အပိုင်း ၁၈၉•၁
” ဆူပူမှုကြားထဲက တည်ငြိမ်ခြင်း ”
°°°
သူတို့နှစ်ယောက်ပျံသန်းလိုက်ချိန်မှာတော့ ၀ိညာဥ်စွမ်းအားအလင်းတန်းခြောက်တိုင်က ချက်ချင်းဆိုသလို ဖြစ်ပေါ်လို့လာပါတော့တယ်။ ဟို့ယွိဟောင်က လှုပ်ရှားမှုတွေကို လှလှပပလေးထိန်းချုပ်နေရင်း မြေပြင်အထက်ငါးမီတာအကွာမှာသာ ပျံသန်းနေခဲ့တာပါ။ တစ်ဖက်ကနေလိုက်နေတဲ့ စစ်သည်တော်တွေကတော့ အတော်ကိုနီးကပ်လို့နေခဲ့ပါပြီ။ ဒါ့အပြင် သူတို့ရဲ့အရှေ့မှာရှိနေတဲ့အဖွဲ့နဲ့ကြားက ကွာခြားချက်ကို အမြန်ဆုံးထိုးဖောက်ဖို့အတွက် ကြိုးစားလို့နေခဲ့တယ်။
ကျွီးကျင့်နဲ့ ခက်ခက်တို့က ထွက်ပြေးနေတဲ့အဖွဲ့ရဲ့ ဘယ်နေမှာရှိနေလဲဆိုတာ ဟို့ယွိဟောင်ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ဒီ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့အုပ်စုကသူတို့ရဲ့ရူးသွပ်တဲ့တိုက်ခိုက်မှုအကြောင်းကို ကောင်းကောင်းနားလည်သွားပြီချိန်မှာတော့ ခက်ခက်က သူ့ရဲ့ အမြောက်ကြီးတွေကို ချက်ချင်းဆိုသလို ထုတ်သုံးဖို့ပြင်ပါတော့တယ်။ အကယ်၍ တစ်ဖက်ရန်သူကသာ သူတို့အခြေအနေမျိုးမှာ ဆက်ပြီဖိအားပေးနေခဲ့မယ်ဆိုရင် သူတို့ရဲ့အသက်ရှင်နိုင်မှုက အတော်ကိုခက်ခဲလို့သွားလိမ့်မယ်။
ဒီအချိန်မှာပဲ ကျွီးကျင့်နဲ့ ခက်ခက်တို့ရဲ့စိတ်ထဲကို အသံတစ်သံက၀င်ရောက်လာခဲ့ပါပြီ။
” ကျွန်တော်ယွိဟောင်ပါ ”
ဒီရိုးရှင်းတဲ့စကားတစ်ခွန်းက ကောင်မလေးနှစ်ယောက်ကိုချက်ချင်းတုန်ရီလို့သွားစေခဲ့ပါတယ်။ ခက်ခက်ကတော့ အတော်ကိုပျော်မြူးလို့သွားခဲ့ပြီ သူအော်ပါတော့တယ်။
” သူရောက်လာပြီ ငါတို့ကိုကူညီဖို့သူရောက်လာပြီ ”
ကျွီးကျင့်ကတော့စကားမပြောခဲ့ပါဘူး။ အောက်နှုတ်ခမ်းကိုသာကိုက်ထားခဲ့ရင်း စိတ်ခံစားချက်တွေရှုပ်ထွေးလို့နေခဲ့ပါတယ်။ သူ့ ဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က သူတို့အနားကို နီးကပ်လာခဲ့ပါပြီ။ သူတို့ရဲ့ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေက အရှိန်ကိုလျှော့ချလိုက်ပြီ ကျွီးကျင့်နဲ့ ခက်ခက်ရဲ့ဘေးကိုဆင်းသက်လာပါတော့တယ်။
” ပြေးမနေနဲ့တော့ မင်းတို့ရဲ့ရန်သူက မင်းတို့ကိုအပြည့်အ၀၀ိုင်းထားလိုက်ပြီးပြီ ”
ဒါကဟို့ယွိဟောင် မြေပြင်ပေါ်ထိထိချင်ပြောလိုက်တဲ့စကားပါ။ ဒီအချိန်မှာ ကျွီးကျင့်နဲ့ ခက်ခက်ဦးဆောင်လာတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်အုပ်စုက တောင်ပေါ်ကိုအခုမှရောက်လာခါစရှိပါသေးတယ်။
” နင်ဘယ်လိုရောက်လာတာလဲ ”
ကျွီးကျင့်က ၀မ်သုန့်ကိုတစ်ချက်မှတောင်မကြည့်နိုင်ပါဘူး။ ၀မ်သုန့်က ဟို့ယွိဟောင်ထက် အများကြီးချောမောပေမဲ့ သူ့မျက်လုံးထဲမှာရှိတာက ဒီလူတစ်ယောက်ထဲပါပဲ။
သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ကျွီးကျင့်က အခုအထိလှပနေဆဲပါ။ သူမရဲ့အသားကတော့အရင်ကထက်ပိုပြီးညိုမှောင်လို့သွားခဲ့ပါတယ်။ အရင်တုန်းကထက်ကို ပိုကျန်းမာကြံ့ခိုင်လာတဲ့ပုံစံရှိပြီ တောက်ပတက်ကြွတဲ့အမူအရာက အထင်သားပေါ်နေခဲ့တယ်။ တကယ်စစ်သူကြီးတစ်ယောက်အသွင်အတိုင်းဖြစ်နေခဲ့တာပါ။
” ကံကြမ္မာကြောင့်ပဲဖြစ်မှာပေါ့ အခြေအနေဘယ်လိုလဲ ”
” ဒါကနိုင်ငံတော်ကိုပုန်းကန်နေတဲ့ စစ်သားတွေမြောက်ပိုင်းမှာရှိတဲ့ မြို့စားမင်းက ပုန်းကန်ခဲ့တယ်…သူက သူ့ရဲ့ကိုယ်ပိုင်နိုင်ငံကိုတည်ထောင်ချင်နေတယ်လေ ငါတို့က အဲ့ဒီပုန်းကန်မှုကို ဖြေရှင်းဖို့ရောက်နေကြတာ ”
ဒါကသူတို့ရဲ့တကယ်ကံကြမ္မာပဲ ၀မ်သုန့်လဲနောက်ဆုံးတော့ ကျွီးကျင့်နဲ့တွေ့ခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ အံ့ဩနေတဲ့ပုံစံနဲ့ပြောလာခဲ့တယ်။
” ဒါက မင်းပုန်းကန်ကိုဖြေရှင်းတဲ့ပုံစံလား လမ်းဘေးခွေးအတိုင်းမောင်းထုတ်ခံနေရတာလေ ”
” ပထမဆုံးရောက်ရောက်ချင်းငါတို့ကိုလာပြီ အပြစ်ပြောမနေနဲ့ ငါတို့ကထောင်ချောက်ထဲကျသွားတာ ဒါကနည်းနည်းပါးပါး၀န်ရံခံရသေးတာပဲရှိသေးတယ်…စစ်တပ်ရဲ့တကယ်အင်အားစုထဲမှာလူကသောင်းနဲ့ချီပြီ ရှိတယ်…သူတို့တွေက ငါတို့ရဲ့ပိုပြီးကြီးမားတဲ့ထောင်ချောက်ထဲကိုရောက်သွားတာ ငါတို့ရဲ့လူတွေက နောက်တစ်နာရီအတွင်းရောက်လာလိမ့်မယ်…အချိန်ကြလာရင် ဒီကောင်တွေထွက်ပြေးလို့ရတော့မှာမဟုတ်ဘူး ”
ခက်ခက်က မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ နှာခေါင်းရှုံ့လိုက်တယ်။
” တစ်နာရီကျော်ကြာအောင် မင်းတို့တောင့်ခံနိုင်ပြီ နောက်ဆုံးအချိန်မှာ ရယ်မောနိုင်မယ်ထင်နေတာလား ”
ကျွီးကျင့်က ခေါင်းညိတ်လိုက်ပါတယ်။
” ဒါငါအမှားပါပဲ ရန်သူရဲ့အရေအတွက်ကို ငါလျှော့တွက်လိုက်မိတယ်…ဒါ့အပြင် သူတို့တွေဒီလောက်ကြီးအထိ သည်းကြီးမည်းကြီးလိုက်နေမယ်လို့ မထင်ထားခဲ့မိဘူး…ငါတို့နဲ့ရင်ဆိုင်ဖို့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ရာကိုတောင် ပို့လိုက်သေးတယ်..ငါတို့ပြဿနာတက်နေတယ်..မကြာခင်မှာ ငါတို့အမီလိုက်ခံရတော့မယ်မြန်မြန်သွားရအောင် ”
” မင်းရဲ့အစွမ်းအစနဲ့ဆိုရင် ဘယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်မှ မင်းကိုတားနိုင်မှာမဟုတ်တာအသေအချာကြီးကို ”
၀မ်သုန့်က ကျွီးကျင့်ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာပါ။ သူမကတကယ်လှပတယ်ဆိုတာကို သူ၀န်ခံရပါလိမ့်မယ်။ အသားအရေကအရမ်းနူးညံ့ချောမွေ့လို့နေခဲ့ပြီ သူ့ရဲ့ကိုယ်ပိုင်အသားအအရေနဲ့မတူညီပါဘူး။ ကျွီးကျင့်ရဲ့စကားတွေကို ကြားပြီတဲ့နောက် သူကပြောလာခဲ့ပါတယ်။
” အကယ်၍ ငါသာသွားချင်တယ်ဆိုရင် ဒီစစ်တပ်ကြီးတစ်ခုလုံးငါအရှေ့ရောက်မလာခင်ထဲက သွားပြီးပြီပေါ့ ”
ဟို့ယွိဟောင်ရဲ့မျက်လုံးတစ်ခုလုံးက အေးစက်လို့သွားပါတော့တယ်။
” အစ်မကြီးကျွီးကျင့် ငါ့ကိုပြော မင်းတို့ကိုလိုက်နေတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ဘယ်လိုအဆင့်အတန်းရှိလဲ သူတို့ကို နေလနိုင်ငံတော်တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆင့်အတန်းထဲမှာ ဘယ်လိုသတ်မှတ်ထားလဲ ”
ကျွီးကျင့်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူမက သူ့ရဲ့ကြောက်စရာကောင်းတဲ့အစွမ်းအစကို ထုတ်ဖော်လာခဲ့ပါပြီ။ သူ့မရဲ့ခံစားချက်တွေအားလုံးကို ချက်ချင်းဆိုသလို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
” သူတို့အားလုံးက အဆင့်လေးတွေကြီးပဲ ခေါင်းဆောင်ကတော့အဆင့်ငါးဖြစ်လိမ့်မယ်။ ၀်ိညာဥ်လက်နက်တွေက အဓိကအဆင့်လေးတွေ အဆင့်ငါး၀ိညာဥ်လက်နက်က ငါးခုတောင်မရှိဘူး…ငါတို့တွေအစောပိုင်းတုန်းက နည်းနည်းပါးပါးဖျက်ဆီးလိုက်ပြီးပြီ ဒါကြောင့် အခုစုစုပေါင်းရှစ်ဆယ်လောက်ရှိလိမ့်မယ် ”
ခဏတာစဥ်းစားပြီတဲ့နောက် ဟို့ယွိဟောင်က နောက်တစ်ကြိမ်မေးလိုက်ပါတယ်။
” ဒီ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ နှောင့်ယှက်မှုမပါဘူးဆိုရင်မင်းတို့ရဲ့တပ်ဖွဲ့က အချိန်ဘယ်လောက်ကြာရှည်တောင့်ခံနိုင်မှာလဲ ”
ကျွီးကျင့်ကမပြောခင် ခက်ခက်က ၀င်ပြောလိုက်ပါတယ်။
” ငါတို့ရဲ့၀ိညာဥ်စွမ်းအားက အများကြီးကုန်နေပြီးပြီ ပြန်မျှကျန်တာသုံးဆယ်ရာခိုင်နှုန်းပဲရှိတော့မယ်..ငါတို့မှာရွေ့လျား၀ိညာဥ်အမြောက်တွေလဲ မရှိဘူး..ဒီလိုအခြေအနေမျိုးမှာ အနှောင့်အယှက်မပါဘူးဆိုရင် ဆယ့်ငါးမိနစ်လောက်ပဲတောင့်ခံနိုင်လိမ့်မယ် ”
” နားလည်ပြီ ”
” ကျွီးကျင့် မင်းရဲ့တပ်ဖွဲ့ကိုဆက်ပြီတော့ ထိန်းကွပ်ထားလိုက် ဒီတောင်ရဲ့ထိပ်ကိုအဓိကတံတိုင်အဖြစ်သုံး အခုကနည်းဗျူဟာတစ်ခုပဲရှိတယ်…စစ်ကူတွေမရောက်ခင်လာတဲ့အထိ တောင့်ခံထားရမယ်…စစ်ကူတွေရောက်လာမယ်ဆိုတာ သေချာလား ”
” လုံး၀ကိုသေချာတယ် ”
ကျွီးကျင့်က ပြန်ဖြေလိုက်ပါတယ်။
” ဒီဗျူဟာကိုငါကိုယ်တိုင်ဆွဲခဲ့တာ ငါတို့မှာစောင့်ဆိုင်းနေတဲ့ စစ်သည်သုံးသောင်းရှိနေတယ်…ဒီ၀ိညာဥ်လက်နက်အတတ်ပညာရှင်အုပ်စုကရန်သူတွေကိိုပိုပြီးနက်နက်ရှိုင်းရှိုင်း၀င်လာအောင် ငါးစာချတာပဲ ရန်သူတွေက ငါတို့ရဲ့စစ်ကူတွေရောက်လာတယ်ဆိုတာကို အခုအထိမသိသေးဘူး…ငါအစောပိုင်းတုန်းက အချက်ပြလိုက်ပြီးပြီ တစ်နာရီအတွင်းမှာငါတို့စစ်တပ်ကရောက်လာလိမ့်မယ်”
” ဒါဆိုရင်မင်းရဲ့နည်းဗျူဟာအတိုင်းသွားလိုက် လက်ရှိအခြေအနေရဆိုရင် ထိုးဖောက်ဖို့ခက်လိမ့်မယ်…အကယ်၍ လွှတ်မြောက်ဖို့အခွင့်အရေးတစ်ခုခုရှိလာမယ်ဆိုရင် လက်ရှိအခွင့်အရေးကိုအမိအရယူလိုက် ”
” အခွင့်အရေးကိုအမိအရယူရမှာလား ငါတို့ဘယ်လိုလုပ်နိုင်မှာလဲ ငါတို့ရဲ့၀ိညာဥ်စွမ်းအားက ကုန်လုနီးပါးဖြစ်နေပြီ ရန်သူရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကလဲ ငါတို့ကိုပစ်မှတ်ထားသေးတယ်…အကွာအကွယ်မလုပ်ခင်အချိန်မှာ ရန်သူစစ်တပ်ကငါတို့ဆီရောက်လာမှာ ”
ကျွီးကျင့်ရဲ့ဘေးမှာရှိတဲ့ လူငယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က ဒေါသတကြီးနဲ့၀င်ပြောလိုက်ပါတယ်။
အခုအချိန်မှာ ရန်သူတပ်ဖွဲ့က သူတို့ဆီကိုတော်တော်မြန်မြန်ဆန်ဆန် ချဥ်းကပ်လာနေတာပါ။ သူတို့က ဆယ်ငါးမိနစ်လောက်သာအချိန်ရပါလိမ့်မယ်။
” ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ငါတို့လက်ထဲအပ်ထားလိုက် ခက်ခက်ရန်သူတွေရောက်မလာခင်ဒါတွေကိုအားလုံးဆီကမ်းပေးလိုက် ”
ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။
သူပြောပြီတဲ့နောက် သူ့ရဲ့ခါးကိုရိုက်လိုက်ချိန်မှာ ၀ိညာဥ်လက်နက်တွေက ချက်ချင်းဆိုသလို ပျံသန်းပြီထွက်ပေါ်လာခဲ့ပါပြီ။ ဒါတွေအားလုံးက အဆင့်လေး၀ိညာဥ်လက်နက်တစ်ခုဖြစ်တဲ့ နို့ပုလင်းတွေကြီးပါပဲ။
နို့ပုလင်းတစ်ခုကိုရပြီတဲ့နောက် ခက်ခက်က မေးလိုက်မိပါတယ်။
” ယွိဟောင် နင်မှာဒါတွေဘယ်လိုလုပ်အများကြီးရှိနေတာလဲ နင်နို့ထိန်းအမေကြီးလုပ်တော့မလို့ ဒီလောက်နို့ပုလင်းတွေဆောင်ထားတာလား ”
ဟို့ယွိဟောင်ရဲ့မျက်နှာက မည်းမှောင်လို့သွားခဲ့ပါပြီ။ ကျွီးကျင့်နဲ့ ၀မ်သုန့်တို့ကတော့စိတ်မထိန်းနိုင်ပဲ ရယ်လိုက်မိပါတော့တယ်။
” ဘာနို့ထိန်းအမေလဲ ဒီနို့ပုလင်းတွေဆိုတာက သူနဲ့အဆင့်တူ၀ိညာဥ်လက်နက်တွေအားလုံးထဲမှာတန်ဖိုးအကြီးဆုံးပစ္စည်းတွေပဲ ငါအားတဲ့အချိန်တိုင်းမှာရောင်းစားဖို့လုပ်ထားတာလေ ငါလဲသုံးလို့ရတာပေါ့ မင်းတို့သုံးပြီရင် ငါကိုပြန်ပေးရမယ်…ဒီပစ္စည်းတွေကို ငါကတစ်ယောက်ချင်းဆီအတွက်ငှားမယ် ၀မ်သုန့် သွားမယ် ”
သူပြောပြီတဲ့နောက် ၀မ်သုန့်လက်ကိုဆွဲပြီ ကောင်းကင်ပေါ်ကိုပျံထွက်လို့သွားပါတော့တယ်။ သူတို့တွေက တစ်ဖက်ရန်သူတွေရောက်မလာခင်တောင်ပေါ်ကို အမြန်ဆုံးရောက်အောင်သွားကြတာပါ။
” ယွိဟောင် ”
ကျွီးကျင့်ကခေါ်ပေမဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကသွားလိုက်ကြပါပြီ။
အစောပိုင်းတုန်းက ဟို့ယွိဟောင်ကိုပြန်ပြောခဲ့တဲ့လူငယ်လေးက ပြောလာခဲ့တယ်။
” ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှစ်ဆယ်ကျော်ရှိနေတာကို သူတို့ကိုယ်သေတွင်းကိုယ်သွားတူးတာလား ”
ကျွီးကျင့်က ချက်ချင်းဆိုသလို ဒေါသထွက်လာပါတော့တယ်။
” ပါးစပ်ပိတ်ထားစမ်း ကိုယ်သေတွင်းကိုယ်တူးတယ်တဲ့လား သူတို့တွေလုပ်တဲ့ကိစ္စကို နင်တောင်လုပ်၀ံ့တယ်လား ”
ဘယ်လိုအကြောင်းကြောင့်မှန်းမသိ ၀မ်သုန့်ရဲ့လက်ကိုဟို့ယွိဟောင်ဆွဲပြီထွက်သွားချိန်မှာ သူမရဲ့သွေးတွေဆူပွက်လာသလိုခံစားလိုက်ရပါတယ်။
အမျက်ဒေါသကျောင်းတော်က ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို ဘာကြောင့်များအကောင်အထည်ဖော်ထားရတာလဲ ပြိုင်ဘက်ကင်းစစ်သည်တော်ဆိုတာက တစ်ယောက်ထဲနဲ့ စစ်တပ်တစ်တပ်ကိုထိန်းချုပ်နိုင်သူဖြစ်သလို စစ်ပွဲတစ်ခုလုံးရဲ့ရလဒ်ကိုလဲ သိနေသူပါပဲ။
အခုအချိန်မှာတော့ ဟို့ယွိဟောင်က သူ့ရဲ့ပထမဆုံးစစ်ပွဲကိုတွေ့ကြုံရပါတော့မယ်။
ပထမဆုံးလုပ်ရမဲ့အလုပ်ကတော့ ရန်သူခေါင်းဆောင်ကိုအလဲထိုးရမှာပါ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဆိုတာက တစ်ဖက်စစ်တပ်ရဲ့အဓိကအချက်အခြာတွေပါပဲ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကို ဖယ်ရှားနိုင်မှသာရန်သူတွေရဲ့အဝေးပြစ်တိုက်ခိုက်မှုတွေက ပျောက်ဆုံးသွားမှာပါ။ ဒါဆိုရင် တောင်ထိပ်မှာရှိနေတဲ့သူတွေလဲ အချိန်ပိုဆွဲပေးနိုင်ပါလိမ့်မယ်။
ဟို့ယွိဟောင်ကတော့ လုံး၀စိတ်ဆုံးဖြတ်လိုက်ပါပြီ။ အရွယ်ထက်မမျှတဲ့အတွက် သူမကြောက်ပါဘူး။ ၀မ်သုန့်ကလဲ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့ပါတယ်။ သူအရမ်းကိုတည်ငြိမ်လွန်တာကြောင့် အေးစက်တဲ့ရုပ်သွင်တောင်ပေါက်ရောက်နေခဲ့ပါပြီ။ သူတို့နှစ်ယောက် ပျံထွက်သွားတဲ့ပုံစံက လင်းယုန်တွေလိုပါပဲ။ ချက်ချင်းဆိုသလို မြေပြင်ရဲ့ပထ၀ီအနေအထားကိုအသာစီးရယူရင် ရန်သူတွေဆီကိုရောက်သွားခဲ့တယ်။ တစ်ဖက်စစ်သည်တွေကတော့ မပြင်ဆင်ထားတာအသိအသာကြီးပါ။ သူတို့တွေအခုလက်ရှိအချိန်မှာ ၀ိညာဥ်လက်နက်တွေကိုထုတ်ပြီ တိုက်ခိုက်ဖို့အတွက်သာ ပြင်ဆင်ရမှာပါ။
ဟို့ယွိဟောင်ရဲ့နဖူးဆီကနေ လှိုင်းတချို့အပြင်ကိုပြေးထွက်လို့သွားခဲ့ပါပြီ။ သူနဲ့ ၀မ်သုန့်နှစ်ယောက်က ဒီတိုက်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့လိုပါတယ်။ ဒါကြောင့် အစကထဲကနေ စိတ်၀ိညာဥ်နှောင့်ယှက်မှုကိုစတင်အသုံးပြုလိုက်တာပါ။
စိတ်၀ိညာဥ်စွမ်းအားက အများကြီးတိုးတက်လာခဲ့တဲ့အတွက် ၀ိညာဥ်စွမ်းအားကလဲ အများကြီးမြင့်တက်လာပါတယ်။ အင်အားကြီးလွန်လှတဲ့ နှောင့်ယှက်မှုအောက်မှာ၀ိညာဥ်စက်ကွင်းလေးကွင်း ငါးကွင်းရှိတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက သူတို့ဘယ်လောက်အထိ အခြေခံမခိုင်လဲ ရှင်းရှင်းလင်းလင်းမြင်တွေ့လာရပါတော့တယ်။ သူတို့ရဲ့၀ိညာဥ်လက်နက်တွေကိုအသုံးပြုတာလဲ နှေးကွေးလို့သွားခဲ့သလို ပစ်မှတ်ကိုလဲမချိန်နိုင်တော့ပါဘူး။
” ငါအရှေ့ကဦးဆောင်မယ်…မင်းအနောက်ဖက်လူတွေကိုထိန်းပေး ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ၀မ်သုန့်ရဲ့အရှေ့ကိုရောက်သွားပါတယ်။ ၀မ်သုန့်ကတော့ သူ့ရဲ့ခါးကိုကိုင်ထားလိုက်ပါတယ်။ သူတို့ခန္ဓာကိုယ်တွေဒီလိုထိတွေ့သွားချိန်မှာတော့ ဟောင်စုန့်ရဲ့၀ိညာဥ်စွမ်းအားကလဲ မြန်မြန်ဆန်ဆန်လှည့်ပတ်လာခဲ့ပါပြီ။ ၀မ်သုန့်ရဲ့၀ိညာဥ်လက်မောင်းအရိုးက တောက်ပလို့လာခဲ့ပြီ ဟို့ယွိဟောင်ရဲ့ခါးကို ခါးပတ်တစ်ခုလိုပတ်ထားလိုက်ပါတော့တယ်။
ဟို့ယွိဟောင်ကတော့ အခုအချိန်မှာ သူ့ရဲ့ဩဇာအရှိန်အ၀ါကို အပြည့်အ၀ထုတ်သုံးပြီ လေထဲကနေအကြောက်တရားလက်သည်းတွေကို ထုတ်လိုက်ပါတယ်။ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ခြောက်မီတာကျော်ရှည်လျားလို့နေခဲ့ပြီ အနည်းဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်ငါးယောက်ကို အပိုင်းပိုင်းဆွဲထုတ်ပြစ်လိုက်ပါတော့တယ်။
ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကနေ ပြင်းထန်တဲ့တောက်ပတဲ့မိုးပြာရောင်အလင်းတန်းက ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒီအလင်းတန်းက အပြင်ကို၀ုန်းကနဲတစ်ချက်ထွက်သွားပြီတဲ့နောက် ပြန်ပျောက်လို့သွားပါတော့တယ်။ ရှိသမျှအလောင်းတွေက ရေခဲတုံးကြီးတွေဖြစ်သွားခဲ့သလို ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကိုပစ်လွှတ်လိုက်တဲ့အမြောက်တွေအားလုံးကလဲ အေးခဲလို့သွားပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်ကနေ ရွှေရောင်အလင်းတန်းတွေက မရေမတွက်နိုင်အောင်ထွက်ပေါ်လာပြီတဲ့နောက် လိပ်ပြာတောင်ပံဓားချက်ရဲ့တိုက်ခိုက်မှုကလဲ စတင်ပြီပျောက်ကွယ်တော့တယ်။
ဟို့ဟွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့အကူအညီဲနဲ့အတူ ဒီအတောင်ပံဓားတွေက မျက်လုံးဖွင့်ကြည့်စရာမလိုပဲ ပစ်မှတ်ကိုတန်းတန်းမတ်မတ်ထိတွေ့နိုင်ပါတယ်။ ရေခဲတုံးတွေကို သူကတိတိကျကျဖြတ်တောက်လိုက်ချိန်မှာတော့ သွေးတွေကနေရာအနံ့ကိုဆက်တိုက်ဆိုသလိုစီးကျလို့သွားခဲ့တယ်။
ဟို့ယွိဟောင်လဲ ဘယ်ဘက်လက်ကိုမြောက်လိုက်ချိန်မှာမိုးပြာရောင်အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။ မရေမတွက်နိုင်တဲ့ပေါက်ကွဲသံတွေက နေရာအနံ့မှာထွက်ပေါ်လာပါတော့တယ်။
ရေခဲနဲ့ထိတွေ့ထားသမျှအရာမှန်သမျှအားလုံးက ဖောက်ခွဲမှုနည်းလမ်းအောက်မှာ ပျက်စီးပေါက်ကွဲလို့သွားပါတော့တယ်။ ဒီအလောင်းတွေက ဟို့ယွိဟောင်ရဲ့လက်နဲ့မထိတွေ့ထားပဲနဲ့လဲ ပေါက်ကွဲဆဲပါပဲ။ ဟို့ယွိဟောင်ရဲ့တိုက်ရိုက်ထိတွေ့မှုရနေတဲ့ ပေါက်ကွဲမှုကတော့ပိုပြီးပြင်းထန်ပါတယ်။
ဒီလိုပေါက်ကွဲမှုတွေက လုံလောက်တဲ့ပျက်စီးမှုကို ဖြစ်စေနိုင်မယ်လို့ဟို့ယွိဟောင်မထင်ထားခဲ့ပါဘူး။ သူတို့နဲ့၀မ်သုန့်နှစ်ယောက်အနီးကိုပိုပြီးကပ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုဖန်တီးနိုင်မယ်လို့လဲ ထင်ခဲ့တာပါ။
ရေခဲအပိုင်းအစတွေက နေရာအနှံ့ကိုပြန့်ထွက်လာပြီ ပေါက်ကွဲတော့မဲ့အချိန်မှာပဲ ၀မ်သုန့်ကိုသူဆွဲခေါ်သွားပါတယ်။
ဒီအချိန်မှာတော့ ၀မ်သုန့်အနေနဲ့လဲ ဟို့ယွိဟောင်ခန္ဓာကိုယ်နဲ့ အပြည့်အ၀ပေါင်းစည်းချင်တယ်လို့ခံစားမိလိုက်တယ်။ ဒါပေမယ့် နောက်ကျောဖက်မှာရှိနေတဲ့ ကြောက်စရာတွန်းအားက သူတို့နှစ်ယောက်ကိုအရှေ့၀ုန်းကနဲထွက်သွားအောင်တွန်းပို့ပေးလိုက်ပါပြီ။ ဒါကတော့ ဟို့ယွိဟောင်ရဲ့၀ိညာဥ်ရှပ်ပြေးတွေပါပဲ။
အပိုင်း ၁၈၉•၁ ပြီး၏။