အပိုင်း ၁၉၀•၂
” သိုင်းပညာ၀ိညာဥ်ရဲ့စစ်မှန်ခန္ဓာကိုယ် ”
°°°
ကျောက်ယန်ရဲ့အတွေးက အရမ်းကိုရိုးရှင်းခဲ့ပါတယ်။ နိုင်ငံတော်က သူ့ရဲ့လုပ်ဆောင်တဲ့အရာတွေအားလုံးကို ငြင်းပယ်ပြီစစ်တပ်ကြီးတစ်ခုကိုခေါ်ဆောင်လာခဲ့ရင်း ပုန်ကန်သူတွေအဖြစ် နှိမ်းနင်းဖို့လုပ်နေတာကိုခံရပြီတဲ့နောက် နေလနိုင်ငံတော်ကိုဒီလိုလုပ်ခဲ့မိတာက တကယ်ကိုတုံးအတဲ့ကိစ္စလို့သူခံစားမိလာပါတော့တယ်။
သူ့အဖေရဲ့တပ်ဖွဲ့ကြီးကလဲ အခုအချိန်မှာအတော်ကိုရှုပ်ထွေးနေခဲ့ပါပြီ။ သူတို့တွေဒီနေ့အစွမ်းကုန်အင်အားသုံးပြီ ထွက်လာတိုက်ခိုက်ရတာကတော့ ကျွီးကျင့်ကိုဖမ်းချင်လို့ပါပဲ။ သူတို့ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကိုတောင် သူတို့က ခေါ်ထုတ်လာခဲ့တာပါ။ ကျွီးကျင့်က အိမ်ရှေ့စံမင်းသားရဲ့ကြင်ရာတော်ဆိုတာကို အတွင်းသတင်းတွေကြောင့်သိလာခဲ့ရတာပါပဲ။
ကျွီးကျင့်ကို ထိခိုက်အောင်လုပ်ဖို့ သူဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ သူမကို အသက်ရှင်လျက်ဖမ်းထားပြီ နိုင်ငံတော်နဲ့ဆွေးနွေးဖို့သာအတွေးရှိခဲ့ပါတယ်။ ဒါ့အပြင် ရွှီချန်ယန်လဲ မကြာခင်ရောက်လာတော့မှာကိုသူသိနေခဲ့တယ်။ ဒါကြောင့် သူ့အတွက်လွှတ်လမ်းကိုလဲ ရှာပြီသွားပါပြီ။ တကယ်တော့ သူ့ရဲ့တောင်းဆိုချက်တွေက သိပ်ပြီကျိုးကြောင်းမဆီလျော်ခဲ့တာလဲ မဟုတ်ပါဘူး။ စစ်တပ်ရဲ့အင်အားတွေအားလုံးကို နိုင်ငံတော်ဆီပြန်အပ်မှာဖြစ်သလို သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုမသိမ်းဖို့သာတောင်းခံရမှာပါ။ အကယ်၍ ကျွီးကျင့်ကိုသာ ဖမ်းလိုက်နိုင်မယ်ဆိုရင် ဒါတွေအားလုံးက ဖြစ်လာနိုင်ပါတယ်။ မဟုတ်ရင် နိုင်ငံတော်နဲ့ပြန်လည်ညှိနိုင်ဖို့ ဘယ်လိုနည်းလမ်းမှရှိတော့မှာမဟုတ်ပါဘူး။
နိုင်ငံတော်ရဲ့စစ်တပ်ကလဲ ကျောက်ယန်ရဲ့အကြံအစည်ကိုအခုအချိန်မှာ နားလည်သဘောပေါက်သွားခဲ့ပါပြီ။ စစ်တပ်တွေအားလုံးကလဲ ကျွီးကျင့်ကိုကူညီဖို့အတွက် အပြေးလာနေခဲ့ပါတယ်။ အခုအချိန်မှာတော့ နှစ်ဖက်စလုံးရဲ့တကယ်တပ်ဖွဲ့ကြီးကိုရောက်ရှိတော့မှာပါ။
ကျောက်ယန်က အော်ဟစ်လိုက်ပြီတဲ့နောက် အ၀ါရောင်အလံကိုမြေပြင်ပေါ်မှာစိုက်ချလိုက်ပါတယ်။ သူကိုယ်တိုင်ကတော့ တောင်ထိပ်ပေါ်ဆီကိုပျံ့တက်လို့သွားခဲ့ပါပြီ။
သူဒီလိုထိုးဖောက်ထွက်လာနေချိန်မှာပဲ သူ့ဘေးနားမှာရှိတဲ့ အသိတစ်ယောက်ရဲ့လှံကိုဆွဲယူလာခဲ့ပါတယ်။ ဒီလှံက တောင်ထိပ်ပေါ်ကိုလျှပ်စီးလက်သလိုမျိုးပြေးထွက်လို့သွားခဲ့ပြီ ကြီးမားတဲ့ပစ်ခတ်အားတစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်။
ကျောက်ယန်က အခုလက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်ကိုတောင် ထုတ်မသုံးထားသေးပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ သူက၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့၀ိညာဥ်သူတော်စင်ဖြစ်နေဆဲပါ။ သူရုတ်တရက်အော်ဟစ်လိုက်ပြီတဲ့နောက် သူ့ရဲ့သံချပ်ကာကိုဆွဲဖြဲလိုက်ပါတော့တယ်။ ခန္ဓာကိုယ်ကြီးက ချက်ချင်းဆိုသလို ဖောင်းကြွလို့လာခဲ့ပြီ အရပ်ကလဲနှစ်မီတာကျော်အထိကို မြင့်မားလို့သွားခဲ့ပါပြီ။ သူ့ကြွက်သားတွေရဲ့ကြီးထွားလာမှုက အ၀တ်အစားတွေအားလုံးကို စုတ်ပြဲသွားစေခဲ့ပါတယ်။ ခြေထောက်အောက်မှာတော့ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်သုံးကွင်းရှိတဲ့ ၀ိညာဥ်စက်ကွင်းတွေက ရုတ်တရက်ထွက်ပေါ်လာတာကို မြင်လိုက်ရပါတယ်။
သူ့ရဲ့၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းကိုမြင်ချိန်မှာတော့ တစ်ဖက်စစ်တပ်ရဲ့အင်အားကလဲ ပြန်လည်မြင့်မားလို့လာခဲ့ပါပြီ။ စစ်သူကြီးတောင်ပေါ်ကို တက်နိုင်ဖို့အတွက်သူတို့လဲကူညီဖို့လုပ်ကြပါတော့တယ်။
တောင်ထိပ်မှာရှိနေတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကတော့ အခုအချိန်မှာအရမ်းကိုဖိအားများနေခဲ့ပါပြီ။ သူတို့ရဲ့စစ်တပ်ကသူတို့ရဲ့အသက်ကိုတောင်ဂရုမစိုက်ပဲ ပြေးလာနေခဲ့တာပါ။ ရန်သူရဲ့စစ်တပ်ကြီးကို ၀ိညာဥ်လက်နက်တွေ၀ိညာဥ်အမြောက်တွေက ဆက်ပြီမတားဆီးထားနိုင်တော့ပါဘူး။ ဒါ့အပြင် တောင်ထိပ်ကိုရောက်လာနေတဲ့ စစ်သည်တချို့ကလဲရှိနေခဲ့ပါပြီ။ အဲ့ဒီထဲမှာနည်းပါးတဲ့တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကပဲ သူတို့ကိုတိုက်ခိုက်နေကြပါတယ်။
ကျောက်ယန်က ကျွီးကျင့်ကိုချက်ချင်းဆိုသလို ရှာဖွေတွေ့ရှိလို့သွားခဲ့ပါပြီ။ ကျွီးကျင့်က အဖြူရောင်စစ်သည်တော်၀တ်ရုံကို ၀တ်ဆင်လို့ထားခဲ့ပြီ လိမ္မော်ရောင်၀ိညာဥ်ဗုံးတွေကိုပြစ်လွှတ်နေခဲ့တာပါ။ ကျွီးကျင့်လဲ သူတို့ကိုချက်ချင်းတွေ့ပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ သူ့မရဲ့မျက်နှာက ဖြူဖျော့နေခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကုန်ဆုံးတာများလွန်တဲ့အတွက် အခုလက်ရှိအချိန်မှာ ဘာမှမကျန်တော့သလောက်ဖြစ်နေခဲ့ပါတယ်။
စစ်ကူတွေကလာနေဆဲပါပဲ။ သူတို့တွေကပုန်ကန်သူတွေကိုလမ်းတစ်လျှောက်မှာသတ်ဖြတ်ခဲ့ကြပေမဲ့ တစ်ဖက်စစ်တပ်ရဲ့စစ်သည်တော်တွေကအရမ်းကိုများပြားနေခဲ့ပါတယ်။ အားလုံးကိုတစ်ချက်ထဲနဲ့အသေသတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်နေခဲ့တာပါ။
ကျောက်ယန်ကလဲ အရမ်းကိုမြန်ဆန်လွန်လှပါတယ်။ အခုလက်ရှိအချိန်မှာ တောင်ထိပ်နဲ့မီတာငါးဆယ်သာ ကွာဝေးခဲ့သလို ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ ကြီးမားပြင်းထန်တဲ့တိုက်ခိုက်မှုကိုလဲ သူဆက်တိုက်ဆိုသလို ခုခံနေခဲ့ပါပြီ။ ဒါပေမယ့် သူက အရမ်းကိုသန်မာလွန်လှပြီ တစ်ကိုယ်လုံးကလဲ ဒိုင်းကာကြီးလိုဖြစ်နေခဲ့တာကြောင့် အရှိန်လုံး၀မလျှော့ပဲ တိုက်ခိုက်မှုတွေအားလုံးကိုတားဆီးထားနိုင်ခဲ့ပါတယ်။
” ငါ့ကိုလုပ်ခွင့်ပြုပါ ”
ခက်ခက်က အော်လိုက်ပါတယ်။ သူမရဲ့ကြီးမားတဲ့လျှပ်စီးအမြောက်တွေက ကျောက်ယန်ဆီကိုချိန်ရွယ်ထားခဲ့ပါပြီ။ ရှိသမျှ၀ိညာဥ်စွမ်းအားတွေအားလုံးကို ထည့်သွင်းပြီတဲ့နောက် မိုးကြိုးအလုံးကြီးတွေကို သူပြစ်လွှတ်လိုက်ပါတော့တယ်။
၀ိညာဥ်သူတော်စင်ဖြစ်တဲ့ ကျောက်ယန်ရဲ့အာရုံခံနိုင်စွမ်းက အင်မတန်ကိုတိကျတာအမှန်ပါ။ ခြိမ်းခြောက်မှုအန္တရာယ်ကိုခံစားမိတာနဲ့ သူ့ရဲ့ဒိုင်းကာကြီးတွေကိုဝှေ့ရမ်းရင်း ခက်ခက်ဆီကိုပြစ်လွှတ်လိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ပထမနဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။
သူ့ရဲ့အရေပြားပေါ်မှာရွှေရောင်အလင်းတန်းတချို့က ဖြာထွက်လို့လာခဲ့ပါတယ်။ ဒါတင်မကသေးပဲ ခန္ဓာကိုယ်ကနောက်တစ်ကြိမ် အရွယ်အစားက ပိုပြီးကြီးမားလာခဲ့ပါပြီ။ ဖွံ့ဖြိုးလာတဲ့ကြွက်သားတွေက သူ့ကိုတကယ်လေမုန်တိုင်းကြီး၀က်၀ံတစ်ကောင်လိုမျိုး ပေါ်သွားစေခဲ့ပါတယ်။
သူ့ရဲ့ပထမ၀ိညာဥ်စွမ်းအားကရွှေခန္ဓာကိုယ်ဖြစ်ပြီ တတိယစွမ်းရည်ကတော့ ရူးသွပ်မှုပါပဲ။ သူပိုင်ဆိုင်ထားခဲ့တဲ့ဒီသိုင်းပညာ၀ိညာဥ်က ရွှေအိုရောင်အကြောက်တရား၀က်၀ံရဲ့သွေးအနည်းငယ်ကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါကြောင့် ၀က်၀ံအမျိုးအစားသိုင်းပညာ၀ိညာဥ်တွေထဲမှာ အသန်မာဆုံးဖြစ်နေခဲ့တာပါ။ တိုက်ခိုက်တဲ့နေရာမှာရော ခုခံတဲ့နေရာမှာနေရာမှာပါ ကောင်းကောင်းမွန်မွန်ချိန်ညှိနိုင်သလို ကြီးမားတဲ့အင်အားကိုချိတ်ဆက်လို့သွားခဲ့ပါတယ်။
ခက်ခက်ကတော့အံကြိတ်ပြီ သူမဆီရောက်လာနေတဲ့ ဒိုင်းကာကြီးနှစ်ခုကိုလျစ်လျူရှု့ကာ သူ့၀ိညာဥ်အမြောက်ကိုပြစ်လွှတ်လိုက်ပါတော့တယ်။
ကျောက်ယန်ဆီကိုခရမ်းပြာရောင်၀ိညာဥ်အမြောက်က ရောက်ရှိလို့သွားခဲ့ပါပြီ။ လျှပ်စီးတန်းတွေဆက်တိုက်ဆိုသလို ထွက်ပေါ်လို့လာပြီ လေဟာနယ်ကလဲအက်ကွဲပါတော့တယ်။ စစ်သည်တော်တွေက အဲ့ဒီလျှပ်စီးနဲ့မထိမိခင်ချိန်မှာတင်တောင် ပြင်ပကလျှပ်စီးတန်းတွေကိုတောင် သူတို့အားလုံးကိုပြာဖြစ်သွားစေခဲ့ပါတယ်။
ကျောက်ယန်ကတော့ နှာခေါင်းရှုံ့လိုက်ရင်း ညာဘက်လက်ကိုဆန့်ထုတ်လိုက်တယ်။ အဲ့ဒီနောက် သံချပ်ကာအပြည့်အစုံ၀တ်ထားတဲ့ စစ်သားတစ်ယောက်ကိုဆွဲယူလိုက်ပြီ သူ့ကိုအရှေ့ဖက်ဆီပြစ်ပေါက်လိုက်ပါတယ်။
သူက သူ့ရဲ့၀ိညာဥ်စွမ်းရည်ကိုအသုံးပြုပြီး ခက်ခက်ကိုစိတ်ရှုပ်ထွေးအောင်လုပ်လိုက်တာပါ။ ဘာကြောင့်များအဆင့်ငါးလျှပ်စီးအမြောက်ကိုသူ့ခန္ဓာကိုယ်နဲ့ခုခံနိုင်ရမှာလဲ။
ကြောက်စရာကောင်းလွန်လှတဲ့ပေါက်ကွဲသံက လေထဲမှာထွက်ပေါ်လာပြီတဲ့နောက် စစ်သည်တွေအများကြီးပေါက်ကွဲထွက်ကုန်ကြပါတယ်။ ခရမ်းပြာရောင်အလင်းတန်းက အင်အားကြီးတဲ့လူတွေနဲ့အတူ လူရာချီကိုလွှင့်ထွက်သွားခဲ့တာပါ။ လျှပ်စီးတန်းတွေဖြစ်ပေါ်လာပြီတဲ့နောက် ပေါက်ကွဲမှုနဲ့အတူရှိနေတဲ့စစ်သားတွေအားလုံးက ပြာဖြစ်လို့သွားခဲ့သလို တော်တော်များများကလဲ လေထဲကိုလွှင့်စင်လို့ထွက်သွားခဲ့တယ်။
ကျောက်ယန်ကတော့ ဒီလိုလှိုင်းတွေနဲ့ရင်ဆိုင်ရတဲ့အခြေအနေမျိုးမှာတောင် တစ်ချက်လေးမှနောက်မတွန့်ခဲ့ပါဘူး။ ဒါပေမယ့် ခက်ခက်က အခုလက်ရှိအချိန်အထိ အသက်ရှင်လျက်ရှိနေသေးတာကို မြင်ရချိန်မှာသူအံ့ဩသင့်လို့သွားခဲ့တယ်။ အစောပိုင်းတုန်းက သူ့ရဲ့ဒိုင်းကာနဲ့တိုက်ခိုက်မှုကို ဒီကလေးမကဘယ်လိုများခုခံနိုင်တာလဲ။
သူမရဲ့အရှေ့မှာတော့လူနှစ်ယောက်ကရှိနေခဲ့ပါတယ်။ တစ်ဖက်မှာရှိတဲ့လူငယ်လေးရဲ့လက်ထဲမှာအဲ့ဒီဒိုင်းကာကြီးနှစ်ခုက မြဲမြဲဆုပ်ကိုင်ခံထားခဲ့ရတာပါ။ အဲ့ဒီဆယ်ကျော်သက်လူငယ်လေးက ရိုးရိုးရှင်းရှင်းသာရပ်နေခဲ့ပေမဲ့ ကျောက်ယန်ကိုကြီးမားတဲ့ဖိအားပေးနေခဲ့ပါတယ်။ ဒီဖိအားက အစွမ်းအစကနေလာတာမဟုတ်ပဲ စိတ်၀ိညာဥ်ထဲကနေဖြစ်ပေါ်လာခဲ့တာပါ။
ကျောက်ယန်က လွန်ခဲ့တဲ့ခြောက်နှစ်ကျော်လောက်မှာ ရောင်စဥ်ဖြာမြို့တော်ကိုသွားခဲ့ဖူးပြီ ရွှီချန်ယန်နဲ့လဲတွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့စိတ်ထဲမှာရွှီချန်ယန်က ကြီးမားနက်ရှိုင်းလွန်လှတဲ့ အရိပ်ကြီးတစ်ခုကိုပေးခဲ့တယ်။ အခုလက်ရှိအချိန်မှာ သူ့အရှေ့မှာရှိနေတဲ့လူငယ်ကလဲ ထပ်တူညီတဲ့အငွေ့အသက်ကို ပေးစွမ်းနေပေမဲ့ ပိုပြီး ထိတ်လန့်စရာကောင်းပါတယ်။ ဒီကလေးကဘယ်သူများလဲ။
တစ်ဖက်မှာရှိနေခဲ့တဲ့ကျောက်ယန်က သူ့ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်အုပ်စုကြီးတစ်ခုလုံး ရှင်းလင်းသုတ်သင်ခံလိုက်ရတာကို မမြင်တွေ့ခဲ့ရပါဘူး။ သတင်းရောက်လာချိန်မှာပဲ ရန်သူရဲ့စစ်တပ်ကလဲရောက်လာခဲ့ပါပြီ။ ကျွီးကျင့်ရဲ့ဖက်မှာသူ့ရဲ့အုပ်စုတစ်ခုလုံးကိုရှင်းထုတ်ပြစ်နိုင်လောက်အောင် အင်အားကြီးသူနှစ်ယောက်ရှိနေခဲ့တယ်ဆိုတာ ကျောက်ယန်လုံး၀ကိုမထင်မှတ်ထားခဲ့မိပါဘူး။ ဒါ့အပြင် အဲ့ဒီသူတွေက သူ့ရဲ့ဒိုင်းကာကိုဖမ်းလိုက်တဲ့လူငယ်တွေပါပဲ။
ဒီဒိုင်းကာကြီးတွေက အရမ်းကိုလေးလံလွန်လှပြီ ကြီးမားတဲ့အင်အားနဲ့လွှဲရမ်းပြီပြစ်လွှတ်ထားတာပါ။ သူတို့ရဲ့အရှိန်နှုန်းက အပေါ်ကိုတက်လာချိန်မှာတော့ အနည်းငယ်လျော့သွားခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ဘေးမှာလဲ ၀မ်သုန့်ကရှိနေခဲ့တာပါ။ သူတို့နှစ်ယောက်က ဟောင်သုန့်စွမ်းအားပေါင်းစည်းမှုကြောင့် အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးချိန်မှာပိုပြီးလဲ သက်သောက်သက်သာရှိပါတယ်။ ဒါကြောင့် ဒိုင်းကာတွေကိုဖမ်းဖို့ဆိုတာက အလွယ်လေးပါပဲ။
ရေခဲဧကရီရဲ့ဆူးချွန်တွေက ဒိုင်းကာကိုအသာအရာဖမ်းထားခဲ့ပြီ ဟို့ယွိဟောင်ကလဲ အသက်ပြင်းပြင်းရှုသွင်းရှူထုတ်လုပ်နေရပါတယ်။ အကယ်၍ ဒီအချိန်ကိုသာတောင့်ခံမထားနိုင်ဘူးဆိုရင် သူတို့တွေအသက်မရှင်နိုင်လောက်ဘူးဆိုတာ ဟို့ယွိဟောင်သိနေခဲ့တယ်။
သူခြေထောက်အောက်ကနေ အဖြူရောင်၀ိညာဥ်စက်ကွင်းလေးကွင်းက တောက်ပလာခဲ့ပါပြီ။ သူ့ဘေးမှာရှိတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကလဲ ထိတ်လန့်ကုန်ကြပါတော့တယ်။ ဒါတွေအားလုံးက ဆယ်နှစ်၀ိညာဥ်စက်ကွင်းတွေလား။
ဟို့ယွိဟောင်က သူ့လက်ထဲမှာရှိနေတဲ့ဒိုင်းကာနှစ်ခုကို ရန်သူတပ်ဖွဲ့ဆီပြန်ပြစ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့ညာဘက်လက်ကနဖူးပေါ်မှာရှိနေခဲ့ပြီ မျက်လုံးတွေကိုပိတ်ထားခဲ့တော့တယ်။ ထူးဆန်းတဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပါပြီ။ ၀မ်သုန့်တစ်ယောက်ကသာ သူ့နောက်ဖက်ကို ကပ်သွားပြီတဲ့နောက် လက်နှစ်ဖက်ကိုအသုံးပြုရင်း ကျောဖက်ကိုဖိကပ်ထားခဲ့ပါတယ်။ သူ့အနေနဲ့ ကံကြမ္မာမျက်လုံးကနေထွက်လာနေတဲ့အလင်းတန်းကို ဖုံးကွယ်နေမှန်းသူသိနေခဲ့တယ်။
အဖြူရောင်အလင်းတန်းက ဆယ်မီတာအထိမြင့်တက်သွားပြီတဲ့နောက် ပတ်၀န်းကျင်တစ်ခွင်ကိုပြန့်နှံ့လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် အလင်းတန်းကဆင်းသက်လို့လာခဲ့ပါပြီ။
ဒီအလင်းတန်းက ပတ်ပတ်လည်တောင်ကြောတစ်လျှောက်မီတာတစ်ရာအထိကို လိမ့်ဆင်းလို့သွားခဲ့ပါတယ်။ ပုန်ကန်သူတပ်ဖွဲ့တစ်လျှောက်လုံးကို ဒီအလင်းတန်းကသန့်စင်ပေးလိုက်သလို ၀ုန်းကနဲဖြတ်တိုက်လို့သွားခဲ့တာပါ။ သူတို့တွေက အောက်ခြေကနေဖြတ်ထုတ်ခံလိုက်ရတဲ့ဂျုံးပင်တွေအတိုင်း လဲပြိုကုန်ကြပါတော့တယ်။ တောင်အောက်ကိုသူတို့တွေအားလုံးအားအင်ချည့်နဲ့မှုအပြည့်နဲ့ လိမ့်ဆင်းကုန်ကြပါပြီ။ သူတို့နှစ်ယောက်သာ စစ်မြေပြင်ထဲမှာကျန်နေခဲ့ပါပြီ။
ဒီအဖြူရောင်အလင်းတန်းတွေကလဲ ကျောက်ယန်ကိုထိတွေ့ခဲ့တာကြောင့် အခုလက်ရှိအချိန် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အားအင်တွေချည့်နဲ့သွားတာကို ခံစားနေခဲ့ရပါတယ်။ ၀ိညာဥ်စွမ်းအားကိုအမြန်ဆုံးအရှိန်နှုန်းနဲ့ လှည့်ပတ်နေရင်းအမြန်ဆုံးတိုက်ခိုက်လိုစိတ်နဲ့ ထိန်းထားပြီကြိုးစားလို့နေခဲ့ရတယ်။ ဒီအားနည်းမှုက သူ့ကိုမသက်ရောက်နိုင်အောင်အစွမ်းကုန်ခုခံနေရတာပါ။
ဒါက ဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလဲ ဒါကအစုလိုက်အပြုံလိုက်တိုက်ခိုက်မှုပဲ အစုလိုက်အပြုံလိုက်ထိန်းချုပ်မှုဖြစ်တဲ့ အင်အားကြီးချည့်နဲ့စေမှုပါ။ အရမ်းကိုသန်မာလွန်တာကြောင့် ထိတွေ့ခံလိုက်ရတဲ့ဘယ်စစ်သားကမှ လက်တစ်ချောင်းတောင်မလှုပ်နိုင်တဲ့အနေအထားရောက်နေခဲ့ပြီ သူကထိန်းချုပ်၀ိညာဥ်ပညာရှင်ကောဟုတ်ရောဟုတ်ရဲ့လား။
ကျောက်ယန်အထိတ်တလန့်မျက်နှာနဲ့ ဟို့ယွိဟောင်ကိုလှမ်းကြည့်နေခဲ့မိပါတယ်။ ဆယ်နှစ်၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိတဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကဒီလိုမျိုး ထောင်ချီတဲ့စစ်သားတွေအားလုံးကိုဒလိမ့်ခေါက်ခွေးပြုတ်ကျစေတဲ့၀ိညာဥ်စွမ်းရည်ကိုဘယ်လိုများထုတ်သုံးနိုင်လဲသူနားမလည်နိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုက ကျွီးကျင့်တို့အတွက် အသက်ရှုချောင်သွားစေခဲ့ပါတယ်။
နိုင်ငံတော်ရဲ့စစ်တပ်ကလဲ အခုလက်ရှိအချိန်မှာအပေါ်ကိုရောက်မလာသေးပါဘူး။ ကျွီးကျင့်နဲ့ သူမရဲ့အဖွဲ့အတွက် လက်ရှိအချိန်မှာတောင့်ခံဖို့ကအများကြီးလိုအပ်နေပါသေးတယ်။
ရွှီချန်ယန်က တကယ်ပဲအမိန့်ချလိုက်ပြီဆိုရင် သူလက်အောက်မှာလှုပ်ရှားမဲ့စစ်တပ်ကြီးကငါးခုတိတိရှိနေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အစီအစဥ်တွေကို တစ်ခုပြီတစ်ခုထိန်းချုပ်ရင်း အကောင်အထည်ဖော်ဖို့က အရမ်းကိုအရေးကြီးတဲ့အရာပါ။
နေလနိုင်ငံတော်ရဲ့စစ်တပ်အကြီးအကဲပိုင်းရဲ့အုပ်ချုပ်သူတချို့သာ ကျွီးကျင့်ရဲ့အကြောင်းကိုသိကြပါတယ်။ ဒါပေမယ့် သူမက ဒီစစ်တပ်တွေကိုကိုယ်တိုင်ဦးဆောင်မယ်လို့ အာမခံပြီပြောကြားခဲ့တဲ့အတွက် သူတို့လဲမတတ်နိုင်ပဲစေလွှတ်ခဲ့ရတယ်။ သူမက အိမ်ရှေ့စံမင်းသားကိုကိုယ်စားပြုနေတဲ့သူပါ။ ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်သောကြင်ရာတော်လဲဖြစ်နေခဲ့ပါတယ်။ သူတို့ကအခုအချိန်ထိတောင် လက်မထပ်ရသေးပါဘူး။
သူတို့ဘယ်လိုပဲ သူမရဲ့ဆန္ဒကိုဖြည့်စည်းပေးပါစေ ကာကွယ်ဖို့ကတော့ လိုအပ်နေဆဲပါပဲ။ အိမ်ရှေ့စံမင်းသားရဲ့တိုက်ရိုက်မျိုးဆက်တွေတောင်မှ သူမကိုမထိ၀ံ့မှန်း အားလုံးနားလည်ကြတယ်။ သူမက အိမ်ရှေ့စံမင်းသားရဲ့အယုံကြည်ရဆုံးသူပါ။ မဟုတ်ရင် သေချာပေါက်သူ့ဇနီးအဖြစ်ရွေးချယ်မှာမဟုတ်ပါဘူး။ သူမက တရား၀င်ဇနီးသည်ဖြစ်လာမှာလဲဖြစ်သလို အနာဂတ်ရဲ့ဧကရီပါပဲ။
အပိုင်း ၁၉၀•၂ ပြီး၏။