Switch Mode

Chapter – 192.1

တိမ်တွေရဲ့အပေါ်မှာ

အပိုင်း ၁၉၂•၁

” တိမ်တွေရဲ့အပေါ်မှာ ”
°°°
၀မ်သုန့်က ဖြည်းဖြည်းချင်းဆိုသလို မျက်လုံးတွေပြန်ပိတ်သွားခဲ့ရင်း ၀ိညာဥ်စွမ်းအားကိုစုပ်ယူကာအနားယူနေခဲ့ပါပြီ။ သူတို့နှစ်ယောက်စလုံး ဒီအတိုင်းပဲ ညဥ့်နက်တဲ့အထိရှိနေခဲ့ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ထိတ်လန့်စရာကောင်းတဲ့ပြန်လည်ကုသနိုင်စွမ်းနဲ့ ဖြည်းဖြည်းချင်းပြန်လည်သက်သာနေခဲ့ပါတယ်။ ဒဏ်ရာတွေကတော့ အပြည့်အ၀မကောင်းသေးပေမဲ့ အခုအချိန်မှာတော့ အနည်းငယ်တော့လှုပ်နိုင်ရှားနိုင်ပါပြီ။ သွက်သွက်လက်လက်တော့မလှုပ်နိုင်သေးပါဘူး။

ကျွီးကျင့်ကို နောက်တစ်ကြိမ်ပြန်မြင်ရချိန်မှာတော့ သူမအတော်ကို မောပန်းနေမှန်းသတိထားမိခဲ့ပါတယ်။ သူမက ခက်ခက်နဲ့အတူရောက်လာခဲ့ရင်း အစားအသောက်ဘူးကြီးတစ်ဘူးကိုလဲယူလာခဲ့တယ်။

အဲ့ဒီအထဲမှာ အစားအသောက်ရှစ်မျိုးပါပါတယ်။ ဒါ့အပြင် ဟင်းရည်တစ်ပန်ကန်နဲ့ ပူနွေးနေတဲ့ထမင်းနှစ်ပန်ကန်လဲရှိနေခဲ့တယ်။ ဒီအစားအသောက်တွေက အရမ်းကိုကောင်းမွန်လွန်လှပြီ သာမန်စစ်တပ်တွေထဲမှာတွေ့နိုင်တဲ့ အစားအစာမျိုးတော့မဟုတ်ခဲ့ပါဘူး။

” ခန္ဓာကိုယ်အခြေအနေဘယ်လိုလဲ ”

ကျွီးကျင့်က ဟို့ယွိဟောင်ကိုမေးလာခဲ့တယ်။ အကြောင်းရင်းတချို့ကြောင့် သူမအနေနဲ့စိတ်ခံစားချက်တွေကိုအများကြီးဖုံးကွယ်ထားနေရတယ်ဆိုတာ ဟို့ယွိဟောင် ခံစားနေခဲ့ရပါတယ်။ သူမတစ်ကိုယ်လုံးကို ကန့်လန့်ကာကြီးတစ်ခုလုံးနဲ့ကာထားသလိုပါပဲ။

” နည်းနည်းပါးပါးတော့ လှုပ်လို့ရပြီ ခန္ဓာကိုယ်မှာတစ်ခုခုဖြစ်နေတယ်လို့ ထင်လို့လား ”

ကျွီးကျင့်က ဘေးမှာရှိတဲ့၀မ်သုန့်ကိုလှည့်ကြည့်ရင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။

” အဆင်ပြေတယ်ဆိုရင် အစားအသောက်တွေကို ပူတုန်စားလိုက် အေးသွားရင်မကောင်ဘူး…အတော်လေးညဥ့်နက်နေပြီ ငါမနက်ဖြန်မှထပ်လာခဲ့မယ်…စစ်တပ်ရဲ့ ရာထူးအကြီးပိုင်တွေက နင်ကိုကိုယ်တိုင်ကျေးဇူးတင်ချင်နေကြတယ်…ဒါပေမယ့် နင်ရဲ့အခြေအနေနဲ့ဇစ်မြစ်ကိုငါတွေးတောပြီ သူတို့ကို​ငြင်းပေးထားတယ်…ဒါမှသာမလိုအပ်တဲ့ပြဿနာတွေကို ရှောင်ရှားနိုင်လိမ့်မယ် ”

” ကျေးဇူးတင်ပါတယ် ”

ဟို့ယွိဟောင်က တကယ်ပဲစိတ်အားထက်ထက်သန်သန်နဲ့ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

” ငါတို့တိုက်ခိုက်ခဲ့တာက မင်းနဲ့ခက်ခက်ကို ကူညီဖို့အတွက်ပဲ နေလနိုင်ငံတော်ကနေ ပုန်ကန်သူကိုဖယ်ရှားပေးဖို့ကူညီပေးတာမဟုတ်ဘူး ဒါကြောင့် သူတို့နဲ့မတွေ့ရတာပိုကောင်းမှာပါ ”

” ဟုတ်ပြီ ပူတုန်လေးစားလိုက်ဦး ငါတို့အရင်သွားတော့မယ်”

သူအားတင်ပြီပြုံးပြရင်နဲ့ ထွက်ပေါက်ဆီကို ထွက်သွားခဲ့ပါတယ်။ အခုအချိန်အထိ နှလုံးသားကတော့လေးလံနေဆဲပါ။ ခက်ခက်ကတော့ ကျွီးကျင့်ရဲ့အင်္ကျီလက်ကိုလာဆွဲနေခဲ့ပါတယ်။ ဒါပေမယ့် မျက်စောင်းအထိုးခံလိုက်ရတဲ့အတွက် ပြန်ပြီရပ်တန့်သွားခဲ့တယ်။ ခက်ခက်က အမြဲတမ်းတဲ့တိုးဆန်တဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ သူဘာမှတစ်ဇွတ်ထိုးမလုပ်ခဲ့ပါဘူး။ လျှာကိုကိုက်ထားရင်း ကျွီးကျင့်ရဲ့နောက်ကိုသာ လိုက်သွားခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ သူတို့ထွက်သွားတာကိုကြည့်ရင်း စိတ်ရှုပ်ထွေးနေခဲ့မိတယ်။

” ငါတို့သူတို့ကိုကယ်ခဲ့ပေမဲ့ အပြစ်ပြုမိတယ်လို့ဘာလို့ခံစားနေရတာလဲ ”
၀မ်သုန့်ကတော့ ပြုံးပြရင်းပြန်ဖြေပါတယ်။

” မသိဘူးလား မင်းကိုတော်တော်လေးသဘောကျတယ်လေ ဒါ့အပြင် သူ့စိတ်ကလဲ အတော်လေးကိုဝေခွဲမရဖြစ်နေသေးတယ်…ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားရဲ့ကြင်နာတော်မလားဂရုစိုက်ရမယ်… အကယ်၍ တစ်ခုခုဖြစ်လာပြီဆိုရင် ငါ့ကိုဒီကိစ္စထဲပါ၀င်ပြီ မဆွဲချပြစ်နဲ့ ”

” စားစရာရှိတာစား ပေါက်ကရတွေမပြောနဲ့ ”

ကျွီးကျင့်ရဲ့မျက်နှာအမူအရာကိုမြင်လိုက်ရချိန်မှာ သူအနည်းငယ်စိတ်မသက်မသာဖြစ်မိခဲ့ပါတယ်။ သူမကို ဒီအကြောင်းမေးချင်ပေမဲ့လဲ ကျွီးကျင့်က အိမ်ရှေ့စံမင်းသားရဲ့ကြင်ရာတော်ဆိုတာကို ပြန်လည်သတိရသွားချိန်မှာတော့ သူတို့ရဲ့လမ်းတွေက ဘယ်တော့မှမဆုံနိုင်တော့ဘူးဆိုတာ ပိုပြီးတော့နားလည်သဘောပေါက်ခဲ့တယ်။ ဒါကြောင့်လဲ သူခံစားချက်တွေကိုနားလည်ဖြေဖျောက်လိုက်ပါပြီ။ အကောင်းဆုံးနည်းလမ်းကတော့ ဘာပြဿနာမှမဖြစ်စေပဲ အားလုံးကိုလက်လျှော့လိုက်ဖို့ပါ။ ဒါက ကျွီးကျင့် သူအိပ်ရာဘေးမှာပြောခဲ့တဲ့ ဘယ်တော့မှမဆုံတွေ့သင့်တော့ဘူးဆိုတာ စကားနဲ့လဲထပ်တူကြနေပါတယ်။ သူရော ကျွီးကျင့်နှစ်ယောက်စလုံးမှာ သူတို့ကြားမှာရှိနေတဲ့ အတားအဆီးတွေကို ရှင်းရှင်းလင်းလင်းနားလည်နေကြတယ်။ ဒါ့အပြင် သူတို့အနေနဲ့ အတတ်နိုင်ဆုံးမပတ်သက်တာက အကောင်းဆုံးဖြစ်နေမှာပါ။

အစားအသောက်တွေက အတော်ကြီးကို အရသာရှိပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ဒီအရသာကိုအကြိုက်တွေ့သွားခဲ့တယ်။ အသားဟင်းလေးမျိုး အသီးအရွက်လေးမျိုးအားလုံးက ပူပူနွေးနွေးတွေပါ။ သေချာပေါက် ဒါတွေအားလုံးကို စစ်တပ်ကနေချက်ပြုတ်ဖို့ဆိုတာလွယ်ကူမှာမဟုတ်ပါဘူး။ ဟင်းရည်ကအရမ်းကိုမွှေးကြိုင်ပြီ အရသာရှိပါတယ်။ သူ့ရဲ့ချက်ပြုတ်မှုအတွေ့အကြုံအရ ဒါမျိုးကိုတစ်နေ့လုံးလုံးသေချာချက်ထားမှစားကောင်းမယ်ဆိုတာ နားလည်ထားခဲ့တယ်။

၀မ်သုန့်ကတော့ စားကောင်းတယ်လို့တွေးမိပေမဲ့ ဟို့ယွိဟောင်ကတော့ ဒီထက်ပိုတွေးမိပါတယ်။ ကျွီးကျင့်က ဘာမှမပြောပေမဲ့ ဒီအစားအသောက်ထဲမှာများပြားတဲ့ အရာတွေကိုသူခံစားနေခဲ့မိတယ်။ အစားအသောက်ရှစ်မျိုးထဲမှာ သုံးခုကချဥ်တဲ့အရသာကိုပိုင်ဆိုင်ထားပါတယ်။ ချဥ်တဲ့အရသာက မတူညီတဲ့အဆင့်တွေရှိပြီ နှစ်ခုကတော့ချိုချဥ်ဖြစ်သလို ကျန်တာတွေကတော့အခါးအစပ်နဲ့ အငံတွေပါ။

အရသာငါးမျိုးကို ရိုးရှင်းတဲ့အစားအသောက်ငါးမျိုးထဲမှာ ချက်ပြုတ်ထားပြီ အချိုဓာတ်နဲ့အချဥ်ဓာတ်ကို အဓိကအထူးပြုထားပါတယ်။ သူမက ကျော်ကြားတဲ့စားဖိုမှူးတစ်ယောက်ရဲ့သမီးပါ။ ဒါကြောင့် သူသာစိတ်ကူးရှိမယ်ဆိုရင် ဒါတွေကိုသေချာချက်ပြုတ်နိုင်ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုထားတဲ့တဲနဲ့ သိပ်ပြီမနီးမဝေးတဲ့တဲကြီးတစ်လုံးမှာ ခက်ခက်က ကျွီးကျင့်ကိုစိုက်ကြည့်နေခဲ့တယ်။

” ကျွီးကျင့် ဘာဖြစ်လို့ဒီနေ့ထူးထူးဆန်းဆန်းတွေလုပ်နေတာလဲ နင်အဆင်ပြေရဲ့လား ”

ကျွီးကျင့်က ခေါင်းခါလိုက်ပါတယ်။ ခက်ခက်ကတော့ ၀င်ပေါက်ကိုမျက်စောင်းထိုးရင်း ခေါင်းကိုအပြင်ခဏထုတ်ကြည့်ကာ ဘယ်သူမှအနားမှာမရှိတာသေချာမှ ပြန်ပြေးလာရင်းမေးတော့တယ်။

” နင်တကယ် ဟို့ယွိဟောင်ကိုဒီလောက်ကြိုက်တာလား ”

ကျွီးကျင့်ကတော့ ဘာမှမပြောခဲ့ပါဘူး။ ခက်ခက်ကတော့ အဖြေရှာတွေ့သွားခဲ့ပါပြီ။

” ဒီလောက်တောင်သဘောကျတယ်ဆိုရင် ဘာဖြစ်လို့ထွက်သွားခဲ့တာလဲ ဘာဖြစ်လို့အိမ်ရှေ့စံကိုလက်ထပ်ဖို့သဘောတူလိုက်တာလဲ ”

” နင်နားမလည်နိုင်ပါဘူး…ဒီလောကကြီးမှာငါဆုံးဖြတ်လို့မရတဲ့ကိစ္စတွေရှိတယ်..ငါဘ၀က မိဘတွေဆုံးပါးသွားခဲ့ကထဲက အပြောင်းလဲကြီးပြောင်းလဲသွားပြီပြီး စိတ်ခံစားချက်တွေဆိုတာက ငါဘ၀ထဲမှာပေါ်မလာသင့်ဘူး ”

” ဒါဆိုဘာဖြစ်လို့ အစားအသောက်တွေချက်ပေးဖို့ဒီလောက် ကြိုးစားထားရတာလဲ ”

” ငါအသက်ကိုကယ်ပေးလို့ ကျေးဇူးပြန်ဆပ်ချင်ရုံဲပဲ ”

” မဖြစ်နိုင်လိုက်တာ နင်ဒီလောက်အထိ အာရုံစိုက်နေတာ ငါမမြင်ရတာကြာလှနေပြီ နင်သူ့အတွက်ချက်ပြုတ်နေတဲ့အချိန် နင်ရဲ့ခန္ဓာကိုယ်အငွေ့အသက်ပုံစံကလုံး၀ကိုမတူညီဘူးမျက်လုံးထဲက အာရုံစိုက်ထားတာမဟုတ်ပဲ နူးညံ့ပြီနွေးထွေးတာကိုပါငါမြင်ရတယ် ”

ကျွီးကျင့်က ပုခုံးတွန့်လိုက်ပါတယ်။

” ပြောတာအသံကျယ်လွန်နေပြီ စစ်တပ်တစ်ခုလုံးကို ကြားသွားစေချင်လို့လား ”

” ကျွီးကျင့် ကိုယ်ကိုကိုယ်ဒီလောက်အထိ တွန်းအားပေးတာ ဘာများလုပ်ချင်နေလို့လဲ ”

ကျွီးကျင့်က ပြုံးလိုက်ပါတယ်။ ဒီမိန်းမချောလေးရဲ့ မျက်နှာပေါ်မှာ၀မ်းနည်းမှုက အထင်သားပေါ်လာခဲ့ပါပြီ။

” နင်နားလည်နိုင်မှာမဟုတ်ဘူး…ငါက သူ့အတွက်တကယ်သင့်တော့မယ်လို့ တကယ်ထင်တာလား အသက်ကွာခြားချက်ကရောမေ့သွားပြီလား ဒါ့အပြင် သူကဘယ်လိုလူမျိုးလဲ ငါကရောဘယ်လိုလူမျိုးလဲ ငါရဲ့အဆင့်အတန်းကိုနင်သိတယ်မလား ငါက အိမ်ရှေ့စံမင်းသားရဲ့ကျားစေ့တွေထဲကတစ်ခုပဲ ဒါ့အပြင် ငါတို့လိုလူတွေက အသုံးမ၀င်တော့တာနဲ့ အပြည့်အ၀ဖျက်ဆီးခံလိုက်ရမှာ ငါလုပ်နိုင်တဲ့တစ်ခုတည်သောအရာက ကောင်းကောင်းကစားပေးဖို့ပဲ တာ၀န်ကျေအောင်လုပ်ရမယ်…ဘယ်လိုလုပ် ဒီကိစ္စထဲကိုသူပါလာအောင် ဆွဲသွင်းလို့ရမှာလဲ ”

ခက်ခက်က သူ့အနားကို ကပ်ပြီခပ်တိုးတိုးပြောလိုက်ပါတယ်။

” ဒါပေမယ့် နင်ထွက်ပြေးလို့ရတယ်လေ ”

ကျွီးကျင့်က နောက်တစ်ကြိမ်ပြုံးလိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်အပြုံးက ပိုနာကျင်လို့နေခဲ့တယ်။

” နင်တကယ်ကိုနားမလည်သေးဘူးပဲ ခံစားချက်တွေဆိုတာက ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်မှာမဟုတ်ဘူး…သူလဲငါနဲ့ပတ်သက်ပြီ စိတ်ခံစားချက်တွေကောင်းကောင်းရှိရင်ရှိနေမှာပါ ဒါပေမယ့် သူ့နှလုံးသားထဲမှာတခြားတစ်ယောက်ရှိနေတာ ငါသိတယ်…အခုကိစ္စတွေဆိုတာက ငါကိုငါတွန်းအားပေးနေတာမဟုတ်ဘူး…ဒီကိစ္စကြီးတွေရဲ့ရိုက်ခတ်မှုသက်သက်ပဲ အကယ်၍ငါသူတို့အတွက် အားလုံးကို စွန့်လွှတ်ခဲ့မယ်ဆိုရင်တော့ သူတို့ကငါကိုလက်ခံမှဖြစ်မှာလား ဒါ့အပြင် ငါဘယ်လိုဒီလိုလုပ်နိုင်မှာလဲ ငါမိဘတွေရဲ့သေဆုံးမှုအတွက် လက်စားချေဖို့ကျိန်ဆိုထားခဲ့ပြီပြီး သူတို့တွေအဲ့ဒီနေ့ဆုံးပါးသွားတုန်းက ကျန်ရစ်တဲ့ဘ၀တစ်ခုလုံးမှာ ဒီကိစ္စအတွက်ပဲ ရှင်သန်ရမယ်လို့ ငါကျိန်ဆိုခဲ့တယ် ”

” နင်ကတကယ်တအားအစွန်းကိုရောက်လွန်နေပြီ ဒါ့အပြင် သူ့မှာတခြားတစ်ယောက်ရှိနေတာ နင်ဘယ်လိုသိလဲ သူပြောပြဖူးလို့လား ”

” ပြောပြစရာမလိုဘူးလေ ငါသိပြီသား ဒီကိစ္စကိုထပ်ပြီအာရုံမစိုက်နဲ့တော့ ငါလဲသူ့ကိုထပ်ပြီမမြင်ချင်တော့ဘူး…ဒဏ်ရာပျောက်တာနဲ့သူတို့ကိုသွားခိုင်းလိုက်ပါ နောက်ကျနေပြီ ပြန်ပြီအိပ်လိုက်တော့ ”

” ကျွီးကျင့် ”

ခက်ခက်ကဆက်ပြီပြောချင်နေပါသေးတယ်။

” ဒါအမိန့်ပဲ သွားပြီတော့နားလိုက်တော့ ”
ခက်ခက်ကတော့ သက်ပြင်းချနေပြီ အခုလက်ရှိအချိန်မှာ သူဘာမှအကြံမပေးနိုင်တော့ပဲ ရှိနေခဲ့ပါတယ်။ ကျွီးကျင့်ရဲ့မျက်လုံးတွေက လုံး၀ကိုမျက်ရည်တွေနဲ့ပြည့်နေမှန်း ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။ ဒါပေမယ့် သူဘာမှပြောတော့ပါဘူး။ အဲ့ဒီအစားကျွီးကျင့်အနားကိုကပ်လိုက်ပြီတော့သာ ခပ်ဖွဖွလေးဖက်ထားပေးပြီတဲ့နောက် လှည့်ထွက်လို့သွားပါတော့တယ်။

ခက်ခက်ထွက်သွားတော့မှသာ ကျွီးကျင့်ရဲ့မျက်ရည်တွေက ဆက်တိုက်ဆိုသလိုစီးကျလာပါတော့တယ်။ လူတစ်ယောက်ကိုတကယ်မြတ်မြတ်နိုးနိုးချစ်မြတ်နိုးရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား။ ဘာကြောင့်များ သူ့ကငါ့ဘ၀ထဲကို ၀င်လာရတာလဲ။ နင့်ကိုနောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရပြီးပြီပဲ ကျောက်ယန်ရဲ့လက်ထဲမှာသေရမယ်ဆိုရင်တောင် ငါမှာနောင်တမရှိဘူး။ ဒါကိုနင်သိရဲ့လား။

ကျွီးကျင့်က စိတ်ထဲမှာဆက်တိုက်အော်ဟစ်ပြီပြောဆိုနေခဲ့ပါတယ်။ သူမရဲ့အတွေ့အကြုံတွေကြောင့် ဒီနှစ်ယောက်အတူတူရှိတဲ့မြင်ကွင်းကိုမြင်လိုက်ရချိန်တိုင်းမှာ သူ့မအနေနဲ့ ဘ၀မှာဘယ်လောက်ပဲကြုံတွေ့မှုတွေများလာခဲ့ပါစေ သူတို့တွေအတူတူနောက်ဆုံးမှာပေါင်းစည်းနိုင်တဲ့အတွေးကိုတွေးမိရုံနဲ့တင် စိတ်ခံစားချက်တွေအားလုံးကပြောင်းပြန်လှန်ထွက်သလိုမျိုးအမြဲတမ်းခံစားရလေ့ရှိတယ်။

ဒါ့အပြင် ၀မ်သုန့်ရဲ့ အဖြေနဲ့မျက်လုံးအကြည့်ကိုသူရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါ။ လေးလံတဲ့ခေါင်းညိတ်ချက်တစ်ခုသာဖြစ်ခဲ့ပေမဲ့ အစကနေအဆုံးအထိ သူ့မမှာရှိခဲ့ဖူးတဲ့မျှော်လင့်ချက်နဲ့ စိတ်ခံစားချက်တွေအားလုံးကိုလဲပါ၀င်လို့နေခဲ့တယ်။

ညအချိန်ကတော့ ဒီလိုတိတ်တိတ်ဆိတ်ဆိတ်နဲ့သာ ဖြတ်သန်းစီးဆင်းခဲ့ပါပြီ။ မနက်စောစောမှာတော့ ပထမဆုံးနေရောင်ခြည်ထွက်ပေါ်လာချိန်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တဲအပြင်ကိုထွက်လာခဲ့ကြပါတယ်။ အရှေ့အရပ်ကိုမျက်နှာမူရင်း ခရမ်းရောင်စွမ်းအားကို စုပ်ယူနေခဲ့ပါတယ်။

ခရမ်းရောင်နတ်ဆိုးမျက်လုံးက ဆက်တိုက်ဆိုသလို စုဆောင်းရင်းဖန်တီးရတာပါ ဟို့ယွိဟောင်က ဒီလိုတစ်ညကျင့်ကြံရုံနဲ့တင် ထရပ်နိုင်နေပြီဖြစ်တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ဘယ်လောက်အထိသန်မာနေလဲဆိုတာကိုသိနေခဲ့တယ်။ အထူးသဖြင့် အားကောင်းတဲ့အသက်စွမ်းအားတွေကနောက်ကျောဒဏ်ရာတွေကိုလဲ အနာဖေးတောင်တက်စေခဲ့ပါပြီ။ တစ်ရက်နဲ့တစ်ညတိတိ ဒီလိုမျိုးလှဲလျောင်းနေခဲ့ပြီတဲ့နောက် သူနိုးဘာချိန်မှာနှစ်ရက်တောင်ကုန်သွားပြီမှန်းသိလိုက်ရပါတယ်။ ဒါ့အပြင် ပြန်လည်ကုသနိုင်စွမ်းက အရမ်းကိုသူမတူအောင်ထူးခြားနေတာကြောင့် ဘယ်သူမှလဲ ပုံတူကူးနိုင်မှာမဟုတ်ပါဘူး။

ခရမ်းရောင်စွမ်းအားတွေပျောက်ကွယ်သွားချိန်မှာ ၀မ်သုန့်ကမေးလာခဲ့တယ်။

” ယွိဟောင် ငါဒီနေရာမှာအတော်လေး စိတ်မသက်မသာတာကို ငါတို့တခြားသူတွေရဲ့နယ်မြေထဲမှာ ရောက်နေသလိုပဲခံစားရတယ်…မင်းလမ်းလျှောက်နိုင်ပြီလား ”

” ဒီမှာအကြာကြီးနေတာလဲကောင်းတာမဟုတ်ဘူး..ငါလဲ ဒီစစ်တပ်နဲ့အဆက်အစပ်မလုပ်ချင်ဘူး အဆင်တော့ပြေပါတယ်…ငါတို့ပျံသန်းရေး၀ိညာဥ်လက်နက်ကပျက်စီးသွားပြီ ဒါကြောင့်သာမဟုတ်ဘူးဆိုရင် ထိန်းချုပ်ပြီပျံသန်းမှုကပြဿနာရှိတော့မှာမဟုတ်ဘူး ”

” ဒါဆိုငါတို့ဘယ်တော့သွားကြမလဲ ”

ကျွီးကျင့်နဲ့ ခက်ခက်ကို မနက်စာစားပြီတော့ သွားပြီးနှုတ်ဆက်စကားပြောမယ်…ပြီးရင်သွားကြမယ်လေ ”

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့မျက်နှာကိုအလေးအနက်စိုက်ကြည့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးပါပဲ။ အဲ့ဒီအခြေအနေကိုမြင်ပြီမှသာ သူပြုံးပြပြီ ပြန်ဖြေလိုက်ပါတော့တယ်။

” ကောင်းပြီလေ ”

ခက်ခက်ကတော့ ဒီအချိန်မှာ မနက်စာလာပို့ပါတယ်။ အရင်ညတွေထက်ဆိုင်ရင် ပိုပြီးရိုးရှင်းတဲ့အစားအသောက်ပါပဲ။ အစားအသောက်ကရိုးရှင်းပေမဲ့ ကောင်းကောင်းဗိုက်၀ဖို့လိုပါတယ်။

” ငါတို့မှာဒါတွေကျန်တော့တယ် ”

ခက်ခက်က တောင်းပန်တဲ့လေသံနဲ့ပြောလာခဲ့တယ်။

” ငါတို့လဲ တော်၀င်လူတန်းစားတွေလိုမျိုးနေရတာ ကျင့်သားမရသေးပါဘူး…ဒီအတိုင်းအခွင့်ထူးခံရထားတဲ့ သာမန်ပြည်သူတွေပဲမလား ဗိုက်ပြည့်ရင်းလုံလောက်ပြီ ငယ်ငယ်တုန်းက အစာ၀အောင်စားဖို့တောင်ဘာမှမရှိဘူး…ဘယ်လိုလုပ်ဒီလိုမျိုးမွှေးပျံ့နေတဲ့ အစားအသောက်တွေကိုငြင်းနိုင်မှာလဲ ”

သူပြောပြီတဲ့နောက် လက်ဖ၀ါးကြီးအရွယ်ရှိတဲ့ ပေါက်ဆီကို ပါးစပ်ထဲထိုးထည့်လိုက်ပါတော့တယ်။

အားကောင်းတဲ့အသက်စွမ်းအားဆိုတာက သူ့မှာပိုင်ဆိုင်တဲ့အရာဖြစ်ပေမဲ့ အသက်စွမ်းအားကိုပြန်လည်ဖြည့်တင်းဖို့အစားအသောက်ကလဲ မရှိမဖြစ်လိုအပ်ပါတယ်။

အပိုင်း ၁၉၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset