Switch Mode

Chapter – 190.1

သိုင်းပညာဝိညာဉ်ရဲ့ စစ်မှန်ခန္ဓာကိုယ်

အပိုင်း ၁၉၀•၁

” သိုင်းပညာ၀ိညာဥ်ရဲ့စစ်မှန်ခန္ဓာကိုယ် ”
°°°
၀ိညာဥ်အမြောက်ရဲ့၀ိညာဥ်အလင်းတန်းတွေက ပြင်းပြင်းထန်ထန်ဆက်တိုက်ထွက်ပေါ်လာပြီ တိုက်ခိုက်နေခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာတော့ ကျွီးကျင့်နဲ့ သူမအုပ်စုက ရန်သူတွေရဲ့ထိုးစစ်ဆင်းမှုကို အစွမ်းကုန်ကြိုးစားပြီခုခံနေခဲ့ကြပါပြီ။

တောင်ထိပ်ကနေ တောက်ပတဲ့အလင်းတန်းတွေကိုတောင် အဝေးကနေတောင်လှမ်းမြင်နေခဲ့ရပါတယ်။ သူတို့တွေက ရန်သူရဲ့စစ်တပ်ဆီကိုအ​ပြင်းအထန်ဆုံးတိုက်ခိုက်နေခဲ့ကြတာပါ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ စစ်မြေပြင်မှာရှိတဲ့အစွမ်းအစက ၀ိညာဥ်ပညာရှင်တွေထက်ကိုအများကြီးပိုပြီးတော့ သာလွန်ပါတယ်။ အထူးသဖြင့်သာမန်စစ်သားတွေနဲ့တိုက်ခိုက်ချိန်မှာပိုပြီးအစွမ်းပြနိုင်မှာပါ။

၀ိညာဥ်အမြောက်တွေက ရန်သူစစ်တပ်အပေါ်မှာကျရောက်ချိန်မှာတော့ ချက်ချင်းဆိုသလို ပြင်းထန်တဲ့ပေါက်ကွဲမှုတွေလဲ ဖြစ်ပေါ်လာခဲ့ပါပြီ။

အဆင့်လေး၀ိညာဥ်အမြောက်တွေရဲ့ ပေါက်ကွဲစွမ်းအားက ပတ်ပတ်လည်မီတာတစ်ရာအထိကို ကြီးမားတဲ့ပျက်စီးမှုဖြစ်စေခဲ့ပါတယ်။ ပေါက်ကွဲမှုတစ်ခုချင်ဆီတိုင်းက စစ်သည်တော်ဆယ်နဲ့ချီပြီသေဆုံးမှုကို ဖြစ်ပေါ်စေနိုင်ဖို့လုံလောက်နေခဲ့တယ်။ ၀ိညာဥ်အလင်းတန်းတွေကတော့ အားနည်းနေပေမဲ့ ပိုပြီးတိကျပါတယ်။ အခုလက်ရှိအချိန်မှာတော့ ရန်သူငါးရာက တစ်မိနစ်အတွင်းမှာသေဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ဒီလိုမျိုးဆက်တိုက်တိုက်ခိုက်တာကလဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ ၀ိညာဥ်စွမ်းအားကိုအများကြီးကုန်ဆုံးစေပါတယ်။

၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို တိုက်ခိုက်ဖို့တစ်ဖက်စစ်သည်တော်တွေသုံးနေတဲ့မြားကအသုံးမ၀င်ခဲ့ပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေသာ ခန္ဓာကိုယ်ကိုကောင်းကောင်းကာကွယ်ထားလိမ့်မယ်ဆိုရင် သူတို့အနေနဲ့ဘာမှမလုပ်နိုင်တာအမှန်ပါ။

ရန်သူတွေရဲ့ပထမတိုက်ခိုက်မှုလှိုင်းကတော့ တားဆီးခံလိုက်ရပါပြီ။ ကျွီးကျင့်ရဲ့တည်ငြိမ်တဲ့အမိန့်ပေးမှုက အရမ်းကိုထိရောက်ပါတယ်။ သူမက ခက်ခက်နဲ့အတူ အလယ်ဗဟိုအရှေ့မှာရှိနေခဲ့ပြီ ခြိမ်းခြောက်တဲ့ဘယ်သူကိုမဆို ချေမှုန်းပြစ်ဖို့အတွက်အသင့်ဖြစ်နေခဲ့တယ်။သူတို့နှစ်ယောက်စလုံးက အဆင့်ခြောက်၀ိညာဥ် လက်နက်အတတ်ပညာရှင်တွေပါ။ စစ်မြေပြင်ထဲမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ပြီရင်း အသန်မာဆုံးသူတွေပါပဲ။ အကယ်၍ သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေသာ အပြည့်အ၀ရှိနေခဲ့မယ်ဆိုရင် ဒီရာနဲ့ချီတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သေချာပေါက်သူတို့ကိုတားဆီးထားနိုင်မှာမဟုတ်ပါဘူး။ ဒါက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာ ရန်သူတွေက ၀ိညာဥ်လက်နက်ကိုမကျော်လွှားနိုင်သလို သူရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကိုလဲ ဆုံးရှုံးလိုက်ရပါပြီ။

ရန်သူစစ်တပ်ဖက်က ဆုံးရှုံးလိုက်ရတဲ့သူတွေကြောင့် သူတို့အစောပိုင်းမှာအခက်တွေ့ခဲ့ပေမဲ့လဲ အခုလက်ရှိအချိန်မှာကတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

ရုတ်တရက်ဆိုသလို လူတစ်ယောက်က တအံ့တဩထပြီပြောလိုက်ပါပြီ။

” ကြည့်ဦး ငါတို့ရဲ့စစ်ကူတွေရောက်လာပြီ ”

ကျွီးကျင့်လဲ အဝေးကိုလှမ်းကြည့်လိုက်ပါတယ်။ တကယ်ပဲစစ်တပ်တစ်ခုက သူ့ရဲ့မြင်ကွင်းထဲကို၀င်ရောက်လာခဲ့ပါပြီ။ သူတို့တွေက နေရာပေါင်းစုံကနေ ၀င်ရောက်လာနေခဲ့တာပါ။ သတ်ဖြတ်လိုစိတ်အပြည့်နဲ့ အသံတွေကကောင်းကင်အထိတောင် တုန်ခါစေခဲ့ပါတယ်။ သူမရဲ့ရန်သူကိုငါးစာချတဲ့အစီအစဥ်ကနောက်ဆုံးတော့အောင်မြင်ခဲ့ပါပြီီ။

ရန်သူတွေကတော့ ချက်ချင်းဆိုသလို အငိုက်မိသွားခဲ့ပါတယ်။ သူတို့ထက်ပိုပြီးကြီးမားတဲ့စစ်တပ်အင်အားနဲ့ ၀န်ရံထားခဲ့တာကြောင့်သူတို့တွေလန့်သွားခဲ့တာပါ။ ဒါပေမယ့် တောက်ပတဲ့အ၀ါရောင်အလံတစ်ခုက ရန်သူစစ်တပ်ဆီကနေထွက်ပေါ်လာပါတယ်။ လူတစ်ယောက်က ကြီးမားတဲ့မြင်းကြီးတစ်ကောင်ဆီကနေ ခုန်ဆင်းလို့လာခဲ့ပြီ အလံကိုလေထဲမှာဝှေ့ရမ်းရင်း အော်လိုက်ပါတော့တယ်။

” မြင့်မြတ်တဲ့အရှင်ရဲ့ လက်အောက်မှာရှိသူတွေအားလုံးနာခံကြ ငါကမြင့်မြတ်တဲ့အရှင်ရဲ့ အကြီးဆုံးသား သူ့ရဲ့နေရာကိုဆက်ခံရမဲ့စစ်သေနာပတိကျောက်ယန်ပဲ အားလုံး အားလုံးကိုဒီအန္တရာယ်ကနေ ငါထွက်သွားနိုင်အောင်ဦးဆောင်ပေးမယ်…တောင်ထိပ်မှာရှိနေတဲ့ စစ်တပ်ရဲ့ခေါင်းဆောင်သူက နေလနိုင်ငံတော်အိမ်ရှေ့စံမင်းသားရဲ့ ဇနီးလောင်းပဲ အကယ်၍ ငါတို့သာသူ့ကိုဖမ်းနိုင်မယ်ဆိုရင်ရန်သူစစ်တပ်ကလုံး၀ကို အညံ့ခံသွားလိမ့်မယ်..ငါတို့ကို ထိ၀ံ့မှာမဟုတ်ဘူး…ဒါကငါတို့ရဲ့ထွက်လမ်းပဲ ”

သူပြောပြီတာနဲ့ နောက်ထပ်မြင်းကြီးတစ်ကောင်ပေါ်ကို ခုန်တက်လို့သွားခဲ့ပြီ အ၀ါရောင်အလံကိုမြင့်မြင့်မားမားဝှေ့ရမ်းနေခဲ့ပါတယ်။

ဒီစစ်သူကြီးက သူစစ်တပ်ကိုအမိန့်ပေးဖို့တကယ်တမ်းသတ်မှတ်ခံထားရတဲ့သူမဟုတ်ပါဘူး။ သူ့ရဲ့၀မ်းကွဲညီကသာ စစ်တပ်ကိုထိန်းချုပ်ရမဲ့သူဖြစ်မှာပါ။ အခုလက်ရှိအချိန်မှာတော့ သူ့ရဲ့၀မ်းကွဲညီငယ်အတွက် ခုခံပေးဖို့သူက ရောက်ရှိလာခဲ့ပါပြီ။ ဒီအခြေအနေတွေဖြစ်လာတာကိုမြင်ချိန်မှာတော့ သူကိုယ်တိုင်ထွက်လာခဲ့ပါပြီ။ ခပ်မြန်မြန်ပဲ သူရွှေရောင်စစ်ဦးထုပ်ကိုထုတ်ယူပြီသူဆောင်လိုက်ပါတော့တယ်။ တိုက်ပွဲစစ်၀တ်စုံကို ၀တ်ဆင်လိုက်ပြီချိန်မှာတော့ သူ့ရဲ့အသံနဲ့ အပြုအမူကိုအသုံးချကာစစ်တပ်ကြီးရဲ့စိတ်အင်အားမြင့်တင်လိုက်တယ်။ ဒါပေါ့ အသံလွှင့်ကိရိယာကိုလဲသူသုံးထားပါသေးတယ်။

တောင်ထိပ်မှာရှိနေခဲ့တဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သူတို့ရဲ့စစ်ကူတွေကိုရောက်လာတာကို မြင်ချိန်မှာ ချက်ချင်းဆိုသလိုစိတ်အားတက်သွားပေမဲ့ တစ်ဖက်ကစစ်သူကြီးရဲ့စကားကိုလဲ သူတို့ကြားလိုက်ပါတယ်။

အားလုံးကတော့အခုအချိန်မှာ ကျွီးကျင့်ကိုအာရုံစိုက်နေခဲ့ပါပြီ။ သူတို့တွေ တကယ်မယုံနိုင်မှုအပြည့်နဲ့ မျက်လုံးပြူးနေခဲ့ပါတယ်။ လက်ရှိအချိန် သူတို့ကိုဦးဆောင်ပြီတိုက်ခိုက်နတဲ့သူက လက်ရှိအိမ်ရှေ့စံမင်းသားရဲ့ဇနီးလောင်းဖြစ်နေခဲ့မယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။

ကျွီးကျင့်က သူ့ရဲ့ဇစ်မြစ်ကိုဘယ်တုန်းကမှထုတ်ဖော်မပြောခဲ့ပါဘူး။ စစ်တပ်ကိုသူ၀င်ရောက်ပြီချိန်ကထဲက အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ်နဲ့ သူကနေရာယူခဲ့တာပါ။ ဒီသတင်းဘယ်လိုထွက်သွားလဲဆိုတာ သူမမသိပါဘူး။ တခြားသူက ဒီအကြောင်းကို ဘယ်လိုသိနေလဲဆိုတာ နားမလည်နိုင်ပဲဖြစ်နေခဲ့တယ်။

သူက ရန်သူကိုထောင်ချောက်ဆင်ဖို့အတွက် အစီအစဥ်ဆွဲခဲ့တဲ့သူပါ။ ဒီလိုမျိုးစွန့်စားမှုကို သူမရဲ့အဆင့်အတန်းနဲ့လုပ်၀ံ့တယ်ဆိုအံ့ဩစရာကောင်းနေခဲ့ပါပြီ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့နှလုံးသားထဲမှာလဲ ထိတ်လန့်မှုကိုခံစားလိုက်ရပါတော့တယ်။

ကျွီးကျင့်ရဲ့မျက်လုံးတွေကတော့ အေးစက်နေတဲ့အလင်းတန်းတွေနဲ့သာ တောက်ပနေခဲ့တယ်။ သေချာပေါက် အိမ်ရှေ့စံမင်းသားနဲ့ နီးကပ်တဲ့နေရာမှာသူလျှိုရှိနေမှာကို သူမသိပါတယ်။ မဟုတ်ရင် ဒီကိစ္စကသူများတွေသိသွားမှာလုံး၀မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။

သူမက အသက်ပြင်းပြင်းရှုသွင်းရင်း ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကိုကြည့်ကာ ပြောလိုက်ပါတယ်။

” သူပြောတာမှန်တယ်…ငါက အိမ်ရှေ့စံမင်းသားရဲ့ ဇနီးလောင်းပဲ ဒါပေမယ့် ငါကနိုင်ငံတော်စစ်သည်တော်တစ်ယောက်လဲဟုတ်တယ်…ဒီနေ့ငါသေမယ်ဆိုရင်လဲ မင်းတို့အားလုံးလဲသေဆုံးမယ်…ငါရှင်မယ်ဆိုရင်လဲ မင်းတို့အားလုံးလဲအတူတူအသက်ရှင်သန်မယ်…စစ်ကူတွေကငါတို့ရှေ့မှာရောက်နေပြီ ဒါကြောင့် ရှင်သန်ဖို့အတွက် တိုက်ခိုက်ရမယ်..ငါတို့တွေနိုင်ရမယ် စစ်ကူတွေရောက်မလာခင်အထိ ငါတို့တွေတောင့်ခံထားရမယ် ”

သူပြောပြီတဲ့နောက် ကျောက်ယန်ဆီကိုပြေးထွက်လို့သွားပါတော့တယ်။ ခက်ခက်ကလဲ အော်လိုက်တယ်။

” နင်တို့အားလုံးဘာလုပ်နေတာလဲ ရန်သူက ဒီမှာရောက်နေပြီ အိမ်ရှေ့စံမင်းသားရဲ့ဇနီးတောင်မှ ငါတို့အတွက် အစွမ်းကုန်တိုက်ခိုက်ဖို့ဆန္ဒရှိနေတယ်ဆိုရင် ငါတို့က သူ့ကိုဒီအတိုင်းထိခိုက်စေဖို့ခွင့်ပြုထားရမှာလား ”

” အိမ်ရှေ့စံမင်းသားရဲ့ဇနီးကို အသက်စွန့်ပြီကာကွယ်မယ် ”

၀ိညာဥ်လက်နက်အတတ်ပညာရှင်ညီငယ်လေးတစ်ယောက်က သူ့ရဲ့၀ိညာဥ်အမြောက်ကိုမြောက်လိုက်ရင်း အော်ဟစ်လိုက်ပါတော့တယ်။

သူ့ရဲ့မျက်လုံးတွေက ရန်သူစစ်တပ်ကို ဆက်တိုက်ဆိုသလိုတိုက်ခိုက်နေရင်းမီးတွေနဲ့တောက်လောင်လို့နေခဲ့ပါပြီ။ သူတို့ရဲ့စိတ်အားထက်သန်မှုက မမျှော်လင့်ထားတဲ့အဆင့်ကို ရောက်ရှိလို့သွားပါတော့တယ်။ သူတို့က သူတို့ရဲ့ရှင်သန်မှုအတွက် မျှော်လင့်တကြီးတိုက်ခိုက်နေကြတာလဲဟုတ်သလို ကျွီးကျင့်ကြောင့် ရဲရင့်မှုနဲ့သတ္တိကြောင့် တိုက်ခိုက်နေတာလဲ ဟုတ်ပါတယ်။

လက်ရှိအချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံး မျက်လုံးဖွင့်နေကြပြီဆိုတာကိုတော့ ဘယ်သူမှသတိမထားမိပါဘူး။ အဲ့ဒီအချိန်မှာ ၀မ်သုန့်ကပြောလာခဲ့ပါတယ်။

” အိမ်ရှေ့စံမင်းသားရဲ့ဇနီးသည်လား ”

” ငါလဲအဲ့ဒါမသိဘူးလေ ဒါပေမယ့် အခုတော့သူဘာလို့ထူးထူးဆန်းဆန်းကြီးလုပ်နေရလဲဆိုတာ အဖြေတော့ရပြီထင်တာပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါဒီနေ့တော့သူ့ကိုကျေးဇူးကြွေးတစ်ခုတော့တင်သွားပြီ ကျန်တဲ့ကိစ္စကတော့ အနာဂတ်မှာစောင့်ကြည့်ကြတာပေါ့ ”

” လုပ်ချင်တာသာလုပ်ပါတော့ ”

၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။ ဟို့ယွိဟောင်ကလဲ ရယ်နေခဲ့တယ်။ ရန်သူစစ်တပ်၀န်းရံတာကို ခံရပေမဲ့ သူလုံး၀ကိုတုန်လှုပ်ကြောက်ရွံ့နေတာမရှိပါဘူး။ သူ့ရဲ့ညီနောင် ဒီအပေါင်းအဖော်နဲ့အတူ အတူတူရှင်သန်ဖို့နဲ့သေဆုံးဖို့အဖော်ရှိနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ကျောက်ယန်ရဲ့အားပေးမှုအောက်မှာ ရူးသွပ်နေတဲ့ပုန်ကန်ရေးတပ်ဖွဲ့ကြီးကလဲ နောက်ဆုံးမှာတော့ သူတို့ရဲ့လွှတ်လမ်းကိုရှာတွေ့သွားခဲ့ပါပြီ။ သူတို့အသက်ရှင်သန်ဖို့အတွက် အပေါ်ကတပ်ဖွဲ့ကိုတိုက်ခိုက်ရပါတော့မယ်။ သူတို့ကလဲ ရှင်သန်ဖို့အတွက်ဘာမဆိုလုပ်ရမှာပါ။

ချက်ချင်းဆိုသလို တိုက်ခိုက်မှုတွေက တစ်ဟုန်ထိုးပြင်းထန်လို့လာခဲ့ပါပြီ။ သံချပ်ကာ၀တ်စုံအပြည့်နဲ့ စစ်သည်တော်တွေက မြင်းတွေနဲ့အတူတောင်ပေါ်ကို ခပ်မြန်မြန်ပဲထိုးတက်လို့လာပါတော့တယ်။ သူတို့တွေက လက်ရှိအချိန်မှာလက်နက်တွေကိုမသုံးတော့ပဲ ဒိုင်းကာတွေကိုသာ အသုံးပြုရင်းတောင်ထိပ်အထိကို ထိုးဖောက်တက်ဖို့အတွက် ရွေးချယ်လိုက်တာပါ။

တောင်ထိပ်က မီတာနှစ်ရာကျော်သာမြင့်မားပြီ အကွာအဝေးကလဲ သိပ်ပြီမကြီးမားပါဘူး။ ပထ၀ီမြေပြင်ကလဲ အများကြီးအားသာချက်ရှိမနေခဲ့တဲ့အတွက် တောင်ပေါ်မှာရှိနေတဲ့သူက မကြာခင်မှာပဲ၀န်းရံခံလိုက်ရပါပြီ။

၀ိညာဥ်အမြောက်တွေက အများကြီးအင်အားကြီးပေမဲ့ စွမ်းအားကုန်ဆုံးမှုကလဲ မနည်းပါးပါဘူး။ အဆင့်လေး၀ိညာဥ်လက်နက်ဖြစ်တဲ့ နို့ပုလင်းတွေကလဲ အကြာကြီးမခံတာအမှန်ပါ။ ဒါ့အပြင် ကျွီးကျင့်တို့ကဒဏ်ရာအတော်လေးရထားပြီ ပင်လဲပင်ပန်းနေခဲ့ကြပါပြီ။ ဒီအချိန်မှာတော့ သူတို့ရဲ့စိတ်အားထက်သန်မှုကိုအသုံးပြုပြီး ကိုယ့်ကိုကိုယ်တောင့်ခံထားဖို့သာရှိပါတော့တယ်။

ကြီးမားတဲ့ဒိုင်းကာကြီးတွေက အဆင့်လေးနဲ့အထက် တိုက်ခိုက်မှုကို မခုခံနိုင်ပါဘူး။ ဒါပေမယ့် ၀ိညာဥ်အမြောက်တွေရဲ့ဖျက်ဆီးနိုင်စွမ်းက ကြီးမားတဲ့ဒိုင်းကာတွေကြောင့် အတော်လျော့ကျလို့သွားခဲ့ပါတယ်။ ရန်သူစစ်တပ်ကလဲ ဖြည်းဖြည်းချင်းအပေါ်ကိုရောက်လာခဲ့ပါပြီ။

” ဘေးဖယ်ကြ ငါသွားမယ် ”

ကျောက်ယန်က အော်လိုက်ပါတယ်။ သူက ဒီနေ့ အသက်သုံးဆယ်ခြောက်ရှစ်ရှိပါပြီ။ တကယ်ဘ၀လမ်းရဲ့ရွှေရောင်လမ်းမှာရှိနေတာပါ။ သူ့ရဲ့အဖေက ပုန်ကန်ပြီနိုင်ငံတစ်ခုကို တည်ထောင်ချင်တယ်ဆိုတာ ကျောက်ယန်ကြောင့်ပါပဲ။ ကျောက်ယန်သာ အရမ်းကိုရည်မှန်းချက်ကြီးမားပြီ သူ့ရဲ့နယ်မြေတွေကိုလာလုနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် ဘာကြောင့်များအိုမင်းပြီ အေးအေးဆေးဆေးနေချင်ပြီဖြစ်တဲ့ အရှင်သခင်ကဒီလိုမျိုးအဆုံးအဖြတ်ကိုပြုလုပ်မှာလဲ။

ကျောက်ယန်က ပါရမီရှင်တစ်ယောက်ပါ။ သူကနေလနိုင်ငံတော်ရဲ့ တစိတ်တပိုင်းဖြစ်ပေမဲ့ ၀ိညာဥ်လက်နက်တွေကိုဘယ်တုန်းကမှမနှစ်သက်ခဲ့ပါဘူး။ သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစကိုသာမွေးမြူးဖို့အတွက် အာရုံရှိပါတယ်။ ဒါ့အပြင် အမေ့ရဲ့မျိုးရိုးဗီဇကိုလက်ခံရရှိတာကြောင့် အတော်ကိုထူးခြားပြီ သန်မာတဲ့သိုင်းပညာ၀ိညာဥ်ကိုလဲပိုင်ဆိုင်ထားခဲ့တယ်။ ဒါကတော့ ကြမ်းတမ်းတဲ့ရွှေ၀က်၀ံပါ သူကလဲ အသက်သုံးဆယ်ခြောက်နှစ်အရွယ်ဖြစ်ပေမဲ့ ၀ိညာဥ်သူတော်စင်အဆင့်ကိုရောက်နေခဲ့ပါပြီ။ သူ့အဖေရဲ့လက်အောက်မှာရှိသူတွေထက် အသန်မာဆုံးသူပါပဲ။

သူ့အဖေက မြောက်ပိုင်းတစ်လျှောက်ကြည့်ရှုစောင့်ကြပ်ဖို့အတွက် တာ၀န်ရှိသူပါ။ ဒါပေမယ့် သူ့ရဲ့ဒီလိုရုတ်တရက်ပုန်ကန်ထကြွမှုက နိုင်ငံတော်တစ်ခုလုံးကို အတော်လေးအထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ရှင်းပြချက်ကတော့ အတော်လေးရိုးရှင်းခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်နိုင်ငံကိုအေးအေးဆေးဆေးလေး ထူးထောင်ပြီနေချင်တာပါ။ ဒါကိုအသိအမှတ်ပြုခံရဖို့သာလိုချင်ပါတယ်တဲ့။

နေလနိုင်ငံတော်ရဲ့ ဧကရာဇ်ကလဲ အတော်ကိုဖျားနာပြီအတော်မကျန်းမမာဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် တစ်ချိန်တုန်းကရှိခဲ့ဖူးတဲ့ စိတ်အားထက်သန်မှုတွေကိုလဲ ပျောက်ဆုံးနေခဲ့ပါပြီ။ ဒါကြောင့် ကြီးမားတဲ့စစ်တပ်အင်အားကိုအသုံးပြုပြီး မဖယ်ရှားခဲ့ပါဘူး။ ထျန်းဟွမ်နိုင်ငံတော်နဲ့ ကြယ်တာရာလော့နိုင်ငံတော်တွေကိုပါ အထိတ်တလန့်ဖြစ်သွားစေမှာကိုပါ သူစိုးရိမ်ကြောင်းကြလို့နေခဲ့တယ်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားကတော့ လုံး၀ကိုပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပြီ ပုန်ကန်သူတွေက သတ်ကိုသတ်ပြစ်ရမယ်လို့ လုံး၀ကိုစွဲချက်တင်ခဲ့ပါတယ်။ ဒါမှသာ နိုင်ငံတစ်ခုကသူ့ရဲ့ဂုဏ်သိက္ခာကိုဆက်ပြီထိန်းထားနိုင်မှာပါ။

မကြာခင်မှာပဲ အိမ်ရှေ့စံမင်းသားက ကျန်းဟုန်ချန်ရဲ့အကူအညီတွေနဲ့ အတူ ဧကရာဇ်ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူအဓိကထိန်းချုပ်နေတဲ့စစ်တပ်တွေကလဲ ပုန်ကန်မှုကိုဖယ်ရှားဖို့အတွက် အပြင်ကိုထွက်သွားခဲ့ပါပြီ။ စစ်ပွဲတွေထဲမှာအများကြီးတိုက်ခိုက်ပြီပြီးဖြစ်တဲ့ ကျွီးကျင့်ကတော့ အခုလက်ရှိအချိန်မှာ အနောက်ပင်လယ်ကပြန်လာပြီ ပုန်ကန်သူတွေကို နှိမ့်နင်းဖို့အတွက်ပူးပေါင်းလိုက်ပါတယ်။ သူမက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့အုပ်စုခေါင်းဆောင်ဖြစ်လာခဲ့ရုံတင်မက စွမ်းဆောင်ရေးအမှတ်တွေလဲအများကြီးရခဲ့တယ်။

သူမရဲ့အဆင့်အတန်းကိုလဲ လုံး၀အထင်သေးလျှော့တွက်လို့မရခဲ့ပါဘူး။ နေလနိုင်ငံတော်ထဲမှာ စစ်တပ်တွေကိုအပိုင်းလေးပိုင်းခွဲထားပါတယ်။ တစ်ပိုင်းချင်းဆီတိုင်းမှာလဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ထောင်နဲ့ချီပြီပါ၀င်နေခဲ့တယ်။ ဒီ၀ိညာဥ်လက်နက်အတတ်ပညာရှင်လေးထောင်က နေလနိုင်ငံတော်အတွက် အဓိကအုတ်ခံကျောက်တွေပါပဲ။ ဒါ့အပြင် ဒီ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရာနဲ့ချီပြီကို ကျွီးကျင့်ရဲ့အဆင့်အတန်းကအဖွဲ့ခွဲတစ်ခုရဲ့ခေါင်းဆောင်နဲ့တူညီနေခဲ့တယ်။ အကယ်၍ ဒီ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ကောင်းကောင်းထိန်းကွပ်နိုင်မယ်ဆိုရင် သေချာပေါက် သူတို့ကစစ်ပွဲတစ်ခုရဲ့ရလဒ်ကိုပြောင်းနိုင်မှာပါ။

ကျွီးကျင့်လဲ ဘာကြောင့်တစ်ဖက်မှာရှိနေတဲ့ ကျောက်ယန်ရဲ့အမိန့်ကိုလူတွေဘာလို့နားထောင်နေရလဲသိပါတယ်။ ဒါ့အပြင် ကျန်ရှိတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက တစ်ဖက်လူရဲ့နောက်ဆုံးသော၀ှက်ဖဲတွေဖြစ်ကောင်းဖြစ်နိုင်တာကိုလဲ နားလည်ပါတယ်။ အခုလက်ရှိအချိန်မှာ သူတို့အနေနဲ့ အောင်မြင်မှုကိုရနိုင်ဖို့အတွက် သူမကသာသော့ချက်ဖြစ်နေခဲ့တယ်။ ပုန်ကန်တဲ့တပ်ဖွဲ့က နောက်ထပ်သုံးစရာလက်နက်ရှိပုံလဲမပေါ်တော့ပါဘူး။

အပိုင်း ၁၉၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset