အပိုင်း ၁၉၁•၂
” အလင်းနတ်မိမယ် ”
°°°
သူမက ရေခဲမြူခိုတွေနဲ့အတူ ကခုန်လို့နေခဲ့ရင်း ကြောက်စရာကောင်းလွန်တဲ့ရွှေ၀က်၀ံကြီးကို မျက်နှာချင်ဆိုင်လိုက်ပါတယ်။ သုံးရောင်ခြယ်အတောင်ပံတွေကတော့ ဖြည်းဖြည်းချင်းလှုပ်ရှားနေခဲ့ရင်း သူမရဲ့ကျက်သရေရှိမှုကို ပိုပြီးအားဖြည့်လို့နေခဲ့တယ်။
သူမရဲ့နဖူးပေါ်မှာတော့ မှုန်၀ါး၀ါးရွှေရောင်သင်္ကေတတစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့ကခုန်မှုက ပိုမိုမြန်ဆန်လာတဲ့အတွက် ဘယ်သူမှရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပါဘူး။ ရွှေရောင်အလင်းတန်းတောက်ပလာမှုနဲ့အတူ စိတ်၀ိညာဥ်စွမ်းအားတွေရဲ့ပေါင်းစည်းမှုကလဲ သူမကိုမှော်ဆန်တဲ့အနေအထားတစ်ခုအထိ တွန်းပို့လို့နေခဲ့ပါတယ်။ ဒါက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ နောက်ဆုံးပေါင်းစည်းစွမ်းရည်ဖြစ်တဲ့ မြူနှင်းကြားက နွေရည်စွန်းတန်းအကပါပဲ။ အလင်းတန်းနတ်မိမယ်ရဲ့ ကကြိုးပါ။
အလင်းတန်းမိုးကနေဖန်တီးထားတဲ့ ဒီမိန်းမချောကတစ်ကြိမ်တစ်ခါတုန်းကတော့ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ပေါ်ထွက်လာခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကအတိုင်း အခုအချိန်မှာလဲ လူတိုင်ကသူမကိုမြင်ချိန်မှာမင်သက်အံ့ဩနေမိဆဲပါ။
ကျွီးကျင့်က အမြဲတမ်းသူမရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီ ယုံကြည်ချက်အပြည့်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ဒီအလင်းတန်းနတ်မိမယ်ကိုမြင်ချိန်မှာ သူမရဲ့ခေါင်းကိုငုံ့နေခဲ့ရပါပြီ။ သူမအနေနဲ့ အနည်းငယ်မယှဥ်သာဘူးလို့ တွေးထင်နေခဲ့မိပါတယ်။
ဟို့ယွိဟောင်က ဒီအမျိုးသမီးကိုတစ်လောကလုံးမှာအလှဆုံးလို့တွေးထင်ခဲ့တယ်။ သူမရဲ့ဆံပင်တွေက လေထဲမှာမဝှေ့၀ဲနေပါဘူး။ လှပတဲ့မျက်လုံးတွေကလဲ နူးညံ့တဲ့အလင်းတန်းကို သယ်ဆောင်လို့ထားပါတယ်။ နှင်းဖြူရောင်အသားအရေကတော့ အလင်းတန်းထဲမှာနစ်မြုပ်လို့နေခဲ့ပြီ တောက်ပတဲ့အတောင်ပံနဲ့အတူတူလိုက်ဖက်ညီနေခဲ့တယ်။
ကျောက်ယန်က ရွှေရောင်လမ်းဆီကနေ လွှတ်မြောက််ဖို့ရုန်းကန်နေရဆဲပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဆဲပါပဲ။ ဒါတောင်မှဒီအလင်းတန်းနတ်မိမယ်မြင်ချိန်မှာသူ့ကိုယ်တိုင်းလဲမလှုပ်ရှားနိုင်တော့တဲ့အထိဖြစ်သွားခဲ့ရတယ်။
အကယ်၍ ဟို့ယွိဟောင်သာ ကံကြမ္မာမျက်လုံးကိုအသုံးပြုပြီး စွမ်းရည်တွေအများကြီးကို မထုတ်လွှတ်ခဲ့ဘူးဆိုရင် သူ့ရဲ့အကောင်းဆုံးရွေးချယ်ခဲ့မှုက ကောင်းကင်ဧကရီရဲ့တူကိုထုတ်သုံးဖို့ပါပဲ။ ဒါပေမယ့် အခုလက်ရှိအချိန် အင်အားတွေကအတော်ကိုကုန်ဆုံးနေခဲ့တဲ့အတွက် သူလဲ နောက်ထပ်ပေါင်းစည်းစွမ်းရည်ကို မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့်သာ ၀မ်သုန့်ကိုလက်လွှဲလိုက်တာပါ။
အခုလက်ရှိအချိန်မှာတော့ ဒုတိယအကောင်းဆုံးဖြစ်တဲ့အလင်းတန်းနတ်မိမယ်က ထွက်ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်က ပိုလို့တောင်လန့်နေခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာ ၀မ်သုန့်ကအပြည့်အ၀ပေါင်းစည်းထားပေမဲ့ ပြောင်းလဲသွားမှုတွေကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။
ကျောက်ယန်ဆီမရောက်ခင်အချိန်မှာပဲ အလင်းတန်းနတ်မိမယ်က သူမရဲ့ခြေထောက်ကိုလှုပ်ရှားလိုက်ပါတယ်။ အခုအချိန်မှာ ကျောက်ယန်ရဲ့စိတ်ထဲမှာရှင်းလင်းနေခဲ့တာပါ။ ဒါကြောင့် သူစိတ်ထဲမှာသက်ပြင်းချလိုက်မိပါတယ်။ သူမကို သူအခုအချိန်မှာဦးညွတ်မတတ်ဖြစ်နေခဲ့တဲ့အတွက် သူ့ကိုယ်သူထိန်းချုပ်လို့နေခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ အသက်ရှင်သန်မှုအတွက် စိတ်ထဲမှာအားတင်ရင်း ရှိသမျှအရာအားလုံးကို ရင်ဆိုင်ဖို့စိတ်ကိုသူအသင့်ပြင်ထားခဲ့ပါတယ်။ ဒါကြောင့် ဒေါသတကြီးနဲ့အော်ဟစ်ဟိန်းဟောက်လိုက်ရင်း အလင်းတန်းနတ်မိမယ်ဆီကို လက်တွေဝှေ့ရမ်းကာပြေး၀င်လို့သွားခဲ့ပါပြီ။
အလင်းတန်းနတ်မိမယ်က ဒီအချိန်မှာရုတ်တရက်ပြောလာခဲ့ပါတယ်။
” ၀မ်းနည်းမှုတွေထဲမှာ ပိတ်မိနေပေမဲ့ အသက်ရှင်သန်ဖို့အတွက်တော့ စိတ်ဆန္ဒရှိသေးတာပဲ စိတ်သစ်လူသစ်နဲ့ဘ၀သစ်ကိုစတင်လိုက်ပါ ”
အလင်းတန်းနတ်မိမယ်က ပြောတဲ့နောက် လက်ညိုးကိုညွှန်ရင်းနဲ့ ရွှေ၀က်၀ံရဲ့ကြီးမားတဲ့လက်၀ါးတွေကို ထိတွေ့လိုက်ပါတော့တယ်။
တောင်ပေါ်မှာရှိသမျှ၀ိညာဥ်လက်နက်အတတ်ပညာရှင်နဲ့ စစ်သားတွေအားလုံးက တစ်ညီတစ်ညွှတ်ထဲအော်လိုက်ပါတော့တယ်။
” မလုပ်နဲ့ ”
ဘယ်သူကမှဒီပြီးပြည့်စုံတဲ့ အလင်းတန်းနတ်မိမယ်ပျောက်ကွယ်သွားမှာကိုမလိုလားကြပါဘူး။ ကျောက်ယန်ရဲ့လက်၀ါးကြီးတောင်မှ အနည်းငယ်နှေးကွေးလို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူအားအပြည့်နဲ့တော့ တိုက်ခိုက်လိုက်ဆဲပါ။ အကယ်၍ သူသာဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုမသတ်လိုက်ဘူးဆိုရင် သူသာသေရမဲ့သူဖြစ်သွားမှာပါ။
၀က်၀ံရဲ့လက်ဖ၀ါးကြီးနဲ့ နူးညံ့တဲ့လက်ဖ၀ါးတို့ထိတွေ့ချိန်မှာ အလင်းတန်းနတ်မိမယ်ရဲ့ လက်ညိုးကထူးဆန်းတဲ့အရောင်ဖြစ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရွှေရောင်ဖြစ်နေဆဲဖြစ်ပေမဲ့ ထိုးဖောက်မြင်နေခဲ့ရပါပြီ။ သူမရဲ့ညာဘက်လက်တစ်ဖက်က ရွှေရောင်အစိုင်အခဲတစ်ခုလိုမျိုး ရုတ်တရက်ခိုင်မာလို့သွားပါတော့တယ်။ ဒီမြင်ကွင်းက မြင်ရတာလှပပေမဲ့မွန်းကြပ်မှုကလဲအပြည့်ရှိနေခဲ့ပါတယ်။
ဒီလက်ညိုးလေးက ကြီးမားတဲ့၀က်၀ံလက်ကြီးကို ခုခံနိုင်ခဲ့ပါတယ်။
၀က်၀ံရဲ့လက်ကနေသွေးတွေစိမ့်ထွက်လာခဲ့ပါပြီ။ ကျောက်ယန်ကတော့ နာနာကျင်ကျင်အော်ဟစ်နေခဲ့ပါတယ်။ သူ့ရဲ့လက်ဖ၀ါးအလယ်မှာကတော့ လက်ညိုးရာကြောင့်အပေါက်ကြီးတစ်ပေါက်ကျန်ရှိလို့နေခဲ့တော့တယ်။
အလင်းတန်းနတ်မိမယ်ကသူမရဲ့ဘယ်ဘက်အတောင်ပံကို အသုံးပြုပြီး ၀က်၀ံရဲ့ခါးကိုရက်ရက်စက်စက်ခုတ်ချလိုက်ပါတယ်။ ဒီလိုအခုတ်ခံရပြီချိန်မှာတော့ ၀က်၀ံကနောက်ကိုခြေလှမ်းတွေဒယိမ်းဒယိုင်းနဲ့ ဆုတ်သွားခဲ့သလို သုံးပေကျော်နက်ရှိုင်းကြီးမားတဲ့ ဒဏ်ရာတစ်ခုကလဲသူ့ခါးမှာရှိနေခဲ့ပါပြီ။
နတ်မိမယ်ရဲ့ညာဘက်လက်က အရမ်းကိုသန်မာပါတယ်။ သူမရဲ့လက်က၀မ်သုန့်ရဲ့၀ိညာဥ်အရိုးကနေပေးတဲ့ ၀ိညာဥ်စွမ်းရည်ရှိနေခဲ့တာပါ။ ဒါ့အပြင် စွမ်းအားတွေအားလုံးကို တစ်နေရာထဲမှာစုစည်းထားတဲ့အတွက် ပိုကြောက်စရာကောင်းပါတယ်။ လက်ရှိအချိန်မှာအလင်းတန်းတွေရဲ့အားဖြည့်မှုနဲ့အတူ ဖျက်ဆီးနိုင်စွမ်းအပြည့်နဲ့ ၀မ်သုန့်ထုတ်သုံးလိုက်တဲ့ အသန်မာဆုံး၀ိညာဥ်စွမ်းရည်ပါပဲ။ ကျောက်ယန်က ဒီတိုက်ခိုက်မှုကိုခုခံဖို့ ကြိုးစားခဲ့တဲ့အတွက် သူဒီလိုအခက်တွေ့သွားရတာပါ။
အလင်းတန်းနတ်မိမယ်ရဲ့အတောင်ပံတွေက ကျောက်ယန်ရဲ့ခန္ဓာကိုယ်ဘေးကို ရိုက်ချလိုက်ချိန်မှာပဲ သူမရဲ့ခန္ဓာကိုယ်ကနေ နောက်ထပ်ရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့ပြီ သူမကို၀ါးမြိုဖို့လုပ်ပါတော့တယ်။ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။ ကျောက်ယန်ရဲ့လက်၀ါးကသွေးတွေအားလုံးအေးခဲလို့သွားခဲ့ပြီ မြေပြင်ပေါ်ကိုတစ်တောက်တောက်မြည်သံနဲ့ ပြုတ်ကျလာခဲ့ပါတယ်။ ကျောက်ယန်ရဲ့ခန္ဓာကိုယ်ကလဲ တောင့်တင်းလို့နေခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးကို မြူခိုတွေကအုပ်ဆိုင်သွားသလိုပါပဲ။
အဲ့ဒီနောက် အလင်းတန်းနတ်မိမယ်က ဘယ်ဘက်လက်ကိုဆန့်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ဘယ်ဘက်လက်ကမတူညီတဲ့ အလင်းတန်းနဲ့တောက်ပလို့နေခဲ့တယ်။ ရွှေရောင်မီးပွားလေးတွေက အဲ့ဒီလက်ဖ၀ါးပေါ်မှာအေးအေးဆေးဆေးနဲ့ လောင်မြိုက်နေခဲ့တာပါ။
ရွှေရောင်အလင်းမြူခိုတွေက ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားနဲ့ ဟို့ယွိဟောင်ရဲ့ရေခဲရုပ်ထုနယ်မြေတို့ပေါင်းစည်းထားတဲ့ရလဒ်ကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်ပါ။ အဆုံးစွန်းရေခဲနဲ့ အလင်းရဲ့စွမ်းအားနှစ်ခုကိုပေါင်းစည်းထားတာကြောင့် အဲ့ဒီလောက်အထိသန်မာနေခဲ့ပါတယ်။ သူ့မရဲ့ဘယ်လက်လက်ကတော့ ၀မ်သုန့်ရဲ့ရွှေအလင်းလက်မောင်းအရိုးနဲ့ ဟို့ယွိဟောင်ရဲ့ရေခဲဧကရီဆူးချွန်တို့ပေါင်းစည်းထားတာဖြစ်နေခဲ့တယ်။ လေထဲမှာလွှင့်မျောနေပုံရပေမဲ့ တကယ်တော့တိုးတက်လာတဲ့အလင်းတန်းနတ်မိမယ်ရဲ့ အသန်မာဆုံးတိုက်ခိုက်မှုထဲက တစ်ခုဖြစ်နေခဲ့တယ်။ ပြင်းထန်လွန်လှတဲ့နာကျင်မှုကြောင့် ၀က်၀ံကြီးရဲ့မျက်လုံးတွေက သွေးနီရောင်တောက်ပြီနီရဲနေခဲ့ပါပြီ။ ခန္ဓာကိုယ်ကလဲ ရွှေရောင်တောက်ပနေဆဲဖြစ်သလို ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းကလဲ ရုတ်တရက်လင်းလက်လို့လာပါတော့တယ်။ ကြီးမားတဲ့အလင်းတန်းအသွင်၀က်၀ံကြီးတစ်ကောင်က သူ့ရဲ့အနောက်ဖက်မှာပေါ်လာခဲ့ပါပြီ။ ဒီအလင်းတန်းပုံရိပ်ကြီးက ရုတ်တရက်ဆိုသလိုအရှေ့ကိုပြေးထွက်လို့လာခဲ့ပြီ သူ့ရဲ့ဘယ်ဘက်လက်မောင်းကလဲ နှစ်ဆကြီးမားလို့လာခဲ့ပါတယ်။ ဆံပင်တွေကလဲအနက်ရောင်ပြောင်းသွားခဲ့ပါပြီ။
ဒါကတော့ ကျောက်ယန်ရဲ့အသန်မာဆုံး၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ရွှေအိုရောင်အကြောက်တရားလက်ဖ၀ါးပါပဲ။ ဒီလက်ဖ၀ါးက သူတို့ရဲ့မူလမျိုးရိုးဖြစ်တဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံအမျိုးအစားကနေ ရရှိလာပြီအမွေဆက်ခံထားတဲ့ စွမ်းရည်တစ်ခုပါ။ ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်နဲ့ ပေါင်းစည်းအသုံးပြုလေ့ရှိသလို ဖျက်ဆီးနိုင်စွမ်းကလဲအမြင့်ဆုံးပါပဲ။
ရွှေရောင်မီးပွားတွေကတော့ တောက်ပနေဆဲဖြစ်ပါတယ်။ ကျောက်ယန်ရဲ့အငွေ့အသက်က နောက်တစ်ကြိမ်ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူမလက်ရှိအချိန်မှာ အသုံးပြုနေတဲ့ဧကရာဇ်နယ်မြေက သူမကိုသူမတူအောင်ထူးခြားသွားစေခဲ့ပါတယ်။ လောကကြီးတစ်ခုလုံးကို အပေါ်ဆီကနေ ကြည့်ရှု့နေတဲ့ဧကရီတစ်ပါးအတိုင်းကြီးကျယ်ခမ်းနားမှုတွေက အပြည့်ရှိနေခဲ့တယ်။ သူမတစ်ကိုယ်လုံးကဒီအချိန်မှာ ပုံရိပ်ယောင်လိုဝေ၀ါးသွားခဲ့ပါပြီ။ လက်ဖ၀ါးပေါ်မှာရှိနေခဲ့တဲ့ မီးပွားတွေကသာ မူလအချိန်ကအတိုင်းမျက်စိကျိန်လောက်အောင် တောက်တောက်ပပကျန်ရစ်နေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ ပြိုင်ပွဲကိုစောင့်ကြည့်နေကြတဲ့လူတိုင်းက စိတ်ထဲမှာဆုတောင်းနေမိတယ်။ သု့နှလုံးသားထဲကိုရောက်ရှိလာတဲ့ နတ်မိမယ်အောင်နိုင်ပါစေလို့ ဆုတောင်းနေခဲ့တာပါ။ ဘယ်သူကမှကျောက်ယန်အတွက် မတွေဝောာခဲ့ပါဘူး။
နှစ်ဖက်စလုံးတိုက်ခိုက်တော့မဲ့အချိန်မှာပဲ ကျောက်ယန်ရဲ့ဘယ်ဘက်လက်ကပေါက်ထွက်လို့သွားပါတော့တယ်။ ပြင်းထန်တဲ့နာကျင်မှုက ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့စွမ်းအားအောက်မှာဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့ဘယ်ဘက်လက်ကအဆုံးစွန်းရေခဲကြောင့်တိုက်ခိုက်ခံထားရပြီဖြစ်တဲ့အတွက် ဒဏ်ရာကပိုဆိုးလို့သွားပါတော့တယ်။
ဒီရေခဲရုပ်ထုနယ်မြေကိုခုခံဖို့အတွက် ကျောက်ယန်က သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို သုံးခဲ့ရပုံပါပဲ။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေက မူလအရှိန်နှုန်းထက် သုံးပုံနှစ်ပုံကိုလျော့ကျလို့သွားခဲ့ပါပြီ။ လှုပ်ရှားမှုတွေအားလုံးကလဲ နှေးကွေးလို့သွားပါတော့တယ်။ ညာဘက်လက်မှာရှိနေတဲ့ ဒဏ်ရာတွေကတော့ လက်မအနည်းငယ်အထိကို ပိုပြီးအေးခဲလို့လာခဲ့ပါတယ်။
ဒီလိုရေခဲနဲ့ ထိတွေ့ထားတဲ့အရာအားလုံးက ရေခဲပေါက်ကွဲမှုနည်းလမ်းနဲ့ထိန်းချုပ်ပြီအသုံးပြုနိုင်ပါတယ်။ ကျောက်ယန်ရဲ့၀ိညာဥ်စွမ်းအားနဲ့ ဒါကသွားပြီမနှောရောပေမဲ့ သူ့လက်ဖ၀ါးပေါက်ကွဲသွားချိန်မှာတော့ ကြောက်စရာနာကျင်မှုကတော့ ကြုံတွေ့ရစမြဲပါ။ ဒီရိုက်ခတ်မှုကလဲ အတော်ကိုကြီးမားခဲ့ပါတယ်။
အကြောက်တရားလက်ဖ၀ါးနဲ့ အလင်းတန်းနတ်မိမယ်တို့ရဲ့ဘယ်ဘက်လက်ဖ၀ါးတို့က ထိမိလို့သွားခဲ့ပါတယ်။ နတ်မိမယ်က ကြိုးပြတ်သွားတဲ့စွန်တစ်ခုလိုမျိုး အနောက်ဖက်ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ကလေထဲမှာရှိနေဆဲပါပဲ။ ဒါပေမယ့် ခန္ဓာကိုယ်မှာတောက်ပနေတဲ့အလင်းတန်းတွေကတော့ မှိန်ဖျော့လို့သွားခဲ့ပါတယ်။ သူဒီလိုလွှင့်ထွက်သွားချိန်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အဖြစ်ပြန်လည်ကွဲထွက်လို့သွားခဲ့ပါပြီ။ သူတို့နှစ်ယောက်လဲမြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ပါတယ်။ နှစ်ယောက်စလုံးက အရမ်းကိုသွေးတွေထွက်နေခဲ့တဲ့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာအသိအသာကြီးပါ။
၀မ်သုန့်ကိုသူ့ရှေ့မှာ ချက်ချင်းဆွဲလိုက်ရင်မြေပြင်ကို သူ့ကျောနဲ့အကျခံလိုက်ပါတယ်။ သူကတော့ မြေပြင်ကိုအရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်ပြီတဲ့နောက် ဆယ်မီတာလောက်အထိချော်ထွက်သွားပြီမှသာ ရပ်တန့်သွားတော့တယ်။ ပြင်းထန်တဲ့နာကျင်မှုကတော့ တစ်ကိုယ်လုံးကိုတိုက်စားလို့နေခဲ့ပါပြီ။ ဒါကြောင့် သူချက်ချင်းသတိလစ်လို့သွားခဲ့ပါတယ်။
၀က်၀ံကြီးကတော့ သူရပ်နေတဲ့နေရာမှာရှိနေဆဲပါပဲ။ လက်ဖ၀ါးထဲမှာမီးပွားတွေက ဖြည်းဖြည်းတောက်လောင်လို့နေခဲ့ပြီ ကျန်ရစ်တဲ့ခန္ဓာကိုယ်အထိကို တိုး၀င်လို့လာခဲ့ပါတယ်။
တစ်ကိုယ်လုံးရွှေရောင်မီးပွားတွေနဲ့ ဖုံးလွှမ်းခံလိုက်ချိန်မှာတော့ တောက်ပတဲ့ရွှေရောင်နေမင်းကြီးတစ်စင်းက တောင်ထိပ်မှာထွက်ပေါ်လာခဲ့ပါတယ်။ ဒီရွှေရောင်နေမင်းကြီးက အရမ်းကိုတောက်ပလွန်လို့ လူတိုင်လဲမျက်လုံးမှိတ်လိုက်မိကြပါတယ်။ ဘယ်သူမှလဲ ဘာတွေဆက်ဖြစ်နေလဲဆိုတာမတွေးတတ်တော့ပါဘူး။
ရွှေရောင်အလင်းတန်းတွေ မှိန်ဖျော့သွားချိန်မှာတော့ အားလုံးကပုံမှန်ပြန်ဖြစ်လာခဲ့ပါပြီ။ ၀က်၀ံကြီးလဲပျောက်သွားတာကို သူတို့သတိထားမိလိုက်ပါတယ်။ အဲ့ဒီနေရာမှာပြာတချို့သာကျန်ရစ်ပါတော့တယ်။ အဆုံးစွန်းရေခဲ တောက်ပမီးလျှံ အလင်းတန်းမိုးနဲ့ ဧကရာဇ်တို့ရဲ့နယ်မြေပေါင်းစည်းမှုကို တကယ်ကိုအံ့မခန်းအောငရလဒ်ရစေပါတယ်။ အားလုံးက အဆုံးသတ်သွားပါပြီ ကျောက်ယန်ရဲ့သေဆုံးမှုက ပုန်ကန်သူတွေရဲ့တပ်ဖွဲ့ရှုံးနှိမ့်သွားပြီဆိုတဲ့ သင်္ကေတပါပဲ။ နေလနိုင်ငံတော်ရဲ့တပ်ဖွဲ့က ကျန်ရှိတဲ့ရန်သူစစ်သားတွေအားလုံးကို သတ်ဖြတ်ပါတော့တယ်။ အညံ့ခံတယ်ဆိုတာက ရွေးချယ်စရာတော့မဟုတ်ခဲ့ပါဘူး။ အားလုံးကအသတ်ခံရတော့မှာပါ။
သူတို့တွေက လက်ရှိအချိန်မှာအလင်းတန်းနတ်မိမယ်ရဲ့အားဖြည့်ပေးမှုကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နိုင်ငံတော်ရဲ့စစ်သားတွေကပိုပြီးတော့ ကြောက်စရာကောင်းနေခဲ့တယ်။
သူတို့ရဲ့ခေါင်းဆောင်ကတော့ သူတို့ကိုအကြမ်းဖျင်းသာပြောပြခဲ့ပါတယ်။
အိမ်ရှေ့စံမင်းသားရဲ့ ဇနီးသည်က သူတို့သွားရမဲ့တောင်ထိပ်မှာပိတ်မိနေတာပါ။ ဒါကြောင့် သူမကိုကယ်တင်ဖို့လိုပါလိမ့်မယ်။ အစောပိုင်းတုန်းက တိုက်ပွဲမြင်ကွင်းကိုလဲ သူတို့မြင်ခဲ့ပြီဖြစ်သလို နောက်ဆုံးမှာဘယ်သူအနိုင်ရသွားလဲဆိုတာကိုလဲ ခန့်မှန်းနိုင်ခဲ့ပါပြီ။
လူတိုင်က ကျွီးကျင့်ကိုဘယ်သူမှန်းတော့မသိခဲ့ပါဘူး။ သူတို့အထင်မှာတော့ ဒီအလင်းတန်းနတ်မိမယ်က အိမ်ရှေ့စံမင်းသားရဲ့ဇနီးသည်လို့တွေးလိုက်မိကြတာပါ။ အိမ်ရှေ့စံမင်းသားရဲ့ဇနီးသည်လို့တွေးရတဲ့ကိစ္စက အားလုံးကိုစိတ်အားထက်သန်လာစေပါတယ်။ ဟို့ယွိဟောင်တောင်မှ စစ်သားတွေဒီလောက်အထိ စိတ်အားတက်ကြွနေမယ်လို့မတွေးထင်ထားခဲ့ပါဘူး။ အလင်းတန်းနတ်မိမယ်ရဲ့အလင်းတန်းက လူတိုင်ရဲ့နှလုံးသားကိုဆွဲဆောင်လိုက်ပါတယ်။
” ယွိဟောင် ယွိဟောင် နင်အဆင်ပြေရဲ့လား ”
၀မ်သုန့်ရဲ့ဒဏ်ရာကလဲ ပြင်းထန်ပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်ကဟို့ယွိဟောင်ထက်မြင့်မားပါတယ်။ ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေထုတ်သုံးရုံတင်မက ၀ိညာဥ်စွမ်းအားအကုန်လုံးကိုပါထုတ်သုံးလိုက်တဲ့အတွက် ဒီလိုအခြေအနေရောက်သွားခဲ့တာပါ။ ဒါ့အပြင် တိုက်ခိုက်မှုတော်တော်များများကိုလဲ သူသာခံယူခဲ့တဲ့အတွက် ၀မ်သုန့်ကအရမ်းကြီးပြင်းပြင်းထန်ထန်ဒဏ်ရာရလို့မသွားခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့နှာခေါင်းကနေသွေးတွေစီးကျလို့နေခဲ့ပြီ မျက်နှာတစ်ခုလုံးကလဲ ဖြူဖျော့ကာအသက်ရှုသံတွေကလဲ အားနည်းလို့နေခဲ့ပါတယ်။
အပိုင်း ၁၉၁•၂ ပြီး၏။