Chapter – 10.2 ” ၀ိညာဥ်လက်နက်တွေနဲ့ ပထမဆုံးအတွေ့အကြုံ ”
°°°
ဟယ့်ချိုက်ထို့က မှောင်မိုက်တဲ့မျက်နှာထားတဲ့ ပြောလာခဲ့ပါတယ်။
” အလုပ်မဖြစ်သေးဘူးလား ”
ဖန့်ယွီနဲ့ ကျိုးယိ နှစ်ယောက်ကလဲ လျှောက်လာခဲ့တယ်။ ကျိုးယိရဲ့အမူအရာကတော့ အနည်းငယ်အဆင်မပြေခဲ့ပါဘူး။ ဖန့်ယွီကတော့ တစ်စုံတစ်ရာကို တွေးတောမိတဲ့အတိုင်း ရှိနေခဲ့တယ်။ ဒါကြောင့် ဟို့ယွိဟောင်ကို သူမေးလိုက်ပါတယ်။
” ဟို့ယွိဟောင် မင်းရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက ဘယ်လောက်အထိ နယ်မြေကြီးမားနိုင်သလဲ ”
” အချင်းမီတာသုံးဆယ့်လောက်အထိ ကြီးမားနိုင်ပါတယ် ”
ဖန့်ယွီက ချက်ချင်းဆိုသလို နားလည်လိုက်တဲ့အတွက် သူပြောလာခဲ့ပါတယ်။
” ဒီလိုဖြစ်မှတော့ ဘယ်အံ့ဩစရာရှိမလဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲ ရှိသေးတယ်လေ ခိုင်မာပြီး အားကောင်းတဲ့၀ိညာဥ်စက်ကွင်းမှသာ သင့်တော်တဲ့အကွာအဝေးတစ်ခုအထိကို ရောက်ရှိနိုင်မှာပါ ငါတို့လဲ အများကြီး မတောင်းဆိုသင့်ဘူးမဟုတ်လား ”
ဟို့ယွိဟောင်က ရုတ်တရက်မေးလာခဲ့ပါတယ်။
” ဆရာဖန့်ယွီ ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက ကျွန်တော်၀ိညာဥ်အဆင့်နဲ့အတူတူ တိုးတက်လာလိမ့်မယ် ”
ဖန့်ယွီက မျက်လုံးပြူးသွားခဲ့ပါတယ်။
” မဖြစ်နိုင်တာပဲ ၀ိညာဥ်စွမ်းရည်တစ်ခုက ဘယ်လိုများ တိုးတက်နိုင်မှာလဲ ”
ဟို့ယွိဟောင်က အလေးအနက်ပြောလာခဲ့ပါတယ်။
” တကယ်အမှန်ပါပဲ ကျွန်တော်စစချင် ဒီစွမ်းရည်ကို ရရှိခါစတုန်းက ဒီစွမ်းရည်က တစ်မီတာပဲ ရှိသေးတာ ဒါ့အပြင် ကျွန်တော် အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး…အနာဂတ်မှာ ကျွန်တော်ရဲ့ ၀ိညာဥ်အဆင့်နဲ့လိုက်ပြီး ဒီစွမ်းရည်က တိုးတက်လာမှာ သေချာပါတယ်..ဒါ့အပြင် တွက်ချက်မှုကလဲ ပိုကောင်းလာလိမ့်မယ် ”
ကျိုးယိ သူ့ကို ဘာကြောင့်ဒီနေရာ ခေါ်လာမှန်း ဟို့ယွိဟောင် သိပြီသားပါ။ ဒါကြောင့် သူမက အတော်လေးကို စကားပြောပေးနေတာဖြစ်ပါတယ်။ ဒါကသူ့အတွက်လဲ အခွင့်အရေးပါပဲ ဘယ်လိုအခွင့်အရေးလဲဆိုတာကသာ သူ မရှင်းမလင်းပဲ ရှိနေခဲ့သေးတယ်။ ဒါပေမယ့် အခွင့်အရေးရှိလာပြီဆိုမှတော့ သူလုံး၀ လက်လွှတ်လို့မဖြစ်ပါဘူး။ ဒါကြောင့် အမှန်တရားကို ပြောပြဖို့ သူဆုံးဖြတ်လိုက်ပါတယ်။
ဖန့်ယွီကလဲ ကျိုးယိဘက်ကို လှည့်ကြည့်လိုက်တယ်။ ကျိုးယိက သူ့ကို ခေါင်းညိတ်ပြတာ မြင်တဲ့အတွက် သူပြန်ပြောလိုက်ပါတယ်။
” ကောင်းပြီလေ အကယ်၍ မင်းရဲ့ ၀ိညာဥ်ထောက်လှမ်းရေးကသာ မီတာတစ်ရာပတ်လည်ကို ရောက်ရှိနိုင်မယ်ဆိုရင် ငါ့ကို လာရှာလိုက် အဲ့ဒီလိုဖြစ်လာရင်း ၀ိညာဥ်လက်နက်တွေလုပ်ဖို့ နည်းလမ်းကို ငါသင်ပေးမယ် “‘
” ကျေးဇူးအများကြီးတင်ပါတယ်ဆရာ “‘
ဟို့ယွိဟောင် ချက်ချင်းဆိုသလို ဦးညွတ်လိုက်ပါတော့တယ်။
ဖန့်ယွီကတော့ လက်ကိုဝှေ့ရမ်းရင်း ပြောလိုက်တယ်။
” ချိုက်ထို့ လာခဲ့ သူ့ကို မူလပုံသွင်း၀ိညာဥ်လက်နက်အကြောင်း ရှင်းပြလိုက် ”
” ဟုတ် ရှင်းပြလိုက်ပါ့မယ်ဆရာ ”
ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်အပေါ်မှာ အမြင်ကောင်းနေပြီသားပါ ဒါကြောင့် ချက်ချင်းဆိုသလို လျှောက်လာပါတော့တယ်။
အဝေးနေရာကို ရောက်လာပြီချိန်မှာ ဖန့်ယွီက ကျိုးယိကို မေးလိုက်တယ်။
” အဲ့ဒီကလေးအကြောင်း မင်းဘယ်လိုတွေးထားလဲ သူ့ရဲ့ အသွင်ပြောင်းတဲ့ ၀ိညာဥ်စွမ်းရည်က အရမ်းကို သန်မာလွန်တယ်..ဒီလိုစွမ်းရည်က အဖွဲ့အစည်းတစ်ခုမှာဆိုရင် လုံး၀ကို သံသယဖြစ်စရာမရှိဘူး…ငါက အရမ်းတောင်းဆိုနေတာ များလွန်နေလား အကယ်၍ သူ့ကို ဒီလက်နက်အတွက် အထောက်အပံ့ပေးစေချင်တယ်ဆိုရင် သေချာပေါက် အနည်းဆုံးမိီတာတစ်ရာကို ရောက်အောင်လုပ်နိုင်မှဖြစ်မှာ ဒါတောင်အနည်းဆုံးနော် ဒါပေမယ့် အကယ်၍ သူ့ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကသာ မီတာတစ်ထောင်အထိကို ရောက်သွားမယ်ဆိုရင် သူ့က တိုက်ကြီးတစ်ခုလုံးမှာ ကြောက်စရာအကောင်းဆုံးထောက်လှမ်းရေး၀ိညာဥ်ပညာရှင်ဖြစ်လာလိမ့်မယ် ”
ကျိုးယိက ပြောလိုက်ပါတယ်။
” ငါအဲ့ဒီကလေးနဲ့ အခုမှတွေ့တာလေ အဲ့တော့ သူ့အကြောင်းအများကြီး မပြောနိုင်ဘူး…ဒါပေမယ့် နင်သိသင့်တယ် သူ့ရဲ့ ကျင့်ကြံဆင့်က သိပ်ပြီးမသန်မာဘူး…ခန္ဓာကိုယ်ကလဲ အတော်လေး အားနည်းတယ်..ဒါပေမယ့် စိတ်အခြေအနေကတော့ သက်တူရွယ်တူတွေထက် အများကြီးပိုပြီး ရင့်ကျက်တယ်…အကယ်၍ တခြားသူတွေသာ သူ့နေရာမှာရှိနေခဲ့မယ်ဆိုရင် သူခုနက ပြောလိုက်သလိုမျိုး ဘယ်သူမှပြောလာမှာမဟုတ်ဘူး…သူ့ကို စောင့်ကြည့်ပေးဖို့ နင့်ကိုငါကူညီပေးမယ်…ဒါပေမယ့် အကယ်၍ သူသာ ငါပေးတဲ့ စမ်းသပ်ချက်တွေကို မဖြတ်ကျော်နိုင်ဘူးဆိုရင် ငါသူ့ကို ထုတ်ပယ်ရမှာပဲ စည်းမျဥ်းတွေက ဖောက်ဖျက်လို့မရနိုင်ဘူး “‘
ဖန့်ယွီက သူ့ဘာသာသူ စဥ်းစားရင်း ပြောလာခဲ့ပါတယ်။
” ငါ့ကို နည်းနည်းလောက် စောင့်ကြည့်ချိန်ပေးပါဦး သူ့ပညာ၀ိညာဥ်ကျောင်းတော်ရဲ့ စမ်းသပ်ချက်ကို မဖြတ်ကျော်နိုင်ရင်းတောင် သူ့မှာ ဒီစွမ်းရည်တိုးတက်နိုင်နေသရွေ့ ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ဆီ ငါအထူးဖိတ်ခေါ်ချင်တယ်…ဒါ့အပြင် ငါ့ဘ၀ရဲ့ ဆယ့်စုနှစ်တစ်လျှောက်လုံး ဒီလက်နက်ကို ဆက်တိုက်ဆိုသလို လေ့လာပြီး အချိန်ကုန်ဆုံးနေခဲ့ရတာ အတွေ့အကြုံနဲ့ ယှဥ်လိုက်မယ်ဆိုရင် ပိုကြောက်စရာကောင်းတဲ့ လက်နက်ကို ငါတီထွင်းထုတ်လုပ်နိုင်ဖို့ အလားအလာရှိနေတယ်..လက်ရှိအချိန်မှာ ငါ့အတွက် လိုအပ်နေတာက အသုံးပြုပေးမဲ့သူတွေကြီးပဲ ”
ကျိုးယိကတော့ သက်ပြင်းချရင်း ပြောလာခဲ့ပါတယ်။
“‘နင်လဲအရမ်း ခေါင်းမမာသင့်ဘူး…အသုံးပြုမဲ့သူ မရှိတာက နောက်ထပ် သေစေနိုင်လောက်တဲ့အချက်တစ်ခုပဲ ဒါ့အပြင် ထုတ်လုပ်ဖို့ ကုန်ကျစရိတ်ကလဲ အရမ်းမြင့်မားတယ်….နင်တို့လူတွေအားလုံး သိတယ်မလား ဒါ့အပြင် အများကြီး အသုံးပြုဖို့ကံမပါလာဘူး ”
ဖန့်ယွီကတော့ မယိုင်လဲတဲ့ပုံစံနဲ့ ပြောလိုက်ပါတော့တယ်။
” ၀ိညာဥ်လက်နက်တွေက အရေအတွက်နည်းပေမဲ့ အင်အားကောင်းတဲ့လက်နက်တွေကြီးပဲ ဒါ့အပြင် ထူးချွန်တဲ့ ၀ိညာဥ်လက်နက်ပညာရှင်တွေအဓိက သုံးသင့်တဲ့အရာလဲ ဖြစ်နေတယ်… ငါ့ရဲ့ဒီစူးစမ်းလေ့လာမှုသာ အောင်မြင်သွားမယ်ဆိုရင် သာမန်၀ိညာဥ်ပညာရှင်တွေဆီကို ဖြန့်ပေးဖို့လုံး၀စိတ်ကူးမရှိဘူး..အရမ်းကို နည်းပါးတဲ့၀ိညာဥ်ပညာရှင်တွေပဲ သုံးနိုင်တာမလို့ ငါတို့ကျောင်းတော်ကပဲ အဓိက အသုံးပြုရလိမ့်မယ်…ဒါ့အပြင် ငါ့တို့ကျောင်းတော်ရဲ့ လုံး၀၀ှက်ဖဲကြီးတစ်ခုဖြစ်လာမှာ ”
°°°
” အစ်ကိုကြီးဟယ့် မူလပုံသေ၀ိညာဥ်လက်နက်ဆိုတာ ဘာကြီးလဲ ”
ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ကို မင်းနေခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ကတော့ ရယ်မောရင်းနဲ့ ပြန်ဖြေလိုက်တယ်။
” ၀ိညာဥ်လက်နက်တွေထဲမှာ မူလပုံသဏ္ဍာန်တွေကော အမျိုးအစားတွေရော အများကြီးရှိတယ်…ဒါပေမယ့် ငါ့တို့မှာအချိန်နည်းနည်းပဲရှိတော့ အကုန်လုံးကိုတော့ ပြောပြလို့ဘယ်ရမလဲ အစပထမဆုံးအဓိက အမျိုးအစားနှစ်မျိုးရှိတယ်…အနီးကပ် သုံးတဲ့လက်နက်နဲ့ အဝေးပစ်တဲ့ ၀ိညာဥ်လက်နက် အဲ့ဒီမှာ အနီးကပ်သုံးတဲ့ ၀ိညာဥ်လက်နက်တွေက ငါတို့ပုံမှန်သုံးတဲ့ ၀ိညာဥ်လက်နက်တွေနဲ့ အတူတူလောက်ပဲ အကယ်၍ ငါတို့သာ ၀ိညာဥ်လက်နက်တွေကို ဖောက်ခွဲပြစ်လိုက်မယ်ဆိုရင် စွမ်းအားက ပိုပြီး အားကောင်းလိမ့်မယ်…ဒါ့အပြင် အဝေးပစ်၀ိညာဥ်လက်နက်တွေထက် သူတို့က အနည်းငယ်ပိုပြီး သန်မာသေးတယ်..တခြားက အဝေးပစ်လက်နက်တွေကတော့ ၀ိညာဥ်စွမ်းအား ထည့်သွင်းပြီး အဝေးကို တိုက်ခိုက်လို့ရတယ်…၀ိညာဥ်လက်နက်တွေ ပိုပြီးသန်မာလေလေ ထုတ်သုံးဖို့အတွက် အားပိုလိုလေပဲ ဒါကြောင့်သာ ပိုပြီး ကျင့်ကြံဆင့်မြင့်တဲ့ ၀ိညာဥ်ပညာရှင်တွေက အရေးအသွေးမြင့်လက်နက်တွေကို သုံးနိုင်ကြတာ ”
” တစ်ဖက်မှာတော့ မူလပုံသေ၀ိညာဥ်လက်နက်တွေက ငါ့ဆရာ ငါတို့ဘိုးဘေးတွေဆီကနေ ရရှိလာတဲ့ပညာတွေနဲ့ ဖန်တီးထားတာ သူတို့က အဝေးကိုပစ်ပြီးတိုက်ခိုက်နိုင်ပေမဲ့ ၀ိညာဥ်စွမ်းအားအများကြီးသုံးဖို့ မလိုဘူး..ငါအစောတုန်းက သုံးလိုက်တဲ့ပုံစံကိုသိတယ်မလား သူက ၀ိညာဥ်လက်နက်ကို အပိုင်းနှစ်ပိုင်းခွဲထားတယ်…တစ်ခုက ပစ်ဖို့အတွက် လမ်းကြောင်းအဖြစ်သုံးတာ နောက်တစ်ခုကတော့ ပစ်ဖို့အတွက် ကိရိယာပဲ အစောပိုင်းမှာ ငါသုံးလိုက်တာက ၀ိညာဥ်အမြောက်ဆံလို့ခေါ်တယ် ”
” ဒီလက်နက်ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ၀ိညာဥ်စွမ်းအားနည်းနည်းပဲသုံးလို့ရပြီး ကျင့်ကြံဆင့်မြင့်ဖို့ လိုအပ်နေတာပဲ သူ့ရဲ့အားနည်းချက်ကတော့ ပစ်မှတ်ကို ချိန်ရွယ်ဖို့ အရမ်းခက်တယ်.. အထူသဖြင့် ရွေ့လျားနေတဲ့ ပစ်မှတ်ကို ချိန်ရွယ်မယ်ဆိုရင် ထိဖို့ပိုပြီးခက်တယ်… ဒါပေမယ့် တည်ငြိမ်နေတဲ့ပစ်မှတ်ကို အသုံးပြုမယ်ဆိုရင်တော့ အရမ်းကို အားကောင်းတာပေါ့ ထုတ်လုပ်တဲ့ နည်းစနစ်က အမြောက်ဆံရဲ့အခွန်ကို ထုတ်လုပ်တဲ့အချိန်မှာ အတော်လေး ပြဿနာများတယ်…တန်ဖိုးကြီးပစ္စည်းတွေလဲ အများကြီးလိုတယ်လေ ပုံမှန်အတိုင်းဆိုရင် ဆရာက ငါ့ကိုအကျိုးအကြောင်းမရှိပဲ မပစ်ခိုင်းဘူး..ဆရာပြောတာတော့ ဒီလက်နက်က အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ကို ဆယ့်ဆအထိ စွမ်းအားကောင်းစေနိုင်တယ်တဲ့ ဒါပေမယ့် သူ့မှာလဲ အကန့်အသတ်ရှိနေတယ်လေ ဒါကြောင့် အသုံးပြုတဲ့ ပစ္စည်းတွေကလဲ သက်ရောက်မှုရှိတယ်…ဒီလိုလက်နက်တွေကို အသုံးပြုဖို့ကံပါတဲ့သူက အရမ်းကိုနည်းသလို အသုံးပြုဖို့သင့်တော်တဲ့ သူက ပိုလို့တောင်ရှားပါးသေးတယ် ”
ဟယ့်ချိုက်ထို့ကတော့ အေးအေးဆေးဆေးသာ ရှင်းပြနေခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်းတောင် တစ်ချို့နေရာတွေမှာတောင် မရှင်းလင်းပါဘူး။ ဟို့ယွိဟောင်အတွက်ကတော့ ၀ိညာဥ်လက်နက်တွေနဲ့ ပတ်သက်တဲ့ တံခါးကြီးတစ်ချပ်ကို ဖွင့်ပြီသားဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေနဲ့ ပတ်သက်တဲ့ အသိပညာကလဲ တိုးပွားလို့လာခဲ့ပါပြီး ဆရာဖန့်ယွီက ဒီနယ်မြေထဲမှာ သေချာပေါက် ထူးချွန်ထက်မြက်တဲ့သူဆိုတာ သူနားလည်နေခဲ့တယ်။ ဒါ့အပြင် သူ့ဆရာရှောင်ယာ့က အနာဂတ်မှာ ၀ိညာဥ်လက်နက်တွေအကြောင်း သင်ပေးမယ်လို့ သူ့ကိုယ်လဲ ပြောထားပါသေးတယ်။ အကယ်၍ သူသာ ဆရာဖန့်ယွီရဲ့ တပည့်ဖြစ်လာမယ်ဆိုရင် ဒါက သူ့အတွက် အကောင်းဆုံးပါပဲ။
” ဟို့ယွိဟောင် သွားကြစို့ ”
ကျိုးယိရဲ့အသံက ဒီအချိန်မှာ ထွက်ပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ကို ပြောလိုက်ပါတယ်။
” အစ်ကိုကြီးဟယ့် ကျွန်တော်ပြန်တော့မယ်…တွေ့ရတဲ့အတွက် ၀မ်းသာပါတယ် ”
ဟယ့်ချိုက်ထို့ကတော့ ရယ်မောရင်းနဲ့သာ ပြန်ဖြေလိုက်တယ်။
” မင်းက ကျောင်းသားသစ်ပဲ ကြိုးစားလိုက်ဦး အနာဂတ်မှာမင်းသာ ငါ့ရဲ့ဆရာတူညီလေး ဖြစ်လာရင်း ပိုလို့ကောင်းတာပေါ့ ဆရာက ပုံမှန်အခြေအနေတွေမှာ ငါကိုဒီနေရာကနေ လုံး၀ထွက်သွားခွင့်မပေးဘူး…အရမ်းပျင်းစရာကောင်းလွန်တယ် “‘
၀ိညာဥ်စမ်းသပ်ရေးနယ်မြေကနေ ထွက်ခွာလာပြီတဲ့နောက် ကျိုးယိက ဟို့ယွိဟောင်ကို ကျောင်းသားအိမ်ဆောင်ဆီ ပြန်ခေါ်သွားပါတယ်။
” ဆရာဖန့်ယွီပြောတာကို မင်းကြားတယ်မဟုတ်လား ဟို့ယွိဟောင် ကျောင်းတော်ထဲမှာ သူ့က၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့ပညာရှင်ပဲ အကယ်၍ သူ့တပည့်သားသာ ဖြစ်လာနိုင်မယ်ဆိုရင် နင်ရဲ့အနာဂတ်က တောက်ပနေလိမ့်မယ်…ဒါပေမယ့် ပထမအနေနဲ့ ကျောင်းတော်ထဲမှာ နေနိုင်မှဖြစ်မှာ နေ့လည်စာသွားစားတော့ ”
ကျိုးယိ ထွက်ခွာသွားတာကိုကြည့်ရင်း ဟို့ယွိဟောင်လဲ ထမင်းစားဆောင်ဆီကိုသာ သွားလိုက်ပါတော့တယ်။ တခြားကျောင်းသားတွေကလဲ အတန်းအခုမှပြီတာကြောင့် လက်ရှိအချိန် ထမင်းစားဆောင်ထဲမှာ ကျောင်းသားတွေအပြည့် ဖြစ်နေခဲ့တယ်။
အပိုင်း ၁၀•၂ ပြီး၏။