အပိုင်း ၁၈၉•၂
” ဆူပူမှုကြားထဲက တည်ငြိမ်ခြင်း ”
°°°
အခုလက်ရှိအချိန်မှာ ၀မ်သုန့်က ဟို့ယွိဟောင်နဲ့မျက်နှာချင်ဆိုင်နေတဲ့ပုံစံကိုပြောင်းသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ရွှေရောင်တောက်နေတဲ့မျက်လုံးတွေကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသလို နဖူးကပွင့်နေတဲ့ကံကြမ္မာမျက်လုံးကိုလဲ မြင်နေခဲ့ရပါတယ်။ ဟို့ယွိဟောင် ဘာလုပ်မလဲဆိုတာ သူသိလိုက်ရပါပြီ။
သူက အဆင့်ခြောက်၀ိညာဥ်ရှပ်ပြေးကိုသုံးနေခဲ့တာပါ။ ဟို့ယွိဟောင်ပုံစံကိုမြင်ပြီတဲ့နောက် အင်အားကြီးတဲ့၀ိညာဥ်ရှပ်ပြေးရဲ့စွမ်းအားက ၀ိညာဥ်လက်နက်အတတ်ပညာရှင်အုပ်စုဆီကိုတန်းတန်းမတ်မတ်ပြေး၀င်သွားစေခဲ့ပါတယ်။
လက်ရှိအချိန် ၀မ်သုန့်ရဲ့အတောင်ပံတွေကလဲ အပြည့်အ၀ပွင့်နေခဲ့ပါပြီ။ ပထမဆုံး၀ိညာဥ်စွမ်းရည်ဖြစ်တဲ့အတောင်ပံတွေက ဓားသွားတွေရဲ့အငွေ့အသက်ကိုအပြည့်အ၀ထုတ်ဖော်လို့နေခဲ့ပါတယ်။ ၀ိညာဥ်ရှပ်ပြေးနဲ့အရှေ့ကိုမြန်မြန်ဆန်ဆန်ပြေး၀င်နေတဲ့အချိန်သူ့ရဲ့ဓားသွားတဲ့နေရာတိုင်းမှာ အလောင်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ၀ိညာဥ်လက်နက်တွေတောင်မှ သူ့အတောင်ပံအောက်မှာဖျက်ဆီးခံလိုက်ရပါပြီ။
သူတို့ဒီအတိုင်းဆက်သွားနေရင်း အလယ်ဗဟိုတည့်တည့်ဆီကို ပြေး၀င်လို့နေခဲ့ပါတယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရှစ်ဆယ်တိတိရဲ့၀န်ရံထားတဲ့ဗျူဟာကြီးထဲကို သူတို့ကတန်းတန်းမတ်မတ်သွားနေခဲ့တာပါ။
အခုအချိန်မှာတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလဲ ပြန်တိုက်ခိုက်မှုကို ပြင်ဆင်နိုင်ကြပါပြီ။ အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကိုပြေး၀င်လာရင်း အကောင်းဆုံးကြိုးစားပြီရပ်တန့်ဖို့လုပ်ခဲ့ကြပါတယ်။ ကျန်ရစ်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွကတော့ခုခံပေးဖို့အတွက်ပြင်ဆင်နေကြတယ်။ ဒါပေမယ့် သူတို့ကြားမှာအခွင့်အရေးရှိနေမှာလား။ အကယ်၍ ဟို့ယွိဟောင်မှာ ဒီလိုအခွင့်အရေးကိုပေးလိုက်မယ်ဆိုရင် သူက သေချာပေါက်ပြိုင်ဘက်ကင်းစစ်သည်တော်အဖြစ် ခေါ်ဆိုဖို့ထိုက်တန်တော့မှာမဟုတ်ပါဘူး။ ဒီလိုရွေးချယ်မှုမျိုးကိုအစကထဲကမလုပ်ခဲ့တာအမှန်ပါ။
ဒီအချိန်မှာတော့ ကျွီးကျင့်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်အခြေအနေကို စောင့်ကြည့်ရင်းသူမရဲ့ တပ်ဖွဲ့ကိုအမိန့်ပေးကာအဆင့်လေးနို့ပုလင်းကနေ ၀ိညာဥ်စွမ်းအားတွေကို စုပ်ယူဖို့အမိန့်ပေးထားခဲ့ပါတယ်။
အကယ်၍ သူတို့သာတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် သေချာပေါက်ပြေး၀င်ပြီ ကူညီဖို့အတွက်တွေဝေနေမှာမဟုတ်ပါဘူး။
အကယ်၍ သေရမယ်ဆိုရင်တောင် သေချာပေါက် ဟို့ယွိဟောင်နဲ့အတူတူသေဖို့ဆန္ဒရှိပါတယ်။ သူမရဲ့အသက်ကိုနောက်တစ်ကြိမ်စွန့်စား၀ံ့တဲ့သူအတွက် ဘာကြောင့်များမသေနိုင်ရမှာလဲ။
အခုလက်ရှိအချိန်မှာ သူမရဲ့စိတ်ကအမှတ်တရတွေဆီနောက်တစ်ကြိမ်ပြန်ရောက်လို့သွားခဲ့ရင်း တည်ငြိမ်မနေနိုင်တော့ပါဘူး။ သူမအနေနဲ့ မမျှော်လင့်ထားတဲ့ မြင်ကွင်းကိုဒီအချိန်မှာပဲ နောက်တစ်ကြိမ်မြင်တွေ့လိုက်ရပါတော့တယ်။ ဒါကတစ်သက်တာမမေ့နိုင်စရာမြင်ကွင်းဖြစ်လာတော့မှာပါ။
၀မ်သုန့်ရဲ့ အတောင်ပံတွေက ပျောက်ကွယ်လို့သွားခဲ့ပြီ ရွှေပြာရောင်အလင်းတန်းကလဲ မှိန်ဖျော့လို့သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က မြေပြင်ပေါ်ကိုဆင်းသက်လို့သွားခဲ့ပါပြီ။ ၀မ်သုန့်ရဲ့လက်ထဲမှာတော့ အနက်ရောင်တူတစ်လက်ကရှိနေခဲ့တယ်။ ဒါက သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ကြည်လင်ကောင်းကင်တူပါ။ မျက်စိကျိန်မတတ်တောက်ပတဲ့အလင်းတန်းကြီးက ထွက်ပေါ်လာပြီတဲ့နောက် ပုံရိပ်ယောင်အလင်းတန်းတွေလဲ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဘေးမှာရှိရှိသမျှအရာအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပြီ ဝေ၀ါးနေတဲ့အသွင်သဏ္ဍာန်တစ်ခုသာထွက်ပေါ်လို့လာပါတော့တယ်။ ဒီသွင်သဏ္ဍာန်က အတော်ကိုထူးဆန်းလှပြီ ကြည်လင်နေခဲ့သလို သူ့ရဲ့ရုပ်သွင်က ထင်ထင်ရှားရှားမရှိခဲ့ပါဘူး။ ဒါပေမယ့် လက်ကတော့နှလုံးသားတစ်ခုလုံးလိုမျိုးလက်ဟန်ကိုပြုထားခဲ့ပါတယ်။
အချိန်တွေက အခုအချိန်မှာ ရပ်တန့်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ပေါင်းစည်းပြီဖန်တီးထားတဲ့ အဲ့ဒီပုံရိပ်က အပြောင်းအလဲဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေက တောက်ပလို့လာခဲ့သလိုစကားနဲ့တောင်ဖော်ပြချင်မစွမ်းသာတဲ့ ရွှေရောင်အလင်းတန်းကြီးက ကောင်းကင်ကရှိသမျှကြယ်တာရာတွေအားလုံး ထိုးဆင်းလာသလိုအသွင်မျိုးနဲ့ ပတ်၀န်းကျင်က ရှိသမျှအရာအားလုံးကိုမှိန်ဖျော့သွားစေအောင် တောက်ပပါတော့တယ်။
အဲ့ဒီပုံရိပ်ကြီးရဲ့နဖူးအလယ်မှာထူးဆန်းတဲ့ ဒေါင်လိုက်မျက်လုံးတစ်လုံးကလဲ ပေါ်ထွက်လာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းက မှောင်မိုက်တဲ့နေရာမှာထွက်ပေါ်နေခဲ့ရင်း ရွှေရောင်တူကြီးတစ်လက်က လေထဲမှာထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက်မရေမတွက်နိုင်တဲ့တူအသေးလေးတွေက ဆက်တိုက်ဆိုသလိုပျံထွက်လို့သွားက မကြာခင်အချိန်မှာပဲ ဒီပုံရိပ်ကြီးရဲ့နဖူးကနေရွှေရောင်အလင်းတန်းတွေက ဖြာထွက်လို့သွားပါတော့တယ်။
စိတ်၀ိညာဥ်မျက်လုံးနဲ့ ကြည်လင်ကောင်းကင်တူနှစ်ခု ပေါင်းစည်းမှုဖြစ်တဲ့ စိတ်၀ိညာဥ်မုန်တိုင်းကြီးက စတင်ပါပြီီ။
အရာအားလုံးကတော့ နှေးကွေးလို့သွားပါတော့တယ်။ ဒါပေမယ့် လေဟာနယ်ထဲမှာတော့ ကွန်ယက်သဖွယ်အက်ကွဲရာတွေက ထွက်ပေါ်လို့လာခဲ့ပါတယ်။ မုန်တိုင်းကလဲအက်ကွဲလို့လာပြီတဲ့နောက် ဆက်တိုက်ထိစပ်နေတဲ့အက်ကွဲကြောင်းတွေက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို လူကွဲလို့သွားစေခဲ့တယ်။
ရွှေရောင်အလင်းတန်းကြီးတွေက မီတာတစ်ရာကျော်အထိကို ပြန့်ထွက်လို့သွားခဲ့ပြီတဲ့နောက် ဖြည်းဖြည်းချင်းမှိန်ဖျော့ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ တူအသေးလေးတွေကလဲ ထူးထူးဆန်းဆန်းကြီးပျောက်ကွယ်လို့သွားပါတော့တယ်။ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက အဆင့်လေးဖြစ်စေ အဆင့်ငါးပဲဖြစ်စေ မလှုပ်ရှားနိုင်တော့ပါဘူး။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ခန္ဓာကိုယ်ဘေးပတ်လည်မှာသွေးနီရောင်အလင်းတန်းခုနှစ်ကြောင်းက ဖြစ်ပေါ်လို့နေပါတော့တယ်။လူခုနှစ်ယောက်ရဲ့ခေါင်းတွေကပြတ်ထွက်လို့သွားခဲ့တာပါ။ သူတို့ရဲ့အလောင်းတွေကလဲ မြေပြင်ပေါ်မှာ လှဲကျလို့နေခဲ့ပါတယ်။
ဒီဆက်တိုက်ပေါက်ကွဲမှုက အတော်ကိုထိတ်လန့်စရာပါပဲ။ သွေးနီရောင်အလင်းတန်းတွေက ခပ်မြန်မြန်ကြီးကျယ်ပြန့်လို့လာခဲ့ပြီ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ခေါင်းတွေက တစ်ခုပြီတစ်ခုချွင်းချက်မရှိပေါက်ကွဲလို့သွားပါတော့တယ်။
ဒီထူးဆန်းပြီကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးမြင်ကွင်းကို ဟိုအပေါ်ကနေလှမ်းကြည့်ရင်းမြင်နေခဲ့ရပါတယ်။ ခေါင်းတွေကသွေးနီရောင်ပန်းပွင့်လိုပေါက်ကွဲလို့သွားခဲ့ပြီ ရှိရှိသမျှလူတွေအားလုံးရဲ့အသက်ကို ဖျက်ဆီးပြစ်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့တယ်။
သူတို့က ဘယ်လိုစွမ်းရည်ကိုအသုံးပြိုလိုက်တာလဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အများကြီးရှိနေခဲ့သလို အားလုံးကလဲအနည်းဆုံး၀ိညာဥ်ဘိုးဘေးအဆင့်ကိုရောက်နေကြတာပါ။ ဒါပေမယ့် ဒီလိုထူးဆန်းပြီကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းရည်နဲ့အားလုံးကို တစ်ပြိုင်နက်ထဲမှာသတ်ဖြတ်ခဲ့ပါတယ်။ နှစ်ဖက်စလုံးရဲ့စစ်တပ်တွေက အရှေ့မှာရှိနေတဲ့ကြောက်စရာမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်နေခဲ့ကြပါပြီ။
အစောပိုင်းတုန်းက ဟို့ယွိဟောင်ကို မကျေမနပ်ဖြစ်ခဲ့တဲ့လူငယ်လဲ ကြောက်လွန်လို့ဖြူဖျော့လို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူဘာမှမတွေးနိုင်တော့အောင် စိတ်ကလုံး၀ကိုလွှတ်နေခဲ့ပါပြီ။ သူလက်ရှိအချိန်တစ်ခုတည်သောတွေးမိတဲ့အတွေးကတော့ ဒီကလေးတွေဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြောက်စရာကောင်းလွန်လှတဲ့အစွမ်းကိုပိုင်ဆိုင်ထားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုအစွမ်းအစကိုသူတို့အသုံးပြုနေကြတာလဲ။
” အဲ့ဒါသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လား ”
ခက်ခက်ကပြောလာခဲ့တယ်။ ကျွီးကျင့်ကလဲ နှုတ်ခမ်းကိုကိုက်ထားရင် ဒီနှစ်ယောက်ကိုကြည့်နေဆဲပါ။ အခုလက်ရှိအချိန်မှာ ဒီအခိုက်အတန့်ကိုကျေးဇူးတင်နေခဲ့ပါတယ်။ သူတို့တွေအောင်မြင်သွားပါပြီ။ အဲ့ဒီအောက်ဖက်မှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်က ရှစ်ဆယ်ကျော်ရှိနေခဲ့တာပါ။ ဒါပေမယ့် အားလုံးကတော့ တခဏတာအတွင်းမှာပဲ သတ်ဖြတ်ခံလိုက်ရပါပြီ။ ဘယ်သူမှအသက်မရှင်ခဲ့ပါဘူး။ အခုလက်ရှိအချိန်မှာ ရန်သူစစ်တပ်ရဲ့အကြီးမားဆုံးအင်အားက ဖျက်ဆီးခံလိုက်ရုံတင်မက သူတို့ရဲ့ရန်သူတွေလဲ နှောက်နှေးလို့သွားခဲ့ပါပြီ။
တောင်တစ်ခုလုံးကို ၀န်ရံထားတဲ့တပ်ဖွဲ့က အခုလက်ရှိအချိန်မှာ အရှေ့ကိုမြန်မြန်ဆန်ဆန်တက်မလာပဲ နှေးကွေးလို့သွားခဲ့ပါတယ်။ အထူးသဖြင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးသတ်ဖြတ်ခံလိုက်ရတဲ့အတွက် အရှိန်ကပိုပြီးနှေးသွားခဲ့တယ်။
ဒါက သူ့ရဲ့တကယ်စွမ်းအားအစစ်အမှန်လား သူ့အပေါင်းအဖော်နဲ့အတူတူထုတ်သုံးလို့ဒီလောက်အင်အားကြီးလာတာလား။ သေချာပေါက် အမျက်ဒေါသကျောင်းတော်က တိုက်ကြီးရဲ့နံပါတ်တစ်ကျောင်းတော်အဖြစ် ခေါ်ဝေါ်သတ်မှတ်ခံဖို့ထိုက်တန်ပါတယ်။
” ဟို့ယွိဟောင် နင်ငါအသက်ကိုနောက်တစ်ကြိမ်ကယ်လိုက်ပြန်ပါပြီ ဘာကြောင့်များကံတရားက ငါကိုဒီလိုမျိုးအရူးလုပ်နေရတာလဲ ဘာကြောင့်များဒီနေမှာနောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ရတာလဲ ”
ကျီးကျင့်ရဲ့ပါးပေါ်မှာမျက်ရည်စီးကြောင်းတွေက ဆက်တိုက်ဆိုသလို စီးကျလို့လာခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကလဲ ခပ်မြန်မြန်ပဲတောင်ပေါ်ကိုပြန်တက်လာခဲ့ပြန်ပါပြီ။ သူတို့ စကားတစ်ခွန်းတောင်မပြောကြပါဘူး။ ချက်ချင်းဆိုသလို မြေပြင်ပေါ်မှာတင်ပလ္လင်ခွေချိတ်ရင်း ထိုင်လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ညာဘက်လက်နဲ့ ၀မ်သုန့်ရဲ့ဘယ်ဘက်လက်တို့က ချိတ်ဆက်လို့ထားခဲ့တယ်။ ဟောင်သုန့်စွမ်းအားရဲ့လှည့်ပတ်မှုနဲ့အတူ ရွှေအလင်းဘယ်ဘက်လက်မောင်းအရိုးက စတင်လှည့်ပတ်လို့နေခဲ့ပြီ သူတို့ရဲ့၀ိညာဥ်စွမ်းအားကိုပြန်လည်ဖြည့်တင်းပါတယ်။ နောက်လက်တစ်ဖက်ဆီမှာလဲ နို့ပုလင်းတွေကိုကိုင်ထားရင်း စွမ်းအားတွေကိုစုပ်ယူနေခဲ့တယ်။
လက်ရှိအချိန်မှာတော့ ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားက ကွာခြားချက်ကိုသူတို့က ကောင်းကောင်းမွန်မွန်အပြည့်အ၀ဖော်ပြလို့နေခဲ့ပါပြီ။ သူတို့က တူညီတဲ့အဆင့်လေး၀ိညာဥ်လက်နက်နို့ပုလင်းကိုအသုံးပြုနေကြပေမဲ့ တစ်မိနစ်မပြည့်ခင်အချိန်မှာတင် ဒါတွေအားလုံးကိုစုပ်ယူခဲ့တာပါ။ သူတို့နှစ်ယောက်က ခပ်မြန်မြန်ပဲ နောက်ထပ်၀ိညာဥ်လက်နက်တွေကိုထုတ်ယူပြီ စွမ်းအားတွေကိုစုပ်ယူနေခဲ့ပါတယ်။
နို့ပုလင်းထဲမှာရှိတဲ့ ၀ိညာဥ်စွမ်းအားတွေက အပြည့်အ၀စုပ်ယူဖို့မလုံလောက်တော့ပါဘူး။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ သိုင်းပညာ၀ိညာဥ်ဆိုတာက အမြန်ဆုံးပြန်လည်အားကောင်းဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးမြန်ဆန်မြင့်မားတဲ့စုပ်ယူမှုကို ပြုလုပ်နိုင်ဖို့အတွက် အများကြီးသန်မာဖို့လဲလိုအပ်တယ်။ မဟုတ်ရင် မြန်မြန်ဆန်ဆန်စုပ်ယူလို့ကတော့ ပေါက်ကွဲသွားနိုင်ပါတယ်။
၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ တအံ့တဩစိုက်ကြည့်နေတာကို ကျွီးကျင့်က ပြန်လှည့်ကြည့်ရင်းအော်လိုက်ပါတယ်။
” ဘာကြည့်နေကြတာလဲ နေရာယူပြီတိုက်ပွဲအတွက်အသင့်ပြင်လိုက် သူတို့ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေသေသွားတာကြောင့် ရန်သူစစ်တပ်ကငါတို့ကိုတိုက်ခိုက်တာရပ်သွားမယ်လို့ နင်တို့ထင်နေတာလား ”
” အမိန့်အတိုင်းပါ ”
၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက အစောပိုင်းမှာစိတ်ဓာတ်ကျနေခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာတော့ ပြန်လည်တက်ကြွလို့နေခဲ့ပါပြီ။ ချက်ချင်းဆိုသလို သူတို့အခြေစိုက်ဖို့နေရာကိုရှာရင်းနဲ့ တိုက်ခိုက်ဖို့နေရာကောင်းတွေကိုပြင်ဆင်ကြပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့စွမ်းရည်က၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို သတ်ဖြတ်ပြစ်ခိုင်းရုံတင်မကပဲ ကျွီးကျင့်တို့ရဲ့စစ်တပ်ကိုလဲတက်ကြွအောင်လုပ်နိုင်ပါတယ်။
သူတို့တွေလွှတ်မြောက်ဖို့အရမ်းခက်ခဲတဲ့အချိန်မှာ စိတ်ဓာတ်ကအတော်ကိုကျဆင်းလို့နေခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ပြောသလိုပဲ သူတို့သာဒီအတိုင်းဆက်ပြီတောင့်ခံနေမယ်ဆိုရင် ဘယ်လောက်များကြာကြာရှင်သန်နိုင်မှာလဲ သူတို့တွေဒီလိုလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ကြောက်စရာကောင်းလွန်လှတဲ့လုပ်ဆောင်မှုက သူတို့ရဲ့မျှော်လင့်ချက်ကနောက်တစ်ကြိမ်ထွက်ပေါ်လာစေခဲ့ပါတယ်။ နောက်တစ်ကြိမ်သာသူတို့အသက်ရှင်မယ်ဆိုရင် သေချာပေါက်ဘယ်သူကမှ သေချင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီနှစ်ယောက်က သူတို့အတွက်အံ့ဖွယ်ရာတွေကို ဖန်တီးပေးနိုင်ပါတယ်။ အကယ်၍ သူတို့သာ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရှစ်ဆယ်ကို သတ်နိုင်မယ်ဆိုရင် ကျန်ရစ်တဲ့သာမန်စစ်သားတွေကိုသတ်ဖို့ဆိုတာက သူတို့အတွက်ဘာမှမဟုတ်ပါဘူး။ ယုံကြည်ချက်က စိတ်အားထက်သန်မှုကို မြင့်တက်လာစေခဲ့ပါတယ်။
ကျွီးကျင့်နဲ့ ခက်ခက်တို့လဲတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။ အခုလက်ရှိအချိန်မှာ သူတို့အသက်ရှင်နိုင်ဖို့အခွင့်အရေးက အများကြီးတိုးတက်လို့သွားခဲ့ပါပြီ။
ကျွီးကျင့်က ဟို့ယွိဟောင်ကိုနောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိပါတယ်။ သူမရဲ့စိတ်ခံစားချက်တွေသူ့ကိုထိခိုက်စေမှာ တကယ်ပဲ ကြောက်လန့်မိတယ်။ သူ့ရဲ့စစ်တပ်ကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြီ ထိန်းကွပ်နေရင်းသူတို့ရဲ့နေရာထိုင်ခင်းတွေကို ချိန်ညှိလို့ပေးလို့ခဲ့ပါတယ်။ မကြာခင်မှာသူတို့ရဲ့စစ်ကူတွေက ရောက်ရှိလာတော့မှာပါ။
ဟို့ယွိဟောင်လဲ မျက်လုံးကိုပိတ်ထားခဲ့ပါတယ်။ သူလဲ ဒီလိုမြင်ကွင်းကြောင့် ထိတ်လန့်နေဆဲပါ။ နောက်ဆုံးတော့လဲလူအများကြီးကို ဒီလိုသတ်ဖြတ်ဖူးတာပထမဆုံးအကြိမ်ပါပဲ။ စစ်မြေပြင်ဖြစ်ပေမဲ့ ဒါကသူ့ရဲ့စိတ်ကို ထိခိုက်စေခဲ့တယ်။
စစ်ပွဲထဲမှာတော့ စိတ်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်ပေမဲ့ ဒီလိုစစ်ပွဲပြီးချိန်မှာ များပြားတဲ့စိတ်ခံစားချက်တွေဖြစ်လာတာကိုတော့ မထိန်းချုပ်နိုင်ပါဘူး။ အကယ်၍ သူ့အနေနဲ့ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကိုအမှန်တကယ်နားလည်သဘောပေါက်ချင်တယ်ဆိုရင် စစ်မြေပြင်ထဲကို၀င်မှရမယ်လို့ အကြီးအကဲမုပြောတာကို ပြန်လည်ကြားယောင်လို့လာခဲ့ပါတယ်။ ဒီနေ့တော့သူစစ်မြေပြင်ထဲကို ခြေချခဲ့ပါပြီ။ ရန်သူရဲ့ထောင်ချီတဲ့စစ်တပ်ကိုတိုက်ခိုက်ရင်းသူ့ရဲ့အပေါင်းအဖော်ကိုကာကွယ်ဖို့လဲလိုသလို တစ်ချိန်တုန်းက သူမိတ်ဆွေဖြစ်ခဲ့တဲ့သူကိုလဲ ကယ်တင်ရပါလိမ့်မယ်။ ဒီဖိအားတွေက သူ့ကိုစိုးရိမ်ပူပန်းစေရုံတင်မက ကြောက်ပါကြောက်လန့်စေခဲ့ပါတယ်။ ဒါက စိတ်လှုပ်ရှားမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ကြောက်လန့်မှုပါ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တစ်ဖက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ရှစ်ဆယ်ထက် အများကြီးသာနေတာမဟုတ်ပါဘူး။ တကယ်တော့ တစ်ဖက်ရန်သူတွေရဲ့စိတ်နဲ့အခြေအနေကို မြန်ဆုံးနားလည်ပြီ တိုက်ခိုက်နိုင်တာကြောင့်သာ ဒီလိုရလဒ်ကိုရရှိခဲ့တာပါ။ အခုအချိန်မှာတော့ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ စိတ်ပိုင်ဆိုင်ရာသင်ခန်းစာတွေက အသုံး၀င်လာခဲ့ပါပြီ။
စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် တစ်ဖက်ရန်သူရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက စိတ်အေးလက်အေးဖြစ်နေခဲ့တာကို နားလည်ခဲ့ပါတယ်။ ဒါ့အပြင် သူ့တို့တွေကလဲ အချိန်အကြာကြီးလိုက်ဖမ်းနေခဲ့ရတာကြောင့် အင်အားအတော်ကိုကုန်နေခဲ့ပါပြီ။ ကျွီးကျင့်တို့အဖွဲ့ကနေ တစ်စုံတစ်ရာဆင်းလာပြီသူတို့ကို ဒီအချိန်မှာ တိုက်ခိုက်မယ်လို့လဲထင်ထားခဲ့မှာမဟုတ်ပါဘူး။
ရန်သူတွေရဲ့သတိလက်လွှတ်မှုကို အခွင့်ကောင်းယူရင် နောက်ဆုံးမှာတော့ သူကုန်လုံးကိုချေမှုန်းနိုင်ခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့ ၀င်ခဲ့တာကြောင့်သာ အသန်မာဆုံးအင်အားကိုထုတ်သုံးနိုင်ခဲ့တာပါ။
ဒီတွက်ချက်မှုတွေအားလုံးက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထဲမှာဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ပါတယ်။ သူ့ရဲ့ဆက်တိုက်သတ်ဖြတ်မှုနဲ့အတူ ၀မ်သုန့်ရဲ့တိုက်ခိုက်မှုတွေက တစ်ဖက်စစ်တပ်ကိုအတော်လေးအထိနာသွားစေခဲ့တယ်။ ကျွီးကျင့်ရဲ့အသိပညာနဲ့ဆိုရင် တစ်ဖက်ရန်သူရဲ့အခြေအနေကို သူတိတိကျကျခန့်မှန်းထားမှာပါ။ ဒါကြောင့်လဲ အောင်မြင်မှုကမြန်ဆန်ခဲ့ပါတယ်။ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကလဲ အတော်ကိုအင်အားကြီးနေခဲ့တယ်။ ဒါက ကြောက်စရာအကောင်းဆုံးအပိုင်ပါပဲ။
သန်မာ၀ိညာဥ်ပညာရှင်တွေအတွက် သူတို့ရဲ့၀ိညာဥ်စွမ်းရည်တွေက သေချာပေါက် အကန့်အသတ်တစ်ခုအထိ ကန့်သတ်ခံထားရမှာပါ။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေရဲ့သက်တမ်းကလဲ အရေးကြီးတဲ့အချက်ပါ၀င်နေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်ရဲ့အခြေအနေတွေအားလုံးက သူမတူအောင်ထူးခြားနေလို့သာ ဒီလိုရလဒ်မျိုးကိုဖန်တီးနိုင်တာပါ။ ဟို့ယွိဟောင်က ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်ပြီ ၀မ်သုန့်က၀ိညာဥ်ဧကရာဇ်တစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းစွမ်းရည်က ၀ိညာဥ်သူတော်စင်တစ်ယောက်နဲ့တော့ ခုခံနိုင်မှာဟုတ်ပါဘူး။ ဒါ့အပြင် စိတ်၀ိညာဥ်မုန်တိုင်းက အရမ်းကိုအားကောင်းတဲ့စိတ်၀ိညာဥ်တိုက်ခိုက်မှုဖြစ်တာကြောင့် အဝေးပြစ်တိုက်ခိုက်မှုတွေကို ကိုယ်စားပြုတဲ့တိုက်ခိုက်မှုတစ်ခုလဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါ့အပြင် ဧကရာဇ်နယ်မြေကို သူထည့်သွင်းထားတာပါ။
စိတ်၀ိညာဥ်မုန်တိုင်းက ကြောက်စရာကောင်းလောက်အောင် လူသတ်နိုင်မှုကမြင့်မားပါတယ်။ အဆင့်လေးနဲ့ အဆင့်ငါး၀ိညာဥ်လက်နက်ပညာရှင်တွေအားလုံးက ဆေး၀ါးတွေကိုအသုံးပြုပြီး အဆင့်တက်လာခဲ့တာကြောင့် အခြေခံကလဲမခိုင်ပါဘူး။ ကြောက်စရာကောင်းလွန်လှတဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာ မခုခံနိုင်တာပါပဲ။ ဒီတိုက်ခိုက်မှုက တကယ်ပဲအားလုံးကို တစ်ချက်ထဲနဲ့ဖယ်ရှားနိုင်ဖို့အသုံး၀င်နေခဲ့တယ်။
တခဏတာတိတ်ဆိတ်နေပြီတဲ့နောက် ရန်သူတွေကိုတိုက်ခိုက်ပြန်ပါပြီ။ ဒါပေမယ့် သူတို့ရဲ့စိတ်ဓာတ်ကအတော်ကျနေပြီဖြစ်တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေကလဲ နှေးကွေးလို့လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လူတိုင်ကဒီအဖြစ်အပျက်ကို မြင်တာမဟုတ်တာကြောင့် နောက်ပိုင်းမှရောက်လာတဲ့စစ်တပ်ကတော့ မြန်မြန်ဆန်းဆန်းပဲ တောင်ဆီကိုချဥ်းကပ်လို့လာနိုင်ခဲ့ပါတယ်။
အပိုင်း ၁၈၉•၂ ပြီး၏။