Switch Mode

Chapter – 186.2

အဆုံးစွန်းအံ့ဩဖွယ်ရာ တောက်ပရောင်စဉ်လိပ်ပြာနတ်မိမယ်

အပိုင်း ၁၈၆•၂

” အဆုံးစွန်းအံ့ဩဖွယ်ရာ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် ”

°°°
၀မ်သုန့် သူမစကားတွေကြောင့် မျက်နှာတစ်ခုလုံးနီရဲသွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ကျန်းကျင့်ယန်ရဲ့ ပြောနေတဲ့စကားတွေကိုရပ်တန့်သွားစေခဲ့တယ်။

ကျန်းကျင့်ယန်က တကယ်တော့စကားပြောနေရင် အရှေ့ကိုတစ်လက်မချင်းဆီတိုးလာနေခဲ့တာပါ။ ဟို့ယွိဟောင်က သူ့ရှေ့ဆက်တိုးမလာနိုင်အောင် တားဆီးလိုက်ပါတယ်။ သူမအကြောင်းကို ဟို့ယွိဟောင်တော်တော်နားလည်နေခဲ့ပါပြီ။ ရန်သူလုပ်ဖို့အတွက် အတော်ကိုကောင်းတဲ့သူမဟုတ်ပါဘူး။ ဒါ့အပြင် စည်းမျဥ်းစည်းကမ်းတွေကိုလုံး၀ဂရုမစိုက်တဲ့သူလဲ ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင် ပိတ်ရပ်လိုက်တဲ့အချိန်မှာပဲ ခရမ်းရောင်မြူခိုတွေက ချက်ချင်းခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။ သူက မြူခိုတွေထဲရောက်နေခဲ့ပါပြီ။

သူ့ရဲ့တိုက်ခိုက်တဲ့ပုံစံတွေက ဟို့ယွိဟောင်အတော်လေး ရင်းနှီးပါတယ်။ ဒါကြောင့် သူ့တစ်ကိုယ်လုံးစိန်ပွင့်လိုမျိုး အပိုင်းအစတွေက ခပ်မြန်မြန်ဖုံးလွှမ်းလို့သွားပါတော့တယ်။

ထင်ထားတဲ့အတိုင်းပဲ ဒီခရမ်းရောင်မြူခိုတွေထဲကနေ အနက်ရောင်လူထွက်လာခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်က သူ့ပစ်မှတ်မဟုတ်ပါဘူး။ ကွေ့ရှောင်လို့သွားခဲ့ရင်း ၀မ်သုန့်ရဲ့နရိုးတွေဆီကို တန်းတန်းမတ်မတ်ရောက်သွားခဲ့ပါတယ်။

တကယ်ကိုမြန်ဆန်တဲ့လှုပ်ရှားမှုတစ်ခုပါ။ ဒါပေမယ့် ကျန်းကျင့်ယန်အနေနဲ့ ဟို့ယွိဟောင်ကို ရှုပ်ထွေးအောင်လုပ်တယ်ဆိုတာက သိပ်ပြီအဓိပ္ပါပယ်မရှိလှပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ စိတ်၀ိညာဥ်ထောက်လှမ်းမှုက အမြဲတမ်းရှိနေလို့ပါပဲ။ သူတို့တွေ ယှဥ်ပြိုင်ချိန်တိုင်းမှာ သူမကအမြဲတမ်းကြိုးကြိုးစားစားလေ့ကျင့်ပြီ လှည့်စားဖို့လုပ်ပါတယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ ပိုစိတ်ရှုပ်နေရတာပါ။

ခရမ်းရောင်မြူခိုတွေက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို ၀ါးမြိုလိုက်ပါတယ်။ ကျန်းကျင့်ယန်ရဲ့တိုက်ခိုက်မှုပုံစံက ဟို့ယွိဟောင်နဲ့ အနည်းငယ်တူညီသလို သူတို့က ခြေထောက်နဲ့တိုက်ခိုက်တာကို ဦးစားပေးတဲ့သူပါ။ ဒါပေမယ့် သူတို့က အမြွှာသိုင်းပညာ၀ိညာဥ်မရှိပေမဲ့ သူက အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တယ်။

သိုင်းပညာ၀ိညာဥ်ကို ထိန်းချုပ်ပြီတဲ့နောက် ၀ိညာဥ်လက်နက်တွေနဲ့လဲ တိုက်ခိုက်နိုင်ပါတယ်။ အသက်သုံးဆယ်မှာ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ရုံသာရှိပေမဲ့ သူမက တိုက်ခိုက်နိုင်မှုနဲ့ ၀ိညာဥ်လက်နက်တွေကို ပေါင်းစည်းအသုံးချနိုင်စွမ်းက ဟို့ယွိဟောင်သိဖူးသမျှသူတွေထဲက အတော်ဆုံးပါ။ ဒါပေါ့ ကျွီကျွယ်ချန်ကို ၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ်တော့ ထည့်တွက်လို့မရပါဘူး။

ဟို့ယွိဟောင်လဲ ဘယ်ဘက်လက်ကိုသုံးပြီ အနက်ရောင်လူကိုဆွဲလိုက်ပါတော့တယ်။ သူ့တစ်ကိုယ်လုံးကလဲ အနက်ရောင်တွေနဲ့တောက်ပလာခဲ့ပါပြီ။ စိမ်းပြာရောင်အလင်းတန်းက ရုတ်တရက်သူ့ခန္ဓာကိုယ်အပြင်ဖက်ဆီထွက်လာချိန်မှာတော့ အပူရှိန်ကလျော့ကျလို့သွားပါတော့တယ်။

ကျန်းကျင့်ယန်ရဲ့ ပထမ၀ိညာဥ်စွမ်းရည်က ပုံရိပ်ယောင်မြူခိုလို့ခေါ်ပါတယ်။ သူမရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကတော့ သိပ်သည်းမြူခိုတွေပါ။ အဓိကသူတို့ရဲ့အကျိုးရလဒ်တွေကတော့ ပုံရိပ်ယောင်မြူခိုက ပြိုင်ဘက်ကိုအမြင်မကြည်အောင်လုပ်ပြီစိတ်ရှုပ်ထွေးစေဖို့ပါပဲ။ ဒါ့အပြင် လမ်းလဲပျောက်စေပါတယ်။

သိပ့်သည်းမြူခိုကတော့ အင်မတန်ကို ထူးထပ်ပြီအရှိန်နှုန်းနဲ့ အကဲဖြတ်မှုကို သက်ရောက်စေခဲ့တယ်။ ဒါ့အပြင် အတော်ကိုအကျိုးရှိတဲ့ထိန်းချုပ်ရေး၀ိညာဥ်စွမ်းရည်တွေပါ။ သူမက နှစ်ခုစလုံးကိုတစ်ပြိုင်နက်ထဲသုံးနေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အနားကိုကျန်းကျင့်ယန်ရောက်ဖို့ ဟို့ယွိဟောင် ခွင့်မပြုပေးနိုင်ပါဘူး။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်က လက်ရှိအချိန်မှာမခန့်မှန်းနိုင်လောက်တဲ့ အနေအထားအထိကိုလှုပ်လှုပ်ရှားရှားရှိနေခဲ့ပါပြီ။ တိုက်ခိုက်လိုစိတ်ကလဲ အရင်ကထက်ပိုပြီးအားကောင်းလို့နေခဲ့သလို အဆုံးစွန်းတိုက်ခိုက်ဖို့အထိ သူဆုံးဖြတ်လိုက်ပါတယ်။

ရေခဲရုပ်ထုနယ်မြေက စတင်ပြီအသက်၀င်လာခဲ့ပါပြီ။

ပတ်ပတ်လည်ကီလိုစတုရန်မီတာသုံးဆယ်အတွင်းမှာရှိသမျှအရာအားလုံးက မြစိမ်းရောင်တောက်ပသွားပါတော့တယ်။ ကျန်းကျင့်ယန်ရဲ့မြူခိုတွေက လုံး၀ကိုသိပ့်သည်းနေခဲ့တယ်။ အထဲမှာရှိနေတဲ့အသေးငယ်ဆုံး၀ိညာဥ်စွမ်းအား မြူခိုတွေတောင်မှ လုံး၀ကိုထင်ထင်ရှားရှားဖြစ်ပေါ်နေခဲ့တာပါ။

မြူခိုတွေကအောက်ကိုပြုတ်ကျရင်းနဲ့ ပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။

ဒါပေမယ့် ဟို့ယွိဟောင်က သူတို့ရဲ့အစွမ်းအစတွေကိုနားလည်ရင်းနှီးသလို သူတို့ကလဲ ထပ်တူရင်းနှီးလို့နေခဲ့ပါတယ်။ အပြာရောင်အလင်းတန်းအပြည့်အ၀မတောက်ပခင်အချိန်မှာရွှေရောင်အလင်းတန်းတွေက ကျန်းကျင့်ယန်ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် အဆင့်ခြောက်အကာအကွယ်က ဖြစ်ပေါ်လို့လာခဲ့ပါပြီ။

အကာအကွယ်အတားအဆီးက ကျန်းကျင့်ယန်ရဲ့၀ိညာဥ်စွမ်းအားတွေကို အများကြီးမြန်မြန်ဆန်းဆန်းကုန်ဆုံးလို့သွားစေခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုအေးခဲတာမျိုးတော့ မဖြစ်စေပါဘူး။

သူမက များပြားတဲ့အနက်ရောင်ပုံရိပ်တွေကို ဖန်တီးရင် တစ်ချိန်ထဲမှာတိုက်ခိုက်ပြီ ဖြည်းဖြည်းချင်းဆုတ်ခွာလာခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ဆီကို ဦးတည်နေတဲ့အနက်ရောင်ပုံရိပ်ကိုခပ်မြန်မြန်ပဲ ဖမ်းနိုင်လိုက်တယ်။ ဒါကကျန်းကျင့်ယန်ရဲ့အနီးကပ်တိုက်ခိုက်မှု၀ိညာဥ်၀ိညာဥ်လက်နက်ဖြစ်တဲ့ အမြီးကိုးချောင်းကြာပွတ်ပါပဲ။

ဒီ၀ိညာဥ်လက်နက်မှာထူးခြားတဲ့အစွမ်းအစရှိပါတယ်။ ကြိမ်းနှုန်းမြင့်မြင့်နဲ့တုန်ခါနေပြီတဲ့နောက် ထိမိတဲ့ဘယ်အရာကိုမဆို ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်စေမှာပါ။

လူတစ်ယောက်နဲ့ထိမိမယ်ဆိုရင် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစဖြစ်သွားနိုင်ပါတယ်။ ခုခံတဲ့လက်နက်မရှိသရွေ့ ဒါကိုကာကွယ်ဖို့မလိုပါဘူး။

ဒါပေမယ့် ခုခံစစ်အားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်တွေနဲ့ အကာအကွယ်၀ိညာဥ်ပစ္စည်းကိုသုံးထားတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ကျော်လွှားတဲ့နေရာမှာတော့ အတော်ကိုအသုံး၀င်တဲ့ ကြာပွတ်တစ်ခုပါ။

ရေခဲဧကရီရဲ့သံချပ်ကာကိုအသုံးပြုပြီး ဟို့ယွိဟောင်ဒါမျိုးကို ခုခံဖူးပေမဲ့ ဒါပေမယ့် အတော်လေးလဲခံစားလိုက်ရပါတယ်။ အဲ့ဒီတုန်းက သူခံစားလိုက်ရတဲ့ပေါက်ကွဲမှုက အတော်ကိုအင်အားပြင်းထန်ခဲ့သလို အရေပြားနဲ့ကြွက်သားတွေတောင် ဒဏ်ရာရသွားခဲ့တယ်။

ဟို့ယွိဟောင်အနေနဲ့ ဒီကြာပွတ်ကိုဖမ်းဆွဲတော့မဲ့ပုံစံလုပ်နေတဲ့အချိန်မှာ ကျန်းကျင့်ယန် လန့်သွားခဲ့ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် ဟို့ယွိဟောင်က သရဲအရိပ်ခြေရာကို အသုံးပြုပြီး ဒါကိုခုန်ရှောင်မှာပါ။

သူ့ရဲ့ဘယ်ဘက်လက်ကိုအသုံးပြုပြီးတဲ့နောက် စိန်ပွင့်တွေအပြည့်လက်အိတ်နဲ့ ဒီကြာပွတ်ကိုသူဖမ်းဆွဲလိုက်ပါတယ်။ ကြီးမားပေါက်ကွဲမှုကလဲ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါပေမယ့် ဟို့ယွိဟောင်က အဲ့ဒီကြာပွတ်ကိုတင်းတင်းကျပ်ကျပ်ဆွဲထားနိုင်ခဲ့တယ်။ တစ်ချက်လေးမှတောင် လက်လွှတ်မပေးခဲ့ပါဘူး။ သူ့ရဲ့စိန်ပွင့်တချို့ပေါက်ကွဲထွက်လို့သွားခဲ့ပေမဲ့ အောက်ဖက်မှာရှိတဲ့အရေပြားနည်းနည်းသာပေါ်လာခဲ့တယ်။

အဆင့်ခြောက်အကာအကွယ်၀ိညာဥ်လက်နက်ကိုသုံးနေခဲ့ရတဲ့အတွက် ကျန်းကျင့်ယန်ရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ ကြီးမားပါတယ်။

လက်ရှိအချိန်မှာ သူမဒါကိုအကြာကြီးမထိန်းထားနိုင်ပါဘူး။ ဟို့ယွိဟောင်ရဲ့ နယ်မြေထိန်းချုပ်ရေး၀ိညာဥ်စွမ်းရည်က အချိန်တချို့အထိကြာမြင့်နိုင်တယ်ဆိုတာ ဟောင်သုန့်စွမ်းအားရဲ့အကူအညီကြောင့်လဲ ပါပါတယ်။

လက်ရှိအချိန်မှာ ၀မ်သုန့်ရဲ့လက်ဖ၀ါးတွေက ဟို့ယွိဟောင်ရဲ့နောက်ကျောကိုထ်ိထားခဲ့ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးကတော့ ရွှေရောင်ပြောင်းနေခဲ့ပါပြီ။

ရွှေအလင်းဘယ်ဘက်လက်မောင်းအရိုးနဲ့ နတ်ဆိုးအလင်းတန်းညာဖက်လက်မောင်းအရိုးနှစ်ခုစလုံးက လက်ရှိအချိန်မှာ အပြည့်အ၀အထောက်အပံ့ပေးနေပါတော့တယ်။

ဟို့ယွိဟောင်က ဟောင်သုန့်ရဲ့စွမ်းအားပုံမှန်အထောက်အပံ့နဲ့မကပဲ ၀ိညာဥ်အရိုးနှစ်ခုရဲ့ စွမ်းအားတွေကိုပဲရရှိထားတာကြောင့် အရင်အချိန်တွေထက် မြန်မြန်ဆန်ဆန်၀ိညာဥ်စွမ်းအားတွေပြန်ပြည့်နေခဲ့တယ်။

ဒါပေမယ့် သူတို့က နှစ်ယောက်ချင်းနှစ်ယောက်တိုက်ခိုက်နေခဲ့တာပါ။ ကျန်းကျင့်ယန်က သူမရဲ့ကြာပွတ်ကိုလက်လျှော့ပြီ ထွက်ပြေးတော့မဲ့အချိန်မှာပဲ ကျွီကျွယ်ချန်ရဲ့ဓားက ၀င်လာပါတော့တယ်။

အရမ်းကိုရိုးရှင်းတဲ့ဓားခုတ်ချက်လေးတစ်ခုပါ။ ကျွီကျွယ်ချန်က ဟို့ယွိဟောင်ဆီကို ကပ်တိုးလေးနဲ့၀င်လာခဲ့ပြီ ရေခဲမျက်နှာပြင်ကို၀င်တိုက်တော့မဲ့အတိုင်းရှိနေခဲ့တယ်။ သူ့ရဲ့အကြီးမားဆုံးအင်အားဆိုတာက ဘယ်လိုအခြေအနေမျိုးမှာမဆို ဓားရဲ့စိတ်ဆန္ဒကို ထိန်းချုပ်နိုင်တာပါပဲ။

သူ့ရဲ့တိုက်ခိုက်မှုမရောက်ခင်အချိန်မှာ ဓားရဲ့စိတ်ဆန္ဒက အရှိန်အဟုန်ကောင်းကောင်းရှိနေခဲ့ပါပြီ။

၀မ်သုန့်တောင်မှ သူ့ကိုနှစ်ခြမ်းကွဲအောင်ခြိမ်းခြောက်နိုင်တဲ့အရှိန်အ၀ါကို ခံစားလိုက်ရပါတယ်။

စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူတို့နှစ်ယောက်ရဲ့စိတ်တွေကို ချိတ်ဆက်ပေးနေတာ အချိန်အတော်ကိုကြာပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးပြုံးလိုက်ကြပါတယ်။ အဲ့ဒီနောက်သူတို့နှစ်ယောက်ကိုကိုယ်စားပြုတဲ့ တောက်ပတဲ့မြင်ကွင်းတစ်ခုက ဖြစ်မလာခဲ့ပါဘူး။

၀မ်သုန့်က ဟို့ယွိဟောင်ကို ဖက်နေတဲ့ပုံစံပြောင်းလိုက်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သူ့ပုခုံးပေါ်နဲ့ကပ်နေလိုက်တာပါ။

ဒီမြင်ကွင်းကိုမြင်ချိန်မှာ ကျန်းကျင့်ယန်က မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒီနှစ်ယောက်က တကယ်ကြီးအဲ့ဒီလိုလုပ်နေကြတာလား။ ဒါပေမယ့် မကြာခင်မှာပဲ သူလန့်သွားပါတော့တယ်။

၀မ်သုန့်ရဲ့အတောင်ပံတွေက သူ့ရဲ့နောက်ကျောဖက်မှာ လုံး၀အပြည့်အ၀ဖြန့်ထွက်လို့သွားခဲ့ပြီ အတောင်ပံခတ်လိုက်ချိန်မှာတော့ အားလုံးက တခဏတာကြာအောင် ငြိမ်သက်လို့သွားပါတော့တယ်။

သူတို့တွေက ကျောင်းတော်ဂိတ်တံခါးရဲ့အပြင်ဖက်မှာတိုက်ခိုက်နေကြတာကြောင့် လူတချို့ကလဲ သူတို့ကို အာရုံစိုက်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ အားလပ်ရက်ဖြစ်တာကြောင့် လာစောင့်ကြည့်နေသူတွေသိပ်မများပါဘူး။

အဓိကကြည့်နေတဲ့သူတွေကတော့ ဂိတ်တံခါးအစောင့်တွေပါပဲ။ အဲ့ဒီဂိတ်တံခါးအစောင့်တွေထဲမှာ ကျောင်းစည်းကမ်းဖောက်ဖျက်တဲ့သူတွေကို အတော်လေးသဘောမကျတဲ့သူတွေတချို့ပါနေခဲ့ပါတယ်။ ဒါပေမယ့် ကျွီကျွယ်ချန်ရဲ့ ကြောက်စရာဓားအလင်းတန်းနဲ့ ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ဓားချက်အလင်းတန်းတွေကို မြင်ပြီချိန်မှာတော့ ပါးစပ်ပြန်ပိတ်သွားကြပါတော့တယ်။

အရှေ့မှာတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေက တောက်ပလို့နေခဲ့ပါတယ်။ အနောက်ဖက်မှာတော့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေကို အပြည့်ထုတ်ထားတဲ့ ၀မ်သုန့်ပါ။

သူတို့နှစ်ယောက်က ပွေ့ဖက်ပြီသိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်နေကြတာကြောင့် ပတ်ပတ်လည်မီတာတစ်ရာအချင်၀က်တစ်ခုလုံးက တောက်ပလို့နေခဲ့ပါတယ်။ ဒီထူးခြားတဲ့အလင်းတန်းက သူတို့နှစ်ခုကိုဗဟိုပြုရင်းထွက်ပေါ်လို့နေခဲ့တယ်။

ကျွီကျွယ်ချန်လဲ တစ်စုံတစ်ရာကိုခံစားလိုက်ရပါပြီ။ အစောပိုင်းတုန်းက သူအာရုံစိုက်နေခဲ့တဲ့ပစ်မှတ်ပျောက်ကွယ်သွားသလိုပါပဲ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က အဲ့ဒီနေရာမှာရပ်နေဆဲဖြစ်ပေမဲ့ ဝေ၀ါးသွားတဲ့ခံစားချက်ကို ရရှိနေခဲ့ပါတယ်။ သူ့ရဲ့ဓားအရှိန်အ၀ါကလဲ နှောင့်နှေးလို့သွားခဲ့ပါပြီ။ အရှိန်နှုန်းတောင်မှ စက္ကန့်၀က်လောက်လျော့သွားခဲ့ပါတယ်။

ထူးဆန်းတဲ့အလင်းတန်းက ပတ်၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သလို မှော်ဆန်တဲ့အလင်းက အပြာရောင် ခရမ်းရောင် ရွှေရောင်သုံးခုနဲ့အတူ ထွက်ပေါ်လာပါတော့တယ်။ အားကောင်းလွန်တဲ့အလင်းတန်းအငွေ့အသက်တွေက အတူတူပေါင်းစည်းလို့သွားပြီတဲ့နောက် ၀ိညာဥ်စွမ်းအားတွေရဲ့လှည့်ပတ်မှုက ဖြစ်ပေါ်လာခဲ့ပါပြီ။

၀မ်သုန့်ရဲ့နောက်မှာကြီးမားတဲ့အလင်းတန်းပုံရိပ်ယောင်ကြီးက ပေါ်လာခဲ့ပါတယ်။ ဒါက ပြီးပြည့်စုံပြီဆွဲဆောင်မှုအပြည့်နဲ့ တောက်ပနေတဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပါပဲ။

ဟို့ယွိဟောင်အပေါ်မှာကတော့ ကြီးမားတဲ့ဒေါင်လိုက်မျက်လုံးကြီးရှိနေခဲ့တယ်။ ဒီမျက်လုံးကြီးက ရွှေရောင်တောက်ပနေခဲ့ပြီ ခရမ်းရောင်အငွေ့တချို့လဲ စွန်းထင်းနေခဲ့ပါတယ်။

လေထဲမှာဒီအလင်းတန်းပုံရိပ်နှစ်ခုကဖြည်းဖြည်းချင်းပေါင်းစည်းလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးကြီးက မှောင်မိုက်လို့သွားခဲ့သလို ခရမ်းပြာရောင်အလင်းတန်းတွေက ရွှေရောင်နဲ့အတူ ဖြစ်ပေါ်လို့လာပါတော့တယ်။

၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က စိတ်၀ိညာဥ်မျက်လုံးနဲ့နီးကပ်လာချိန်မှာတော့ ရွှေရောင်မီးလျှံတွေနဲ့စတင်ပြီလောင်ကျွမ်းတော့တယ်။

ပေါင်းစည်းမှုပြီးဆုံးသွားခဲ့ပါပြီ။ အတော်ကိုရှေးကျတယ်ထင်ရပေမဲ့ တကယ်တော့အရမ်းမြန်ပါတယ်။သိုင်းပညာ၀ိညာဥ်တွေရဲ့ ပုံရိပ်တွေက သူတို့နှစ်ယောက်ရဲ့အပေါ်တည့်တည့်မှာပေါင်းစည်းလို့သွားပါတော့တယ်။

လက်ရှိအချိန်မှာ ဟို့ယွိဟောင်နဲ့၀မ်သုန့်နှစ်ယောက်စလုံးကလဲ ဟောင်သုန့်စွမ်းအားပေါင်းစည်းမှုကို ထုတ်လာပါတယ်။ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က အတောင်ပံတွေကိုဆန့်ထုတ်ရင်း မျက်လုံးကြီးကိုဖက်လိုက်ချိန်မှာတော့ သူမရဲ့အလင်းတန်းပုံရိပ်ယောင်က ပျောက်ကွယ်လို့သွားခဲ့ပြီ မျက်လုံးကြီးကသာကျန်ရစ်ပါတော့တယ်။

တောက်ပနေတဲ့အပြာရောင်နဲ့ရွှေရောင်မီးလျှံတွေက စိတ်ညာဥ်မျက်လုံးမှာတောက်ပလို့နေခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုကာကွယ်လိုက်ပါတယ်။

ဒီကြီးမားတဲ့မျက်လုံးကြီးက အတော်ကိုနက်ရှိုင်းနေခဲ့ပြီ အနီးကပ်ကြည့်မယ်ဆိုရင် အဆုံးမဲ့လောကကြီးတစ်ခုပါ၀င်နေသလိုမြင်ရမှာပါ။ ဒီအချိန်မှာပဲ ကြီးမားတဲ့အလင်းတန်းကြီးတစ်ခုက ခရမ်းရောင် အပြာရောင် ရွှေရောင်သုံးခုပေါင်းစည်းရင်နဲ့ အရှေ့ကိုပြေးထွက်လို့သွားပါတော့တယ်။

မျဥ်းဖြောင့်အတိုင်းဖြတ်သန်းသွားလာတာဖြစ်ပြီ သူဖြတ်သန်းသွားတဲ့လမ်းကြောင်းမှာ ရှိသမျှအားလုံးက ပျောက်ပျက်လို့သွားခဲ့ပါတယ်။ ဒီအလင်းတန်းက ထာ၀ရကြာရှည်တော့မဲ့ပုံစံရှိနေခဲ့ပြီ သုံးရောင်ခြယ်အလင်းတန်းက ဝေ၀ါးတဲ့နောက်ကြောင်းလမ်းတွေကိုလဲ ချန်ရစ်ခဲ့တယ်။

အရှေ့ကိုမြန်မြန်ဆန်ဆန်ရောက်လာနေတဲ့ ကျွီကျွယ်ချန်ရဲ့ဓားက မဖျက်ဆီးနိုင်တဲ့ဓားစိတ်ဆန္ဒတွေလဲ ပါ၀င်နေခဲ့တာပါ။ ဒါကြောင့်သာ သူ့ရဲ့တိုက်ခိုက်မှုက ဘယ်တော့မှမပြောင်းလဲခဲ့တာပါပဲ။

၀မ်သုန့်လဲ သူ့ကိုတော်တော်လေရင်းနှီးပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့ မယှဥ်ပြိုင်နိုင်တဲ့ထောက်လှမ်းမှုအောက်မှာ တောက်ပတဲ့အလင်းတန်းက အကျယ်ငါးမီတာ အရှည်တစ်ရာငါးမီတာ​လောက်အထိ အရှေ့ကိုပြေးထွက်လို့သွားပြီ ကျောင်းရဲ့နံရံတွေကိုထိချိန်မှာ ပျက်ပြယ်သွားခဲ့ပါတယ်။

ကျွီကျွယ်ချန်ကတော့ သုံးရောင်ခြယ်အလင်းတန်းထဲမှာ ၀ါးမြိုခံလိုက်ရပါပြီ။ သူ့ရဲ့အရှေ့ကိုပြေးတက်လာနေတဲ့ အရှိန်အဟုန်က မပြောင်းလဲခဲ့ပေမဲ့ ဓားအငွေ့အသက်က ဖျက်ဆီးခံလိုက်ရပါတယ်။

အလင်းတန်းပျောက်ကွယ်သွားပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က ကျန်းကျင့်ယန်ရဲ့မြင်ကွင်းထဲမှာ ပြန်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ကျန်းကျင့်ယန်ထိတ်လန့်သွားတာကတော့ သူမအနေနဲ့ နောက်ထပ်တိုက်ခိုက်မှုကိုတောင် ဘယ်လိုလုပ်ရမလဲမေ့သွားတာပါပဲ။

သူမြင်နေရတာကို ယုံတောင်မယုံနိုင်ပါဘူး။ သူအစောပိုင်းမြင်လိုက်ရတာက ဘာကြီးလဲ အဲ့ဒီအပြာရောင် ရွှေရောင်နဲ့ ခရမ်းရောင်သုံးရောင်စပ်အလင်းတန်းကြီးက ဘာကြီးလဲ အဲ့ဒါဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလဲ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်း ရှစ်ကွင်းပါတဲ့ ၀ိညာဥ်ပညာရှင်တွေတောင် သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်စစ်မှန်တဲ့ခန္ဓာကိုယ်ကိုရရှိမှသာ ဒါမျိုးကိုထုတ်သုံးနိုင်မှာပါ။

သုံးရောင်ခြယ်အလင်းတန်းက အခုအချိန်မှာ အက်ကွဲကြောင်းကြီးကိုဖြစ်စေတာမြင်နေရတဲ့အတွက် ပိုပြီးအံ့ဩနေခဲ့ပါတယ်။

ကျောင်းတော်ရဲ့နံရံပေါ်မှာကတော့ ရွှေရောင်အချက်တွေရှိနေခဲ့တယ်။

ဒါ့အပြင် သံမဏိနဲ့လုပ်ထားတဲ့ နံရံတွေကလက်ရှိအချိန်မှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်းတဲ့အရှိန်နှုန်းနဲ့ အရည်ပျော်နေခဲ့ပါပြီ။ ကြီးမားကျယ်ပြန့်တဲ့ အပေါက်ကြီးတစ်ပေါက်က အခုလက်ရှိအချိန်မှာထင်ထင်ရှားရှားဖြစ်ပေါ်လာပါတော့တယ်။ နံရံရဲ့အရည်ပျော်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ရွှေရောင်အရည်တွေလဲ ဖြစ်ပေါ်လာနေခဲ့တဲ့အတွက် အတော်ကိုထူးဆန်းလို့နေခဲ့တယ်။

အပိုင်း ၁၈၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset