အပိုင်း ၁၉၂•၂
” တိမ်တွေရဲ့အထက်မှာ ”
°°°
၀မ်သုန့်က ဟို့ယွိဟောင်နဲ့ယှဥ်လိုက်မယ်ဆိုရင် အစားအသောက်စားတာအတော်ကိုနူးညံ့ပြီ သိမ့်မွေ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့အရှေ့ကိုအစားအသောက်တွေတွန်းပို့ပေးနေပြီ များများစားနိုင်အောင်လုပ်ပေးနေခဲ့တယ်။ ခက်ခက်ကတော့ တခြားတစ်ဖက်မှာထိုင်နေခဲ့ပါတယ်။ သူကတော့ မနက်စာစားပြီတဲ့ပုံပေါ်ပါတယ်။ အစားအသောက်တွေကိုလုံး၀မထိခဲ့ပါဘူး။ ဒါပေမယ့် ထွက်မသွားသေးပဲရှိခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ခပ်မြန်မြန်ပဲစားပြီသွားခဲ့ပါပြီ။
” ဗိုက်ပြည့်သွားပြီ ခက်ခက် ကျွီးကျင့်ဘယ်မှာလဲ ငါရဲ့ဒဏ်ရာတွေအားလုံးအတော်လေးသက်သာလာပြီ လုပ်စရာကိစ္စလေးတွေရှိသေးတယ်…ဒါကြောင့် နှုတ်ဆက်စကားပြောချင်လို့ ”
” နှုတ်ဆက်စကားပြောဖို့မလိုတော့ဘူး..သူကအခုအရမ်းအလုပ်များနေတယ် ”
ဟို့ယွိဟောင် မျက်လုံးပြူးသွားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” နှုတ်ဆက်ဖို့တောင် အချိန်မရှိတော့တာလား ”
ခက်ခက်ကတော့ တောင်းပန်တဲ့ပုံစံနဲ့ထရပ်ရင်း ပြောလာခဲ့ပါတယ်။
” ယွိဟောင်ငါနဲ့လိုက်ခဲ့ ငါပြောစရာစကားတချို့ရှိတယ် ”
” ၀မ်သုန့်က ငါရဲ့အကောင်းဆုံးသူငယ်ချင်းပဲ သူ့ရှေ့မှာမပြောနိုင်တဲ့ကိစ္စဘာမှမရှိဘူး ”
ခက်ခက်က အသံကိုတိုးလိုက်ရင်းပြောလာခဲ့ပါတယ်။
” မဟုတ်ဘူး ဒါကလူတစ်ယောက်ပဲ ကြားသင့်တဲ့အရာ ”
ဟို့ယွိဟောင်က ၀မ်သုန့်ဖက်ကိုလှည့်လိုက်ချိန်မှာ ၀မ်သုန့်ကအေးအေးဆေးဆေးပြန်ဖြေလာခဲ့တယ်။
” အဆင်ပြေတယ်သွားလိုက် လူတိုင်မှာကိုယ်ပိုင်လျှို့၀ှက်ချက်တယ်ဆိုတာရှိတာပဲ ငါလဲမသိချင်ဘူး ”
ဟို့ယွိဟောင်လဲ ခက်ခက်ရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။
ခက်ခက်ကတော့ လုံး၀ကို အရှိန်ပြင်းပြင်းနဲ့ ဆက်သွားနေရင်း တဲရဲ့အပြင်ဘက်ဆယ်မီတာရောက်ချိန်မှာ ရပ်တန့်လိုက်ပါတယ်။
” ဘာဖြစ်လို့လဲ ကျွီးကျင့်ပြဿနာရှိနေလို့လား ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
” ယွိဟောင် တောင်းပန်ပါတယ်…နင်ကငါတို့အသက်ကိုကယ်ခဲ့တယ်…ငါတို့နင်ကိုကျေးဇူးပြန်ဆပ်သင့်တာအမှန်ပါ ဒါပေမယ့် ကျွီးကျင့်ရဲ့စိတ်ခံစားချက်တွေက မတည်ငြိမ်ဘူး…ဒါကြောင့် သူက ငါကိုကျေးဇူးတင်စကားတစ်ဆင့်ပြောခိုင်းလိုက်ပါတယ်…ဒါ့အပြင် နင်တို့နှစ်ယောက်ထွက်သွားချင်ရင် အတူတူလိုက်ပြီပို့ဆောင်ပေးပါလို့လဲ ငါ့ကိုတောင်းဆိုထားသေးတယ်…အခုအချိန်ကစပြီ နင်ကိုမတွေ့ချင်တော့ဘူးတဲ့ ”
” ကောင်းပြီလေ ”
ဟို့ယွိဟောင်လဲ ဒီအကြောင်းအရာကိုကောင်းကောင်းနားလည်ပါတယ်။ သူသက်ပြင်းချရင်းနဲ့ပြောလာခဲ့တယ်။
” အဲ့ဒီတော့လဲထားလိုက်ပါတော့ ဒါဆိုရင် သူ့ကိုသတင်းစကားပြန်ပါးပေးနိုင်မလား ကိုယ့်ကိုကိုယ်ဂရုစိုက်ပါလို့ ”
” ဒါပဲလား ”
ခက်ခက်ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အကြည့်တချို့ပေါ်လာခဲ့ပါတယ်။
” တခြားဘာရှိနိုင်ဦးမှာလဲ ”
” ကျွီးကျင့်ရဲ့ခံစားချက်တွေကို နင်မသိဘူးလား ငါမယုံနိုင်လိုက်တာ ”
” ဘာတွေပြောနေမှန်းတကယ်နားမလည်ဘူး ”
ဟို့ယွိဟောင် ပုခုံးတွန့်ပြရင်းနဲ့ပြန်ဖြေလာခဲ့တယ်။
ခက်ခက်ကတော့ မကျေနပ်နိုင်တော့ပါဘူး။
” နင်တို့နှစ်ယောက်ဘာလို့ဒီလိုပုံစံလုပ်နေကြတာလဲ အဲ့ဒီလိုကြီးလုပ်ဖို့လိုအပ်လို့လား ”
” ခက်ခက် မင်းနားလည်ဖို့လိုတယ်…ဘယ်သူကမှ တခြားသူတစ်ယောက်ရဲ့ကံတရားကိုမဆုံးဖြတ်ပေးနိုင်ဘူး…လူတစ်ယောက်ရဲ့ကံကြမ္မာဆိုတာက ကိုယ်ရဲ့ကိုယ်ပိုင်ဖန်တီးမှုအောက်မှာပဲ ရှိနေတယ်…ငါက မြင်ခဲ့ပြီးပြီ ကျွီးကျင့်ရွေးချယ်လိုက်တဲ့လမ်းက မင်းတို့နဲ့နောက်တစ်ကြိမ်ပြန်ဆုံတဲ့အချိန်မှာအများကြီးပိုပြီးတိကျလိမ့်မယ်…မင်းတို့နှစ်ယောက်က တကယ်တမ်းမှာမျဥ်ပြိုင်တွေအဖြစ် တည်ရှိလို့ဖြစ်လာတယ်ဆိုတာက သေချာပေါက် လက်ခံရမဲ့အချက်ပဲ ”
” ကျွီးကျင့်ပြောတာ နင်ကတခြားတစ်ယောက်ကိုနှစ်သက်နေတယ်တဲ့ အဲ့ဒါဟုတ်လား ”
ဟို့ယွိဟောင် တခဏတာမျက်လုံးပြူးသွားခဲ့ပါတယ်။
” ငါက တစ်ယောက်ယောက်ကိုနှစ်သက်နေတာလား ”
ချက်ချင်းဆိုသလို အလင်းတန်းနတ်မိမယ်ရဲ့ပုံရိပ်က သူ့ရဲ့စိတ်ထဲမှာပေါ်လာခဲ့ပါပြီ။ ဒါကြောင့် တခဏတာရပ်တန့်လိုက်ရင်း သူပြန်ဖြေလာခဲ့တယ်။
” အဲ့ဒီလိုပြောလို့ရမယ်ထင်တာပဲလေ ”
ခက်ခက်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေက ပြည့်လျှံလို့လာပါတော့တယ်။
” ကျွီးကျင့်ရဲ့ဘ၀ကအရမ်းကိုခက်ခဲခဲ့တယ်…ယွိဟောင် ငါတကယ်ပဲသူ့ကိုကူညီချင်တယ် ”
” တောင်းပန်ပါတယ်..ခက်ခက်လောကကြီးမှာ ကိုယ်ဆန္ဒရှိမယ်ဆိုရင်တောင် မကူညီနိုင်တဲ့ကိစ္စတွေရှိသေးတယ်..ကျွီးကျင့်က သူ့ဘာသာသူဆုံးဖြတ်ချက်ချပြီးပြီ ဘယ်သူမှလဲ သူ့ကိုမကူညီနိုင်ဘူး…ဒါ့အပြင် ခံစားချက်တွေဆိုတာက တွန်းအားပေးလို့မရဘူးလေ ငါသူ့ကိုသဘောကျတယ်ဆိုတာ၀န်ခံနိုင်ပါတယ်…ဒါပေမယ့် သဘောကျတယ်ဆိုတာအကုန်လုံးပဲ ဒါ့အပြင် သူ့ကလက်ရှိအချိန်နေလနိုင်ငံတော်အိမ်ရှေ့စံမင်းသားရဲ့ ကြင်ရာတော်ဖြစ်နေပြီလေ ”
ခက်ခက်က ပိုပြီးတိတ်ဆိတ်ငြိမ်သက်လို့သွားပါတော့တယ်။ သူမချက်ချင်းဆိုသလို ရင့်ကျက်တည်ငြိမ်သွားသလိုပါပဲ။ ဟို့ယွိဟောင်ရဲ့စကားတွေထဲက သိသာထင်ရှားတဲ့အချက်အလက်တွေကြောင့် သူဒီလိုမျိုးငြိမ်သက်သွားတာပါ။
” ငါတို့တွေနဲ့ခွဲခွာပြီတဲ့နောက်ရက်မှာပဲ ကျွီးကျင့်ကစစ်တပ်ထဲကို၀င်သွားခဲ့တယ်..၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတဲ့ သူ့ရဲ့အဆင့်အတန်းကို အဓိကအခြေပြုပြီဒီနေရာအထိ ရောက်လာခဲ့တာ အိမ်ရှေ့စံမင်းသားရဲ့ လွှမ်းမိုးမှုနဲ့အင်အားကို သူလုံး၀မမှီခိုခဲ့ဘူး…သူ့လမ်းသူဖောက်ခဲ့တယ်..ဒါ့အပြင် ဆက်တိုက်ဒီလိုကြိုးစားအားထုတ်ခဲ့လို့သာ သူအောင်မြင်မှုတွေအများကြီးရလာခဲ့တာ ”
” တိုက်ပွဲဗျူဟာမှာရော နည်းဗျူဟာတွေမှာရော သူ့ရဲ့ပါရမီက အရမ်းကိုမြင့်မားတယ်…အခုလက်ရှိအချိန်မှာ ငါတို့ရဲ့အဖွဲ့ခေါင်းဆောင်တွေထဲ နံပါတ်တစ်၀ိညာဥ်လက်နက်ထိန်းချုပ်ရေးပညာရှင်လို့ သူ့ကိုသတ်မှတ်လို့ရနေပြီ ဒါ့အပြင် ဒီတစ်ခေါက်အောင်ပွဲပြီတဲ့နောက်မှာ ရာထူးတိုးသွားနိုင်တယ်…အခုလက်ရှိအချိန်ကနေစပြီ သူကစစ်ပွဲထဲမှာ ဘယ်သူမှမယှဥ်ပြိုင်နိုင်လောက်အောင် ထူးချွန်တဲ့အစီအစဥ်ချမှုတွေနဲ့ တွက်ချက်မှုတွေကိုလုပ်နိုင်တဲ့စစ်သူကြီးတစ်ယောက်ပဲ ဒါ့အပြင် ငါတို့စစ်တပ်ထဲမှာသူလျှိုရှိနေလို့သာ ဒီလိုခက်ခဲတဲ့အခြေအနေမျိုးကိုရောက်ခဲ့တာ ဒါပေမယ့် ငါပြောနိုင်တာက သူလုံး၀ပျော်မနေဘူးဆိုတာ တစ်ခုတော့ရှိသေးတယ် ”
” သူက သူ့ကိုယ်သူအရမ်းကောင်းကောင်းကြီးထိန်းချုပ်နိုင်တယ်…ပျော်ရွှင်တာရော မပျော်ရွှင်နိုင်ကိုရောအားလုံးကို ဖုံးကွယ်ထားနိုင်တယ်..ဒါပေမယ့် ငါကသိနေတယ် စစ်တပ်ထဲကို၀င်ပြီတဲ့နောက်မှသာ ကျွီးကျင့်ရဲ့နောက်ခံအကြောင်းအရာတွေကို ငါသိလာခဲ့တာ အဲ့ဒီတုန်းက သူ့ကိုကယ်ခဲ့တဲ့သူဆိုတာ အိမ်ရှေ့စံမင်းသားပဲ ဒါ့အပြင် အိမ်ရှေ့စံမင်းသားကပဲ တော်၀င်ကျောင်းတော်ဆီကို ပို့ဆောင်ပေးခဲ့တယ်…သူ့ရဲ့အနာဂတ်က သတ်မှတ်ခံထားရပြီးပြီ ”
ဟို့ယွိဟောင်က ခက်ခက်ကိုစိုက်ကြည့်ရင်းမေးလာခဲ့ပါတယ်။
” ဒါဆိုရင် ငါ့ကိုဘာများလုပ်စေချင်တာလဲ ”
ဟို့ယွိဟောင်က ခက်ခက်မျက်လုံးကိုစိုက်ကြည့်ရင်း မေးလာခဲ့ပါတယ်။
” ငါ့ကိုဘာလုပ်စေချင်တာလဲ ”
ခက်ခက်ကတော့ခေါင်းခါရင်းနဲ့သာ ပြန်ဖြေလာခဲ့တယ်။
” ငါလဲမသိဘူး ငါလုပ်ချင်တဲ့တစ်ခုတည်သောအရာနဲ့ ဖြစ်စေချင်တဲ့အရာတော့ သူ့ကိုကိစ္စအားလုံးပြောပြဖို့ပဲ ယွိဟောင်ငါ့ကိုကတိပေးပါ အကယ်၍ နင်တို့နှစ်ယောက်အနာဂတ်မှာ နောက်တစ်ကြိမ်တွေ့ဆုံခဲ့မယ်ဆိုရင် သူလိုအပ်တဲ့အချိန်မှာ သူ့ကိုကူညီပေးနိုင်မလား ”
ဟို့ယွိဟောင်က ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့တယ်။
” ခက်ခက်မင်းကတကယ်ကြင်နာတတ်ပြီဂရုစိုက်တတ်တဲ့ ကောင်မလေးပဲ ကျွီးကျင့်က မင်းလိုသူငယ်ချင်းမျိုးရှိတာတကယ်ကံကောင်းလွန်တယ်..မင်းတို့နှစ်ယောက်က ငါ့ရဲ့တကယ်သူငယ်ချင်းတွေဖြစ်မှာပါ အခုဒီတစ်ကြိမ်လိုပဲ ငါနှစ်ခေါက်မတွေးပဲနဲ့ သေချာပေါက်ကူညီပေးပါ့မယ်…မင်းတို့နှစ်ယောက်အန္တရာယ်ကြားထဲရောက်နေသည်ဖြစ်စေ အခက်အခဲတွေ့နေသည်ဖြစ်စေ ငါရှိနေသရွေ့သေချာပေါက်ကူညီပေးမှာပါ ဒါပေမယ့် ကျွီးကျင့်ကို ဒီသတင်းစကားတော့ပါးပေးစေချင်တယ်..နေလနိုင်ငံတော်က တကယ်ရည်မှန်းချက်ကြီးတယ်..ဒါ့အပြင် သူကိုယ်တိုင်ကလဲ အမုန်းတရားနဲ့အငြိုးတွေကြောင့် မျက်ကန်းတစ်ယောက်လိုဖြစ်နေခဲ့ပြီးပြီ စစ်မြေပြင်ထဲမှာ မျက်နှာချင်ဆိုင်ရမဲ့နေ့ကိုရောက်မလာချင်ဘူး..အကယ်၍ သူမသာ စိတ်ဆန္ဒရှိမယ်ဆိုရင် ထန်မျိုးနွယ်ကအမြဲတမ်းလက်ကမ်းကြိုနေမှာပါ နေလနိုင်ငံတော်ရဲ့အိမ်ရှေ့စံမင်းသားတောင် အမျက်ဒေါသမြို့တော်ထဲမှာသူ့ကို သေချာပေါက်ရန်မပြုနိုင်ပါဘူး ”
ခက်ခက်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ရင်း သူခေါင်းညိတ်လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့အဖြေက အရမ်းကိုစိတ်ကျေနပ်စရာကောင်းမှန်းသူသိပြီးသားပါ။
” ယွိဟောင် ကျေးဇူးတင်ပါတယ်…ဒီသတင်းစကားသူ့ကိုသေချာပေါက် ပါပေးလိုက်မယ် ..အခုလက်ရှိအချိန်မှာ သူ့နှလုံးသားတစ်ခုလုံးက အရမ်းကိုမာကျောနေပြီ ခေါင်းမာမှုတွေနဲ့ပဲပြည့်နေတယ်…ဒါကြောင့် ငါလဲသူ့ဘေးကဖြည်းဖြည်းချင်း လွှမ်းမိုးမှုကိုပဲ လုပ်ပေးနိုင်လိမ့်မယ် ”
ဟို့ယွိဟောင်လဲ ပြုံးပြလိုက်ပါတယ်။
” ထန်မျိုးနွယ်ကလဲ မင်းကိုအမြဲတမ်းကြိုဆိုနေမှာပါ အကယ်၍ မင်းတို့တွေသာ အရာအားလုံးကိုလက်လျှော့ပြီ ငါနဲ့ပူးပေါင်းချင်တယ်ဆိုရင် ငါမင်းတို့အတွက် ကောင်းကောင်းချက်ပြုတ်ပေးနိုင်တယ်…ဒါ့အပြင် မင်းတို့စိတ်ကြိုက်စားဖို့အရသာရှိတဲ့ အစားအသောက်တွေအများကြီးကိုလဲ လုပ်ပေးဦးမှာ ”
” ဟုတ်ပါပြီ ”
ခက်ခက်က ပျော်ရွှင်မှုအပြည့်နဲ့ပြန်ဖြေရင်း တံတွေးမြိုချလိုက်ပါတယ်။ မနက်တစ်မနက်လုံးအတွေးလွန်နေခဲ့တဲ့အတွက် မနက်စာမစားရသေးပါဘူး။ ခက်ခက်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုစစ်စခန်းရဲ့အပြင်ဆီလိုက်ပို့ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘယ်သူမှလဲအာရုံမစိုက်မိအောင် သူသေချာကြိုးစားပေးခဲ့တယ်။ ကျွီးကျင့်ရဲ့အဆင့်အတန်းကြောင့်သာမဟုတ်ဘူးဆိုရင် ဒီစစ်တပ်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို သူတို့ရဲ့ကြောက်စရာကောင်းလွန်လှတဲ့အစွမ်းအစတွေကြောင့် သေချာပေါက် အလွှတ်ပေးမှာမဟုတ်ပါဘူး။ ဒီလိုမျိုးအင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တွေက မရပ်တန့်နိုင်လောက်တဲ့ အင်အားကိုပိုင်ဆိုင်တယ်။ အကယ်၍ သူတို့သာစစ်တပ်ထဲကို၀င်လာခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ ၀ိညာဥ်သုခမိန်တွေကိုတောင် သတ်နိုင်လောက်တဲ့အစွမ်းအစက အရမ်းကိုအံ့ဩစရာကောင်းနေပြီ ဟုတ်တယ်ဟုတ်။
ကျွီးကျင့်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေဖြစ်နေတယ်ဆိုတာကို သတင်းမပို့ခဲ့ပါဘူး။ ဒါ့အပြင် ဒီနှစ်ယောက်က သူ့ရဲ့ကျောင်းတော်ကအတန်းဖော်တွေလို့သာ ပြောခဲ့ပါတယ်။ သူမက အိမ်ရှေ့စံမင်းသားရဲ့ကြင်ရာတော်ဖြစ်တာကြောင့် လူတိုင်ကိုထိန်းထားနိုင်တဲ့သူပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုနှောင့်ယှက်တာမျိုးမလှုပ်စေချင်ဖို့အတွက် သူကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
အပေါ်အဝေးအမြင့်မှာရှိနေတဲ့ ထိန်းချုပ်တဲ့မျှော်စင်ပေါ်မှာလှပတဲ့မျက်၀န်းတစ်စုံက လူနှစ်ယောက်စစ်စခန်းထဲကအပြင်ထွက်သွားတာကို စိုက်ကြည့်လို့နေခဲ့ပါတယ်။ သူမရဲ့မြင်ကွင်းကတော့ မျက်ရည်တွေကြောင့် ဝေ၀ါးလို့နေခဲ့ပါပြီ။ နီရဲတဲ့နှုတ်ခမ်းက ခပ်ဖွဖွလေးလှုပ်ခတ်လာခဲ့ရင်း ခွဲခွာစကားကိုဆိုနေခဲ့ပါတယ်။
” ဂရုစိုက်ပါ ”
သူမက တကယ်တမ်းမှာအပြင်ဘက်ကိုအသံကထွက်မလာခဲ့ပါဘူး။
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က စစ်တပ်အပြင်ကိုထွက်လာချိန်မှာ အလောမကြီးခဲ့ပါဘူး။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်ရဲ့နောက်ကျောဒဏ်ရာတွေက အပြည့်အ၀ပြန်မကောင်းသေးတဲ့အတွက် နောက်တစ်ကြိမ်ဒဏ်ရာတွေပြန်ပွင့်မှာကို စိုးရိမ်နေခဲ့တယ်။ ဒါပေမယ့် သူ့မှာနောက်ထပ် စိတ်ကူးတစ်ခုရှိပါတယ်။ ခြေထောက်မှာ၀ိညာဥ်ရှပ်ပြေးတွေကို ချိတ်ဆက်လိုက်ပြီတဲ့နောက် အရှေ့ကိုမြန်မြန်ဆန်ဆန်သွားနိုင်ဖို့အတွက် ပုံစံကိုပြောင်းလိုက်ပါတယ်။ ၀မ်သုန့်ကတော့ သူ့နောက်ကနေ ကပ်လိုက်နေခဲ့တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတဲ့လှုပ်ရှားမှုကလဲမနှေးကွေးခဲ့ပါဘူး။
မသွားခင်အချိန် ခက်ခက်ဆီကနေ မြေပုံကိုလဲတောင်းခဲ့ပါတယ်။ ဒါမှသာနောက်တစ်ကြိမ် လမ်းမပျောက်ဖို့အဆင်ပြေမှာပါ။ သူတို့တွေအရှေ့အရပ်ကိုတည့်တည့်ဦးတည်သွားနေခဲ့ရင်း နေလနိုင်ငံတော်ရဲ့အရှေ့နယ်စပ် ထျန်းဟွမ်နိုင်ငံတော်နဲ့ ချိတ်ဆက်တဲ့နယ်မြေဆီကို အရောက်သွားပါတော့တယ်။
ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို အသုံးမပြုနိုင်တာက အတော်လေးပြဿနာများတဲ့ကိစ္စပါ တစ်နေ့လုံးလုံးခရီးသွားလာခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့လှုပ်ရှားမှုတွေက အရမ်းနှေးကွေးနေတာကို သတိထားမိသွားပါတော့တယ်။ နောက်ဆုံးမှာတော့ နေရာတစ်နေရာရှာပြီအနားယူဖို့ဆုံးဖြတ်လိုက်ကြသလို ဟို့ယွိဟောင်ကလဲ သူသယ်လာတဲ့ပစ္စည်းကိုအသုံးပြုကာနောက်ထပ်၀ိညာဥ်လက်နက်တစ်ခုကို စပြီထွင်းထုပါတော့တယ်။
နောက်ထပ်၀ိညာဥ်လက်နက်တစ်ခုကို ထပ်တူညီအောင်ရရှိနိုင်ဖို့အတွက် သုံးရက်တိတိအချိန်ယူဖို့လိုခဲ့တယ်။ အဲ့ဒီအချိန်အတွင်းမှာပဲ ဟို့ယွိဟောင်ရဲ့ဒဏ်ရာတွေကလဲ အပြည့်အ၀ပျောက်သွားခဲ့ပါပြီ။
သူတို့တွေလမ်းမှန်ကိုရှာတွေ့သွားပြီတဲ့နောက် နောက်တစ်ကြိမ်ကောင်းကင်ကနေစတင်ပျံသန်းပါတော့တယ်။ နယ်စပ်ကိုဖြတ်ကျော်ရင်းအရှိန်နှုန်းကို ဒုံးပျံတွေလိုမျိုးမြင့်လိုက်ကြပြီ ထျန်းဟွမ်နိုင်ငံတော်ရဲ့နယ်မြေထဲကို သူတို့တွေ၀င်ရောက်သွားခဲ့ပါတယ်။
ထျန်းဟွမ်နိုင်ငံတော်ထဲ၀င်ရောက်တာနဲ့ ၀မ်သုန့်က လမ်းညွှန်တဲ့သူဖြစ်သွားခဲ့ပါပြီ။ သူတို့တွေက မြေပုံရဲ့အကူအညီနဲ့အတူ ထျန်းဟွမ်နိုင်ငံတော်ထဲကို ပျံသန်း၀င်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ ဦးတည်ရာနေရာကတော့ ထျန်းဟွမ်နိုင်ငံတော်ရဲ့အဓိကမြို့တော်ကြီးဖြစ်တဲ့ ထျန်းဟွမ်မြို့ပါ။
” ၀မ်သုန့် မင်းအိမ်ကမြို့ထဲမှာရှိတာလား ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
၀မ်သုန့်ကတော့သစ်ပင်တစ်ပင်ကိုမှီပြီအနားယူနေရင်း ဟို့ယွိဟောင်ကင်ထားတဲ့အသားကိုစားကာ အေးအေးဆေးဆေးရှိနေတာပါ။ သူက ခေါင်းခါရင်းနဲ့ပြန်ပြီပလုပ်မလောင်နဲ့ဖြေလာခဲ့တယ်။
” ငါအရင်တုန်းက ပြောပြီလေလေ ငါရဲ့အိမ်ကတိမ်တွေထဲမှာရှိနေတာလို့ ထျန်းဟွမ်မြို့မှာဘယ်တိမ်ရှိလို့လဲ အနောက်ကိုသာလိုက်လာခဲ့ ရောက်သွားလိမ့်မယ်…ဒါပေမယ့်ငါရဲ့အိမ်က ထျန်းဟွမ်မြို့နဲ့လဲ သိပ်ပြီမဝေးလှပါဘူး ”
” ငါမင်းအိမ်ကိုလိုက်လည်တာပထမဆုံးအကြိမ်ပဲ မင်းမိသားစုအတွက် တစ်ခုခု၀ယ်သွားရဦးမလား မင်းမိသားစုအကြောင်း ငါကိုသေချာလဲမပြောပြရသေးဘူး…မင်းကငါရဲ့ညီနောင်ကောဟုတ်ရောဟုတ်ရဲ့လား ဒီအတိုင်းသွားမယ်ဆိုရင် ငါကိုမျက်နှာပျက်အောင် လုပ်နေတာနဲ့အတူတူပဲပေါ့ ငါအရှက်မကွဲစေချင်ဘူးလေ ”
” မင်းဒါကိုအခုမှသိသွားပြီပေါ့ နောက်ဆုံးတော့လဲစိတ်ကအသိဉာဏ်လေးတော့ရှိသေးသား ”
” အကယ်၍ ငါအရှက်ကွဲသွားမယ်ဆိုရင် မင်းအတွက်ဘာကောင်းမှာလဲ ငါကမင်းသူငယ်ချင်းလေ သေချာပေါက်မင်းလဲလူကြီးတွေဆီမှာ အမြင်မကောင်းနိုင်ဘူး…ဒါ့အပြင် မင်းအစ်မကိုငါနဲ့မိတ်ဆက်ပေးရဦးမယ်…မင်းမိသားစုရဲ့မိသားစု၀င်တွေဆီကနေ ပထမဆုံးအကြိမ်အထင်အမြင်ကောင်းကောင်းမရခဲ့ဘူးဆိုရင် ငါနောက်ပိုင်းသူတို့နဲ့ဘယ်လိုအရောတ၀င်နေရမှာလဲ ”
အပိုင်း ၁၉၂•၂ ပြီး၏။