Switch Mode

Chapter – 188.2

ဘယ်လိုလုပ်သူမဖြစ်နိုင်မှာလဲ

အပိုင်း ၁၈၈•၂

” ဘယ်လိုလုပ်သူမဖြစ်နိုင်မှာလဲ ”
°°°
ဟို့ယွိဟောင်က ရယ်မောရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။

” မင်းအရင်တုန်းကလိုမျိုး ၀ိညာဥ်လက်နက်တွေကို မငြင်းပယ်ဖို့ပဲငါကမျှော်လင့်နေခဲ့တာ ”

၀မ်သုန့်ရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီတဲ့နောက် သူပြန်ပြောလာခဲ့ပါတယ်။

” ငါမင်းကိုသတိပေးရဦးမယ်..ငါမိသားစုက ၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်ပြီအတော်ကို သဘောမကျကြဘူး..ဒါကြောင့် အကယ်၍ အဆင်ပြေမယ်ဆိုရင် သူတို့အရှေ့မှာမသုံးတာပိုကောင်းလိမ့်မယ် ”

ဟို့ယွိဟောင်တခဏတာမျက်လုံးပြူးလို့သွားခဲ့ပါတယ်။

” ဒါဆိုရင် မင်း၀ိညာဥ်လက်နက်တွေကိုမသုံးရတာမကြိုက်တဲ့ကိစ္စလား မင်းရဲ့မိသားစုအဓိကကြောင့်ပါတာပေါ့ ကောင်းပြီလေ ငါသေချာမှတ်ထားပါ့မယ် ”

” သွားကြစို့ ဒီပျံသန်းရေးပစ္စည်းအသစ်ရဲ့စွမ်းအားကိုငါအရင်ဆုံးစမ်းကြည့်လိုက်ဦးမယ် ”

၀မ်သုန့်က နောက်ဆုံးတော့လဲ သွက်လက်တက်ကြွနေတဲ့လူငယ်လေးတစ်ယောက်ပါ။ ဒီလိုမျိုးထူးဆန်းပြီနူးညံ့တဲ့လက်ရာမြောက်၀ိညာဥ်လက်နက်က်ို ရရချင်သူစမ်းသပ်ချင်စိတ်တွေက ပြင်းပြလို့လာပါတော့တယ်။ လက်ဆောင်ကောင်းတစ်ခုကိုရလိုက်တဲ့ကလေးတစ်ယောက်အတိုင်းပျော်ရွှင်လို့နေခဲ့ပြီ စမ်းဆော့ကြည့်ဖို့ကိုမစောင့်နိုင်တော့ပါဘူး။

ဟို့ယွိဟောင်က သူ့ကိုတားလိုက်ရင်းပြောလာခဲ့တယ်။

” အရမ်းကြီးလောမနေနဲ့ဦး ငါမှာမင်းအတွက်တခြားတစ်ခုထပ်ရှိသေးတယ် ”

သူပြောပြီတဲ့နောက် သူ့ရဲ့အမူအရာကပိုမိုတည်ကြည်လို့လာပါတော့တယ်။ အဲ့ဒီနောက် ပတ်၀န်းကျင်ကိုအကဲခတ်လိုက်ပြီ သူ့ရဲ့ခါးပတ်ထဲကနေ နောက်ထပ်သေးငယ်တဲ့လက်စွပ်တစ်ခုကိုထုတ်ယူလာခဲ့ပါပြီ။ ဒီလက်စွပ်က ငွေဖြူရောင်တောက်ပလို့နေခဲ့ပြီ အရမ်းကိုအနုစိတ်ထွင်းထုထားသလိုမျက်နှာပြင်ပေါ်မှာလဲ ရိုးရှင်းတဲ့ဗျူဟာတွေရှိနေခဲ့ပါတယ်။ ၀မ်သုန့်က သူ့ရဲ့လက်စွပ်ကိုစိုက်ကြည့်နေရင်း အထိတ်တလန့်ပြောလာခဲ့တယ်။

” ယွိဟောင် မင်းငါ့ကိုလက်စွပ်ပေးနေတာလား ”

” ဘာတွေတွေးနေတာလဲ ဒါကသာမန်လက်စွပ်မဟုတ်ဘူး…ပစ္စည်းတွေကိုထည့်သိမ်းလို့ရတဲ့၀ိညာဥ်လက်နက်တစ်ခုပဲ ”

” ဘာပဲဖြစ်ဖြစ် လက်စွပ်ဖြစ်နေတုန်းပဲလေ ”

ဟို့ယွိဟောင်လဲ သူ့ရဲ့သူငယ်ချင်းခေါင်းမာမှုကြောင့် အနည်းငယ်လန့်သွားခဲ့ပါတယ်။

” ကောင်းပြီ အထဲမှာရှိနေတဲ့ပစ္စည်းတွေကိုကြည့်လိုက်ဦး ”

” ဟုတ်ပြီလေ ”

၀မ်သုန့်က လက်စွပ်ကိုဂရုတစိုက်နဲ့ သူ့ဘယ်ဘက်လက်ခလယ်မှာ၀တ်လိုက်ပါတယ်။ ဒီလက်စွပ်က အနည်းငယ်ကြီးနေခဲ့တာကြောင့် သူမျက်မှောင်ကြုတ်သွားခဲ့မိတော့တယ်။ ဒါပေမယ့် ၀ိညာဥ်စွမ်းအားထည့်သွင်းပြီ ဒီလက်စွပ်ကိုထိန်းချုပ်လိုက်ချိန်မှာတော့ သူ့ရဲ့လက်နဲ့လိုက်ဖက်ညီအောင်အံ၀င်ခွင်ကျဖြစ်အောင်လို့ အရွယ်အစားကိုက်သွားပါတော့တယ်။

သူ့လက်ထဲမှာရှိနေတဲ့ ပစ္စည်းကိုကြည့်ရင်း ၀မ်သုန့်လဲအနည်းငယ်တုန်လှုပ်လို့နေခဲ့ပါပြီ။ ဒါကသူ့လက်ဖ၀ါးထက် အနည်းငယ်သာပိုကြီးတဲ့အ၀ိုင်းပုံသဏ္ဍာန်ရင်ဘတ်ကာတဲ့အပြားတစ်ခုပါပဲ။ ဒါက ငွေရောင်တောက်ပလို့နေခဲ့ပြီ ကြီးမားတဲ့ကျောက်မျက်ရတနာကြီးတစ်ခုကလဲ သူ့ရဲ့အလယ်တည့်တည့်မှာရှိနေခဲ့တယ်။

ဒီအပြာဖျော့ဖျော့ကျောက်မျက်ရတနာက အပေါ်ယံမှာတစ်လက်လက်တောက်ပနေတဲ့ မျဥ်းကြောင်းခြောက်ကြောင်းလဲရှိနေပါသေးတယ်။ သူ့ရဲ့ထူးခြားတဲ့အရောင်အသွေးပြောင်းလဲမှုတွေက နေရောင်အောက်မှာ ပိုပြီးတော့ သက်၀င်လှုပ်ရှားလို့နေခဲ့တာပါ။ အပြာရောင်အလင်းပြန်မှုက ၀မ်သုန့်ရဲ့မျက်နှာပေါ်ကိုတောင် ကျရောက်လို့လာခဲ့ပါတယ်။

” အရမ်းလှတာပဲ ”

၀မ်သုန့်ကတော့ အတော်ကိုသဘောကျမှုအပြည့်နဲ့ ပြောနေခဲ့ပါတယ်။ အဲ့ဒီနောက် ခေါင်းမော့ရင်းကြည့်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်နှာအမူအရာက သူ့ရဲ့စိတ်ကိုတစ်မျိုးတစ်ဖုံမသက်မသာဖြစ်သွားစေခဲ့တယ်။

” မင်းဘယ်တုန်းကသိသွားတာလဲ ”
၀မ်သုန့်က မေးလာခဲ့ပါတယ်။

” ဘာသိရမှာလဲ အခုဒီပစ္စည်းကိုသိမ်းထားပေးဦး မင်းအရမ်းအရမ်းကြီးကိုဂရုစိုက်ဖို့တော့ လိုလိမ့်မယ်…ဘယ်သူဒီပစ္စည်းကို အမြင်မခံစေနဲ့ ဒါက ကြယ်အလင်းနီလာတုံးကြီးပဲ…ငါဘ၀မှာပထမဆုံးဒီလောက်ကြီးမားတဲ့ ကြယ်အလင်းနီလာတုံးကြီးကိုမြင်ဖူးတာ ဒါကိုလေဟာနယ်ကျောက်မျက်ရတနာလို့လဲခေါ်တယ်…ကမ္ဘာလောကကြီးတစ်ခုလုံးမှာ အကြီးမားဆုံးသိုလှောင်ရေး၀ိညာဥ်ပစ္စည်းလို့ပြောရမယ်…အထဲမှာထည့်ထားတဲ့ပစ္စည်းကိုထုတ်ဖို့လုံး၀မကြိုးစားနဲ့ ပြီရင်အမျက်ဒေါသကျောင်းတော်ကိုရောက်ရင် ဒီပစ္စည်းငါ့ကိုပြန်ပေး ”

” ဒါဆိုရင် ဒီပစ္စည်းကငါအတွက်မဟုတ်ဘူးပေါ့ ”
၀မ်သုန့်က ပြန်မေးလာခဲ့ပါတယ်။

” ဒါပေါ့ ဘယ်ဟုတ်မလဲ ပျံသန်းရေး၀ိညာဥ်ပစ္စည်းကတော့ငါရဲ့လက်ဆောင်ပဲ ”

၀မ်သုန့်ရဲ့မျက်နှာကတော့ နီရဲလို့နေခဲ့ပါပြီ။ အဲ့ဒီနောက် သူရဲ့အကြည့်ကချက်ချင်းဆိုသလို ရက်စက်လို့သွားပါတော့တယ်။

” သေပေရော့ မင်းစောင့်နေစမ်းပါ ”

အဲ့ဒီနောက် ကြယ်အလင်းရဲ့ရောင်ပြန်ဟပ်မှုကို အသုံးပြုရင်း တောက်ပတဲ့အလင်းတန်းတွေကိုထုတ်လွှတ်ကာကောင်းကင်ပေါ်ကိုထိုးတက်လို့သွားပါတော့တယ်။

” ငါကိုစောင့်ဦး မင်းရဲ့လူသားဆန်မှုက ဘယ်မှာလဲ ငါမင်းကိုလက်ဆောင်ပေးတာတောင် ဒီလိုပုံစံမျိုးနဲ့ ပျံတက်သွားတယ်ပေါ့ဟုတ်လား ”

ဘာဖြစ်လို့ဖြစ်သွားမှန်းမသိတဲ့ ဟို့ယွိဟောင်က အော်ဟစ်ရင်းနဲ့ကောင်းကင်ပေါ်ကိုပျံတက်လို့လာပါတယ်။

၀မ်သုန့်က တကယ်တော့အစွမ်းကုန်ပျံတက်လို့နေခဲ့တာပါ။ ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားမှာ ၀မ်သုန့်ကိုဘယ်လိုမှယှဥ်လို့မရပါဘူး။ သိပ့်သည်းလွန်လှတဲ့ ၀ိညာဥ်စွမ်းအားတွေကြောင့်သာ ပျံသန်းရေး၀ိညာဥ်လက်နက်ကိုအချိန်အကြာကြီးအသုံးပြုနိုင်နေတာကတော့ ချွင်းချက်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အမြန်နှုန်းကတော့၀မ်သုန့်ကိုဘယ်လိုမှယှဥ်လို့မရပါဘူး။ ၀မ်သုန့်ရဲ့အရှိန်အပြင်းဆုံးနဲ့ပျံသန်းလိုက်မယ်ဆိုရင် သူ့ကိုအမီလိုက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ တကယ်ပါပဲ ဒီသူငယ်ချင်းကိုလိုက်ဖမ်းရတာက ခက်ခဲလွန်ပါတယ်။

ဟို့ယွိဟောင်နားလည်ထားသလောက်အရဆိုရင် သူတို့တွေက အရှေ့ဖက်အရပ်ဆီကိုပျံသန်းပြီ ထျန်းဟွမ်နိုင်ငံတော်ရဲ့နယ်စပ်ဆီကိုသွားရမှာပါ။ ဒါပေမယ့် ၀မ်သုန့်က မြောက်ဖက်တည့်တည့်ကိုပျံသန်းလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်က နောက်ကျနေတုန်းဖြစ်ပေမဲ့ ၀မ်သုန့်ကိုသေးငယ်တဲ့အနက်ရောင်အစက်အပျောက်လေးအဖြစ်တော့ မြင်နေရဆဲပါ။

ဘာဖြစ်လို့ ဒီလောက်အထိဒေါသထွက်သွားတာပါလိမ့် ဟို့ယွိဟောင် တွေးလို့မရနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ ပုံမှန်ပစ္စည်းတွေကို ၀မ်သုန့်ဆီပေးတာက အပန်းမကြီးပေမဲ့ ဒီကြယ်အလင်းနီလာတုံးကြီးကတော့ ကြီးမားတဲ့လျှို့၀ှက်ချက်အပြည့်နဲ့ ပစ္စည်းပါနေခဲ့တာပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်အတွက်တောင် ထိပ်တန်းလျှို့၀ှက်ပစ္စည်းဖြစ်နေခဲ့ပါသေးတယ်။ တကယ်ကြီးမားတဲ့ရတနာသိုက်ကြီးတစ်ခုကိုထည့်သွင်းထားတာနဲ့ အတူတူပါပဲ။ အကယ်၍ ဒါကိုသာသူနားလည်နိုင်ခဲ့ပြီဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့နှစ်ပေါင်းထောင်နဲ့ချီအောင် စုဆောင်းလာတဲ့အသိပညာတွေကို သူနားလည်သဘောပေါက်မှာပါ။

ဒါ့အပြင် ဒီပစ္စည်းကိုသူ့နဲ့အတူတူထားတာက ၀မ်သုန့်နဲ့အတူထည့်ပေးပြီ ကျောင်းတော်ကိုပြန်ပို့တာလောက် မလုံခြုံမှန်းလဲနားလည်နေခဲ့တယ်။ ၀မ်သုန့်က ဘာအတွက်ကြောင့်များ ဒီလောက်အထိ ဒေါသထွက်သွားရတာလဲ သူမတွေးတတ်တော့ပါဘူး။

အခုလက်ရှိအချိန်မှာ ၀မ်သုန့်ကိုယ်တိုင်လဲဘယ်သွားလို့ဘယ်ရမှန်းမသိဖြစ်နေမှန်းမတွေးတတ်တော့တာအမှန်ပါ။ အရမ်းကိုရှက်ပြီဒေါသထွက်သွားတာကြောင့် ဟိုအပေါ်ထိကို မြန်နိုင်သလောက်မြန်အောင်သွားရင်း အရှိန်ပြင်းပြင်းနဲ့သာ ပျံသန်းနေခဲ့ပါတယ်။ သူဘယ်လောက်အထိ အရှိန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းလာလဲဆိုတာကိုတောင် သတိမထားမိတော့ပါဘူး။ သူသိတဲ့တစ်ခုတည်သောအရာကတော့ အောက်မှာရှိသမျှအရာအားလုံးက မျက်စိကျိန်လောက်အောင်အရှိန်နှုန်းနဲ့လှုပ်ရှားနေခဲ့တာပါ။

ဟို့ယွိဟောင်ရဲ့ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်က ၀မ်သုန့်မူလပိုင်ဆိုင်ထားတဲ့ပျံသန်းရေး၀ိညာဥ်လက်နက်ထက်သုံးဆမက ပိုပြီးမြန်ဆန်ပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားရဲ့နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ကုန်ဆုံးစေတဲ့အတွက် နှစ်နာရီကြာအောင်ပျံသန်းပြီတဲ့နောက် သူဘယ်တွေကိုရောက်လို့ရောက်လာမှန်းတောင်မသိတော့ပါဘူး။

၀ိညာဥ်စွမ်းအားတွေအတော်လေးကို ကုန်ဆုံးလို့သွားတာကြောင့် အနားယူဖို့အချိန်ကလဲရောက်ရှိလို့လာခဲ့ပါပြီ။ ၀မ်သုန့်ရဲ့စိတ်ခံစားချက်တွေကလဲ ဒီလောက်အထိ ရူးရူးသွပ်သွပ်ပျံသန်းလာပြီမှသာ အနည်းငယ်တည်ငြိမ်လို့သွားပါတော့တယ်။ ဒါကြောင့် အရှိန်ကိုလျှော့ချရင်း ဟို့ယွိဟောင်လိုက်မီလာတာကိုစောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကောင်းကင်ကနေရူးရူးသွပ်သွပ်ပျံသန်းနေပေမဲ့လဲ ဟို့ယွိဟောင်သူ့နောက်မှာပါလာတာကိုတော့ သေချာအောင်စောင့်ကြည့်နေပါသေးတယ်။ ဟို့ယွိဟောင် လမ်းပျောက်သွားမှာကိုတော့မလိုလားခဲ့ပါဘူး။

လက်ရှိအချိန်ဟို့ယွိဟောင်ရဲ့မျက်နှာကတော့ ဖြူဖျော့လို့နေခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စွမ်းအားက လက်ရှိအချိန်မှာ ကုန်ဆုံးလုနီးပါးဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူက ၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိသေးတဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပါ။ ၀မ်သုန့်ကတော့ အမြွှာသိုင်းပညာ၀ိညာဥ်လဲရှိသလို အဆင့်တူ၀ိညာဥ်ပညာရှင်တွေထက်ကို ၀ိညာဥ်စွမ်းအားလဲပိုသာပါတယ်။

ဒီလိုသူ့ကိုလိုက်ဖမ်းနေတဲ့ လမ်းတစ်လျှောက်မှာနို့ပုလင်းကိုအသုံးပြုပြီး နှစ်ကြိမ်တိတိ ၀ိညာဥ်စွမ်းအားတွေကို ဖြည့်တင်းခဲ့ရတယ်။ ဒါကသူ့လုပ်နိုင်သမျှအကုန်ပါပဲ။ ဒီနှစ်နာရီအတွင်းမှာ ကီလိုမီတာလေးရာနဲ့ငါးရာလောက်ပျံသန်းလာခဲ့ပြီးပြီလို့ သူအကြမ်းဖျင်းတွက်ချက်ခဲ့မိပါတယ်။ အကယ်၍ သူတို့သာအမျက်ဒေါသကျောင်းတော်ဖက်ကို ဦးတည်ပျံသန်းခဲ့မယ်ဆိုရင် ဒီလိုအရှိန်နှုန်းနဲ့ဆက်သွားလို့ကတော့ နောက်လေးနာရီအတွင်းကျောင်းပြန်ရောက်တော့မှာပါ။

” ၀မ်သုန့်မင်းကတော့လား ”

ဟို့ယွိဟောင် ၀မ်သုန့်ကိုလေထဲမှာလိုက်မီလာခဲ့ပေမဲ့ အခုအချိန်မှာအသက်မရှုနိုင်လောက်အောင် မောနေခဲ့ပါပြီ။ သူထပ်ပြီတော့တောင် ဘာမှမပြောနိုင်တော့ပါဘူး။

သူတို့တွေအရမ်းကိုမြန်မြန်ပျံလာခဲ့တဲ့အတွက် လေထုရဲ့ဖိအားက အရမ်းကိုကြီးမားပါတယ်။ ဒါကြောင့် ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီးတော့လဲ သူတို့ကိုယ်သူကာကွယ်ထားဖို့လိုအပ်နေခဲ့တယ်။

၀မ်သုန့်ရဲ့နည်းလမ်းကတော့ အတော်ကိုရိုးရှင်းပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုထုတ်လွှတ်လိုက်ရုံပါပဲ။ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေက သူ့ရဲ့အရှေ့မှာကာထားခဲ့ပြီ သူ့ရဲ့တစ်ကိုယ်လုံးကို အလိုအလောက်ကာကွယ်ပြီသားဖြစ်သွားစေခဲ့ပါတယ်။

အရှေ့ကိုမြင်ဖို့အတွက်နည်းနည်းလေးအတောင်ပံကိုဟပ်ထားဖို့ပဲလိုမှာပါ။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့အကာအကွယ်၀ိညာဥ်ဒိုင်းကာနဲ့ ရေခဲဧကရီရဲ့သံချပ်ကာကို ဆက်တိုက်ဆိုသလိုအသုံးပြုရင်း လေထုရဲ့တိုက်စားမှုကိုခုခံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားက အများကြီးကုန်ဆုံးရတာပါပဲ။ ဒါကြောင့် ၀မ်သုန့်ကိုလိုက်မမီမှာ စိုးရိမ်တဲ့အတွက် သူလဲရွေးချယ်စရာမရှိပဲ အကာအကွယ်လက်နက်တွေကို အနှိမ့်ဆုံးအထိလျှော့ချလိုက်ရပါတော့တယ်။ ပြင်းထန်တဲ့လေစီးကြောင်းကိုဖြတ်ပြီပျံသန်းလာတာကြောင့် မျက်နှာကဖြူဖျော့လို့နေခဲ့ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုရှိတာကြောင့်သာသူမျက်လုံးမဖွင့်ပဲနဲ့ ဘယ်နေရာကိုသွားနေလဲသိနိုင်တာပါ။

” ငါဘာဖြစ်လို့လဲ ပြောလေ ”

၀မ်သုန့်က သူ့ကိုကြည့်ပြီစကားမာမာပြောနေခဲ့ပေမဲ့ စိတ်ထဲမှာတော့နာကျင်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က ကောင်းကင်မှာပုခုံးတွန့်လိုက်ပြီရုတ်တရက်ဆိုသလို မျက်လုံးပိတ်ရင်းမြေပြင်ပေါ်ကိုထိုးကျလို့သွားခဲ့ပါတယ်။

၀မ်သုန့်လဲဒါကိုမြင်ချိန်မှာအထိတ်တလန့်နဲ့ ချက်ချင်းဆိုသလို ဟို့ယွိဟောင်ဆီထိုးဆင်းလို့လာခဲ့ပါတယ်။ လေထဲကနေဒီအတိုင်းအောက်ဖက်ဆီထိုးဆင်းသွားတဲ့ဟို့ယွိဟောင်ကို အလင်းလိုအရှိန်နှုန်းနဲ့ သူလိုက်ပြီဖမ်းရတာပါ။ အဲ့ဒီနောက် ဟို့ယွိဟောင်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားရင်း စိတ်ထဲမှာအတော်ကိုနောင်တရနေခဲ့ပါတော့တယ်။

ငါဘာတွေများတွေးမိနေတာလဲ ဒီကောင်က ငါ့ကိုပစ္စည်းတစ်ခုသိမ်းထားပေးဖို့ပဲ ပြောတာလေ ဒါ့အပြင် လက်ဆောင်လဲပေးသေးတယ်။ ငါဘယ်လိုလုပ်ဒီလိုလုပ်လိုက်မိတာလဲ လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံး နေလနိုင်ငံတော်မှာကျောင်းပြောင်းကျောင်းသားအဖြစ် စာသင်နေရတဲ့ဘ၀ကတင် အတော်လေးခက်ခဲနေခဲ့ပြီ ငါဘာဖြစ်လို့သူ့ကိုပြဿနာပေးမိပြန်တာလဲ။

ဆက်တိုက်ဆိုသလို ဟို့ယွိဟောင်ကိုဖက်ထားရင်း ကျန်ရစ်တဲ့၀ိညာဥ်စွမ်းအားတွေကို သူခပ်မြန်မြန်ထည့်သွင်းပေးနေခဲ့ပါတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်မြေပြင်ပေါ်ကိုဆင်းသက်လာခဲ့ပါပြီ။

” ယွိဟောင် ငါကိုမခြောက်နဲ့မင်းဘယ်လိုနေသေးလဲ ငါမှားတာပါ ငါမှားတာပါ ငါဒီလိုမျိုးမလုပ်သင့်ဘူး…မင်းဘာမှဖြစ်လို့မရဘူး ”
၀မ်သုန့်က သူတို့ဘယ်နေရာမှာရှိနေလဲဆိုတာကို ဂရုမစိုက်အားတော့မလို သူ့ရဲ့အသန့်အရှင်းကြိုက်တဲ့စရိုက်တွေကိုလဲ လက်ရှိချိန်မှာမြေပြင်မှာအာရုံမစိုက်အားပါဘူး။ မြေပြင်ပေါ်မှာထိုင်ချရင်း ဟို့ယွိဟောင်ကို ပေါင်ပေါ်တင်ပြီ၀ိညာဥ်စွမ်းအားကို ဆက်တိုက်ထည့်သွင်းပေးနေခဲ့ပါတယ်။ သူအရမ်းကိုစိုးရိမ်ပူပန်လွန်တာကြောင့် မျက်လုံးတွေတောင်နီနေခဲ့ပါပြီ။

တကယ်တော့ သူက အရမ်းကြီးစိတ်ပူနေတာကြောင့်စိတ်မထိန်းနိုင်ပဲဖြစ်နေခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ပုံစံနဲ့ဆိုရင် သူကိုဒီလိုအခက်အခဲတွေ့မဲ့အခြေအနေကိုဘယ်လိုများ တွန်းပို့မှာလဲ။ သူတကယ်ပဲ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်တာမှန်ပေမဲ့ မြေပြင်ပေါ်ကိုဇောက်ထိုးကျလောက်တဲ့အထိ အခြေအနေမဆိုးနိုင်တာတော့အမှန်ပါ။ ၀မ်သုန့်ကိုအနည်းငယ်ခြောက်လန့်ချင်ရုံသက်သက်ပါပဲ။ ဒါမှသာ သူ့ရဲ့ဒေါသလဲဖြေနိုင်မှာပါ။ ဒါပေမယ့် ၀မ်သုန့်ရဲ့ပွေ့ဖက်မှုအောက်မှာ သက်သောက်သက်သာရှိပြီ အေးအေးတည်ငြိမ်တာကိုခံစားမိပါတယ်။ သန့်စင်ပြီနွေးထွေးတဲ့အငွေ့အသက်က သူ့အတွက်အရမ်းကိုသက်သောက်သက်သာရှိလွန်တဲ့ ခေါင်းအုံးတစ်ခုလိုပါပဲ။

” ငါအဆင်ပြေတယ်…ငါ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်သွားရုံပဲ အကယ်၍ နောင်တစ်ကြိမ် မင်းတစ်ခုခုမကျေနပ်တာရှိရင် ငါကိုလာပြော ဒီလိုကြီးမလုပ်နဲ့ ”

ဟို့ယွိဟောင်အားတင်ပြီ မျက်လုံးကိုဖွင့်ရင်းအသံခပ်တိုးတိုးနဲ့ ပြောလာခဲ့ပါတယ်။

” ငါခဏလောက်နားပါရစေဦး ၀ိညာဥ်စွမ်းအားတွေအများကြီးထည့်မနေနဲ့တော့ မင်းလဲနားသင့်တယ် ”

” ဟုတ်ပြီဟုတ်ပြီ ”

၀မ်သုန့်ခပ်မြန်မြန်ပဲ သဘောတူလိုက်ပါတယ်။ သူ့ရဲ့လိမ်လိမ်မာမာပုံစံက အစောပိုင်းကပုံစံနဲ့လုံး၀မတူတော့ပါဘူး။ ဟို့ယွိဟောင်က ရယ်နေခဲ့ပြီ၀မ်သုန့်ရဲ့ပေါင်ပေါ်မှာပျင်းပျင်းရိရိနဲ့ဆက်ပြီ လှဲနေခဲ့ပါတော့တယ်။

အပိုင်း ၁၈၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset