Switch Mode

Chapter – 9.3

" တောက်ပ ရောင်စဥ် လိပ်ပြာ နတ်မိမယ် "

Chapter – 9.3 ” တောက်ပ ရောင်စဥ် လိပ်ပြာ နတ်မိမယ် ”
°°°
ဒီမေးခွန်းက သူ့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ၀မ်သုန့်က ချက်ချင်းဆိုသလို ထရပ်ရင်းနဲ့ ပြန်ဖြေပါတော့တယ်။

” တိုက်ခိုက်ရေး အလျင်နှုန်းနဲ့ ထိန်းချူပ်စနစ် ၀ိညာဥ်ပညာရှင်တွေက တိုက်ခိုက်တဲ့နည်းလမ်းကို အဓိက မှိီခိုကြပါတယ်…အထောက်အပံ့အစာနဲ့ ခုခံရေး၀ိညာဥ်ပညာရှင်တွေက ခုခံဖို့အတွက် အဓိကမှီခိုကြတယ် ”

ကျိုးယိကတော့ တစ်ချက်လေးမှတောင် အားမနာနေပဲ ခပ်ပြတ်ပြတ်သားသား ပြန်ပြောလိုက်ပါတယ်။

” တကယ်ကို အသုံးမကျတဲ့အဖြေပဲ ”

” ဆရာကျိုးကျွန်တော်အဖြေက ”

” ပြန်ထိုင်တော့ ”

ကျိုးယိက သူ့စကားကို ဖြတ်ပြောပြီတဲ့နောက် ၀ိညာဥ်စွမ်းအားကို အသုံးပြုရင်း ဖိအား​ပေးပြီး ပြန်ထိုင်စေလိုက်ပါတယ်။

” အကယ်၍ လွန်ခဲ့တဲ့ နှစ်လေးထောင်တုန်းကဆိုရင် နေလတိုက်နဲ့ သော့်လော့တိုက်တို့ မတိုက်ခိုက်ခဲ့တုန်းကတော့ ဒီအဖြေက မှန်ကောင်းမှန်လိမ့်မယ်…ဒါပေမယ့် အခုအချိန်မှာ သူ့အဖြေက နောက်ထပ် မမှန်ကန်နိုင်တော့ဘူး..ဟို့ယွိဟောင် ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲ ပြောစမ်း ”

ဟို့ယွိဟောင်ကတော့ ဆရာကျိုး တစ်ယောက် သူ့နဲ့ ၀မ်သုန့်နှစ်ယောက်ကို အတော်လေး ဖိအားပေးနေတယ်လို့ ထင်သွားခဲ့မိပါတယ်။ ကံကောင်းစွာနဲ့ပဲ အခုအချိန်ထိတော့ ကျောင်းမထုတ်ခံရသေးပါဘူး။ ချက်ချင်းဆိုသလို တွေးတောပြီတဲ့နောက် သူအဖြေရသွားပါတော့တယ်။ အဲ့ဒီနောက် သူထရပ်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။

” ၀ိညာဥ်လက်နက်တွေကြောင့်ပါ ”

တင်းမာနေတဲ့ ကျိုးယိရဲ့ မျက်နှာက အနည်းငယ်ပြန်ပျော့ပြောင်းသွားပါတော့တယ်။

” မင်းက အဲ့ဒီလောက်တော့ မတုံးဘူးပဲ ကျောင်းတော်ကနေ အထူးဖိတ်ခေါ်ထားတဲ့ ကျောင်းသားဖြစ်နေတာ အံ့ဩစရာမရှိဘူး…မှန်တယ် ၀ိညာဥ်လက်နက်တွေကြောင့် တိုက်ခိုက်ရေးနဲ့ ခုခံမှုကြားမှာ ကွာခြားချက်က အတော်လေးကို ဝေ၀ါးသွားခဲ့ရတာ ငါဒီနေ့ ပြောချင်တဲ့ကိစ္စကလဲ အဲ့ဒါပဲ ပြန်ထိုင်တော့ ”

” ၀ိညာဥ်လက်နက်တွေက ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ယှဥ်လိုက်မယ်ဆိုရင် အများကြီးပိုပြီး တိုးတက်လာနေတာကို အားလုံးရှင်းရှင်းလင်းလင်းသိကြမယ်လို့ ယုံကြည်ပါတယ်…နေလတိုက်က အဲ့ဒီနှစ်မှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေအများကြီးကို ယူဆောင်လာခဲ့ပြီး လက်နက်တွေကို ထုတ်လုပ်တဲ့ အခြေခံနည်းလမ်းတွေကိုလဲ သယ်ဆောင်လာခဲ့တယ်…နှစ်ပေါင်းထောင်နဲ့ချီအောင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်လာခဲ့ပြီတဲ့နောက် ငါတို့ရဲ့ ၀ိညာဥ်လက်နက်တွေ ထုတ်လုပ်တဲ့ အရှိန်နှုန်းက ပိုလို့ တည်ငြိမ်လာတယ်…ဒါ့အပြင် သူတို့ရဲ့ အင်အားတွေကလဲ တဖြည်းဖြည်းသန်မာလာပြီး လက်ရှိအချိန်မှာ အစာလမ်းစဥ်ကို အဓိကအသုံးချတဲ့ ၀ိညာဥ်ပညာရှင်တွေတောင်မှ သင့်တော်တဲ့ ၀ိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေထက်တောင် ပိုပြီး သန်မာနိုင်တယ်…ဒါ့အပြင် အမြန်နှုန်းကို အဓိကအသုံးချတဲ့ ၀ိညာဥ်ပညာရှင်တွေကလဲ ခုခံရေး၀ိညာဥ်ပညာရှင်တွေထက်တောင် ပိုပြီး သန်မာတဲ့ ခုခံနိုင်စွမ်းကို ရရှိနိုင်တယ် ”

” ၀ိညာဥ်လက်နက်တွေ ပေါ်ထွက်လာမှုက ၀ိညာဥ်ပညာရှင်တွေရဲ့ လက်ရှိကျင့်ကြံမှုကို အများကြီးပြောင်းလဲသွားစေခဲ့တယ်…အမှန်တကယ်မှာ ၀ိညာဥ်စက်ကွင်းတွေကို အသုံးချတဲ့ အခြေအနေကတောင် အတော်လေးကို အားနည်းသွားခဲ့ပြီး မင်းတို့မှာ သင့်တော်လုံလောက်တဲ့ ၀ိညာဥ်စွမ်းအားရှိနေခဲ့မယ်ဆိုရင် ၀ိညာဥ်လက်နက်တွေကို အသုံးချပြီး ၀ိညာဥ်စက်ကွင်းတွေရဲ့ အစွမ်းအစကို ထုတ်ဖော်ပြစ်လို့ရတယ်…ဒါကြောင့်သာ လူတော်တော်များများက ၀ိညာဥ်စက်ကွင်းတွေရဲ့ အသုံးချမှုကို လျစ်လျူရှုလိုက်ကြတာပဲ လက်ရှိအချိန်မှာ ၀ိညာဥ်ပညာရှင်တွေက နိုင်ငံတော် လေးခုစလုံးမှာ ၀ိညာဥ်စွမ်းအားကို မြင့်မားစေဖို့အတွက်ပဲ အဓိက အားထားပြီကျင့်ကြံနေကြတယ် ”

” ဒီလိုကျင့်ကြံတဲ့နည်းစနစ်က အရေတိုအတွက်တော့ အသုံး၀င်မှာအမှန်ပဲ အထူးသဖြင့် အဆင့်ဆယ့်ငါးအောက်မှာ ရှိနေတဲ့ ၀ိညာဥ်ပညာရှင်တွေအတွက်တော့ အဆင်ပြေနိုင်တယ်…၀ိညာဥ်လက်နက်တွေကို အသုံးချရတဲ့ သက်ရောက်မှုကလဲ အရမ်းကို သိသာထင်ရှားလိမ့်မယ်…ဒါပေမယ့် ငါတို့ရဲ့ ကျောင်းတော်ထဲကို ၀င်ရောက်ချင်ပြီဆိုရင်တော့ မင်းတို့ ရှင်းရှင်းလင်းလင်း သိထားရမှာတစ်ခုတော့ ရှိတယ်…ငါတို့တွေက အဲ့ဒီလို ၀ိညာဥ်ပညာရှင်မျိုးတွေကို မမွေးထုတ်ပေးဘူး အဆင့်ဆယ့်ငါးကို ကျော်သွားရင်တော့ အဲ့ဒီလက်နက်တွေက လုံး၀ကို သုံးစားမရဖြစ်သွားလိမ့်မယ် ”

” မင်းတို့တွေ နားလည်တယ်မဟုတ်လား ငါဥပမာပြောပြမယ်…မင်းက အဆင့်ဆယ့်ငါးကို ရောက်အောင်ကျင့်ကြံအောင်မြင်သွားပြီးဖြစ်တဲ့ ၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက်ဖြစ်မယ်..ငါတော့ အမြန်နှုန်းကို အသုံးချတဲ့၀ိညာဥ်ပညာရှင် ဒါ့အပြင် အဆင့်ဆယ့်ငါး အတူတူပဲ ဒါပေမယ့် မင်းမှာ ငါ့ကို အသက်အန္တရာယ်ပေးနိုင်တဲ့အထိ သန်မာတဲ့၀ိညာဥ်လက်နက်တစ်ခုရှိနေလိမ့်မယ်…ငါ့မှာတော့ မရှိဘူး…ဒိီပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲ ”

” အဖြေကတော့ သေချာပေါက် ရိုးရှင်းတာပေါ့ ငါပဲ သေချာပေါက် နိုင်လိုက်မယ်…ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့အရှိန်နှုန်းနဲ့ဆိုရင် မင်းက ငါ့ကို ၀ိညာဥ်လက်နက်ထိခိုက်အောင်လုပ်ဖို့ အခွင့်အရေးနည်းနည်းလေးမှတောင် ရှိနေမှာမဟုတ်ဘူး…မင်းမှာ အဆုံးစွန်းအထိ မြင့်မားတဲ့ ၀ိညာဥ်လက်နက်ရှိနေမယ်ဆိုရင်တောင် ငါက ငါ့ရဲ့အရှိန်နှုန်းကို အသုံးချပြီး မင်းရဲ့၀ိညာဥ်စွမ်းအားကို ချေမှုန်ပြစ်လို့ရတယ်…၀ိညာဥ်လက်နက်က ပိုပြီး သန်မာလေလေ ၀ိညာဥ်စွမ်းအားကို ပိုပြီး ကုန်ဆုံးစေလေပဲ ဒါကြောင့်သာ ခုခံရေးအစာနဲ့ အထောက်အပံ့ပြုတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးက တိုက်ခိုက်မှုကို အသုံးချတဲ့ ၀ိညာဥ်လက်နက်တွေကိုသာ အသုံးချကြတာ ဒါပေမယ့် သူတို့မှာ တကယ်တမ်းတော့ အပြည့်အ၀ တိုက်ခိုက်နိုင်စွမ်းရှိမနေခဲ့ဘူး….ဒါကိုအားလုံး ရှင်းရှင်းလင်းလင်းမှတ်ထားရမယ်..၀ိညာဥ်လက်နက်တွေက လူတိုင်းကို အများကြီးအထောက်အပံ့ပေးနိုင်ပေမဲ့ အကယ်၍ တိုက်ပွဲမှာသာ မသန်မာနေဘူးဆိုရင် အရင်ဆုံးအသတ်ခံရတဲ့သူက မင်းပဲဖြစ်လိမ့်မယ်…မင်းရဲ့ပြိုင်ဘက်ကမင်းကိုဘယ်လိုနည်းနဲ့မှ အလွှတ်ပေးနေမှာ မဟုတ်ဘူး…ဒါ့အပြင် လူတွေက အားနည်းတဲ့သူတွေကို အနိုင်ကျင့်တယ်…မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကသာ ၀ိညာဥ်လက်နက်တစ်ခုကို သုံးပြီမှသန်မာနေမယ်ဆိုရင် တခြားသူတွေက မင်းကို အနိုင်ကျင့်ကြမှာပဲ မင်းရဲ့ရန်သူက မင်းကို ဘယ်လိုမှသက်ညှာပေးနေမှာ မဟုတ်ဘူး ”

” ဒါ့အပြင် ငါက အရမ်းကို ကျန်းမာနေတယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလဲ အတော်လေးကို သန်မာလိမ့်မယ်…ဒါ့အပြင် အားကောင်းတဲ့ ၀ိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်တာက ကျားကိုအတောင်ပံတတ်ပေးသလိုပဲ ဒါက တကယ်ပညာရှင်အစစ် ”

” တိုက်ခိုက်တဲ့အချိန်နဲ့ ခုခံတဲ့အချိန်မှာ ကွာခြားချက်တစ်ခုက လက်ရှိအချိန်မှာ မှိန်ဖျော့သွားခဲ့ပြီဆိုပေမဲ့ ဘယ်၀ိညာဥ်ပညာရှင်ကမှ တိုက်ခိုက်သူရဲ့ နေရာကို ၀င်ရောက်ပြီးဖြည့်တင်နိုင်နေတဲ့ သူလဲမဟုတ်ဘူး လက်ရှိအချိန်မှာမင်းတို့ရဲ့ခန္ဓာကိုယ်အင်အားကို မြင့်တင်နိုင်မှသာ ကြီးမားတဲ့စစ်မြေပြင်မှာ အသက်ရှင်ဖို့ အလားအလာရှိလိမ့်မယ်…၀ိညာဥ်လက်နက်တွေကို အသုံးပြုပြီး မင်းရဲ့ခန္ဓာကိုယ်ကို အစားထိုးပြစ်လို့မရဘူး…မင်းရဲ့ခန္ဓာကိုယ်နဲ့ ၀ိညာဥ်စက်ကွင်းနှစ်ခုစလုံးက အနာဂတ် အလားအလာအတွက် အရေးကြီးဆုံးပဲ ‘”

ကျိုးယိကတော့ ဒီလိုအရာမျိုးကို သေချာပေါက် သင်ကြားပေးနေခဲ့တာပါ။ အခုကနေ လာမဲ့နှစ်ပေါင်းတစ်သောင်းအကြာမှာ ၀ိညာဥ်လက်နက်တွေက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို လုံး၀ကို အစားထိုးပေးနိုင်လောက်တဲ့အထိ သန်မာလာမယ်ဆိုတာကို ကျိုးယိ မသိခဲ့ပါဘူး။ ဒါပေမယ့် သူမကတော့ အကောင်းဆုံးဖြစ်အောင် သင်ကြားပေးနေခဲ့ပါတယ်။

” လာမဲ့သုံးလမှာ ငါ့ရဲ့လေ့ကျင့်မှုတွေအားလုံးက မင်းတို့ရဲ့သန်မာမှုအတွက်ပဲ အဓိက အလေးထားတယ်..မင်းတို့တွေ ဘယ်သူပဲဖြစ်ပါစေ ဘယ်ကလာသည်ဖြစ်စေ ဘယ်လောက်ပါရမီရှိသည်ဖြစ်စေ ငါ့ရဲ့သုံးလတာ စစ်ဆေးမှုကို မဖြတ်ကျော်နိုင်ဘူးဆိုရင် အစောပိုင်းတုန်းက လူကိုးယောက်လိုပဲ မင်းတို့အားလုံး ထွက်သွားရမယ် ”

” ဒီနေ့မနက်ခင်းသင်ခန်းစာက အခုပြီးပြီ မင်းတို့တွေ နေ့လယ်စာကို ကောင်းကောင်းစားကြ လေ့ကျင့်ရေးက နေ့လယ်မှ စမယ်…ဟို့ယွိဟောင် ရုံခန်းကို ခဏလိုက်ခဲ့ ”

ပြောပြီတာနဲ့ ကျိုးယိက လှည့်ထွက်သွားပါတော့တယ်။ အခုအချိန်မှာ နေ့လယ်စာစားဖို့ ခေါင်းလောင်းတောင် မတီးသေးပါဘူး။

ကျိုးယိ ထွက်သွားသွားချင် အခန်းကတော့ တိတ်ဆိတ်လို့သွားပါတော့တယ်။ လူတော်တော်များများကတော့ ကျိုးယိပြောခဲ့တဲ့စကားတွေကို စဥ်းစားနေဆဲပါ။ ဆရာကျိုးက ပုံမှန်စည်းမျဥ်းတွေကို လုံး၀ မလိုက်နာပေမဲ့ သူမရဲ့စကားတွေက အတော်လေးကို အဓိပ္ပာယ်ရှိတာကြောင့်လဲ သူတို့သေချာစဥ်းစားမှရပါလိမ့်မယ်။

ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို လိုက်သွားပါတော့တယ်။ ကျောင်းခန်းတွေကတော့ ဆရာအဆောက်အအုံတွေရဲ့ဘေးမှာ တည်ရှိနေတာပါ။ ဒါ့အပြင် အတော်လေးကို ရိုးရှင်းပါတယ်။

ကျိုးယိနဲ့အတူ ကျောင်းခန်းနဲ့ ကပ်လျက်ရှိနေတဲ့ ရုံးခန်းထဲကို ဟို့ယွိဟောင် လိုက်သွားခဲ့ရပါတယ်။ ကျိုးယိက သူ့ကို တံခါးပိတ်စေဖို့ မှာကြားတာကြောင့် သူလဲ တံခါးပိတ်လိုက်ရတယ်။ သူမက အတော်လေး အိုမင်းနေတဲ့ပုံပေါက်ပေမဲ့ သူရဲ့ လှုပ်ရှားမှုတွေကတော့ အရမ်းကို သွက်လက်လွန်လှပါတယ်။

” ဟို့ယွိဟောင် ငါသွယ်၀ိုက်ပြီး မပြောချင်ဘူး ၀မ်သုန့်ရဲ့ သိုင်းပညာ၀ိညာဥ်က ငါ့ကို အတော်လေး ထိတ်လန့်စေတယ်…ဒါပေမယ့် မင်းရဲ့သိုင်းပညာ၀ိညာဥ်က ငါ့ကိုပိုပြီး သိလိုစိတ်ပြင်းပြအောင် လုပ်နေတယ်…ငါ့ရဲ့ အတွေ့အကြုံနဲ့တောင် မင်းရဲ့ သိုင်းပညာ၀ိညာဥ်ကို လုံး၀ အာရုံမခံနိုင်ဘူး..အခုငါသိချင်တယ် ”

ကျိုးယိရဲ့စွမ်းအားက သူမရဲ့စကားတွေမှာအထင်သားပေါ်နေခဲ့ပါတယ်။

ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ သိုင်းပညာ၀ိညာဥ်ကို ဆရာရှေ့မှာ ဖုံးကွယ်ထားစရာအကြောင်းမရှိပါဘူး။

” ကျွန်တော်သိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်မျက်လုံးပါ စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ပါ ”

ဟို့ယွိဟောင်ရဲ့စကားကို ကြားချိန်မှာ ကျိုးယိက အံ့ဩထိတ်လန့်သွားပါတော့တယ်။ ဒါ့အပြင် သူမရဲ့ မျက်၀န်းတောက်တောက်ပေါ်မှာ ပျော်ရွှင်မှုကလဲ အထင်သားပေါ်လာခဲ့တယ်။

” ခန္ဓာကိုယ်အမျိုးအစား၀ိညာဥ်လား မျက်လုံးတွေဖြစ်နေတယ်ပေါ့ ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

ကျိုးယွိက မျက်မှောင်ကြုတ်ရင်း အတော်လေး စဥ်းစားနေခဲ့တယ်။ တခဏတာ ကြာပြီတဲ့နောက် ဟို့ယွိဟောင်ကို သူပြန်ပြီး မေးလာခဲ့ပါတယ်။

” မင်းရဲ့ပထမ၀ိညာဥ်စွမ်းရည်က ဘာလဲ ”

ဆရာတွေက သူတို့ရဲ့ ကျောင်းသားသိုင်းပညာ၀ိညာဥ်ကို အဓိကအာရုံစိုက်ပါတယ်။ ဒါပေမယ့် ၀ိညာဥ်စွမ်းရည်ဆိုတာက ၀ိညာဥ်ပညာရှင်တွေမှာ အဓိကအရေးကြီးအရာပါပဲ။ ဒါ့အပြင် အရေးကြီးဆုံး လျှို့၀ှက်ချက်လဲ ဖြစ်နေခဲ့တယ်။ ကျိုးယိကတော့ သူ့ရဲ့အစွမ်းအစကို အသုံးချပြီး အတင်းအကြပ်မေးမြန်နေခဲ့ပါပြီ။

တခြားသူတွေကတော့ တွေဝေကောင်းတွေဝေနိုင်ခဲ့ပေမဲ့ ဟို့ယွိဟောင်အတွက်ကတော့ ဒီပြဿနာမျိုးမရှိခဲ့ပါဘူး။ သူ့ရဲ့ပထမစက်ကွင်းမှာ စွမ်းရည်လေးခုရှိပါတယ်။ ဒါကြောင့် နှစ်ခုကိုပဲပြောပြတာက အတော်လေးကို လွယ်ကူနေခဲ့တယ်။

အပိုင်း ၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset