Switch Mode

Chapter – 191.1

အလင်းတန်းနတ်မိမယ်

အပိုင်း ၁၉၁•၁

” အလင်းတန်းနတ်မိမယ် ”
°°°
တခြားအဖွဲ့လေးဖွဲ့ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက စစ်ကူအဖြစ်ရောက်ရှိလာခဲ့ပါပြီ။ သူတို့တွေက ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေကိုအသုံးပြုရင်း အလိုအလောက်အသက်၀င်တဲ့၀ိညာဥ်ဗုံးတွေကို ပြစ်ချနေခဲ့ပါတယ်။ ပုန်ကန်သူတွေရဲ့အုပ်စုကို ဆက်တိုက်ဆိုသလိုအပေါ်ကနေတိုက်ခိုက်နေရင်း တောင်ပေါ်ကိုဖိအားနဲ့ကူညီပေးလို့နေခဲ့တယ်။

သူမှာလွှတ်မြောက်နိုင်ဖို့ အခွင့်အရေးပိုပိုနည်းလာတာကို ကျောက်ယန်လဲသိနေခဲ့ပါပြီ။ အခုလက်ရှိအချိန်မှာ သူ့ကိုယ်သူအားကိုးရုံကလွဲပြီ ထပ်မံအဖြေမရှိတော့ပါဘူး။ ကျွီးကျင့်ကို အခုဖမ်းဖို့လိုပါတယ်။ မဟုတ်ရင် အိမ်ရှေ့စံမင်းသားက သူ့ကိုဘယ်တော့မှအလွှတ်မပေးတော့မှာသေချာနေခဲ့ပါပြီ။ အချိန်က သူ့ကိုမစောင့်တော့ပါဘူး။

ရင်ဘတ်နှစ်ဖက်ကိုထုလိုက်ပြီတဲ့နောက် ဒေါသတကြီးနဲ့ဟိန်းဟောက်ပြီ ဟိန်းဟောက်အသံတွေကို ထုတ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့ငါးခုမြောက်၀ိညာဥ်စက်ကွင်းကလဲ စတင်ပြီတောက်ပလာခဲ့ပါပြီ။

တောင်ထိပ်မှာရှိနေတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သူတို့ရဲ့တခြားပစ်မှတ်တွေကို ဟို့ယွိဟောင်ကြောင့် လက်ရှိအချိန်မှာ တိုက်ခိုက်စရာမလိုတော့ပါဘူး။ ဒါကြောင့် အားလုံးကကျောက်ယန်ကိုသာ စုပြုံပြီတိုက်ခိုက်နေခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ဒီဟိန်းဟောက်သံက ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ကျွီးကျင့်ကလွဲပြီ တခြားသူတွေအားလုံးကိုမြေပြင်ပေါ်လှဲကျသွားစေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ ကျန်ရှိနေသူနှစ်ယောက်တောင်မှ အခုအချိန်မှာခေါင်းတွေမူးဝေသွားခဲ့ပါတယ်။ ဒီအသံလှိုင်းကြီးက သူတို့ရဲ့နားဆီတွေအတွင်းထဲအထိကို ၀င်ရောက်ပြီတိုက်ခိုက်တာပါ။ ဒီလိုအသံအမျိုးအစား၀ိညာဥ်စွမ်းရည်ကို ဟို့ယွိဟောင်ကြုံဖူးတာ ပထမဆုံးအကြိမ်ပါပဲ။ ဒါကြောင့် အခုလက်ရှိအချိန်မှာ အနည်းငယ်လေးသတိလစ်သွားခဲ့ရပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုအသုံးပြုနေတဲ့အချိန်မှာ ကျောက်ယန်ရဲ့၀ိညာဥ်စွမ်းအားက သူ့ခေါင်းဆီထိုးတက်လာတာကို ခံစားမိလိုက်တော့တယ်။

ကျောက်ယန်ကတော့ အခွင့်အရေးကိုအမိအရယူလိုက်ပါပြီ။ သူက ကျွီးကျင့်ဆီကိုတိုက်ရိုက်မသွားခဲ့ပါဘူး။ ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ်လာခဲ့ပါတယ်။ စစ်မြေပြင်မှာထိန်းချုပ်ရေးအမျိူးအစား၀ိညာဥ်ပညာရှင်က ဘယ်လောက်အထိကြောက်စရာကောင်းမှန်းသူကောင်းကောင်းကြီးကိုသိနေခဲ့တယ်။ အကယ်၍ သူသာကျွီးကျင့်ကိုဖမ်းချင်တယ်ဆိုရင် သေချာပေါက် ဟို့ယွိဟောင်ကိုအရင်ဆုံးဖြေရှင်းဖို့လိုပါလိမ့်မယ်။ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်တစ်ယောက်ဖြစ်တဲ့သူက ဟို့ယွိဟောင်မှာ သူ့ရဲ့တကယ်၀ိညာဥ်စက်ကွင်းအစစ်အမှန်ကိုဖုံးကွယ်ထားနိုင်မဲ့အစွမ်းအစရှိမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။ ဒါတွေက အရေးမကြီးပါဘူး။ ​အ​ရေးကြီးဆုံးကတော့ ဟို့ယွိဟောင်က သူ့ထက်ပိုပြီးသန်မာတာမဖြစ်ဖို့ပါပဲ။ ဒီကလေးကအတော်ငယ်ပါသေးတယ်။ ဒါ့အပြင် အခုအချိန်မှာ သူလဲလွှတ်လမ်းလဲမရှိတော့ပါဘူး။

ဟို့ယွိဟောင်နဲ့ သူက တဖြည်းဖြည်းပိုမိုနီးကပ်လာခဲ့သလို ကြီးမားတဲ့လက်ကြီးတွေကိုဆန့်ထုတ်ရင်း အဲ့ဒီလူငယ်လေးကို ရိုက်ချလိုက်ပါပြီ။ လေပူတွေက ကျောက်တုံးတွေကိုဖြတ်ကျော်ရင် ထွက်ပေါ်လာခဲ့ပါတယ်။ သူက အရမ်းကိုအားအများကြီးသုံးထားခဲ့တဲ့အတွက် တောင်ပေါ်မှာတောင်ကြီးမားတဲ့ခြေရာနက်နက်နှစ်ခုက ထင်ကျန်လို့နေခဲ့ပါပြီ။

ဒါပေမယ့် မကြာခင်မှာပဲ သူ့မျက်စိရှေ့မှာရွှေရောင်တောက်နေတဲ့ မျက်လုံးတစ်စုံကိုမြင်လိုက်ရပါတော့တယ်။ ဒီရွှေရောင်က ကြောက်စရာကောင်းလွန်လှတဲ့အရှိန်နှုန်းနဲ့ ခရမ်းပြာရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတယ်။

ကျောက်ယန်က အာရုံခံနိုင်စွမ်းမြင့်မားတဲ့၀ိညာဥ်သူတော်စင်တစ်ယောက်ဖြစ်သလို သူ့ရဲ့အစွမ်းအစကလဲကြီးမားပါတယ်။ ဟို့ယွိဟောင်ရဲ့တည်ငြိမ်ပြီ ရေခဲတမျှအေးစက်နေတဲ့မျက်လုံးတွေကို မြင်လိုက်ချိန်မှာတော့ သူ့ရဲ့အစောပိုင်းအော်ဟစ်သံက အချိန်အကြာကြီးသက်ရောက်မှုမရှိဘူးဆိုတာကို သူနားလည်လို့သွားခဲ့တယ်။ ဒါ့အပြင် သူ့လဲ အန္တရာယ်ကျရောက်လာတာကို ခံစားမိလိုက်ပါတယ်။ ချက်ချင်းဆိုသလိုမတွေဝေတော့ပဲ သူ့ရဲ့အသန်မာဆုံး၀ိညာဥ်စွမ်းရည်ကိုထုတ်သုံးရပါပြီ။

အနက်ရောင်တောက်ပနေတဲ့ ခုနှစ်ခုမြောက်၀ိညာဥ်စက်ကွင်းက ရုတ်တရက်ဆိုသလို တောက်ပလို့လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးကနေ စိတ်၀ိညာဥ်ထိတ်လန့်မှုကိုထုတ်လွှတ်ချိန်မှာ ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ ပူးပေါင်းသွားတဲ့အချိန်မှာပဲ ကျောက်ယန်ရဲ့ အရွယ်အစားကလဲ နောက်တစ်ကြိမ်ထပ်ပြီကြီးမားလာခဲ့ပြန်ပါတယ်။ သူက လက်ရှိအချိန်မှာ ငါးမိီတာနီးပါးကိုရောက်ရှိလို့နေခဲ့ပါပြီ။ ဒါ့အပြင် တစ်ကိုယ်လုံးကလဲ ရွှေအိုရောင်အမွှေးတွေအပြည့်နဲ့ ဖုံးလွှမ်းခံထားရပါတယ်။ မျက်နှာကသာ လူသားအဆန်းဆုံးနေရာရာအဖြစ် ကျန်ရှိနေတာပါ။ ကျန်ရစ်တဲ့အရာတွေအားလုံးကတော့ ကြီးမားတဲ့၀က်၀ံကြီးတစ်ကောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။

ဒါက၀ိညာဥ်ပညာရှင်တစ်ယောက်ခုနှစ်ခုမြောက်၀ိညာဥ်စက်ကွင်းကို ရရှိပြီချိန်မှာ​ဖြစ်လာတဲ့ အပြောင်းအလဲပါပဲ။ ဒါကအလယ်ပိုင်းအဆင့်၀ိညာဥ်ပညာရှင်နဲ့ အဆင့်မြင့်ပိုင်း၀ိညာဥ်ပညာရှင်တို့ကြားက ပိုင်ခြားထားတဲ့အစိတ်အပိုင်းဖြစ်တဲ့ သိုင်းပညာ၀ိညာဥ်ရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ပါ။

၀ိညာဥ်ပညာရှင်တစ်ယောက်က ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအဆင့်ကိုရောက်ရှိချိန်မှာ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတယ်။ ဘယ်လို၀ိညာဥ်စက်ကွင်းသက်တမ်းကိုပဲ ပိုင်ဆိုင်ထားပါစေ ​အပြောင်းအလဲကတော့ရှိစမြဲပါပဲ။ သူတို့တွေရဲ့သိုင်းပညာ၀ိညာဥ်တွေက ခန္ဓာကိုယ်နဲ့အမှန်တကယ်ပေါင်းစည်းသွားပြီတဲ့နောက် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို ထုတ်လွှတ်နိုင်ပါတယ်။

ဒါကိုသာအသုံးပြုလိုက်ပြီဆိုရင် တစ်ကိုယ်လုံးက သိုင်းပညာ၀ိညာဥ်ရဲ့အသွင်တစ်ခုကိုပြောင်းလဲသွားမှာပါ။ ၀ိညာဥ်စွမ်းအားတွေကလဲ များကြီးထိုးတက်လာပါလိမ့်မယ်။ သူတို့မူလပိုင်ဆိုင်ထားတဲ့၀ိညာဥ်စွမ်းရည်ရဲ့အင်အားအားလုံးက နှစ်ဆဖြစ်သွားမှာဖြစ်သလို ဒီအဆင့်ကိုရောက်ပြီချိန်မှာ သူတို့ကိုတိုက်ခိုက်ရတဲ့ဘယ်သူမဆို ထူးခြားတဲ့၀ိညာဥ်လက်နက်မရှိသရွေ့အနိုင်ရဖို့ခက်ခဲကြမှာပါ။

ကျောက်ယန်ရဲ့သိုင်းပညာ၀ိညာဥ်က လက်ရှိအချိန်မှာ စိတ်၀ိညာဥ်ထိတ်လန့်မှုရဲ့ အစွမ်းအစတစ်၀က်နီးပါးကိုခံနိုင်ရည်ရှိနေခဲ့ပါတယ်။ သူက ခေါင်းတစ်ချက်နောက်လှန်သွားရုံသာခံစားလိုက်ရပြီ တခဏတာစိတ်ရှုပ်သွားပြီတဲ့နောက် ချက်ချင်းသတိပြန်၀င်လာခဲ့ပါတယ်။ ခန္ဓာကိုယ်ရော စိတ်၀ိညာဥ်အင်အားရောအားလုံးက အများကြီးကိုတိုးမြင့်လာခဲ့ပြီးပါပြီ။

ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် သူ့ရဲ့လက်၀ါးရိုက်ချက်ကတော့ ဘာကိုမှမထိမိပဲ ဖြစ်ခဲ့ပါတယ်။ ဟို့ယွိဟောင်က သူတစ်ယောက်ထဲတင်တိုက်ခိုက်နေတာမဟုတ်ပါဘူး။ တလက်လက်တောက်ပနေတဲ့ အတောင်ပံတစ်စုံက သူ့နောက်ဖက်မှာပေါ်ထွက်လာခဲ့ရင်း သူ့ကိုနောက်ဖက်ဆီဆွဲခေါ်လို့သွားခဲ့ပါတယ်။ တခဏတာအတွင်းမှာ နောက်ဖက်ငါးမီတာအထိကို နေရာပြောင်းသွားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့အကြည့်က အခုအချိန်အထိ အေးဆေးပြီတည်ငြိမ်နေဆဲပါပဲ။ ဒါကပထမဆုံးအကြိမ်အနေနဲ့ ၀ိညာဥ်သူတော်စင်တစ်ယောက်ကိုသူတိုက်ခိုက်တာပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်သုံးထားတဲ့သူလဲဖြစ်နေခဲ့ပါသေးတယ်။ ဒီလိုမျိုးအ​ရေးကြီးအခြေအနေမျိုးမှာတောင် သူက စိုးရိမ်ပူပန်မှုအလင်းမရှိပဲ စိတ်လှုပ်ရှားလို့နေခဲ့ပါတယ်။

အခုအချိန်ကာလတွေတစ်လျှောက်လုံးမှာ သူမနားမနေလေ့ကျင့်တာက သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို အဆုံးစွန်းအထိစိန်ခေါ်ဖို့နဲ့ ပိုပြီးသာမန်တဲ့သူတွေကိုတိုက်ခိုက်ဖို့ပါပဲ။

အကယ်၍ သူတစ်ယောက်ထဲသာဆိုရင်ပေါ့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ကို ဘယ်တော့မှအနိုင်ယူဖို့မလွယ်ပါဘူး။ အမြွှာသိုင်းပညာတွေဘယ်လောက်ပဲသန်မာပါစေ ၀ိညာဥ်လက်နက်တွေ ဘယ်လောက်ပဲသန်မာပါစေ ယုံကြည်ချက်မရှိတာအမှန်ပါ။ ဒါပေမယ့် အခုတော့ သူ့မှာ၀မ်သုန့်ရှိနေခဲ့ပါပြီ။

” လမ်းရှင်းထားကြ ကျွီးကျင့် အနောက်မှာပြန်နေ ”

သူပြောပြီတဲ့နောက် သူ့မျက်လုံးကနေတောက်ပတဲ့ရွှေရောင်အလင်းတန်းတွေကို စတင်ထုတ်လွှတ်ပါတော့တယ်။ သူ့ခါးမှာလဲ လက်တစ်စုံကတင်းတင်းကြပ်ကြပ်ရောက်ရှိလာခဲ့ပြီ ပွေ့ဖက်လို့ထားခဲ့ပါပြီ။

နောက်ထပ်လန့်စရာမြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ အပြာရောင်နဲ့ရွှေရောင်ရောထားတဲ့အတောင်ပံက သူ့ရဲ့အရှေ့မှာ ခေါက်သွားခဲ့ပြီ ဟို့ယွိဟောင်ထုတ်လွှတ်နေတဲ့ရွှေရောင်အလင်းတန်းတွေက ပိုမိုတောက်ပလို့လာပါတော့တယ်။

ရွှေရောင်လမ်းကလက်ရှိအချိန်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ အပြာရောင်ရွှေရောင်နဲ့ ခရမ်းရောင်သုံးရောင်ပေါင်းစည်းနေတဲ့ အလင်းတန်းက ပြိုင်ဘက်ကင်းပြီရှားပါးထူးခြားတဲ့အလင်းတန်းတစ်ခုအသွင်ကိုပြောင်းလဲရင်း ကျောက်ယန်ဖြတ်သန်းသွားတဲ့လမ်းတစ်လျှောက်ဆီရောက်သွားခဲ့ပါတယ်။ ၀ိညာဥ်သူတော်စင်တစ်ယောက်တောင်မှ ဒီတိုက်ခိုက်မှုကို မခုန်ရှောင်နိုင်ပါဘူး။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုပြီး အစောကထဲက နေရာကြိုချိန်ထားလို့ပါ။

ရွှေရောင်လမ်းရဲ့ကြောက်စရာကောင်းတဲ့အချက်ကတော့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းမဟုတ်ပဲ သူ့ရဲ့၀ိညာဥ်စွမ်းအားအားလုံးကို ချိတ်ပိတ်နိုင်စွမ်းဖြစ်နေတာပါ။ မင်းက သိုင်းပညာ၀ိညာဥ်ရဲ့စစ်မှန်ခန္ဓာကိုယ်ကိုသုံးနေတာမဟုတ်လား ဒါဆိုရင် ငါမင်းကိုချိတ်ပိတ်ပြစ်မယ်။ ၀ိညာဥ်သူတော်စင်တစ်ယောက်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်မရှိဘူးဆိုရင် အများကြီးအားနည်းသွားမှာပါ။

ကျောက်ယန်ရဲ့တောက်ပတဲ့ရွှေရောင်ခန္ဓာကိုယ်ကြီးက ရွှေရောင်လမ်းအထဲကိုရောက်ရှိလို့သွားပါတော့တယ်။ တစ်ကိုယ်လုံးမီးနဲ့အမြိုက်ခံနေရသလို ပူပြင်းလာတာကိုသာ သူခံစားမိလိုက်တယ်။

ဟို့ယွိဟောင်နဲ့၀မ်သုန့်နှစ်ယောက် ကျန်းကျင့်ယန်နဲ့ ကျွီကျွယ်ချန်တို့နှစ်ယောက်နဲ့တိုက်ခိုက်တဲ့အချိန်မှာ ရွှေရောင်လမ်းကိုအပြည့်အ၀ထုတ်မသုံးခဲ့ပါဘူး။ နောက်ဆုံးတော့လဲ သူတို့ကဒီအတိုင်းလက်ရည်ယှဥ်နေကြရုံပါပဲ။ အခုလက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့အင်အားအပြည့်ထည့်ထားတဲ့ ရွှေရောင်လမ်းကိုပထမဆုံးအစမ်းသပ်ခံသူက ကျောက်ယန်ဖြစ်သွားခဲ့ပါတယ်။

လန့်စရာကောင်းတဲ့မြင်ကွင်းက တကယ်ထွက်ပေါ်လာခဲ့ပါပြီ။ ကျောက်ယန်ရဲ့အရှိန်နှုန်းက သိသိသာသာကိုနှေးကွေးလို့သွားခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးမှာရှိနေခဲ့တဲ့ ရွှေရောင်အမွှေးအမျှင်တွေကလဲ လန့်စရာအရှိန်နှုန်းနဲ့အရည်ပျော်နေခဲ့သလို ရွှေရောင်အလင်းတန်းက ပိုမိုတောက်ပနေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုသွင်းနေရပါတယ်။ ဆက်တိုက်တိုက်ပွဲတွေပြီတဲ့နောက် သူ့ရဲ့အင်အားကလဲ အတော်ကြီးကိုကုန်နေခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ အနားယူဖို့အတွေးမရှိပါဘူး။ အကယ်၍ ကျောက်ယန်သာသူ့ရဲ့အင်အားကိုအပြည့်အ၀ထုတ်သုံးလိုက်မယ်ဆိုရင်တောင်ပေါ်မှာရှိသမျှလာလူတိုင်သေနိုင်လောက်ပါတယ်။

” ၀မ်သုန့် အခုတော့မင်းအပေါ်ပဲမူတည်နေပြီ ”

” ကောင်းပြီ ”

ရွှေရောင်လမ်းကိုထုတ်ပြီတဲ့နောက် သူတို့နှစ်ယောက်နေရာကိုပြောင်းလိုက်ပါတော့တယ်။ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ညာလက်ကိုဆွဲထားခဲ့ပြီ ၀မ်သုန်ကတော့သူ့ကိုနောက်တွန်းပို့လိုက်ပါတယ်။ ညာဘက်လက်ကိုမြောက်ပြီ ၀မ်သုန့်ရဲ့လှုပ်ရှားမှုတွေကိုလမ်းညွှန်လို့နေခဲ့တယ်။ ၀မ်သုန့်က သူ့ရဲ့ခြေဖျားကိုမြေပြင်ပေါ်မှာထောက်ရင်း နောက်ခြေထောက်ကိုခန္ဓာကိုယ်နဲ့ တစ်ရာရှစ်ဆယ်ဒီဂရီတန်းတန်းမတ်မတ်ဖြစ်သွားတဲ့အထိ မိုးပေါ်ကိုထောင်လိုက်ပါတော့တယ်။ ဒါကသူ့ရဲ့ပုံသေကားချပ်အသုံးပြုနေကြကကွက်တစ်ခုပါ။

၀မ်သုန့်က ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့အရှေ့တည့်တည့်ဆီရောက်သွားပြီတဲ့နောက် သူတို့ခန္ဓာကိုယ်ဆီကနေ တောက်ပတဲ့အလင်းတန်းတွေက မရေမတွက်နိုင်အောင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအလင်းတန်းတွေက မျက်စိကျိန်းလွန်လို့ ဘယ်သူမှတောင်တန်းတန်းမတ်မတ်မစိုက်ကြည့်နိုင်ပါဘူး။ အချိန်တွေကလဲ ဒီအခိုက်အတန့်မှာရပ်တန့်သွားသလိုပါပဲ။ အပြာရောင်နဲ့ရွှေရောင်ရောထားခဲ့တဲ့ အတောင်ပံတွေကနောက်တစ်ကြိမ်ပြန့်ထွက်လို့လာခဲ့ပါပြီ။ သူတို့တွေက မူလအရွယ်အစားထက်ကို နှစ်ဆတိတိပိုပြီးကြီးမားလာခဲ့ပြန်ပါတယ်။

တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က မူလအနေအထားမှာအရှေ့တောင်ပံနဲ့ အနောက်တောင်ပံမှာသာရှိနေခဲ့တာပါ။ အခုတော့မြစိမ်းရောင်တောက်နေခဲ့တဲ့ အလယ်တောင်ပံတစ်စုံလဲ ထွက်ပေါ်လာခဲ့ပါပြီ။ ချောမွေ့ပြီတောက်ပနေတဲ့အပြင်ကြည်လင်ပြီထိုးဖောက်လို့လဲ မြင်နေရပါသေးတယ်။

အားကောင်းလွန်လှတဲ့အသက်စွမ်းအင်ရဲ့ အရှိန်အ၀ါတွေအပြင်ကိုထွက်လာသလို ရေနဲ့အလင်းရဲ့ပေါင်းစည်းမှုကြောင့် အားကောင်းလွန်လှတဲ့အသက်စွမ်းအားတွေက လိုက်ဖက်ညီနေခဲ့တယ်။ တလက်လက်တောက်ပနေတဲ့ အလင်းတန်းတွေကတော့ အပြည့်အ၀ပွင့်သွားခဲ့ပါပြီ။ သုံးရောင်ခြယ်အလင်းတန်းကလဲ တခြားအရောင်တွေနဲ့အတူလှည့်ပတ်လို့နေခဲ့ပါတယ်။ အတောင်ပံတွေပေါ်မှာမရေမတွက်နိုင်တဲ့ ရေစက်ရေပေါက်ကလေးတွေက စုစည်းနေခဲ့သလို တောက်ပလို့နေခဲ့ပါပြီ။ အဲ့ဒီနောက် မြူခိုပုံသဏ္ဍာန်အငွေ့အသက်တွေက အသွင်သဏ္ဍာန်တစ်ခုရဲ့ခြေထောက်ကနေ စတင်ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ကျက်သရေရှိလွန်လှပြီ တုနှိုင်းမဲ့ကင်းအောင်လှပတဲ့သူက ဒီအလင်းတန်းတွေကြားမှာ ပေါ်ထွက်လာခဲ့ပါတယ်။

မြူခိုတွေနဲ့အတူ သူမရဲ့ပတ်၀န်းကျင်က ရေခဲနဲ့နှင်းတွေအပြည့်လောကကြီးအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီအေးစက်လွန်လှတဲ့ရေခဲတွေက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ခန္ဓာကိုယ်ပေါင်းစည်းမှု​ရဲ့ရလဒ်ပါပဲ။ သုံးရောင်ခြယ်အလင်းတန်းထဲမှာ ပိန်ပါးပြီသေးသွယ်တဲ့ခန္ဓာကိုယ်တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ အရွယ်အပြည့်အ၀မရောက်သေးတဲ့ မိန်းမချောတစ်ယောက်ပါပဲ။ သူက တစ်ရာရှစ်ဆယ်စင်တီမီတာကျော်ကျော်လောက် အရပ်ရှည်လျားသလို ပိန်ပါးတဲ့ခန္ဓာကိုယ်ကအရမ်းကိုညှိ့ငင်နိုင်စွမ်းအပြည့်နဲ့ တောက်ပလို့နေခဲ့တယ်။ ခြေဖျားအထိရှည်လျားတဲ့ပန်းနုရောင်နဲ့အပြာရောင်ဆံပင်တွေကိုပိုင်ဆိုင်လို့ထားခဲ့ပြီ မျက်လုံးတွေကတော့ ရွှေရောင်တောက်နေခဲ့ပါတယ်။ ခြောက်ပြစ်ကင်းပြီသဲလဲစင်တယ်ဆိုတဲ့ပြီးပြည့်စုံတဲ့စကားကတောင် သူ့ကိုဖော်ပြလို့မလုံလောက်ခဲ့ပါဘူး။ ညှိုယူဖမ်းနိုင်စွမ်းအပြည့်နဲ့ အလှတရားကရှိသမျှအမျိုးသမီးတွေအားလုံးကို မှေးမှိန်သွားစေခဲ့ပါတယ်။

အလင်းအစက်အပျောက်တစ်ခုချင်ဆီတိုင်းက သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပိုမိုပြည့်စုံစေပြီ သူ့ကိုမြင်ရတဲ့အခိုက်အတန့်မှာဒီလောက်အထိစိတ်လွှတ်သွားတယ်ဆိုတာကို စကားနဲ့ပြောပြဖို့ဆိုတာတောင်ခက်စေပါတယ်။ ဒါပေမယ့် အားလုံးရဲ့အာရုံစိုက်မှုက သူမပေါ်ထွက်လာတာနဲ့ သူမဆီကိုရောက်ရှိသွားခဲ့ပါပြီ။ သူမက မကြာခင်အချိန်အတွင်းမှာပဲ လှုပ်ရှားခဲ့ပါတယ်။ ခန္ဓာကိုယ်ကလေထဲမှာ လွှင့်မျောလို့လာခဲ့ပြီ သုံးရောင်ခြယ်အတောင်ပံတွေကို လေနဲ့အတူဝှေ့၀ဲလို့နေခဲ့ပါတယ်။

ထူးထပ်တဲ့မြူခိုတွေက ခြေထောက်အောက်ခြေကနေ အပြင်ကိုပြန့်ထွက်လာခဲ့ပြီ သူမရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ လှည့်ပတ်လို့လှုပ်ရှားနေခဲ့တယ်။ ကောင်းကင်ကနေလဲ နေရောင်အလင်းတန်းတစ်ခုက တန်းတန်းမတ်မတ်သူမဆီကျရောက်လာခဲ့ပြီ အလင်းတွေဖြာပေးနေခဲ့ပါတယ်။ ဒါကတော့ အလင်းတန်းရဲ့နတ်မိမယ်တစ်ပါးမွေးဖွားလာမှုကို ရွှေရောင်အလင်းတန်းက ခစားနေသလိုပါပဲ။ သူမက လေထဲမှာကခုန်နေခဲ့ပြီ သူမလှမ်းလိုက်တဲ့ခြေလှမ်းတစ်လှမ်းဆီတိုင်းက နူးညံ့ညင်သာလို့နေခဲ့ပါတယ်။ ဒီလိုညှို့ယူဖမ်းစားနိုင်စွမ်းအပြည့်နဲ့ ရုပ်သွင်ကတောက်ပမှုတွေ မျှော်လင့်ချက်တွေကလဲ လင်းလက်လို့နေခဲ့တယ်။ အတောင်ပံတွေကလဲ ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုဖြစ်နေခဲ့တာပါ။ နွေးထွေးမှုနဲ့အတူအလင်းတန်းထဲမှာ သူမက ဆက်တိုက်ကခုန်လို့နေခဲ့ပါတယ်။

အပိုင်း ၁၉၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset