Switch Mode

Chapter – 9.1

တောက်ပ ရောင်စဥ် လိပ်ပြာ နတ်မိမယ် "

Chapter – 9.1 ” တောက်ပ ရောင်စဥ် လိပ်ပြာ နတ်မိမယ် ”
°°°
” မဖြစ်ဘူး ငါသည်းခံမှဖြစ်မယ် ငါထုတ်ပယ်ခံရလို့ မဖြစ်ဘူး ”

ဟို့ယွိဟောင်က အံကိုတင်းတင်းကြိတ်လိုက်ရင်း ခြေလှမ်းတွေရဲ့အရှိန်နှုန်းကို မြင့်တင်လိုက်ပါတယ်။ ပင်ပန်းနေတဲ့စိတ်ကို ကြည်လင်ရှင်းလင်းစေဖို့အတွက် သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးချရင်း သူ့ကိုယ်သူ ဆက်တိုက်ဆိုသလို ရည်မှန်းနေခဲ့တယ်။ အဲ့ဒီနောက် ပြင်းထန်တဲ့နာကျင်မှုက ခန္ဓာကိုယ်ရဲ့ လုပ်ဆော်မှုတွေကို ဆက်တိုက်ဆိုသလို တိုးမြင့်စေခဲ့ပြီး အရှိန်နှုန်းကလဲ နောက်တစ်ကြိမ် ပြန်လည်တိုးတက်လာခဲ့ပြန်ပါပြီး ဒါ့အပြင်အောက်ဖက်မှာရှိနေခဲ့တဲ့ လူတစ်ချို့ကိုတောင် သူပြန်ကျော်တက်သွားပါတော့တယ်။

ကျိုးယိကတော့ တိတ်တဆိတ်သာ ရပ်နေဆဲပါ။ ပြီးဆုံးအောင်မြင်သွားတဲ့ကျောင်းသားတွေကို သူအာရုံမစိုက်ပါဘူး မပြီးပြည့်သေးတဲ့ ကျောင်းသားတွေကိုသာ သူအာရုံစိုက်နေခဲ့တယ်။

ဒါ့အပြင် အားလုံးထဲမှာ အမောပန်းပုံစံဆုံးနဲ့ ရှိနေတာကတော့ ဟို့ယွိဟောင်ပါပဲ။ သူ့ရဲ့ ကျောင်း၀တ်စုံတစ်ခုလုံးက ချွေးတွေနဲ့ စိုရွှဲနေခဲ့ပါပြီး ဒါက လုံး၀ကို အမှားအယွင်းမရှိနိုင်ပါဘူး။ ဒါပေမယ့် အံကိုတင်းတင်းကြိတ်ထားရင်း ဆက်တိုက်ဆိုသလို တောင့်ခံလို့နေခဲ့ပါတယ်။

အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဟို့ယွိဟောင်လဲ နောက်ထပ် ရှစ်ပတ်တိတိ တောင့်ခံပြီးပါပြီ ဒီတစ်ကြိမ်မှာတော့ နှစ်နာရီအချိန်က အဆုံးသတ်ဖို့အတွက် ငါးမိနစ်သာ ကျန်ပါတော့တယ်။ ဟို့ယွိဟောင်နဲ့အတူတူ ပြေးနေသူတွေက ခုနှစ်ယောက်တိတိ ရှိနေသေးတယ်။ သူတို့ကတော့ သုံးခေါက်နဲ့ ငါးခေါက်သာ ကျန်တော့တဲ့သူတွေပါ။ ဒါ့အပြင် အားအကုန်သုံးရင်း အရှိန်ကို မြင့်တင်နေခဲ့ကြပါတယ်။ အချိန်မီပြီးမြောက်ဖို့အတွက် သူ့တို့မှာ အခွင့်အရေးရှိနေခဲ့သေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ စုစုပေါင်း ဆယ့်နှစ်ပတ်တိတိပေးဖို့ကျန်နေခဲ့တာပါ။

ဒီတစ်ကြိမ်မှာပဲ လူတစ်ယောက်က ရင်ပြင်ရဲ့အလယ်ကို ပြေးလာခဲ့ပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့အနောက်ဖက်ကို ရောက်ရှိလို့လာခဲ့ပြီး သူ့က်ို အမီလိုက်လာတော့တယ်။ အဲ့ဒီမြင်ကွင်းက ရှိရှိသမျှလူတိုင်းကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။

အပြာရောင်လိပ်ပြာတောင်ပံတစ်စုံက အဲ့ဒီလူရဲ့အနောက်ဖက်မှာ ရှိနေခဲ့တာကို သူတို့မြင်လိုက်ရလို့ပါပဲ။ အတောင်ပံတစ်ခုချင်းဆီရဲ့ ထိပ်ဖျားတွေက အပြာရင့်ရောင်တောက်ပနေခဲ့ပြီးအပြာရင့်ရောင် မိုးပြာရောင်နဲ့ အပြာဖျော့တို့ကို အသီးသီးပြောင်းလဲနေခဲ့ကြပါတယ်။ ဒါ့အပြင် သူ့ရဲ့ထူးခြားတဲ့ အလင်းသဏ္ဍာန်က အတောင်ပံတစ်ခါခတ်လိုက်တိုင်းမှာ အပြာရောင်တွေကိုပိုပြီး ပြေးလွှားလှုပ်ရှားကစားနေခဲ့တယ်။ ဒါ့အပြင် လူသားနယ်ပယ်ထက် ကျော်လွန်တဲ့ ကောင်းကင်ပြာကြီးရဲ့ အလင်းတန်းကိုလဲ ဖော်ဆောင်လို့နေခဲ့ပါတယ်။ သူ့ရဲ့အသွင်သဏ္ဍာန်ကော အရောင်ကောနှစ်ခုစလုံးက မယှဥ်သာနိုင်လောက်အောင် လှရက်လွန်နေခဲ့တယ်။

အတောင်ပံတစ်စုံ ရုတ်တရက်ပေါ်ထွက်လာချိန်မှာပဲ လူတိုင်းက အထိတ်တလန့် ဖြစ်သွားပါတော့တယ်။ ကျောင်းသားတွေအားလုံးကတော့ တအံ့တဩအော်နေခဲ့ကြပါပြီ။

ဒီအတောင်ပံတွေက အရမ်းကို လှလွန်တဲ့အပြင် မိုးပြာရောင်ပင်လယ်ကြီးထဲက တိုးထွက်လာတဲ့ တစ်စုံတစ်ရာလိုပါပဲ။ သူ့ရဲ့ အတောင်ပံပေါ်မှာရှိနေတဲ့ သင်္ကေတကလဲ ထူးထူးခြားခြားကို လှပနေခဲ့တယ်။ ဒါ့အပြင် အတောင်ပံနဲ့အတူတူ လှည့်ပတ်နေခဲ့တဲ့ အလင်းတန်းကတော့ မိုးပြာရောင်ကောင်းကင်ကြီးနဲ့ ထပ်တူကျနေခဲ့ပါတယ်။ ပုလဲလုံးတွေ စီးထားသလိုမျိုး တောက်ပနေတဲ့ သင်္ကေတနဲ့ အတောင်ပံရဲ့ အလင်းတန်းက အရမ်းကို ငြို့ငင်ဖမ်းစားနိုင်စွမ်းအပြည့်နဲ့ တောက်ပလို့နေခဲ့တယ်။

ဒီအတောင်ပံတွေက ပုံရိပ်ယောင်လို အရိပ်မျိုးသာ ဖြစ်နေခဲ့ပေမဲ့ လူတိုင်းကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ ကျိုးယိလိုဆရာတောင်မှ အတူတူအံ့အားသင့်နေခဲ့တယ်။

လိပ်ပြာတောင်ပံတွေကို ထုတ်လွှတ်ထားတဲ့သူက ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာ ကပ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို ဂျိုင်းအောက်ကနေ လက်လျှိုသွင်းပြီး ဖက်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း နှစ်ယောက်စလုံးကို ပျံသန်းစေဖို့ ကူညီလိုက်ပါတယ်။

ဟို့ယွိဟောင်လဲ လန့်နေခဲ့ပါတယ်။ သူနောက်ကို ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်မိတဲ့အတွက် ၀မ်သုန့်ရဲ့မျက်နှာကို မြင်လိုက်ရပါတယ်။

” မင်းဘာဖြစ်တယ် ”

” ဘာလဲမင်းရဲ့ စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ကိုယ့်ကိုကိုယ် ပေါ့ပါးလာအောင် မလုပ်သေးဘူးလား ”

၀မ်သုန့်က အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ရုတ်တရက်ဆိုသလို အရှိန်မြင့်သွားခဲ့ပါပြီး အဲ့ဒီနောက် သူက ဟို့ယွိဟောင်ကို ချီလာရင်း ရင်ပြင်တစ်၀ိုက်ကို အရှိန်မြင့်မြင့်နဲ့ ပျံသန်းနေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ၀မ်သုန့်ရဲ့အနောက်ဖက်မှာ ရှိတဲ့အတောင်ပံတစ်စုံကို ကြည့်ပြီး မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ လှလိုက်တာ တကယ်အရမ်းကိုလှလိုက်တာပဲ ဒါက သူ့သိုင်းပညာ၀ိညာဥ်လား ဟို့ယွိဟောင်လဲ ဒီအတောင်ပံတွေက နေရောင်ခြည်ရဲ့ နွေးထွေးမှုကို စုပ်ယူနေတာ ခံစားမိပါတယ်။ ဒါတင်မကပဲ သိုင်းပညာ၀ိညာဥ်တစ်ခုရဲ့ ပျံသန်းနိုင်စွမ်းက အတော်ကို မြင့်မားနေခဲ့တယ်။ သာမန်လူလောကမှာ သိုင်းပညာ၀ိညာဥ်တွေက အမြဲတမ်းပိုပြီး သန်မာတာ အမှန်ပါပဲ။

ကျိုးယိရဲ့ ထိတ်လန့်တဲ့မျက်နှာပေါ်မှာ ကျေနပ်အားရမှုက ပေါ်ထွက်လာပါတယ်။

” တောက်ပရောင်စဥ် လိပ်ပြာနတ်မိမယ်လား တိုက်ကြီးတစ်ခုလုံးမှာ အလှဆုံးလိပ်ပြာသိုင်းပညာ၀ိညာဥ်ပဲ ကောင်းလိုက်တာ အနည်းဆုံးတော့ အားလုံးက ငါ့ကို စိတ်မပျက်စေဘူး ”

၀မ်သုန့်ရဲ့ ပျံသန်းနေတဲ့ အရှိန်နှုန်းက အရမ်းကို မြင့်မားလွန်လှပါတယ်။ သူ့ရဲ့ အရှိန်နှုန်းနဲ့ ငါးမိနစ်အတွင်း ဆယ့်နှစ်ပတ်ပြည့်အောင် ပျံသန်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဟို့ယွိဟောင်နောက်ဆုံးတစ်ပတ်ကို ပတ်ပြီးချိန်မှာပဲ သူတို့နှစ်ယောက်စလုံးက မြေပြင်ပေါ်ကို ပြုတ်ကျလာပါတော့တယ်။ ဟို့ယွိဟောင်လဲ မောပန်းနေတဲ့၀မ်သုန့်ကို ချက်ချင်းဆိုသလို ဆွဲထူးပေးဖို့လုပ်တယ်။ ဒါပေမယ့် သူ့ကိုယ်တိုင်းလဲ သူခြေထောက်သူမနိုင်တာကြောင့် အောက်ဖက်ကိုပြုတ်ကျသွားခဲ့ပြီး ၀မ်သုန့်ကတော့ သူ့အပေါ်ကိုထပ်လျက်ကျလာခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က အားလုံးထဲမှာ အနှိမ့်ဆုံးပါပဲ။ ဒါ့အပြင် သူက ကလေးတစ်ယောက်ဖြစ်နေဆဲပါ။ သူ့ကိုချီလာပေတဲ့ ၀မ်သုန့်ကတော့ စွမ်းရည်အမြင့်ဆုံးဖြစ်ပေမဲ့ ဟို့ယွိဟောင်ကို သယ်ဆောင်ပြီး မီတာသုံးထောင်နီးပါး ပျံသန်းလာခဲ့ရတာကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် အောက်ဖက်ကို ပြုတ်ကျလာတာနဲ့ သူ့ရဲ့ အတောင်ပံက ချက်ချင်းဆိုသလို ခန္ဓာကိုယ်ထဲကို ပြန်၀င်လို့သွားခဲ့ပါပြီး မျက်နှာကလဲ ဖြူဖျော့လို့နေပါတော့တယ်။

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ခန္ဓာကိုယ်အောက်မှာ ရှိနေခဲ့ပေမဲ့ သူပြုံးနေခဲ့တယ်။

” ကျေးဇူးပဲ အရင်တစ်ခေါက်တုန်းက ငါမင်းကို အပေါ်ကနေ ဖိချဖူးတယ် အခုတော့ မင်းငါ့ကို ဖိချလိုက်ပြီဆိုတော့ ကျေသွားပြီပေါ့ ”

၀မ်သုန့်ကတော့ လေးဖက်ထောက်ရင်း ပြန်ဆင်းလိုက်ပါတယ်။

” အသုံးမကျတဲ့ကောင် ငါက ဒီလိုတက်ဖိချင်တယ်များ ထင်နေလား ”

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ပြောတာကို စိတ်မဆိုးနိုင်ပါဘူး။ သူလဲ လေးဖက်ထောက်ပြီး ထလာခဲ့ရပါတယ်။ အရမ်းကို ချွေးတွေထွက်ပြီး မောပန်းနေခဲ့ပေမဲ့ ၀မ်သုန့်ကိုတော့ လက်မထောင်ပြနိုင်သေးတယ်။

သူလဲ တခဏတာမျက်လုံးပြူးသွားပြီတဲ့နောက် ခေါင်းညိတ်ရင်း လက်မပြန်ထောင်ပြလိုက်ပါတယ်။ သူတို့ရဲ့အစောပိုင်းတုန်းက ရှိခဲ့ဖူးတဲ့အငြိုးအတေးတွေက လက်ရှိအချိန်မှာတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။

ကျောင်းသားတွေအားလုံးလဲ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အပတ်တစ်ရာကို ပြည့်မြောက်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အားလုံးက နားနေခဲ့ကြပါပြီ။

ကျိုးယိကတော့ ကျောင်းသားတွေဖက်ကိုလှည့်ရင်း ပြောလာခဲ့ပါတယ်။

” ငါနာမည်ခေါ်လိုက်တဲ့လူတွေအားလုံး အရှေ့ကိုထွက်ခဲ့ ချန်ချန်း| ချိုးကျင်းယောင်| ထန်တောက်| ရှန့်ကွမ်းချန်ထျန်း| လင်းကျဲ့ယွီ| ကျူးကော်ယွင်| ထိုက်လုံ| တန်လင်း| ယွင်ရှောင်ဖျောင့် ”

စုစုပေါင်းကျောင်းသားကိုးယောက်နာမည်ကို သူခေါ်လိုက်ပါတယ်။ ကျောင်းသားတွေကတော့ ဒီလိုခေါ်မယ်လို့ မမျှော်လင့်ထားသလို သူတို့တွေကလဲ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မမိတ်ဆက်ဖူးပါဘူး။

နာမည်ခေါ်ခံရတဲ့ ကျောင်းသားတွေအားလုံးက အရှေ့ကို တိုးလာပါတော့တယ်။ ကျိုးယိကတော့ ထူးမခြားနားလေသံနဲ့သာ ပြောလိုက်တယ်။

” မင်းတို့ ကိုးယောက်အထုတ်ပြင်ပြီး ကျောင်းကနေထွက်သွားတော့ အခုအချိန်ကနေစပြီး ကျောင်းတော်နဲ့ မင်းတို့မသက်ဆိုင်တော့ဘူး ”

ကျောင်းသားကိုးယောက်စလုံးကလဲ အရမ်းကို ထိတ်လန့်သွားပါတော့တယ်။

” ဆရာဘာကြောင့်များလဲ ”

ထိုက်လုံလို့ခေါ်တဲ့လူငယ်လေးက ဒေါသတကြီးနဲ့ ပြန်မေးပါတော့တယ်။ အပတ်တစ်ရာပြည့်အောင် ပြေးလာခဲ့တဲ့ကျောင်းသားတွေထဲမှာ သူက အရှေ့ဆုံးအုပ်စုထဲမှာတောင် ရှိနေခဲ့တဲ့သူပါ။

ကျိုးယိက အေးစက်စက်နဲ့သာ ပြန်ဖြေလိုက်ပါတယ်။

” လှည့်ကွက်တွေအပြည့်နဲ့ ကျောင်းသားတွေကို ကျောင်းတော်က မလိုချင်ဘူး…အကယ်၍ မင်းတို့လိုလူမျိုးကိုသာ ကျောင်းတော်ထဲ၀င်ဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် အင်အားရှိပြီး ကောင်းမွန်ဖြောင့်မတ်တဲ့ စိတ်ဓာတ်မရှိလို့ကတော့ ဘာများအသုံး၀င်ဦးမှာလဲ မင်းတို့တွေက မင်းတို့ရဲ့ နိုင်ငံတော်ကို ပျက်စီးမှုတွေပဲ ဆောင်ယူလာစေလိမ့်မယ်…အကူအညီရမှာမဟုတ်ဘူး ထိုက်လုံ မင်းဘာသာမင်းပြော မင်းအပတ်တစ်ရာပြည့်အောင် ပြေးခဲ့လား ”

” သေချာပေါက် ပြေးခဲ့တာပေါ့ ”

ထိုက်လုံက သူ့ကိုယ်သူ ခုခံချေပပါတယ်။

” အကယ်၍ ငါမှတ်ဉာဏ်သာ ကောင်းသေးတယ်ဆိုရင် အားလုံးစပြေးနေတဲ့အချိန်တုန်းက ငါကွင်းပြင်ထဲကို မရောက်သေးဘူးဆိုပြီး မင်းအေးအေးဆေးဆေး လမ်းလျှောက်နေခဲ့တယ်မဟုတ်လား…ဦးဆောင်နေတဲ့အုပ်စုက ငါးပတ်တိတိ ပြေးပြီးတဲ့အချိန်မှသာ မင်းသူတို့နဲ့အတူတူ လိုက်ပြီး ပြေးတာလေ ဒါကြောင့် မင်းက စုစုပေါင်း အပတ်တစ်ရာပြည့်အောင် မပြေးခဲ့ဘူး…ကိုးဆယ့်ငါးပတ်ပဲ ပြေးခဲ့တယ်..ဒါ့အပြင် မင်းအဲ့ဒီလို ပျင်းရိရိလုပ်နေတာကို မြင်တဲ့သူက ငါတစ်ယောက်ထဲ မဟုတ်တာတော့ အသေအချာပဲ ”

ထိုက်လုံရဲ့မျက်နှာက နီရဲလို့သွားပါတော့တယ်။ အစောတုန်းက ရပ်ကြည့်မနေခဲ့တဲ့ ဆရာကျိုးယိက သူ့ရဲ့လှည့်ကွက်ကို မြင်နေခဲ့မယ်ဆိုတာ တွေးတောင်မတွေးမိခဲ့ပါဘူး။

” ဒီလိုမျိုး အပတ်ရေးမပြည့်အောင် ပြေးမိတာနဲ့တင် ထုတ်ပယ်ပြစ်လို့ မရဘူးလေ ”

ကျိုးယိက စိတ်ပျက်လက်ပျက်နဲ့သာ ပြန်ဖြေလိုက်ပါတယ်။

” ငါမင်းကို ထုတ်ပယ်ရတဲ့ အကြောင်းအရင်း ရှင်းပြပြီးပြီပဲ မင်းက ကျောင်းတော်ရဲ့ ကျောင်းတော်သားဖြစ်လာဖို့အတွက် မသင့်တော်ဘူး အထုတ်ပြင်ပြီး သွားတော့ ”

အပိုင်း ၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset