Switch Mode

Chapter – 185.3

သန့်စင်ပေးမှုသခင်

အပိုင်း ၁၈၅•၃

” သန့်စင်ပေးမှုသခင် ”
°°°
နောက်ဆုံးတော့လဲ အမျက်ဒေါသကျောင်းတော်ရဲ့ နယ်မြေက အမျက်ဒေါသမြို့တော်ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် သူတို့တွေက ကျောင်းတော်ထဲမှာ သင်ကြားနေတုန်းအချိန်ရှိပါသေးတယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက်က ကျောင်းတော်ရဲ့အကူအညီနဲ့ဆိုရင် ပိုပြီးလွယ်ကူမှာပါ။

အခုလက်ရှိအချိန်မှာ မျိုးနွယ်စုက လူအင်အားအတော်ကိုနည်းပါးနေပါတယ်။ ဒါ့အပြင် အမျက်ဒေါသမြို့တော်ထဲက လူတွေကိုသိမ်းသွင်းဖို့ဆိုတာခက်ခဲမဲ့ကိစ္စပဲ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ကနေ ဘွဲ့ရပြီသွားတဲ့သူတွေလဲ ဘယ်မျိုးနွယ်စုကိုအလွယ်တကူ၀င်ရောက်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ထန်မျိုးနွယ်အနေနဲ့ လူများများစားစားရနိုင်တဲ့ အခြေအနေမရှိပဲဖြစ်နေခဲ့ပါတယ်။

ပေ့ပေ့ကတော့ ကျောင်းတော်ထဲမှာအကြီးအကဲမုရဲ့မျိုးဆက်ဖြစ်တဲ့အတွက် ကြီးမားတဲ့အခွင့်ထူးခံကြီးကို ရရှိထားပါတယ်။ ဒါ့အပြင် သူက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲက တစ်ယောက်ဖြစ်နေခဲ့ပြီ ထန်မျိုးနွယ်ရဲ့လက်ရှိခေါင်းဆောင်ပါပဲ။ အမျက်ဒေါသမြို့တော်ထဲမှာသေးငယ်တဲ့မြေနေရာတစ်ခုကိုသူတို့တွေရရှိခဲ့ပြီတဲ့နောက် ငွေကြေးအရအကူအညီတွေကိုလဲရခဲ့ပါတယ်။

ဒီနေရာကအတော်ကိုဝေးလန်ပေမဲ့ အေးအေးချမ်းချမ်းရှိတဲ့အပြင် အမျက်ဒေါသမြို့တော်ထဲမှာတည်ရှိနေတဲ့နေရာပါ။

ဟို့ယွိဟောင်ရဲ့အရှေ့မှာရှိနေသူတွေရဲ့ ကျင့်ကြံမှုက အတော်လေးကောင်းမွန်ပါတယ်။ သူတို့ထဲမှာ၀ိညာဥ်လက်နက်အတတ်ပညာရှင်တောင် ပါနေခဲ့တယ်။ ဒါက လက်ရှိအချိန် ထန်မျိုးနွယ်မှာမရှိတဲ့အင်အားပါပဲ။ ဒါကြောင့်သာ ဟို့ယွိဟောင်က သူတို့ရဲ့ တောင်းဆိုချက်ကိုမငြင်းပယ်နိုင်တာပါ။

” အချိန်က အခုတော့အတော်လေးကို ကျပ်တည်နေပြိီ မင်းတို့ရဲ့ဒီဆိုးရွားတဲ့အ၀တ်အစားတွေကို မြန်မြန်ချွတ်ပြီ တခြားအ၀တ်အစားလဲလို့ ထွက်ခွာတော့ တစ်နာရီအတွင်းမှာ ဒီနေရာကြီးက မြေပြန့်ကြီးတစ်ခုကလွဲပြီ ကျန်တာဘာမှရှိတော့မှာမဟုတ်ဘူး…ဘယ်လိုအရိပ်ငွေ့တွေမှမကျန်ခဲ့အောင်လို့ ကိုယ်ဘာသာကိုယ်သေချာလေးသတိထားကြ ”

” မင်းတို့ မြန်မြန်သွားလေလေအကောင်းဆုံးဖြစ်လေပဲ မင်းတို့မှာပျံသန်းရေး၀ိညာဥ်လက်နက်တွေ ရှိကြရဲ့လား ”

နနအပါအ၀င် သူတို့ငါးယောက်ထဲမှာပျံသန်းရေး၀ိညာဥ်လက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ တခဏတာတွေးတောပြီတဲ့နောက် ဟို့ယွိဟောင်က ပြောလာခဲ့တယ်။

” ဒီလိုဖြစ်မှတော့ ပျံသန်ရေး၀ိညာဥ်လက်နက်တွေရှိတဲ့သူက တောက်ပရောင်စဥ်မြို့တော်ကနေ အမြန်ဆုံးထွက်သွားကြ အကွာအဝေးတစ်ခုအထိ ပျံသန်းပြီတဲ့နောက် နနက ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို ပြန်စုလာပြီကျန်ရစ်တဲ့သူတွေကို နောက်တစ်ခေါက်ထပ်ပြီတော့ခေါ် ”

” ဒါက မင်းတို့ထွက်ပြေးတာကို အနည်းငယ်တော့အရှိန်နှေးစေလိမ့်မယ်…နောက်ဆုံးတော့လဲသရဲဘုရားကျောင်းက နတ်ဘုရားတွေမှမဟုတ်ပဲ သူတို့အနေနဲ့ မင်းတို့အားလုံးကို အမီလိုက်ဖို့က လွယ်မှာမဟုတ်ဘူး ”

သူပြောပြီတဲ့နောက် တံဆိပ်ပြားတစ်ခုကိုထုတ်လာရင် နနကိုပေးလိုက်တယ်။

” ဟုတ်ကဲ့ပါသခင် ”

နနလဲ တခြားရှစ်ယောက်နဲ့အတူထရပ်လိုက်ပါတယ်။ အခုလက်ရှိအချိန်မှာ သူ့မရဲ့၀မ်းနည်းမှုတွေက အတော်လေးပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဘ၀သစ်စတော့မဲ့မျှော်လင့်ချက်အပြည့်အလင်းတန်းတွေက သူမရဲ့မျက်နှာပေါ်မှာတောက်ပနေခဲ့ပါတယ်။ အခုအချိန်ကစပြီ ကိစ္စတွေက အသစ်ဖြစ်တော့မှာပါ။

နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို သူလုံး၀ပြန်မှာမဟုတ်ပါဘူး။ ဒီကိစ္စကြီးအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ရင်ဆိုင်ဖို့စိတ်ဆုံးဖြတ်ပြီသားပါ။ ဒါကြောင့် ရှိသမျှပစ္စည်းတွေပစ္စယတွေအားလုံးကို သိုလှောင်ရေး၀ိညာဥ်ပစ္စည်းထဲမှာ အပြည့်ထည့်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ကို နောက်တစ်ကြိမ်ဦးညွတ်ပြီတဲ့နောက် သရဲဘုရားကျောင်းရဲ့၀တ်စုံကိုသူချွတ်ချပလိုက်ပါတော့တယ်။ တခြားရှစ်ယောက်လဲ အမြန်ဆုံးထွက်ခွာခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ သူ့ရဲ့ပုံစံတူတုပမှုကို အသုံးချပြီ အစောပိုင်းထွက်ခွာလာစဥ်တုန်းကမြင့်မြတ်သရဲအဖြစ်ပုံစံပြောင်းလဲထားခဲ့တာပါ။ အခုလက်ရှိအချိန်မှာကတော့ ဒုတိယသရဲအဖြစ်အသွင်ပြောင်းရင်းနဲ့ မြန်မြန်ထွက်ခွာလာခဲ့ပါတယ်။

တစ်နာရီကြာပြီတဲ့နောက် ဟယ့်ချိုက်ထို့နဲ့ လျှို့၀ှက်တဲ့နေရာတစ်ခုမှာ စတင်ပြီတွေ့ဆုံတော့တယ်။ ဒီနေရာကကျောင်းတော်ရဲ့အတွင်းထဲမှာရှိနေခဲ့တာပါ။

” ဒုတိယအစ်ကိုကြီးအခြေအနေဘယ်လိုလဲ ”

” မစိုးရိမ်နဲ့ ကိစ္စတွေကိုအခြေချပြီးပြီ ဘာအမှားအယွင်းမှမရှိဘူး…ငါတို့တွေမှာတိကျတဲ့နေရာပစ်မှတ်ရှိနေတာကြောင့် နှစ်နှစ်နာရီအတွင်းမှာပဲ တောက်ပတဲ့မီးရှုမီးပန်းတွေကမြို့တော်ရဲ့အထက်ကောင်းကင်ဆီတက်လာလိမ့်မယ် ”

” ငါအခုလက်ရှိအချိန်မှာ ထိုးဖောက်မှုအားကောင်းတဲ့၀ိညာဥ်အမြောက်တွေကို အဓိကရွေးချယ်ပြီထိန်းချုပ်ထားတယ်…ဒါကြောင့် ပတ်၀န်းကျင်ကိုအများကြီးထိခိုက်မှာမဟုတ်ဘူး..ဟိုကောင်မလေးရော ဘယ်လိုလဲ ”

” သူသွားပြီ ကိစ္စတွေဖြေရှင်းပြီးပြီဆိုမှတော့ သူလဲကျောင်းတော်ထဲမှာနေမှာမဟုတ်တော့ဘူး..ကျွန်တော်သူတို့ထဲက တပည့်သားတချို့ကိုခေါ်သွားဖို့အတွက် မှာထားတယ်…ဒီလူတွေကိုလွှတ်ပေးလိုက်ပြီးပြီ အစ်ကိုကြီးကိုသွားရှာဖို့ခိုင်းလိုက်တယ်…ထန်မျိုးနွယ်ရဲ့နောက်ပိုင်းဖြစ်လာမဲ့အချိန်တွေထက် သူတို့ကလူအင်အားကိုဖြည့်ပေးနိုင်မှာပါ ”

” ဒါဆိုငါတို့ဘယ်လိုပြန်ကြမလဲ ငါတို့တွေနံရံကိုကျော်တက်မှာတော့မဟုတ်ဘူးမလား ဒီနေရာမှာ၀ိညာဥ်လက်နက်တွေက အများကြီးရှိနေတယ်…ဒါ့အပြင် လုံခြုံရေးကလဲ အတော်လေးတင်းကျပ်တယ် ”

” ဒုတိယအစ်ကိုကြီး ကျွန်တော်ရဲ့ပုံစံတူတုပမှုက ထူးခြားတဲ့အစွမ်းအစတွေရှိတာကို အစ်ကိုကြီးအပြည့်အ၀နားမလည်သေးဘူးလား ကျွန်တော်နနရဲ့ရုပ်သွင်အဖြစ်ကိုပြောင်းလဲလိုက်မယ်…ဒုတိယအစ်ကိုကြီးကတော့ အရိပ်အဖြစ်အသွင်ပြောင်းလိုက်ပေါ့ ကျွန်တော်နဲ့ဆယ်မီတာအထိ မခွာသရွေ့ဘယ်သူမှခွဲခြားနိုင်မှာမဟုတ်ဘူး…ဒီအတိုင်းအရှေ့တံခါးကနေဖြတ်သွားရုံပဲ ”

” ဘာဖြစ်တယ် အဲ့ဒီလိုလုပ်နိုင်တယ်လား အဲ့ဒီလောက်ကြီး ဘယ်လိုလုပ်သန်မာလာတာလဲ ငါတွေးတောင်မတွေးမိလိုက်ဘူး ”

” ဒါက စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တွေရဲ့ အကျိုးအမြတ်ပဲလေ ကျွန်တော်တို့ရဲ့၀ိညာဥ်စွမ်းရည်တွေက စိတ်၀ိညာဥ်စွမ်းအားနဲ့အတူဆက်တိုက်တိုးတက်လာတယ် ”

အမှန်တရားကိုအပြည့်အ၀ပြောနေတာမဟုတ်ပေမဲ့ သူပြောတာလဲမမှားပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားသာ သူနဲ့မပေါင်းစည်းထားဘူးဆိုရင် သူ့ရဲ့ပုံစံတူတုပမှုကလဲဒီလောက်အဆင့်မြင့်နေမှာမဟုတ်တာအသေအချာပါ။

ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်အစွမ်းအစရဲ့အစိတ်အပိုင်းအနည်းအငယ်ကိုသာတွေ့မြင်ရပါသေးတယ်။ တစ်နှစ်အတွင်းမှာ ဟို့ယွိဟောင်က နနရဲ့ပုံစံကိုအသွင်ပြောင်းပြီတဲ့နောက် ကျောင်းတော်ထဲကို၀င်လာခဲ့ပါပြီ။

