Chapter – 9.4 ” တောက်ပ ရောင်စဥ် လိပ်ပြာ နတ်မိမယ် ”
°°°
ကျိုးယိကို တိုက်ရိုက်မဖြေပဲ ဟို့ယွိအောင်က သူ့ရဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းကို ခြေထောက်အောက်ကနေ ဖြည်းဖြည်းချင်း မြင့်တက်စေလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့မျက်လုံးတစ်ခုလုံးရွှေရောင်အလွှာတစ်ခုက ဖုံးလွှမ်းလို့သွားခဲ့ပါပြီး ချက်ချင်းဆိုသလို ကျိုးယိလဲ စိတ်၀ိညာဥ်စွမ်းအား ပေါင်းစည်းမှုတစ်ခုက သူ့မျက်လုံးထဲ၀င်ရောက်လာနေတာကို ခံစားမိလိုက်ပါတော့တယ်။
ကျိုးယိက ထန်ယာ့ ပေ့ပေ့တို့နဲ့မတူညီတဲ့ ၀ိညာဥ်ဧကရာဇ်ပညာရှင်တစ်ယောက်ပါ။ သူမက စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်မဟုတ်ပေမဲ့ ကျင့်ကြံဆင့်အရ သန်မာတဲ့ အားအင်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အကယ်၍ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းရည်ကို ငြင်းပယ်ချင်တယ်ဆိုရင် သူမအတွက်တော့ အရမ်းကို လွယ်ကူနေလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူမက မငြင်းပယ်ခဲ့ပဲ လက်ခံလိုက်ပါတယ်။
ဒီလိုလက်ခံလိုက်ပြီချိန်မှာပဲ မျက်လုံးသူငယ်အိမ်တွေက ချက်ချင်းဆိုသလို ကြီးမားပြီး တောက်ပလာပါတော့တယ်။
စိတ်၀ိညာဥ်စွမ်းအား ထောက်လှမ်းရေးရှာဖွေမှုက ကျိုးယိရဲ့ အမြင်အာရုံထဲကို ၀င်ရောက်လို့လာခဲ့ပြီး မြင်မြင်သမျှ အရာအားလုံးကို ကြည်လင်ပြတ်သားသွားစေခဲ့ပါတယ်။ ဒီလိုကြည်လင်ပြတ်သားမှုက မှောင်မိုက်တဲ့ မြူခိုတွေထဲမှာ လမ်းလျှောက်နေရာကနေ ရုတ်တရက် ရှင်းလင်းတဲ့နေရာကို ရောက်သွားသလိုပါပဲ။ အရာအားလုံးက အရမ်းကို ကြည်လင်ပြတ်သားနေခဲ့ပြီး အစီအစဥ်တကျ ဖြစ်ပေါ်လို့နေခဲ့ပါတယ်။ ဒီလိုမျိုးအရာကို အရေအတွက်တွေနဲ့ဖော်ပြလို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် စက္ကန့်တစ်ချက်ချင်းဆီအလိုက် ဦးနှောက်အပိုတစ်ခုရှိနေသလိုမျိုး အထောက်အပံ့လဲ ပြုနေခဲ့ပါသေးတယ်။ သူမရဲ့ အမြင်အာရုံကို လုံးလုံးလျလျပြောင်းလဲသွားစေတဲ့စွမ်းအင်ပါ။
တစ်မိနစ်ကြာပြီတဲ့နောက်မှာတော့ ဟို့ယွိဟောင်လဲ ၀ိညာဥ်စွမ်းရည်ကို ပြန်လည်ထိန်းချုပ်လိုက်ပါပြီး အဲ့ဒီနောက် ကျိုးယိရဲ့ရှေ့မှာ ဒီအတိုင်း ရိုရိုသေသေလေးနဲ့သာ ရပ်နေခဲ့ပါတယ်။
ကျိုးယိကတော့ တခဏတာ ကြာတဲ့အထိ တွေဝေငေးမာနေခဲ့ပြီတဲ့နောက်မှာသာ စကားပြောလာခဲ့ပါတယ်။
” တကယ်ကို အံ့ဩစရာကောင်းလိုက်တဲ့ စွမ်းရည်ပဲ ထန်မျိုးနွယ်က မင်းကိုအထူးဖိတ်ခေါ်တဲ့ ကျောင်းသားတော်အဖြစ် ရွေးချယ်လိုက်တာ ဘယ်လိုမှမဆန်းဘူး..ဒီလိုစွမ်းရည်နဲ့ဆိုရင် အဲ့ဒီကလေးမ ထန်ယာ့က လူမှန်ကိုရွေးချယ်လိုက်တာပဲ စွမ်းရည်သိပ်မရှိပေမဲ့ ထက်မြက်လွန်တဲ့ကောင်မလေးက ဘာကြောင့်များ စွမ်းရည်အဆင့်ဆယ့်တစ်နဲ့ သာမန်ခန္ဓာကိုယ်ကိုပဲ ပိုင်ဆိုင်ထားတဲ့သူကို ရွေးချယ်လာလဲလို့ ငါဝေခွဲမရဖြစ်နေခဲ့တာ တကယ်တော့ အဲ့လျှို့၀ှက်ချက် ရှိနေလို့ပေါ့ ”
” ဟို့ယွိဟောင် ငါနောက်လိုက်ခဲ့ ”
ပြောပြီးပြီချင်မှာပဲ ကျိုးယိက ထရပ်ရင်း ဟို့ယွိဟောင်ကို သူ့နဲ့အတူ ဆွဲခေါ်လာပါတော့တယ်။ အဲ့ဒီနောက် ရုံးခန်းအပြင်ကို ခပ်မြန်မြန်ထွက်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်လဲ စိတ်ရှုပ်ထွေးလို့နေခဲ့ပါပြီး ကျိုးယိရဲ့စိတ်ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်သွားတာကို သူ မသိခဲ့ပါဘူး။ ဒါ့အပြင် အခုကိစ္စတွေက ကောင်းသလားဆိုးသလာဆိုတာကိုလဲ ဝေခွဲမရဖြစ်နေခဲ့တယ်။ ကျိုးယိ ဘယ်ကိုခေါ်သွားနေမှန်း မသိသလို ဘာလုပ်စေချင်မှန်းလဲ မသိပါဘူး။
လူသစ်တွေရဲ့ ကျောင်းတော်ကို ဖြတ်ကျော်ပြီးတဲ့နောက် ကျိုးယိက ကျောင်းတော်ရဲ့အနောက်ဖက်အရပ်ဆီကို တန်တန်မတ်မတ်ဦးတည်လာခဲ့ပါတယ်။ တခဏတာ လျှောက်လာပြီတဲ့နောက် မျက်မှောင်ကြုတ်ရင်း သူမ စိတ်မကြည် လက်မကြည်နဲ့ ပြောတော့တယ်။
” နှေးလိုက်တာ ငါနဲ့ပဲခေါ်သွားတော့မယ် ”
သူမပြောပြီးပြီချိန်မှာပဲ ဟို့ယွိဟောင်ပုခုံးကို ညာဘက်လက်နဲ့ လှမ်းဆွဲလိုက်ပါတယ်။ မကြာခင်မှာပဲ ဟို့ယွိဟောင် တိမ်တိုက်ထဲလွှင့်မျောသွားသလိုခံစားလိုက်ရပါတော့တယ်။
သူ့ရှေ့မှာရှိတဲ့ မြင်ကွင်းက လုံး၀ခပ်မြန်မြန် ပြောင်းလဲလို့သွားခဲ့ပြီး ပုံသဏ္ဍာန်မမြင်ရတဲ့ အတားအဆီးတစ်ခုက သူ့ရှေ့မှာပေါ်လာခဲ့ပါတယ်။ ဒီအရာက သူ့ကို ကာကွယ်ထားသလိုပါပဲ။ ပတ်၀န်းကျင်တစ်ခုလုံးကလဲ ဝေဝေ၀ါး၀ါးဖြစ်သွားခဲ့ရပါတယ်။
ကျိုးယိက ဟို့ယွိဟောင်မြင်ဖူးသမျှထဲမှာ အသန်မာဆုံး ၀ိညာဥ်ပညာရှင်ပါ။ ဒါက ဘယ်လိုအရှိန်အ၀ါမျိုးလဲ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်ထောက်လှမ်းရေးကို စတင် အသုံးပြုပါတော့တယ်။ ဒီအချိန်မှသာ သူ့ဦးတည်နေတဲ့နေရာကို မမြင်နိုင်တော့တာပါ။
အနောက်ဖက်အရပ်ကို တခဏတာဦးတည်လာပြီတဲ့နောက် ကျိုးယိက နေရာပြောင်းလဲလိုက်ရင်း မြောက်ဘက်ဆီကို ဦးတည်ပြောင်းလိုက်ပါတယ်။ သူတို့တွေက လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့အပြင်ဘက်နယ်မြေကို ထွက်ခွာလာခဲ့ပါပြီး အဲ့ဒီနောက် ၀ိညာဥ်တည်ဆောက်ရေး အသက်မွေး၀မ်းကြောင်းဆီကို ရောက်ရှိလာပါတော့တယ်။
ကျိုးယိက မိနစ်အနည်းငယ်အတွင်းနဲ့ ကျောင်းတော်နှစ်ခုကို အသာလေး ဖြတ်ပျံလာခဲ့ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ အဆောက်အဦးကြီးတစ်ခုရှေ့မှာ သူတို့ရပ်တန့်လိုက်ကြတယ်။
ဟို့ယွိဟောင် ဒီအဆောက်အဦးကို အရင်တုန်းကလဲ မြင်ဖူးပါတယ်။ ဒီအဆောက်အဦးက မီးခိုရောင်တောက်ပနေခဲ့ပြီး ထောင့်မှန်စတုရန်းပုံစံရှိတဲ့ ကြီးမားတဲ့ အဆောက်အဦးပါ။ ဒါ့အပြင် အဆောက်အဦးရဲ့ အပြင်ဘက်မျက်နှာပြင်တွေက သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းကျောင်းတော်နဲ့ အတော်လေးကို တူညီနေခဲ့ပါတယ်။
မီးခိုရောင်အဆောက်အအုံကြီးက အတော်ကြီးကို ကြီးမားပြီး အုပ်ချပ်တွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ အဲ့ဒီအစား သံသတ္ထုလိုမျိုးတောက်ပမှုက ရှိနေခဲ့ပါတယ်။ အဆောက်အအုံထဲမှာလဲ ဆက်တိုက်ဆိုသလို ခပ်တိုးတိုးပဲ့တင်သံတွေက ထွက်ပေါ်လို့နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ ခြေထောက်အောက်မှာရှိတဲ့ မြေပြင်ကတောင် အနည်းငယ်တုန်ခါနေတာကို ခံစားမိလိုက်ပါတယ်။
အဆောက်အအုံရဲ့ ဘေးမှာတော့ ကြီးမားတဲ့ ဆိုင်ဘုတ်ကြီးတစ်ခုကို ထောင်ထားခဲ့တယ်။
” ၀ိညာဥ်လက်နက် စမ်းသပ်ရေးနယ်မြေ ”
ဟို့ယွိဟောင်လဲ အခုအချိန်ထိ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိသေးပါဘူး။ ဆရာကျိုးက သူ့ကို ဘာကြောင့်ဒီနေရာခေါ်လာရတာလဲ ဘာလုပ်ချင်နေလို့လဲ။
ကျိုးယိကတော့ သူ့ကို ဘာမှရှင်းမပြခဲ့ပါဘူး။ ဟို့ယွိဟောင်ကို သူ့လက်ထဲကနေ လွှတ်လိုက်ပြီတဲ့နောက် ၀ိညာဥ်လက်နက် စမ်းသပ်ရေးနယ်မြေဆီကို ၀င်သွားပါတော့တယ်။
သူတို့၀င်ရောက်သွားပြီချိန်မှာပဲ အထဲမှာရှိရှိသမျှ အရာအားလုံးက သံသတ္ထုတွေနဲ့ ပြုလုပ်ထားမှန်း ဟို့ယွိဟောင် သိလိုက်ရပါတော့တယ်။ ဒါ့အပြင် အရာအားလုံးကို သတ္ထုတစ်မျိုးထဲနဲ့ အသုံးပြုပြီးတည်ဆောက်ထားတာမျိုး ဟို့ယွိဟောင်က တစ်ခါမှမမြင်ဖူးပါဘူး။ ဒါ့အပြင် အဲ့သတ္ထုကလဲ အညိုရင့်ရောင်ပါ။
၀င်ရောက်ပြီတဲ့နောက် သူတို့မျက်စိရှေ့ကို စစချင်ရောက်ရှိလာတာကတော့ ကျယ်ပြန့်ရှည်လျားတဲ့ စင်္ကြန်ကြီးတစ်ခုပါပဲ။ ဒါ့အပြင် တစ်ဖက်သူတို့နေထိုင်တဲ့နယ်မြေနဲ့ အတော်လေးတူညီနေခဲ့တယ်။ ဒါပေမယ့် ဒီနေရာမှာတော့ တံခါးတွေက တစ်ဖက်မှာသာ တည်ရှိမှာပါ။ ဒါ့အပြင် အားလုံးကလဲ တစ်ခုနဲ့တစ်ခု မီတာသုံးဆယ့်ကွာခြားနေခဲ့ပါတယ်။ အပေါ်မှာကတော့ နောက်ထပ် ဆိုင်ဘုတ်အသေးတွေကို ရေးထိုးထားခဲ့တယ်။
” စမ်းသပ်ရေးနယ်မြေတစ် စမ်းသပ်ရေးနယ်မြေ နှစ် ”
ကျိုးယိက ဒီနေရာကို မကြာခဏလာတတ်ပုံပါပဲ အရာအားလုံးနဲ့ ရင်းရင်းနှီးနှီးရှိနေခဲ့တယ်။ ဒါကြောင့် အနောက်ဖက်နယ်မြေဆီကို ဦးတည်သွားရင်း အဆုံးသတ်မှာ ရပ်တန့်သွားပါတော့တယ်။ အဲ့ဒီတံခါးအရှေ့မှာတော့ စမ်းသပ်ရေးနယ်မြေနှစ်ဆယ့်လို့ ရေးထားခဲ့တယ်။
ကျိုးယိက လက်ကောက်၀တ်ကို လုပ်လိုက်ချိန်မှာ ဆဠဂံပုံစံငွေရောင်အမိန့်တံဆိပ်ပြားလေးက ပေါ်ထွက်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် တံခါးထဲကို ဖိသွင်းလိုက်ရင်း တံခါးကို ဖွင့်ချလိုက်တယ်။
ဟို့ယွိဟောင်ရဲ့ မျက်စိရှေ့မှာ မှော်ဆန်တဲ့နယ်မြေတစ်ခုက ပေါ်ထွက်လာခဲ့ပါပြီး တံခါးပွင့်သွားခဲ့တာနဲ့ ယာယီလွှင့်ထွက်လာတဲ့ ၀ိညာဥ်စွမ်းအားတစ်ချို့ကို ဟို့ယွိဟောင် ခံစားလိုက်ရပါတယ်။ တံဆိပ်ပြားက တံခါးနဲ့လုံး၀ကို ထပ်တူကျနေခဲ့ပြီး အထဲတံခါးကို ရင်ပြင်ရင်အလိုက် ပွင့်သွားစေခဲ့တယ်။
တံခါးပွင့်သွားပြီချိန်မှာပဲ ဟို့ယွိဟောင် ရှာဖွေတွေ့ရှိသွားတာကတော့ ဒီတံခါးကြီးက နှစ်မီတာကျော်ထူးထပ်တဲ့ သတ္ထုနဲ့ပြုလုပ်ထားတဲ့အရာပါပဲ။ ဒါ့အပြင် တံခါးရဲ့အပေါ်နဲ့အောက်ဘက်မှာကတော့ ချောမွေ့တဲ့သံလမ်းကြောင်းတွေ ရှိနေခဲ့ပါတယ်။
တံခါးအပြည့်အ၀ ဖွင့်ပြီချိန်မှာသာ ကျိုးယိက ဟို့ယွိဟောင်ကို လက်ဟန်ပြရင်း အရှေ့ကနေ ၀င်သွားပါတော့တယ်။
ဟို့ယွိဟောင် ၀င်သွားပြီးတာနဲ့ ကျယ်လောင်တဲ့အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရပါတယ်။ ကြီးမားတဲ့ တုန့်ခါမှုနဲ့အတူ ပူပြင်းတဲ့လေတွေက သူ့မျက်နှာတစ်ခုကို လာရောက်ရိုက်ခတ်လိုက်တယ်။
ကျိုးယိကတော့ ဒါကို ပုံမှန်ကြုံတွေ့နေကြအတိုင်း သဘောထားပြီး အထဲကိုလျှောက်လာခဲ့ပါတယ်။
စမ်းသပ်ရေးနယ်မြေနှစ်ဆယ်မှာ ဒီနေရာကြီးက လုံး၀ သီးခြားနယ်မြေတစ်ခုဖြစ်နေတာကို ဟို့ယွိဟောင် ရှာဖွေတွေ့ရှိလိုက်ရတယ်။ ဒါ့အပြင် လောကကြီးကို သီးခြားပိုင်ခြားထားတဲ့ သံသတ္ထုပြားတွေက အရမ်းကို ကြီးမားလွန်းလှပြီး နယ်မြေတွေရဲ့ ဖြတ်တည်မှုကို သေတ္တာတစ်လုံးထဲထည့်ထားခံရသလိုပါပဲ။
ကျိုးယိရဲ့ ညွှန်ကြားမှုအောက်မှာ သူတို့က နယ်မြေရဲ့ ကမ္ဘာအကြီးဆုံးနေရာတစ်ခုကို ရောက်ရှိလာခဲ့ပါတော့တယ်။ ဒါ့အပြင် အဲ့ဒီနယ်မြေကြီးက စတုရန်မီတာပေါင်း နှစ်ထောင်ကျော်ကျယ်ပြန့်တဲ့ ကြီးမားတဲ့ နေရာလွှတ်ကြီးပါပဲ။ ဒါ့အပြင် အမြင့်ကတော့ ဆယ့်မီတာကျော်မြင့်မားပါတယ်။ လက်ရှိအချိန်မှာ လူတစ်ချို့ကတော့ နယ်မြေရဲ့အစွန်းတစ်ဖက်မှာ ရှိနေခဲ့ကြပြီး ထူးဆန်းတဲ့အရာတွေကို လက်ထဲမှာကိုင်ဆောင်ထားခဲ့တယ်။
” ဖန့်ယွီ ”
ကျိုးယိက လှမ်းအော်လိုက်ချိန်မှာ လူတွေက သူ့ဆီကို အကြည့်ရောက်လာပါတော့တယ်။ ကျိုးယိနဲ့ ဟို့ယွိဟောင်ကို အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့လူကြီးတစ်ယောက်က မျက်မှောင်ကြုတ်ရင်း လှမ်းပြီးကြည့်လိုက်ပါတယ်။
ဒီလူကြီး ၁°၈ မီတာလောက်အရပ်မြင့်မားပြီး ပုခုံးတွေကတော့ အတော်ကိုကျယ်ပါတယ်။ ရိုးရှင်းတဲ့၀တ်စုံက သူ့ရဲ့ ခိုင်မာကြီးမားကျယ်ပြန့်တဲ့ ပုခုံးတွေကို ဖော်ပြလို့နေခဲ့တယ်။ ဒါ့အပြင် ကြွက်သားတွေကတော့ မဟူရာကျောက်စိုင်သားတွေလိုပါပဲ။ မျက်နှာမှာတော့ သိသာထင်ရှားတဲ့ အရေကြောင်းတွေက ရှိနေခဲ့တယ်။ အကြည့်တွေကတော့ စူးရှလေးနက်ပါတယ်။ အဲ့ဒီနေရာမှာ သူရပ်ကြည့်နေရုံနဲ့တင် တောင်ကြီးတစ်တောင်ရပ်နေသလိုမျိုး ခံစားမိစေနိုင်တဲ့အထိ ခိုင်မာလေးနက်နေခဲ့တယ်။
” ကျိုးယိ မင်းဘာလို့လာတာလဲ ”
ဖန့်ယွီလို့ခေါ်တဲ့ လူကြီးက ကျိုးယိကို ပြန်အော်ပါတော့တယ်။
” နောက်ဆုံးတစ်ခေါက်တုန်းက ပြောခဲ့တဲ့စကားတွေကို နင်မှတ်မိသေးလား ”
ကျိုးယိကတော့ စိတ်လှုပ်ရှားနေပုံပါပဲ။
” ငါတို့ပြောခဲ့တာအများကြီးပဲလေ မင်းဘယ်တစ်ခုကို ပြောလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ အရေးမကြီးဘူးဆိုရင် ပြန်သွားလိုက်တော့ ငါတို့ဒီနေရာမှာ စမ်းသပ်ချက်တွေလုပ်ဖို့လိုသေးတယ် ”
အပိုင်း ၉•၄ ပြီး၏။