရှိနေတဲ့ကာလပတ်လုံးသူတို့တွေက မင်းကိုစောင့်ကြည့်နေမယ်လို့ ထင်တာပဲ ဒီတော့က်တက်ကြွကြွနေတာပိုကောင်းလိမ့်မယ် ”

၀မ်သုန့်က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။

” သေချာပေါက် အဲ့ဒီလိုနေရမှာပေါ့ ငါကဒီလောက်ကြီးမကျင့်မကောင်းတဲ့သူမှမဟုတ်တာ ”

၀မ်သုန့်က အလေးအနက်နဲ့ပြောလာခဲ့ပါတယ်။

” ယွိဟောင် အကယ်၍ အနာဂတ်မှာမင်းသာငါအစ်မကိုလက်ထပ်ချင်တယ်ဆိုရင် မင်းရဲ့တစ်ဘ၀တာလုပ်ဆောင်ချက်တွေအားလုံးက အတော်လေးကိုထူးခြားနေမှရမယ်..ငါရဲ့မိသားစု၀င်တွေက တော်တော်ကြီးကိုကပ်စီးနည်းတဲ့သူတွေ သူတို့တွေက မင်းကိုအခက်တွေ့လာအောင်လုပ်လာခဲ့မယ်ဆိုရင် ကြောက်လဲမကြောက်နဲ့ အားနည်းနေတာကိုလဲမပြနဲ့ မင်းအတွက်ဖြေဆေးတွေကိုလုပ်ပေးထားမယ်…ငါရဲ့မိသားစု၀င်တွေကလဲ ၀ိညာဥ်ပညာရှင်တွေကြီးပဲ ဒီတော့မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကို သူတို့စစ်ဆေးကြမယ်လို့ငါထင်မိတယ်…ဒါပေါ့ အဓိကသူတို့ဂရုစိုက်တာက လူတစ်ယောက်ရဲ့အကျင့်စရိုက်ပါပဲ ”

၀မ်သုန့်ပြောတဲ့စကားကိုကြားတယ်လို့ ဟို့ယွိဟောင် ပိုပြီးစိတ်ရှုပ်ထွေးလာလေပါပဲ။ ဒါကြောင့် သူမေးခွန်းတွေထပ်ပြီးမေးချင်ပေမဲ့ ၀မ်သုန့်က ဘာမှကိုထပ်မပြောတော့ပါဘူး။ ဒါကြောင့် သူတို့တွေမြန်မြန်ရောက်ဖို့သာ အာရုံပြန်စိုက်လိုက်ပါတော့တယ်။

မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ ကောင်းကင်တစ်လျှောက်ပျံသန်းလာပြီတဲ့နောက် ကျင့်ကြံမှုကွာခြားချက်တွေကြောင့် ၀မ်သုန့်ဝေးကွာလာကို ခံစားလာခဲ့ရတယ်။ ဒါပေမယ့် သူစွမ်းအားတွေကတော့ အရမ်းကိုခံနိုင်ရည်စွမ်းအားရှိနေဆဲပါပဲ။ ဒီလောက်သာသိပ့်သည်းတဲ့၀ိညာဥ်စွမ်းအားတွေမရှိဘူးဆိုရင် သေချာပေါက်၀မ်သုန့်နောက်ကို အကြာကြီးမလိုက်နိုင်တာအမှန်ပါ။ သူတို့နှစ်ယောက်တစ်နာရီခြားတစ်ခါအနားယူရင် ၀ိညာဥ်စွမ်းအားကိုပြန်လည်ဖြည့်တင်းပေးရင် ဆက်တိုက်ပျံသန်းကြပါတယ်။ ကျွီးကျင့်နဲ့တွေ့ဆုံချိန်မှာ အတော်လေးကိုအရေးကြီးသင်ခန်းစာတွေရခဲ့တာကြောင့် ဘယ်လိုပဲအလောကြီးနေပါစေ အင်အားရဲ့ခုနှစ်ဆယ်ရာခိုင်နှုန်းကို ပျံသန်းတဲ့ခရီးတစ်လျှောက်မှာ ချန်ထားဖို့အတွက်သတိကြီးကြီးထားနေခဲ့ကြတယ်။ ဒါမှသာ မမျှော်လင့်ထားတဲ့အခြေအနေတွေကို ရင်ဆိုင်နိုင်မှာပါ။

၀မ်သုန့် ပြောခဲ့သလိုပါပဲ။ သူ့ရဲ့အိမ်ကထျန်းဟွမ်နိုင်ငံတော်မှာရှိနေသလို မြို့တော်ကြီးနဲ့လဲသိပ်မဝေးကွာခဲ့ပါဘူး။ ကြီးမားတဲ့တောင်ကြီးတစ်လုံးက မျက်စိရှေ့ရောက်လာခဲ့ပါပြီ။ တောင်ထိပ်ကအတော်ကြီးကို ခမ်းနားပါတယ်။ ဒါ့အပြင် တောင်ကြောတစ်လျှောက်မြေမျက်နှာပြင်အနေအထားကလဲ အတော်ကိုမတ်စောက်ပြီ အံ့အားသင့်ဖွယ်ရာကောင်းနေခဲ့တယ်။ အနောက်ကနေကြည့်မယ်ဆိုရင် ဒီတောင်ကြီးကသုံးဖက်သုံးတန်းကနေ တိုက်ရိုက်ထိုးတက်သွားတာပါ။ ဓားနဲ့တိတိပြတ်ပြတ်ဖြတ်ထားသလိုပါပဲ။

တစ်ဖက်ထဲကသာ အနည်းငယ်ချောမွေ့နေခဲ့ပြီ ကျန်တဲ့သုံးဖက်ကတော့ အတော်ကိုကြမ်းတမ်းတဲ့ထိပ်ချွန်တွေရှိပါတယ်။ သာမန်လူတွေကတော့ ဒီတောင်ပေါ်ကိုတက်ဖို့အတော်ခက်ခဲမှာပါ။ အောက်ဖက်အနည်းငယ်ပြေပြစ်တဲ့မြေပြင်တစ်လျှောက်မှသာ ဟင်းသီးဟင်းရွက်အနည်းငယ်ပေါက်ရောက်နေတာကို တွေ့ရပါတယ်။

ပတ်၀န်းကျင်တောင်တွေက ဒီမတ်စောက်လွန်လှတဲ့တောင်ထိပ်ကြီးကို ပတ်ပတ်လည်၀န်းရံလို့ထားပါတယ်။ ဒါပေမယ့် ပတ်ပတ်လည်မှာရှိတဲ့ အမြင့်ဆုံးတောင်ကြောတွေကတောင် အလယ်မှာရှိနေတဲ့တောင်ဘုရင်ကြီးရဲ့ တစ်၀က်လောက်သာမြင့်မားကြတာပါ။ တောင်ကြောတွေရဲ့အထက်မှာတိမ်ပင်လယ်ကြီးထဲ၀င်နေခဲ့သလို အောက်ကနေကြည့်နေသူတွေကတော့ တောင်ကြောရဲ့တစ်၀က်အထိသာမြင်ရပါတယ်။ တိမ်ပင်လယ်ရဲ့အထက်မှာဘာတွေရှိနေတယ်ဆိုတာကို အပေါ်မတက်မသွားမချင်မြင်ရမှာမဟုတ်ပါဘူး။

” ဒီနေရာပဲဖြစ်ရမယ်…တကယ်ကိုတိမ်တွေကြားထဲမှာပုန်းအောင်နေတာပါလား ”

ဟို့ယွိဟောင်က သူ့ဘာသာသူခပ်တိုးတိုးပြောနေခဲ့မိပါတယ်။ ၀မ်သုန့်ရဲ့အိမ်နေရာက ဒီလိုထူးခြားတဲ့နေရာတစ်ခုဖြစ်မယ်လို့ခန့်မှန်းဖို့တောင်မလိုခဲ့ပါဘူး။ ဒါပေမယ့် ဒီမိသားစုကဘယ်လိုကြောင့်များ အဲ့ဒီလောက်အမြင့်ကိုတက်နေရတာလဲ ဒီလောက်မတ်နေတဲ့တောင်ကြီးပေါ်မှာတကယ်ပဲ အိမ်သွားဆောက်ထားတာလား။

ဒီလိုမျိုးထူးခြားတဲ့အရာတစ်ခုကိုတွေ့ချိန်မှာ ဟို့ယွိဟောင်ရဲ့ စိတ်ထဲကို၀င်ရောက်လာတဲ့ပထမဆုံးအတွေးတွေကတော့ဒါတွေပါ။ ဒါ့အပြင် ၀မ်သုန့်ရဲ့အိမ်က အဲ့ဒီအပေါ်အထိတက်ရမှာပါ။

၀မ်သုန့်က ရယ်ရင်းနဲ့ပြန်ဖြေလာခဲ့တယ်။

” မှန်တာပေါ့ ပြိုင်တက်ကြတာပေါ့ မင်းရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်က အဲ့ဒီလောက်အထိ ပျံတက်လို့ရမယ်ထင်လား ”

” ပြဿနာရှိလိမ့်မယ်တော့ ငါမထင်ဘူး…ငါတို့အပေါ်ကိုမြင့်မြင့်တက်လေလေ၀ိညာဥ်စွမ်းအားပိုကုန်လေပဲ ငါတို့တောင် အလယ်ခါးပတ်အထိ အရင်ဆုံးပျံတက်ပြီတဲ့နောက် ပြီးမှဖြည်းဖြည်းချင်းတက်ရင်ရော ဒါဆိုရင်အများကြီးပိုလုံခြုံသွားလိမ့်မယ်။

၀မ်သုန့်က ခေါင်းညိတ်ရင်းပြန်ဖြေလာခဲ့တယ်။

” ကောင်းပြီ သွားကြမယ် အိမ်ပြန်ဖို့အချိန်တန်ပြီ ”
သူပြောပြီတဲ့နောက် အရမ်းကိုစိတ်လှုပ်ရှားနေပါတော့တယ်။

သူတို့တွေ၀ိညာဥ်စွမ်းအားကိုထုတ်လိုက်ပြီတဲ့နောက် အချွန်ဆုံးအမတ်စောက်တဲ့တောင်ထိပ်ဆီကို ပျံသန်းလို့သွားခဲ့ပါတယ်။ ဒီအကွာအဝေးက တကယ်လိုက်မိီဖို့ခက်ခဲလွန်လှသလို အမြင်နဲ့ကြည့်မယ်ဆိုရင်ကြီးတယ်ထင်ရပေမဲ့ တကယ်တမ်းမှာတော့ တောင်အလယ်ကိုရောက်ဖို့ဆယ်ငါးမိနစ်တိတိပျံသန်းခဲ့ရပါတယ်။

တောင်ထိပ်အနားကို ရောက်လေလေပိုမိုများတဲ့ဖိအားတွေကိုခံစားရလေပါပဲ။ ခမ်းနားပြီမြင့်မားလွန်လှတဲ့ဒီတောင်ကြီးက မိုးကောင်းကင်နဲ့မြေပြင်ကြားမှာထောက်ပံ့ပေးထားတဲ့ တိုင်လုံးကြီးတစ်လုံးနဲ့တောင်တူနေခဲ့ပါသေးတယ်။

သူတို့တွေချောမွေ့တဲ့ရှောဆောင်တစ်ခုဆီကိုရောက်ချိန်မှာတော့ ၀ိညာဥ်လက်နက်တွေကို ပြန်သိမ်းလိုက်ကြပါပြီ။ ဟို့ယွိဟောင်ဘေးပတ်လည်ကိုကြည့်နေရင်း ခေါင်းပေါ်မှာရှိနေတဲ့တိမ်တွေက လက်မြောက်လိုက်ရုံနဲ့တင် ထိတော့မယ်လို့ခံစားနေခဲ့ရပါတယ်။

ဒီနေရာကြီးက ပင်လယ်ရေမျက်နှာပြင်အထက် မီတာနှစ်ထောင်ကျော်ကိုရောက်နေလောက်ပါပြီ။ ဒါ့အပြင် ဒီတောင်ထိပ်က တိမ်တွေရဲ့ဘယ်လောက်အထိရှိမယ်ဆိုတာ သူတွေးမရပါဘူး။

ထိပ်ဆုံးအထိကိုရောက်ဖို့သူတွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားလာပါတော့တယ်။ ဒါ့အပြင် အောက်ကိုငုံ့ကြည့်လိုက်ချိန်မှာတော့ သေးငယ်တဲ့တောင်တွေကိုရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသလို နှလုံးသားထဲမှာလဲ ထူးဆန်းတဲ့လှုပ်ဆော်မှုတစ်ခုက မြင့်တက်လို့လာခဲ့ပါတယ်။ ကောင်းကင်ကြီးပေါ်မှာ အော်ဟစ်ပြစ်ချင်စိတ်ကို သူတောင့်မခံထားနိုင်တော့ပါဘူး။

သူ့ရဲ့အော်ဟစ်သံက တိမ်တွေကြားမှာပြန့်သွားခဲ့ပြီတဲ့နောက်ပတ်၀န်းကျင်ကမြူခိုတချို့တောင်ပြယ်ထွက်လို့သွားပါတယ်။

ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေကလဲ ရွှေရောင်ပြောင်းသွားခဲ့ပြီ လွှင့်မျောနေတဲ့တိမ်တွေဆီကို အကြည့်ရောက်သွားခဲ့တယ်။ အဲ့ဒီနောက် သူမသိလိုက်ပဲထိုင်ချမိလိုက်ပါပြီ။ ဒီအချိန်အတွင်းမှာ တစ်စုံတစ်ရာကိုနားလည်သဘောပေါက်သွားသလိုပါပဲ။ စိတ်၀ိညာဥ်ပင်လယ်ကလဲ စတင်ပြီလှုပ်ရှားလာခဲ့သလို တိမ်ပင်လယ်ကြီးရဲ့ဖြစ်ပေါ်မှုနဲ့အတူ စတင်ပြီပြောင်းလဲလာခဲ့ပါပြီ။

အဆုံးမဲ့တဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးက လက်ရှိအချိန်မှာ တွေးကြည့်မယ်ဆိုရင် တိမ်ပင်လယ်ကြီးတစ်ခုလဲဖြစ်နိုင်ပါတယ်။ အဲ့ဒီနေရာမှာ သူထိုင်ချလိုက်ရင်း တောက်ပတဲ့မျက်လုံးတွေနဲ့ အဝေးကိုကြည့်ကာခန္ဓာကိုယ်တစ်ခုလုံးလဲ လှုပ်ရှားတဲ့နေရာကနေ ရပ်တန့်လို့သွားပါတော့တယ်။

ဟို့ယွိဟောင် ဒီလိုထိုင်ချလိုက်ချိန်မှာပဲ ၀မ်သုန့်ကအနီးအနားတောင်ပေါ်ကိုရောက်ရှိလို့လာခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ရုတ်တရက်အပြောင်းအလဲကို သူချက်ချင်းဆိုသလို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ တခြားသူသာဖြစ်မယ်ဆိုရင် ဟို့ယွိဟောင်ကိုတောင်ပေါ်မြန်မြန်တက်ဖို့ပြောမှာပါ။ ဒါပေမယ့် သူတော့မပါပါဘူး။ ဟို့ယွိဟောင်နဲ့ပတ်သက်ပြီအရမ်းကိုရင်းနှီးတဲ့အတွက် သူ့ရဲ့မျက်လုံးတွေကိုကြည့်လိုက်ချိန်မှာပဲ တစ်ခုခုဖြစ်နေတာကိုနားလည်သွားပါတော့တယ်။ ရုတ်တရက်အသိဉာဏ်ပွင့်လာတာလား။ ဒါက ငါတို့ဆရာပြောတဲ့ ဉာဏ်အလင်းပွင့်ကြီးလား။

အကြီးအကဲမုတစ်ချိန်တုန်းကပြောခဲ့ဖူးပါတယ်။ ၀ိညာဥ်ပညာရှင်တွေက ဒီလိုရုတ်တရက်အသိဉာဏ်အလင်းပွင့်မှုတစ်ခုကနေ ဆယ်နှစ်ကျင့်ကြံမှုနဲ့ညီမျှတဲ့စွမ်းအားတိုးတက်မှုကိုရရှိပိုင်ဆိုင်နိုင်ပါတယ်။ ဒါကမင်းရဲ့ကျင့်ကြံဆင့်ကို မြင့်တင်ပေးမှာမဟုတ်ပေမဲ့ ဆယ်နှစ်တာလုံးလုံးမချိုးဖောက်နိုင် နားမလည်နိုင်တဲ့ကန့်သတ်ချက်တွေကို ဖယ်ရှားရှင်းလင်းပြစ်နိုင်ဖို့အတွက် အ​ရေးကြီးတဲ့အခိုက်အတန့်ပါ။ စိတ်၀ိညာဥ်ပညာရှင်မျိုးဖြစ်တဲ့ ဟို့ယွိဟောင်လိုလူမျိုးအတွက်ဒီလိုမျိုးကန့်သတ်ချက်တွေကိုချိုးဖောက်ပြီအမြင်ကျယ်ပြန့်လာတာက ပိုပြီးတော့အ​ရေးကြီးပါသေးတယ်။

ကျွီကျွယ်ချန်ကိုထိန်းချုပ်ဖို့အတွက် သူ့ရဲ့ဧကရာဇ်နယ်မြေကိုသုံးနိုင်ခဲ့တာက ဘာကြောင့်များလဲ ဒီဧကရာဇ်နယ်မြေက ကျွီကျွယ်ချန်ကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ ဓားသွားမန္တန်တွေထက်အများကြီးပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုမှာရှိနေခဲ့လို့ပါပဲ။

ဟို့ယွိဟောင်မှာတကယ်ကိုထူးချွန်တဲ့ ဆရာတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲမုက သူ့ကိုသူ့နည်းလမ်းနဲ့လျှောက်လမ်းဖို့အတွက် လမ်းညွှန်ပေးခဲ့တာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ကိုသူကိုယ်တိုင်အတွက်အသင့်တော်ဆုံးဖြစ်မဲ့လမ်းကို ရှာဖွေစေဖို့အတွက် ညွှန်ပြပေးခဲ့တာပါ။

ဒီအချိန်မှာ သူကရုတ်တရက်ဉာဏ်အလင်းပွင့်မှုကိုရရှိခဲ့ပါပြီ။ ၀မ်သုန့်လဲအနည်းငယ်စိတ်ညစ်သွားခဲ့ပေမဲ့ ပြန်တွေးကြည့်ချိန်မှာတော့သူ၀မ်းသာလာပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ကို နှောင့်ယှက်တာမျိုးမလုပ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ အကယ်၍ အခုအခွင့်အရေးကိုသာလွဲချော်သွားခဲ့မယ်ဆိုရင် နောက်ထပ်ဉာဏ်အလင်းပွင့်မှုက ဘယ်အချိန်လောက်ရောက်ရှိကြုံတွေ့လာရမလဲဆိုတာ မသိနိုင်ပါဘူး။

တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီ ၀မ်သုန့်လဲတောင်အလွှာတွေဆီကို ပျံသန်းလို့သွားပါတော့တယ်။ တခဏတာကြာပြီတဲ့နောက် သူပြန်ဆင်းလာခဲ့ပြီ ဟို့ယွိဟောင်ဘေးမှာထိုင်ရင် တိမ်ပင်လယ်ကြီးကိုထိုင်ကြည့်တော့တယ်။

အဲ့ဒီအချိန်မှာပဲ များပြားလွန်လှတဲ့မီးခိုရောင်လူတွေက တိမ်တွေကြားထဲမှာထွက်ပေါ်လာခဲ့ပြီ ဟို့ယွိဟောင်ကိုဗဟိုပြုရင်း ၀န်းရံလိုက်ကြပါပြီ။ ၀မ်သုန့်ကတော့ သူတို့ကိုအချက်ပြလိုက်ပါတယ်။ သူတို့တစ်ယောက်ချင်းဆီတိုင်းက အရမ်းကိုစိတ်ဓာတ်တက်ကြွနေခဲ့ကြပြီ အသက်ဆယ်ငါးနှစ်နဲ့ သုံးဆယ်ကြားအရွယ်တွေဖြစ်နေခဲ့ပါတယ်။ သူတို့အားလုံးက အရမ်းကိုတောက်ပလန်းဆန်းနေကြသလို အယောက်နှစ်ဆယ်ကျော်က ခပ်မြန်မြန်ပဲ အတော်လေးကိုထူးခြားတဲ့ဗျူဟာတစ်ကွက်ကိုခင်းလိုက်ကြတယ်။ ၀မ်သုန့်ကတော့ ခပ်တိုးတိုးလေးညွှန်ကြားနေခဲ့ပါတယ်။

” ဒီနေရာမှာသူ့ကိုကာကွယ်ဖို့ရှိနေကြ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ်သူ့ကိုမနှောင့်ယှက်စေနဲ့ နားလည်ကြလား ငါဘကြီးနဲ့ ဒုတိယဦးလေးဆီသွားတော့မယ် ”

မီးခိုရောင်၀တ်လူတွေအားလုံးက သူ့ကိုတလေးတစားဦးညွတ်လိုက်ပါတယ်။ အသံတစ်သံတောင်မထွက်ကြပဲနဲ့ ဟို့ယွိဟောင်ကိုကာကွယ်ဖို့အသင့်ပြင်လိုက်ကြတယ်။

၀မ်သုန့်လဲ ဟို့ယွိဟောင်ကိုနောက်တစ်ကြိမ်ကြည့်လိုက်ပြီတဲ့နောက် တိမ်တွေဆီကိုပြန်ထိုးတက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကိုယ်တိုင်လဲ သူဒီလိုအခြေအနေရောက်နေတာကို သတိတောင်မထားမိပါဘူး။ သူခံစားမိတဲ့တစ်ခုတည်သောအရာကတော့ စိတ်တစ်ခုလုံးဟာလာဟင်းလင်းဖြစ်သွားတာပါ။ စိတ်၀ိညာဥ်ပင်လယ်ကြီးက စည်းချက်ကျကျလှုပ်ခတ်တုန့်ပြန်နေခဲ့ပြီ မူလအချိန်မှာအရည်တွေအပြည့်ရှိနေတဲ့စိတ်၀ိညာဥ်ပင်လယ်က လက်ရှိအချိန်မှာ ရွှေရောင်မြူခိုတွေအဖြစ်ပုံပြောင်းလို့သွားခဲ့ပါပြီ။ ဒီမြူခိုတွေကအတော်ကိုပါးလွှာပြီ ဖြူဖွေးနေခဲ့ပါတယ်။ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် တိမ်ပင်လယ်ကြီးက ဖြည်းဖြည်းချင်းပုံပေါ်နေခဲ့တာပါ။

ဒီတိမ်ပင်လယ်ကြီးက အဆုံးမဲ့သလို ကျယ်ပြောလွန်လှပါတယ်။ စိတ်၀ိညာဥ်ပင်လယ်ရဲ့အသွင်ပြောင်းမှုက အရည်အသွေးပြောင်းလဲမှုအဖြစ်ကို ရောက်ရှိတာမဟုတ်ပေမဲ့ ဟို့ယွိဟောင်ကိုထူးခြားတဲ့ခံစားချက်တစ်ခုပေးစွမ်းနေခဲ့ပါတယ်။ ဒါကအသွင်ပြောင်းလဲမှုနဲ့ ထူးခြားတဲ့တိုးတက်မှုပါ။

ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကိုအမြဲတမ်းသာတိုက်ရိုက်အသုံးပြုပါတယ်။ စိတ်၀ိညာဥ်ရဲ့စွမ်းအားဆိုတာက သူ့အတွက်သဘာ၀စွမ်းအားတစ်ခုလိုပါပဲ။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ အခြေခံပြောင်းလဲမှုကိုမူတည်ပြီ စိတ်၀ိညာဥ်စွမ်းအားတွေကို နောက်ထပ်ပုံသဏ္ဍာန်အဖြစ်ပြောင်းလဲအသုံးပြုနိုင်တယ်ဆိုတာ စတင်ပြီနားလည်လာပါတော့တယ်။ ၀ိညာဥ်စွမ်းအားက ခန္ဓာကိုယ်စွမ်းအားနဲ့မတူညီပါဘူး။ အဆင့်ပိုပြီးမြင့်ပါတယ် ဒါ့အပြင် တိုက်ရိုက်အသုံးပြုလို့မရသလို ကျင့်ကြံအားထုတ်မှုကြောင့်လဲ ရရှိနိုင်ဖို့မလွယ်ပါဘူး။ ၀ိညာဥ်စွမ်းအားက မိုးကောင်းကင်နဲ့မြေပြင်ရဲ့အသက်စွမ်းအားကိုစုပ်ယူပြီ ကိုယ်ပိုင်အတွက်အသုံးပြုတာပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်မွေးဖွားမှုကနေဖြစ်ပေါ်လာတဲ့အင်အားတစ်ခုပါပဲ။

စိတ်၀ိညာဥ်စွမ်းအားကတော့ လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်ကိုသာကိုယ်စားပြုပါတယ်။ သက်ရှိတွေအားလုံးပိုင်ဆိုင်နိုင်တဲ့တစ်စုံတစ်ရာဖြစ်သလို အခမ်းနားဆုံးနဲ့ ကနဦးအကျဆုံးအင်အားတစ်ခုပါပဲ။ ၀ိညာဥ်စွမ်းအားကိုဖန်တီးဖို့အတွက် လိုအပ်တဲ့အခြေခံလဲဖြစ်နေခဲ့သေးတယ်။

စိတ်၀ိညာဥ်ပင်လယ်ကလက်ရှိအချိန် အငွေ့ကနေအရည်အဖြစ်ပြောင်းလဲသွားခဲ့ပြန်ပါပြီ။ အပြောင်းအလဲတွေက သိပ်မကြီးမားပေမဲ့ ဟို့ယွိဟောင်အတွက်တော့ တကယ်ကိုတန်ဖိုးကြီးလှပါတယ်။ သူ့အနေနဲ့ လက်ရှိအချိန် စိတ်၀ိညာဥ်စွမ်းအားကိုထိန်းချုပ်နိုင်စွမ်းပိုမိုမြင့်မားလာမှာဖြစ်သလို ၀ိညာဥ်စွမ်းအားနဲ့၀ိညာဥ်စွမ်းရည်ကိုလဲ ပိုပြီးတော့ ကောင်းကောင်းမွန်မွန်ပေးစွမ်းနိုင်မှာပါ။ ဧကရာဇ်နယ်မြေကိုအသုံးပြုပြီး သူ့တို့အားလုံးကိုပေါင်းစပ်နိုင်ရုံတင်မက စိတ်၀ိညာဥ်ပိုင်ဆိုင်ရာကိုလဲ ပိုမိုနက်ရှိုင်းတဲ့နားလည်သဘောပေါက်မှုတွေက ရရှိလာပါလိမ့်မယ်။ ဒါဆိုရင်အရာအားလုံးထိန်းချုပ်နိုင်စွမ်းကလဲ ပိုမိုမြင့်လာတော့မှာပါ။

၀မ်သုန့်က တစ်နာရီကျော်ကြာပြီနောက်မှသာ ဟို့ယွိဟောင်ဘေးကိုပြန်ရောက်လာခဲ့ပါတယ်။ လိုအပ်ရင်လိုအပ်သလိုစောင့်ဆိုင်းဖို့သူကိုယ်သူပြင်ဆင်နေချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ပြန်လည်လှုပ်ရှားလို့လာခဲ့ပြီ ရွှေရောင်မျက်လုံးတွေကလဲ ဖြည်းဖြည်းချင်းအရောင်ပြောင်းသွားခဲ့ပါပြီ။

ပြီးသွားပြီလား မြန်လိုက်တာ ၀မ်သုန့်အနေနဲ့ ဟို့ယွိဟောင်ဒီလိုမြန်မြန်ဆန်ဆန်အပြောင်းအလဲကြုံတွေ့ခဲ့ရတယ်ဆိုတာ သူနှစ်၀က်နီးပါးတရားထိုင်ခဲ့တာကြောင့်လို့မသိခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေအရည်အသွေးကြောင့်သာ ဒီလိုမြန်မြန်ဆန်ဆန်တိုးတက်မှုကိုကြုံတွေ့ခဲ့ရတာပါ။ ဒီလိုရုတ်တရက်အသိအလင်း၀င်မှုကလဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ပိုမိုမြင့်မားလာစေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာအဖြူရောင်မြူခိုတွေက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ တောင်ကြောတစ်လျှောက်မှာတိုက်ခိုက်နေတဲ့လေကအတော်ကိုအားကောင်းပါတယ်။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကမြူခိုတွေကိုတော့ သူတို့တိုက်မထုတ်နိုင်ခဲ့ပါဘူး။ အဖြူရောင်မြူခိုတွေက ဖြည်းဖြည်းချင်းဆိုသလို အပေါ်ကိုတက်လာခဲ့ရင်း သူခေါင်းပေါ်မှာ အဖြူရောင်ပန်းတစ်ပွင့်အဖြစ်ကိုပြောင်းလဲလို့သွားပါတော့တယ်။

ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှူလိုက်ပြီ ဒီမီးခိုမြူတွေနဲ့ဖြစ်ပေါ်လာတဲ့ ဒီပန်းပွင့်ကြီးကိုနှာခေါင်းထဲရှုသွင်းလိုက်ပါတယ်။

ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို ထခုန်ရင်းကောင်းကင်ကြီးကြည့်ကာအော်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ဆီကနေရွှေရောင်အလင်းလုံးတွေက အ​ပြင်ကိုပြန့်ထွက်လို့လာပါတော့တယ်။ ဟုတ်ပါတယ် သူ့တစ်ကိုယ်လုံးကနေ အပြင်ကိုထွက်လာတာပါ။ ခေါင်းတစ်ခုလုံးကနေမဟုတ်ပါဘူး။

ရွှေရောင်မြူခိုတွေရဲ့ပေါက်ကွဲမှုတစ်လျှောက်မှာ၀မ်သုန့်နဲ့ဘေးမှာရှိရှိသမျှမီးခိုရောင်၀တ်လူတွေအားလုံး သူတို့ရဲ့စိတ်၀ိညာဥ်မှိန်ဖျော့သွားတာကိုခံစားလိုက်ရပါတယ်။ ဘေးမှာရှိသမျှအရာအားလုံးက ဝေ၀ါးသွားသလိုပါပဲ။

ဟို့ယွိဟောင်ရဲ့စိတ်နဲ့နှလုံးသားကို ပြန်လည်ထိန်းချုပ်လိုက်ပြီတဲ့နောက် သူ့ရဲ့မျက်လုံးတွေကတော့နတ်ဘုရားအလင်းတန်းနဲ့တောက်ပနေဆဲပါ။ ကံကြမ္မာမျက်လုံးကတော့ နဖူးမှာပွင့်လာခဲ့ပြီ။ ရွှေရောင်အလင်းတန်းတွေကလဲတလက်လက်တောက်ပလာပါတော့တယ်။

ခေါင်းမော့ကာအပေါ်ကတိမ်တွေကိုကြည့်ပြီ မျက်လုံးကျယ်ကျယ်ဖွင့်လိုက်ချိန်မှာတော့ ခရမ်းရွှေရောင်အလင်းတန်းကြီးက ပျောက်ကွယ်လို့သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာအလင်းတန်းက မတူညီတဲ့အရောင်ဖြစ်နေခဲ့ပါပြီ။ ကြီးမားတဲ့ရေ၀ဲကြီးတစ်ခုက အဝေးနေရာမှာရှိတဲ့တိမ်ပင်လယ်ထဲမှာပေါ်လာခဲ့ပြီ ပြင်းပြင်းထန်ထန်ရိုက်ခတ်လို့နေပါတော့တယ်။ ဒီလေ၀ဲကြီးက ကောင်းကင်မှာရှိနေတဲ့တိမ်တွေကို ဆက်တိုက်ဆိုသလိုလှည့်ပတ်တိုက်စားလို့နေခဲ့ပြီ ဆယ်စက္ကန့်ကျော်ကြာတဲ့အထိကို ဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေခဲ့တယ်။

ဟို့ယွိဟောင်သူ့ကိုယ်သူပြန်လည်ထိန်းချုပ်လိုက်ချိန်မှာတော့ မျက်လုံးထဲမှာတည်ငြိမ်မှုတွေသာ ကျန်ရှိပါတော့တယ်။ ဒီလိုရုတ်တရက်ဉာဏ်အလင်းပွင့်မှုက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို လုံး၀ထိန်းချုပ်နိုင်စွမ်းမြင့်မားစေခဲ့တာပါ။ ဒါကကျင့်ကြံမှုအတွက်လဲ အကျိုးရှိပါလိမ့်မယ်။ စိတ်၀ိညာဥ်ကိုပိုပြီးထိန်းချုပ်နိုင်တဲ့ကိစ္စက ကျင့်ကြံမှုကိုပိုပြီးအဓိကမြန်ဆန်စေတဲ့အချက်ပါပဲ။

အပိုင်း ၁၉၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset