အပိုင်း ၁၈၈•၁
” ဘယ်လိုလုပ် သူမ ဖြစ်နိုင်မှာလဲ ”
°°°
၀မ်သုန့်က အကြောဆန့်ပြီအိပ်ရာအပြင်ကို ထွက်လာခဲ့ပါတယ်။ အိပ်ရာခင်းရဲ့ခြောက်သွေ့ပြီမွှေးပျံ့နေတဲ့အနံ့က သူ့ကိုသက်သောက်သက်သာဖြစ်သွားစေခဲ့တယ်။ အခုလက်ရှိအချိန်မှာတော့ အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ ဟို့ယွိဟောင်ရဲ့ကိုယ်သင်းရနံ့ကိုရှုရှိုက်နေခဲ့ပါတော့တယ်။
” ငတုံးလေးငါတို့တွေက လူငယ်လေးတွေမဟုတ်တော့ဘူးလေ သေချာပေါက် မင်းစိတ်အေးလက်အေးဖြစ်အောင်ကူညီရမှာပေါ့ ဒါပေမယ့် အိမ်ပြန်ခေါ်သွားတယ်ဆိုတာက ဘယ်လိုကိစ္စဖြစ်မလဲဆိုတာကို မင်းသိရဲ့လား ”
သူပလုံးပထွေးနဲ့ ပြောနေခဲ့ရင်း မျက်နှာကလဲ နီရဲလို့လာခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ အခန်းထဲမှာလဲအလင်းရောင်သိပ်မရှိသေးတဲ့အတွက် သူ့ရဲ့မျက်နှာအရောင်ပြောင်းသွားမှုကလဲ သိပ်ပြီမသိသာခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ထက်ရေချိုးတာပိုပြီးအချိန်ကြာခဲ့ပါတယ်။ သူပြန်ပြီထွက်လာချိန်မှာတော့ ၀မ်သုန့်က အိပ်ပျော်သွားပြီဆိုတာကိုတွေ့လိုက်ရပါတော့တယ်။ အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ပုံစံပါ။ တစ်နေ့လုံးခရီးနင်းလာခဲ့တာကြောင့် ပင်ပန်းနေတာဖြစ်ပါလိမ့်မယ်။
၀မ်သုန့်ကို စောင်ဆွဲခြုံပေးပြီတဲ့နောက် သူလဲသူ့ရဲ့အခင်းပေါ်မှာပြန်ပြီ လှဲလိုက်ပါတော့တယ်။ လက်နှစ်ဖက်ကိုခေါင်းအုံးအောက်မှာဖိထားရင် ၀မ်သုန့်ရဲ့စည်းချက်ကျကျခုန်နေတဲ့ နှလုံးသားခုန်သံက အများကြီးစိတ်အေးလက်အေးရှိစေတယ်ဆိုတာကို ရုတ်တရက်နားလည်သဘောပေါက်သွားခဲ့တော့တယ်။
အရှေ့အချိန်တွေမှာ ရွှမ်ကျင့်၀မ်သူ့ကိုပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကိုချက်ချင်းဆိုသလို ပြန်ပြီသတိရမိသွားပါတယ်။
” စိတ်ကူးယဥ်တယ်ဆိုတာက ပုံမှန်နေ့တွေမှာမင်းအတွက် အတော်ကို တန်ဖိုးကြီးတဲ့အရာတစ်ခုဖြစ်မယ်မဟုတ်လား။
ဟုတ်ပါတယ် ဒီလိုစိတ်ကူးယဥ်တယ်ဆိုတာက သူ့အတွက်တော့တကယ်ကိုတန်ဖိုးကြီးတဲ့ခံစားချက်တစ်ခုပါပဲ။ ၀မ်သုန့်ရဲ့ရောက်ရှိလာမှုကြောင့်သာ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ဒီနေရာမှာလှဲလှောင်ပြီ ၀မ်သုန့်ရဲ့နှလုံးခုန်သံကိုနားထောင်နေလို့ရမှာလဲ ရုတ်တရက်ဆိုသလို ဒီလိုအေးချမ်းနေတဲ့အခိုက်အတန့်ကို သူဘယ်လောက်အထိနှစ်ခြိုက်မိလဲဆိုတာ ဟို့ယွိဟောင်နားလည်သဘောပေါက်မိသွားပါတော့တယ်။
၀မ်သုန့်ရဲ့နှလုံးသားခုန်သံတွေကို ရေတွက်နေရင်း ဖြည်းဖြည်းချင်းဆိုသလို စိတ်ကူးတွေကလွှင့်မျောရင်း အိပ်မက်နယ်မြေထဲကို ရောက်ရှိလို့သွားပါတော့တယ်။ ဒီလိုမျိုးအိပ်မောကျသွားတဲ့အချိန်မှာ သူနှုတ်ခမ်းတွေကပြုံးနေခဲ့ပြီ အတော်ကိုစိတ်အေးလက်အေးဖြစ်နေတဲ့ပုံစံကအထင်သားပေါ်နေခဲ့ပါတယ်။
အိပ်ရာပေါ်မှာအိပ်နေတဲ့သူကတစ်ယောက် ကြမ်းပျဥ်ပေါ်မှာအိပ်နေတဲ့သူကတစ်ယောက်ဖြစ်ပြီ ဒီလူငယ်လေးနှစ်ယောက်က ထူးခြားတဲ့သဟဇာတဖြစ်မှုကို ဖော်ဆောင်လို့နေခဲ့ပါတယ်။
ဟို့ယွိဟောင် ဒီလိုမျိုးမြန်မြန်ဆန်ဆန်အိပ်ပျော်သွားပြီတဲ့နောက် မကြာခင်မှာပဲ သူ့ရဲ့နောက်ကျောကို တစ်ခုခုကလာထိတာခံစားလိုက်ရတာကြောင့် ချက်ချင်းဆိုသလို သတိ၀င်လာပြီခန္ဓာကိုယ်ကိုတွန့်လိုက်မိပါတယ်။ ဒါပေမယ့် အဲ့ဒီဖိအားကသူလှုပ်ရှားလိုက်တိုင်းမှာ သူ့ရဲ့အတူတူလိုက်လာခဲ့တယ်။
အိပ်ချင်မူးတူးနဲ့မျက်လုံးဖွင့်လိုက်ချိန်မှာတော့ သူ့ရဲ့မျက်လုံးတွေကို နေရောင်စူးစူးတွေကထိုးလို့နေခဲ့ပါပြီ။
” အားဘယ်အချိန်တောင်ရှိပြီလဲ ”
အဖြေကတော့ သူ့နောက်ကျောဖက်မှာရလာတဲ့ဖိအားနဲ့အတူရောက်ရှိလို့လာခဲ့ပါတယ်။
” ကြည့်လိုက်တာနဲ့ နေဖင်ထိုးနေပြီလေ မင်းက ဘယ်အချိန်လဲမေးနေရသေးလား ”
ဟို့ယွိဟောင်ကတော့ သွားဖြီးပြီပြုံးပြလိုက်ရင်း ပြန်ဖြေလာခဲ့တယ်။
” ငါသိတာက မင်းငါရဲ့ကျောပေါ်မှာ ဒီအတိုင်းထိုင်နေလို့ကတော့ ဗိုက်ထဲကရှိသမျှပစ္စည်းတွေအားလုံးအပြင်ကိုထွက်လာတော့မှာပဲ ”
” စိတ်ပျက်စရာကောင်းလိုက်တာ တခြားသူတွေငါကိုထိုင်စေချင်တယ်ဆိုရင်တောင် သူတို့အပေါ်မှာမထိုင်ဘူးဆိုတာမင်းသိလား ”
၀မ်သုန့်က ပြောပြီတဲ့နောက် ခေါင်းမော့ရင်ကော့ကာထရပ်ရင်းနဲ့ မျက်နှာသစ်ဖို့အခန်းထဲကို ၀င်သွားပါတော့တယ်။
ဟို့ယွိဟောင်လဲ သူ့ရဲ့ နောက်ကျောကိုပုတ်နေရင်းပြောလာခဲ့တယ်။
” ဒီကောင်ရဲ့တင်ပါးက တော်တော်ကြီးတာပဲ သူငါ့အပေါ်တက်ထိုင်လိုက်တဲ့အချိန် ငါတစ်ကိုယ်လုံးပြားသွားတော့မလိုတောင် ခံစားရတယ် ”
သူ့ရဲ့အိပ်ရာပေါ်ကနေခုန်ထလိုက်ချိန်မှာ မူးဝေသွားတာကို ရုတ်တရက်ခံစားမိလိုက်ပါတယ်။ ဒီနေရောင်နွေးနွေးရဲ့အောက်မှာ အချိန်အကြာကြီးလှဲပြီပြန်ထလာတာကြောင့် တစ်ကိုယ်လုံးက အတော်ကိုညှောင်းညာပြီအိပ်ချင်တာကို ခံစားမိလိုက်တော့တယ်။ ဒါက စိတ်အေးလက်အေးနဲ့ သက်သောက်သက်သာအိပ်စက်ရတာကြောင့် ဖြစ်လာရတဲ့ရလဒ်တွေဖြစ်နိုင်ပါတယ်။
သူထရပ်လိုက်ပြီတဲ့နောက် ခပ်မြန်မြန်ပဲအိပ်ရာပေါ်ကို ပြန်ပြီပလက်လှန်သွားပါတော့တယ်။ အခုအချိန်အထိ စောင်ကိုလဲမခေါက်ရသေးပါဘူး။ ဒါပေမယ့် မွှေးပျံ့တဲ့အနံ့ကတော့ ဒီအိပ်ရာခင်းပေါ်မှာရှိနေခဲ့တယ်။
” အကယ်၍ ငါသာနေ့တိုင်းနေ့တိုင်းဒီလိုမျိုးအိပ်ရပြီ ဒီလိုမျိုးထရရင်ဘယ်လောက်တောင်ကောင်းလိမ့်မလဲ အားဟုတ်သား တစ်ယောက်ယောက်ငါရဲ့ကျောပေါ်မှာထိုင်နေပြီတော့ နိုးလာတာမကောင်းသေးပါဘူး ”
ဟို့ယွိဟောင် သူ့ဘာသာသူပြောရင်းနဲ့ရယ်နေခဲ့မိပါတော့တယ်။
သူတို့တွေရေမိုးချိုးသန့်စင်ပြီတဲ့နောက် မနက်စာလဲမဟုတ် နေ့လည်စာလဲမဟုတ်တဲ့ ဥစ္စာကိုစားသောက်ပြီ နေလနိုင်ငံတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အပြင်ကို အေးအေးလူးလူးထွက်လာခဲ့ကြပါတယ်။
ဟို့ယွိဟောင်သွားချင်တယ်ဆိုရင် ဘယ်သူကမှသူ့ကိုတားလို့မရနိုင်ပါဘူး။ ဒါ့အပြင် ကျန်းဟုန်ချန်ကလဲ သူ့ကိုသိပ်ပြီသံသယမရှိတော့တာကြောင့် သူအေးအေးဆေးဆေးလွှတ်လွှတ်လပ်လပ်လှုပ်ရှားခွင့်ရှိနေခဲ့တယ်။ နေ့တိုင်းနေ့တိုင်းကျောင်းဆောင်ကနေထွက်လာပြီ စမ်းသပ်ခန်းထဲကိုသာသွားသလို ဘယ်နေရာကိုမှလျှောက်ပတ်မနေပဲ ဘာကိုမှမမေးမမြန်းပဲရှိခဲ့တာကြောင့် ဘယ်သူကများ သူ့ကိုဘာများသံသယ၀င်နိုင်စရာရှိဦးမှာလဲ။
ကျောင်းတော်အပြင်ကိုထွက်သွားပြီတာနဲ့ မကြာခင်ပဲ မြို့အပြင်ကိုထွက်ဖို့လုပ်ပါတော့တယ်။ ၀မ်သုန့်ကတော့ လမ်းလျှောက်ရင်း ပတ်၀န်းကျင်ရှု့ခင်းတွေကိုကြည့်ပြီ ပြောလာခဲ့တယ်။
” ဒီနိုင်ငံရဲ့မြို့တော်ကြီးက အတော်အံ့ဩစရာကောင်းလောက်အောင် တည်ဆောက်ထားတာပဲ တခြားငါမြင်ဖူးသမျှနိုင်ငံတွေနဲ့မတူညီဘူး…၀ိညာဥ်လက်နက်တွေက သူတို့မြို့သူမြို့သားတွေကြားမှာတောင် တွင်းတွင်းကျယ်ကျယ်အသုံးပြုနေပြီ ”
” ဒါကနေလနိုင်ငံတော်ရဲ့အားသာချက်ပဲလေ သူတို့မှာတန်ဖိုးကြီးသတ္ထုတွေအများကြီးရှိနေတာကြောင့်လဲပါတာပေါ့ အစ်ကိုကြီးရောငါပို့လိုက်တဲ့ပစ္စည်းတွေကို ရပြီးပြီလား ”
” ငါတို့တွေကျောင်းကိုတစ်၀က်ပေးပြီ ကျန်တဲ့တစ်၀က်ကိုထန်မျိုးနွယ်အတွက် သိမ်းထားပေးတယ်..မင်းမှာထားတဲ့အတိုင်း ငါတို့လုပ်ထားပြီးပြီ ”
” အဲ့ဒါကောင်းတယ်…ဟုတ်သား ငါမင်းကိုမမေးရသေးဘူး မင်းရဲ့အိမ်ကတကယ်ပဲဘယ်မှာလဲ ငါတို့သိနေတာအတော်ကြာပေမဲ့ မင်းရဲ့အိမ်အကြောင်းပြောတာကို ငါတစ်ခါမှမကြားဖူးဘူး…မင်းအစ်မအကြောင်းပြောတာဆိုပိုလို့တောင်ရှားပါးသေးတယ် ”
၀မ်သုန့်ကတော့ ထူးထူးဆန်းဆန်းပြုံးပြရင်း ပြောလာခဲ့ပါတယ်။
” ငါအိမ်ကဟိုတိမ်တွေရဲ့အပေါ်မှာရှိတာ မင်းရောက်ရင်းသိပါလိမ့်မယ် ”
” တိမ်တွေရဲ့အပေါ်မှာရှိတာတဲ့လား မင်းထူးထူးဆန်းဆန်းတွေပြောနေတာပဲ ”
ဟို့ယွိဟောင်ကတော့ တအံ့တဩစဥ်းစားရင်းဖြေလာခဲ့တယ်။
မြို့တော်ကအရမ်းကြီးမားပေမဲ့ သူတို့တွေက ပျော်ပျော်ရွှင်ရွှင်စကားတပြောပြောနဲ့ဖြတ်သန်းလာတာကြောင့် အချိန်တွေကုန်လို့ကုန်မှန်းတောင်မသိပါဘူး။ နောက်ဆုံးမှာတော့ မြို့အပြင်ကိုရောက်လာပြီမှသာ ဟို့ယွိဟောင်က ရုတ်တရက်ရပ်လိုက်ပါတော့တယ်။
” သွားကြမယ် ”
၀မ်သုန့်က သူ့ကိုအလောတကြီးပြောလာခဲ့ပါတယ်။
” နေပါဦး ငါကိုလာကူဦး ”
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့သေးသွယ်နူးညံ့တဲ့လက်တွေကို ဖမ်းဆွဲရင်းဟောင်သုန့်စွမ်းအားကို စတင်ပြီအသုံးပြုပါတော့တယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုအသုံးပြုတာကို ၀မ်သုန့်လဲ ချက်ချင်းဆိုသလိုခံစားလိုက်ရပါပြီ။
ဒီလိုထိတ်လန့်သွားခဲ့မှုက သူ့ကိုဘာမေးလို့မေးရမှန်းတောင်မသိပဲဖြစ်သွားခဲ့ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အများကြီး အများကြီးကိုအားကောင်းလာခဲ့တာပါ။ အရမ်းကိုလဲတိတိကျကျလဲ ထိန်းချုပ်နိုင်နေသလို အသေးစိတ်အချက်အလက်တွေကိုလဲ ထောက်လှမ်းနိုင်နေခဲ့ပါတယ်။
၀မ်သုန့်ရဲ့အကူအညီနဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားက ပိုမိုအားကောင်းလာခဲ့ပြီ တစ်နေရာထဲကိုအားစိုက်မယ်ဆိုရင်မီတာသုံးထောင်အထိကို ကျော်လွန်ပြီရောက်ရှိနိုင်ပါတယ်။ အဲ့ဒီနောက် သူ့ကခေါင်းကိုဖြည်းဖြည်းချင်းလှည့်လိုက်ပြီ စိတ်၀ိညာဥ်မျက်လုံးကိုအသုံးပြုရင်း တောက်ပရောင်စဥ်မြို့တော်ကြီးကို စက်၀ိုင်းပုံသဏ္ဍာန်နဲ့စတင်ပြီအကဲခတ်ဖြတ်ပါတော့တယ်။ အဲ့ဒီနောက် ဘယ်အရာမှ သံသယဖြစ်ဖွယ်ရာမရှိတာကို သေချာမှသာ စိတ်၀ိညာဥ်စွမ်းအားတွေကို ပြန်သိမ်းလိုက်ပါတော့တယ်။
” မင်းဘာလုပ်နေတာလဲ ”
၀မ်သုန့်ကမေးလာခဲ့တယ်။
” ငါမင်းကိုကူပြီဒါတပ်ပေးမယ် ”
ဟို့ယွိဟောင်က ပြောလိုက်ရင်း သူ့ရဲ့ခါးပတ်ထဲကနေ ၀ိညာဥ်လက်နက်တစ်ခုကိုထုတ်ယူလာခဲ့ပါပြီ။
ဒါကတော့ ယပ်တောင်ပုံသဏ္ဍာန်နဲ့တူညီတဲ့အပြာရောင်၀ိညာဥ်လက်နက်တစ်ခုပါ။ အရမ်းကြီးမကြီးမားသလို ကျောမှာတပ်လိုက်မယ်ဆိုရင်လဲ အများကြီးထင်ရှားနေမှာမဟုတ်ပါဘူး။ ဒီသတ္ထုပုံကသူ့ရဲ့အရွယ်အစားကိုလဲ အမျိုးမျိုးပြောင်းလဲထိန်းချုပ်နိုင်ပါသေးတယ်။ လက်မောင်းရဲ့အောက်ဖက်ကနေ သေချာလေးချိတ်ဆွဲပြီပုခုံးနှစ်ဖက်အပေါ်ဆန့်ထွက်ကာအသုံးပြုသူရဲ့နောက်ကျောကို ကောင်းကောင်းချိတ်ဆက်ပေးနိုင်ပါတယ်။
” အဲ့ဒါဘာကြီးလဲ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်လား ”
၀မ်သုန့်က တအံ့တဩမေးလာခဲ့တယ်။
” ဟုတ်တယ် ငါမင်းအတွက်လုပ်ပေးထားတဲ့အဆင့်ခြောက်ပျံသန်းရေး၀ိညာဥ်လက်နက်ပဲ မင်းအခုသုံးလို့ရပြီ စည်းမျဥ်းစည်းကမ်းတွေကိုရှင်းပြဖို့တော့မလိုဘူးမလား ငါဘာပြောပြောမင်းနားလည်မှာမဟုတ်ဘူးလေ ဒီပစ္စည်းနဲ့ဆိုရင် ကောင်းကင်မှာမင်းအရှိန်ပြင်းပြင်းပျံသန်းနိုင်လိမ့်မယ်…ဒါ့အပြင် ဦးတည်ရာနေရာကိုပြောင်းတာလဲချောချောမွေ့မွေ့ရှိမှာ မင်းလုပ်ဖို့လိုတဲ့တစ်ခုတည်သောကိစ္စက သူ့ရဲ့လက်ကိုင်ကို ပုခုံးမှာကောင်းကောင်းတပ်ထားဖို့ပဲ အသုံးပြုတာပိုပြီးများလာရင် သူ့ရဲ့စွမ်းအားကိုထိန်းချုပ်ရတာပိုပြီးလွယ်ကူလာလိမ့်မယ်…ဒါကပျံတာမြန်ရုံတင်မကဘူး အရမ်းလဲအကြမ်းခံတယ်..ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် ဒီလက်နက်လောက်အဆင့်မီတာကို မထုတ်လုပ်နိုင်လောက်သေးဘူး ”
၀မ်သုန့်လဲ ဘာမှပြောမနေတော့ပဲ ဟို့ယွိဟောင်ရဲ့အကူအညီနဲ့ ၀ိညာဥ်လက်နက်တွေကို သူစပြီတပ်ပါတော့တယ်။
ဒီယပ်တောင်နဲ့တူတဲ့၀ိညာဥ်လက်နက်အပေါ်မှာ သူ့ရဲ့၀ိညာဥ်စွမ်းအားကိုစတင်အသုံးပြုရင်း ချိတ်ဆက်လိုက်ချိန်မှာတော့ခေါက်ထားတဲ့အတောင်ပံတွေက ပြန့်ထွက်လို့လာခဲ့ပါပြီ။ ဒီအတောင်ပံတစ်ခုချင်းဆီတိုင်းမှာ အကန့်သုံးကန့်ရှိနေခဲ့ပြီ အကန့်တစ်ခုချင်းဆီတိုင်းကလဲ အလယ်ဗဟိုကနေအပြင်ကိုဆန့်ထွက်လာခဲ့ပါတယ်။ အကုန်လုံးကိုပေါင်းစည်းလိုက်မယ်ဆိုရင်တော့ စုစုပေါင်းအကန့်ခြောက်ခုရှိနေတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်ဖြစ်နေတော့မှာပါ။
ဟို့ယွိဟောင်က ၀မ်သုန့်ကိုဘယ်လိုသုံးရမလဲဆိုတာ အကြမ်းဖျင်းရှင်းပြလိုက်ပါတယ်။ အစောပိုင်းတုန်းက ၀မ်သုန့် ၀ိညာဥ်ဘုရင်အဆင့်ရှိမယ်ဆိုတာကို တွေးတောမိခဲ့တဲ့အတွက် အဆင့်ငါး၀ိညာဥ်လက်နက်ပစ္စည်းခြောက်ခုကိုပေါင်းစည်းပြီ သူဒါကိုပြုလုပ်ခဲ့တာပါ။ ဒါဆိုရင် ၀ိညာဥ်ဘုရင်တွေက ကောင်းကောင်းထိန်းချုပ်နိုင်တဲ့၀ိညာဥ်လက်နက်တစ်ခုကို ရရှိပါလိမ့်မယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားက ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ယှဥ်လို့မရနိုင်သေးပေမဲ့ သူကိုယ်တိုင်အတွက်လဲ တူညီတဲ့ပုံစံငယ်တစ်ခုကိုပြုလုပ်လို့ထားခဲ့တယ်။ ဒါကတော့ အဖြူရောင်လက်နက်ပါ။
၀မ်သုန့်က တခဏတာစမ်းသပ်ပြီတဲ့နောက် ချက်ချင်းဆိုသလို သဘောကျသွားပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားကိုအသုံးပြုရင်း ညင်ညင်သာသာလေးထိန်းချုပ်နေခဲ့တာကြောင့် သိပ်ပြီအသုံးပြုဖို့မခက်ခဲပါဘူး။ မကြာခင်မှာပဲ သုံးရတာသက်သောက်သက်သာဖြစ်သွားပါတော့တယ်။
သူ့ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်အတောင်ပံတွေက ပျံသန်းဖို့အဆင်ပြေပေမဲ့လဲ ဒီပျံသန်းရေး၀ိညာဥ်လက်နက်အမျိုးအစားနဲ့ယှဥ်မယ်ဆိုရင် အများကြီးနှေးနေခဲ့ပါသေးတယ်။ ဒါ့အပြင် အချိန်အကြာကြီးအသုံးပြုဖို့လဲ အဆင်မပြေနိုင်ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ဌာနကနေထုတ်ပေးတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်ကတော့ သူအသုံးပြုဖို့အတွက် အရမ်းကိုလေးလံပြီ ခက်ခဲစေပါတယ်။ ဟို့ယွိဟောင်ရဲ့ဖန်တီးထားတဲ့လက်နက်ကတော့ ပျံသန်းတဲ့အရှိန်နှုန်းကို မြင့်တင်ပေးရုံတင်မက တည်ဆောက်တဲ့ပုံစံကလဲ ထိန်းချုပ်မှုကိုပိုမိုလွယ်ကူစေတာကြောင့် အမြန်နှုန်းမှာရော အရှိန်မြင့်နိုင်မှုမှာရောပိုပြီးသာလွန်ပါတယ်။ ဒါကသေချာပေါက် အရှိန်ကြာရှည်ပျံသန်းမှုအတွက် အကောင်းဆုံးပစ္စည်းပါပဲ။
” ဒီကောင်က မိုက်သားပဲ ”
၀မ်သုန့်က ဟို့ယွိဟောင်ကိုကျေကျေနပ်နပ်ကြီးပြုံးပြရင်း လှမ်းပြောနေခဲ့ပါတယ်။
အပိုင်း ၁၈၈•၁ ပြီး၏။