Chapter – 10.1 ” ၀ိညာဥ်လက်နက်တွေနဲ့ ပထမဆုံး အတွေ့အကြုံ ”
°°°
ဆရာကျိုးယိက သူ့ကျောင်းသားတွေရှေ့မှာဆိုရင် မယှဥ်သာနိုင်လောက်တဲ့ ခြိမ်းခြောက်မှုအပြည့်ကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါပေမယ့် ဖန့်ယွီလို့ခေါ်တဲ့ ဒီလူကြီးရဲ့ရှေ့မှာကတော့ ကြမ်းတမ်းမှုတွေက ပျောက်ကွယ်သွားခဲ့ပါပြီး သူမ ဆက်တိုက်ပြန်ပြောနေခဲ့ပါတယ်။
” နောက်ဆုံးတစ်ကြိမ်တုန်းက ပြောခဲ့တဲ့ ကိစ္စကို ငါပြန်ပြောပြနေခဲ့တာလေ စိတ်၀ိညာဥ်အမျိုးအစား ပညာရှင်တွေသုံးတဲ့၀ိညာဥ်လက်နက်တွေအကြောင်းကို ပြောတာ ”
သူမ ပြောတာကို ကြားချိန်မှာတော့ ဖန့်ယွီရဲ့မျက်လုံးတွေက တောက်ပလင်းလက်လာပါတော့တယ်။ ဘေးမှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်ကို သူချက်ချင်းဆိုသလို ကြည့်လိုက်မိတယ်။
” သူ့မှာ စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ရှိနေတာလား ”
ကျိုးယိက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်တယ်။
” အမှန်ပဲ သူ့နာမည်က ဟို့ယွိဟောင် ကျောင်းသားသစ် စိတ်၀ိညာဥ်အမျိုးအစား ခန္ဓာကိုယ်ရှိတယ် ”
အလေးအနက်ကြည့်ပြီတဲ့နောက် ဖန့်ယွီက ခေါင်းခါလိုက်ပါတယ်။
” အလုပ်ဖြစ်မှာမဟုတ်ဘူး သူခန္ဓာကိုယ်နဲ့ ၀ိညာဥ်အင်အားက အားနည်းလွန်နေတယ်….အားအနည်းဆုံး၀ိညာဥ်လက်နက်ကိုတောင် သူမထိန်းချုပ်နိုင်မှာ စိုးရိမ်မိတယ်…ဒါ့အပြင် သူ့ရဲ့ပါရမီက လက်ရှိခန္ဓာကိုယ်နဲ့ဆိုရင် ငါလိုတာထက် အများကြီးအလှမ်းဝေးနေသေးတယ် ”
” ငါ့ရဲ့ရှေးရေးမျှော်မြင်တွေးနိုင်မှုကို နင်က လာအထင်သေးတာလား အမှန်ပဲ ဟို့ယွိဟောင်က အခုအချိန် အားနည်းကောင်းအားနည်းလိမ့်မယ်..ဒါပေမယ့် သူ့ရဲ့၀ိညာဥ်စွမ်းရည်က လုံး၀ကို သူမတူအောင် ထူးခြားနေတယ်…ဒါ့အပြင် လက်တွေ့အကျဆုံး စိတ်၀ိညာဥ်အမျိုးအစားစွမ်းရည်ပဲ ငါမြင်ဖူးသမျှထဲမှာ ဒီလောက်ကောင်းတာမရှိဘူး…ဟို့ယွိဟောင် သူ့ကိုတခဏတာ ကြုံတွေ့စေလိုက် ”
ကျောင်းသားတစ်ယောက်အနေနဲ့ ဟို့ယွိဟောင်က အမြဲတမ်းဘေးမှာ ထိုင်ကြည့်နေသူအဖြစ်သာ ပါ၀င်ခဲ့တာပါ။ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အရှေ့မှာရှိတဲ့ လူကြီးဆီ သူအသုံးချလိုက်ပါတော့တယ်။
ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို အာရုံစူးစိုက်နိုင်စွမ်း လွှင့်ထွက်မတတ်ဖြစ်သွားခဲ့ရပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက အဲ့ဒီလူကြီးနဲ့တွေ့ချိန်မှာ တစ်ဖက်လူက မျက်မှောင်ကြုတ်သွားခဲ့တယ်။ ချက်ချင်းဆိုသလို ဟို့ယွိဟောင်လဲ သူ့ရှေ့မှာ ကြောက်စရာကေင်းတဲ့ သားရဲကောင်ကြီးတစ်ကောင် ရှိနေသလိုမျိုး ခံစားမိလိုက်ရပါတယ်။ ဒါ့အပြင် အဲ့ဒီသားရဲကောင်ကြီးက သူ့ကို တစ်လုပ်ထဲနဲ့ မြိုချပြီးစားသောက်ပြစ်လိုက်တော့မဲ့အတိုင်းပါပဲ။
ဒီခံစားချက်က အိပ်စက်နေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို နိုးလာစေထဲ့တယ်။ သန့်စင်ကြည်လင်သွားတဲ့ခံစားချက်နဲ့အတူ စိတ်၀ိညာဥ်စွမ်းအင် ပင်လယ်တစ်ခုလို အားအင်ပြည့်လာခဲ့ပြီး ဟို့ယွိဟောင်ရဲ့ ထိတ်လန့်မှုနဲ့ အကြောက်တရားတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။
တခဏတာချင်အတွင်းမှာပဲ ဖန့်ယွီခန္ဓာကိုယ်က ထွက်ပေါ်နေခဲ့တဲ့ ကြောက်စရာအရှိန်အ၀ါတွေလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီး အဲ့ဒီနောက် သူလဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအား စူးစမ်းမျှဝေမှုရဲ့ ချိတ်ဆက်ခွင့်ကို ခွင့်ပြုလိုက်ပါတော့တယ်။
တခဏတာကြာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ စွမ်းရည်ကို သူလဲကောင်းကောင်းနားလည်သွားပါတော့တယ်။ အေးချမ်းနေတဲ့ မျက်၀န်းတွေကနေ အားကောင်းတဲ့လှိုင်းတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။
” ဒီလိုစွမ်းရည်မျိုးရှိတယ်လား ဒါက ဆယ့်နှစ်၀ိညာဥ်သားရဲကောင်ရဲ့ စွမ်းရည်က ဘယ်လိုများ ဒီလောက်အထိ အားကောင်းနိုင်ရတာလဲ ”
ဟို့ယွိဟောင်ရဲ့ ခြေထောက်အောက်မှာရှိနေတဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းကို ကြည့်ရင်း ဖန့်ယွီလဲ နားမလည်နိုင်ဖြစ်နေခဲ့တယ်။ အခုအချိန်ထိ သူလဲ အံ့ဩနေဆဲပါ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အကြောင်းကို လုံး၀ပြောပြမှာမဟုတ်ပါဘူး။
” ဆယ့်နှစ်လေမြောက်၀န်တဲ့လား ”
ဖန့်ယွီနဲ့ ကျိုးယိ နှစ်ယောက်စလုံး အတော်လေးကို ပြောစရာစကားမရှိဖြစ်နေခဲ့ပါတယ်။
” ဒါက အဆင့်ကျော်တိုးတက်ထားတဲ့ ၀ိညာဥ်စွမ်းရည်များလား “‘
ဖန့်ယွီလဲ ခေါင်းညိတ်ရင်းနဲ့ ဆက်ပြီးပြောနေခဲ့ပါတယ်။
” ဒါဆိုရင် အခွင့်အရေးရှိနိုင်တယ် ဒီကလေးရဲ့ သိုင်းပညာ၀ိညာဥ်က ခန္ဓာကိုယ်၀ိညာဥ်ဖြစ်တဲ့အပြင် ငါတို့လိုအပ်နေတဲ့အရာပဲ ဒါ့အပြင် သူ့ရဲ့ ဖြစ်တည်မှုကိုယ်တိုင်းကို က အသွင်းပြောင်းပြီး တိုးတက်နေတာလဲ ဖြစ်နေသေးတယ်…ဒါ့အပြင် သူရွေးချယ်လိုက်တဲ့ ၀ိညာဥ်စက်ကွင်းက သူ့နဲ့လုံး၀ကို လိုက်လျောညီထွေးမှုမရှိတာကြောင့် နောက်ထပ် စွမ်းရည်အသစ်တစ်မျိုး တိုးတက်သွားတာဖြစ်ရမယ်…ပြောရမယ်ဆိုရင် ဒီလိုမျိုး သားရဲကောင်၀ိညာဥ်စက်ကွင်းကို စုပ်ယူပြီး ဘာပြဿနာမှမရှိတာကတင် အတော်လေး အံ့ဩစရာကောင်းတဲ့ကိစ္စဖြစ်နေပြီး ဒီလိုရှားပါးတဲ့ပုံစံပြောင်းလဲမှု ဖြစ်လာမယ်လို့ ငါထင်တောင်မထင်ထားခဲ့မိဘူး….အဲ့ဒီလို အံ့ဖွယ်ရာမျိုးက မျိုးပွားပြီး ထပ်မံဖြစ်ပေါ်လာနိုင်မှာမဟုတ်တာတော့ အသေအချာပဲ ”
” ချိုက်ထို့ လာခဲ့စမ်း ”
ဖန့်ယွီက အနားမှာရှိနေတဲ့ လူငယ်လေးတစ်ယောက်ကို ခေါ်လိုက်ပါတယ်။
အဲ့ဒီလူငယ်လေးကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်လဲ မျက်လုံးပြူးသွားရတော့တယ်။ ဒီလူငယ်လေးက ပေ့ပေ့နဲ့ သိပ်ကွာတဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် အရမ်းကို အရပ်ရှည်လွန်းလှပြီး နှစ်မီတာကျော်အမြင့်ကိုတောင် ရောက်နေခဲ့ပါပြီး သူပုခုံးက ဖန့်ယွီထက်တောင် ကြီးမားပါသေးတယ်။ အပေါ်ပိုင်းဗလာဟင်လင်ဖြစ်နေတဲ့ ခန္ဓာကိုယ်က ညိုမှောင်တဲ့ကြွက်သားတွေကိုလဲ ထုတ်ဖော်ပြသလို့နေခဲ့တယ်။ သူခေါင်းပေါ်မှာ ဆံပင်တစ်ပင်မှကို မရှိခဲ့ပါဘူး။ ဒါ့အပြင် သာမန်လူတွေထက်လဲ ပိုပြီးတော့ ညိုမှောင်တဲ့အသားအရေးကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ရိုးရှင်းပြီ အတော်လေးကို ရိုးသားမဲ့ပုံစံ ပေါ်နေခဲ့ပါတယ်။
လူငယ်က ဖန့်ယွီကို တလေးတစား ဦးညွတ်လိုက်တယ်။
ဖန့်ယွီက ဟို့ယွိဟောင်ကို လက်ညိုးထိုးပြရင်း ပြောလာပါတယ်။
” မင်းအခုချက်ချင်းသွားပြီး ၀ိညာဥ်အမြောက်စာရေးကိရိယာကို အခုသွားယူလာခဲ့ ဒီကလေး မင်းကို အကူအညီပေးလိမ့်မယ်…လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ထိအောင်ကြိုးစားကြည့် ”
” ကောင်းပါပြီဆရာ ”
လူငယ်က တစ်ချက်လေးတောင် မေးခွန်းမထုတ်ခဲ့ပါဘူး။ အေးအေးဆေးဆေး ပြုံးပြရင်းနဲ့သာ ဟို့ယွိဟောင်ကို ခေါ်သွားပါတော့တယ်။
” ညီငယ်လေး ငါနောက်လိုက်ခဲ့ ”
” ဟို့ယွိဟောင် မင်းရဲ့စွမ်းရည်ကို အသုံးပြီးတော့သာ သူ့ကို ကူညီလိုက် ”
ကျိုးယိက ပြောပါတယ်။
” ဟုတ်ကဲ့ဆရာ ”
ကျိုးယိက သူ့ကို ဘာကြောင့် ဒီနေရာကိုခေါ်လာမှန်း ဟို့ယွိဟောင်အခုမှနားလည်တာပါ။ ဒါကြောင့် လူငယ်နောက်ကို ချက်ချင်းပြေးလိုက်သွားပါတော့တယ်။
” တွေ့ရတာ ၀မ်းသာပါတယ် ညီငယ်လေး ငါနာမည်က ဟယ့်ချိုက်ထို့ ဒါပေမယ့် အားလုံးက ငါ့ကို ချိုက်ထို့လို့ပဲခေါ်တယ် သူတို့ခေါ်သလို ခေါ်လို့ရတယ် ”
လူငယ်က ဟို့ယွိဟောင်ကို ရိုးရိုးရှင်းရှင်း ပြုံးပြနေခဲ့ပါတယ်။
” တွေ့ရတာ ၀မ်းသာပါတယ်အစ်ကိုကြီးဟယ့် ကျွန်တော်က ဟို့ယွိဟောင်ပါ ”
အစ်ကိုကြီးဟယ့်ဆိုတဲ့ စကားကို ပြောချိန်မှာတော့ ဟယ့်ချိုက်ထို့က ချင်ချင်းဆိုသလို မျက်လုံးပြူးသွားပါတော့တယ်။ ဒါကြောင့် ဟို့ယွိဟောင်ကို သူချက်ချင်းဆိုသလို လက်မထောင်ပြလိုက်တယ်။
” ဒီညီလေးက မဆိုးဘူးပဲ ”
အနာဂတ်ရဲ့ သမိုင်းပညာရှင်တွေတောင်မှ ဒီကိစ္စကို သေချာပေါက် သိလိမ့်မှာမဟုတ်ပါဘူး။ အသူရာမျက်လုံးဟို့ယွိဟောင်နဲ့ ဖျက်ဆီးမှုတွေရဲ့ မူလဇစ်မြစ် ဟယ့်ချိုက်ထို့တို့နှစ်ယောက်က ရိုးရှင်းတဲ့ စကားလေးတစ်ခွန်းနဲ့တင် မိတ်ဆွေဖြစ်ဖို့ အစပြုခဲ့တယ်ဆိုတာကိုပေါ့။
သူတို့နှစ်ယောက်က စမ်းသပ်ရေးနယ်မြေရဲ့ အစွန်းတစ်ဖက်ဆီကို ရောက်ရှိလို့လာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့က အနက်ရောင်ခါးပတ်ကို ထိတွေ့လိုက်ချိန်မှာ အလင်းတန်းတစ်ခုက တောက်ပလို့လာခဲ့ပြီး အရမ်းကို ထူးထူးဆန်းဆန်းပုံစံနဲ့ ပစ္စည်းကိရိယာတစ်ခုက သူ့လက်ထဲမှာ ပေါ်လာပါတော့တယ်။
၁°၅ မီတာကျော်ရှည်လျားတဲ့ ပြွန်ပုံသဏ္ဍာန် အနက်ရောင်သတ္ထုတွေနဲ့ ပြုလုပ်ထားတဲ့ အဲ့ဒီကိရိယာက ထောင့်လိုက်ကြည့်မယ်ဆိုရင်တော့ အချင်း၀က်ဆယ့်ငါးမီတာရှိတဲ့ အခေါင်းပေါက်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူ့လို အမြီးနဲ့အရာကလဲ အတော်လေးကို ထူးနေခဲ့ပြီး ထူးဆန်းတဲ့ သင်္ကေတတွေကိုလဲ အပေါ်မှာရှိနေခဲ့တယ်။
ဟယ့်ချိုက်ထို့က အတော်လေးကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ဆောင်လို့ထားခဲ့ပါတယ်။ သတ္ထုရဲ့အနောက်ဖက်ကို ညာလက်နဲ့ နှစ်ခေါက်တိတိ ဖိနှိမ့်ပြီတဲ့နောက် အကွာအကွယ်တစ်ခုက ချက်ချင်းဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီနေရာမှာတော့ နှစ်ဆယ့်စင်မီတာရှည်လျားပြီး တစ်ဆယ့်စင်မီတာကျယ်တဲ့အပေါက်တစ်ပေါက်က ရှိနေခဲ့တယ်။
အဲ့ဒီနောက် သူ့ရဲ့ဘယ်ဘက်လက်ကို ခါးမှာ ထောက်လိုက်ပြန်ပါပြီး ရုတ်တရက်ဆိုသလို လက်ထဲမှာလဲ ခလုတ်ပုံသဏ္ဍာန်သတ္ထုတစ်ခုပေါ်လာပါတော့တယ်။ အဲ့ဒီသတ္ထုကို သူပထမညာဘက်လက်နဲ့ ပုတ်ရင်းဖောက်ထားတဲ့အပေါက်ကနေ ထည့်သွင်းလိုက်ပါတယ်။ အဲ့ဒီနောက် အဖုံးကို ပြန်ဖုံးလိုက်တယ်။ ညာဘက်လက်ကို မြောက်လိုက်ပြီတဲ့နောက် သတ္ထုပြွန်ကြီးကို ပုခုံးပေါ်မှာ နောက်တစ်ကြိမ် တင်လိုက်ပြန်ပါပြီ။
အစောပိုင်းတုန်းက အရမ်းကို ရိုးရိုးရှင်းရှင်း ပုံစံနဲ့ ရှိနေခဲ့တဲ့ ဟယ့်ချိုက်ထို့က ရုတ်တရက်ဆိုသလို အရှိန်အ၀ါ ပြောင်းလဲမှုအကြီးကြီး ဖြစ်ပေါ်သွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်အမျိုးအစားပါ ဒါကြောင့် ဟယ့်ချိုက်ထို့ဆီက ရုတ်တရက်ထွက်ပေါ်လာတဲ့ အန္တရာယ်အငွေ့အသက်ကို တခြားသူတွေထက် သူက ပိုပြီး ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။
” ဟို့ယွိဟောင် စလိုက်ကြစို့ ”
ဟယ့်ချိုက်ထို့ရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းက လွှမ်းခြုံလို့သွားခဲ့ပါပြီး ဒါ့အပြင် သူ့ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကလဲ ဟယ့်ချိုက်ထို့ ခန္ဓာကိုယ်ပေါ်ကျရောက်လာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ရဲ့ မျက်လုံးတွေလဲ ထိတ်လန့်လို့သွားခဲ့ရတယ်။ ဒါကြောင့် သူချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုအပြည့်နဲ့ အော်ဟစ်လိုက်ပါပြီ။
” လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ပစ်မယ် ”
တခြားတစ်ဖက်ရဲ့ ပစ်မှတ်ဆီမှာလဲ ထိန်းချုပ်နေတဲ့သူရှိပါတယ်။ အဲ့ဒီနောက် အစောပိုင်းတုန်းက ရှိနေခဲ့တဲ့ အ၀ိုင်းပုံသဏ္ဍာန်ခလုတ်လိုအရာက အဝေးနယ်မြေဆီကို ရုတ်တရက်ပြေးထွက်လို့သွားတော့တယ်။
ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ သန်မာအားကောင်းတဲ့ ၀ိညာဥ်စွမ်းအားက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီး ၀ိညာဥ်စက်ကွင်းသုံးခုမှာ အ၀ါရောင်နှစ်ခုနဲ့ ခရမ်းရောင်တစ်ခုက ဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ပုခုံးပေါ်မှာရှိနေခဲ့တဲ့ သတ္ထုပြွန်ကြီးကလဲ အနည်းငယ်တုန်ခါလို့သွားခဲ့တယ်။ သန်မာအားကောင်းတဲ့ အနက်ရောင်အလင်းတန်းက သတ္ထုပြွန်ကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ဆက်တိုက်ဆိုသလို လှည့်ပတ်ရင်း ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လှုပ်ရှားလို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သတ္ထုပြွန်ကြီးက ပျံသန်းနေတဲ့ အ၀ိုင်းပြားဆီကို အရှိန်နှုန်းမြင့်မြင့်နဲ့ ပြေးသွားခဲ့ပါပြီ။
” ဗြန်း ”
ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ အစောပိုင်းတုန်းက တောက်ပနေတဲ့ အနက်ရောင်အလင်းတန်းလဲ ပေါက်ကွဲထွက်လို့သွားပါတော့တယ်။ ကြီးမားတဲ့ လှုပ်ရှားမှုက ဟို့ယွိဟောင်ကို လှဲကျစေလုမတတ် ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် အနက်ရောင်အလင်းတန်းက ပျံသန်းနေတဲ့ အ၀ိုင်းပြားကို မထိခဲ့ပါဘူး။ ဘေးကနေသာ ဖြတ်ထွက်သွားရင်း အဝေးဆီကိုသာ ပျံသန်းသွားတယ်။ အဲ့ဒီနောက် မီတာတစ်ရာအထိ ရောက်ရှိသွားချိန်မှာ နောက်တစ်ကြိမ် ပြန်လှည့်လာခဲ့ပြီး အဝေးမှာရှိနေတဲ့ သတ္ထုပြားနဲ့ ပြင်းပြင်းထန်ထန် တိုက်မိပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြန်ပါပြီး။အားကောင်းတဲ့လေလှိုင်းတွေက သူတို့ဆီကို တန်တန်မတ်မတ်၀င်ရောက်လာခဲ့တာကြောင့် ဟယ့်ချိုက်ထို့လဲ ခပ်မြန်မြန် လှုပ်ရှားပြီး ဟို့ယွိဟောင်ကို သူနောက်ဆွဲကပ်ရင်း ကာကွယ်လိုက်ပါတယ်။
ဒီလေစင်းကြောင်းတွေက စက္ကန့်ပိုင်းသာ ကြာမြင့်ခဲ့ပြီတဲ့နောက် ပြန်လည်ပျောက်ကွယ်လို့သွားတော့တယ်။ တစ်ဖက်မှာ ပျံသန်းလာခဲ့တဲ့ အ၀ိုင်းပြားကတော့ စမ်းသပ်ရေးအပြင်နယ်မြေဘက်ကို ပျံသန်းထွက်မသွားခဲ့ပဲ သူ့တို့အနားကိုသာ ပြန်လည်ကျရောက်လို့လာခဲ့တယ်။
အပိုင်း ၁၀•၁ ပြီး၏။