Chapter – 9.2 ” တောက်ပ ရောင်စဥ် လိပ်ပြာ နတ်မိမယ် ”
°°°
ထိုက်လုံက အရမ်းကို မခံမရပ်နိုင် ဖြစ်နေခဲ့ပါပြီး အပတ်တစ်ရာပြည့်အောင် ပြေးဖို့ဆိုတာ တကယ်တမ်းတော့ သူ့အတွက် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့ရဲ့ ကျင့်ကြံတဲ့အဆင့်က ကျောင်းသားတွေထဲမှာ အကောင်းဆုံးထဲက တစ်ယောက်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဒီလိုကြီးထွက်လာရမယ်ဆိုတာ တွေးတောင်မတွေးမိတဲ့ကိစ္စပါပဲ။
ကျိုးယိကလဲ တခြားကျောင်းသားတွေအားလုံးကို ကြည့်ရင်း ထူးမခြားနားလေသံနဲ့သာ ပြောလိုက်ပါတယ်။
” ငါက အတော်ကို စိတ်မရှည်တဲ့သူဖြစ်ပေမဲ့ သေချာပေါက် ကတိကို ထိန်းသိမ်းပါတယ်…ငါနာမည်ခေါ်လိုက်တဲ့လူကိုးယောက်စလုံးက ပြေးနေတဲ့အချိန်မှာ ဆက်တိုက်လှည့်စားမှုတွေ လုပ်နေခဲ့တယ်…ဒါ့အပြင် သူတို့က အပတ်တစ်ရာပြည့်အောင် မပြေးခဲ့ဘူး…အကယ်၍ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့မကျေနပ်ဘူးဆိုရင် ပညာရေး၀န်းကြီးဌာနမှာ ငါ့ကိုသွားတိုင်လို့ရတယ်…ဒါပေမယ့် အခုတော့ မင်းတို့ထွက်သွားကြ ”
” ဆရာကျိုး ဒါကိုကျွန်တော်လက်မခံနိုင်ဘူး သူလဲ အပတ်တစ်ရာပြည့်အောင် မပြေးခဲ့ဘူးလေ ဒါ့အပြင် တခြားတစ်ယောက်ရဲ့ အကူအညီကို ယူပြီတော့တောင် ပြီးမြောက်အောင် လုပ်ခဲ့ရသေးတယ်…ဘာကြောင့် သူ့က ထုတ်ပယ်မခံရတာလဲ ”
လင်းကျဲ့ယွီလို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်ကတော့ ဟို့ဟွိဟောင်ကို လက်ညိုးထိုးပြရင်း ဒေါသတကြီးနဲ့ မေးလာခဲ့ပါတယ်။ ကျိုးယိကတော့ ရယ်မောလိုက်တယ်။
” မင်းက လက်မခံချင်ဘူးမဟုတ်လား အဲ့ဒီသူ့နာမည်က ဟို့ယွိဟောင်တဲ့ အကယ်၍ သူသာ အပတ်တစ်ရာပြည့်အောင် မပြေးခဲ့ဘူးဆိုရင် မင်းတို့လို ထုတ်ပယ်ခံရမှာပဲ ငါက ပြောပြီသားစကားကို မပြင်တတ်ဘူး…သူက အပတ်တစ်ရာပြည့်အောင် ပြေးနေခဲ့တယ်…တခြားသူတွေရဲ့ အကူအညီကို မယူရဘူးလို့လဲ ငါမပြောခဲ့ဘူးလေ ၀မ်သုန့်က သူ့ကို ကူညီခဲ့တယ်…ဒါကလဲ သူ့လိုလိုလားလား လုပ်ခဲ့တာ အကယ်၍ တစ်စုံတစ်ယောက်က မင်းတို့ပြေးနေတဲ့အချိန်မှာ လာကူညီချင်တယ်ဆိုရင်လဲ အဲ့ဒါအဆင်ပြေတာပဲ ဒါပေမယ့် မင်းကိုကူညီခဲ့တဲ့သူရှိလား…ငါက ဖြစ်စဥ်ကိုမကြည့်ဘူး ရလဒ်ကိုပဲကြည့်တယ် ..ဒါ့အပြင် ရလဒ်အရ ဟို့ယွိဟောင်က အပတ်တစ်ရာပြည့်အောင် ပြေးခဲ့ပြီးပြီ မင်းတို့တွေက မပြေးခဲ့ဘူး…မြန်မြန် ထွက်သွားစမ်း အကယ်၍ မင်းတို့ငါ့ကိုဒေါသထွက်လာအောင် ဆက်ပြီးလုပ်နေမယ်ဆိုရင် မင်းတို့ရဲ့ သိုင်းပညာ၀ိညာဥ်လဲ သုံးစားမရအောင် ငါလုပ်ပြစ်မယ် “‘
ဆရာကျိုးယိရဲ့ ခြိမ်းခြောက်တဲ့စကားအောက်မှာ ကျောင်းသားကိုးယောက်စလုံးကတော့ ထွက်ခွာသွားခဲ့ရပါပြီး သူတို့တွေက အိတ်တွေကို သူထုပ်ပိုးမှာမဟုတ်ပဲနဲ့ တိုင်ကြားဖို့အတွက် ပညာရေး၀န်းကြီးဌာနဆီကို တိုက်ရိုက်သွားကြမှာပါ။ ကျောင်းပထမဆုံးစတက်တဲ့နေ့မှာ ဒီလိုထုတ်ပယ်ခံလိုက်ရတာကို ဘယ်သူကများ လက်ခံနိုင်မှာလဲ။
ကျိုးယိ ထုတ်ပယ်နေတာကိုကြည့်ရင်း ဟို့ယွိဟောင်ကတော့ ပိုလို့တောင် ကြက်သီးတွေထနေခဲ့ရပါပြီး သူဒီလိုမကြောက်ဘူးဆိုတာက ဒီလိုထူးဆန်းလိမ့်မှာပါ ၀မ်သုန့်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် အစောကြီးကထဲက ထုတ်ပယ်ခံရပြီသား ဖြစ်ပါတယ်။ ဒီအကြောင်းကို တွေးမိပြီးချိန်မှာပဲ ၀မ်သုန့်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ သူနောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိပါတယ်။
ကျန်ရစ်နေခဲ့တဲ့ ကျောင်းသားတွေရဲ့ အမူအရာကတော့ လုံး၀ပြောင်းလဲသွားပါပြီး သူတို့တွေ အသက်တောင်ရဲရဲမရှု၀ံ့ပဲ ကျိုးယိကို ကြည့်နေခဲ့ကြပါတယ်။ နှစ်နာရီအတွင်းသာ ရှိခဲ့ပေမဲ့ ကျိုးယိက သူ့ရဲ့ အကြွင်းမဲ့တဲ့အာဏာကို အတန်းနံပါတ်တစ်အပေါ်မှာ အပြည့်အ၀ ထုတ်ဖော်ပြသပြီးသားဖြစ်သွားခဲ့ပါတယ်။
” မင်းတို့အခန်းကို မင်းတို့ပြန်ပြီး အ၀တ်အစားသွားလှဲကြတော့ ပြီးရင် အတန်းပြန်လာတက်ကြ ငါမင်းတို့ကို ဆယ့်ငါးမိနစ်အချိန်ပေးမယ် ”
သူမပြောပြီးပြီချင်မှာပဲ ကျိုးယိက အတန်းထဲကို ပြန်လှည့်ထွက်သွားပါတော့တယ်။
ဘယ်သူကမှ အချိန်မဖြုန်း၀ံ့ပဲ ချက်ချင်းဆိုသလို လူစုခွဲကြပါပြီး သူတို့တွေ သူတို့ရဲ့အခန်းဆီကို အမြန်ဆုံးနှုန်းနဲ့ ပြေးပါတော့တယ်။
” အဲ့ဒီအဘွားကြီးက တကယ်ကို ကြမ်းတမ်းလွန်းတာပဲ ”
၀မ်သုန့်ကတော့ အခန်းကို မြန်မြန်ပြေးနေရင်းနဲ့ ပြောလာခဲ့တယ်။
ဟို့ယွိဟောင်လဲ သူ့ကိုလှည့်ပြီး ပြန်ဖြေလိုက်ပါတယ်။
” ကျေးဇူးပဲ မင်းကြောင့်သာ မဟုတ်ရင် ငါလဲ ထုတ်ပယ်ခံနေရလောက်ပြီး ”
” ငါ့ကို ကျေးဇူးမတင်နဲ့ အကယ်၍ ငါတို့တိုက်ခိုက်ခဲ့တာကြောင့်သာ မဟုတ်ရင် မင်းလဲမင်းဘာသာမင်း အစောကြီးကထဲက ပြေးနေရမှာပဲ အရင်ဆုံးသွားပြီး အ၀တ်လှဲလိုက် ငါအဲ့ဒီလောက် ချွေးမစိုဘူး ”
” အ၀တ်အစားအတူတူ လှဲလိုက်ရင်း အချိန်ကုန်တာမြန်သွားမယ်လေ ”
” ငါ မင်းကို အရှေ့ရက်ကပြောခဲ့တဲ့ စည်းမျဥ်းတွေ မမှတ်မိတော့ဘူးလား ငါက တခြားသူတွေရဲ့ ခန္ဓာကိုယ်ကို မြင်ရတာ မကြိုက်ဘူး အဲ့ဒီလို မြင်ရတာက ငါ့ကို ကြက်သီးထစေတယ်…မြန်မြန်သွားလှဲ ”
ဟို့ယွိဟောင်လဲ နောက်ထပ် ပြောမနေတော့ဘူး။ သူ့အခန်းသူ အမြန်ဆုံးပြန်ရင်းနဲ့ ချွေးတွေစိုရွှဲနေတဲ့ အင်္ကျီကို ချွတ်လိုက်ပါတယ်။ အဲ့ဒီနောက် သန့်ရှင်းခြောက်သွေ့တဲ့အ၀တ်အစားတစ်ခုကို အသုံးပြုရင်း ခန္ဓာကိုယ်က ချွေးတွေကို ပြန်သုတ်လိုက်တယ်။ ဒီလိုလုပ်ပြီမှသာ နောက်ထပ် ကျောင်း၀တ်စုံအသစ်ကို လှဲလိုက်ပါတော့တယ်။ အတန်းနောက်တစ်ခေါက် ပြီမှသာ ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး ရေချိုးရမှာပါ။
သူ့အခန်းထဲက ထွက်လာပြီတဲ့နောက် ၀မ်သုန့်က အ၀တ်အစားတွေလှဲဖို့ ပြင်ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့စိတ်ထဲကို တစ်စုံတစ်ရာက ၀င်ရောက်လာခဲ့တယ်။ အဲ့ဒါကတော့ ၀မ်သုန့်ရဲ့ နောက်ကျောမှာရှိနေခဲ့တဲ့ အတောင်ပံတွေပါပဲ။
အဲ့ဒီအတောင်ပံတွေက အရမ်းကို လှလွန်တယ်။ အဲ့ဒါက ဘာသိုင်းပညာ၀ိညာဥ်လဲ တခြားသူတွေက သတိမထားမိပေမဲ့ ဟို့ယွိဟောင်ကတော့ ကောင်းကောင်းသတိထားမိပါတယ်။ ၀မ်သုန့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးချိန်မှာ ၀ိညာဥ်စက်ကွင်းကလဲ အတူတူ ဖြစ်ပေါ်လာခဲ့တယ်။ အဲ့ဒီနှစ်ခုက တကယ်ကို တခြားအရာတွေထက် ပိုပြီး သာလွန်နေခဲ့တာပါ။ ဒါ့အပြင် သူအံ့ဩစရာကောင်းလောက်အောင် သတိထားမိခဲ့တဲ့ အရာကတော့ ၀မ်သုန့်မှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်း ရှိနေခဲ့လို့ပါပဲ။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းက နှစ်တစ်ထောင် ၀ိညာဥ်စက်ကွင်းဖြစ်နေခဲ့လို့ပါ။ ဒါက သာမန်၀ိညာဥ်ပညာရှင်တွေထက်တောင် ကျော်လွန်နေခဲ့ပါပြီ။
သူဒီလောက် မောက်မာနေတာ အံ့ဩစရာမရှိပါဘူး။ သူ့မှာမောက်မာဖို့အတွက် အစွမ်းအစရှိနေတာပဲ ၀မ်သုန့်ရဲ့ စွမ်းအားနဲ့ယှဥ်လိုက်မယ်ဆိုရင် သူက အရမ်းကို အားနည်းလွန်နေခဲ့ပါတယ်။ ဒီအကြောင်းကို တွေးတောရင်းနဲ့ သူစောင့်ဆိုင်းနေချိန်မှာပဲ ၀မ်သုန့်ကတော့ အခန်းထဲကနေ ပြန်ထွက်လာခဲ့ပါပြီး သူတို့နှစ်ယောက် အချိန်မဖြုန်းတော့ပဲ မြန်နိုင်သလောက်မြန်အောင် ပြန်ပြေးရပါတော့တယ်။
ကျိုးယိက ဆယ့်ငါးမိနစ်အချိန်ပေးခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အနှေးဆုံးသူတောင်မှ ဆယ့်မိနစ်အချိန်ကို မကျော်လွန်၀ံ့ပါဘူး။ ကျောင်းသားတွေအားလုံးကတော့ ချက်ချင်းဆိုသလို စီစီရီရီပြန်ထိုင်ပြီသား ပြန်ထိုင်ပြီးသားဖြစ်သွားပါတော့တယ်။ လွှတ်သွားခဲ့တဲ့ ခုံနေရာကိုးခုကိုကြည့်ရင်း သူတို့အားလုံး လန့်နေကြဆဲပါ။
ရှိနေသူတွေအားလုံးလဲ နားထဲမှာ စကားတစ်ခုကို ပြန်ကြားယောင်နေခဲ့မိပါတော့တယ်။
” အမျက်ဒေါသကျောင်းတော်က ၀င်ဖို့ခက်ပေမဲ့ ထွက်သွားဖို့က အရမ်းကိုလွယ်ကူတယ် ”
လက်ရှိအချိန်မှာ ကိုယ်တိုင်းကြုံတွေ့ရတာကြောင့် အဲ့ဒီစကားရဲ့အန္တရာယ်ကို သူတို့ပိုပြီး နားလည်လာခဲ့ရတာပါ။ ဘယ်သူကမှ လှည့်စားဖို့အကြောင်း တွေးတောင်မတွေး၀ံ့တော့ပါဘူး။
ဆယ့်ငါးမိနစ်ပြည့်သွားပြီးချိန်မှာ ကျိုးယိက နောက်တစ်ကြိမ် အခန်းထဲကို ပြန်၀င်လာခဲ့ပါတယ်။ ကျောင်းသား ကိုးဆယ့်တစ်ယောက်လုံး ရှိနေတာကို မြင်ချိန်မှာတော့ သူခေါင်းညိတ်လိုက်တယ်။
” အခုကနေစပြီး သင်ကြားမယ် အကုန်လုံးကို ခြုံပြီပြောရမယ်ဆိုရင် အစောပိုင်းမင်းတို့ရဲ့ စမ်းသပ်ချက်က ငါ့ကို စိတ်ကျေနပ်စေတယ်…မင်းတို့ထဲမှာ အများစုကတော့ ရိုးရိုးရှင်းရှင်းပြေးတဲ့ စမ်းသပ်ချက်ကို အောင်မြင်ခဲ့တာပဲ ဟို့ယွိဟောင် ထရပ် ”
” ဆရာကျိုး ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ပြန်ဖြေရင်း ထရပ်လိုက်ပါတယ်။
” မင်းရဲ့၀ိညာဥ်အဆင့်ကို ကြော်ငြာလိုက် ”
” ကျွန်တော်ရဲ့ ၀ိညာဥ်စွမ်းအားက အဆင့်ဆယ့်တစ်မှာ ရှိပါတယ် ”
ဟို့ယွိဟောင် တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။ ကျိုးယိက သူတို့ရဲ့ နာမည်တွေကို ခေါ်ခဲ့ပြီဖြစ်တာကြောင့် သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုပါ သိထားမယ်မှန်း ဟို့ယွိဟောင် နားလည်နေခဲ့ပါတယ်။ သူမက ကျိုးကြောင်းမမဆင်ခြင်တဲ့ပုံစံ ပေါ်ပေမဲ့ အားလုံးကိုပိုပြီး နားလည်နေခဲ့တယ်။
အဆင့်ဆယ့်တစ်ဆိုတဲ့စကားကို ကြားချိန်မှာ အတန်းထဲမှာ ရှိရှိသမျှ လူတွေအားလုံးက သံသယ၀င်တဲ့အကြည့်နဲ့ ဖြစ်ကုန်ကြပါတော့တယ်။ ၀မ်သုန့်တောင်မှ အခုအချိန်မှာ မျက်လုံးအပြူးသားကြည့်နေခဲ့ပါပြီ။
တကယ်ကို ရှက်စရာကောင်းလွန်လှတယ်။ ဒီလိုမျိုး အဆင့်ဆယ့်တစ်ပဲရှိသေးတဲ့ သူကို သူ့က ရှုံးနှိမ့်သွားရတာလား။ ဘယ်လိုလုပ် အဆင့်ဆယ့်တစ်ပဲရှိနိုင်သေးတာလဲ အမျက်ဒေါသကျောင်းတော်ရဲ့ အခြေခံလိုအပ်ချက်နဲ့ဆိုရင် အနည်းဆုံးအဆင့်ဆယ့်ငါးမှာ ရှိနေရမှာမဟုတ်ဘူးလား။ ဒီအကြောင်း တွေးပြီချိန်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ကို ခေါင်းမော့ကြည့်မိပါတယ်။ ဒီအကြောင်းကို တွေးပြီးချိန်မှာပဲ ၀မ်သုန့်က ခေါင်းမော့ရင်း စူးစူးစိုက်စိုက် ကြည့်နေခဲ့ပါတယ်။
” မှန်တယ် သူ့ရဲ့ ၀ိညာဥ်စွမ်းအားက အဆင့်ဆယ့်တစ်မှာပဲ ရှိသေးတယ် မင်းတို့အားလုံး ဘာကြောင့်များ ဒီလိုမျိုးသူ့ကိုကျောင်းတော်က လက်ခံထားလဲဆိုတာ သိချင်နေမှာပဲ ငါမင်းတို့ကို ဒီမေးခွန်းကိုတစ်ခါထဲ ဖြေပေးလိုက်မယ်….သူ မထုတ်မပယ်ခံရချင် အနာဂတ်မှာ ဒီအကြောင်းဘယ်သူမှ သူ့ကို မမေးရဘူး သူက ကျောင်းတော်ကို အထူးဖိတ်ခေါ်ခံထားရတဲ့ ကျောင်းသားတစ်ယောက်ပဲ ကျောင်းတော်ထဲကို သူ၀င်ရောက်လာတာ ဘာစမ်းသပ်ချက်ကိုမှ ဖြတ်ကျော်ဖို့မလိုခဲ့ဘူး…ဒါပေမယ့် အဲ့ဒီလိုမျိုး ချွင်းချက်က ဖိတ်ခေါ်ခံထားရတဲ့ ကျောင်းသားတွေပဲရနိုင်တဲ့အရာ အကယ်၍ သူသာ ဒီကျောင်းတော်ကနေ ချမှတ်ပေးထားတဲ့ စမ်းသပ်ချက်တွေကို မဖြတ်ကျော်နိုင်ဘူးဆိုရင် သေချာပေါက် ပထမနှစ်မှာ ထုတ်ပယ်ခံရမှာပဲ ကောင်းပြီ ယွိဟောင် ပြန်ထိုင်တော့ ”
” ကျေးဇူးပါဆရာ ”
ဟို့ယွိဟောင်လဲ ပြန်ထိုင်လိုက်ပါတယ်။ စိတ်ထဲမှာတော့ လန့်နေဆဲပါပဲ။ ဆရာကျိုးရဲ့စကားတွေက သူ့ကို ကာကွယ်ဖို့အတွက် ရှင်းရှင်းလင်းလင်း ပြောနေခဲ့တာပါ။ ၀င်ရောက်လာမှုကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီး မပြည့်စုံသေးတဲ့ ၀ိညာဥ်စွမ်းအားကိုပါ ထုတ်ဖော်ပြသတာကြောင့် ဘယ်သူကမှ ဒီအကြောင်းကို အနာဂတ်မှာလာပြီး မေး၀ံ့တော့မှာမဟုတ်ပါဘူး။
ကျိုးယိကတော့ ကျောင်းသားတွေရဲ့ တုန့်ပြန်မှုကို ဂရုစိုက်တဲ့ပုံစံလုံး၀မရှိပါဘူး။ အဲ့ဒီနောက် ကျောက်သင်းပုန်ပေါ်မှာ ကြီးမားတဲ့စာလုံးနှစ်လုံးကို ရေးလိုက်ပါတယ်။ တိုက်ခိုက်နဲ့ ခုခံ။
စာလုံးနှစ်လုံးကို ရေးပြီတဲ့နောက် ကျောင်းသားတွေဘက်ကို မျက်နှာချင်ပြန်ဆိုင်လိုက်တယ်။
” အစောပိုင်းတုန်းက ပေးလိုက်တဲ့ပြစ်ဒဏ်ကြောင့်မလို့ မင်းတို့တွေ တော်တော်များများ မကျေနပ်ကြဘူးဆိုတာ ငါသိတယ်…ဒါ့အပြင် လူကိုးယောက် ထုတ်ပယ်လိုက်တာကိုလဲ မင်းတို့ ကျေနပ်ကြမှာမဟုတ်ဘူး ငါ့ရဲ့ဖိအားကြောင့်သာ မင်းတို့တွေ ထုတ်မပြကြတာ ငါလဲ မင်းတို့ကို ဘာအကြောင်းပြချက်မှ ပေးနေစရာမရှိဘူး…အနာဂတ်မှာ ငါ့ရဲ့ အကြောင်းပြချက်တွေကို မင်းတို့တွေ နားလည်လာမှာပါ နားမလည်နိုင်တဲ့ ငတုံးတွေရှိနေရင်းလဲ နားလည်ဖို့မလိုဘူး အဆင်ပြေတယ်…ကောင်းပြီ အတန်းစမယ် ”
” ငါရေးလိုက်တဲ့စာလုံးနှစ်လုံးကို မင်းတို့သိကြမယ်လို့ ထင်တယ်….တိုက်ခိုက်နဲ့ခုခံ ပထမဆုံးအတန်းအနေနဲ့ တိုက်ခိုက်မှုနဲ့ ခုခံမှုနည်းစနစ်တွေအကြောင်းကို အဓိက ပြောပြမယ်…ရှေးရှေးခေတ်ကထဲကနေ ငါတို့၀ိညာဥ်ပညာရှင်တွေက အတွင်း၀ိညာဥ်သိုင်းပညာအပေါ်ကို အခြေခံပြီး မတူညီတဲ့ နည်းစနစ်တွေ ခွဲခြားထားကြတယ်…စွမ်းအားတိုက်ခိုက်ရေးစနစ် ခုခံကာကွယ်ရေးစနစ် အထောက်အပံ့ပြုရေးစနစ် အစာစနစ် ထိန်းချုပ်စနစ်နဲ့ အမြန်နှုန်းစနစ်တွေပဲ ဒါ့အပြင် တစ်ချို့၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့ စွမ်းအားတွေကို အခြေခံပြီး အဓိက လမ်းစဥ်တစ်ချို့ကို လိုက်ကြတယ်…တခြားသူတွေကတော့ သူတို့ရဲ့စွမ်းရည်တွေကို အများကြီးတိုးပွားအောင် လုပ်ကြတယ်…ဒါ့အပြင် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး ကျင့်ကြံတာရော သီးခြားနည်းလမ်းတစ်ခုကို ကျင့်ကြံနေတာတွေရော ရှိနေတယ်…၀မ်သုန့် ဒီမေးခွန်းကိုဖြေ လမ်းစဥ်တွေအများကြီး အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေထဲမှာ ဘယ်အမျိုးအစားက တိုက်ခိုက်တဲ့နေရာမှာ အကောင်းဆုံးလဲ ဒါ့အပြင် ခုခံရေးစနစ်နဲ့ ထောက်ပံ့ပြုရေးစနစ် ကူညီပြုပေးတဲ့စနစ်မှာ ဘယ်တစ်ခုကို မှီခိုသင့်လဲ ”
အပိုင်း ၉•၂ ပြီး၏။