အပိုင်း ၁၈၇•၂
” မြင်မြင်ချင်အချစ် ”
°°°
၀မ်သုန့်က ပြန်လှည့်လာခဲ့ရင်း သူ့ကိုရီဝေပြီပြာလဲ့နေတဲ့မျက်လုံးနဲ့ကြည့်လာခဲ့ပါတယ်။
” မင်းကူညီပေးမလား ငါတို့မတွေ့တာကြာပြီလေ ဒါကြောင့် မင်းနဲ့ဒီအတိုင်းကြီးမခွဲခွာချင်ဘူး…ငါသာဒီအတိုင်းခွဲခွာသွားမယ်ဆိုရင် နောက်ထပ် လနည်းနည်းကြာမှပြန်ပြီတွေ့ရမှာ ဒါ့အပြင် မင်းကျောင်းတော်ကိုပြန်လာတဲ့အချိန်မှာ လုပ်ရမဲ့အလုပ်တွေတာ၀န်၀တ္တရားတွေဆိုတာကလဲ အများကြီးပဲ ”
” ကောင်းပြီ ငါမင်းနဲ့လိုက်ခဲ့မယ်. ”
ဟို့ယွိဟောင် ချက်ချင်းသတောတူလိုက်ပါတယ်။
၀မ်သုန့်လဲပြုံးနေခဲ့တယ်။ ဒီအပြုံးက အရမ်းကိုတောက်ပလွန်လို့ ဟို့ယွိဟောင်တောင်မျက်လုံးပြူးသွားခဲ့မိပါတယ်။ ၀မ်သုန့်အနေနဲ့ လက်ရှိအချိန်မှာ ဆံပင်တွေအတော်ရှည်လာပြီဖြစ်တာကြောင့် သူနှစ်သက်တဲ့ အလင်းတန်းနတ်မိမယ်နဲ့အတော်လေးတူညီနေတာကိုခံစားမိတယ်။
” မင်းက ကျင့်ကြံမှုမှာရူးသွပ်လွန်တဲ့ကောင် မင်းလိုကောင်မျိုးငါနဲ့အတူတူလိုက်တာကိုတော့ ၀မ်းသာမိသား ”
၀မ်သုန့်က ရယ်မောရင်းနဲ့ပြောလာခဲ့ပါတယ်။
” အဲ့ဒီလောက်ကြီးငါရူးသွပ်နေရတာလဲ မဟုတ်ရပါဘူး..ဒါပေမယ့် ငါတို့တွေအတူတူရှိနေမဲ့အချိန်ဆိုရင် ငါတို့ရဲ့ကျင့်ကြံနှုန်းက အနည်းငယ်လျော့သွားတာကို ခံစားမိလား ငါလက်ရှိအချိန်မှာ ဧကရာဇ်နယ်မြေအကြောင်းကို ပိုပိုနားလည်လာပြီ ဒါကြောင့် ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီ မင်းကိုအားလုံးပြောပြရမယ် ”
၀မ်သုန့်ရဲ့မျက်လုံးအကြည့်က ၀မ်းနည်းမှုနောင်တအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။
” အဲ့ဒါထားလိုက်တော့ မင်းရဲ့စိတ်ထဲမှာလေ့ကျင့်တာအပြင် ဘာရှိသေးလို့လဲ အကယ်၍ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ငါရဲ့အစ်မကမင်းကိုကြိုက်မှာမဟုတ်ဘူး ”
” အားဟုတ်သား အကယ်၍ ငါအိမ်ပြန်မယ်ဆိုရင် မင်းအစ်မကိုတွေ့လို့ရမလား ”
” ဘယ်တွေ့ရမလဲ ငါအစ်မက အပြင်မှာခရီးထွက်နေတာလေ အမျက်ဒေါသကျောင်းတော်ကိုပြန်လာပြီ အခွင့်အရေးကိုစောင့် ဒါဆိုရင်အခွင့်အရေးရနိုင်တယ်…ငါအစ်မပြောတာတော့ နောက်နှစ်ကျောင်းစာသင်ကြားနှစ်မှာ သူကအတွင်းနယ်မြေစာမေးပွဲကို ၀င်ဖြေမယ်တဲ့ ”
” ဒါဆိုရင် အချိန်ကြလာရင်တွေ့ရမှာပေါ့ ”
” အဲ့ဒီလောက်ကြီးစိတ်လှုပ်ရှားနေပုံလဲမပေါ်ဘူး မင်းက ”
” စိတ်အားထက်သန်နေလို့ရော ဘာအကျိုးရှိမှာလဲ ငါရဲ့ရုပ်ရည်နဲ့မင်းအစ်မကိုဆွဲဆောင်နိုင်မယ်လို့ ထင်လား…ဒါ့အပြင် မင်းအစ်မက ငါတို့လိုမျိုးစိတ်ချင်ဆက်နွယ်မှုမျိုးရှိနိုင်မှာလား ကံကြမ္မာကဘယ်လောက်အထိ လမ်းညွှန်ပေးနိုင်မလားဆိုတာ ကြည့်ကြရတာပေါ့ ”
၀မ်သုန့်က ဒီကိစ္စနဲ့ပတ်သက်ပြီဆက်ပြောနေခဲ့ပါတယ်။
” အကယ်၍ ငါရဲ့အစ်မကသာ ငါတို့ရဲ့ဖန်တီးထားတဲ့ အလင်းတန်းနတ်မိမယ်နဲ့တူနေမယ်ဆိုရင် သူ့မှာ သေချာပေါက် မင်းနဲ့လိုက်လျောညီထွေးဖြစ်နိုင်မှာပဲ ဒါဆိုရင်မင်းစိတ်လှုပ်ရှားမှာလား ”
” ဒါပေါ့ သေချာတာပေါ့ ဒီလိုမရေရာသေးတဲ့ကိစ္စကိုပြောရအောင် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကျောင်းတော်မှာကိစ္စတွေဘယ်လိုရှိလဲ ”
” အားလုံးက ပုံမှန်ပါပဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက ဆက်တိုက်ဆိုသလို တိုးတက်နေတယ်…ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အသက်မွေး၀မ်းကြောင်းကျောင်းတော်ကိုလဲ ပြီးမြောက်အောင်လုပ်ပြီသွားပြီ လက်ရှိအချိန်မှာ ပိုများပြားတဲ့တစ်ယောက်ချင်းဆီစာမေးပွဲတွေကို အရင်နှစ်ကနေစပြီ ဖြေနေကြရတယ်..သူတို့ရဲ့စာမေးပွဲတွေက သိုင်းပညာ၀ိညာဥ်တွေထက်ကို ပိုပြီးတော့လွယ်ကူတယ်…ဒါပေမယ့် ၀ိညာဥ်လက်နက်တွေအပေါ်မှာနားလည်သဘောပေါက်မှုကို ပိုအာရုံစိုက်ထားတယ် ”
” အားဟုတ်သား မင်းပြန်ပို့လိုက်တဲ့၀ိညာဥ်လက်နက်တွေက အတော်လေးကျောင်းတော်အတွက် အသုံး၀င်နေတယ်…ဒါပေမယ့် တူညီတဲ့၀ိညာဥ်လက်နက်တွေကိုဖန်တီးတာတော့ ငါမမြင်ဖူးသေးဘူး…ကျောင်းအုပ်ရန်ဆက်တိုက်ပြောနေတာကတော့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက ဘဏ္ဍာငွေတွေကို အများကြီးအများကြီး သုံးနေတယ်တဲ့ ”
” ထန်မျိုးနွယ်ကိုတော့ တရား၀င်တည်ထောင်လိုက်ပြီးပြီ ဒါပေမယ့် အကြီးဆုံးအစ်ကိုကြီးနဲ့ တတိယအစ်ကိုကြီးနှစ်ယောက်ပဲ ဆက်တိုက်အလုပ်လုပ်နေတဲ့ပုံပေါ်တယ်…အားနှစ်ယောက်စလုံးက အဆင့်ခြောက်ဆယ်ကိုကျော်သွားပြီ စတုတ္ထအစ်မကြီးနဲ့ ပဥ္စမအစ်မကြီးနှစ်ယောက်က နည်းနည်းလေးပဲ သူတို့နဲ့ကွာတယ်…ဒါပေမယ့် ပြိုင်ပွဲမစတင်ခင်အချိန်မှာ သူတို့အဆင့်ဖြတ်ကျော်နိုင်မယ်လို့ငါတော့မထင်ဘူး…မင်းရောဘယ်လိုလဲ မင်းရဲ့၀ိညာဥ်စွမ်းအားတိုးတက်မှုက သိပ်မကြီးတာကိုခံစားမိတယ် ”
” နည်းနည်းတက်လာပေမဲ့ ယှဥ်လို့တော့ဘယ်ရမလဲလေ ငါတို့ကျောင်းကိုပြန်ပြီဆိုရင် ဒါကိုဘယ်လိုအင်အားမြင့်ရမလဲဆိုတာ သိလာမှာပါ မင်းကတော့အရမ်းကြီးတိုးတက်လာတာပဲ တခြားသူတွေကိုတောင် လိုက်မီလာပြီ မကြာခင်မှာ စတုတ္ထအစ်မကြီးနဲ့ ပဥ္စမအစ်မကြီးနှစ်ယောက်ကို ကျော်တက်သွားတော့မယ် ”
” ငါတို့ရဲ့အမြွှာသိုင်းပညာ၀ိညာဥ်တွေက ကျင့်ကြံတဲ့ခရီးတစ်လျှောက်မှာ အားသာချက်တွေရှိတယ်လေ ငါမင်းဆီမလာခင်တုန်းက ဆက်တိုက်ကြိုးကြိုးစားစားလေ့ကျင့်နေခဲ့တာ ဒါ့အပြင် ငါတို့ရဲ့ဟောင်သုန့်စွမ်းအားဆိုတာက သာမန်၀ိညာဥ်ပညာရှင်တွေပိုင်ဆိုင်တာမှမဟုတ်ပဲ ”
” လက်ရှိအချိန် ထန်မျိုးနွယ်က ဘယ်လောက်အထိ တိုးတက်လာပြီးပြီလဲ ”
ဟို့ယွိဟောင်က ဒီကိစ္စနဲ့ပတ်သက်ပြီအတော်လေးစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေနဲ့ပတ်သက်ပြီ လေ့ကျင့်ချိန်တိုင်းမှာ ဒီအတွေးကဆက်တိုက်ပေါ်လာခဲ့တာပါ။ ပေ့ပေ့နဲ့ ရှောင်ယာ့ကြောင့်သာ သူက ထန်မျိုးနွယ်ကို ၀င်ရောက်နိုင်ခဲ့ပြီ အမျက်ဒေါသကျောင်းတော်ထဲကိုရောက်လာခဲ့ပါတယ်။
အဲ့ဒီအချိန်ကနေစတင်လို့ သူ့ရဲ့ဘ၀တစ်ခုလုံးကပြောင်းလဲလို့သွားခဲ့တယ်။ အမျက်ဒေါသကျောင်းတော်နဲ့ ထန်မျိုးနွယ်ဆိုတာက သူ့အတွက်အင်မတန်ကို အရေးကြီးတဲ့အရာတွေပါ။ ဒါ့အပြင် ထန်မျိုးနွယ်မှာ သူ့မျှော်လင့်ချက်ကလဲအရမ်းကြီးမားပါတယ်။
” အဓိက အခြေခံတည်ဆောက်မှုတွေကိုတော့ ဖွဲ့စည်းပြီးသွားပြီ ငါတို့မှာနေရာကကျယ်ကျယ်၀န်း၀န်းတော့ရှိတယ်…ဒါပေမယ့် လူအင်အားတော့မရှိဘူး…မင်းပို့လိုက်တဲ့လူတော်တော်များများကအတော်လေးကို ကြိုးစားကြတယ်…အစ်ကိုကြီးပြောတာကတော့ သူတို့အားလုံးက အင်အားကြီးသလောက် အရမ်းကြိုးစားအားထုတ်မှုလဲ ပြင်းကြတယ်တဲ့ အထူးသဖြင့် နနလို့ခေါ်တဲ့ကောင်မလေးပဲ အကြီးဆုံးအစ်ကိုကြီးရော တတိယအစ်ကိုကြီးရော သူ့ကိုအတော်လေးနှစ်သက်ကြတယ်…ဒါနဲ့ အဲ့ဒီကောင်မလေးနဲ့ရော အခြေအနေဘယ်လိုလဲ ”
” ဒီလောက်ဆိုလုံလောက်ပြီ ပေါက်ကရတွေပြောမနေနဲ့တော့ နနကလဲ ကြမ်းတမ်းခက်ခဲတဲ့ဘ၀ကိုပိုင်ဆိုင်ခဲ့တဲ့သူ ဒါကြောင့် ထန်မျိုးနွယ်မှာအခုအတိုင်းဆက်နေနေမယ်ဆိုရင် သူအတွက်ကတော့ တော်တော်လေးအဆင်ပြေတဲ့အိမ်ရာလေးတစ်ခုဖြစ်လာမှာပဲ ”
နနနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းအရင်းတွေရယ် အဖြစ်အပျက်တွေရယ်ကို ၀မ်သုန့်ဆီအကြမ်းဖျင်းပြောလိုက်ပါတယ်။ ၀မ်သုန့်ကတော့ ဒါကိုနားထောင်ရင်းနဲ့ မျက်မှောင်ကြုတ်နေခဲ့တယ်။
” ဒါဆိုရင် သရဲဘုရားကျောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေက သူ့ဆီကနေသတင်းရလာတာပေါ့ ငါလွန်ခဲ့တဲ့နှစ်တွေမှာအစောင့်အရှောက်တွေရဲ့ တာ၀န်ကိုဆက်တိုက်ထမ်းဆောင်ခဲ့တယ်…ဒါပေမယ့် သရဲဘုရားကျောင်းပတ်သက်တဲ့ကိစ္စကိုတော့ တစ်ခါမှမတွေးခဲ့ဖူးဘူး သူတို့တွေအရမ်းကိုကောင်းကောင်းမွန်မွန်ဖုံးကွယ်ထားတာပဲ ဒါ့အပြင် အကယ်၍ သူတို့ပစ်မှုတစ်ခုခုကိုမှမကျူးလွန်ဘူးဆိုရင် ငါတို့အနေနဲ့ သူတို့ကို ဖမ်းမိဖို့ခက်လိမ့်မယ် ”
” မြေခွေးတွေဆိုတာ အမြဲတမ်းအမြီးကိုဖော်ထားတယ်လေ ငါတို့ထန်မျိုးနွယ်အကြောင်းကိုပဲ ဆက်ပြောရအောင် ”
” ငါတို့တွေလက်ရှိအချိန် အဆောက်အအုံတွေကိုတည်ဆောက်ပြီတဲ့နောက် အကြီးဆုံးအစ်ကိုကြီးက ဆွေးနွေးဖို့အတွက်စုစည်းလိုက်တယ်…ဒါ့အပြင် ငါတို့မျိုးနွယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ငွေကြေးတွေအရင်းအမြစ်တွေနဲ့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာ သူစပြီဆွေးနွေးတယ် ”
” လုံလောက်တဲ့၀င်ငွေမရှိရင် ဘယ်မျိုးနွယ်စုကမှ ကျယ်ပြန့်ပြီတိုးတက်နိုင်မှာမဟုတ်ဘူး…ဒါ့အပြင် ငါတို့ကအခုမှအခြေတည်စပြုလာတာ အခြေခံဆိုတာအင်မတန်ကို သေးငယ်နေသေးတယ်…ဒါကြောင့် ၀ိညာဥ်လက်နက်တွေကိုအသုံးပြုပြီး ငွေကြေးကိုရအောင်ရှာရမယ်…မင်းပို့လိုက်တဲ့ပုံကြမ်းတွေဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ ကျောင်းအုပ်နှစ်ယောက်နဲ့ဆွေးနွေးပြီတဲ့နောက် ငါတို့တွေဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပြောပြီးပြီ ”
” ပထမအသုတ်ကိုအကုန်လုံးပေါင်းပြီ ဖန်တီးပြီတဲ့နောက် တော်တော်ကြီးကို ချီးမွမ်းခံရတယ်…အထူးသဖြင့် ကျူးကော်နတ်လေမြားက ပထမဆုံး၀ယ်ယူမှုအများဆုံးပဲ ငါတို့တွေအခုလက်ရှိအချိန် ကျူးကော်နတ်လေမြားလေးဆယ်ကို ထုတ်လုပ်ပြီ အမျက်ဒေါသမြို့တော်ထဲမှာ တပ်ဆင်ဖို့ပြင်ထားတယ် ”
” ကျူးကော်နတ်လေမြားအမြောက်ဆိုတာကငါတို့ထန်မျိုးနွယ်ရဲ့မူလနတ်လေမြားကို အခြေခံထားတာလေ ဒီအထဲမှာအခြေခံကျတဲ့ဗျူဟာတွေထပ်ထည့်သွင်းလိုက်မယ်ဆိုရင် ထိန်းချုပ်ရလွယ်ကူသွားမှာပဲ ဒါ့အပြင် နေရာအများကြီးကိုလဲ ရောက်နိုင်တယ်..သူ့ရဲ့အားနည်းချက်ကလဲ အတော်ကိုထင်ရှားသေးတယ်..အပေါ်ယံအခွံတွေကပြုလုပ်ဖို့အတွက် အရမ်းကိုစျေးကြီးလွန်တယ်လေ ”
” ငါတို့ရွေ့လျား၀ိညာဥ်အမြောက်တွေရဲ့အခွံကို သုံးလို့ရပေမဲ့ သာမန်ပြည်သူတွေအားလုံးကို လက်နက်တပ်ဆင်ဖို့ရည်ရွယ်ချက်အောင်မြင်ဖို့ရာ ဆက်ပြီကြိုးစားရဦးမယ်…ဒါ့အပြင် ပေါက်ကွဲမှုပြင်းထန်တဲ့အခွံတွေဆိုတာက လက်ရှိအချိန်မှာ ရွေးချယ်ဖို့ခက်နေတုန်းပဲ ဒါကရင်းနှီးမြုပ်နှံမှုအသေးလေးတော့ မဟုတ်ဘူး ”
” ဒါတွေအားလုံးကို မင်းစိတ်ပူဖို့မလိုတော့ဘူး..ပထမဆုံးအနေနဲ့ ကျောင်းတော်က သူ့တို့ကိုယ်သူတို့ စစ်ပွဲထဲခုန်မချကြဘူးလေ ဒုတိယအနေနဲ့က အမျက်ဒေါသကျောင်းတော်ရဲ့အခြေခံက ခိုင်မာလွန်တဲ့အပြင် အရမ်းကိုချမ်းသာတယ်..ဒါကြောင့် ဒီလောက်ပိုက်ဆံလေးက ပြဿနာမဟုတ်ဘူး အကြီးဆုံးဆရာတူအစ်ကိုကြီးက မင်းပြန်ပို့လိုက်တဲ့ပုံကြမ်းတွေကို သူအတော်လေး သေချာထိန်းသိမ်းထားတယ်…ဒါ့အပြင် ထုတ်လုပ်တဲ့လုပ်ငန်းစဥ်တွေကို အပိုင်းပိုင်းအစစခွဲပြီ အားလုံးကိုသူ့ဘာသာသူအစကနေပြန်ပြီ ပြင်ဆင်နေတာ အရမ်းလဲသတိထားတယ် ”
ဟို့ယွိဟောင် ပြုံးပြရင်းပြောလာခဲ့ပါတယ်။
” အစ်ကိုကြီးက တကယ်အပင်ပန်းခံတဲ့သူပဲ ထန်မျိုးနွယ်က သူ့ရဲ့ဦးဆောင်မှုအောက်မှာ ပိုမိုအားကောင်းလာပြီ တိုးတက်လာလိမ့်မယ် ”
” ဒါပေမယ့် သူကြည့်ရတာ စိတ်ချမ်းသာတဲ့ပုံတော့မပေါ်ပါဘူးလေ ”
၀မ်သုန့်က သက်ပြင်းချရင်းနဲ့ ဆက်ပြောလာခဲ့ပါတယ်။
” ဆရာရှောင်ယာ့ ပျောက်သွားတဲ့အချိန်ကစလို့ သူမပြုံးတော့ဘူး..ဒါ့အပြင် တစ်နေ့ထက်တစ်နေ့လဲ ပိုပိန်လာသေးတယ်..ဒါ့အပြင် သူက အသက်နှစ်ဆယ်ပဲရှိသေးပေမဲ့ သူ့ရဲ့ရှိရင်ဆွဲအသက်ထက်ကို အများကြီးပိုပြီးအိုနေတဲ့ပုံပေါ်နေပြီ ”
၀မ်သုန့်က သူ့မျက်လုံးထောင့်ကိုပွတ်ရင် ပြောလာခဲ့တယ်။
” ဒါကတကယ်ပြဿနာကြီးပဲ ဆရာရှောင်ယာ့ပျောက်နေတာ အရမ်းကိုကြာလွန်နေပြီ ငါတို့သူ့သတင်းလဲမကြားရဘူး တစ်ခုခုဖြစ်နေတာဖြစ်နိုင်တယ်..မဟုတ်ရင် သူငါတို့ဆီပြန်လာရှာပါ ”
” ဒီကိစ္စသူ့ရှေ့မှာတော့သွားပြီမပြောနဲ့ တတိယအစ်ကိုကြီးက သူ့ကိုအမြဲတမ်း ဒီကိစ္စပတ်သက်ပြီဖျောင်းဖျနေရတာ ဒါ့အပြင် အကယ်၍ ကိစ္စတွေသာအလုပ်မဖြစ်ဘူးဆိုရင် နောက်လူတစ်ယောက်ရှာဖို့လဲ သူအမြဲတမ်းနားချနေသေးတယ်…ဒါပေမယ့် အကြီးဆုံးအစ်ကိုကြီးရဲ့ စိတ်ထားကအတော်ကိုနူးညံ့နေပေမဲ့လဲ တတိယအစ်ကိုကြီးကို ရိုက်သတ်လုနီးပါးဖြစ်သွားခဲ့တာ ဒါတောင်သူတို့က အကောင်းဆုံးသူငယ်ချင်းတွေနော် ”
” ငါတို့ပြန်သွားပြီတဲ့နောက် ဆရာရှောင်ယာ့ကိုရှာဖို့ကူညီကြတာပေါ့လေ ဘယ်လိုပဲမျှော်လင့်ချက်နည်းပါစေ အကောင်းဆုံးကြိုးစားကြတာပေါ့ ဆရာရှောင်ယာ့ရေ တကယ်ပဲဘယ်တွေများရောက်နေလဲ အသက်ရှင်နေဖို့တော့မျှော်လင့်ပါတယ် ”
သူတို့တွေခွဲခွာသွားခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ ဒါ့အပြင် ပြောစရာစကားတွေကလဲ အများကြီးရှိနေခဲ့တယ်။ ထန်မျိုးနွယ်နဲ့ အမျက်ဒေါသကျောင်းတော်ကိုပြောရင်းပြောရင်းကနေ သူတို့ကိုယ်ပိုင်လေ့ကျင့်အကြောင်းရောက်သွားခဲ့တယ်။ မိုးကောင်းကင်ကြီးတစ်ခုလုံးမှောင်မဲသွားတဲ့အထိတောင် သူတို့စကားပြောနေတာမရပ်ကြပါဘူး။
အဲ့ဒီနောက်မှပဲ တံခါးခေါက်သံက ထွက်လာတော့တယ်။
ဒါကတော့ ဖန်းယွီနဲ့ ဟယ့်ချိုက်ထို့တို့နှစ်ယောက်ပါ သူတို့လဲ ကျောင်းရဲ့အားလပ်ရက်တွေမှာ အေးအေးဆေးဆေးနေနေကြပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားတွေက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဘာပြဿနာမှမရှာတဲ့အတွက် နေလကျောင်းတော်ကလဲ သူတို့ကိုတင်းတင်းကျပ်ကျပ်မကန့်သတ်တော့ပါဘူး။ ဒါကြောင့်သာ သူတို့လေးယောက်က ကျောင်းပြင်ကိုထွက်လာခဲ့ပြီ စားသောက်ဆိုင်ကောင်းကောင်းကိုရှာရင်းနဲ့ အရသာရှိရှိအစားအသောက်တွေကို စားသောက်ခဲ့ကြပါတယ်။
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်နဲ့အတူတူ အပြင်လောကကိုခရီးထွက်ပြီ လေ့ကျင့်မှုအနည်းငယ်လုပ်ဖို့အတွက် ဖန်းယွီဆီက ခွင့်ပြုချက်တောင်းခဲ့တယ်။
အပိုင်း ၁၈၇•၂ ပြီး၏။