အပိုင်း ၁၈၆•၁
” အဆုံးစွန်းအံ့ဩဖွယ်ရာတောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် ”
°°°
ဟို့ယွိဟောင်က မျက်စောင်းထိုးလာခဲ့ပါတယ်။
” ကျွီကျွယ်ချန် ငါမင်းကိုကြောက်မယ်များ ထင်နေလားငါမင်းကိုမသေမရှင်ဖြစ်တဲ့အချိန်အထိ ရိုက်ပြစ်ချင်လာအောင်လာမလုပ်နဲ့ ”
ကျန်းကျင့်ယန်က ရယ်မောလိုက်ပါတယ်။
” ထားလိုက်ပါ ငါသူ့ကိုထိန်းလိုက်မယ်…နည်းနည်းပါးပါးငါ့ကိုမျက်နှာသာပေးပါဦး သူ့ကိုအရင်ဆုံးရိုက်လို့ရတယ်…အကယ်၍ နင်အင်အားကျန်နေသေးတယ်ဆိုရင် ငါကိုလဲ နည်းနည်းပါးပါးလေးရိုက်ပေးဦး ”
ဟယ့်ချိုက်ထို့ကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ဖြစ်နေခဲ့ပြီ ဟို့ယွိဟောင်ကိုအတင်းဆွဲခေါ်သွားချင်နေပါပြီ။
” ညီငယ်လေး မင်းတကယ်တုံးတာပဲ ငါတို့ဒီကောင်တွေကိုစကားနဲ့ပြောလို့မရဘူးဆိုရင် ထွက်ပြေးကြမယ်..သွားမယ်လေ ”
သူပြောပြီတာနဲ့ ဟို့ယွိဟောင်ကိုခါးကနေ မလိုက်ပါတော့တယ်။ အဲ့ဒီနောက် လူကိုတစ်ပတ်လည်လိုက်ပြီ သူ့ရဲ့လက်မောင်းကြီးတွေက ဟို့ယွိဟောင်ကိုလေထဲမှာမြောက်ထားတော့တယ်။ သူတို့က တိုက်ခိုက်တဲ့အချိန်မှာ အတော်လေးကိုသဟဇာတဖြစ်ဖြစ်လှုပ်ရှားနိုင်တဲ့သူတွေပါ။ ဟို့ယွိဟောင်က လေထဲမှာတစ်ပတ်လည်သွားခဲ့ပြိီတဲ့နောက် သူ့ရဲ့၀ိညာဥ်ရှပ်ပြေးတွေကို စပြီထုတ်သုံးပါတော့တယ်။
သူ့နောက်ကျောဖက်ကနေ မျက်စိကျိန်လောက်စရာကောင်းတဲ့အလင်းတန်းကြီးထွက်ပေါ်လာပြီတဲ့နောက် ကျောင်းတော်ရဲ့ဂိတ်တံခါးဆီကိုပြေးထွက်လို့သွားခဲ့ပါပြီ။
ဒီအချိန်မှာတော့ စမ်းသပ်နယ်မြေမဟုတ်တဲ့ ဘယ်နေရာမှာမှ ၀ိညာဥ်လက်နက်တွေကို မသုံးရဘူးဆိုတဲ့ ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို သူလျစ်လျူရှုလိုက်ပါပြီ။
ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်တို့နှစ်ယောက်လဲ ဟယ့်ချိုက်ထို့ဒီလိုလုပ်လာမယ်လို့ မမျှော်လင့်ထားမိပါဘူး။ ဒါ့အပြင် သူတို့ပြန်ပြီတုံ့ပြန်တာက အနည်းငယ် နှေးကွေးလို့သွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ သူတို့က လက်လျှော့ကျမဲ့သူတွေမဟုတ်ပါဘူး။ ဒါကြောင့် ခပ်မြန်မြန်ပဲ လိုက်ဖမ်းတော့တယ်။ နှစ်ယောက်စလုံးက ၀ိညာဥ်ဧကရာဇ်တွဖြစ်သလို ကောင်းကောင်းလဲလိုက်ဖက်ညီတဲ့သူတွေပါ။
ကျွီကျွယ်ချန်မှာ ၀ိညာဥ်ရှပ်ပြေးမရှိတဲ့အတွက် အဆင်မပြေပေမဲ့ ကျန်းကျင့်ယန်မှာတော့တစ်ခုရှိပါတယ်။
ကျန်းကျင့်ယန်က ခပ်မြန်မြန်ပဲ ကျွီကျွယ်ချန်ရဲ့ပုခုံးပေါ်တက်လိုက်ပါတယ်။ သူမရဲ့ အဆင့်ခြောက်၀ိညာဥ်ရှပ်ပြေးက အပြည့်အ၀အသုံး၀င်သွားခဲ့ပါပြီ။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလို အရှိန်နှုန်းမြင့်လာရင်း ဟို့ယွိဟောင်နောက်ကိုသူတို့လိုက်ကြပါတော့တယ်။
ကျွီကျွယ်ချန်က လွန်ခဲ့တဲ့နှစ်၀က်မှာအတော်ကြီးသိသိသာသာကို တိုးတက်လာခဲ့တယ်။ လက်ရှိအချိန် လက်နှစ်ဖက်နဲ့ဓားကိုဒီလိုမျိုးအရှိန်မြင့်မြင့်နဲ့ပြေးနေတဲ့အချိန်မှာတောင် ကိုင်ထားနိုင်ဆဲပါ။ သူ့ရဲ့မြန်ဆန်ပြီအားကောင်းလှတဲ့ဓားအငွေ့အသက်ကိုလဲ ထုတ်လွှတ်ထားခဲ့ပါတယ်။ သူတို့တွေကလဲ ကျောင်းရဲ့စည်းမျဥ်းစည်းကမ်းတွေကို လုံး၀ဂရုမစိုက်တာအသိအသာကြီးပါပဲ။
ဟို့ယွိဟောင်က ထွက်ပြေးနေခဲ့ပါတယ်။ သူက အဆင့်ငါး၀ိညာဥ်လက်နက်ရှပ်ပြေးတွေအများကြီးကို သုံးထားခဲ့ပါတယ်။ အဆင့်ငါး၀ိညာဥ်ရှပ်ပြေးလေးခုက သူ့ရဲ့နောက်ကျောဖက်မှာရှိနေခဲ့ပြီ ကြွက်သားတွေကိုထိန်းချုပ်ပေးပါတယ်။ သူတို့တွေက ပေါက်ကွဲအားကောင်းရုံတင်မက ဖြုတ်ရတပ်ရတာလဲလွယ်နေခဲ့တယ်။
သူတို့တွေဂိတ်တံခါးကနေထွက်တော့မဲ့အချိန်မှာ အရှိန်ကိုနည်းနည်းလျှော့ပြီ လှည့်နိုင်လာခဲ့ပါပြီ။ ဒီလိုမြင့်မားတဲ့အရှိန်နှုန်းနဲ့ဆိုရင် ကျောင်းတော်ရဲ့ဂိတ်တံခါးမှာရှိတဲ့ အစောင့်တွေကသူတို့ကိုတားနိုင်မှာမဟုတ်ပါဘူး။ ဒီအတိုင်းသူတို့ထွက်သွားတာကိုသာကြည့်နေရပါလိမ့်မယ်။ ဒါပေမယ့် ကျောင်းတော်ရဲ့အချက်ပေးသံတွေက ခပ်မြန်မြန်ပဲ ထွက်ပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်ဂိတ်တံခါးကနေထွက်ပြီတဲ့နောက် ရပ်တန့်လိုက်ပါတော့တယ်။ ဘာကြာင့်လဲဆိုတော့ ဘယ်သွားရမလဲမသိလို့ပါ။ အဲ့ဒီတော့ သူထွက်ပြေးလာတယ်ဆိုရင်တောင်ဘာအသုံး၀င်မှာလဲ။ သူတို့ရဲ့အရှိန်နှုန်းနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီထွက်ပြေးနေရပါလိမ့်မယ်။
တိုက်ခိုက်ရတာထက် ဒီလိုထွက်ပြေးတာက ပိုပြီးတော့ကောင်းပါသေးတယ်။ ဟယ့်ချိုက်ထို့ကတော့ လုံး၀အကြံဆိုးကြီးနဲ့ လာနေခဲ့မှန်း သိသိသာသာကို ဖြစ်လာခဲ့ပါပြီ။
သူတို့တွေဂိတ်တံခါးကနေထွက်လာပြီတဲ့နောက် အဲ့ဒီနောက် ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်တို့နှစ်ယောက်လဲ နောက်ကလိုက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်အရှိန်နှုန်းကိုလျှော့ပြီသူတို့ ဆီကို ပြန်လှည့်တော့မဲ့အချိန်မှာပဲ မာကြောပြီဒေါသတကြီးတိုက်ခိုက်လိုစိတ်အပြည့်နဲ့အသံက အပေါ်ကနေထွက်ပေါ်လာတော့တယ်။
” ဘယ်သူကများ သူ့ကိုအမဲလိုက်၀ံ့တာလဲ ”
ကြီးမားတဲ့ရွှေရောင်အလင်းလုံးကြီးက အပြာရောင်မီးရှုမီးပန်းတွေနဲ့အတူ ရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို မရေမတွက်နိုင်တဲ့အလင်းတန်းတွေအသွင်ကိုပြောင်းလဲပြီ ကျန်းကျင့်ယန်နဲ့ ကျွီကျွယ်ချန်တို့နှစ်ယောက်စလုံးကို တားဆီးလိုက်ပါပြီ။
ကျွီကျွယ်ချန်ရဲ့ဓားအလင်းတန်းက အစောပိုင်းမှာ ဟို့ယွိဟောင်ကိုပစ်မှတ်ထားနေခဲ့ပေမဲ့ ဒီလိုတိုက်ခိုက်ခံရချိန်မှာ သူ့ရဲ့အင်အားကလဲ ထွက်ပေါ်လာပါတော့တယ်။
ကြောက်စရာကောင်းတဲ့ဓားအလင်းတန်းက မိုးကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပြီတဲ့နောက် အနက်ရောင်အလင်းတန်းက အပြင်ကိုပြန့်ထွက်လာခဲ့ပါပြီ။ ဒါ့အပြင် ဒီဓားအလင်းတန်းဖြတ်သန်းသွားတဲ့နေရာတိုင်းမှာ သူ့ရဲ့ပမာဏကပိုကြီးလာခဲ့ပြီ ဖားအော်သံတွေတောင်ကြားနေခဲ့ရတယ်။
ဓားအလင်းတန်းနဲ့ ရွှေရောင်အလင်းတန်းတို့ထိတွေ့ချိန်မှာပဲ သူတို့တွေက တစ်ဖက်နဲ့တစ်ဖက်ကို ဖောက်ထွက်လို့သွားပါတော့တယ်။ ဒီအချိန်မှာထူးဆန်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းက လုံး၀ပျောက်ကွယ်လို့မသွားခဲ့ပါဘူး။ ဓားအလင်းတန်းဆီကိုလာပြီကပ်နေခဲ့ပါတယ်။
ကျွီကျွယ်ချန်ရဲ့ ဓားသွားတွေအကုန်လုံးကုန်သွားမှသာ ဒီအပြာရောင်နဲ့ရွှေရောင်ရောထားခဲ့တဲ့ အလင်းတန်းလေးက သူ့ရဲ့နောက်ကျောမှာကပ်နေတာ ရပ်သွားခဲ့ပါပြီ။ အဲ့ဒီနောက် တ၀ုန်း၀ုန်းမြည်သံတွေက အလင်းတန်းအငွေ့အသက်တွေနဲ့အတူ အပြင်ကိုပြန့်ထွက်လို့လာခဲ့ပါပြီ။
ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်နှစ်ယောက်စလုံးလဲဒီရွှေရောင်အလင်းတန်းတွေနဲ့ ထိမိပြီချိန်မှာလွှင့်ထွက်ကုန်ပါတော့တယ်။
ကြီးမားပြင်းထန်တဲ့ အလင်းရဲ့အရှိန်အ၀ါက အပြင်ကိုထွက်လာခဲ့တဲ့အတွက် သူတို့နှစ်ယောက်စလုံးလဲ ဟန်ချက်ပျက်သွားခဲ့ရတယ်။ ဒါကြောင့် ဟို့ယွိဟောင်ကိုလိုက်ဖမ်းနေရတာလဲ ရပ်လိုက်ရပါပြီ။
လက်ရှိအချိန် ဟို့ယွိဟောင်က ဘယ်ကိုများရောက်နေပါသလိမ့်။ သူကတော့ လက်ရှိအချိန်မှာ ကျောက်ဖြစ်စေနိုင်တဲ့၀ိညာဥ်စွမ်းရည်တစ်ခုနဲ့ ထိမိခံရသလိုရပ်တန့်နေခဲ့ရတာပါ။ အဲ့ဒီနေရာမှာလုံး၀ကို မလှုပ်မရှားရပ်နေခဲ့ပါတယ်။ စိတ်၀ိညာဥ်မျက်လုံးကလဲ တစ်နေရာထဲကိုသာအာရုံစိုက်လို့ကြည့်နေခဲ့တယ်။ ဒါကတော့ ရွှေရောင်အလင်းတန်းတွေရဲ့ဗဟိုချက်ပါပဲ။
တလက်လက်တောက်ပနေတဲ့အပြာရောင်နဲ့ရွှေရောင်အလင်းတန်းတွေက လေထဲမှာရှိနေခဲ့ပြီ နေရောင်အောက်မှာပိုမိုတောက်ပလို့နေခဲ့တယ်။
အတော်အသင့်ရှည်လျားတဲ့ပန်းရောင်နဲ့အပြာရောင်ရောထားတဲ့ဆံပင်တွေက သူ့ရှေ့မှာရှိသူရဲ့ပုခုံးပေါ်ကို ၀ဲကျလို့နေခဲ့တယ်။ ခန့်ညားချောမောတဲ့ ရုပ်သွင်နဲ့လူက အဲ့ဒီမှာရပ်နေခဲ့တာပါ။ သူ့ရဲ့ဘေးတိုက်မျက်နှာကိုပဲ မြင်ရပေမဲ့ ဘယ်လောက်မောက်မောက်မာမာရှိလဲဆိုတာကို ခံစားမိပါတယ်။
ကျောအနောက်ဖက်မှာကတော့ အပြာရောင်လိပ်ပြာအတောင်ပံတွေက အလင်းလုံးတွေနဲ့အတူ ပွင့်ထွက်လို့နေခဲ့ပါတယ်။ ဒီတောင်ပံတွေအပေါ်မှာလဲ သင်္ကေတတွေကအပြည့်ရှိနေခဲ့ပြီ နေအငယ်စားလေးတွေလိုမျိုး တောက်ပထွန်းလင်းလို့နေခဲ့တယ်။ သူ့ရဲ့ခြေထောက်အောက်မှာတော့ အ၀ါရောင်တစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက ဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေပါတယ်။ ကျွီကျွယ်ချန်က နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ထဲမှာ ဓားအရိုးအပြင် နောက်ထပ်နာမည်ပြောင်တစ်ခုရှိပါသေးတယ်။ သူ့ရဲ့ပထမနာမည်ပြောင်ကတော့ ခန့်ညားချောမောတဲ့လူပါ။ ဒါပေမယ့် သူက လူသားတစ်ယောက်ဖြစ်ဖို့ အရမ်းကိုအေးစက်လွန်နေပါတယ်။ ဘယ်ကိစ္စမဆိုပြုံးတယ်ဆိုတာက ရှားပါးလို့နေခဲ့တယ်။
ဒါကြောင့် အမျိုးသမီးကျောင်းတော်သားတော်တော်များများက သူ့ရဲ့ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့် ဘယ်လိုပဲလိုက်ကပ်ပါစေ အနားတောင်မကပ်နိုင်ပါဘူး။ ဒါပေမယ့် အရှေ့မှာရှိနေတဲ့လူကတော့ ကျွီကျွယ်ချန်နဲ့ရုပ်ရည်ချင်ယှဥ်မယ်ဆိုရင် ဘယ်နေရာမှာမှမလျော့တဲ့သူပါ။ ထပ်တူညီမျှချောမောခန့်ညားပေမဲ့ မတူညီတဲ့အရှိန်အ၀ါကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။
ဒီပိန်ပိန်ပါးပါးလူငယ်က ကျွီကျွယ်ချန်လိုမအေးစက်ပါဘူ။ အဲ့ဒီအစားနူးညံ့တဲ့အငွေ့အသက်ကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ သူ့ရဲ့အသားအရေကလဲ ပိုမိုဖြူဖွေးနူးညံ့လို့နေခဲ့ပြီ အကြည့်ကတော့တောက်ပပါတယ်။
ကျွီကျွယ်ချန်ရဲ့ စူးရှထက်မြက်မှုကို မပိုင်ဆိုင်ထားပေမဲ့ ကျက်သရေရှိမှုကတော့ အစားထိုး၀င်ရောက်လို့နေခဲ့တယ်။ ကျွီကျွယ်ချန်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူကအမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်နိုင်မဲ့ ရုပ်ရည်မျိုးပါ။
ကျန်းကျင့်ယန်က ချောမောခန့်ညားတဲ့ကောင်တွေကို ဂရုစိုက်တတ်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ဖက်လူရဲ့ရုပ်ရည်ကိုမြင်ပြီချိန်မှာတော့ သူကိုယ်တိုင်တောင်မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။
ကျွီကျွယ်ချန်ကတော့ အလင်းတန်းတွေကြောင့် မျက်မှောင်ကြုတ်နေခဲ့ရတယ်။ သူ့ရဲ့ဓားအရှိန်အ၀ါကလဲ ပိုမိုအားကောင်းလို့လာခဲ့ပါပြီ။
တစ်ဖက်လူက ဒီလိုချောမောခန့်ညားတဲ့မျက်နှာရှိရုံတင်မကပဲ ရွှေရောင်အလုံးတွေအပြည့်နဲ့ အတောင်ပံလှလှတွေကု ပိုင်ဆိုင်ထားတယ်လား ဒါ့အပြင် ဟို့ယွိဟောင်ကို ကူညီပြီတော့လဲ တားဆီးပေးခဲ့ပါသေးတယ်။ ဒါက ဟယ့်ချိုက်ထို့ပြောတဲ့ အံ့ဩစရာပါ။
” ၀မ်သုန့် ”
ဟို့ယွိဟောင် နောက်ဆုံးမှာတော့ သူသတိပြန်၀င်လာခဲ့ပါပြီ။ ဘယ်လောက်ပဲစိတ်ရှုပ်ထွေးနေပါစေ အခုလက်ရှိအချိန်မှာကတော့ ချက်ချင်းဆိုသလိုသတိပြန်၀င်လာပြီ မျက်ရည်တွေ၀ဲလာပါတော့တယ်။
သူ့ရဲ့၀ိညာဥ်ရှပ်ပြေးကို မသုံးတော့ပဲ အရှိန်မြင့်လိုက်ပြီ အရှေ့ကိုခုန်ထွက်ကာလေထဲကသူရဲ့ညီနောင်ကို ပြေးဖက်ပါတော့တယ်။ ဒီလူကအဝေးကြီးအထိခရီးနင်းလာရင်း သူ့ကိုလာတွေတဲ့သူပါ။
၀မ်သုန့်လဲ ဟို့ယွိဟောင်ဖက်တာကို ခံလိုက်ရပြီချိန်မှာတော့ အတော်လေးစိတ်ထိခိုက်နေပုံရပါတယ်။ ဒါပေမယ့် လေသံကတော့မာမာပါပဲ။
” ဟို့ယွိဟောင် ရန်သူတွေကို အရင်ရှင်းမယ် ”
ရန်သူတွေလား ဟို့ယွိဟောင်တခဏတာတွေဝေလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်တို့ကို သူလှည့်ပြီကြည့်လိုက်မိတယ်။
သူ့ရဲ့မျက်နှာပေါ်မှာကတော့ စနှောက်လိုတဲ့အကြည့်က ထင်ထင်ရှားရှားပေါ်နေခဲ့ပါပြီ။ ဒီနှစ်ယောက်က သူ့ကိုအမြဲတမ်းစိတ်အနှောင့်အယှက်ပေးနေခဲ့တာပါ။ ဒီနေ့တော့ အဲ့ဒီနှစ်ယောက်ကို ကောင်းကောင်းသင်ခန်းစာပေးရပါလိမ့်မယ်။
” ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန် မင်းတို့နှစ်ယောက်က အမြဲတမ်းပေါင်းပြီ ငါကိုမတိုက်ခိုက်နိုင်လို့ စိတ်ဖိစီးနေကြတာမဟုတ်လား ဒီနေ့တော့အခွင့်အရေးရှိပြီ ဒါကငါရဲ့ညီနောင်ပဲ သူနာမည်က ၀မ်သုန့်လို့ခေါ်တယ်…လာနှစ်ယောက်ချင်နှစ်ယောက်တိုက်ခိုက်ကြမယ်..ငါတို့တွေဘာ၀ိညာဥ်လက်နက်ကိုမှမသုံးထားဘူး မင်းတို့တွေတိုက်ရဲ့လား ”
ကျန်းကျင့်ယန်ကရယ်မောလိုက်ပါတယ်။
” ဒါပေါ့ သူလဲအမျက်ဒေါသကျောင်းတော်ကဟုတ်တယ်ဟုတ် ကောင်းပြီလေ ငါတို့ကျောင်းတော်တွေအတွက် တိုက်ခိုက်ကြတာပေါ့ ”
ကျွီကျွယ်ချန်က ရိုးရှင်းပြီအမြဲတမ်းတဲ့တိုးပြောပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ သူ့ရဲ့ချောမောခန့်ညားမှုက်ို ယှဥ်လို့ရနိုင်တဲ့သူကို ရှားရှားပါးပါးမြင်လိုက်ရတဲ့အတွက် ၀မ်သုန့်ကို မီးလိုတောက်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ့ဓားကိုမြောက်လိုက်ချိန်မှာ ချက်ချင်းဆိုသလို ဓားရဲ့အငွေ့အသက်ကထိုးတက်လို့လာခဲ့ပြီ သူထအော်တော့တယ်။
” လာလိုက်စမ်းပါ ”
ကျွီကျွယ်ချန်က ထူးခြားတဲ့၀ိညာဥ်ပညာရှင်ထဲမှာမှ ထူးခြားတဲ့သူပါပဲ။ သူ့ကျင့်ကြံမှုနည်းလမ်းရဲ့ ရှားပါးမှုက အံ့ဩစရာပိုကောင်းပါတယ်။ ၀ိညာဥ်စွမ်းရည်တွေအားလုံးကိုလက်လျှော့ပြီတိုက်ခိုက်ရေးစွမ်းရည်တွေကို ဦးစားပေးလေ့ကျင့်တာပါ။ ဒါက အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူတွေထက်တော့ ယှဥ်လို့ရနိုင်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ပါစေ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလိုပဲ ၀ိညာဥ်စွမ်းအားကိုတိုးမြင့်ပေးတဲ့၀ိညာဥ်စွမ်းရည်တွေဖြစ်နေခဲ့တယ်။ ဒါ့အပြင် တိုက်ခိုက်နိုင်စွမ်းကိုလဲ ပိုတိုးတက်စေပါတယ်။
ဟို့ယွိဟောင် မြင်ဖူးသမျှသူတွေထဲမှာ အနီးကပ်တိုက်ပွဲတိုက်ခိုက်နိုင်တဲ့သူတွေထဲ သူတို့ကအသန်မာဆုံးသူပါပဲ။
ဒီလူကိုဆက်တိုက်ဆက်တိုက်ရိုက်နှက်ရင်းနဲ့ သူ့ရဲ့ဧကရာဇ်နယ်မြေအပေါ်နားလည်မှုကို ပိုပြီးနက်ရှိုင်းစေခဲ့မိပါတယ်။ ဒါပေမယ့် ၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုမှာတော့ သူတို့နှစ်ယောက်က အတော်လေးကို ကွာခြားချက်ရှိနေဆဲပါပဲ။
ဟို့ယွိဟောင်အနေနဲ့ ဧကရာဇ်နယ်မြေကိုနားလည်တာကြောင့် စိတ်ဆန္ဒတွေကိုတိုက်ခိုက်တဲ့အချိန်မှာ သူအနိုင်ရနိုင်ချေများပါတယ်။ ဒါပေမယ့် တကယ်တမ်း ကြီးမားတဲ့တိုက်ခိုက်မှုလုပ်မယ်ဆိုရင်တော့ တကယ်တမ်းအရေးနှိမ့်နိုင်ချေရှိနေခဲ့တယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျွီကျွယ်ချန်က သူ့ကိုတစ်ချက်လေးမှအခွင့်အရေးမယူခဲ့ပါဘူး။
သူတို့တွေတိုက်ခိုက်တဲ့အချိန်တိုင်းမှာ သူ့ရဲ့၀ိညာဥ်စွမ်းအားကို အဆင့်တူဖြစ်အောင်အမြဲတမ်းလျော့ချပြီချိတ်ပိတ်ထားလေ့ရှိတယ်။ ဓားနဲ့လက်သီးအင်အားကိုသာသူတို့အဓိကတိုက်ခိုကလေ့ရှိတာပါ။ ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ သူ့ကိုအမြဲတမ်းအနိုင်ယူပြီ တိုက်ခိုက်နိုင်နေခဲ့တာပါပဲ။
၀မ်သုန့်ရဲ့တကယ်စစ်မှန်တဲ့ အရည်အချင်းက ကျွီကျွယ်ချန်ထက်တော့ သိပ်ပြီအများကြီးသာနေတာမဟုတ်ပါဘူး။ သူ့ရဲ့ရုပ်ရည်ကသာ ကျွီကျွယ်ချန်ကို ထူးဆန်းတဲ့ဖိအားတစ်ခုပေးနေတာပါ။ အထူးသဖြင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဘေးချင်ယှဥ်လျက်ရပ်နေတဲ့အချိန်မှာ ပိုဆိုးပါတယ်။ သူတို့ရဲ့အရှိန်အ၀ါတွေက တစ်နည်းတစ်ဖုံကွာခြားသလို သံလိုက်လိုလဲ ဆွဲငင်နေကြပါသေးတယ်။ သူတို့တွေက အတူတူပေါင်းစည်းတဲ့ဆွဲငင်ပြီ တစ်သားထဲဖြစ်နေကြသလိုပါပဲ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်မြေပြင်ပေါ်ကို ခြေချလာပြီချိန်မှာ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ညာဘက်လက်ကို သူ့ရဲ့ဘယ်လက်နဲ့ဆွဲပြီကိုင်ထားပါတော့တယ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ချိန်မှာ မဖော်ပြနိုင်လောက်အောင် အားကောင်းတဲ့ခံစားမှုက နှလုံးသားထဲကနေမြင့်တက်လာခဲ့ပါပြီ။ သူတို့ရဲ့၀ိညာဥ်စွမ်းအားက လှည့်ပတ်လာပြီတဲ့နောက် ဟောင်သုန့်စွမ်းအားက အတူတူချိတ်ဆက်လို့သွားပါတော့တယ်။ နှစ်နှစ်ကြာအောင်စောင့်ဆိုင်းနေပြီတဲ့နောက် အရမ်းကိုကြီးမားအားကောင်းတဲ့ ဟောင်သုန့်စွမ်းအားရဲ့လှည့်ပတ်မှုက သူတို့နှစ်ယောက်စလုံးကို အံ့ဩသွားစေခဲ့တယ်။
ကျန်းကျင့်ယန်ကတော့ ဒီအချိန်မှာထအော်ပါပြီ။
” နင်တို့အချစ်ငှက်နှစ်ကောင်လား ဘာဖြစ်လို့လက်တွေကိုင်ထားတာလဲ ရှက်စရာကောင်းလိုက်တာအရင်းအမြစ်တွေကို မဖြုန်းတီးစမ်းနဲ့ ”
” ငါတို့ဘာအရင်းအမြစ်တွေဖြုန်းတီးနေလို့လဲ ၀မ်သုန့်က ပြန်မေးပါတယ်။
” လောကကြီးထဲမှာ ယောင်္ကျားကောင်းတွေဆိုတာသိပ်ကျန်တော့တာမဟုတ်ဘူး ..အကယ်၍ နင်တို့နှစ်ယောက်သာအတူတူပေါင်းပြီနေကြမယ်ဆိုရင် ငါတို့မိန်းကလေးတွေဘာလုပ်ကြရမလဲ ”
အပိုင်း ၁၈၆•၁ ပြီး၏။