အစောင့်တွေကလဲ လုံး၀ကိုသံသယမ၀င်ကြပါဘူး။ ဒါ့အပြင် အခုလက်ရှိအချိန်မှာ နနက ကျောင်းတော်ထဲကိုအေးဆေးပြန်လာတဲ့ပုံပေါ်နေခဲ့တယ်။ ဒါကြောင့်သာ သရဲဘုရားကျောင်းက နနကိုခြေရာခံဖို့အတွက် ပိုပြီးခက်ခဲမှာပါ။ သူမနဲ့ တခြားသူတွေထွက်ပြေးဖို့လဲအချိန်ပိုပြီးရနိုင်ပါတယ်။

သူ့အခန်းကိုပြန်လာပြီတဲ့နောက် ဟို့ယွိဟောင်က မြင်ခဲ့သမျှအရာအားလုံးနဲ့ တွေ့ကြုံခဲ့သမျှအရာအားလုံးကို မှတ်တမ်းတင်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့အစီအစဥ်ခံစာကို ဖန်းယွီဆီပို့ပေးလိုက်တယ်။

သရဲဘုရားကျောင်းရဲ့ပေါ်ထွက်လာမှုကြောင့် ဖန်းယွီလဲ လန့်နေခဲ့ရပါတယ်။

သူ့အနေနဲ့ ဒီကိစ္စတွေအားလုံး ကျောင်းတော်ကိုပြန်ပို့ဖို့နည်းလမ်းတစ်ခုကို အမြန်ဆုံးစဥ်းစားရပါပြီ။ အကယ်၍ ပုံရိပ်ယောင်အစစ်အမှန်ခန်းမနဲ့ သရဲဘုရားကျောင်းတို့ပူးပေါင်းနေခဲ့မယ်ဆိုရင် နေလနိုင်ငံရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က မိစ္ဆာ၀ိညာဥ်ပညာရှင်တွေ ဖန်တီးထားတဲ့ အဖွဲ့အစည်းကြီးနဲ့အလုပ်အတူတူလုပ်နေတာပါပဲ။

မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့အင်အားက ဒီတိုက်ကြီးထဲမှာတည်ရှိနေတာအချိန်ကြာရှည်နေခဲ့ပါပြီ။ဒါ့အပြင် သူတို့တွေက ပြည်သူတွေရဲ့သေဆုံးမှုကိုလဲ အများအပြားဖြစ်စေမှာပါ။ သူတို့တွေလှုပ်ရှားလိုက်တိုင်းဖြစ်လာမဲ့ကပ်ဆိုးကြီးက တွေးလို့တောင်မရပါဘူး။

ဟို့ယွိဟောင်နဲ့ ဖန်းယွီတို့ဒီကိစ္စကိုတွေးတောဆွေးနွေးခဲ့ပြီတဲ့နောက် နောက်ဆုံးဆုံးဖြတ်ချက်ကိုချလိုက်ပါတော့တယ်။ ဟယ့်ချိုက်ထို့ရဲ့ ရွေ့လျား၀ိညာဥ်လက်နက်ကြီးကနေ ထွက်ပေါ်လာတဲ့အသံအတိုင်းသူတို့တွေ လက်ရှိအချိန်မှာ ၀ုန်းကနဲခုန်ထချလိုက်တာပါ။ အခုလက်ရှိအချိန်မှာ မြင့်မြတ်ဘုရားကျောင်းရဲ့အရံယဇ်ပလ္လင်က ဘာမှခြေရာလက်ရာမကျန်တော့တဲ့အထိ ပျောက်ဆုံးလို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ ဒီအခွင့်အရေးကနေ အတွေ့အကြုံတွေအများကြီးကိုရခဲ့ပါတယ်။ ဒါ့အပြင် နနနဲ့ တခြားသစ္စာရှိသူတွေကိုလဲ သူတို့ထန်မျိုးနွယ်အတွက် ရရှိလိုက်ပါသေးတယ်။ နောက်ထပ်သူရလိုက်တဲ့အကျိုးအမြတ်ကတော့ ဒုတိယမြင့်မြတ်သရဲရဲ့အနက်ရောင်လူအရိုးစုဦးခေါင်းခွံကြီးပါပဲ။ တိုက်ခိုက်တဲ့အချိန်မှာဒါကြီးက တော်တော်ကိုအသုံး၀င်မှာပါ။

လက်ရှိသူ့အရှိန်အ၀ါတွေကို ဟို့ယွိဟောင်က ပြန်ရောက်လာပြီတဲ့နောက် ပြင်ဆင်လိုက်ပါပြီ။ ဒါ့အပြင် အားကောင်းလွန်လှတဲ့ခုခံမှုကို ဆက်လက်ထိန်းသိမ်းထားပြီ သူ့ရဲ့စိတ်၀ိညာဥ်နဲ့ထိန်းချုပ်ပြီသန့်စင်လို့ထားခဲ့ပါတယ်။

နည်းနည်ပိုပြီးတော့ နတ်ဘုရားဆန်လာအောင် အပြောင်းအလဲတွေလုပ်လိုက်သလို စိတ်၀ိညာဥ်အငွေ့အသက်တချို့ကိုလဲ ဒီဦးခေါင်းခွံကြီးရဲ့မီးလျှံထဲမှာထိန်းချုပ်လိုက်ပါတယ်။

လက်ရှိအချိန်မှာ ဘာအစွမ်းအစမှမထုတ်နိုင်ပေမဲ့ ၀ိညာဥ်ဧကရာဇ်တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာတော့ အားကောင်းတဲ့အထောက်အကူတစ်ခုအဖြစ်တည်ရှိမှာပါ။

ဒုတိယမြင့်မြတ်သရဲက အခုလက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အ၀ရောက်နေခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ ဒီလိုလျှို့၀ှက်လက်နက်တစ်ခုအဖြစ် အသုံးချနေရတာကို စိတ်ထဲမှာမသက်မသာမဖြစ်မိပါဘူး။ ဒီကောင်ကတခြားသူတွေကိုအသုံးချခဲ့တယ်။ အခုအချိန်မှာတော့ သူ့ကိုအပြည့်အ၀အသုံးချဖို့အချိန်တန်ပါပြီ။

°°°
မြင့်မြတ်သရဲဘုရားကျောင်းရဲ့သတင်းက အမျက်ဒေါသကျောင်းတော်ကိုရောက်ရှိချိန်မှာကြီးမားတဲ့လှုပ်ရှားမှုကြီးက ဖြစ်သွားခဲ့ပါတယ်။ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေက ချက်ချင်းဆိုသလိုလှုပ်ရှားကြတော့တယ်။ သရဲဘုရားကျောင်းအကြောင်းကို ရှိရှိသမျှနေရာတိုင်းမှာ မြေလှန်ပြီရှာဖွေနေကြပါပြီ။ အထူးသဖြင့်နေလနိုင်ငံမှာပါပဲ။

ဒါပေမယ့် အဲ့ဒီဘုရားကျောင်းကလဲ အရမ်းကိုကောင်းကောင်းမွန်မွန်နဲ့ ပုန်းအောင်နေခဲ့တာကြောင့် ခြေရာလက်ရာတစ်စတောင် ရှာမတွေ့ပဲဖြစ်ခဲ့ရပါတယ်။ ဒီသရဲဘုရားကျောင်းက တည်ရှိတဲ့ပုံတောင်မပေါ်ပဲလေထဲမှာ ပျောက်ကွယ်သွားတဲ့အတိုင်းဖြစ်နေခဲ့တယ်။

နေလနိုင်ငံရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ ဒီလိုမျိုးအရံယဇ်ပလ္လင်တစ်ခုဖျက်ဆီးခံလိုက်ရတာတောင် အေးအေးဆေးဆေးရှိနေဆဲပါ။ သူတို့အနေနဲ့ အပေါ်ယံမျက်နှာပြင်မှာအေးချမ်းတဲ့ပုံစံ ဟန်ဆောင်နေတာလဲဖြစ်နိုင်ပါတယ်။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကလဲ ဆက်တိုက်ဆိုသလို စူးစမ်းလေ့လာပေမဲ့ ဘာမှကိုမရှာတွေ့ခဲ့ပါဘူး။

ပေ့ပေ့ကတော့ နနနဲ့တခြားသူတွေလုံလုံခြုံခြုံရောက်လာတဲ့အကြောင်းကိုရော ထန်မျိုးနွယ်ထဲ၀င်ပြီဖြစ်တာကိုရောပါ ပြန်ပြီးတော့သတင်းပို့လာခဲ့ပါတယ်။ သူတို့တွေက ထန်မျိုးနွယ်ရဲ့ပထမဆုံးတပည့်သားအုပ်စုတွေဖြစ်လာခဲ့ပါပြီ။

°°°
နှစ်၀က်အချိန်က ခပ်မြန်မြန်ပဲကုန်ဆုံးလို့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က ဒုတိယစာသင်နှစ်ရဲ့ အဆုံးသတ်ကိုရောက်လုနီးပါးဖြစ်နေခဲ့ပါပြီ။ အတိအကျပြောရမယ်ဆိုရင် ဒီနေရာကိုသူရောက်နေခဲ့တာ တစ်နှစ်နဲ့ကိုးလရှိနေပြီဖြစ်ပါတယ်။

နေလနိုင်ငံတော်နဲ့ အမျက်ဒေါသကျောင်းတော်မှာ တူညီတဲ့အချက်ကတစ်ခုရှိနေခဲ့တယ်။ ဒါကတော့ အားလပ်ချိန်ပါပဲ။ ဒီမှာကတော့ အနည်းငယ်နောက်ကျပြီ တစ်လတိတိကြာချိန်ကတော့ တူညီနေခဲ့တယ်။

ဟို့ယွိဟောင်အနေနဲ့ ဒီတစ်ခေါက်အနားယူမှုမှာ နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေကို ၀င်ရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီစာသင်နှစ်မှာအနည်းငယ်နားချိန်လေးရလာခဲ့ပါပြီ။

ဒါပေါ့ အခုလက်ရှိအချိန်မှာ သူအနားယူဖို့တွေးမနေခဲ့ပါဘူး။ ဒီနေရာကိုသင်ကြားဖို့သူရောက်နေခဲ့တာပါ။ ဒါကြောင့် အချိန်ကိုလုံး၀မဖြုန်းတီးချင်ပဲ ရှိနေခဲ့တယ်။ ကျောင်းတော်ထဲမှာသူ့လိုမျိုးစိတ်ရှိတဲ့သူက အတော်ကိုနည်းပါးပါတယ်။

တိုက်ခိုက်ရေးပြိုင်ပွဲမှာသူအကြောင်းကို လူစိတ်၀င်စားမှုကတော့ အင်မတန်မြင့်တက်ခဲ့ပေမဲ့ နှစ်၀က်တိတိတရားထိုင်မှုပြုလုပ်ပြီတဲ့နောက်ပိုင်းမှာ သူ့ရဲ့လေ့ကျင့်မှုတွေက ပိုပြီးချောချောမွေ့မွေ့ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလဲ သိုသိုသိပ်သိပ်သာနေဖို့သူရွေးချယ်ခဲ့တယ်။

ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်တွေအကြောင်းကြိုးကြိုးစားစားသင်ယူနေခဲ့သလို လေ့ကျင့်ပြီချိန်မှာလဲ ၀ိညာဥ်လက်နက်တွေရဲ့ခိုင်မာမှုကို အမြဲသုတေသနပြုပါတယ်။ နေ့စဥ်နေ့တိုင်းအကျိုးရှိရှိဖြတ်သန်းနေခဲ့ပြီ စက်ရုပ်ကြီးတစ်ရုပ်လိုလှုပ်ရှားနေခဲ့တာပါ။

ဒီရက်တွေထဲမှာ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ ဖြည်းဖြည်းချင်းဆိုသလို အရွယ်ရောက်ကြီးပြင်းလို့လာခဲ့ပါတော့တယ်။ အခုလက်ရှိအချိန်မှာ အသက်ကဆယ်ခုနှစ်ရှိနေပြီဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်က ဖွံ့ဖြိုးလို့နေခဲ့ပါပြီ။ တုတ်တုတ်ခိုင်ခိုင်ကြီးမဟုတ်ပေမဲ့ တက်ကြွလှုပ်ရှားမှုအပြည့်နဲ့ တောက်ပလန်းဆန်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေပြီသားဖြစ်နေခဲ့တာပါ။

အပိုင်း ၁၈၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset