Switch Mode

Chapter – 187.3

မြင်မြင်ချင်းအချစ်

အပိုင်း ၁၈၇•၃

” မြင်မြင်ချင်အချစ် ”
°°°
အစောပိုင်းတုန်းက သူတွေးမိခဲ့တာ ဖန်းယွီအလွယ်တကူသဘောတူမှာမဟုတ်ဘူးလို့ပါ။ ဒါ့အပြင် အပြင်မှာ အချိန်ဖြုန်းတာကို လျှော့ချဖို့အတွက် ပြောမယ်လို့တောင်ထင်ထားခဲ့တယ်။

ဒါပေမယ့် ဖန်းယွီက ချက်ချင်းဆိုသလိုမဆိုင်မတွပဲသဘောတူပေးခဲ့တဲ့အပြင် အချိန်မီကျောင်းစာသင်နှစ်မှာပြန်မရောက်လာခဲ့ရင်လဲ စိတ်မပူနဲ့လို့ပြောခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ကျောင်းပြောင်းသင်ကြားမှုက အဆုံးသတ်ပါတော့မယ်။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ အားလပ်ရက်တွေပြီတဲ့နောက် သုံးလကြာမှာကျောင်းတော်ကိုပြန်ရမှာပါ။ ဒါပေမယ့် ဒီကျောင်းပြောင်းသင်ကြားမှုကို တရား၀င်ပြီဆုံးကြောင်း ကြော်ငြာဖို့နဲ့ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေလုပ်ဖို့အတွက် သုံးလမတိုင်ခင်ပြန်လာဖို့သာပြောလာခဲ့တယ်။

ဖန်းယွီက ဟို့ယွိဟောင်ကို သူ့ရဲ့သားအရင်းလေးတစ်ယောက်လိုအတော်လေးချစ်မြတ်နိုးပါတယ်။ ဒါ့အပြင် ဆရာတွေက သူ့ကျောင်းသားမကြိုးစားမှာကို စိုးရိမ်လေ့ရှိပေမဲ့ ဟို့ယွိဟောင်တို့မှာတော့ ပြောင်းပြန်ပါပဲ။ သူ့ရဲ့ကျောင်းသားက အလွန်အမင်ပဲကြိုးစားလွန်တယ်လို့ အမြဲတမ်းတွေးနေခဲ့မိတာပါ။

နေလနိုင်ငံတော်ရဲ့ကျောင်းတော်ထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်လုံး ဟို့ယွိဟောင်က များပြားလှတဲ့၀ိညာဥ်လက်နက်ပုံကြမ်းတွေကို ပြန်လည်ပေးပို့ခဲ့ပါတယ်။ ထောင်ချီရုံတင်မက နောက်ထပ်များပြားတဲ့ ပစ္စည်းတွေရဲ့တည်ဆောက်ပုံတွေကိုပါပေးပို့ခဲ့တာပါ။ ဒါကိုတစ်ချက်လေးတောင် တောင်းဆိုဖို့လဲမလိုခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ သူအများကြီးကြိုးစားအားထုတ်ပြီခဲ့တာကြောင့် ဒီပုံကြမ်းတွေကိုသေချာလေ့လာနေမယ်ဆိုရင် ဘယ်၀ိညာဥ်လက်နက်မျိုးကိုမဆို တီးထွင်းထုတ်လုပ်နိုင်မယ်လို့ သူတို့ယုံကြည်ချက်အပြည့်ရှိလာရတယ်။

နေလနိုင်ငံရဲ့ရှားပါး၀ိညာဥ်လက်နက်တွေကိုတော့ ထုတ်နိုင်ဖို့တော့မဖြစ်နိုင်ပေမဲ့ ဟို့ယွိဟောင်ရဲ့ ကြိုးစားအားထုတ်မှုက အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနတစ်ခုလုံးကို နှစ်တစ်ရာစာလောက်အထိ ခုန်ပျံတိုးတက်သွားစေဖို့အတွက် လုံလောက်နေခဲ့ပါပြီ။

သူတို့ရဲ့သုတေသနတွေက နှစ်အများကြီးနောက်ကျကျန်ရစ်နေခဲ့တဲ့အတွက် ဒီလိုမျိုးဖြတ်လမ်းနည်းက အများကြီးအကျိုးရှိစေမှာပါ။

အကြီးအကဲရွှမ်လဲ တစ်ခေါက်တုန်းက သူ့ရဲ့ပြန်စာထဲမှာပြောပြခဲ့ပါတယ်။ ဟို့ယွိဟောင်က ကျောင်းတော်ထဲမှာ စစ်မှန်တဲ့သူရဲကောင်းအဖြစ်အမြဲတမ်းမှတ်တမ်းတင်ခံထားရတဲ့သူပါ။ ဘယ်သူကမှ သူ့ရဲ့ကျောင်းတော်နဲ့ပတ်သက်ပြီ ဆွဲဆောင်မှုတွေကိုယှဥ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ဟို့ယွိဟောင်ကိုထိုင်ခုံနေရာတစ်ခုပေးပြီ အဖွဲ့အစည်းထဲထည့်ဖို့အတွက် တောင်းဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီလှုပ်ရှားမှုကလဲ ဖြည်းဖြည်းချင်းဆိုသလို အလုပ်ဖြစ်နေပါတယ်။

လက်ရှိအချိန် ဟို့ယွိဟောင်က ကျောင်းတော်ကိုပြန်မရောက်ပေမဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့ပါပြီ သူက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ လက်ထောက်ကျောင်းအုပ်ဖြစ်တဲ့ ဖန်းယွီနဲ့ အဆင့်အတန်းအရတူညီလုနီးပါးရှိနေခဲ့တယ်။ တကယ်တမ်းမှာတော့ ဟို့ယွိဟောင်ရဲ့အဆင့်က အနည်းငယ်ပိုပြီးမြင့်မားပါသေးတယ်။

ဖန်းယွီက အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါ။ ဒါကြောင့် ဗျူဟာတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာနဲ့ ပုံကြမ်းတွေကိုဖန်တီးဖို့ဘယ်လောက်ခက်ခဲလဲဆိုတာ သူကောင်းကောင်းသိပါတယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်နဲ့တောင် ဒါတွေကိုလေ့လာဖို့အတော်လေးတောင် အားစိုက်ထုတ်ရမှာပါ။ သူ့အတွက်အားသာချက်ကတော့ များပြားပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ ကြိုးစားအားထုတ်မှုကြီးမားတာတော့ ငြင်းပယ်စရာအကြောင်းမရှိပါဘူး။ တစ်နေ့လည်လုံးမှာသင်ကြားပြီတဲ့နောက် ညဘက်မှာတော့ ၀ိညာဥ်လက်နက်တွေကိုထွင်းထုရင်း နေ့မှာသုတေသနပြုတဲ့အရာတွေကို သူပုံကြမ်းအဖြစ်ချပြီရေးဆွဲပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ တစ်နေ့တာမှာလေးနာရီကနေ ခြောက်နာရီအထိနားနိုင်ရတယ်ဆိုရင်တောင် အတော်လေးကံကောင်းတယ်လို့ ပြောရပါလိမ့်မယ်။ ဒါ့အပြင် အဲ့ဒီအချိန်တွေဆိုတာကလဲ သူတရားထိုင်နေတာပါ။

ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားက လွန်ခဲ့တဲ့နှစ်နှစ်မှာအများကြီးမတိုးတက်ခဲ့ပါဘူး။ ဖန်းယွီကလဲ သူ့အကြောင်းကောင်းကောင်းသိပါတယ်။ ဟို့ယွိဟောင်က လက်ရှိအချိန်မှာ အရင်ကနဲ့တော်တော်ကြီးကို ကွာခြားလို့နေခဲ့ပါပြီ။ ဒီအချိန်မှာတော့ ၀ိညာဥ်လက်နက်တွေရဲ့ စည်းမျဥ်းတွေနဲ့ နည်းစနစ်တွေအကြောင်းကို ဟို့ယွိဟောင်ပြောလာချိန်မှာ ဖန်းယွီကိုယ်တိုင်တောင်မှ အနည်းငယ်စိတ်ရှုပ်ထွေးပြီ ကြောင်အရတဲ့အခြေအနေကိုရောက်နေခဲ့ပါပြီ။ ရွှမ်ကျင့်၀မ်လဲ တစ်ချိန်တုန်းကပြောခဲ့ဖူးပါတယ်။ အကယ်၍ ဟို့ယွိဟောင်မှာသာ ၀ိညာဥ်စွမ်းအားလုံလုံလောက်လောက်ရှိမယ်ဆိုရင် အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တာကြာပြီလို့ပါ။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန်းမသခင်ကျန်းဟုန်ချန်ကရော ဘယ်လိုများခံစားရမှာလဲ အကယ်၍ ဒီအကူအပြောင်းသင်ကြားမှုကသာ သူ့အတွက်အနာဂတ်ပြဿနာတွေအများကြီးကို ဖန်တီးပြီဖြစ်ပေါ်စေခဲ့တာကို နားလည်သွားမယ်ဆိုရင် ဘယ်လိုတွေးမိမှာလဲ။

ဒါတွေက ဟို့ယွိဟောင်ကိုအပြင်ထွက်စေဖို့အတွက် ဖန်းယွီသဘောတူတဲ့အဓိကအကြောင်းအရင်းတွေပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်နည်းနည်းပါးပါးလေး စိတ်အေးလက်အေးနေနိုင်ဖို့ သူမျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်တွေမှာ အရမ်းကိုကြိုးစားအားထုတ်ခဲ့ရတဲ့အတွက် အာရုံကြောတွေကလဲ အတော်လေးကိုထိခိုက်မိမှန်းသူနားလည်တာကြောင့်ပါပဲ။

ဟို့ယွိဟောင်က အမျက်ဒေါသကျောင်းတော်ထဲကို အသက်ဆယ့်တစ်နှစ်အချိန်မှာ၀င်ရောက်ခဲ့ပါတယ်။ အခုသူဆယ်ခုနှစ်ရှိပါပြီ ဒီအချိန်ကာလအတွင်းမှာ လူတစ်ယောက်နှစ်နှစ်ဆယ်အတွင်းအလုပ်လုပ်ပြီနိုင်တဲ့ သုတေသနတွေနဲ့ သင်ယူမှုတွေကိုသူအောင်မြင်ခဲ့ပါတယ်။ ဟို့ယွိဟောင်က ပါရမီရှင်တစ်ယောက်ဖြစ်ရုံတင်မကပဲ ဘယ်လိုမှကိုမယိုင်လဲတဲ့ စိတ်ဆုံးဖြတ်ချက်အပြည့် ခိုင်မာပြတ်သားပြီ တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားသူကြိုးစားအားထုတ်တဲ့လူငယ်ဖြစ်နေလို့ပါပဲ။

ညစာကတော့ ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီးစီးလို့သွားခဲ့ပါတယ်။ သူတို့စားသောက်ဆိုင်ကနေထွက်တဲ့အချိန် ညကအတော်လေးမှောင်နေခဲ့ပါပြီ။

” ၀မ်သုန့် နေစရာနေရာရှာပြီးပြီလား ”

” မရှာရသေးဘူး…ကျွန်တော် မြို့တော်ကို ရောက်ရောက်ချင် ကျောင်းတော်ကိုအရင်လာရှာတာ ”

” ညဥ့်နက်နေပြီ ကျောင်းတော်ကမင်းကိုအထဲ၀င်အိပ်ခိုင်းမယ်လို့မထင်ဘူး…အခုနေရာတစ်နေရာရှာဖို့လဲ မလွယ်လောက်ဘူးထင်တယ် ”

ဟယ့်ချိုက်ထို့က ရယ်မောလိုက်ပါတယ်။

” ဆရာစိုးရိမ်ဖို့မလိုဘူး ညီငယ်လေးသာရှိနေမယ်ဆိုရင် ဘယ်အစောင့်မှသူ့ကိုတွေ့မှာမဟုတ်ဘူး…၀မ်သုန့်ကိုကျောင်းထဲမှာ တစ်ညလောက်အိပ်ခိုင်းလိုက်ပါစေ ”

ဖန်းယွီလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ သူက အမြဲတမ်း၀ိညာဥ်လက်နက်သုတေသနမှာပဲ အာရုံစိုက်နေခဲ့တာပါ။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်တွေအပေါ် ထူးချွန်ထက်မြက်လာမှုကိုပဲသူကသိနေခဲ့ပါတယ်။

ဟို့ယွိဟောင်ကလဲ ရယ်မောရင်းနဲ့ ၀မ်သုန့်ကိုကြည့်နေခဲ့တယ်။

” ငါရဲ့ပုံစံတူတုပမှုက အများကြီးတိုးတက်လာတယ်လေ ကြည့်လိုက်စမ်းပါဦး ဆရာ ”

ဟို့ယွိဟောင်က သိုင်းပညာ၀ိညာဥ်ကိုတောင် ထုတ်မသုံးပဲနဲ့ လှုပ်ရှားလိုက်သလို သူ့ရဲ့အနောက်ဖက်မှာရှိတဲ့ လေထုကချက်ချင်းတွန့်လာခဲ့ပြီ ၀မ်သုန့်လဲပျောက်သွားပါတော့တယ်။

” မင်းရဲ့ပုံစံတူတုပမှုလား ဘယ်လိုလုပ်သူ့ကိုပျောက်သွားအောင်လုပ်လိုက်တာလဲ ”

” သူ့ကိုပျောက်သွားအောင်ကျွန်တော်မလုပ်လိုက်ဘူး…ကျွန်တော်ရဲ့အရိပ်အဖြစ်ပြောင်းလဲလိုက်တာ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် စိတ်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး အလင်းယိုင်တာကိုအခွင့်ယူလို့ လူတွေသူ့ကိုမမြင်အောင်လုပ်လိုက်တာလေ ဒါပေမယ့် သက်ရောက်နိုင်တဲ့အကွာအဝေးကတော့ အကန့်အသတ်ရှိတယ်…ဒါပေမယ့် သူ့ကိုသွားထိလို့လဲမရဘူး..အထိခံလိုက်ရမယ်ဆိုရင် သူ့ကိုလူတွေမြင်သွားကြမှာ ”

” ဒီလောက်ဆိုရင် အံ့ဩစရာကောင်းအောင် လုံလောက်နေပြီလေ ဒါက သူခိုးတွေပညာရှင်အဆင့်မှာ တတ်မြောက်နိုင်တဲ့ကိစ္စပဲ ”

” အဲ့ဒီလိုကြီးတော့လဲမဟုတ်ဘူး..သူ့ရဲ့အရှိန်အ၀ါက ဒီနေရာမှာရှိသေးတယ်လေ ဒါ့အပြင် အတော်လေးအင်အားကြီးတဲ့သူသာ ရောက်လာခဲ့မယ်ဆိုရင် ၀မ်သုန့်ရဲ့တည်ရှိမှုကိုပတ်၀န်းကျင်ရှာဖွေမှုသုံးနိုင်ရုံနဲ့ရှာတွေ့သွားလိမ့်မယ်…အစောင့်တွေကို လှည့်စားဖို့ကတော့ လုံလောက်ပါတယ် ”

သူတို့လေးယောက်လဲ ကျောင်းတော်ထဲကို ပြန်လာခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်ကိုလဲ ဘယ်သူမှမတွေ့ပါဘူး။ ကျောင်းအခန်းထဲရောက်ချိန်မှသာ ဟို့ယွိဟောင်က သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို ပြန်သိမ်းလိုက်ပါတော့တယ်။ တံခါးကိုပိတ်လိုက်ပြီဖြစ်ပေမဲ့ ဟို့ယွိဟောင်ကတော့ အရမ်းကိုစိတ်လှုပ်ရှားနေဆဲပါပဲ။ ဒီနေ့က နှစ်နှစ်တာအတွင်းမှာ သူအပျော်ဆုံးနေ့လို့ပြောရမှာပါ။ နေ့စဥ်နေ့တိုင်းများပြားတဲ့ ၀ိညာဥ်လက်နက်သုတေသနတွေကို လုပ်နေရတဲ့အခြေအနေကနေလွှတ်မြောက်နိုင်တဲ့ ရှားရှားပါးပါးနေ့လဲဖြစ်နေခဲ့တယ်။

” ၀မ်သုန့် ငါတို့အမျက်ဒေါသကျောင်းတော်ထဲကလိုရက်တွေကိုပြန်ရောက်သွားတယ်လို့ မခံစားရဖူးလား ”

၀မ်သုန့်က ပြန်ကြည့်နေခဲ့ပါတယ်။

လက်ရှိအချိန် ကောင်းကင်ကြီးက မှောင်မိုက်နေခဲ့ပါပြီ။ ဟို့ယွိဟောင်က နံရံပေါ်ကအလင်းတန်းတစ်ခုကိုဖွင့်ထားခဲ့တာကြောင့် အခန်းကမှောင်နေခဲ့ပါတယ်။ မျက်လုံးနှစ်စုံက တစ်ဖက်နဲ့တစ်ဖက်ကြည့်နေခဲ့သလို ၀မ်သုန့်ကတော့အကြည့်ကိုရှောင်နေခဲ့ပါတယ်။

” အတော်လေးမှောင်နေပြီ စောစောအိပ် မနက်ဖြန်မနက်စောစောထသွားမယ်…ငါရဲ့အိမ်က အတော်လေးဝေးသေးတယ်…ငါတောင်းပန်ပါတယ် ဒါပေမယ့် မင်းဒီနေ့ညတော့ ငါနဲ့တစ်အိပ်ရာထဲမှာ အတူတူအိပ်ရမှာ ”

၀မ်သုန့်က ပြောလာခဲ့ပါတယ်။

” မင်းရဲ့အိပ်မက်ထဲမှာပဲနေနေလိုက် ဘယ်သူမှမင်းနဲ့တစ်အိပ်ရာထဲမအိပ်ဘူး…မင်းကြမ်းပျဥ်မှာအိပ် ငါအိပ်ရာပေါ်မှာအိပ်မယ် ..ဧည့်သည်တွေကိုဘယ်လိုအလေးထားရမလဲဆိုတာ မသိဘူးလား ”

” တော်လိုက်ပါတော့ မင်း ငါထွက်လာတဲ့နေ့တုန်းက ငိုယိုပြီတော့ကျန်ရစ်ခဲ့တာဘယ်သူလဲ ဒါ့အပြင် ငါတို့တွေအဲ့ဒီညမှာ တစ်အိပ်ရာထဲအတူတူအိပ်ဖို့အတင်းပြောနေတာရော ဘယ်သူလဲ ဘာလဲနှစ်နှစ်ကြာသွားပြီလို့ မေ့သွားတာလား ”

” အဓိပ္ပါယ်မရှိတာတွေ ဘယ်သူကမှငိုယိုပြီတောင်းဆိုမနေဘူး..ဒါ့အပြင် ငါတစ်ယောက်ထဲအိပ်ချင်တယ်..ငါတို့ကအရွယ်ရောက်လာတဲ့သူပဲလေ အကယ်၍ အိပ်ရာတစ်ခုထဲမှာအရွယ်ရောက်ပြီသားအမျိုးသားနှစ်ယောက် အတူတူအိပ်နေတာကို လူတွေတွေ့မယ်ဆိုရင် ဘယ်လိုပြောမယ်ထင်လဲ ”

သူပြောပြီတာနဲ့ သန့်စင်ခန်းဆီကို ပြေး၀င်လို့သွားပါတော့တယ်။

” သူ့ရဲ့ ဒီအသန့်အရှင်းကြိုက်တတ်တဲ့ရောဂါက တဖြည်းဖြည်းပိုဆိုးတာများလား ”

ဟို့ယွိဟောင်က သူ့ဘာသာသူပြောနေခဲ့ပါတယ်။

၀မ်သုန့် သူ့ဆီလာလည်တဲ့အတွက် တကယ်ကိုပျော်နေခဲ့တာကြောင့် သူဘာပဲတောင်းဆိုပါစေ လိုက်လျောဖို့အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ သူ့မှာ အိပ်ရာခင်းတွေစောင်တွေဆိုတာက အပြည့်ပါပဲ။ ဒါကြောင့် သိုလှောင်ရေး၀ိညာဥ်ပစ္စည်းတွေထဲကနေ ခရီးသွားချိန်မှာအသုံးပြုတဲ့ပစ္စည်းတွေကို ထုတ်ယူလာပါတော့တယ်။

သူ့ရဲ့ကိုယ်ပိုင်အိပ်ရာကို ပြင်ဆင်ပြီတဲ့နောက် အိပ်ရာခင်း ခေါင်းအုံးစွပ်နဲ့ စောင်တွေကိုပါလှဲလိုက်ပါတော့တယ်။ အရာအားလုံးကိုသန့်ရှင်းစင်ကြယ်ပြီ ချောမွေ့ပျော့ပြောင်အောင် ပြောင်းလဲလိုက်ပါတယ်။

၀မ်သုန့် ရေချိုးတာအတော်ကြာပါတယ်။ သူဒီနေရာအထိ ခရီးရှည်ကြီးထွက်လာခဲ့ရတဲ့အတွက် အတော်လေးညစ်ပတ်ပေးရည်နေလို့ပါ။ ဒီကောင်ဘယ်လောက်အထိ အသန့်ရှင်းကြိုက်လဲဆိုတာ ဟို့ယွိဟောင်ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် အလောမကြီးပါဘူး။ ကြမ်းပျဥ်ပေါ်မှာအခင်းခင်းရင်နဲ့ လှဲချပြီတစ်စုံတစ်ရာကိုတွေးနေခဲ့မိပါတယ်။

ဘာဖြစ်လို့အိပ်ရမှာလဲ သူတို့မတွေ့ရတာအချိန်အတော်ကြာနေပြီ ဒါဆိုရင် ဟောင်သုန့်စွမ်းအားကိုညဘက်မှာလေ့ကျင့်တာအကောင်းဆုံးမဟုတ်ဘူးလား။

ဒီအချိန်မှာပဲ ၀မ်သုန့်က ရေချိုးတာပြီသွားပါတော့တယ်။ သူ့ရဲ့လက်ထဲမှာအပြာရောင်ပု၀ါအရှည်ကြီးကိုကိုင်လာခဲ့တယ်။သေချာပေါက် သူ့ရဲ့ဒီစိုစွတ်နေတဲ့ ဆံပင်တွေကိုခြောက်သွေ့အောင်လုပ်ဖို့ သူ့ဘာသာသူယူလာတာပါပဲ။

” ဟာမြန်လှချေလား ”

၀မ်သုန့်က သန့်ရှင်းတဲ့အ၀တ်အစားတွေကို လဲလှဲပြီတဲ့နောက် အိပ်ရာပေါ်ကိုတက်သွားပါတော့တယ်။ သူရဲ့ညအိပ်၀တ်စုံက အတော်လေးကို ချောင်ချောင်ချိချိနဲ့ သက်သောက်သက်သာရှိတဲ့ ပုံစံမျိုးပါ။

ဟို့ယွိဟောင်ကတော့ မြေပြင်ပေါ်မှာလှဲနေတုန်းပါပဲ။

” မင်းကိုအိပ်ရာပြင်ပြီတဲ့နောက် ငါချက်ချင်းနောင်တရသွားတယ်..ဘာကြောင့်ငါတို့အိပ်ရမှာလဲ ဟောင်သုန့်စွမ်းအားကိုလေ့ကျင့်ချင်သေးတယ်မဟုတ်လား..မင်းရဲ့၀ိညာဥ်စွမ်းအားက အဆင့်ခြောက်ဆယ်မှာရောက်နေပြီ ငါထက်အများကြီးပိုသန်မာနေတယ်…ဒါကြောင့် ငါကိုလေ့ကျင့်ဖို့အတွက် မင်းကူညီသင့်တယ်…ဒါဆိုရင် ငါရဲ့ကျင့်ကြံမှုနှုန်းကလဲ အများကြီးတက်လာမှာ ”

၀မ်သုန့်လဲ အိပ်ရာခင်းအစွန်ထိကိုလျှောဆင်းလာပြီတဲ့နောက် ဟို့ယွိဟောင်ဘေးမှာထိုင်လိုက်ပါတယ်။ ဟို့ယွိဟောင်လဲ ချက်ချင်းလှည့်ရင်းနဲ့ပြောလာခဲ့တယ်။

” မင်းအပေါ်မှာထိုင် ဒီအခင်းက ငါခရီးသွားတဲ့အချိန်မှာ ပုံမှန်သုံးနေတဲ့ဥစ္စာ ဒီတော့သိပ်ပြီမသန့်ရှင်းဘူး…သန့်သန့်ရှင်းရှင်းရှိတာတွေကို ငါအိပ်ရာပေါ်မှာပြောင်းလိုက်ပြီးပြီ ဒါကိုအရှေ့ရက်တုန်းကမှ နေလှန်းထားပေးတာ ”

သူပြောပြီချိန်မှာပဲ ၀မ်သုန့်ရဲ့အကြည့်က တစ်စုံတစ်ရာဖြစ်နေတာကို သူနားလည်သွားခဲ့ပါတယ်။ ဒါကြောင့် မေးလိုက်မိတယ်။

” ဘာဖြစ်လို့လဲ ”

” ငါတို့ဒီညမလေ့ကျင့်ဘူးလို့ ကတိပေးစမ်းပါ ဒီနေ့ညကောင်းကောင်းအိပ်ဖို့တော့ ငါတို့ထိုက်တန်ရပါသေးတယ် ..ငါဒီကိုရောက်နေတာမပျော်ဘူးလား ဒီစိတ်လှုပ်ရှားမှုကိုအိမ်ထဲသယ်သွားတော့တယ်..ဒီတော့ငါအရမ်းပင်ပန်းနေပြီ ငါတို့သိထားတဲ့အထဲမှာ ကိုယ်ရဲ့အသက်ထက်အများကြီးပိုအိုနေတယ်လို့ထင်ရတဲ့လူနှစ်ယောက်ရှိတယ်..အဲ့ဒါကတော့ ဆရာရှောင်ကိုဆုံးရှုံးသွားတဲ့ အစ်ကိုပေ့ပေ့ပဲ နောက်တစ်ယောက်ကတော့ မင်းဖြစ်နေတယ် ”

” မင်းအင်အားထုတ်တာအရမ်းများလွန်လို့ သေတော့မဲ့ရုပ်ပုံပေါက်နေပြီ အေးအေးဆေးဆေးနားချိန်ပေးတာကကောင်းတဲ့ကိစ္စပဲ ၀ိညာဥ်စွမ်းအားကိုလေ့ကျင့်တယ်ဆိုတာက အကန့်အသတ်မရှိနိုင်ဘူး…အကယ်၍ မနားဘူးဆိုရင် မကြာခင်မှာပြိုလဲသွားတာဖြစ်နိုင်တယ်..ဒါကြောင့် မင်းကိုလာရှာရတာ ငါ့ကိုအိမ်ပြန်ပို့ခိုင်းတယ်ဆိုတာက မင်းနားနားနေနေ နေရအောင်လို့တောင်းဆိုခဲ့တဲ့ကိစ္စ ဒါကမင်းရဲ့ကျင့်ကြံမှုအတွက်လဲ အများကြီးအကျိုးရှိနိုင်တယ်လေ ”

ဟို့ယွိဟောင်ရဲ့ခေါင်းကိုခပ်ဖွဖွပုတ်ရင်းပြောနေတဲ့ ၀မ်သုန့်ရဲ့လက်တွေက အရမ်းကိုနွေးထွေးနေခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ ၀မ်သုန့်ဘယ်လောက်အထိ အလေးအနက်ထားပြီပြောနေခဲ့လဲဆိုတာဟို့ယွိဟောင် ပြန်နားလည်နေရတာပါပဲ။

” ကောင်းပြီ မင်းပြောတာနားထောင်မယ်..ဒီနေ့တော့ မလေ့ကျင့်တော့ဘူး…ကောင်းကောင်းနားလိုက်မယ် ငါရေသွားချိုးတော့မယ် ”

ဟို့ယွိဟောင်ပြောရင်နဲ့ ချက်ချင်းပြေးသွားပါတော့တယ်။

သူတံခါးကိုပိတ်ပြီတာနဲ့ ဟို့ယွိဟောင်နံရံကိုကပ်ရင်း စတင်ပြီမထိန်းနိုင်မသိမ်းနိုင်ငိုကြွေးမိပါပြီ။ သူနှစ်ချီအောင်ထိန်းသိမ်းထားခဲ့ရတဲ့ ၀မ်းနည်းမှုတွေအားလုံးက အပြင်ကိုပေါက်ကွဲထွက်လာပါတော့တယ်။ ဒါကြောင့် သူအနေနဲ့ဆက်ပြီမထိုင်နိုင်တော့တာပါ။

ဟုတ်ပါတယ် သူ့ရဲ့ပုခုံးပေါ်မှာသယ်ဆောင်ထားရတဲ့ တာ၀န်၀တ္တရားက ဘယ်လောက်အထိများပြားလဲဆိုတာကို သူတစ်ယောက်ထဲသိနေခဲ့တယ်။ အကြီးအကဲမုသေပြီတဲ့အချိန်မှာ ရူးသွပ်မှုတစ်၀က်အခြေအနေထဲကို ရောက်နေပြီတဲ့နောက် ဖိအားကိုအများကြီးပေးခဲ့မိပါတယ်။ တကယ်တော့ နေ့စဥ်နေ့တိုင်းမှာ ဘယ်လောက်ပဲပြင်းထန်တဲ့ဖိအားကိုခံစားပါရစေ ဘယ်လောက်ပဲမောပန်းပြီနာကျင်နေပါစေ မရပ်တန့်ခဲ့ပါဘူး။

၀မ်သုန့်ရောက်လာပြီတဲ့နောက် သူ့ရဲ့နှစ်သိမ့်တဲ့စကားတွေက ဟို့ယွိဟောင်နှလုံးသားထဲက နာကျင်မှုကိုပေါက်ကွဲထွက်သွားစေပါတယ်။ နာနာကျင်ကျင်ချည်နှောင်ထားခဲ့ရတဲ့ ဒဏ်ရာတွေကအခုလက်ရှိအချိန်မှာ ပျော့ပျောင်းပြီအရည်ပျော်သွားသလိုပါပဲ ဒါက နူးညံ့တဲ့မေတ္တာရဲ့အကျိုးကျေးဇူးကြောင့်ပါပဲ။

အမျိုးသားတွေလဲ ငိုကြွေးကြပါတယ်။ ဒါပေမယ့် နှလုံးသားထဲမှာ၀န်ထုတ်၀န်ပိုးတွေကိုအများကြီးဖိနှိမ့်လို့ထားခဲ့ပြီ သူတို့ရဲ့အားနည်းချက်ကိုတခြားသူတွေမြင်တာမျိုးမဖြစ်ခံစေချင်ပါဘူး။

ဟို့ယွိဟောင်က လူငယ်တစ်ယောက်သာရှိပါသေးတယ်။ သူက အရွယ်ရောက်ပြီသားလူတစ်ယောက်လဲမဟုတ်သေးပါဘူး။ ဒါပေမယ့် တခြားသူတွေထက်ကိုပိုပြီးမြန်မြန်ဆန်ဆန် ရင့်ကျက်မှုအတွက်ဖိအားတွေကို ရင်ဆိုင်နေခဲ့ရတယ်။ တခဏတာအထိ နက်နက်ရှိုင်းရှိုင်းငိုကြွေးခဲ့ပြီတဲ့နောက် ရေချိုးဖို့အတွက်စတင်ပါတော့တယ်။ နွေးထွေးတဲ့ရေတွေကို ဖြည်းဖြည်းချင်းစီးဆင်းလို့သွားခဲ့ရင်း သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်ဆိုင်ရာမောပန်းနာကျင်မှုတွေကို ပျော်ဆင်းလို့သွားစေခဲ့တယ်။

အပိုင်း ၁၈၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset