Switch Mode

Chapter – 185.4

သန့်စင်ခြင်းသခင်

အပိုင်း ၁၈၅•၄

” သန့်စင်ခြင်းသခင် ”
°°°
အသက်ဆယ်ခုနှစ်အရွယ်လူငယ်လေးတစ်ယောက်အနေနဲ့ ဒီလောက်အထိ အေးဆေးတည်ငြိမ်တဲ့ အမူအကျင့်တွေကိုပိုင်ဆိုင်ထားတယ်ဆိုတာ တွေးကြည့်ဖို့တောင်ခက်ပါတယ်။ အထူးသဖြင့် သူကဧကရာဇ်နယ်မြေနဲ့ ချိတ်ဆက်ထားတဲ့အတွက် သူ့ရဲ့မျက်လုံးအကြည့်တွေက ပုံမှန်အခြေအနေမျိုးမှာတောင် အရမ်းကိုထိန်းချုပ်နိုင်စွမ်းအားကောင်းနေခဲ့တယ်။

ကျင့်ကြံမှုအရှိန်နှုန်းနဲ့ နက်ရှိုင်းတဲ့တရားထိုင်မှုကို ဖြတ်သန်းပြီချိန်တိုင်းမှာ စိတ်၀ိညာဥ်စွမ်းအားတိုးတက်လာခဲ့မှုကြောင့် ပိုမိုမြန်ဆန်လာခဲ့ပါပြီ။ ဒါ့အပြင် အခုလက်ရှိအချိန်မှာ အဆင့်လေးသုံးဆယ်အထိမြင့်တင်ခဲ့ပြီဖြစ်ခဲ့သလို ကျင့်ကြံတဲ့အရှိန်နှုန်းကလဲ သူ့အစွမ်းအစတွေနဲ့အတူ တိုးတက်လာခဲ့ပါတယ်။ ဒါကဟို့ယွိဟောင်အတွက်ကတော့ သတင်းကောင်းတစ်ခုပါ။

ဒါပေမယ့် အခုအချိန်မှာ၀ိညာဥ်စက်ကွင်း၀ိညာဥ်ငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်တောင် ဖြစ်မလာသေးပါဘူး။ ကျန်းဟုန်ချန်လဲ ဒါကိုကြားပြီတဲ့နောက် အနည်းငယ်စိတ်သက်သာသွားခဲ့ပါတယ်။ နောက်ဆုံးတော့လဲ အသက်ဆယ့်ငါးနှစ်နဲ့ ဆယ်ရှစ်နှစ်ဆိုတဲ့အသက်ပိုင်ခြားတွေက တကယ်စစ်မှန်တဲ့၀ိညာဥ်ပညာရှင်တွေအတွက် အရမ်းကိုအရေးကြီးတဲ့ကာလတွေပါ။ ဒီသုံးနှစ်က အခြေခံကာလတစ်ခုကို ကောင်းကောင်းဖန်တီးဖို့အတွက် အရေးကြီးပါတယ်။

ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့လဲ လက်ရှိအချိန်မှာ အဆင့်ခြောက်ဆယ်ကိုရောက်ရှိပြီ ၀ိညာဥ်ဧကရာဇ်တွေဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် သူတို့တွေက အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလဲဖြစ်ကြပါသေးတယ်။

ကျန်းဟုန်ချန်က ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို သဘောကျမိတယ်။ သူက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့အချိန်မှာတောင် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်ကို အနိုင်တိုက်နိုင်ခဲ့တာပါ။

ဒါပေမယ့် ၀ိညာဥ်ဧကရာဇ်က ၀ိညာဥ်ဧကရာဇ်ပါပဲ။ အကယ်၍ လူတိုင်းသာတူညီတဲ့ပါရမီရှိခဲ့မယ်ဆိုရင် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့၀ိညာဥ်ဧကရာဇ်က ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့၀ိညာဥ်ဘိုးဘေးတွေကို အပြည့်အ၀ဖိနှိမ့်ထားနိုင်မှာပါ။

ဟို့ယွိဟောင်အနေနဲ့ သူ့မြေးတွေကိုစိန်ခေါ်နိုင်မယ်လို့ ကျန်းဟုန်ချန်မယုံပါဘူး။ ပါရမီရှင်တစ်ယောက်ရဲ့အဓိကအလားအလာဆိုတာက အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှ လျော့ကျသွားနိုင်ပါတယ်။ အကယ်၍ ဟို့ယွိဟောင်သာ အသက်နှစ်ဆယ်မတိုင်းခင်မှာ အဆင့်ခြောက်ဆယ်ကိုမရောက်နိုင်ဘူးဆိုရင် ကျန်းဟုန်ချန်အနေနဲ့ သူ့ကိုပါရမီရှင်လို့ခေါ်မှာမဟုတ်တော့ပါဘူး။

°°°
” ညီငယ်လေး ”

ခပ်ကြမ်းကြမ်းအသံတစ်ခုက အပြင်ကနေထွက်ပေါ်လာခဲ့ပါတယ်။

” ဒုတိယအစ်ကိုကြီး ဘာလို့ဒီနေရာရောက်နေတာလဲ ”

ဟို့ယွိဟောင်တံခါးကိုဖွင့်ရင်း အရမ်းကိုစိတ်လှုပ်ရှားနေပုံရတဲ့ ဟယ့်ချိုက်ထို့ကိုလှမ်းမေးနေခဲ့တယ်။

ဟယ့်ချိုက်ထို့ကတော့ ထူးထူးဆန်းဆန်းကြီးပြုံးနေရင်း ပြောလာခဲ့ပါတယ်။

” ညီငယ်လေး ငါမင်းအတွက် အံ့ဩစရာတစ်ခုရှိနေတယ် ”

” ကျွန်တော်အတွက် အံ့ဩစရာလား ဘာလဲအစ်ကိုကြီးသုတေသနပြုနေတဲ့ ရွေ့လျား၀ိညာဥ်လက်နက်က အောင်မြင်သွားတာလား ”

ဟယ့်ချိုက်ထို့က ထအော်ပါတော့တယ်။

” မဟုတ်ဘူး မဟုတ်ဘူး မင်းတစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတုံးလာတာပဲ ဒီကျောင်းသားဆောင်ရယ် ပုံရိပ်ယောင်အစစ်အမှန်ခန်းမရယ်မှာပဲနေ့တိုင်းရှင်သန်နေရတာမပင်ပန်းပါဘူးလား နည်းနည်းပါးပါးအားလပ်ရက်ချိန်လေးယူသင့်တယ်…ဒါဆိုရင် ခန္ဓာကိုယ်က အခြေအနေပိုကောင်းလာမှာ မင်းကအမြဲတမ်းတောင့်တင်းပြီတော့ အတွေးအခေါ်တွေလဲ အမြဲတမ်းဒီလိုဖြစ်နေတယ်…ဒါကကောင်းတဲ့ကိစ္စမဟုတ်ဘူး..”

ဟို့ယွိဟောင်လဲ အနည်းငယ်လှုပ်ရှားလာခဲ့ပါတယ်။ဒီလိုစကားမျိုးကို သူ တခြားတစ်ယောက်ဆီကနေ ကြားဖူးခဲ့တယ်။ ဒါက သူပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အဲ့ဒီလူရဲ့ အကြောင်းကိုတွေးလိုက်မိချိန်မှာတော့ သူ့ရဲ့မျက်လုံးအကြည့်ကအနည်းငယ်ပြောင်းလဲသွားပါတော့တယ်။ နေလနိုင်ငံတော်ကိုသူရောက်ပြီတဲ့နောက် သူ့ရဲ့တခြားအပေါင်းအဖော်တွေနဲ့ အစ်ကိုကြီးဆီကနေ စာတွေကိုရခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလူက သူ့ကိုဘယ်စာမှမရေးခဲ့ပါဘူး။

၀မ်သုန့်မင်းဘယ်လိုလဲ နေရောကောင်းရဲ့လား ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်အကြောင်းတွေးလိုက်မိချိန်မှာ အနည်းငယ်စိတ်ညစ်လို့သွားပါတော့တယ်။ သေချာတာပေါ့ ဒီကောင်ငါ့ကိုဒီလောက်အချိန်ကြာမှတော့ မေ့လောက်ပြီ။

” ညီငယ်လေး ငါမင်းကိုစကားပြောနေတယ်အာရုံစိုက်စမ်းပါ ”

ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ရဲ့ပုခုံးကို လာပုတ်ရင်းနဲ့ မကျေမနပ်ပြောပါတော့တယ်။

ဟို့ယွိဟောင်လဲ သူ့ကိုချက်ချင်း၀င်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

” သရဲဘုရားကျောင်းနဲ့ပတ်သက်ပြီ အစ်ကိုကြီးတို့ရှာဖွေတဲ့အခြေအနေရောဘယ်လိုလဲ ”

ဟယ့်ချိုက်ထို့ကတော့ အခန်းထဲ၀င်ဖို့တောင် မတွေးပဲနဲ့ မျက်စောင်းထိုးနေခဲ့ပါတယ်။

တံခါး၀မှာပဲရပ်နေတဲ့အတွက် သူ့ရဲ့မြင့်မားလွန်လှတဲ့ခန္ဓာကိုယ်ကြီးက အစောင့်အရှောက်တစ်ယောက်နဲ့ ပုံစံနဲ့တူနေခဲ့တယ်။

” အဲ့ဒီအသုံးမကျတဲ့ အဖွဲ့အစည်းကြီးကပျောက်နေတယ်လေ မင်းပုံရိပ်ယောင်တွေ ထင်ယောင်ထင်မှားတွေဖြစ်နေတာလို့တောင် ငါတွေးမိလောက်တဲ့အထိ သူတို့က ခြေရာဖျောက်နေခဲ့တာ မဟုတ်ရင် သူတို့ဘာသာသူတို့ အရမ်းကိုလုံလုံခြုံခြုံဖုံးကွယ်ထားတာဖြစ်လိမ့်မယ်…ကောင်းပြီငါနောက်လိုက်ခဲ့ ကျောင်းဂိတ်တံခါးကိုသွားရအောင် ”

” ကျွန်တော်မလိုက်တော့ဘူး..အခုဗျူဟာကိုဖန်တီးရတာနဲ့ ကျွန်တော်အလုပ်ရှုပ်နေတာအရေးကြီးတဲ့အချိန်ကရောက်နေပြီ ပြီးခါနီးနေပြီ ”

ဟို့ယွိဟောင်က ချက်ချင်းငြင်းပါတော့တယ်။ ဟယ့်ချိုက်ထို့ကတော့ ဒေါသထွက်လာခဲ့ပါပြီ။

” ငါရဲ့စကားတွေက နားကန်ရဲ့နားထဲကို ရောက်သွားတာလား မြန်မြန်လုပ် မင်းမသွားဘူးဆိုရင် နောင်တရရလိမ့်မယ် ”

ပြောပြီတဲ့နောက် ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ကိုချက်ချင်းဆွဲထုတ်ပြီ ပြေးပါတော့တယ်။

ဟို့ယွိဟောင်က အနည်းငယ်စိတ်ညစ်နေခဲ့ပေမဲ့ ဟယ့်ချိုက်ထို့က စိတ်ကောင်းစေတနာနဲ့ ပြောတာဖြစ်တဲ့အတွက် သူမငြင်းပယ်နိုင်ပါဘူး။ ဒါပေမယ့် ဒုတိယအစ်ကိုကြီးက သူ့ကိုထိခိုက်အောင်မလုပ်မှာယုံကြည်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘယ်လိုအံ့ဩစရာမျိုးကိုမှ လက်ခံဖို့စိတ်ကူးမရှိတာအမှန်ပါ။

လက်ရှိအချိန် သူအတွက်ဘာအံ့ဩစရာမှရှိနိုင်မယ်လို့လဲ မထင်ပါဘူး။ သူကျင့်ကြံမှုကနေ ရုတ်တရက်၀ုန်းကနဲဖြတ်သန်းတိုးတက်သွားတာမျိုးအကြုံရသေးသရွေ့ အံ့ဩစရာမရှိတာအမှန်ပါ။ ဒါ့အပြင် ဒီနေရာက နေလနိုင်ငံရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖြစ်နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်မဟုတ်ပါဘူး။

မကြာခင်မှာပဲ ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ဆွဲခေါ်တဲ့နောက်လိုက်လာကာ ကျယ်ပြန့်တဲ့ကွင်းပြင်ကြီးထဲရောက်လာပါတော့တယ်။

” ဒုတိယအစ်ကိုကြီး ကျွန်တော်ကိုဒီလိုဆွဲလာဖို့မလိုပါဘူး…ကျွန်တော်ကိုယ်ဘာသာကိုယ်လိုက်ပါ့မယ် ”

ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိပဲ ပူးပေါင်းရပါတော့တယ်။

ဟယ့်ချိုက်ထို့က ရပ်တန့်ရင်းနဲ့ ထူးထူးဆန်းဆန်းကြီးကြည့်ပြီပြောလာခဲ့တယ်။

” အဲ့ဒီကိစ္စကြောင့်သာ မဟုတ်ရင် ငါလဲအတင်းအကျပ်လုပ်မနေပါဘူး…မင်းမသွားတာက ပိုကောင်းမယ်လို့ထင်ပေမဲ့လဲ အကယ်၍ မင်းနောင်တရတယ်ဆိုရင် ငါကိုအပြစ်မတင်လေနဲ့တော့ ”

သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ကိုလက်ကိုလွှတ်ပြီ လှည့်ထွက်သွားပါတော့တယ်။ ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ သူ့နောက်ကိုပြေးလိုက်ပြီတော့တောင်းပန်ရတော့တယ်။

” ဒုတိယအစ်ကိုကြီးစိတ်မဆိုးပါနဲ့ ကျွန်တော်လိုက်လာပါ့မယ်..အစ်ကိုကြီးပြောတာမှန်တယ်..ကျွန်တော်ဦးနှောက်လဲနည်းနည်းလေးအပြောင်းအလဲလုပ်သင့်တယ်မဟုတ်လား ကျွန်တော်ကိုယ်တိုင်က အဲ့ဒီဗျူဟာကြီးဖြစ်သွားတော့မှာ ”

ဟယ့်ချိုက်ထို့ကတော့ ရယ်မောရင်းနဲ့ ပြန်ပြောလာခဲ့ပါတယ်။

” ကောင်စုတ်လေးငါမင်းကို ဒေါသထွက်မယ်များထင်နေလား တခြားတစ်ယောက်အတွက် နည်းနည်းလေးနောင်တရစရာကောင်းတယ်လို့ တွေးမိရုံပါပဲ ”

သူတို့စကားပြောနေကြချိန်မှာပဲ ရင်းနှီးတဲ့မျက်နှာတွေနဲ့ တွေ့မိပါတော့တယ်။

” အားယား ဒီနှစ်ယောက်ဘယ်သွားဦးမလို့လဲ ”

သက်လတ်ပိုင်အရွယ်ရောက်နေပြီဖြစ်တဲ့ ဘာမှပြဿနာမရှာနိုင်ဘူးလို့ထင်ရသူ ကျန်းကျင့်ယန်က သူနဲ့ဟယ့်ချိုက်ထို့ကိုပြုံးပြုံးကြီးကြည့်ရင် မေးလာပါတော့တယ်။ ကျွီကျွယ်ချန်ကတော့ သူ့ဘေးမှာပါ။

ဒီနှစ်ယောက်ကိုမြင်ချိန်မှာဟို့ယွိဟောင်ရဲ့မျက်နှာကြောတွေအနည်းငယ်တွန့်သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကိုသူလှမ်းကြည့်ရင်း သူမျက်လုံးနဲ့မေးနေခဲ့တယ်။

ဒုတိယအစ်ကိုကြီး ဒီဟာတွေက အစ်ကိုကြီး​ကျွန်တော်ကိုပြောတဲ့ အံ့ဩစရာတွေမဟုတ်ဘူးမလား။

နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ထဲမှာ ဟို့ယွိဟောင်အကြောက်ဆုံးသူကိုပြပါဆိုရင် သေချာပေါက် ကျန်းဟုန်ချန်မဟုတ်ပါဘူး။ ဒီနှစ်ယောက်ပါပဲ။

ဟို့ယွိဟောင် နက်ရှိုင်းတဲ့တရားထိုင်မှုကနိုးလာပြီတဲ့နောက် ကျွိီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်နှစ်ယောက်စလုံးက သူ့ကိုရှုံးတာမကျေနပ်ပဲ ဆက်တိုက်ဆိုသလို ပစ်မှတ်ထားနေပါတော့တယ်။

သူတို့နှစ်ယောက်က အမြဲတမ်းတစ်ပူးပူးတစ်တွဲတွဲ ရှိနေခဲ့ပြီ ဘာမှလုပ်စရာမရှိတဲ့အချိန်မှာအမြဲတမ်းဟို့ယွိဟောင်အနားကိုလိုက်ပြီ တစ်ပွဲတစ်လမ်းနွှဲဖို့အတွက် တောင်းဆိုကြပါတယ်။

တစ်ကြိမ် နှစ်ကြိမ်လောက်ဖြစ်မယ်ဆိုရင် အဆင်ပြေပေမဲ့ သူတို့လုပ်တာက လွန်လွန်နေခဲ့ပါပြီ။

ဟို့ယွိဟောင် စိတ်မလှုပ်ရှားပဲနေမှာလဲ။ သူတို့နှစ်ယောက်ကတော့ တခြားသူတွေရဲ့အမြင်ကိုအာရုံစိုက်မဲ့ပုံမပေါ်ပါဘူး။ တခါတလေမှာဟို့ယွိဟောင်အနေနဲ့ အရေးကြီးတဲ့ဗျူဟာတွေဖန်တီးနေတဲ့တန်းလမ်းကြီးဖြစ်တာတောင် သူတို့တွေက လာနှောင့်ယှက်ပြီ အတင်းတိုက်ခိုက်ခိုင်းပါတယ်။ ဟို့ယွိဟောင်အနေနဲ့ရထားတဲ့ စိတ်ကူးစိတ်တန်းလေးတွေတောင် လေထဲမှာပျောက်ပျက်လို့သွားခဲ့ရပါပြီ။

ဒီတစ်ခေါက်မှာတော့ ဟို့ယွိဟောင်ဒေါသထွက်လာတာကြောင့် သူ့ရဲ့ဧကရာဇ်နယ်မြေကို ပိုပြီးပြင်းပြင်းထန်ထန်လေး သုံးလိုက်ပါတယ်။ ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်နှစ်ယောက်စလုံးကို ကောင်းကောင်းရိုက်ပြစ်လိုက်ပြီ မှတ်လောက်သားလောက်ရှိအောင် ဆုံးမပေးလိုက်တယ်။ သူတို့က သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေကိုအသုံးပြုပြီး ဟို့ယွိဟောင်ကိုပြန်ပြီ မတွန်းလှန်နိုင်တာကြောင့် တခြား၀ိညာဥ်စွမ်းရည်တွေကိုလဲ မထုတ်နိုင်ခဲ့ပါဘူး။

အဲ့ဒီကိစ္စဖြစ်ပြီတဲ့နောက် သူတို့နှစ်ယောက်နည်းနည်းလေးရပ်သွားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပြန်လာရှာကြပြန်ပါတယ်။ ကျွီကျွယ်ချန်ကတော့ ဟို့ယွိဟောင်ကို လာပြောခဲ့ပါသေးတယ်။ အဲ့ဒီနေ့မှာတော်တော်အရိုက်ခံလိုက်ရပြီတဲ့နောက်သူ့ရဲ့ဓားကိုနားလည်သဘောပေါက်မှုက ပိုပြီးမြင့်တက်သွားပါသတဲ့။

ဒါကြောင့်သာ သူတို့နှစ်ယောက်က ဟို့ယွိဟောင်ကိုတစ်ချိန်လုံးအမြဲတမ်းလာရှာနေကြတာပါ။ ဟို့ယွိဟောင်လဲ ဒါကိုသည်းမခံနိုင်တော့ပါဘူး။ ဒါကြောင့် ပုန်းနေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ သူတို့တွေတိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါ။ ရလဒ်အနေနဲ့ ဟို့ယွိဟောင်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာညဥ့်နက်အောင်နေပြီ သူ့ရဲ့အိပ်ဆောင်ကိုတိုးတိုးတိတ်တိတ်လေးပြန်လာတတ်ပါတယ်။

ဒါပေမယ့် ကျောင်းတော်ထဲမှာ ဟို့ယွိဟောင်ရဲ့သူငယ်ချင်းတချို့တော့ ရှိနေဆဲပါ။ ဒါပေါ့ ဟို့ယွိဟောင်ဒါကို၀န်ခံမှာမဟုတ်ပါဘူး။

ကျွီကျွယ်ချန်နဲ့ ကျန်းကျင့်ယန်တို့နှစ်ယောက်စလုံးက အတော်ကိုလက်ပေါက်ကတ်တဲ့သူပါ။ ဟယ့်ချိုက်ထို့လဲ သူတို့ကိုပြောခဲ့ပါသေးတယ်။ အကယ်၍ သူတို့ဟို့ယွိဟောင်နဲ့တိုက်ခိုက်ချင်တယ်ဆိုရင် သူလဲပါ၀င်ပြီပူးပေါင်းပေးမယ်လို့ ဒါပေမယ့် သူတို့က လုံး၀လုံး၀ကို လက်မခံခဲ့ကြပါဘူး။

သူတို့တွေက ဟို့ယွိဟောင်နဲ့ တိုက်ခိုက်ဖို့ကိုသာ အပြင်းအထန်အာရုံစူးစိုက်နေခဲ့ကြပြီ အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်တဲ့သူ ဟို့ယွိဟောင်ကိုသာ အာရုံစိုက်ကြတယ်။ ဒါ့အပြင် အဓိကတော့ ဧကရာဇ်နယ်မြေရဲ့အင်အားကို သူတို့ပိုနားလည်ချင်ကြတာပါ။

ဟယ့်ချိုက်ထို့ကတော့ ခေါင်းခါပြရင်းပြောလာခဲ့တယ်။

” ဒီနှစ်ကောင်ဘယ်ဟုတ်မလဲ သူတို့တွေက ဘယ်လိုလုပ်အံ့ဩစရာကိစ္စဖြစ်နိုင်မှာလဲ အံ့ဩစရာကိစ္စအစထိတ်လန့်စရာကြီးတွေပဲဖြစ်နေမှာပေါ့ သူငယ်ချင်းတို့ရေ ငါတို့ဒီနေ့လုပ်စရာကိစ္စတွေများများစားစားရှိနေတယ်…သူမင်းတို့ကိုဖျော်ဖြေမပေးနိုင်ဘူး ”

သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို နောက်တစ်ကြိမ်ဆွဲသွားဖို့လုပ်ပါတော့တယ်။

ဟို့ယွိဟောင်လဲ ဒီနှစ်ယောက်နဲ့မတွေ့ချင်တာကြောင့် လိုလိုလားလားနဲ့ လိုက်ခဲ့ပါပြီ။ ဒါပေမယ့် ကျန်းကျင့်ယန်ကတော့ ချက်ချင်းဆိုသလိုရောက်လာပြီ သူတို့အရှေ့မှာပိတ်ရပ်လိုက်ပါတယ်။ ကျွီကျွယ်ချန်ကတော့ ပိုပြီးတော့တောင် ဆိုးသေးတယ်။ သူ့ရဲ့ဓားကိုတောင်ထုတ်လာခဲ့ပါပြီ။

” ငါတို့တွေဆုံတယ်ဆိုတာက ကံကြမ္မာရဲ့လမ်းညွှန်မှုပဲလေယွိဟောင် ဒီရက်ပိုင်းမှာငါတို့နင်ကိုလာမရှာဘူး ဒီလိုပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ တွေ့ရပြီဆိုမှတော့ တိုက်ခိုက်ကြရအောင် ငါအခုတလောအသိဉာဏ်နည်းနည်းပွင့်ထားတာ ရှိထားတယ် ”

ဟို့ယွိဟောင်ရဲ့ မျက်နှာကြွက်သားတွေတောင် တွန့်သွားခဲ့ပြိီတဲ့နောက် သူပြောလာခဲ့ပါတယ်။

” လွန်ခဲ့တဲ့နှစ်ရက်တုန်းကမှ တိုက်ခိုက်ထားတာလေ အဲ့ဒါကိုဟိုရက်တွေတုန်းကလို ပြောချင်သေးတယ်လား နည်းနည်းပါးပါးအသက်ရှုချောင်ဖို့လေးအလွှတ်မပေးနိုင်ဘူးလား ရှုံးတယ်လို့၀န်ခံပါ့မယ် ”

ကျွီကျွယ်ချန်က ဟို့ယွိဟောင်ကို သူ့ရဲ့ဓားနဲ့ညွှန်နေရင်းပြောလာခဲ့တယ်။

” ငါကိုအနိုင်ယူ ဒါဆိုရင် မင်းကိုအသက်ရှုချောင်ဖို့နေရာလေးဘာလေးပေးမယ် ”

အပိုင်း ၁၈၅•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset