အပိုင်း ၁၉၁•၃
” အလင်းတန်းနတ်မိမယ် ”
°°°
၀မ်သုန့်ကတော့ သူ့စိတ်အလောကြီးမှုကိုသာ အပြစ်တင်နောင်တရနေခဲ့ပါတယ်။ သူဒီလိုသာမလောခဲ့ဘူးဆိုရင် ဟို့ယွိဟောင်လဲ ဒီစစ်မြေပြင်ထဲကို ဖြတ်သန်းလာရမှာမဟုတ်သလို သန်မာတဲ့ရန်သူနဲ့လဲ တွေ့ဆုံခဲ့ရမှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်ကို မချီပြီသူပေါင်ပေါ်ကို တင်ထားချိန်မှာတော့ သူ့ရဲ့လက်ဖ၀ါးတွေအားလုံးက သွေးတွေစိုရွှဲပြီစုတ်ပြတ်သတ်နေခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ ဟို့ယွိဟောင်ကို ငုံ့ကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေကလုံး၀ကိုနီရဲနေပြီ မျက်ရည်တွေအပြည့်ဖြစ်နေခဲ့ပါပြီ။
ဒီတောင်ကြောတစ်ခုလုံးက ကျောက်တုံးတွေအပြည့်ရှိနေခဲ့ပြီ လုံး၀ကိုမြေကြမ်းမြေရိုင်းကြီးဖြစ်နေခဲ့တာပါ။ မြေပြင်တွေကအတော်ကိုမာကြောတဲ့အပြင် မညီမညာကျောက်တုံးတွေအဖြစ်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေက ရွှေအိုရောင်အကြောက်တရားလက်ဖ၀ါးနဲ့ရိုက်ချခံရတာကြောင့် သူတို့မှာအကာအကွယ်သုံးစရာဘာမှမရှိတော့သလို ၀ိညာဥ်စွမ်းရည်ကလဲမရှိတော့ပဲ မြေပြင်ပေါ်ကိုဒီအတိုင်းအရှိန်ပြင်းပြင်းနဲ့ကျလာခဲ့ပါတယ်။
ပြင်းထန်လွန်တဲ့အရှိန်ကြောင့် ဟို့ယွိဟောင်နောက်ကျောမှာတပ်ထားခဲ့ဖူးတဲ့ ၀ိညာဥ်ပျံသန်းရေးလက်နက်ကလဲ ပျက်စီးလို့သွားခဲ့ပါပြီ။ သူ့နောက်ကျောဖက်တစ်ခုလုံးကလဲသွေးတွေအပြည့်ဖြစ်နေခဲ့သလို ၀ိညာဥ်လက်နက်ရဲ့ကျိုးကြေနေတဲ့အပိုင်းအစတွေကလဲခန္ဓာကိုယ်ထဲမှာစိုက်၀င်လို့နေခဲ့တယ်။ လက်ရှိအချိန်မှာ ကျောတစ်ခုလုံးက ကျောက်တုံးကျောက်စိုင်သားတွေအပြည့်စိုက်၀င်လို့နေခဲ့ပြီ စုတ်ပြတ်သတ်လို့နေခဲ့ပါတော့တယ်။ ဒါ့အပြင် အောက်ဖက်မှာရှိတဲ့မြေပြင်မှာတောင် သူ့ခန္ဓာကိုယ်အရာပုံသဏ္ဍာန်နဲ့ သွေးကွက်ကြီးတစ်ခုကကျန်ရှိလို့နေခဲ့တော့တယ်။
ဒါ့အပြင် သူဒီလိုအရှိန်ပြင်းပြင်းနဲ့လမ်းတစ်လျှောက်လုံးမှာပဲ တစ်ပေကျော်ကျယ်တဲ့သွေးစီးကြောင်းကြီးကရှိနေခဲ့တာပါ။ ၀မ်သုန့်ကတော့ နှလုံးသားထဲမှာဂဲဆွဲထားသလိုလေးလံနေပါပြီ။ ဒီလိုမျိုး စိတ်ထိခိုက်လွန်တာကြောင့် အသက်ရှုဖို့တောင်ခက်ခဲလာပါတော့တယ်။ သူ့မှာလဲ ၀ိညာဥ်စွမ်းအားများများစားစားမကျန်ရှိတော့ပါဘူး။ ဒါကြောင့် သူ့စွမ်းအားတွေအားလုံးကို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲဆက်တိုက်ထည့်သွင်းပေးလို့နေခဲ့ပါတယ်။ စွမ်းအားကိုတစ်စက်မှမကျန်အောင်ထည့်ပေးနေခဲ့တာပါ။
ကျွီးကျင့်ကလဲ ဒီအချိန်မှာသူတို့ဆီကို အပြေးရောက်လာခဲ့ပါပြီ။ သူက ၀မ်သုန့်ထက်ပိုပြီးတည်ငြိမ်အေးဆေးပါတယ်။ နောက်ဆုံးတော့လဲ သူကဒီအခြေအနေကိုကြုံတွေ့ထားဖူးလို့ပါ။ ဒီလိုအခြေအနေမျိုးကိုအရင်ကကြုံခဲ့ဖူးတဲ့သူမက ချက်ချင်းဆိုသလို ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလာပြီ၀မ်သုန့်ကိုအော်လိုက်ပါတော့တယ်။
” သူ့ကို ခြေထောက်ပေါ်မှာတင်ပြီ လှဲခိုင်းထားလိုက် ငိုနေလို့အကျိုးမရှိဘူးသူ့ကိုကယ်ဖို့ကိုအရေးကြီးတယ် ”
” ဟုတ်ကဲ့ ”
၀မ်သုန့်ရဲ့အသံက တုန်ရီလို့နေခဲ့ပါပြီ။ အသက်ပြင်းပြင်းရှုသွင်းရင်နဲ့ သူအံကိုကြိတ်လိုက်ပါတယ်။ အခုလက်ရှိအချိန်မှာ မျက်ရည်တွေက ဆက်တိုက်စီးကျနေဆဲပါ။ မြေပြင်ပေါ်မှာအရင်ဆုံးထိုင်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ကိုဖြည်းဖြည်းချင်းသူ့ရဲ့ခြေထောက်တွေပေါ်တင်ပြီ ခန္ဓာကိုယ်အနေအထားကိုပြုပြင်လိုက်ပါတော့တယ်။
ကျွီးကျင့်က ဆေးပုလင်းကိုကမ်းပေးရင်း ပြောလာခဲ့တယ်။
” ငါဒဏ်ရာတွေကိုသန့်ရှင်းပေးမယ် ဒီဆေးမှုန့်တွေကိုလိုက်ပြီဖြူပေးနေ ဒဏ်ရာတွေတိတ်ဖို့အများကြီးကူညီပေးလိမ့်မယ် ”
” ငါဒဏ်ရာတွေကို သန့်စင်ပေးမယ်လေ ”
၀မ်သုန့်ကပြောလာခဲ့ပါတယ်။ သူက ကျွီးကျင့်နဲ့ယှဥ်မယ်ဆိုရင် ဟို့ယွိဟောင်ထက်ပိုရင်းနှီးတဲ့သူပါ။ ဟို့ယွိဟောင်ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းက သန်မာမှန်းသူမသိပါတယ်။ ဒဏ်ရာတွေက အတော်ကိုပြင်းထန်ပေမဲ့ တကယ်အသက်အန္တရာယ်တော့မရှိနိုင်ပါဘူး။ သူမကိုမယုံကြည်တဲ့အတွက် ဟို့ယွိဟောင်ကိုသာ ကိုယ်တိုင်သာကုသပေးချင်နေခဲ့တယ်။ ကျွီးကျင့်ကတော့ ဒေါသထွက်နေခဲ့ပါပြီ။
” ဒီကိစ္စလေးကိုတောင် စကားများချင်နေတာလား ”
၀မ်သုန့်က ခေါင်းမော့ပြီစူးစိုက်ကြည့်ကာ ပြန်အော်ပါတော့တယ်။
” ငါလုပ်ရပါစေ ”
သူ့အသံကိုကြားချိန်မှာ ကျွီးကျင့်ကလန့်သွားခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အသံက ဒီလိုစိတ်ထိန်းချုပ်မှုလွှတ်သွားတဲ့အချိန်မှာ မာကြောနေခဲ့သလို သူမထက်လဲပိုပြီးတော့ နား၀င်ချိုတဲ့အသံမျိုးဖြစ်နေခဲ့တယ်။
နောက်ဆုံးမှာတော့လဲ ကျွီးကျင့်လဲ အရမ်းကြီးအတင်းအကြပ်ကြီးပြောမနေတော့ပါဘူး။ ၀မ်သုန့်ရဲ့လက်တွေက မြန်မြန်ဆန်ဆန်လှုပ်ရှားလို့နေခဲ့ပါပြီ။ သူ့ရဲ့လက်ချောင်းကနေရွှေရောင်အလင်းတန်းတွေတောက်ပလို့လာခဲ့ပြီ သူ့ရဲ့အစွမ်းအစတွေကိုထုတ်ဖော်ပြသနေခဲ့ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့နောက်ကျောမှာရှိသမျှဖုန်တွေအားလုံးကို ဖယ်ရှားလိုက်ပြီတဲ့နောက် ဒဏ်ရာတွေကိုစတင်ပြီ ချုပ်ဖို့လုပ်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သွေးထွက်နေတာကရပ်သွားခဲ့ပါပြီ။
ကျွီးကျင့်ကတော့ ဆေးပုလင်းကိုသာဖွင့်ရင်း ဟို့ယွိဟောင်ရဲ့ဒဏ်ရာတွေပေါ်မှာဆေးမှုန့်တွေကိုဖြူပေးနေခဲ့တယ်။ သူမနဲ့ ၀မ်သုန့်ကြားမှာတူညီတဲ့အရာကတော့ရှိပါတယ်။ ဒါကတော့ နှစ်ယောက်စလုံးငိုနေမိတာပါပဲ။ ၀မ်သုန့်ကလဲ မျက်ရည်တွေကြောင့်အမြင်မ၀ါးဖို့အတွက် မကြာခဏဆိုသလို မျက်ရည်တွေကိုဆက်တိုက်သုတ်နေခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့မျက်ရည်တချို့ကတော့ ဟို့ယွိဟောင်ရဲ့ဒဏ်ရာအပြည့်နဲ့ခန္ဓာကိုယ်ပေါ်ကိုကျဆင်းလို့သွားဆဲပါ။
မတူညီမြင်ကွင်းက သူ့ရဲ့စိတ်ထဲမှာဆက်တိုက်ဖြစ်ပေါ်လို့နေခဲ့ပါတယ်။ ကျွီးကျင့်ကတော့ ကျန်းယန်တောင်ကြောမှာဟို့ယွိဟောင် ကယ်ခဲ့တဲ့အကြောင်းတွေကို ပြန်ပြီတော့မြင်ယောင်နေခဲ့မိတယ်။ အဲ့ဒီတုန်းကလဲ ဒီလိုပုံစံပါပဲ။ ဒါ့အပြင် သူအသားကင်ကျွေးခဲ့တဲ့အချိန်တွေကိုလဲ ပြန်ပြီတော့အမှတ်ရနေခဲ့မိတယ်။ ၀မ်သုန့်ကတော့ အလင်းတန်းမိုးတွေပြီးဆုံးသွားချိန်မှာ ဟို့ယွိဟောင် သူ့ကိုချက်ချင်းအရှေ့ဖက်ဆီဆွဲပြီ လက်မောင်းကြားထဲထည့်ရင်း ကာကွယ်ပေးလိုက်တဲ့ပုံစံကိုပြန်ပြီမြင်ယောင်နေခဲ့မိတယ်။
သူတို့နှစ်ယောက်မြေပြင်ပေါ်ကိုပြုတ်ကျလာတဲ့အချိန်မှာ ဟို့ယွိဟောင်က နာကျင်မှုကိုခံစားနေခဲ့ရပေမဲ့ သူ့ရဲ့စိတ်ဆုံးဖြတ်ချက်ကတော့ ခိုင်မာနေဆဲပါပဲ။ နေရာကိုပြောင်းလိုက်ပြီချိန်မှာ တိုက်ခိုက်မှုတွေအားလုံးကို ခန္ဓာကိုယ်နဲ့ ခံယူဖို့အတွက်သူကလုံး၀ကိုစိတ်ဆုံးဖြတ်ချက်ချထားခဲ့တယ်။
စစ်ပွဲကြီးအဆုံးသတ်သွားချိန်မှာတော့ ပုန်ကန်သူတပ်ဖွဲ့က ဖယ်ရှားခံလိုက်ရပါပြီ။ နိုင်ငံတော်ရဲ့စစ်တပ်က အပြည့်အ၀ထိန်းချုပ်နိုင်သွားပြီဖြစ်သလို ဟို့ယွိဟောင်နဲ့တခြားသူတွေကို အလယ်ဗဟိုပြုထားတဲ့ တောင်ကြောရဲ့ဘေးဖက်တစ်လျှောက်ကိုသူတို့က နေရာယူထားပါတယ်။ အခုလက်ရှိအချိန်မှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အရမ်းကိုပင်ပန်းနေပေမဲ့ ဆက်လက်ပြီ မတ်တပ်ရပ်နိုင်အောင်ကြိုးစားနေခဲ့ရတယ်။ ဘယ်သူကမှထိုင်ပြီအနားမယူခဲ့ပါဘူး။ သူက လက်ရှိအချိန်မှာ သတိလစ်နေတဲ့ဟို့ယွိဟောင်ဆီကိုသာ အာရုံစိုက်နေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ကုသပေးနေမှုတွေကို သူတို့အားလုံးကအကြည့်မလွဲပဲရှိနေခဲ့တာပါ။
ဒီနှစ်ယောက်ကြောင့်သာ မဟုတ်ရင် အစောပိုင်းစစ်မြေပြင်ကထဲက သေသွားခဲ့ပြီးပြီဆိုတာနားလည်းနေခဲ့ကြတယ်။ ဒါက သူတို့ရဲ့အသက်သခင်ကျေးဇူးရှင်တွေပါ။
၀မ်သုန့်နဲ့ ကျွီးကျင့်ကတော့ ဟို့ယွိဟောင်ကိုကုသပေးတာပြီးသွားပါပြီ။ သူတို့တွေတစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်လိုက်ချိန်မှာတော့ စိတ်သက်သာရာရသွားတာကို အထင်သားမြင်နေခဲ့ရတယ်။ ကျွီးကျင့်ကလဲ ၀မ်သုန့်ဘေးနားကိုကပ်ပြီ နားနားကိုကပ်ကာတစ်ခုခုပြောလိုက်ပါတယ်။ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က တောင့်တင်းလို့သွားခဲ့ပြီ ကျွီးကျင့်ကိုမယုံနိုင်မှုအပြည့်နဲ့ ကြည့်လိုက်မိတယ်။ နောက်ဆုံးမှာတော့ သူဆုံးဖြတ်ပြီခေါင်းညိတ်ပြလိုက်ပါပြီ။ ကျွီးကျင့်ကတော့ မျက်လုံးတွေကိုပိတ်ကာ အသက်တစ်ခေါက်ပြင်းပြင်းရှုလိုက်ရင်း ပြောလာခဲ့ပါတယ်။
” ငါသိပါတယ် ”
၀မ်သုန့်က သူမကိုနောက်တစ်ကြိမ်မကြည့်တော့ပါဘူး။ ဟို့ယွိဟောင်ကို ဖြည်းဖြည်းချင်းသူကျောပေါ်တင်ကာ မချီလိုက်ပါတော့တယ်။ ဟို့ယွိဟောင် သတိရလာချိန်မှာတော့ သူကတဲကြီးတစ်ခုထဲရောက်နေတာကို တွေ့လိုက်ရပါပြီ။ သူက အခုလက်ရှိအချိန် အိပ်ပေါ်မှာရောက်နေခဲ့တာပါ။ ဒါ့အပြင် ဘေးမှာတော့ မျက်ရည်အပြည့်နဲ့အိပ်ပျော်နေတဲ့ခပ်ချောချောမျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်။
စူးရှပြီပြင်းထန်တဲ့နာကျင်မှုက နောက်ကျောဖက်မှာရှိနေခဲ့တာကြောင့် ဟို့ယွိဟောင်လဲ အစောပိုင်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်မြင်ယောင်လာခဲ့ပါတယ်။ သူ့ဘာသာသူချီးမွမ်းလွန်တဲ့အပြုံးက မျက်နှာပေါ်မှာပေါ်ထွက်လာပါတော့တယ်။
” ဘာဖြစ်လို့ ငါရဲ့နောက်ကျောက အမြဲတမ်းအဲ့ဒီလောက်ထိခိုက်နေရတာလဲ ကြည့်ရတာကတော့ ၀ိညာဥ်လက်နက်တွေကိုဖန်တီးတဲ့အခါကျရင် ငါနောက်ကျောကိုကာကွယ်လို့ တစ်ခုခုလုပ်မှနဲ့တူတယ် ”
သူမျက်လုံးကိုပိတ်လိုက်ချိန်မှာ အစောပိုင်းစစ်ပွဲတွေရဲ့ပုံရိပ်တွေက စိတ်ထဲကိုပြန်၀င်ရောက်လာခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာကိုမှတ်မိလာသလို တစ်စုံတစ်ရာမှားယွင်းနေတာကို သိလို့သွားခဲ့တယ်။
သူတို့တွေအနိုင်ရသွားတာက တကယ်ကိုကောင်းမွန်တဲ့ကိစ္စပါ။ အလင်းတန်းနတ်မိမယ်တိုက်ခိုက်ချိန်မှာ သူတို့နှစ်ယောက်ရဲ့အစွမ်းအစက အဆုံးစွန်းကိုရောက်နေခဲ့ပါပြီ။ ကျောက်ယန်က သူတို့နဲ့မရင်းနှီးတဲ့အတွက် ဒီလိုအောင်ပွဲကိုဆင်နိုင်ခဲ့တာပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တွေ ၀ိညာဥ်စွမ်းရည်တွေအားလုံးကလဲ အရမ်းကိုအရေးကြီးတဲ့ထောက်ပံ့ပေးထားပါတယ်။
ဒါပေမယ့် သူတို့တွေအလွယ်လေး အောင်မြင်နိုင်တယ်ဆိုတာကို ဟို့ယွိဟောင်ပြန်ပြီသတိရသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ကိုယ်တိုင်ကလဲ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါပဲ။ ဒါပေမယ့် ၀မ်သုန့်နဲ့ ပေါင်းစည်းလိုက်ချိန်မှာ သူ့ကိုယ်သူ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တာကို မေ့သွားခဲ့ပါတယ်။ ဒါကကြီးမားတဲ့အမှားအယွင်းတစ်ခုပါ။ ကြည့်ရတာ ငါစိတ်နှလုံးသားက၀ိညာဥ်ပညာရှင်ဖြစ်နေဆဲပါပဲလား။ ဟို့ယွိဟောင် သက်ပြင်းချလိုက်မိပါတယ်။
သူ့မှာ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းပါတဲ့ ၀ိညာဥ်သူတော်စင်တစ်ယောက်ကို စိန်ခေါ်နိုင်တဲ့၀ိညာဥ်လက်နက်တွေရှိတယ်လို့ သူအမြဲတမ်းယုံကြည်နေခဲ့မိတာပါ။ ဒါ့အပြင် အဆင့်မြင့်၀ိညာဥ်လက်နက်ပညာရှင်တွေနဲ့လဲလုံး၀ကိုယှဥ်လို့မရနိုင်မှန်းလဲ ကိုယ်ကိုကိုယ်နားလည်သဘောပေါက်မိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲကသူ့အတွက်ကြီးမားတဲ့ရိုက်ခတ်မှုကြီးတစ်ခုဖန်တီးပေးလိုက်တယ်။ အနိုင်ရနေတာကိုအမြဲတမ်းကျင့်သားရနေခဲ့တဲ့အတွက် သူ့ရဲ့စိတ်ကအမြဲတမ်းလိုလိုမောက်မာနေခဲ့တာကိုလဲ ပြန်ပြီတော့သဘောပေါက်လို့သွားခဲ့ပါပြီ။
ဟုတ်ပါတယ် နေလနိုင်ငံရဲ့ကျောင်းတော်ထဲမှာ ၀ိညာဥ်စက်ကွင်းငါးကွင်းနဲ့ ခြောက်ကွင်း၀ိညာဥ်ပညာရှင်တွေအများကြီးကို သူအနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေပါ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေမဟုတ်ခဲ့ပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့စွမ်းအားက ဖျက်ဆီးနိုင်စွမ်းကြီးမားပြီ ပေါက်ကွဲမှုကလဲပြင်းထန်ပါတယ်။ ဒါပေမယ့် ဆရာ၀မ်ယန်ရဲ့စကားတွေကတော့အတိကျဆုံးပါ။ အနာဂတ်မှာ အသန်မာဆုံး၀ိညာဥ်ပညာရှင်တွေက အကောင်းဆုံး၀ိညာဥ်လက်နက်တွေကို တပ်ဆင်ပြီအသုံးပြုကြလိမ့်မယ်။ ဒါကသာ တကယ်သန်မာတဲ့လူတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဥ်ပါ။
နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ ဒီကိစ္စကိုကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်သာ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်စလုံးကို သူတို့ကျောင်းတော်ဆီပို့ထားခဲ့တာပါ။ သူတိုက်ခိုက်ခဲ့တဲ့အဆင့်မြင့်တဲ့ပြိုင်ဘက်တွေဆိုတာက ၀ိညာဥ်ပညာရှင်ဟုတ်ရင်ဟုတ် မဟုတ်ရင်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြီးပါပဲ။ အမှန်တကယ်မှာတော့ သူကိုယ်တိုင်က သူ့ရဲ့ပေါင်းစည်းမှုဖြစ်နေခဲ့တဲ့အတွက် အားသားချက်ကလဲရှိနေခဲ့တယ်။ အပေါ်ကနေကြည့်မယ်ဆိုရင် အကယ်၍ သူ့ရဲ့တတိယအစ်ကိုကြီးနဲ့ ပထမဆုံးအစ်ကိုကြီးတို့သာ သင့်တော်မှန်ကန်တဲ့အကောင်းဆုံး၀ိညာဥ်လက်နက်တွေကို တပ်ဆင်ထားမယ်ဆိုရင် သူတို့ကိုအနိုင်တိုက်နိုင်ဖို့ဖြစ်နိုင်မလား။ သူက ၀ိညာဥ်ဘိုးဘေးအဆင့်တစ်ယောက်သာရှိသေးတာပါ။
ဒီအကြောင်းဒီအရာကို သုံးကြိမ်သုံးခါတိတိစိတ်ထဲမှာပြန်လည်သုံးသပ်နေခဲ့မိပါတယ်။ သူ့ရဲ့စိတ်ထဲမှာရှိနေခဲ့ဖူးတဲ့ မောက်မာ၀င့်ကြွားမှုက ပျောက်ကွယ်လို့သွားခဲ့ပြီ စိတ်ကလဲပြန်တည်ငြိမ်လို့သွားခဲ့ပါပြီ။ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို မျှချေလုပ်ညီအောင်အင်မတန်ကိုအရေးကြီးတဲ့အရာပါ။ အထူးသဖြင့်ဖိအားတွေရဲ့အောက်မှာ ဒါကိုဆက်တိုက်ဖိနှိမ့်ထားဖို့ဆိုတာက အရေးပါပါတယ်။ အခုအချိန်မှာ ကောင်းကောင်းလုပ်နိုင်သွားပါပြီ။
အကြီးအကဲယိကိုလဲ သူကျေးဇူးတင်နေခဲ့မိပါတယ်။ အကယ်၍ အမှောင်ထု၀ိညာဥ်ဓားမျိုးကိုသာ သူမသိမ်းထားဘူးဆိုရင် သူအနေနဲ့ရွှေလိုအသက်ကနေလာရတဲ့စွမ်းအားနဲ့အတူ ပေါင်းစည်းနိုင်ခဲ့မှာမဟုတ်ပါဘူး။ သူမသေရင်ခဲ့တောင် ဒီလိုခဏခဏအရေခွံလွှာခံနေရတာနဲ့တင် ခန္ဓာကိုယ်ကစုတ်ပြတ်သတ်နေလောက်ပါပြီ။
အရင်တစ်ခေါက်နဲ့ယှဥ်လိုက်မယ်ဆိုရင် ဒီတစ်ခေါက်ဒဏ်ရာကသိပ်ပြီမကြီးမားပေမဲ့ အခြေအနေကောင်းတဲ့ကိစ္စလို့လဲမဆိုသာတဲ့ကိစ္စပါ။ ကျောက်ယန်ရဲ့အကြောက်တရားလက်ဖ၀ါးတွေကြောင့် ဟို့ယွိဟောင်ရဲ့အတွင်းကလီစာတွေက အတော်လေးထိခိုက်သွားခဲ့ပါတယ်။ အထူးသဖြင့် နောက်ဆုံးတိုက်ခိုက်မှုက အတော်လေးဆိုးရွှားတဲ့ဒဏ်ရာတွေကိုဖြစ်စေခဲ့တယ်။ တိုက်ပွဲပြီးသွားချိန်မှာတောင် နောက်ကျောကနာနေတုန်းပါပဲ။ ဒါပေမယ့် စွမ်းအားဖြတ်သန်းလာမှုနေရာတွေနဲ့ တခြားအတွင်းကလီစာတွေကတော့ ဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်နေခဲ့ပါပြီ။ ဒါကသူရဲ့ကောင်းမွန်လွန်လှတဲ့အသက်စွမ်းအားကျေးဇူးကြောင့်ပါပဲ။
လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ရင်း ၀မ်သုန့်ရဲ့လက်ကိုသူသွားထိလိုက်ပါတယ်။ အဲ့ဒီနောက် ၀ိညာဥ်စွမ်းအားတွေကို စတင်ပြီလှည့်ပတ်ရင်း ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းပေးလိုက်ပါတယ်။ ဟောင်သုန့်စွမ်းအားစတင်လှည့်ပတ်လာတာနဲ့ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကလဲ တခဏတာတုန်ရီလို့သွားခဲ့ပါပြီ။
” ယွိဟောင် နိုးလာပြီလား ”
၀မ်သုန့်က အတော်လေးမူးဝေနေပုံပေါ်ပေမဲ့ ခေါင်းမော့လာရင်းမေးလာခဲ့ပါတယ်။ ဟို့ယွိဟောင်က ပြန်ပြီတော့ဖြေလာခဲ့တယ်။
” ငါတစ်သက်လုံးတော့မအိပ်နိုင်ဘူးလေ ဟုတ်တယ်ဟုတ် မင်းငိုထားသေးတာလား ”
” မငိုပါဘူး ”
၀မ်သုန့်က လုံး၀နိုးလာပြီဖြစ်တဲ့အတွက် ပြန်ပြီတော့အော်ပါတယ်။
” ကောင်းပြီ ကောင်းပြီ မငိုရင်လဲကောင်းတာပေါ့ မင်းလဲယောင်္ကျားပဲလေ ယောင်္ကျားတစ်ယောက်ကသွေးထွက်လို့ရတယ်…မငိုရဘူး အနာဂတ်မှာလဲမငိုနဲ့ ငါခေါင်းမာတာကိုသိတယ်မလား ဒီတော့အလွယ်လေးဘယ်သေသွားမှာလဲ ”
” မင်းဒီအခြေအနေတောင်ရောက်နေပြီ ဘာများကြီးကျယ်နေစရာလိုသေးလဲ ခန္ဓာကိုယ်အခြေအနေဘယ်လိုလဲ ”
” ဒါပေါ့ အတော်ကြီးကိုနာနာကျင်ကျင်ခံစားနေရတယ် ”
ဒါပေမယ့် ဟို့ယွိဟောင်ကရယ်မောရင် ပြောလာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ နာကျင်သွားပုံပါပဲ။
” ဒီတိုက်ခိုက်မှုတွေအားလုံးကို ဘာဖြစ်လို့တစ်ယောက်ထဲခံယူဖို့လုပ်ရတာလဲ တုံးအလိုက်တာ ”
” မင်းကိုဒီလိုနာကျင်မှုမျိုးကို ခံစားစေဖို့ ငါခွင့်မပြုနိုင်ဘူးလေ မင်းရဲ့ချောမွေ့ပြီနူးညံ့နေတဲ့အရေပြားကိုကြည့်လိုက်ပါဦး ငါအရေပြားကမင်းထက်ဆိုင်ရင်အများကြီးပိုပြီးတော့ထူးတယ်လေ မစိုးရိမ်နဲ့ ငါကောင်းသွားမှာ ဒါပေမယ့် မင်းကြည့်ရတာအတော်လေးပင်ပန်းနေတဲ့ပုံပဲ ငါတို့ရဲ့စွမ်းအားတွေကို ပြန်ဖြည့်ရအောင် ”
” ကောင်းပြီ ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ရင်း ဟောင်သုန့်ရဲ့စွမ်းအားလှည့်ပတ်မှုကို လက်ခံလိုက်ပါတော့တယ်။
” မင်းဒီလိုဖြစ်နေတဲ့ပုံကြည့်ရတာ ထူးဆန်းနေတယ်…ထားလိုက်ပါဦး ”
သူပြောပြီတဲ့နောက် ဘေးကိုရွေ့လိုက်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာတစ်ခုက ရုတ်တရက်ဆိုသလိုအထိခံလိုက်ရတဲ့အတွက် နာသွားခဲ့ပါတယ်။
” မလုပ်နဲ့ ငါဘာသာငါလုပ်လိုက်မယ် ”
၀မ်သုန့်က သူ့ကိုတားလိုက်ပါတယ်။ သူအများကြီးမတွေးတော့ပဲ ဟို့ယွိဟောင်ဘေးမှာ၀င်လဲလိုက်ပါပြီ။ ဟို့ယွိဟောင်ကတော့ခေါင်းကိုတစ်ဖက်နည်းနည်းရွေ့သွားခဲ့ပါတယ်။ ၀မ်သုန့်လဲ ရွေးချယ်စရာမရှိပဲဒီခပ်ကျဥ်းကျဥ်းနေရာမှာသာကပ်ပြီလှဲအိပ်လိုက်ရတယ်။ ဟို့ယွိဟောင်ရဲ့လက်ကိုဆွဲထားခဲ့ပြီ စွမ်းအားတွေကိုပြန်လည်လှည့်ပတ်နေခဲ့ပါပြီ။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်က ထပြီရယ်ပါတော့တယ်။ ၀မ်သုန့်လဲ သူ့ဆီကထွက်လာတဲ့ အငွေ့အသက်ကို ခံစားလိုက်ရသလို မျက်နှာလဲသွေးရောင်ပြန်လွှမ်းလာတာ သတိထားမိသွားခဲ့ပါပြီ။
” ဘာတွေရယ်နေတာလဲ ”
” ဘာမှမဟုတ်ဘူး ငါတို့တွေဒီလိုတစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီနေနေတာ ထူးဆန်းတယ်ထင်လို့ပါ ”
” ဘာထူးဆန်းလို့လဲ ”
” ငါကမင်းရဲ့ဒီရှည်လျားတဲ့မျက်တောင်တွေကိုလဲ တစ်ခါမှအထင်မသေးဘူးပါဘူး…ဒါပေမယ့် အဲ့ဒီမျက်တောင်တွေက အရမ်းရှည်လွန်လို့ ငါမျက်နှာကိုတောင်လာပွတ်တော့မလိုခံစားနေရတယ် ”
၀မ်သုန့်ကတော့ မျက်လုံးပြူးကြီးနဲ့ရှိနေခဲ့ပါတယ်။
အဲ့ဒီနောက် သူမျက်လွှာချရင်း ဒေါသတကြီးပြန်ပြောလာတော့တယ်။
” မင်းရဲ့ဒဏ်ရာတွေကိုထည့်စဥ်းစားပြီငါမင်းကိုမရိုက်တော့ဘူး…၀ိညာဥ်စွမ်းအားကို မြန်မြန်လှည့်ပတ်လိုက်ဒီအခြေအနေတောင်ရောက်နေပြီ ဟာသတွေပြောနေနိုင်သေးတယ် ”
” ငါဒီလိုဟာသမျိုးမင်းကိုပဲပြောနိုင်တာလေ ”
ဟို့ယွိဟောင်က အေးအေးဆေးဆေးနဲ့ပြန်ဖြေလာခဲ့ပါတယ်။ သူပြန်ဖြေပြီတဲ့နောက် ၀ိညာဥ်စွမ်းအားတွေကိုပြန်လည်လှည့်ပတ်နေခဲ့ပါပြီ။ သူထဲမှာဘယ်သူကမှ တစ်ယောက်ယောက်စောင့်ကြည့်နေတာကို သတိမထားမိခဲ့ပါဘူး။
အပိုင်း ၁၉၁•၃ ပြီး၏။