အပိုင်း ၁၈၆•၃
” အဆုံးစွန်းအံ့ဩစရာကောင်းသော တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် ”
°°°
ကျွီကျွယ်ချန်ကတော့ ဟို့ယွိဟောင် ၀မ်သုန့်တို့နဲ့ ငါးမီတာအကွာမှာရပ်နေခဲ့ပါပြီ။ သူဓားကိုကိုင်ထားဆဲဖြစ်သလို တိုက်ခိုက်ချင်ပေမဲ့ သူ့ရဲ့ဓားကအနည်းငယ်ပုံပျက်နေခဲ့ပါတယ်။ ထူးဆန်းတဲ့အလင်းတန်းက သူ့ရဲ့မျက်နှာပြင်ပေါ်မှာထင်ဟပ်နေခဲ့တယ်။
” ဒါဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလဲ မဟုတ်ဘူး..ဒါကသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လို့ ပြောရမယ် ”
ကျန်းကျင့်ယန်က ပြောလာခဲ့ပါတယ်။ သူမအနေနဲ့ ဒါကနှစ်ယောက်နှစ်ယောက်ချင်း တိုက်ပွဲဖြစ်နေတာကို သူလုံး၀မေ့သွားခဲ့တယ်။ သူတစ်ယောက်ထဲတင်ထိတ်လန့်နေ့တာမဟုတ်ပါဘူး။ ကျွီကျွယ်ချန်ကပိုပြီလန့်နေခဲ့တာပါ။ ဒီတစ်ခေါက် သူတိုက်ခိုက်ခံလိုက်ရတဲ့ ရွှေရောင်အလင်းတန်းက ဧကရာဇ်နယ်မြေထက် ဆယ်ဆလောက်ပိုပြီးအရွယ်အစားကြီးမားတာကို ခံစားမိပါတယ်။ ဒါ့အပြင် ကြောက်စရာကောင်းလွန်လှတဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုက သူ့ရဲ့ဓားစိတ်ဆန္ဒကိုတောင်ပြိုကွဲသွားစေခဲ့တယ်။ ဒါ့အပြင် ကြီးမားတဲ့အလင်းတန်းအငွေ့အသက်တွေကလဲ ပါ၀င်နေခဲ့တာပါ။
သူ့ရဲ့ဓားတစ်ခုလုံးပျော့သွားသလိုတောင် ခံစားလိုက်ရပါတယ်။ အခုလက်ရှိအချိန်မှာကတော့ ဥက္ကာပျံသံမဏိက ၀ါဂွမ်းလိုမျိုးပျော့ဖတ်နေခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စွမ်းအားကလဲ တစ်၀က်နီးပါးအထိလျော့ကျလို့သွားခဲ့ပါတယ်။ စိတ်၀ိညာဥ်ရှုပ်ထွေးမှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရသလိုပါပဲ။ သူရဲ့အတွေးတွေကရပ်တန့်သွားသလို လှုပ်လဲမလှုပ်နိုင်တော့ပါဘူး။
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့လက်ကိုဆွဲထားပြီတဲ့နောက် ပြုံးပြရင်းပြောလာခဲ့ပါတယ်။
” ညိုးနွမ်းနယ်မြေထဲက ရွှေရောင်လမ်းလေး ”
” ရွှေရောင်လမ်းတဲ့လား သေချင်စရာရွှေရောင်လမ်းပါလား ”
ကျန်းကျင့်ယန်က သူ့ဘာသာသူပြန်ပြောနေခဲ့တယ်။
သုံးစက္ကန့်တိတိမလှုပ်နိုင်ဖြစ်ပြီတဲ့နောက် ကျွီကျွယ်ချန်ရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်သွားခဲ့ပါတယ်။ သူလဲ ပြန်လှုပ်လာနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ခန္ဓာကိုယ်မှာရွှေရောင်အလွှာကတော့ရှိနေဆဲပါ။ သူလှုပ်လိုက်ချိန်တိုင်းမှာ သူ့ရဲ့အ၀တ်အစားတွေက အရည်ပျော်ကျမလိုဖြစ်နေခဲ့ပါတယ်။
ကျွီကျွယ်ချန်က အဲ့ဒီနေရာမှာဆက်မနေတော့ပါဘူး။ သူ့ခန္ဓာကိုယ်ကိုတစ်ချက်လှုပ်ရင်းနဲ့ ရွှေရောင်အလွှာတွေအငွေ့ပျံသွားချိန်မှာ သူတို့ရဲ့အသံကသာ လေထဲမှာကျန်ရစ်နေပါတော့တယ်။
” ဟို့ယွိဟောင် ဒီဘ၀တာလုံး ငါမင်းကိုမကျေနပ်ဘူး…အလွှတ်လဲပေးမှာမဟုတ်ဘူး ”
ကျန်းကျင့်ယန် ထိတ်လန့်နေတာကနေ ပျောက်သွားပါပြီ။ သူမက သူ့ရဲ့ခေါင်းကိုအင်မတန်ယောင်္ကျားပီသတဲ့ပုံစံနဲ့ကုတ်နေခဲ့ရင်း ပြောလာခဲ့တယ်။
” ဟို့ယွိဟောင် မင်းက ဆက်တိုက်ဆိုသလို ထုတ်သုံးလို့မကုန်နိုင်တဲ့ ရတနာတိုက်ကြီးတစ်ခုလိုပဲ နင့်ကိုပစ်မှတ်ထားပြီ လိုက်ဖမ်းရတာဂုဏ်ယူမိတယ်..ကျွီကျွယ်ချန်ပြောတာမှန်တယ်..ငါတို့တွေ ငါတို့တစ်ဘ၀တာလုံး ငါတို့နင့်ကိုဒီတစ်သက်လုံးမကျေဘူး…လိုက်ပြီအမြဲနှောင့်ယှက်နေမှာ ”
ဟို့ယွိဟောင်က မျက်စောင်းထိုးရင်း ပြန်ပြောလာခဲ့တယ်။
” ဒီကျောင်းသားအကူးအပြောင်းက နောက်လပိုင်းလောက်ကြာရင် ပြီးတော့မှာ ငါလဲ အမျက်ဒေါသကျောင်းတော်ကိုပြန်တော့မယ်..အကယ်၍ သတ္တိရှိတယ်ဆိုရင် အမျက်ဒေါသကျောင်းတော်ကိုလိုက်လာခဲ့လေ အဲ့ဒီနေရာမှာမင်းစိတ်ရှိတိုင်းနှောင့်ယှက်လို့ရမဲ့သူတွေအများကြီးရှိတယ် ”
ကျန်းကျင့်ယန်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။
” ဟုတ်တယ် ဒါတကယ်ကောင်းတဲ့အကြံပဲ ငါနင့်ကိုသိပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်ကို ပိုပိုပြီးစိတ်၀င်စားလာပြီ မဖြစ်ဘူး ခန်းမသခင်ကိုသွားရှာပြီ နောက်တစ်ခေါက်ကျောင်းပြောင်းသင်ကြားမှုမှာ ငါ့ကိုထည့်ဖို့ပြောရမယ် ”
သူပြောပြီတာနဲ့ ချက်ချင်းထွက်သွားပါတော့တယ်။ သူအရမ်းကိုမြန်မြန်ဆန်းဆန်းနဲ့ ပျောက်သွားခဲ့တာပါ။
” ဒီကောင်တွေကတော့လေ တကယ်ကြီးအမျက်ဒေါသကျောင်းတော်အထိတောင် လိုက်မလာလောက်ဘူးမလား ”
၀မ်သုန့်က ဟို့ယွိဟောင်ကိုကြည့်ရင်း ပြုံးနေခဲ့ပါတယ်။
” ဘာလဲ ဘာတွေဖြစ်နေတာလဲ သူတို့တွေကြည့်ရတာ ရန်သူတွေနဲ့မတူဘူး ”
” အဲ့ဒါအရူးတွေလေ အမြဲတမ်းသူတို့နဲ့တိုက်ခိုက်ဖို့က ငါနောက်ကိုလိုက်ပြီနှောင့်ယှက်နေတာ ဒီနေ့ကငါရဲ့နောက်ထပ်ကံကောင်းတဲ့ရက်ပေါ့ ဒုတိယအစ်ကိုကြီးက တကယ်အံ့ဩစရာအကြီးကြီးလုပ်ပေးတာပဲ ”
ဟို့ယွိဟောင်က ပြောပြီတဲ့နောက် လှည့်ပြီ၀မ်သုန့်ကို နောက်ထပ်တင်းတင်းကျပ်ကျပ်ဖက်လိုက်ပါတော့တယ်။
” ငါ့ရဲ့ညီနောင် မင်းကိုပြန်တွေ့ရတာ တကယ်ပျော်လိုက်တာ ”
ဟို့ယွိဟောင်ရဲ့တဲ့တိုးဆန်ပြီ ထိခိုက်တဲ့စကားတွေက ၀မ်သုန့်ကိုမျက်ရည်ကျလာစေခဲ့တယ်။ ဒါကြောင့် သူပြန်ဖက်ရင်းနဲ့ပြောလာခဲ့ပါတယ်။
” ငါလဲအတူတူပဲ ”
ဟယ့်ချိုက်ထို့ကတော့ အဲ့ဒီနေရာမှာရပ်နေရင်း စိတ်ရှုပ်လာပုံရပါတယ်။
” မင်းတို့တွေဆက်ပြီးဖက်ချင်နေတယ်ဆိုရင်ရပါတယ်…ဒါပေမယ့် ငါတော့အရင်ပြန်တော့မယ်..နောက်မှ အေးအေးဆေးဆေးအတူတူစားကြသောက်ကြတာပေါ့ ဆရာဖန်းယွီကို အခုတော့သတင်းသွားပို့လိုက်ဦးမယ် ”
တကယ်တော့ ၀မ်သုန့်က နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို မနက်တုန်းကရောက်လာခဲ့တာပါ သူကအမျက်ဒေါသကျောင်းတော်ကဆိုတာကိုပြောပြီ ကျောင်းပြောင်းကျောင်းသားတွေကို ကူရှာပေးဖို့အတွက် အကူအညီတောင်းလာခဲ့ပါတယ်။ ဒါကြောင့်သာ ဟယ့်ချိုက်ထို့နဲ့ တွေ့ခဲ့တာပါ ဟယ့်ချိုက်ထို့က သူ့ကိုအလွယ်တကူမှတ်မိမဲ့သူပါပဲ။ ဟယ့်ချိုက်ထို့ကလဲ တအံ့တဩဖြစ်သွားခဲ့ရတဲ့အတွက် ဟို့ယွိဟောင်ကိုလဲအံ့ဩအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။
အခုအချိန်မှသာ ကျောင်းတော်ရဲ့ဂိတ်တံခါးကို စောင့်ကြပ်တဲ့အစောင့်တွေကရောက်လာတာပါ။ ဒီမှာလေးယောက်တိတိရှိနေခဲ့ပါတယ်။ သူတို့ရဲ့ခေါင်းဆောင်က ဟို့ယွိဟောင်ကို အကျဥ်းချုပ်သာပြောခဲ့တယ်။
” ကျောင်းသားဟို့ ဒီနေ့ကျောင်းရဲ့စည်းမျဥ်းတွေကို ဖောက်ဖျက်ခဲ့တယ်..ငါတို့နဲ့လိုက်ပြီ ခံ၀န်ချက်ထိုးချည် ”
ဟို့ယွိဟောင်လဲ ၀မ်သုန့်ကို ဖက်ထားတာလွှတ်လိုက်ပါပြီ ဘာမှမပြောလိုက်သေးခင်အချိန်မှာပဲ ၀မ်သုန့်က သူတို့ကိုဖြတ်ပြောလိုက်ပါတော့တယ်။
” ဟိုနှစ်ယောက်ကိုဘာလို့လိုက်မဖမ်းတာလဲ ဘာဖြစ်လို့ငါတို့ကို လာအပြစ်တင်နေတာလဲ အမျက်ဒေါသကျောင်းတော်ကဆိုပြီလာအနိုင်ကျင့်ဖို့လွယ်မှာထင်နေလား အကယ်၍ လိုချင်တယ်ဆိုရင် ခံ၀န်ချက်ထိုးပေးနိုင်တယ်…ငါတို့နှစ်ယောက်နဲ့အရင်တိုက်ခိုက်ရမယ် ”
ဟို့ယွိဟောင်နဲ့ဆိုရင် သူက အမြဲတမ်းနူးညံ့တဲ့သူဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ ပထမဆုံးဆုံတွေ့ချိန်ကထဲက သူဘယ်လောက်အထိမောက်မာလဲဆိုတာ တွေးကြည့်ရင်းပြန်သတိထားမိမှာပါ။ ဒါကြောင့် ဟို့ယွိဟောင်နဲ့ အေးအေးဆေးဆေးစကားပြောနေတာ နှောင့်ယှက်ခံလိုက်ရတာကြောင့် အတော်ကိုမကျေမနပ်ဖြစ်နေခဲ့ပါတယ်။
” ငါတို့ကတိုက်ခိုက်မှာမဟုတ်ဘူး ငါတို့က အထိုးခံရမဲ့သဲအိတ်မဟုတ်ဘူး..ချောင်းပိတ်ပြီမရိုက်နဲ့ ကျောင်းသားဟို့ မျက်နှာသာမပေးချင်တာမဟုတ်ပါဘူး…ဒါပေမယ့် ပျက်စီးဆုံးရှုံးမှုကများလွန်တယ်…ကျောင်းတော်ကမေးလာမယ်ဆိုရင် ငါတို့ပြန်ဖြေဖို့ခက်မှာ ”
ပြောပြီတဲ့နောက် ရွှေရောင်လမ်းရဲ့ဖန်တီးလိုက်တဲ့ရလဒ်ကိုလက်ညိုးထိုးလိုက်ပါတယ်။
ဟို့ယွိဟောင်က ကျိုးကြောင်းမဆီလျော်တတ်တဲ့သူမဟုတ်ပါဘူး။ ဒါ့အပြင် ဒီကျောင်းအစောင့်အကြပ်တွေကို ဘာကြောင့်များ မစဥ်းစားပဲနဲ့အာခံရမှာလဲ ဒါကြောင့် သူတောင်းပန်လိုက်ပါတယ်။
” တောင်းပန်ပါတယ်..ဒီနံရံနဲ့လမ်းအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံးကို ကျွန်တော်ပေးပါ့မယ် ဒါပေမယ့် အကုန်လုံးက ကျွန်တော်အမှားလဲအပြည့်အ၀မဟုတ်ဘူးလေ ကျန်းကျင့်ယန်နဲ့ ကျွီကျွယ်ချန်နှစ်ယောက်စလုံးက ကျွန်တော်တို့ကိုအရင်လာရန်စတာ အားလုံးကမြင်ပြီသားပဲမဟုတ်လား သူတို့တွေကသာ ကျွန်တော်ကိုလိုက်နေတဲ့သူတွေ ကျေးဇူးပြုပြီး ကျောင်းတော်ကိုသတင်းပို့တဲ့အချိန်မှာ ဒီအမှန်တရားကိုထည့်ပြောပြပေးပါ ဒါဆိုရင် ခံ၀န်ချက်က်ို ထိုးပေးပါ့မယ် ”
ဟို့ယွိဟောင်ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် အစောင့်တွေက အနည်းငယ်စိတ်သက်သာသွားခဲ့ပါတယ်။ ဒါကြောင့်သာ အမြင်ကလဲပိုကြည်သွားခဲ့တယ်။
ကျောင်းတော်ရဲ့အစောင့်တွေဖြစ်တဲ့အတွက် သူတို့တွေက ကိုယ်ပိုင်အင်အားရှိကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ကျင့်ကြံဆင့်ကလဲ အသင့်အတင့်ရှိတဲ့သူတွေပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့၀ိညာဥ်ပေါင်းစည်းစွမ်းရည်တွေလိုမျိုး တောက်ပလှပပြီအင်အားကြီးတာကို မြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။ ဒါကြောင့်သာ လေးစားမှုကအနည်းငယ်ပိုတိုးလာခဲ့ပါတယ်။ မိနစ်ပိုင်းမှာပဲ သူတို့ခံ၀န်ချက်ထိုးတာက ပြီးသွားပါပြီ။
ဟို့ယွိဟောင်အနေနဲ့လဲ ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်တို့ကို ပြဿနာထဲဆွဲထည့်ဖို့အတွက် အစောင့်တွေအတော်လေးအလုပ်အများကြီးလုပ်ရမယ်ဆိုတာကို မသိခဲ့ပါဘူး။
ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့က အပြစ်တင်ခံရတာတွေကို တော်တော်လေး ကျင့်သားရနေခဲ့ပါပြီ။ သူတို့တွေက သူတို့ကျောင်းမှာလဲအရမ်းကြီးလိမ်မာတဲ့သူတွေလဲမဟုတ်ပါဘူး။
ဟို့ယွိဟောင်ကို အထင်ကြီးသွားတဲ့သူတွေထဲက တစ်ယောက်ကတော့ လက်ရှိအချိန်မှာ ဒီတစ်ခေါက်ခံ၀န်ချက်အတွက် လိုလိုလားလားကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ချွင်းချက်လဲထားပေးခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်ကိုကျောင်းထဲခေါ်ခွင့်ပြုလိုက်တာပါ။
၀မ်သုန့်ကတော့ လူတိုင်းရဲ့အာရုံစိုက်မှုကို ရရှိနေခဲ့ပါတယ်။ အကယ်၍ သူသာတစ်ယောက်ယောက်အနားကိုသွားရပ်မယ်ဆိုရင် သေချာပေါက် အဲ့ဒီလူကိုဘယ်သူမှသတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ၀မ်သုန့်အရိပ်ထဲရောက်နေတာအမှန်ပါ။ သူ့ရဲ့ရုပ်ရည်က၀မ်သုန့်ကို မမီပေမဲ့အရှိန်အ၀ါကတော့ မတူညီပါဘူး။ နေလနိုင်ငံတော်ရံ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာတော့ သူ့ရဲ့အရှိန်အ၀ါနဲ့အင်အားက လူတိုင်အာရုံစိုက်ခံရတဲ့အထဲမှာပါပါတယ်။
ကံကောင်းစွာနဲ့ပဲ ကျောင်းတော်ကအနားယူချိန်ဖြစ်နေခဲ့တာပါ။ ဒါကြောင့်မလို့ ကျောင်းသားအနည်းငယ်သာကျောင်းတော်ထဲမှာရှိပါတယ်။ မဟုတ်ရင် သေချာပေါက် ၀မ်သုန့်ကိုအာရုံစိုက်နေကြမဲ့သူတွေဆိုတာ မနည်းမနှောပါပဲ။
ဟို့ယွိဟောင်က လျှောက်လမ်းရင်းနဲ့ ၀မ်သုန့်ကိုခေါင်းစောင်းပြီကြည့်နေခဲ့ပါတယ်။
” ဘာတွေလာကြည့်နေတာလဲ ”
နှစ်နှစ်တောင်ကြာသွားပြီ မင်းကပိုပိုပြီးခန့်ညားလာတာပဲ မင်းဘေးမှာရပ်ရတာတောင် ငါမျက်နှာပူမိတယ်…မမြင်ဖူးလား အခုငါ့တို့ကိုကြည့်နေတဲ့အမျိုးသမီးကျောင်းတော်သားတွေမနည်းဘူး…သူတို့က မင်းကိုအကြည့်မခွာနိုင်ဖြစ်နေကြတာပဲ ”
” ဒါကသဘာ၀မွေးကထဲက လှတယ်လို့ခေါ်တယ်လေ မစိုးရိမ်ပါနဲ့ မင်းရုပ်ဆိုးလို့လဲ ငါမင်းကိုမိတ်ဆွေအဖြစ်က မပြတ်စဲပါဘူး ”
” ဒါကအမျိုးသမီးတွေကိုပြောတဲ့စကားလေ ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုမိတ်ကပ်လေးနည်းနည်းပါးပါးလိမ်းပေးလိုက်မယ်ဆိုရင် ရုပ်ဖျက်ဖို့အတွက် အဆင်ပြေသွားမယ်ထင်တာပဲ အခုမင်းဆံပင်တွေက တော်တော်လေးရှည်နေပြီ ဒီတော့ပိုပြီးအမျိုးသမီးဆန်လာတယ် ”
၀မ်သုန့်ရဲ့အသံက နည်းနည်းထူးဆန်းနေခဲ့ပါတယ်။
” ငါ့ဆံပင်တွေကရှည်တာပိုကောင်းတယ်ထင်လား တိုတာပိုကောင်းတယ်ထင်လား ”
” ဒါပေါ့ မင်းဆံပင်အရှည်နဲ့ပိုလိုက်တယ် ”
ဟို့ယွိဟောင်ချက်ချင်းပြန်ဖြေလိုက်မိပါတယ်။ ၀မ်သုန့်ဒီမေးခွန်းကိုမေးချိန်မှာ ဟို့ယွိဟောင်အနေနဲ့ သူတို့ဖန်တီးခဲ့ဖူးတဲ့ တောက်ပရောင်စဥ်အလင်းတန်းကို ချက်ချင်းပြန်တွေးလိုက်မိတယ်။ အဲ့ဒီလေထဲမှာလွှင့်မျောနေတဲ့ ဆံပင်ရှည်ရှည်တွေက ဟို့ယွိဟောင်စိတ်ထဲမှာထင်ထင်ရှားရှားရှိနေဆဲပါ။
ဟို့ယွိဟောင်ရဲ့စိတ်လွှတ်နေတဲ့အကြည့်ကို မြင်ချိန်မှာမေးလာခဲ့ပါတယ်။
” ဘာတွေတွေးနေတာလဲ ”
” ငါတို့နောက်ဆုံးပြိုင်ပွဲမှာအသုံးပြုခဲ့တဲ့လေးခုမြောက် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်အကြောင်းကိုပြန်တွေးနေတာ အဲ့ဒီနွေရည်အစွန်းတန်းအကက အလင်းတန်းတွေရဲ့ရွာသွန်းမှုပဲမလား မင်းမှတ်မိသေးတယ်ဟုတ် အဲ့ဒီ ငါတို့ဖန်တီးလိုက်တဲ့အရိပ်လေ အကယ်၍ မင်းသာမိန်းကလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ သေချာပေါက် ရူးလောက်အောင်လှနေမှာပဲ ငါတို့ဖန်တီးခဲ့တဲ့အဲ့ဒီပုံရိပ်နဲ့ မင်းကတော်တော်ကြီးကြီးကိုတူတယ်…ဘာကြောင့် မင်းအမျိုးသမီးဖြစ်မနေရလဲဆိုတာ ငါမတွေးတတ်တာ ”
၀မ်သုန့်ရဲ့မျက်နှာကတော့ နီရဲနေခဲ့ပါပြီ။
” အကယ်၍ ငါမိန်းကလေးဖြစ်တော့ရော ဘာဖြစ်လဲ အဲ့ဒါမင်းနဲ့ဘာဆိုင်လဲ ”
ဟို့ယွိဟောင်ကတော့ လုံး၀ကိုအတိတ်ထဲနစ်မြောနေခဲ့ပြီ ၀မ်သုန့်ရဲ့အသံပြောင်းသွားတာကို သတိမထားမိပါဘူး။
” ဒါပေါ့ ငါနဲ့ဆိုင်တာပေါ့ ခန်းမဆောင်မှာရေနဲ့အနီးဆုံးသူက ပထမဆုံးလရောင်ကိုခံစားရတယ်လေ ငါက သေချာပေါက် အကျိုးအမြတ်ရှိတဲ့သူပဲဖြစ်မှာပေါ့ အပြင်လူမှမဟုတ်ပဲ ”
” အကယ်၍ မင်းဒီလိုတွေးတယ်ဆိုမှတော့ ငါမင်းကို ဒီကျောင်းပြောင်းသင်ကြားမှုပြီရင်း ငါရဲ့အစ်မနဲ့မိတ်ဆက်ပေးမယ်…ငါနဲ့တော်တော်တူတယ်…ပြောရမယ်ဆိုရင် အလင်းတန်းမိုးရွာသွန်းမှုရဲ့ပုံရိပ်ယောင်နဲ့ တော်တော်ကိုတူတာ ”
၀မ်သုန့်က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
အပိုင်း ၁၈၆•၃ ပြီး၏။